← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း (၁၂) ချင်းရှောင်ယွန်း

အိမ်ကို သန့်ရှင်းရေး ပြုလုပ်ပြီးသွားသောအခါ ကျိုးချန်ယဲ့သည် နောက်ဆုံး တွင် သူ၏ ပခုံးပေါ်မှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွား သကဲ့သို့ ခံစားလိုက်ရလေသည်။

နံနက်ပိုင်း အတန်းများ ပြီးခါစဖြစ်သဖြင့် ကျိုးချန်ယဲ့နှင့် အခြားသူအနည်းငယ် တို့သည် နေ့လယ်စာစားရန်အတွက် ထမင်းစားခန်းဆီသို့ ဦးတည်သွားနေခဲ့ကြ လေသည်။

"ကျိုးချန်ယဲ့..."

အနောက်ဘက်မှ ချွဲနွဲ့နေသော မိန်းကလေးအသံတစ်သံ ထွက်ပေါ်လာခဲ့လေ ၏။ ကျိုးချန်ယဲ့က လှည့်ကြည့်လိုက်ရာ စာသင်ဆောင်အရှေ့ရှိ သစ်ပင်ကြီး တစ်ပင်အောက်တွင် ရပ်နေသော ချင်းရှောင်ယွန်းနှင့် သူမ၏ အနားတွင် ကပ်ပါးလုပ်နေသူ ဟျောင်လီလီတို့ကို မြင်တွေ့လိုက်ရပြီး သူတို့က သူ့အား လှမ်းကြည့်နေခဲ့ကြလေသည်။

ဝမ်အိုက်တန့်က သူ၏လက်မောင်းကို မြှောက်ကာ ကျိုးချန်ယဲ့အား တံတောင် ဆစ်ဖြင့် တွတ်လိုက်လေ၏။ သူ၏ နှုတ်ခမ်းထက်တွင် ဖုံးကွယ်၍မရနိုင်သော အပြုံးတစ်ခု ရှိနေကာ မျက်လုံးများထဲတွင်လည်း သူတစ်ပါးဒုက္ခရောက်သည် ကို ဝမ်းသာနေသည့် အရိပ်အယောင်တစ်ခုက ကိန်းအောင်းနေလျက်ရှိလေ သည်။

သူက မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်လေသည်...၊

"ဟေ့... လူတစ်ယောက် မင်းကို လာရှာနေတယ်..."

ကျိုးချန်ယဲ့က သူ့အား မျက်စောင်းထိုးကြည့်လိုက်ပြီး လျူကျန့်ကော်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်...၊

"အစ်ကိုကျန့်ကော်... ခင်ဗျားတို့ အရင် သွားစားနှင့်ကြ... ကျွန်တော် ခဏနေ ရင် လိုက်ခဲ့မယ်..."

လျူကျန့်ကော်က ကျိုးချန်ယဲ့အား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်လေ သည်။

"ချန်ယဲ့... အေးလေ ကောင်းပါပြီ... မင်းရဲ့ ထမင်းဘူးကို ငါ့ပေးခဲ့... ငါတို့ မင်း အတွက် ဟင်းတွေ အရင်ယူထားပေးမယ်... မြန်မြန် လိုက်ခဲ့..."

"ကျေးဇူးပဲ..."

ကျိုးချန်ယဲ့က သူ၏ လွယ်အိတ်ထဲမှ ထမင်းဘူးကို ထုတ်ယူလိုက်ကာ လျူကျန့်ကော်ထံသို့ ကမ်းပေးလိုက်ပြီးနောက် သစ်ပင်ရှိရာသို့ လှည့်၍ လျှောက်သွားလိုက်လေသည်။

"ငါတို့လည်း သွားကြစို့..."

