← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) အိမ်ပြန်ရန် ပြင်ဆင်ခြင်း

နွေရာသီ၏ လေပြေလေညင်းလေးသည် အပူလှိုင်းများကို သယ်ဆောင်လျက် အဆောင်တွင်းသို့ တိုက်ခတ်လာခဲ့လေသည်။

ကျိုးချန်ယဲ့သည် ခါးကိုကိုင်းကာ သူ၏ ဂုန်နီအိတ်ကို ပြင်ဆင်နေခဲ့ပြီး အဝတ် အစားများနှင့် စာအုပ်အနည်းငယ်ကို သိမ်းဆည်းလျက် နောက်နေ့တွင် မွေးရပ် မြေသို့ ရထားဖြင့်ပြန်ရန် ပြင်ဆင်နေခဲ့လေသည်။

ရုတ်တရက် ကျွီခနဲ မြည်သံနှင့်အတူ အဆောင်တံခါးမှာ ပွင့်လာခဲ့လေသည်။ ဝမ်အိုက်တန့်က ဦးဆောင်လာပြီး သူ၏နောက်တွင် အဆောင်ဖော် နှစ်ဦး လိုက်ပါလာခဲ့လေသည်။

၎င်းတို့ သုံးဦးစလုံးမှာ ဖောင်းကားနေသော ပိုက်ကွန်အိတ်များကို ကိုင်ဆောင် ထားကာ ခပ်သွက်သွက် လျှောက်လာခဲ့ကြပေသည်။

ကျိုးချန်ယဲ့ စကားမပြောနိုင်မီမှာပင် ဝမ်အိုက်တန့်က ပိုက်ကွန်အိတ်ကို စားပွဲ ပေါ်တင်လိုက်ပြီး ပစ္စည်းအချို့ကို ဝုန်းခနဲ သွန်ချလိုက်လေသည်၊ ၎င်းတို့မှာ ဖန်ပုလင်းဖြင့်ထည့်ထားသော မုယောနို့မှုန့်၊ ယုန်ဖြူနို့သကြားလုံး တစ်အိတ် နှင့် သစ်သီးပုလင်း နှစ်ပုလင်းတို့ဖြစ်ပြီး ထိုခေတ်ကာလတွင် ရှားပါးလှသော စားစရာများ ဖြစ်ပေတော့သည်။

"လောင်ကျိုး... ပြင်ဆင်နေတာလား..."

ဝမ်အိုက်တန့်က သူ၏ပခုံးကိုပုတ်ကာ ပြုံးရွှင်စွာဖြင့် မေးလိုက်လေ၏။

သူက စားပွဲပေါ်ရှိ ပစ္စည်းများကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်၊

"ဒါတွေက ငါတို့ ညီအစ်ကိုတွေ ပိုက်ဆံစုပြီး ဝယ်ထားတာလေ... ငါတို့ ဦးလေးတွေကနေ မွေးလာမယ့် တူလေးအတွက် လက်ဆောင်လို့ပဲ သဘော ထားလိုက်ပါ..."

ကျိုးချန်ယဲ့သည် စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်လိုက်ရာ သူ၏ မျက်လုံး များထဲတွင် ခပ်ဖျော့ဖျော့ နွေးထွေးမှုတစ်ခု ပြန့်နှံ့သွားခဲ့လေ၏။

ညီအစ်ကိုများက မမွေးသေးသော တူလေးအတွက်ဟု ပြောနေကြသော် လည်း အမှန်တကယ်တွင်မူ သူ၏ဇနီး ကိုယ်ဝန်လွယ်ထားရသည်ကို သိထား သဖြင့် ဇနီးဖြစ်သူအား အာဟာရဖြည့်တင်းပေးရန် ကလေးကို အကြောင်းပြ ကာ သူ့အား ယူဆောင်သွားစေလိုခြင်းဖြစ်ကြောင်းကို သူ ကောင်းကောင်းကြီး သိထားလေသည်။

ဤပစ္စည်းများမှာ မြို့ပေါ်တွင်ပင် ရှားပါးလှရာ ကျေးလက်ဒေသတွင်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

သူက လက်ကိုမြှောက်ကာ ဝမ်အိုက်တန့်၏ လက်မောင်းကို ပုတ်လိုက်ပြီး သူ ၏ အသံမှာ ပုံမှန်ထက် အနည်းငယ် ပို၍ နူးညံ့နေခဲ့လေသည်။

"ကျေးဇူးပဲ ညီအစ်ကိုတို့... မင်းတို့ အတော်လေး ဒုက္ခများသွားပြီ..."

