← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) အိမ်ဝယ်ခြင်း

"နေပါစေ အန်တီ... ဒီတစ်ခေါက်တော့ အချိန်က သိပ်မရှိလို့ပါ... နောက်တစ် ခေါက်ကျမှ အန်တီ့လက်ရာကို သေချာပေါက် မြည်းစမ်းပါ့မယ်... အဲ့ဒီအချိန် ကျရင် ကျွန်တော် အများကြီးစားမိရင်လည်း စိတ်မရှိပါနဲ့နော်..."

ကျိုးချန်ယဲ့က ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်လေသည်။

"ဟားဟား... အန်တီက ဘာမှမဖြစ်ပါဘူးကွယ်... သား စိတ်ကြိုက်သာ စား ပေါ့..."

ဆွန်းလီပင်းက ရယ်မောကာ ပြောလိုက်လေသည်...။

"ဒီကအိမ်တွေက အားလုံးကောင်းပါတယ်...အားလုံးကို လိုက်ကြည့်ကြည့် လိုက်ပါဦး... သင့်တော်တာကို ရွေးချယ်ပြီးပြီဆိုရင်တော့ ရပ်ကွက်ကော်မတီ ရုံးမှာ အန်တီ့ကို လာရှာလေ... အန်တီ အရာအားလုံးကို သေသေချာချာ စီစဉ် ပေးပါ့မယ်..."

"ကျေးဇူးတင်ပါတယ် အန်တီ..."

ထိုအချိန်တွင် ဝမ်အိုက်တန့်မှာလည်း ပြင်ဆင်ပြီးသွားပြီဖြစ်သဖြင့် ကျိုးချန်ယဲ့ ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့ကြလေတော့သည်။

သူ၏မိခင်ဖြစ်သူမှာ ရပ်ကွက်ကော်မတီရုံး၌ အလုပ်လုပ်ကိုင်နေသူဖြစ်သဖြင့် ဝမ်အိုက်တန့်သည် သင့်တော်မည့် အိမ်သုံးလုံးကို အလွယ်တကူ ရှာဖွေနိုင်ခဲ့ ခြင်း ဖြစ်ပေသည်။

ထိုအိမ်များအားလုံးမှာ တက္ကသိုလ်နှင့် နီးကပ်သောနေရာ၌ ရှိနေကြသဖြင့် ၎င်း တို့နှစ်ဦးမှာ နှစ်နာရီခန့်အတွင်း အားလုံးကို လိုက်လံကြည့်ရှုပြီးသွားခဲ့လေ၏။

"လောင်ကျိုး... ဘယ်လိုနေလဲ... ဘယ်အိမ်ကို သဘောကျလဲ..."

ဝမ်အိုက်တန့်က ကျိုးချန်ယဲ့ကို ကြည့်ကာ မေးလိုက်လေသည်။

"နောက်ဆုံးတစ်လုံးက အဆင်ပြေပါတယ်..."

ကျိုးချန်ယဲ့က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေ၏။

နောက်ဆုံးအိမ်မှာ ဝင်းနှစ်ထပ်ပါသည့် လေးဘက်ပိတ်ဝင်းအိမ် ဖြစ်ပြီး အိမ်ရှင်မှာ နောက်ဘက်ဝင်းကို ငှားရမ်းလိုခြင်း ဖြစ်လေသည်။

ထိုအိမ်ကို နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်ပြီး ရှေ့ဝင်းနှင့် နောက်ဘက်ဝင်းအကြားတွင် နံရံတစ်ခု ခြားထားကာ နောက်ဘက်ဝင်း အတွက် သီးသန့်ဝင်ပေါက်တစ်ခုကိုလည်း ဖွင့်ပေးထားသဖြင့် တစ်အိမ်နှင့် တစ်အိမ် ဆက်စပ်မှုမရှိတော့ချေ။

