အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) အိမ်ငှားခြင်း
ကျိုးချန်ယဲ့သည် နေရာလွတ်ထဲမှ ထွက်လာခဲ့သော်လည်း သူ၏ရင်ခုန်သံများ မှာမူ အချိန်အတော်ကြာအောင် တည်ငြိမ်မသွားခဲ့ချေ။
မနက်ဖြန်တွင် လုပ်ဆောင်စရာ ကိစ္စများစွာ ရှိနေသည်ကို တွေးမိကာ သူသည် မိမိကိုယ်မိမိ အတင်းအကျပ် အိပ်စက်ခိုင်းလိုက်လေတော့သည်။
နံနက်ခင်း၏ ပထမဆုံးသော နေရောင်ခြည်တန်းမှာ ဖြည်းညင်းစွာ ကျရောက် လာခဲ့ပြီး အဆောင်ထဲသို့ ဝင်ရောက်ကာ ချောမောသော လူငယ်တစ်ဦး အပေါ် သို့ ဖြန်းပက်ထားခဲ့လေသည်။
ထိုလူငယ်၏ နဖူးပေါ်ရှိ ဖရိုဖရဲဖြစ်နေသော ဆံနွယ်လေးများမှာ လေတိုးသ ဖြင့် လှုပ်ခတ်နေကာ ဝင်းမွတ်သော နဖူးပြင်ကို ပေါ်လွင်နေစေခဲ့သည်။ သူ၏ နားထင်ဆံစများမှာ သေသပ်စွာ ညှပ်ထားပြီး ဓားသွားကဲ့သို့သော မျက်ခုံးအစုံ မှာ နားထင်ဆီသို့ ပင့်တက်နေကာ မျက်ခုံးအဆုံးမှာ ထက်မြက်လှပေသည်။ သူ၏ မျက်ဝန်းအိမ်မှာ အနည်းငယ် နက်ရှိုင်းနေပြီး မျက်ဆံများမှာ နက်မှောင် သော မှင်ရောင်ကဲ့သို့ ရှိနေလေ၏။
သူ၏ နှာတံမှာ မြင့်မားကာ ဖြောင့်စင်းနေပြီး နှုတ်ခမ်းလွှာများမှာ ထင်ရှားပေါ် လွင်နေကာ ပါးလွှာသော နှုတ်ခမ်းအစုံမှာ အနည်းငယ် ဖြူလျော့နေသော် လည်း တင်းတင်းစေ့ထားချိန်တွင် ကြံ့ခိုင်မှုကို ပြသနေခဲ့သည်။ သူ၏ မေးရိုး မှာ ဆောက်ဖြင့် ထွင်းထုထားသကဲ့သို့ ထင်ရှားလှပေသည်။
သူ၏ လည်စလုပ်မှာ မျိုချလိုက်သည့် အခါတိုင်း ညင်သာစွာ လှုပ်ရှားနေပြီး အမှတ်မထင်ဘဲ ခွန်အားရှိမှုကို ဖော်ပြနေတတ်လေ၏။ သာမန် အကြမ်းထည် အဝတ်အစားများကိုသာ ဝတ်ဆင်ထားသော်လည်း သူ၏ တစ်ကိုယ်လုံးမှ ထူး ခြားပြီး တည်ငြိမ်သော အငွေ့အသက်များ ထွက်ပေါ်နေခဲ့ပေသည်။
"လောင်ကျိုး... သိမ်းဆည်းလို့ ပြီးပြီလား... ပြီးရင် ထမင်းစားဆောင်ကို စားဖို့ သွားကြစို့လေ..."
ဝမ်အိုက်တန့်၏ ကျယ်လောင်သော အသံမှာ ထွက်ပေါ်လာခဲ့လေသည်။
"အားလုံး ပြီးပါပြီ..."