"အာ... ဘာများ အရေးကြီးလို့လဲ... မင်း ရထားလက်မှတ် ဝယ်ပြီးပြီလား..."

ဝမ်အိုက်တန့်က ပြုံးလျက် မေးလိုက်လေ၏။

"မနက်ဖြန် မနက် ခုနစ်နာရီ လက်မှတ်ဝယ်ထားတယ်... အစ်ကိုကျန့်ကော်၊ ဝေကျွင်း... ခင်ဗျားတို့နှစ်ယောက်ကော ဘယ်တော့ ပြန်ကြမှာလဲ..."

ကျိုးချန်ယဲ့က ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။

"ကျန့်ကော်နဲ့ ငါက ဒီနေ့လယ်ကမှ ရထားဘူတာကို သွားခဲ့တာလေ... ငါတို့ရ တဲ့ အစောဆုံးရထားက ဒီနေ့ညအတွက်ပဲ... အဲ့ဒါထက် နောက်ကျရင် သန် ဘက်ခါအထိ စောင့်ရလိမ့်မယ်..."

"ငါတို့က ညတွင်းချင်း ပြန်ဖို့ စဉ်းစားထားတယ်... အိမ်ကနေ ထွက်လာတာ ကြာပြီဆိုတော့ အိမ်ကို တော်တော်လွမ်းနေပြီလေ..."

လီဝေကျွင်းက ပြန်လည်ဖြေလိုက်လေသည်။

"ညဘက်ဆိုတော့ သတိထားကြဦးနော်..."

ကျိုးချန်ယဲ့က သတိပေးလိုက်လေသည်။

"ဟား... ယောက်ျားကြီး နှစ်ယောက်က ဘာကို ကြောက်ရမှာလဲ..."

လျူကျန့်ကော်က အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်လေ၏။

"အစ်ကိုတို့..."

ဝမ်အိုက်တန့်က သူ၏ခေါင်းကို ကုတ်လိုက်ပြီး သူ၏လေသံမှာ အနည်းငယ် အားနာနေဟန် ရှိလေသည်။

"ငါ့ရဲ့ အစ်မကြီး နှစ်ယောက်နဲ့ သူတို့ ယောက်ျားတွေက ဒီနေ့ မိဘအိမ်ကို ပြန် လာကြမှာဆိုတော့ သူတို့ကို ဧည့်ခံဖို့ လူတစ်ယောက် နေခဲ့ရမှာလေ..."

"ဒါကြောင့်... ဒီည ငါ မင်းတို့ကို လိုက်ပို့နိုင်မှာ မဟုတ်ဘူး... ခရီးသွားရင် ဂရု စိုက်ကြဦးနော်..."

"မင်းကိစ္စသာ မင်း လုပ်ပါ... နွေရာသီ ကျောင်းပိတ်ရက်ပြီးရင် ငါတို့ အဆောင် မှာ အရင်လို ပြန်ဆုံကြတာပေါ့..."

လျူကျန့်ကော်က ဝမ်အိုက်တန့်၏ ပခုံးကို ပုတ်ကာ ရွှင်လန်းသော လေသံဖြင့် ပြောလိုက်ပြီး ခွဲခွာရမည်ကို ဝမ်းနည်းနေသည့် အရိပ်အယောင် အနည်းငယ်မျှ ပင် မပြသခဲ့ချေ။

အခြားသူများ ခရီးဆောင်အိတ်ကိုယ်စီဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်ကို ကြည့်ပြီးနောက် ကျိုးချန်ယဲ့သည် သူ၏ နေရာလွတ် ထဲသို့ ဝင်ရောက်သွားခဲ့ရာ ထိုနေရာလွတ်မှာ ယခင်အတိုင်းပင် ရှိနေခဲ့လေ၏။

"သခင်... ရောက်လာပြီလား..."