နောက်ဘက်ဝင်းတွင် အခန်းလေးခန်းရှိပြီး အဓိကအခန်းကြီးတစ်ခန်း ပါဝင် လေသည်။ ထိုအဓိကအခန်းမှာ တော်တော်ပင် ကျယ်ဝန်းသဖြင့် နောင်တွင် အခန်းကန့်လိုက်ပါက အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းအဖြစ် ခွဲခြားနိုင် မည် ဖြစ်ပေသည်။

ဘေးတစ်ဖက်တစ်ချက်စီတွင်မူ အရှေ့ဘက်နှင့် အနောက်ဘက် အဆောင်ခန်း များ ရှိလေသည်။

အနောက်ဘက်အဆောင်တွင် အခန်းနှစ်ခန်းပါရှိပြီး တစ်ခန်းမှာ နေထိုင်ရန်နှင့် အခြားတစ်ခန်းမှာ မီးဖိုချောင်အဖြစ် အသုံးပြုရန် ဖြစ်၏။

အရှေ့ဘက်အဆောင်ခန်း၏ ဘေးတွင်မူ အထွေထွေပစ္စည်းများနှင့် ထင်းများ သိုလှောင်ရန်အတွက် တဲတစ်ခုကို ဆောက်လုပ်ထားလေသည်။

ဝင်ပေါက်နှင့် မလှမ်းမကမ်းတွင်မူ သေးငယ်သော ဟင်းသီးဟင်းရွက်စိုက်ခင်း လေးတစ်ခုရှိနေသည်ကို တွေ့ရပေသည်။ သူ၏ဇနီးသည်၏ စိတ်နေစိတ်ထား အရ သူမသည် ဤဟင်းသီးဟင်းရွက်စိုက်ခင်းလေးကို သေချာပေါက် သဘော ကျပေလိမ့်မည်။

သူ အနှစ်သက်ဆုံးအချက်မှာ ဝင်း၏ထောင့်တွင်ရှိသော ရေတွင်းပင် ဖြစ်လေ သည်။ ဤရေတွင်းရှိနေသဖြင့် နောင်တွင် ရေအသုံးပြုရန်အတွက် အလွန်ပင် လွယ်ကူသွားပေလိမ့်မည်။

ဤဒေသတွင် ရေပိုက်ခေါင်းစနစ်မှာ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးသဖြင့် အနီး နားရှိ အိမ်ထောင်စုများသည် လမ်းကြားထိပ်သို့သွားကာ ရေခပ်ကြရလေ သည်။

၎င်းတို့နှစ်ဦးမှာ ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သဖြင့် အိမ်ရှင်နှင့် ဈေးနှုန်းညှိနှိုင်းရန် နှင့် ရပ်ကွက်ကော်မတီရုံး မပိတ်မီ စာရွက်စာတမ်းကိစ္စများကို တစ်ခါတည်း အပြီးသတ်နိုင်ရန်အတွက် သွားရောက်ခဲ့ကြလေတော့သည်။

၎င်းတို့နှစ်ဦးသည် ရှေ့ဘက်ဝင်းရှိ တံခါးကိုခေါက်ကာ လာရင်းအကြောင်းကို ပြောပြလိုက်လေသည်။

"လူငယ်လေးတို့ရယ်... အန်တီ တောင်းပန်ပါတယ်... ဒီအိမ်ကို အန်တီ မငှား တော့ဖို့ ဆုံးဖြတ်လိုက်ပြီ..."

အိမ်ရှင်ဖြစ်သူက အားနာသောအမူအရာဖြင့် ပြောလိုက်လေ၏။

"အန်တီ... ဘာလို့ မငှားတော့တာလဲ... လွန်ခဲ့တဲ့ နှစ်ရက်ကတင် ကျွန်တော်တို့ စကားပြောထားကြသေးတာလေ... ဘယ်လိုဖြစ်လို့ စိတ်ပြောင်းသွားရတာ လဲ..."

ဝမ်အိုက်တန့်က စိုးရိမ်တကြီး မေးလိုက်လေသည်။

"ဒီလိုပါ လူငယ်လေးတို့ရယ်... အန်တီ့သားရဲ့ အလုပ်က တောင်ပိုင်းကို ပြောင်း သွားလို့လေ... အန်တီ့ကိုလည်း အနားယူဖို့အတွက် အဲ့ဒီကို လိုက်ခဲ့ပါလို့ သူက ပြောနေတာ..."

