အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) နေရာလွတ်အတွင်းရှိ အပြောင်းအလဲအသစ်များ
ကျိုးချန်ယဲ့သည် သူ၏ခုတင်ပေါ်တွင် လဲလျောင်းနေရင်း အခြားသူများ နှစ် ခြိုက်စွာ အိပ်ပျော်သွားချိန်၌ ထွက်ပေါ်လာသော အသက်ရှူသံများကို နား ထောင်နေခဲ့လေသည်။
သူသည် သူ၏လက်ကောက်ဝတ်ရှိ မှဲ့နီလေးကို ထိလိုက်ပြီး စနစ်နေရာလွတ် ထဲသို့ ချက်ချင်းပင် ဝင်ရောက်သွားခဲ့လေတော့သည်။
နေရာလွတ်ထဲသို့ ရောက်ရှိသွားသောအခါ သူသည် အံ့အားသင့်ကာ မှင်သက် သွားခဲ့ရလေ၏သည်။
*ဒါက….*
"ချိုးချိုး... ဒါတွေက ဘာဖြစ်ကုန်တာလဲ..."
ကျိုးချန်ယဲ့က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။
"သခင်... ချိုးချိုးလည်း မသိပါဘူး... ဒီနေ့နေ့ခင်းက သခင်အိပ်ပျော်သွားပြီး နောက်မှာ ဒါတွေက တဖြည်းဖြည်း ပြောင်းလဲလာတာပါပဲ... ချိုးချိုးက သခင့် ကို ချက်ချင်းပြောချင်ပေမဲ့ သခင်က ချိုးချိုးကို ပိတ်ထားလို့ပါ..."
ချိုးချိုးက ဝမ်းနည်းပက်လက် အသံမျိုးဖြင့် ပြောလာခဲ့လေ၏။
ကျိုးချန်ယဲ့သည် နေရာလွတ်အတွင်းရှိ အရာအားလုံးကို အတိုင်းအဆမရှိ အံ့ဩစွာဖြင့် ကြည့်နေမိလေသည်။ ယခင်က ထိုနေရာမှာ မြူများဆိုင်းနေပြီး သိုလှောင်ရုံတစ်ခုကဲ့သို့ ရိုးရှင်းခဲ့သော်လည်း ယခုအခါတွင်မူ ၎င်းကို နေရာ လွတ်ဟု ခေါ်ဆိုရမည့်အစား ကမ္ဘာငယ်လေးတစ်ခုဟု ဆိုရလျှင် ပို၍ပင် မှန် ကန်ပေလိမ့်မည်။
ယခုအခါ ထိုနေရာ၌ ကောင်းကင်နှင့် မြေကြီးဟူ၍ ကွဲပြားစွာ ရှိနေပြီ ဖြစ်လေ သည်။
အဝေးဆီတွင် တောင်တန်းကြီးများက တစ်ဆက်တည်း တည်ရှိနေပြီး ရှားပါး လှသော သစ်ပင်အမျိုးမျိုးကိုလည်း နေရာအနှံ့ တွေ့မြင်နေရကာ တောင်တန်း များအကြား ပြေးလွှားနေသော သတ္တဝါအချို့ကိုလည်း ဝိုးတဝါး မြင်တွေ့နေရ လေသည်။
တောင်ခြေတွင်မူ ကြီးမားသော သစ်သီးခြံကြီးတစ်ခု ရှိနေခဲ့လေသည်။
မက်မွန်သီး၊ သစ်တော်သီး၊ အက်ပရီကော့သီး၊ ဇီးသီး၊ အုန်းသီး၊ ဒူးရင်းသီး... သစ်ကိုင်းများပေါ်တွင် အသီးများက ပြွတ်သိပ်စွာ သီးနေခဲ့လေ၏။ ကွဲပြားခြား နားသော ရာသီဥတုနှင့် ဒေသအသီးသီးမှ သစ်သီးပင်များ အတူတကွ ပေါက် ရောက်နေသည်မှာ အလွန်ပင် အံ့ဩစရာ ကောင်းလှပေသည်။
အနီးအနားတွင်မူ ကျယ်ပြန့်သော အနက်ရောင်မြေဆီလွှာကြီး ရှိနေလေ၏။ ကျိုးချန်ယဲ့သည် ထိုမြေနက်များရှိရာသို့ အပြေးအလွှား သွားလိုက်လေသည်။
သူသည် မြေကြီးကို လက်တစ်ဆုပ်စာ ယူလိုက်ပြီး နွေးထွေးကာ စိုစွတ်နေ သော မြေနက်များကို လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်လိုက်လေ၏။ နူးညံ့လှသော မြေကြီး၏ အထိအတွေ့ကို ခံစားလိုက်ရသည့်အခါ သူ၏ စိတ် ထဲတွင် လေးလံလှသော တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ ကိန်းဝပ်သွားခဲ့ပြီး သူ၏ မျက်လုံးများမှာလည်း တောက်ပလာခဲ့တော့သည်။
လုပ်သားတစ်ဦး၏ ဗီဇများက ရုတ်တရက် ပေါ်ထွက်လာခဲ့လေ၏။
"ငါ မျိုးစေ့အချို့ ဝယ်ပြီး ဒါတွေကို စိုက်ပျိုးရမယ်... ဒီအတိုင်း နှမြောစရာ အလဟဿ အဖြစ်မခံနိုင်ဘူး..."