ကျိုးချန်ယဲ့ ခြေအစုံချရပ်လိုက်သည်နှင့် သူ၏ နားထဲသို့ ကလေးငယ်တစ်ဦး၏ နူးညံ့သောအသံလေး ဝင်ရောက်လာခဲ့လေသည်။

ထိုချက်ချင်းမှာပင် အမွှေးပွ ခြေထောက်လေးများပါရှိသော အဖြူရောင် ဘော လုံးဝိုင်းဝိုင်းလေးတစ်ခုသည် လွင့်ဝဲလာကာ သူ၏ဘေး၌ ညင်သာစွာ ပေါ်လာ ခဲ့လေသည်၊ ၎င်းမှာ ချိုးချိုးပင် ဖြစ်ပေသည်။

ဟုတ်ပေသည်၊ ပြီးခဲ့သည့်အကြိမ်က ချိုးချိုး အဆင့်တက်သွားပြီးကတည်းက ၎င်းတွင် ခြေထောက်နှစ်ချောင်း ထပ်မံထွက်ပေါ်လာခဲ့ပြီး ယခုအခါတွင် ပို၍ ပင် ချစ်စရာကောင်းနေခဲ့လေတော့သည်။

ကျိုးချန်ယဲ့သည် ချိုးချိုး၏ နူးညံ့သော ခန္ဓာကိုယ်လေးအား သူ၏ လက်ဖြင့် ပွတ်သပ်လိုက်ပြီး သူ၏အကြည့်များက အနက်ရောင်မြေဆီလွှာများပေါ်သို့ ကျရောက်သွားသောအခါ သူ၏ ရင်ထဲတွင် ငြိမ်းချမ်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့ လေသည်။

တစ်ချိန်က ဗလာကျင်းနေခဲ့သော နေရာလွတ်မှာ ယခုအခါ စနစ်တကျ ရှိနေခဲ့ ပြီဖြစ်လေ၏။

မြေအများစုတွင် ရာသီပေါ် ကောက်နှံများကို စိုက်ပျိုးထားလေသည်။ ရွှေ ရောင် ဂျုံနှံများမှာ ပြည့်ဖြိုးသော စပါးစေ့များဖြင့် ပြည့်နှက်နေပြီး စပါးပင် များမှာလည်း စိမ်းလန်းစိုပြေနေကာ ကန်စွန်းဥနွယ်များနှင့် အာလူးနွယ်များမှာ မြေပြင်အနှံ့ ဖြန့်ကြက်ပေါက်ရောက်နေသဖြင့် လေတိုက်ခတ်လိုက်သောအခါ စိမ်းလန်းသော လှိုင်းလုံးများကို အလွှာလိုက် ဖြစ်ပေါ်စေလျက်ရှိလေ၏။

ထောင့်ဘက်ရှိ မြေကွက်ငယ်လေးကိုမူ သီးခြား စီစဉ်ထားလေသည်။

ဆေးဘက်ဝင်အပင် အတန်းအချို့ကို သေသပ်စွာ စိုက်ပျိုးထားလေသည်၊ ပူစီ နံ၊ တရုတ်ဒေါန၊ ပျားရည်စုပ်ပန်း၊ မာလာဥ... ၎င်းတို့အားလုံးမှာ ကျေးလက် ဒေသတွင် အများအားဖြင့် တွေ့ရလေ့ရှိပြီး ရှာဖွေရလွယ်ကူသော အမျိုးအစား များဖြစ်ကာ ထင်ပေါ်လွန်းခြင်းမရှိသလို အရေးမပါခြင်းမျိုးလည်း မဟုတ်ဘဲ အရေးကြီးသော အချိန်များတွင် အသုံးဝင်နိုင်ပေသည်။

"ချိုးချိုးက အရမ်းတော်တာပဲ... ဆုအနေနဲ့ ဒီနေ့ ရေခဲမုန့်တစ်ခု စားခွင့်ပြု မယ်..."

သူက မျိုးစေ့အချို့ကို ဝယ်ကာ နေရာလွတ်ထဲသို့ ထည့်ပေးခဲ့ရုံသာဖြစ်ပြီး ချိုးချိုးက ၎င်းတို့အားလုံးကို ကိုယ်တိုင် စိုက်ပျိုးပေးခဲ့ခြင်းဖြစ်ရာ ကျိုးချန်ယဲ့ သည် ချိုးချိုးအပေါ် အသိအမှတ်ပြုသော စိတ်ခံစားမှုများ အပြည့်အဝ ပေး အပ်ခဲ့လေသည်။

ရေခဲမုန့်တစ်ခုတည်းသာ ဆုချရခြင်း၏ အကြောင်းရင်းမှာမူ ၎င်းသည် အစိုင် အခဲများကို စားသုံးနိုင်လာပြီးနောက် အခွင့်အရေးရတိုင်း ရေခဲသေတ္တာကို ကိုက်ခဲစားသောက်ရန် ပါးစပ်ဟထားတတ်ပြီး ထို့ကြောင့်ပင် အားနည်းသွား ကာ ရက်အတော်ကြာ အိပ်မောကျသွားခဲ့ဖူးသောကြောင့် ဖြစ်လေ၏။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် ၎င်းက အလုပ်ကို အလွန်ကောင်းမွန်စွာ လုပ် ဆောင်နိုင်ခဲ့သော်လည်း ကျိုးချန်ယဲ့သည် ရေခဲမုန့်တစ်ခုသာ ဆုချရန် ရဲတင်းခဲ့ ခြင်းဖြစ် လေသည်။