ကျိုးချန်ယဲ့က ပြောရင်း သူရေးထားသော စာကို လွယ်အိတ်ထဲသို့ ထည့်လိုက် ကာ ထမင်းဘူးကို ယူ၍ ဝမ်အိုက်တန့်နှင့်အတူ ထမင်းစားဆောင်ဆီသို့ လျှောက်လှမ်းလာခဲ့လေသည်။
"အိုက်တန့်... ကျောင်းအနီးအနားမှာ ငှားဖို့ အိမ်ရှိလား မင်း သိလား... လုံခြုံ ရေးကောင်းပြီး သီးသန့်ဝန်းလေး ဖြစ်ရင် ပိုကောင်းမယ်..."
ကျိုးချန်ယဲ့က ဝမ်အိုက်တန့်ကို ကြည့်ကာ မေးလိုက်သည်။
"ဘာလို့လဲ... မင်းက အိမ်ငှားမလို့လား... အဆောင်မှာ ဆက်မနေတော့ဘူး လား..."
ဝမ်အိုက်တန့်က သူ၏ခေါင်းကို ကုတ်ရင်း အံ့အားသင့်စွာဖြင့် မေးလိုက်လေ သည်။
"နွေရာသီကျောင်းပိတ်ရက်မှာ ကျေးလက်ကို ပြန်ပြီး ငါ့ဇနီးကို မြို့ပေါ် ခေါ်လာ မလို့ စဉ်းစားထားတယ်... အဲ့ဒါကြောင့် အဆောင်မှာ နေဖို့က အဆင်မပြေ တော့ဘူးလေ... ကျောင်းနားမှာပဲ အိမ်တစ်လုံး ငှားဖို့ စီစဉ်နေတာ..."
ကျိုးချန်ယဲ့က သူ၏ အစီအစဉ်များကို ရှင်းပြလိုက်လေသည်။
"ကျောင်းနားက အိမ်တွေက ဈေးမချိုဘူးလေ... ပြီးတော့ မင်းက သီးသန့်ဝန်း ပါတာမျိုး လိုချင်တာဆိုတော့..."
ဝမ်အိုက်တန့် သိထားသည်မှာ ကျိုးချန်ယဲ့၏ ဇာတိမှာ ရှန်ဟိုင်းဖြစ်သည်ဟူ ၍သာ ဖြစ်သော်လည်း သူ၏ နေ့စဉ်နေထိုင်မှုကို ကြည့်ရသည်မှာ ချမ်းသာ ကြွယ်ဝသော မိသားစုမှ လာသူတစ်ဦးနှင့် မတူလှချေ။
"အင်း... ငါ သိပါတယ်... ဒါပေမဲ့ ငါက မကြာခင် ဖခင်တစ်ယောက် ဖြစ်တော့ မှာလေ... ငါ့ဇနီးကို ကျေးလက်မှာ တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချဘူး... ကျေးလက်က အခြေအနေတွေကလည်း မကောင်းဘူးလေ... သူ့ကို မြို့ပေါ် ခေါ်လာပြီး ကျန်းမာရေးအတွက် ကောင်းကောင်း ဂရုစိုက်ပေးချင်တယ်... ဒါမှ ကလေးမွေးမယ့် အချိန်ကျရင်လည်း ဆေးရုံသွားရတာ ပိုလွယ်ကူပြီး ငါလည်း စိတ်အေးရမှာပေါ့..."
ကျိုးချန်ယဲ့က သူ၏ ရည်ရွယ်ချက်ကို ဖြည်းညင်းစွာ ရှင်းပြနေခဲ့လေသည်။
"ဘာ... ဟုတ်လား... မင်းကတော့ တကယ်ပဲ..."
ဝမ်အိုက်တန့်မှာ တစ်ဖန် ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်လေ၏။
"ငါ့ရဲ့ တူလေးအတွက်တော့ ဒီကိစ္စကို အောင်မြင်အောင် ငါ သေချာပေါက် ကူညီပေးရမှာပေါ့..."
"ကျေးဇူးပါပဲ..."