အိမ်ရှင်က ရှက်ကိုးရှက်ကန်းဖြင့် ဆက်ပြောလေသည်...။

"ဒါကြောင့် အန်တီက ဒီအိမ်ကို ရောင်းဖို့ပဲ စဉ်းစားလိုက်တော့တယ်... ရှေ့ ဘက်ဝင်းကိုတော့ ရောင်းပြီးသွားပြီ..."

"အန်တီ... ဒါဆို နောက်ဘက်ဝင်းကိုရော ဘယ်လောက်နဲ့ ရောင်းမှာလဲ..."

ကျိုးချန်ယဲ့၏ မျက်လုံးများမှာ တောက်ပသွားခဲ့လေ၏။

"ယွမ်ငါးရာပါ... တကယ်လို့ သားတို့က ဒီနေ့ပဲ စာရွက်စာတမ်းကိစ္စတွေ အပြီး လုပ်နိုင်မယ်ဆိုရင်တော့ အန်တီက တောင်းပန်တဲ့အနေနဲ့ ယွမ်ငါးဆယ် လျှော့ ပေးပါ့မယ်..."

အိမ်ရှင်က ကျိုးချန်ယဲ့ကို ကြည့်ကာ ပြောလိုက်လေသည်။

"သဘောတူပါတယ်..."

ကျိုးချန်ယဲ့က ချက်ချင်းပင် လက်ခံလိုက်လေ၏။

ကျိုးချန်ယဲ့ ဆုံးဖြတ်ချက်ချလိုက်သည်ကို တွေ့သောအခါ ဝမ်အိုက်တန့်မှာ လည်း ဘာမျှထပ်မပြောတော့ချေ။ သူသည် ကျိုးချန်ယဲ့၏နားသို့ကပ်ကာ၊

"မင်းတို့ ရပ်ကွက်ကော်မတီရုံးကို အရင်သွားပြီး ငါ့အမေကို ရှာထားနှင့်ကြ... ငါ အိမ်ပြန်ပြီး ပိုက်ဆံသွားယူလိုက်ဦးမယ်..."

ဟု တိုးတိုးလေးပြောကာ အပြင်သို့ ထွက်ရန် ပြင်လိုက်လေသည်။

ကျိုးချန်ယဲ့က သူ့ကို အမြန်ဆွဲထားလိုက်ပြီး ပြောလိုက်လေ၏။

"မလိုပါဘူး... အရင်တုန်းက ဆရာနဲ့အတူ လုပ်ခဲ့တဲ့ ပရောဂျက်ကလေး တစ်ခု ကနေ ငါ ဆုကြေးငွေ ရထားတာ ရှိတယ်... ငါ့ဆီက ပိုက်ဆံနဲ့ဆိုရင် လုံလောက် ပါတယ်..."

ဝိညာဉ်ကူးပြောင်းဝင်စားခြင်း မပြုမီကတည်းက သူသည် ဒီခေတ်ကာလ၏ ငွေကြေးနှင့် ရိက္ခာကူပွန်အမြောက်အမြားကို ယွမ်သုံးသိန်းကျော် အကုန် အကျခံကာ စုဆောင်းထားခဲ့သဖြင့် နောင်နှစ်ပေါင်းများစွာအထိ စိတ်ပူရန် မလိုလှပေ။ ထို့အပြင် သူ့ထံတွင် အားကိုးစရာ စနစ်နေရာလွတ်လည်း ရှိနေ သေးသည် မဟုတ်ပါလော။

ဝမ်အိုက်တန့်က ခေါင်းညိတ်လိုက်ပြီး ဘာမျှထပ်မပြောတော့ချေ။

၎င်းတို့သုံးဦးသည် ရပ်ကွက်ကော်မတီရုံးမှ ထွက်လာခဲ့ကြပြီး သဘက်ခါ နံနက်တွင် သော့လာယူရန် ချိန်းဆိုလိုက်ကာ အိမ်ရှင်လည်း ထွက်သွားခဲ့လေ တော့သည်။

"သွားကြစို့... အစိုးရပိုင် စားသောက်ဆိုင်ကို သွားမယ်... ဒီတစ်ခေါက်တော့ ငါ ဝယ်ကျွေးပါ့မယ်... ငါ့ရဲ့ ကျေးဇူးရှင်ကြီးကို သေသေချာချာ ကျေးဇူးတင်ရမှာ ပေါ့..."