သူက သူ၏ လက်ချောင်းထိပ်ဖြင့် ၎င်း၏ ခေါင်းလေးကို ပုတ်ကာ ဩရှရှ အသံဖြင့် ပြောလိုက်လေသည်၊

"တစ်ခုတည်းပဲနော်... မင်း အဲ့ဒီထက်ပိုစားရဲရင် နောက်တစ်ခါ အနံ့တောင် ရှူ ခွင့်ရမှာ မဟုတ်တော့ဘူး..."

"ကြားပါပြီ..."

စကားပင် မဆုံးသေးမီ ချိုးချိုးသည် ကုန်တိုက်ကြီးထဲသို့ ပြေးဝင်သွားခဲ့ရာ ရေခဲမုန့် သွားရွေးချယ်ခြင်းသာဖြစ်ကြောင်း အသိသာကြီးပင် ဖြစ်လေတော့ သည်။

ထျန်ရှောင်ယာ၏ မိသားစုကို တွေးမိသွားသောအခါ သူ အိမ်ပြန်လျင် ယူသွား ရန်အတွက် လက်ဆောင်အချို့ကို ရွေးချယ်ရန် စီစဉ်လိုက်လေ၏။

ထျန်ရှောင်ယာသည် သူမ၏ မိသားစုတွင် အငယ်ဆုံး သမီးလေး ဖြစ်လေ သည်။

ဖခင်ဖြစ်သူ ထျန်တာဟိုင်နှင့် အမေထျန်တို့ ဖြစ်ကြသည်။ ဖခင်မှာ ကျေးရွာ ခေါင်းဆောင်ဖြစ်ပြီး ၎င်းတို့ ဇနီးမောင်နှံတွင် သားသုံးယောက်နှင့် သမီး တစ်ယောက် ရှိလေသည်။

အစ်ကိုအကြီးဆုံး ထျန်ချင်းမုသည် လျူရှာနှင့် လက်ထပ်ထားလေ၏။ သူ သည် အိမ်တွင် လုပ်အားရမှတ်များ ရရှိရန်အတွက် အလုပ်လုပ်ကိုင်ပြီး ၎င်းတို့ ဇနီးမောင်နှံတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက် ရှိ လေသည်။

သားအကြီးဆုံး ထျန်ရွှယ်ဝမ်၊ အမည်ပြောင် တာ့ဝါမှာ ယခုနှစ်တွင် အသက် ကိုးနှစ် ရှိပြီဖြစ်လေ၏။

သမီးအကြီးဆုံး ထျန်မုန်ယန်၊ အမည်ပြောင် ယန့်ဇီမှာ ယခုနှစ်တွင် အသက် ခုနစ်နှစ် ရှိပြီဖြစ်လေသည်။

သားအလတ် ထျန်ရွှယ်ဝူ၊ အမည်ပြောင် အာ့ဝါမှာ ယခုနှစ်တွင် အသက် ခြောက်နှစ် ရှိပြီဖြစ်ပေသည်။

ဒုတိယအစ်ကို ထျန်ချင်းလင်းသည် ကျောက်ရှောက်ထင်နှင့် လက်ထပ်ထား လေ၏။ သူသည် ရွာ၏ မှတ်တမ်းထိန်းသိမ်းသူ ဖြစ်လေသည်။ ၎င်းတို့ ဇနီး မောင်နှံတွင် ထျန်ရွှယ်ကျွင်း၊ အမည်ပြောင် ဆန်းဝါ ဟုခေါ်သော သားတစ် ယောက်ရှိပြီး ယခုနှစ်တွင် အသက် ငါးနှစ် ရှိပြီဖြစ်ပေသည်။

တတိယအစ်ကို ထျန်အော်မိုရီသည် ဝမ်ကျင်းရိနှင့် လက်ထပ်ထားလေ၏။ သူ သည် မြို့ပေါ်ရှိ ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမဆိုင်တွင် စာရင်းကိုင် အဖြစ် အလုပ်လုပ်ကိုင်ပြီး သူ၏ဇနီးမှာ မြို့ပေါ်ရှိ မူလတန်းပြဆရာမတစ်ဦး ဖြစ်လေသည်။ ၎င်းတို့တွင် ထျန်မုန်ထင်၊ အမည်ပြောင် ထင်ထင် ဟုခေါ်သော သမီးတစ်ယောက်ရှိပြီး ယခုနှစ်တွင်မှ အသက် သုံးနှစ်သာ ရှိသေးလေသည်။

