အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁) အိမ်သန့်ရှင်းရေး လုပ်ခြင်း
သော့သွားယူရမည့်နေ့တွင် ကျိုးချန်ယဲ့သည် ထိုနေရာသို့ စောစီးစွာ သွား ရောက်ခဲ့လေသည်။
"လူလေး... မင်းရောက်လာပြီပဲ... ရော့ အိမ်သော့တွေ... အထဲမှာ ငါ ယူမသွား နိုင်တဲ့ ပရိဘောဂတချို့ ကျန်ခဲ့သေးတယ်... မင်း မကန့်ကွက်ဘူးဆိုရင်တော့ အဆင်ပြေသလို သုံးလိုက်ပေါ့..."
အိမ်ရှင်အမျိုးသမီးက သော့များကို ကျိုးချန်ယဲ့ထံ ကမ်းပေးရင်း ပြောလိုက် လေ၏။
"ကျေးဇူးတင်ပါတယ် အန်တီ..."
ကျိုးချန်ယဲ့က ကျေးဇူးတင်စွာဖြင့် ပြောလိုက်လေသည်။
ပြီးခဲ့သည့်အကြိမ် အိမ်လာကြည့်စဉ်ကတည်းက ထိုပရိဘောဂများကို သူ မြင် တွေ့ခဲ့ပြီး ဖြစ်ပေသည်။ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အသုံးပြုရန် အတွက်မူ မည်သို့မျှ ထိခိုက်မှုမရှိချေ၊ ဤသည်မှာ အိမ်ရှင်ဖြစ်သူက အလွန် ဂရုတစိုက် သုံးစွဲထားကြောင်း ပြသနေလျက်ရှိလေသည်။
သူ့တွင် နေရာလွတ်ရှိနေပြီး မည်သို့မျှ ဂရုမစိုက်လှသော်လည်း အိမ်ဝယ်ပြီး ပြီးချင်း ပရိဘောဂအားလုံးကို အသစ်လဲလှယ်လိုက်ပါက ထင်ပေါ်လွန်းရာ ကျသွားပေလိမ့်မည်။ အရာရာကို သတိထားလုပ်ဆောင်ခြင်းက အမြဲတမ်း ပို၍ကောင်းပေသည်။
အိမ်ရှင်အမျိုးသမီးမှာ သူမ၏သားဖြစ်သူထံသို့ သွားရန် အလျင်လိုနေသဖြင့် သော့ပေးပြီးနောက် ရထားလက်မှတ်ဝယ်ကာ ထွက်ခွာသွားခဲ့လေတော့သည်။
ကျိုးချန်ယဲ့သည် ခြံဝင်းအတွင်း လှည့်ပတ်ကြည့်ရှုလိုက်လေသည်။ ဤနေရာ သည် နောက်ဆုံးတွင်မူ သူ၏အိမ်လေး ဖြစ်လာခဲ့ပြီဖြစ်ရာ သူ၏ ရင်ထဲတွင် ဂုဏ်ယူဝမ်းမြောက်မှုများ ပြည့်လျှံလာခဲ့ပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သော့များရရှိပြီးနောက် သူသည် ရပ်ကွက် ကော်မတီရုံးသို့ သွားရောက်ခဲ့ပြီး ထိုနေရာရှိ ရဲဘော်များ၏ မိတ်ဆက်ပေးမှု မှတစ်ဆင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း အိမ်ကို ရိုးရှင်းစွာ ပြင်ဆင်သန့်ရှင်း ရေးလုပ်ပေးမည့် လက်သမားဆရာတစ်ဦးကို ရှာဖွေနိုင်ခဲ့လေသည်။
သူသည် ခြံဝင်းအတွင်းရှိ အခန်းများမှ ပြတင်းပေါက်အားလုံးကို ရှင်းလင်း လိုက်ပြီး မူလက ကျဉ်းမြောင်းသော သစ်သားပြတင်းပေါက်ဘောင်များကို ဖယ်ရှားကာ အတိုင်းအတာများကို ပြန်လည်တိုင်းတာ၍ ချဲ့ထွင်လိုက်လေ၏။
ထို့နောက်တွင် သူသည် နေရာလွတ်ထဲမှ အသစ်စက်စက် မှန်ချပ်အချို့ကို ထုတ်ယူကာ လက်သမားဆရာကို တပ်ဆင်ခိုင်းလိုက်လေသည်။