ထိုသို့ပြောရင်း ကျိုးချန်ယဲ့က ဝမ်အိုက်တန့်၏ လည်ပင်းကို ဖက်၍ ရှေ့သို့ ဆွဲ ခေါ်သွားခဲ့လေသည်။

"ဟျောင့်... မင်း ငါ့ကို အသက်ထွက်အောင် လုပ်နေတာလား..."

ကျိုးချန်ယဲ့က သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း သူ၏လက်ကိုမူ အ နည်းငယ် လျှော့ပေးလိုက်လေ၏။

"နေနှင့်ဦးပေါ့... မင်းကို အကြီးအကျယ် ဝယ်ကျွေးခိုင်းဦးမယ်..."

လမ်းတစ်လျှောက်လုံး စနောက်လာခဲ့ကြသော ၎င်းတို့နှစ်ဦးမှာ အစိုးရပိုင် စား သောက်ဆိုင်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြလေရာ စားသောက်ဆိုင် အတွင်း၌ လူအချို့ စားသောက်နေကြသည်ကို တွေ့ရလေသည်။

၎င်းတို့သည် ယနေ့၏ မီနူးကို ကြည့်လိုက်ကြရာ မဆိုးလှချေ။ ဝက်သားနီ ချက်၊ ဝက်သားချိုချဉ်၊ ဟဲတေးငါးချက်၊ အာလူးအမျှင်ကြော်နှင့် ဂေါ်ဖီထုပ် ပဲကြာဆံချက်တို့ ရှိနေခဲ့လေသည်။

အဓိကအစားအစာအနေဖြင့် ဆန်ထမင်း၊ ဂျုံမှုန့်ပေါင်းနှင့် ဖက်ထုပ်များလည်း ရနိုင်သည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားကြရလေ၏။

"ရဲဘော်... မင်္ဂလာပါ..."

ကျိုးချန်ယဲ့က ပြတင်းပေါက်ရှိ ဝန်ထမ်းကို ခေါ်လိုက်လေသည်။

အစိုးရပိုင် စားသောက်ဆိုင်၏ အစားအသောက် ဝန်ဆောင်မှုပေးသည့် ပြ တင်းပေါက်၌ ထိုင်နေသူမှာ အသက် ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ် မိန်းက လေးတစ်ဦး ဖြစ်လေသည်။ သူမသည် ထိုနေရာ၌ ထိုင်ကာ ချည်ထိုးနေခြင်း ဖြစ်သော်လည်း ခေါ်သံကြားသောအခါ စိတ်မရှည်သော အမူအရာဖြင့် မော့ ကြည့်လာခဲ့လေသည်။

သို့သော် ကျိုးချန်ယဲ့၏ ချောမောသော မျက်နှာကို မြင်လိုက်ရသည့်အခါတွင်မူ သူမ၏ သဘောထားမှာ စီချွမ်အော်ပရာမှ မျက်နှာဖုံးပြောင်းလဲခြင်း အတတ် ပညာကဲ့သို့ပင် ချက်ချင်း ပြောင်းလဲသွားခဲ့တော့သည်။

"မင်္ဂလာပါ ရဲဘော်... ဘာများ သုံးဆောင်မလဲဟင်..."