လျူကျန့်ကော်က အခြားနှစ်ဦးအား လှမ်းခေါ်လိုက်ပြီးနောက် သူတို့သည် လည်း ထမင်းစားခန်းဆီသို့ ဆက်လျှောက်သွားလိုက်ကြလေသည်။

ချင်းရှောင်ယွန်းက ရှေ့သို့ လှမ်းလာခဲ့ပြီး မေးစေ့ကို အနည်းငယ် မော့ထားကာ သူမ၏ မျက်နှာပေါ်တွင် မောက်မာသော အရိပ်အယောင်တစ်ခုဖြင့် ဗြုန်းစား ကြီး မေးလိုက်လေသည်။

"နင် ဘာလို့ ငါ့ကို လာမတွေ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ..."

ဘေးတစ်ဖက်စီတွင် တွဲလောင်းကျနေသော ကျိုးချန်ယဲ့၏ လက်များမှာ တိတ် တဆိတ် ဆုပ်ကိုင်လိုက်မိပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်သော သတ် ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခုက ဖြတ်ပြေးသွားခဲ့လေ၏။

၎င်းနောက်တွင်မူ ဖုံးကွယ်မထားသော နက်နဲသည့် စိတ်မရှည်မှုတစ်ခု ချက် ချင်းဆိုသလို လိုက်ပါလာခဲ့ပြီး သူ၏ မျက်လုံးအောက်ခြေမှ ဒေါသများပင် လျှံကျလုမတတ် ဖြစ်နေခဲ့သော်လည်း သူက အတင်းအကျပ် ဖိနှိပ်ထားလိုက် ပေသည်။

"မင်း ဘာကိစ္စရှိလို့လဲ..."

ကျိုးချန်ယဲ့က သူမအား လှမ်းကြည့်လိုက်ပြီး သူ၏ အသံမှာ ဆောင်းလယ် ကာလရှိ ရေခဲကဲ့သို့ အေးစက်နေကာ မာကျောပြီး မည်သည့် နွေးထွေးမှုမျှ ပါဝင်နေခြင်းမရှိခဲ့ပေ။

"အဲ့ဒါက ဘယ်လို အမူအရာလဲ... နင်က ဘယ်လိုလုပ် အဲ့ဒီလို ပြောရတာ လဲ..."

ချင်းရှောင်ယွန်း၏ အနားတွင်ကပ်ပါးလုပ်နေသူ ဟျောင်လီလီက ချက်ချင်း ဆိုသလို ရှေ့တိုးလာပြီး ကျိုးချန်ယဲ့၏ နှာခေါင်းကို လက်ညှိုး ငေါက်ငေါက် ထိုးကာ အသံကုန်ဟစ်၍ စွပ်စွဲလိုက်လေ၏။

"မင်းရဲ့ လက်ချောင်းကို မလိုချင်တော့ဘူးလား..."

ကျိုးချန်ယဲ့က သူမ၏ လက်ချောင်းများအား ကြည့်ကာ အေးစက်စွာ ပြော လိုက်လေသည်။

"လီလီ..."

ချင်းရှောင်ယွန်းက ခက်ထန်နေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ကျိုးချန်ယဲ့... နင်က ဘာကို ဆိုလိုချင်တာလဲ..."

"ဆိုလိုတာက... ငါ့ကို နောက်ထပ် လာမနှောင့်ယှက်နဲ့လို့..."

ကျိုးချန်ယဲ့က တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။

ချင်းရှောင်ယွန်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို နီရဲသွားပြီး သူမ၏ ရင်ဘတ် မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ သူမ၏ အသံမှာ အတော်လေး မြင့်တက်သွားပြီး သူ့အား ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေတော့သည်။

"ကျိုးချန်ယဲ့... နင် ဘာကို ဟန်ဆောင်နေတာလဲ..."

"နင်က ငါ့ကို အမြဲတမ်း ခွေးလေးတစ်ကောင်လို ဖားယားနေခဲ့တာ မဟုတ်ဘူး လား... အခုတော့ နင်က ဟန်ရေးပြတတ်နေပြီပေါ့လေ..."