အဓိကအိမ်ကြီး၏ အတွင်းဘက်၌မူ လက်သမားဆရာက ထင်းရှူးသားကို အသုံးပြု၍ အခန်းတစ်ခုကို ကန့်ပေးခဲ့ပြီး အဖြူရောင်ဆေးသုတ်ကာ အိမ် ကြီးကို အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းဟူ၍ အခန်းနှစ်ခန်းအဖြစ် ပိုင်း ခြားလိုက်လေသည်။
အဓိကအိပ်ခန်းထဲတွင် ကျိုးချန်ယဲ့သည် ရှေးဟောင်းအငွေ့အသက်များ ပါရှိ သော အဝတ်ဗီရိုကြီးတစ်ခုကို ထုတ်ယူကာ နံရံကိုမှီ၍ ချထားလိုက်လေ၏။ ထိုအဝတ်ဗီရိုမှာ အညိုရင့်ရောင် သစ်မာသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပေ သည်။
ဗီရိုတံခါး၏ အလယ်တည့်တည့်တွင် လူတစ်ဝက်ခန့်အမြင့်ရှိသော ကြည်လင် သည့် မှန်တစ်ချပ် ပါရှိပြီး ၎င်းကို တောက်ပနေအောင် ပွတ်တိုက်ထားသဖြင့် အမိုးရှိသွပ်ပြားများပင် ပြတ်သားစွာ ရောင်ပြန်ဟပ်ခဲ့နေလေသည်။
သူသည် ဗီရိုထဲသို့ ကြီးမားသော ဝါဂွမ်းစောင်ကြီးအချို့ကို ထည့်ထားခဲ့ပြီး ခဏမျှ စဉ်းစားပြီးနောက် အထည်စအချို့ကိုပါ ထပ်မံထည့်သွင်းလိုက်လေ သည်။
ဗီရိုတံခါးကို ပိတ်လိုက်ချိန်တွင် သူသည် ယခင်က စုဆောင်းထားခဲ့သော အထည်စုတ်များကို သတိရသွားသဖြင့် အလေးချိန် ငါးကီလိုဂရမ်ခန့်ရှိသော ထိုအထည်စုတ်အိတ်ကြီးတစ်အိတ်ကိုပါ အထဲသို့ ထိုးသိပ်ထည့်လိုက်လေ၏။
ထို့နောက် သစ်မာသားဖြင့်ပြုလုပ်ထားသော စာရေးစားပွဲတစ်လုံးကို နေရာ လွတ်ထဲမှ ထုတ်ယူကာ ပြတင်းပေါက်ဘောင်ဘေးတွင် သေချာစွာ ချထား လိုက်လေသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အလင်းရောင်ကို မကွယ်စေသည့် အပြင် ပြတင်းပေါက်ဘောင်ပေါ်ရှိ နေရာကိုလည်း မယူတော့ပေ။
သူသည် စားပွဲပေါ်တွင် စာကြည့်မီးအိမ်တစ်လုံးကို တင်ထားလိုက်ပြီး အံဆွဲ ထဲတွင်မူ စာအုပ်အလွတ်အချို့၊ မင်တံတစ်ချောင်းနှင့် မင်အိုးတစ်အိုးတို့ကို ထည့်ထားလိုက်လေသည်။
ထို့နောက် သူသည် အနီရောင် ရေနွေးဓာတ်ဘူးကြီးတစ်ခုကို ယူကာ စားပွဲ ခြေထောက်အနီးတွင် ချထားလိုက်လေ၏။
ခုတင်ပေါ်တွင်လည်း လက်ရှိအချိန်၌ အခေတ်စားဆုံးဖြစ်သော အနီရောင်ရဲရဲ ပီယိုနီပန်းဒီဇိုင်း အိပ်ရာခင်းအစုံကို ခင်းကျင်းထားလိုက်လေသည်။
ကျိုးချန်ယဲ့သည် ခုတင်ကို အတန်ကြာ စိုက်ကြည့်နေခဲ့ပြီးနောက် ရေရွတ် လိုက်လေသည်။
"အင်း... ငါ့ဇနီးက ဒီအနီရောင် ပီယိုနီပန်းကြီးကို သေချာပေါက် သဘောကျ မှာပဲ... ငါလည်း သဘောကျတယ်..."