ကျိုးချန်ယဲ့က ဝမ်အိုက်တန့်၏ ပခုံးကို ပုတ်လိုက်ရာ ဝမ်အိုက်တန့်က မျက် စောင်းလှမ်းထိုးလိုက်လေသည်။
လွန်ခဲ့သော သုံးရက်ခန့်က ဝမ်အိုက်တန့်သည် ကျိုးချန်ယဲ့ထံ လာရောက်ကာ သင့်တော်သော အိမ်အချို့ကို ရှာဖွေတွေ့ရှိထားကြောင်း ပြောခဲ့ပြီး ယနေ့တွင် သွားရောက်ကြည့်ရှုရန် ချိန်းဆိုထားခဲ့ကြလေသည်။ အကယ်၍ သဘောကျ ပါက တစ်ခါတည်း ဆုံးဖြတ်နိုင်ရန် ဖြစ်ပေသည်။
ထို့ကြောင့် သူသည် ယူဆောင်သွားမည့် လက်ဆောင်ပစ္စည်းများကို ပြင်ဆင် နေခဲ့ခြင်းဖြစ်လေ၏။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ပထမဆုံးအကြိမ် သွားရောက်လည် ပတ်ခြင်း ဖြစ်သဖြင့် လက်ဗလာဖြင့် သွားရန်မှာ မသင့်တော်လှချေ။
နံနက်၌ အိပ်ရာမှ ထပြီးနောက် သူသည် ထောက်ပံ့ရေးနှင့် အရောင်းသမဝါယ မဆိုင်သို့ သွားကာ ဆေးလိပ်တစ်တောင့်နှင့် အရက်နှစ်ပုလင်းကို ဝယ်ယူခဲ့လေ သည်။
ထို့အပြင် သူသည် နေရာလွတ်အတွင်းရှိ ပစ္စည်းများထဲမှ ဝိုင်နီရောင် ပိုးပုဝါ တစ်ထည်ကို ရှာဖွေကာ ခေတ်သစ်တံဆိပ်များကို ဖယ်ရှားလိုက်လေ၏။
သူသည် နေရာလွတ်ထဲမှ ပစ္စည်းအားလုံးကို အဘယ်ကြောင့် အလွယ်တကူ မထုတ်ယူသနည်းဟု မမေးပါနှင့်။ ယခုခေတ်ကာလရှိ လူများကို လျှော့မတွက် သင့်ပေ။ အကယ်၍ မည်သည့်နေရာမှ ရမှန်းမသိသော ပစ္စည်းအမြောက် အမြားကို ရုတ်တရက် ထုတ်ယူလိုက်ပါက တိုင်ကြားခံရရန်သာ စောင့်နေ လိုက်ရပေလိမ့်မည်။
သူသည် ပစ္စည်းများကို ပိုက်ကွန်အိတ်ထဲသို့ ထည့်လိုက်ကာ ချိန်းဆိုထားသော အချိန်နီးလာပြီ ဖြစ်သဖြင့် အဆောင်မှ အလျင်အစလို ထွက်ခွာကာ ကျောင်း ဂိတ်ဝရှိ ဘတ်စ်ကားဂိတ်ဆီသို့ သွားခဲ့လေသည်။
အဝေးမှနေ၍ ဓာတ်ငွေ့အိတ်ကြီး တင်ဆောင်လာသော အစိမ်းရောင် ဘတ်စ် ကားကြီးမှာ တုန်တုန်ချိချိဖြင့် မောင်းနှင်လာသည်ကို မြင်တွေ့လိုက်ရလေ၏။ ၎င်း၏ အမိုးပေါ်တွင် ဖောင်းကြွနေသော ဓာတ်ငွေ့အိတ်ကြီးမှာ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော အချိန်ကိုက်ဗုံးတစ်ခုနှင့်ပင် တူနေတော့သည်။
ဤကာလအတွင်း သူသည် ထိုကားကို အကြိမ်အနည်းငယ် စီးဖူးသော်လည်း စီးသည့် အခါတိုင်းတွင်မူ ထိတ်လန့်နေဆဲပင် ဖြစ်လေ၏။
ဘတ်စ်ကားတံခါးမှာ မြည်သံနှင့်အတူ ပွင့်လာခဲ့ပြီးနောက် ဓာတ်ငွေ့နံ့၊ ချွေးနံ့ နှင့် ရော်ဘာနံ့များ ရောနှောနေသော ပူပြင်းသည့် လေထုမှာ သူ၏ မျက်နှာဆီ သို့ တိုးဝင်လာခဲ့လေသည်။
သူသည် ကားပေါ်သို့ တက်လိုက်ပြီး လှုပ်ခါနေသော သံလက်ရန်းကို ဂရုတ စိုက် ကိုင်ထားကာ စိုးရိမ်စိတ်များဖြင့် သူသွားလိုရာ ခရီးစဉ်ဆီသို့ ထွက်ခွာလာ ခဲ့လေတော့သည်။
မိသားစုတိုက်ခန်းဝင်းသို့ ရောက်ရှိလာသည့် အခါတွင် သစ်ပင်အောက်၌ ထိုင် ကာ စကားပြောနေကြသော အမျိုးသမီးအချို့ကို တွေ့မြင်လိုက်ရလေ၏။
"အစ်မ... ဝမ်အိုက်တန့်တို့အိမ်ကို ဘယ်လိုသွားရမလဲဆိုတာ လမ်းညွှန်ပေးလို့ ရမလားခင်ဗျ... ကျွန်တော်က သူ့ရဲ့ တက္ကသိုလ်ကျောင်းနေဖက်ပါ..."