ကျိုးချန်ယဲ့က သူ့ဘာသာ ရေရွတ်လိုက်လေသည်။
သူသည် မော့ကြည့်လိုက်ပြန်သောအခါ စမ်းချောင်းရေမှာ ကြည်လင်နေပြီး ရေအောက်ရှိ ကျောက်စရစ်ခဲလေးများကိုပါ အတိုင်းသား မြင်နေရလေသည်။ စမ်းချောင်းရေမှာ လှပစွာ စီးဆင်းသွားပြီး ကျယ်ပြန့်လှသော မြေနက်ကြီးကို အကွက်များအဖြစ် ခွဲခြားထားပေးလျက်ရှိလေသည်။
"ဒါက ဝိညာဉ်စမ်းရေများလား..."
ကျိုးချန်ယဲ့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့လေ၏။
သူသည် စမ်းချောင်းဘေးသို့ ပြေးသွားကာ ရေကို လက်ဖြင့် ခပ်ယူလိုက်လေ သည်။ ရေမှာ အေးမြကာ ချိုမြိန်လှပြီး သူ၏ ဇာတိရွာထိပ်ရှိ ရေတွင်းဟောင်း မှ ရေထက်ပင် ပိုမို ကြည်လင်လတ်ဆတ်နေခဲ့ပေသည်။
သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ဆန်းစစ်ကြည့်သောအခါ ဝတ္ထုများထဲတွင် ဖော် ပြထားသကဲ့သို့ ထူးခြားဆန်းပြားသော စွမ်းအားများတော့ မရှိခဲ့ချေ။ ၎င်းမှာ ကိုယ်တွင်း အညစ်အကြေးများကို ဆေးကြောပေးနိုင်သည့်ပုံ မရှိသော်လည်း ရေ၏အရသာမှာမူ အမှန်ပင် ချိုမြိန်ပြီး ရေရှည် သောက်သုံးပါက ကျန်းမာရေး အတွက် သေချာပေါက် အကျိုးရှိပေလိမ့်မည်။
ကျိုးချန်ယဲ့သည် လက်များကို ပြန်ချလိုက်ကာ သူ၏ရှေ့ရှိ အရာအားလုံးကို ကြည့်ရင်း ရင်ခုန်သံများ မြန်လာခဲ့လေသည်။
"ဒီအရာတွေအားလုံး ရှိနေပြီဆိုတော့ နောင်လာမယ့် နေ့ရက်တွေမှာ ငါ ပိုပြီး စိတ်ချလက်ချ နေနိုင်တော့မှာပဲ..."
သူသည် ထရပ်ကာ မြေနက်ကြီး၏ အနားတွင် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း စိတ်ထဲမှ စတင်၍ တွက်ချက်နေခဲ့လေသည်။
*ပထမဆုံးအနေနဲ့ ဒီမြေနက်တွေမှာ စိုက်ပျိုးမယ်... ပြီးတော့ တောင်ပေါ်က အရာတွေကိုလည်း ဖြည်းဖြည်းချင်း လေ့လာရဦးမယ်... ဒီကမ္ဘာငယ်လေးကို ကောင်းကောင်း အသုံးချရမယ်...*
*နေဦး... ငါ အရင်က စုဆောင်းထားတဲ့ ရိက္ခာတွေကော...*
ကျိုးချန်ယဲ့က ထိတ်လန့်တကြား အော်ခေါ်လိုက်လေသည်။
"ချိုးချိုး..."
"သခင်... ချိုးချိုး ဒီမှာ ရှိပါတယ်..."