ဟျောင်လီလီက ချင်းရှောင်ယွန်းအနီးသို့ အလျင်အမြန် တိုးကပ်သွားပြီး သူမ ၏ လက်မောင်းကို ဆွဲကိုင်ကာ မီးလောင်ရာ လေပင့်လိုက်လေ၏၊ သူမ၏ အသံမှာ စူးရှကာ မောက်မာနေခဲ့ပေတော့သည်။

"ရှောင်ယွန်း... ကျိုးချန်ယဲ့က လူ့အရေခြုံထားတဲ့ တိရစ္ဆာန်တစ်ကောင်ပါလို့ ငါ နင့်ကို အစကတည်းက ပြောခဲ့သားပဲ..."

"ပထမတော့ နင်က ငါ့စကားကို မယုံခဲ့ဘူး... ဒါပေမယ့် အခုတော့ သူ့ရဲ့ အစစ် အမှန် မျက်နှာကို မြင်ပြီမလား... သူနဲ့ အဆက်အသွယ် ချက်ချင်း ဖြတ်လိုက် … ဒီလိုလူမျိုးနဲ့ နောက်ထပ် ဘာမှ ပတ်သက်စရာ မလိုတော့ဘူး..."

ဟျောင်လီလီက ကျိုးချန်ယဲ့အား အမှိုက်တစ်စကဲ့သို့ စိုက်ကြည့်လိုက်လေ၏။

ကျိုးချန်ယဲ့က မျက်လွှာချလိုက်ပြီး သူ၏ လက်ချောင်းထိပ်များက ဘောင်းဘီ ချုပ်ရိုးကို ပွတ်ဆွဲနေကာ သူ၏ စိတ်မှာမူ လုံးဝကို ရှင်းလင်းနေခဲ့ပေသည်။

ဤအရာအားလုံး၏ အဓိက အကြောင်းရင်းမှာ ယခင်ဘဝက ချင်းရှောင်ယွန်း ၏ ဖောက်ပြန်ဖော်ဖြစ်ခဲ့သော ဝမ်ချန်သည် ဟျောင်လီလီထံသို့ ချဉ်းကပ်ကာ ချင်းရှောင်ယွန်းအား သူနှင့် ချိန်းတွေ့ရန် သဘောတူစေနိုင်ပါက သူမကို ယွမ် ငါးဆယ် ပေးမည်ဟု ပြောခဲ့ခြင်းကြောင့်ပင် ဖြစ်လေ၏။

ထို့အပြင် ဤအချိန်၌ ဟျောင်လီလီနှင့် ဝမ်ချန်တို့အကြားတွင်လည်း မရှင်းမ လင်း ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပြီး ဖြစ်ပေသည်။ သူမက ဝမ်ချန်အား ချင်း ရှောင်ယွန်းကို လိုက်ရန် ကူညီပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့ တွင်မူ သူမသည် ချင်းရှောင်ယွန်းကို အရိုးထဲစွဲမတတ် မုန်းတီးနေခဲ့ခြင်းဖြစ် လေ၏။

သို့ရာတွင် ဝမ်ချန်၏ ဩဇာအာဏာကြောင့် သူမသည် သူ့အား အနည်းငယ်မျှ ပင် လွန်ဆန်ရဲခြင်းမရှိဘဲ စိတ်မပါဘဲ ကူညီပေးခဲ့ရကာ ကြားပွဲစားအဖြစ် ဟန် ဆောင်ရင်း ချင်းရှောင်ယွန်း အရှက်ရစေရန်ကိုသာ တိတ်တဆိတ် မျှော်လင့် နေခဲ့ခြင်းဖြစ်လေသည်။

ယခု သူမထိုကဲ့သို့ ရှေ့တိုးလာပြီး သူ့အား ပြစ်တင်ဝေဖန်နေခြင်းမှာ ချင်းရှောင် ယွန်း၏ ဒေါသကို အခွင့်ကောင်းယူကာ သူမ၏ ကိုယ်ပိုင် မနာလိုမှုများကို ဖွင့် ထုတ်ရန်သက်သက်သာ ဖြစ်ပေတော့သည်။