ကျိုးချန်ယဲ့က ယဉ်ကျေးစွာ မေးလိုက်လေသည်။
"ဪ... အိုက်တန့်တို့ အိမ်လား... ဒီလမ်းအတိုင်း တည့်တည့်သွားလိုက်ရင် တတိယမြောက် အိမ်ပဲ... အိမ်ရှေ့မှာ အဝတ်တွေ လှန်းထားတဲ့ အိမ်က သူတို့ အိမ်ပဲပေါ့..."
ရပ်ကွက်ထဲမှ အမျိုးသမီးတစ်ဦးက ပြန်လည် ဖြေကြားပေးခဲ့လေသည်။
"ဟုတ်ကဲ့... ကျေးဇူးပါဗျာ..."
ကျိုးချန်ယဲ့က ပြုံးလျက် ပြန်ပြောလိုက်သည်။
"ဟားဟား... သိပ်ယဉ်ကျေးတာပဲ... တက္ကသိုလ်ကျောင်းသားဆိုတော့လည်း အေးပေါ့လေ... သွား... သွားလေ..."
ကလေးချီထားသော အဒေါ်ကြီးတစ်ဦးက ပြုံးရွှင်စွာ ပြောလိုက်လေ၏။
ကျိုးချန်ယဲ့သည် ပစ္စည်းများကို သယ်ဆောင်ကာ ဝမ်အိုက်တန့်တို့ အိမ်တံခါး ကို ခေါက်လိုက်လေသည်။
"လာပြီ... လာပြီ..."
တံခါးပွင့်လာသည်နှင့် တစ်ပြိုင်နက် ဝမ်အိုက်တန့်၏ ပေါ့ပျက်ပျက် မျက်နှာ ကြီး ပေါ်လာခဲ့လေ၏။
"လောင်ကျိုး ရောက်လာပြီပဲ... ဝင်ခဲ့လေ..." ဟု ဆိုကာ ကျိုးချန်ယဲ့ကို အိမ် ထဲသို့ ဆွဲခေါ်သွားခဲ့လေတော့သည်။
"အိုက်တန့်... အဲ့ဒါ ကျိုးချန်ယဲ့ ရောက်လာတာလား..."
သာယာနာပျော်ဖွယ် အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
မော့ကြည့်လိုက်သောအခါ လှပသော မျက်နှာထားရှိပြီး အသက် (၄၀) ကျော် အရွယ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေသည်။ သူမသည် မီးခိုးရောင် ကေဒါဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အတိုကို သေသပ်စွာ ညှပ်ထားလေ ၏။ သူမမှာ ဝမ်အိုက်တန့်၏ မိခင် ဆွန်းလီပင်း ဖြစ်ချေသည်။
"တွေ့ရတာဝမ်းသာပါတယ် အန်တီ... ကျွန်တော် ကျိုးချန်ယဲ့ပါ... အိုက်တန့်ရဲ့ ကျောင်းနေဖက်ပါ... အခုလို လာနှောင့်ယှက်မိတာ အားနာပါတယ်..."