ကျိုးချန်ယဲ့သည် ကုန်တိုက်ကြီး၏ မြေအောက် ဒုတိယထပ်သို့ သွားရောက် ကာ သူ၏ သိုလှောင်ထားမှုထဲမှ အရည်အသွေးမြင့် ဆေးရွက်ကြီး ကီလိုဂရမ် အနည်းငယ်နှင့် မော်ထိုင် အရက် နှစ်ပုလင်းတို့ကို ရွေးချယ်လိုက်ပြီး သူ၏ဇနီး ဘက်မှ မိသားစုရှိ အမျိုးသားများ၏ ဖိနပ်ဆိုဒ်အတိုင်း စစ်စိမ်းရောင် လွတ် မြောက်ရေးဖိနပ် လေးရံကိုလည်း ယူဆောင်လိုက်လေသည်။

အထည်အလိပ် ဌာနသို့ ရောက်သောအခါ သူသည် မိသားစုရှိ အမျိုးသမီးများ အတွက် လက်ရှိ ခေတ်အမီဆုံး အထည်စအချို့ကို ရွေးချယ်လိုက်လေသည်၊ ရေတပ်ပြာရောင် ကာကီစ၊ နီညိုရောင် ကတ္တီပါစနှင့် ပန်းပွင့်လေးများ ရိုက်နှိပ် ထားသော ပျော့ပျောင်း၍ လေဝင်လေထွက်ကောင်းသည့် ပိုးချည်သား နှစ်စ တို့ ဖြစ်ပေသည်။

လူတစ်ဦးလျှင် အထည်တစ်စစီ ရရှိမည်ဖြစ်ပြီး အဝတ်အစားသစ်များ ချုပ် လုပ်ရန် ၎င်းတို့ဘာသာ ဖြတ်တောက်နိုင်မည် ဖြစ်လေ၏။

အထည်များကို ရွေးချယ်ပြီးနောက် သူသည် ကလမ်အဆီ အနည်းငယ်နှင့် မျက်နှာလိမ်းခရင်မ် အချို့ကိုပါ ယူဆောင်လိုက်ရာ ၎င်းတို့အားလုံးမှာ ယခင် ကတည်းက သိုလှောင်ထားခဲ့ခြင်းဖြစ်ပြီး ယခု ထောက်ပံ့ရေးနှင့် အရောင်း သမဝါယမဆိုင်တွင် ရောင်းချနေသည်များနှင့် အတူတူပင် ဖြစ်လေသည်။

အထက်ဖော်ပြပါ ပစ္စည်းများအပြင် သူသည် သူ၏ဇနီးအတွက် ခေတ်မီသော ဂါဝန်နှစ်ထည်ကိုလည်း ရွေးချယ်လိုက်လေ၏။

တစ်ထည်မှာ ဒေစီပန်းများ ရိုက်နှိပ်ထားသော အပြာနုရောင် ဂါဝန်ဖြစ်လေ သည်။ ခါးနေရာကို ကျုံ့ထားရန် ဒီဇိုင်းထုတ်ထားသဖြင့် သွယ်လျသော ခါး လေးကို အပြည့်အဝ ပေါ်လွင်စေမည် ဖြစ်၏။ စကတ်ပိုင်းတွင် သဘာဝအ လျောက် အတွန့်များ ပါရှိပြီး လေတိုက်လျှင် သေချာပေါက် တလူလူ လွင့်ခတ် နေမည် ဖြစ်ပေသည်။

အခြားတစ်ထည်မှာ အဝါနုရောင်ဖြစ်ပြီး ပီတာပန် ကော်လာနှင့် လက်မောင်း ကို ကွက်တိ ဖုံးအုပ်ထားသော ပူဖောင်းလက်အင်္ကျီပုံစံ ဖြစ်ကာ ဝတ်ဆင်သူ အား နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို ပေးစွမ်းနိုင်လေသည်။

သူသည် ဖိနပ်စင်ဆီသို့ လျှောက်သွားကာ ခဏမျှ တွေဝေသွားပြီးနောက် လေး ထောင့်ပုံ ထိပ်ဦးပါရှိသော ဒေါက်မြင့်သားရေဖိနပ်တစ်ရံကို ရွေးချယ်လိုက် လေ၏။