ဤစကားများကို ကြားလိုက်ရသောအခါ ကျိုးချန်ယဲ့က သူ၏ နှုတ်ခမ်းထောင့် များကိုသာ ကွေးညွတ်လိုက်ပြီး သူ၏ မျက်လုံးများမှာ လုံးဝ တုန်လှုပ်ခြင်းမရှိ ဘဲ ထိုလူနှစ်ဦး၏ ပေါက်ကွဲမှုများကို လုံးဝ ဂရုမစိုက်ကြောင်း ပြသနေခဲ့လေ ၏။

ဤလူယုတ်မာများနှင့် မိန်းမယုတ်များကို သော့ခတ်လှောင်ပိတ်ထားသင့်ပြီး သို့မှသာ အပြင်ထွက်၍ အခြားသူများကို ဒုက္ခမပေးနိုင်မည်ဖြစ်ချေသည်။

သူက သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် ရစ်ပတ်နေပြီး သူ့အား ထပ် မနှောင့်ယှက်တော့ရန် မျှော်လင့်နေခဲ့ကာ ထိုသို့ဆိုလျှင် သူ၏ လက်ရှိ ပြဿ နာများထဲမှ တစ်ခုကို ဖြေရှင်းနိုင်မည် ဖြစ်ပေသည်။

ထိုသို့တွေးတောမိရင်း သူက ဟန်ဆောင်ပန်ဆောင် အမူအရာပင် မပြတော့ဘဲ သူမတို့နှစ်ဦးကို အေးစက်စွာ လှမ်းကြည့်လိုက်လေ၏။ သူ၏ မျက်လုံးများထဲ ရှိ ဂရုမစိုက်မှုများက ပွင့်လင်းစွာ လှောင်ပြောင်ခြင်းထက် ပို၍ပင် နာကျင်စေ ခဲ့ပေသည်။

"ကောင်းပြီ... ကောင်းပြီ... နင် ကျိုးချန်ယဲ့..."

ချင်းရှောင်ယွန်းမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေကာ သူ့ အား လက်ညှိုးထိုးရင်း အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းကိုပင် အဆုံးတိုင်အောင် မပြောနိုင်ခဲ့ပေ။

နောက်ဆုံးတွင် သူမက ကြမ်းတမ်းသော စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့ လေသည်။

"နင် စောင့်နေလိုက်..."

စကားပင် မဆုံးသေးမီ သူမက မျက်နှာကိုအုပ်ကာ ခပ်သွက်သွက် ခြေလှမ်း များဖြင့် အလျင်စလို ပြေးထွက်သွားခဲ့ပြီး ကြီးမားသော မတရားမှုတစ်ခုကို ခံစားခဲ့ရသူအလား ဖြစ်နေခဲ့လေတော့သည်။

"ရှောင်ယွန်း... ရှောင်ယွန်း... ငါ့ကို စောင့်ဦးလေ..."

ဟျောင်လီလီက ကျိုးချန်ယဲ့အား မျက်စောင်းထိုးကြည့်လိုက်ကာ သူမ၏ နောက်သို့ ပြေးလိုက်သွားလေတော့သည်။

ကျိုးချန်ယဲ့က ပြေးထွက်သွားသော ပုံရိပ်ကို လိုက်ကြည့်ရန်ပင် စိတ်မဝင်စား တော့ချေ။

သူက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး လှည့်ကာ ထမင်းစားခန်းဆီသို့ တည်ငြိမ် သော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်ပြီး ယခုလေးတင် ဖြစ်ပျက်ခဲ့သော ဟာသဇာတ်လမ်းအား လုံးဝ စိတ်ထဲမထားတော့ပေ။

All Chapters