"အနှောင့်ယှက်မဖြစ်ပါဘူးကွယ်... သား လာလည်တာ အန်တီတို့ သိပ်ဝမ်းသာ တာပဲ... အထဲဝင်ပြီး ထိုင်ပါဦး... အိုက်တန့်... ချန်ယဲ့အတွက် ရေတစ်ခွက် အမြန်သွားခပ်ပေးလိုက်လေ..."
ဆွန်းလီပင်းက နွေးထွေးစွာ ကြိုဆိုလိုက်လေ၏။ သူမသည် ကျိုးချန်ယဲ့ ရောက်လာခြင်းအတွက် အမှန်ပင် ဝမ်းသာနေခဲ့ခြင်း ဖြစ်ပေသည်။
သူမ၏ သားဖြစ်သူမှာ ငယ်စဉ်ကတည်းက ဆိုးသွမ်းပြီး စာမကြိုးစားသဖြင့် ဖခင်ဖြစ်သူ၏ အကြိမ်ကြိမ် ရိုက်နှက်ခြင်းကို ခံခဲ့ရသူ ဖြစ်လေသည်။ ယခု အခါတွင်မူ သူသည် ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးကို အိမ်သို့ ခေါ်လာနိုင် ခဲ့ပြီး ၎င်းမှာ စာတော်သည့် ကျောင်းသားတစ်ဦးလည်း ဖြစ်နေသဖြင့် သူမ မည်သို့ ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။
သူမ၏ အားမကိုးရသော သားဖြစ်သူမှာ ကျိုးချန်ယဲ့နှင့် ပိုမို ထိတွေ့ဆက်ဆံ ခြင်းဖြင့် ပို၍ လိမ္မာယဉ်ကျေးလာလိမ့်မည်ဟု သူမက မျှော်လင့်နေခဲ့လေ သည်။
ဆွန်းလီပင်းက ကျိုးချန်ယဲ့ကို ပြုံးကြည့်ရင်း ပြောလိုက်လေသည်။
"ကျိုးချန်ယဲ့... သားက လာလည်တာပဲ ဒီတိုင်းပဲလာရမှာပေါ့... ဘာလို့ လက် ဆောင်တွေ သယ်လာရတာလဲ... နောက်ခါဆိုရင် မသယ်လာခဲ့နဲ့တော့နော်... အန်တီ့အိမ်ကို သား လာလည်တာနဲ့တင် အန်တီ သိပ်ပျော်နေပါပြီ..."
"အန်တီ... ကျွန်တော် ပထမဆုံးအကြိမ် လာတာဆိုတော့ ဘာကြိုက်မှန်း မသိ လို့ပါ... ဒါတွေက ဦးလေးအတွက် ဆေးလိပ်နဲ့ အရက်ပါ... ပြီးတော့ ဒီပိုးပုဝါ လေးက အန်တီ့အတွက်ပါ... အန်တီ သဘောကျမယ်လို့ မျှော်လင့်ပါတယ်..."
ကျိုးချန်ယဲ့သည် သူ၏ လက်ထဲရှိ လက်ဆောင်များကို ဆွန်းလီပင်းထံသို့ ကမ်း ပေးလိုက်လေ၏။
"အို... လှလိုက်တာ... ဒီပုဝါလေးက ဈေးကြီးမှာပဲနော်... နောက်ဆိုရင် အခုလို ပိုက်ဆံတွေ အကုန်အကျ မခံပါနဲ့တော့... သားတို့က ကျောင်းတက်နေတုန်း ဆိုတော့ ပိုက်ဆံရှာရတာ မလွယ်ဘူးလေ... ဒီနေ့တော့ နေ့လယ်စာ အတူတူ စားသွားနော်... အန်တီ ကိုယ်တိုင် ချက်ကျွေးမယ်..."
ဆွန်းလီပင်းသည် ပိုးပုဝါလေးကို ယူကာ ပတ်ကြည့်ရင်း ကျိုးချန်ယဲ့ကို ဝမ်း သာအားရ ပြောလိုက်လေတော့သည်။