အနက်ရောင် သားရေကို တောက်ပနေအောင် ပွတ်တိုက်ထားပြီး ဒေါက်မှာ လည်း သိပ်မမြင့်သဖြင့် စတိုင်လည်းကျသလို သက်သောင့်သက်သာလည်း ရှိစေမည် ဖြစ်သည်။ သူ၏ ဇနီး ဝတ်ဆင်လိုက်ပါက အလွန် လှပနေမည်ဟု သူ တွေးလိုက်လေသည်။

ထို့နောက် ကျိုးချန်ယဲ့သည် ပထမထပ်ရှိ နေ့စဉ်သုံးပစ္စည်း ဌာနသို့ သွားရောက် ခဲ့လေ၏။

သူသည် လက်ဝတ်ရတနာ ကောင်တာရှေ့တွင် အချိန်အတော်ကြာ လှည့်ပတ် ကြည့်ရှုနေပြီးနောက် နောက်ဆုံးတွင် တောက်ပသော အရောင်အသွေးရှိသည့် ဆံထုံးအသုံးအဆောင် အနည်းငယ်ကို ရွေးချယ်လိုက်လေသည်၊ အနီရောင် ဖဲကြိုးလေးတစ်ခု၊ ပန်းရောင် ပလတ်စတစ်ပန်းပွင့်လေးများနှင့် ပုတီးစေ့ငယ် လေးများဖြင့် အလှဆင်ထားသော ခေါင်းစည်းကြိုးများ ဖြစ်ပေသည်။

၎င်းတို့အားလုံးမှာ မိန်းကလေးငယ်များ သဘောကျမည့် ပုံစံများဖြစ်ပြီး အိမ်ရှိ သူ၏ တူမလေး နှစ်ယောက် ဤအရာများကို မြင်တွေ့ပါက အလွန် ဝမ်းသာ သွားလိမ့်မည်ဟု သူ တွေးလိုက်လေသည်။

ရွေးချယ်ပြီးနောက် သူသည် ဓာတ်လှေကားဖြင့် တတိယထပ်ရှိ အရုပ်ဌာနသို့ တက်သွားခဲ့လေ၏။

သူ၏ အကြည့်များက စင်ပေါ်သို့ ဝေ့ဝဲသွားပြီး သံဖြူ ဖားရုပ် အနည်းငယ်ကို ကောက်ယူလိုက်လေသည်။ စပရင်ကို ညင်သာစွာ လှည့်လိုက်သည်နှင့် ဖား လေးများက ခုန်ပေါက်နေမည်ဖြစ်ရာ ကလေးများ အလွန်သဘောကျသော ပုံစံပင် ဖြစ်လေသည်။

ကိုယ်ထည်ချောမွေ့ပြီး ရထားလမ်းများဖြင့် ဆက်သွယ်နိုင်သော သစ်သား ရထားအရုပ် အချို့ကိုလည်း ရွေးချယ်လိုက်ရာ မိသားစုရှိ ယောက်ျားလေး တိုင်းအတွက် တစ်ခုစီ အလုံအလောက်ပင် ဖြစ်လေ၏။

ကလေးဖိနပ် ဌာနသို့ ဝင်ရောက်သွားပြီးနောက် ကလေးများ၏ ဖိနပ်ဆိုဒ်များ ကို မှတ်မိသလောက် အသုံးပြု၍ လေဝင်လေထွက်ကောင်းသော ပလတ် စတစ် ခြေညှပ်ဖိနပ် အချို့ကို သူ ရွေးချယ်လိုက်လေသည်။

ဖိနပ်အောက်ခံများမှာ နူးညံ့ပြီး ချော်မလဲစေရန် ပုံစံဖော်ထားသဖြင့် နွေရာသီ တွင် ကလေးများ ပြေးလွှားခုန်ပေါက်ရန်အတွက် အထူးပင်သင့်လျော်လှပေ သည်။

ကျိုးချန်ယဲ့သည် လက်ဆောင်အားလုံးကို ထုပ်ပိုးလိုက်ပြီး ရထားပေါ်မှဆင်း ကာ ကျေးလက်ဒေသသို့ ရောက်ရှိချိန်မှသာ သူ၏ သိုလှောင်ရာ နေရာလွတ် ထဲ မှ ထုတ်ယူရန် စီစဉ်ထားလိုက်လေတော့သည်။

All Chapters