သူမက သာယာနာပျော်ဖွယ် ယဉ်ကျေးသော လေသံဖြင့် မေးမြန်းလိုက်လေ ၏။

"ဝက်သားနီချက် တစ်ပွဲ၊ ဟဲတေးငါးချက် တစ်ပွဲ၊ ဝက်သားချိုချဉ် တစ်ပွဲနဲ့ အာလူးအမျှင်ကြော် တစ်ပွဲ ပေးပါ... ပြီးတော့ ထမင်း နှစ်ပန်းကန်နဲ့ ဖက်ထုပ် တစ်ပွဲလည်း ပေးပါဦး..."

ကျိုးချန်ယဲ့က ဝန်ထမ်းအား မှာကြားလိုက်လေသည်။

"ဟုတ်ကဲ့ပါ ရဲဘော်... စုစုပေါင်း ခြောက်ယွမ်နဲ့ ငါးဆယ်ပြား ကျသင့်ပြီး ရိက္ခာ ကူပွန် နှစ်ကျင်း ပေးရပါမယ်..."

ကျိုးချန်ယဲ့၏ ရက်ရောမှုကို မြင်တွေ့လိုက်ရပြီးနောက် ဝန်ထမ်းမိန်းကလေး ၏ သဘောထားမှာ ပို၍ပင် ကောင်းမွန်လာခဲ့လေတော့သည်။

ကျိုးချန်ယဲ့သည် ငွေနှင့် ကူပွန်များကို ပေးလိုက်ပြီးနောက် ၎င်းတို့နှစ်ဦးမှာ ပြတင်းပေါက်နားရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ကြလေ၏။

ဝမ်အိုက်တန့်သည် သူ၏ တံတောင်ဆစ်နှစ်ဖက်ကို စားပွဲပေါ်တင်ကာ ကျိုးချန်ယဲ့၏ မျက်နှာကို စိုက်ကြည့်နေသည်ကို ကျိုးချန်ယဲ့ တွေ့လိုက်ရလေ သည်။

ထိုအကြည့်များမှာ... မည်သို့ပြောရမည်နည်း... အလွန်ပင် ထူးဆန်းနေခဲ့ပေ သည်။

ကျိုးချန်ယဲ့က သူ့ကို မျက်စောင်းထိုးလိုက်ရာ ဝမ်အိုက်တန့်က ပြုံးစိစိဖြင့် ပြောလာခဲ့လေသည်...။

"ဒီမိန်းကလေးကတော့ မင်းရဲ့ မျက်နှာကြောင့် ပြုစားခံလိုက်ရပြန်ပြီပေါ့... ကဲ ... ကဲ... ငါ့လို ချောတဲ့သူကိုကျတော့ ဘယ်သူကမှ သတိမထားမိကြပါလား..."

ကျိုးချန်ယဲ့ကမူ သူ၏ ပြက်လုံးများကို လျစ်လျူရှုထားလိုက်လေသည်။

မကြာမီမှာပင် ပြတင်းပေါက်မှ အစားအသောက်များ ရပြီဖြစ်ကြောင်း အော် ပြောလိုက်လေ၏။ ခေတ်သစ်ကာလနှင့် မတူသည်မှာ အစားအသောက် များကို မိမိဘာသာ ပြတင်းပေါက်သို့သွား၍ ယူကြရခြင်း ဖြစ်ပေသည်။

အရွယ်ရောက်ပြီးသား အမျိုးသား နှစ်ယောက်ဖြစ်သဖြင့် ဖြည်းဖြည်းချင်း စား နေကြမည် မဟုတ်ပေ။ ဆယ်မိနစ်ပင် မပြည့်လောက်သော အချိန်အတွင်းမှာ ပင် အစားအသောက်များ အားလုံးကို အပြတ်အသတ် ပွဲတော်တည်လိုက်ကြ လေတော့သည်။

၎င်းတို့နှစ်ဦးမှာ ထိုင်ခုံပေါ်တွင် ထိုင်ရင်း ဗိုက်ကို ပွတ်နေကြလေ၏။ ဤခေတ် ကာလ၏ အစားအသောက် ပမာဏမှာ အမှန်တကယ်ပင် များပြားလှကြောင်း ဝန်ခံရပေလိမ့်မည်။

All Chapters