ဘေးတစ်ဖက်စီတွင် တွဲလောင်းကျနေသော သူ၏လက်ချောင်းများမှာ သိသာ ခြင်းမရှိဘဲ ကွေးကောက်သွားပြီး သူ၏မျက်လုံးများထဲတွင် ဖော်ပြ၍မရနိုင် သော ခပ်ဖျော့ဖျော့ အဓိပ္ပါယ်တစ်ခု လင်းလက်သွားသည်ကို မည်သူကမျှ မြင်တွေ့လိုက်မိခြင်းမရှိကြပေ။
အဓိကအခန်းမှာ ရိုးရှင်းလှပြီး အခန်း၏အလယ်တွင် နတ်ဘုရားရှစ်ပါး လေး ထောင့်စားပွဲကြီးတစ်ခုနှင့်အတူ ခွေးခြေခုံအနည်းငယ်ကို ချထားလေသည်။
အရှေ့ဘက်နှင့် အနောက်ဘက် အစွန်အခန်းများတွင် အပူပေး အုတ်ခုတင်များ ရှိနေသဖြင့် အခန်းတိုင်းတွင် အုတ်ခုတင်အတွက် ရိုးရှင်းသော ဗီရိုတစ်လုံးစီ ကိုသာ ထားရှိကာ လိုအပ်ပါက နောက်မှ အစားထိုးရန် စီစဉ်ထားခဲ့လေသည်။
မူလက ရိုးရှင်းလှသော အိမ်လေးသည် ဤပရိဘောဂအနည်းငယ်ကြောင့် ပြောင်းလဲသွားခဲ့ပြီး ကျက်သရေရှိမှုနှင့် စနစ်ကျမှုတို့ကို ပေါင်းထည့်ပေးလိုက် ကာ နေ့စဉ်ဘဝအတွက် နွေးထွေးပြီး ဆွဲဆောင်မှုရှိသော ခံစားချက်ကို ပေး စွမ်းနေလျက်ရှိနေခဲ့လေသည်။
သူသည် မီးဖိုချောင်ဘေးတွင် ရေချိုးခန်းတစ်ခုကို ထပ်မံထည့်သွင်းလိုက် လေ၏။
သူသည် နေရာလွတ်ထဲမှ ကြီးမားသော သစ်သားရေချိုးစည်ပိုင်းကြီးတစ်ခုကို ထုတ်ယူကာ နံရံကိုမှီ၍ ချထားလိုက်လေသည်။ ထို့နောက် လက်သမားဆရာ ကြိုတင်ချန်ထားခဲ့သော ပိုက်နှင့် ဆက်သွယ်ရန်အတွက် စည်ပိုင်း၏ အောက် ခြေတွင် အပေါက်တစ်ခုကို သေချာဖောက်လုပ်ခဲ့ပေသည်။
စည်ပိုင်းထဲသို့ ရေဖြည့်သောအခါ ပလပ်ကို ဆွဲနှုတ်လိုက်ရုံဖြင့် အလွန်တရာ အဆင်ပြေလှပေသည်။
ထို့နောက် ရေချိုးစည်ပိုင်းဘေးတွင် မျက်နှာသစ်စင်တစ်ခုကို ထားရှိကာ ၎င်း အပေါ်၌ နှစ်ထပ်ကွမ်းမင်္ဂလာတံဆိပ် ကြွေရည်သုတ် ဇလုံတစ်လုံးကို သေချာ စွာ တင်ထားလိုက်လေသည်။
ထို့နောက် ကျိုးချန်ယဲ့သည် စင်ပေါ်တွင် ဆပ်ပြာတစ်ခဲ၊ ကြွေရည်သုတ် ခွက် နှစ်ခွက်နှင့် သွားတိုက်တံ နှစ်ချောင်းတို့ကို တင်ထားလိုက်ပြီး ကြိုးတန်းပေါ် တွင်လည်း အဖြူရောင် မျက်နှာသုတ်ပုဝါအချို့ကို လှန်းထားလိုက်လေ၏။
ချိုးချိုးသည် မကြာသေးမီက ထပ်မံ၍ အဆင့်တက်သွားခဲ့ပေသည်။ သူ၏ နေရာလွတ်ထဲမှ ပစ္စည်းတစ်ခုခုကို ထုတ်ယူလိုက်တိုင်း ခေတ်သစ် ကုန်အမှတ် တံဆိပ်များ အလိုအလျောက် ပျောက်ကွယ်သွားသဖြင့် သူ့အတွက် အလွန်ပင် ဒုက္ခသက်သာသွားစေခဲ့လေသည်။
ရေချိုးခန်းတွင် အထူးတည်ဆောက်ထားသော အပူပေးနံရံတစ်ခု ပါရှိပြီး အပြင်ဘက်၌ ရိုးရှင်းသော မီးဖိုတစ်ခုကို တည်ဆောက်ထားကာ ကျိုးချန်ယဲ့ က မီးဖိုပေါ်တွင် သံဒယ်အိုးကြီးတစ်လုံးကို တင်ထားလိုက်လေသည်။