ချိုးချိုးသည် ရေခဲမုန့်တစ်ခုကို ကိုင်ကာ လျက်နေရင်း ကျိုးချန်ယဲ့၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိလာခဲ့လေသည်။
"ဟင်... ဒီရေခဲမုန့်က ဘယ်က ရတာလဲ... နေဦး... မင်းက စားလို့ရတာလား..."
ကျိုးချန်ယဲ့သည် ခဏမျှ မှင်သက်သွားခဲ့ရလေသည်။
"ချိုးချိုး အခု စားလို့ရနေပြီလေ..."
"အရင်က စုဆောင်းထားတဲ့ ရိက္ခာတွေ ဘယ်မှာလဲ..."
ကျိုးချန်ယဲ့က စိုးရိမ်တကြီး မေးလိုက်လေ၏။
"သခင်... ချိုးချိုးနောက်ကို လိုက်ခဲ့ပါ..."
ချိုးချိုးသည် ရှေ့မှနေ၍ ပျံသန်းသွားပြီး သခင်ဖြစ်သူ လိုက်လာခြင်း ရှိ၊ မရှိကို လည်း တစ်ချက်တစ်ချက် လှည့်ကြည့်နေခဲ့လေသည်။
သစ်သီးခြံကို ဖြတ်ကျော်ကာ ဝါးတောထဲသို့ ရောက်သွားသောအခါ ကြီးမား လှသော ကုန်တိုက်ကြီးတစ်ခုကို တွေ့မြင်လိုက်ရလေသည်။
"ဒါက... ဒါက ခေတ်သစ်လောကက ကုန်တိုက်ကြီး မဟုတ်လား... အဲ့ဒါက လည်း နေရာလွတ်ထဲကို ရောက်လာတာလား..."
ကျိုးချန်ယဲ့က အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။
"ဟုတ်ပါတယ် သခင်... ဘာကြောင့်လဲဆိုတာကိုတော့ မသိပေမဲ့ သခင်အရင် က စုဆောင်းထားတဲ့ ရိက္ခာတွေ အားလုံးကို ဒီကုန်တိုက်ရဲ့ မြေအောက် ဒုတိယ ထပ်ကို ရွှေ့ထားလိုက်ပါပြီ..."
ချိုးချိုးက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောပြလေသည်။
"အထဲဝင်ပြီး ကြည့်ကြရအောင်..."
ကျိုးချန်ယဲ့က တုန်ယင်နေသော အသံဖြင့် ပြောရင်း ကုန်တိုက်ထဲသို့ ခြေလှမ်း လှမ်းလိုက်လေရာ သူ၏ စိတ်လှုပ်ရှားနေမှုမှာ အတိုင်းသား ပေါ်လွင်နေခဲ့ပေ တော့သည်။
ကျိုးချန်ယဲ့သည် ကုန်တိုက်အတွင်းကို သေချာစွာ လှည့်ပတ်ကြည့်ရှုနေခဲ့လေ သည်။ ဤကုန်တိုက်ကြီးမှာ မြေအောက် နှစ်ထပ်နှင့် အပေါ် ခုနစ်ထပ်၊ စုစု ပေါင်း ကိုးထပ် ရှိလေ၏။
မြေအောက် ဒုတိယထပ်တွင် ခေတ်သစ်လောကမှ စုဆောင်းထားသော ရိက္ခာ များဖြင့် ပြည့်နှက်နေခဲ့ပေသည်။
မြေအောက် ပထမထပ်တွင်မူ ကြီးမားသော စူပါမားကတ်တစ်ခုနှင့် မုန့်ဆိုင် အချို့ ရှိနေခဲ့လေ၏။
မြေညီ ပထမထပ်တွင် ရွှေထည်၊ ငွေထည် ရတနာဆိုင်များနှင့် အလှကုန် ဆိုင်များ ရှိလေသည်။
ဒုတိယထပ်တွင် အမျိုးသားဝတ် အဝတ်အထည်များ ရှိ၏။
တတိယထပ်တွင် ကလေးဝတ် အဝတ်အထည်များနှင့် ကစားကွင်းအချို့ ရှိ လေသည်။
စတုတ္ထထပ်တွင် အမျိုးသမီးဝတ် အဝတ်အထည်များ ရှိ၏။
ပဉ္စမထပ်တွင် အိမ်သုံးပရိဘောဂများနှင့် လျှပ်စစ်ပစ္စည်းများ ရှိလေသည်။
ဆဋ္ဌမထပ်တွင် စားသောက်ဆိုင်တန်းများ ရှိ၏။
သတ္တမထပ်တွင် ရုပ်ရှင်ရုံတစ်ရုံနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဧရိယာတစ်ခု ရှိနေခဲ့ပေသည်။