ရေလိုတိုင်း မီးဖိုပေါ်တွင် ရေနွေးတည်ရလေသည်။ ရေနွေးငွေ့များသည် မီးခိုး ခေါင်းတိုင်တစ်လျှောက် စီးဆင်းသွားကာ နံရံများကို နွေးထွေးစေပြီး အခန်းကို သက်သောင့်သက်သာ ရှိစေပေသည်။
*ငါက ယောက်ျားတစ်ယောက်ဆိုတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်... ဒါပေမယ့် ငါ့ဇနီးက မိန်းကလေးတစ်ယောက်ဆိုတော့ အိမ်မှာ ရေချိုးခန်းရှိ နေတာ ပိုအဆင်ပြေပါတယ်လေ...* ဟု တွေးလိုက်မိလေသည်။
မီးဖိုချောင်ထဲတွင်မူ ကျိုးချန်ယဲ့သည် အိုးငယ်အချို့ကို ချထားလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မြေပြင်ပေါ်တွင် ဆန်အိတ်အချို့ ပေါ်လာခဲ့ လေတော့သည်။
သူသည် အိတ်များထဲမှ ကောက်နှံများကို အိုးများထဲသို့ ထည့်လိုက်ပြီး အိတ် လွတ်များကို သူ၏ သိုလှောင်ရာ နေရာလွတ်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက် လေ၏။ အိုးများထဲတွင် ဆန်၊ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်နှင့် မုယောဂျုံမှုန့်များဖြင့် အပြည့်အမောက် ဖြစ်နေခဲ့ပေတော့သည်။
ယနေ့ခေတ်တွင် လူအများစုမှာ ဆန်ကြမ်း၊ ဂျုံမည်းနှင့် ပြောင်းဖူးမှုန့်ကဲ့ သို့ သော ကြမ်းတမ်းသည့် ကောက်နှံများကိုသာ စားသုံးနေကြရဆဲ ဖြစ်ပေသည်။
ကျိုးချန်ယဲ့မှာမူ ကြမ်းတမ်းသော ကောက်နှံများနှင့် အမှန်တကယ်ပင် အသား မကျနိုင်ခဲ့သဖြင့် ဂျုံမည်းများမှ မုယောဂျုံခေါက်ဆွဲများကိုသာ ပြုလုပ်နိုင်ခဲ့ လေသည်။ ကွဲပြားခြားနားနေသော အစားအသောက်၏ အသွင်အပြင်နှင့် ပတ် သက်၍မူ ၎င်းကို အကြိမ်ကြိမ် ကြိတ်ခွဲထားသောကြောင့်ဖြစ်သည်ဟု သူက အကြောင်းပြလိုက်လေ၏။
ကောက်နှံအိုးများ၏ ဘေးတွင်မူ ကျိုးချန်ယဲ့သည် သစ်သားစင်အချို့ကို ထားရှိ လိုက်လေသည်။
သူသည် သူ၏ သိုလှောင်ရာ နေရာလွတ်ထဲမှ ရှေးဟောင်းပန်းကန်လုံးများနှင့် တူအချို့ကို ထုတ်ယူကာ စင်ပေါ်တွင် တင်ထားလိုက်ပေသည်။
တံခါးအနီးတွင် လေးထောင့်မီးဖိုတစ်ခုကို တပ်ဆင်လိုက်ပြီး ၎င်းအပေါ်၌ ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ကို တင်ထားလိုက်လေ၏။
ဟင်းသီးဟင်းရွက်များနှင့် အသားများအတွက်မူ သူသည် ၎င်းတို့ကို လော လောဆယ် ထုတ်မထားခဲ့သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျေးလက်သို့ ပြန်သွားမည်ဖြစ်ရာ သူပြန်လာမှ ဝယ်လျှင်လည်း နောက်ကျလိမ့်မည် မဟုတ်ချေ။