← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) ပီကင်းမှ စာတစ်စောင်

ကျိုးချန်ယဲ့သည် သူ၏ လက်ကိုမြှောက်ကာ လက်ကောက်ဝတ်ရှိ နာရီကို ကြည့်လိုက်ရာ လက်တံများမှာ နှစ်နာရီကျော်ပင် ရွေ့လျားသွားခဲ့ပြီ ဖြစ်လေ ၏။

သူသည် အလုပ်များနေသဖြင့် သတိမထားမိခဲ့သော်လည်း ယခုအခါတွင်မူ အနည်းငယ် ဆာလောင်နေပြီဖြစ်ကြောင်း ခံစားလိုက်ရပေသည်။

သူသည် လှည့်ကာ ကုန်တိုက်ကြီး၏ မြေအောက်ထပ်ဆီသို့ လျှောက်သွား လိုက်လေသည်။ ကြီးမားသော စူပါမားကတ်ကြီးတစ်ခုအပြင် မြေအောက် ထပ်တွင် သရေစာဆိုင်များဖြင့် ပြည့်နှက်နေခဲ့လေ၏။

ကျိုးချန်ယဲ့သည် "ဇိုင်းလိုင် အိုဒန်" ဟုခေါ်သော ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင် ရောက်သွားခဲ့လေသည်။

ဆိုင်ကောင်တာ၏ အနောက်ဘက်ရှိ သံဒယ်အိုးတစ်လုံးထဲတွင်မူ အရသာ ရှိသော ဟင်းရည်များ ဆူပွက်နေခဲ့လေ၏။ မုန်လာဥဖြူများ၊ ရေညှိထုံးများ၊ ငါးဖယ်လုံးများ၊ ပုစွန်လုံးများ၊ ဂဏန်းချောင်းများနှင့် ဂဏန်းကင်ချောင်းများ သည် ဟင်းရည်ထဲတွင် လိမ့်ဆင်းကာ ကျက်လုနီးပါး ဖြစ်နေခဲ့ပေသည်။

နွေးထွေး၍ မွှေးကြိုင်သော ရနံ့များသည် ရေနွေးငွေ့များနှင့်အတူ လွင့်ပျံလာ ခဲ့ရာ ကျိုးချန်ယဲ့၏ ဗိုက်ကို ပို၍ပင် ဆာလောင်လာစေခဲ့လေသည်။

သူသည် အစားအသောက် ကောင်တာဆီသို့ အလျင်အမြန် သွားကာ သန့်ရှင်း သော စက္ကူခွက်တစ်ခုကို ကောက်ကိုင်လိုက်ပြီး သူနှစ်သက်သော အစားအစာ များကို လက်ချောင်းထိပ်များဖြင့် ကျွမ်းကျင်စွာ ရွေးချယ်လိုက်လေ၏။ ထို့ နောက် သူသည် အနောက်ဘက်ရှိ ထိုင်ခုံတစ်ခုကို ရှာဖွေကာ အားရပါးရ စား သောက်လိုက်လေတော့သည်။

အရသာရှိသော အစားအစာများကို စားသုံးပြီးနောက် ကျိုးချန်ယဲ့သည် နေရာ လွတ်ထဲမှ ပျောက်ကွယ်သွားခဲ့လေ၏။

အဆောင်မှာ မှောင်မိုက်နေခဲ့ပြီး ပြတင်းပေါက် အပြင်ဘက်ရှိ ပိုးကောင်များ၏ အသံများပင် ကျဲပါးနေခဲ့ပြီဖြစ်ရာ ညဉ့်နက်နေပြီဖြစ်ကြောင်း သိသာလှပေ သည်။

နောက်နေ့နံနက်စောစောတွင် ရထားစီးရမည်ကို သတိရသွားသောအခါ သူ သည် အချိန်မဆွဲရဲတော့ချေ။ ပြတင်းပေါက်မှ ဝင်ရောက်လာသော မှိန်ပျပျ လရောင်ကို အသုံးပြု၍ အလျင်အမြန် မျက်နှာသစ်ကာ ခုတင်ဘေးရှိ ခရီး ဆောင်အိတ်ကို စစ်ဆေးပြီးနောက် အနားယူရန် လှဲလျောင်းလိုက်လေတော့ သည်။

အိပ်မပျော်မီ အချိန်အထိ သူသည် ထိုကိစ္စကို တွေးတောနေဆဲ ဖြစ်လေ၏။

သူ ကူးပြောင်းဝင်စားလာပြီး နောက်တစ်နေ့တွင် သူသည် အလျင်စလို စာ တစ်စောင်ရေးကာ အိမ်သို့ ပို့ခဲ့လေသည်။

ယခုဆိုလျှင် ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်လေ၏။ သူ၏ဇနီးသည် စာကို လက်ခံရရှိပြီလား မသိပေ။ သူမက ထိုစာကို ကိုင်ထားလျက် သူ အိမ်ပြန်လာ မည့်အချိန်ကို မျှော်လင့်နေမည်လားဟု သူ တွေးမိနေလေသည်။

ဤအတွေးများ ရင်ထဲတွင် စွဲထင်နေလျက် ကျိုးချန်ယဲ့သည် ညင်သာစွာ သက် ပြင်းချလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ နောက်ဆုံးတွင် အိပ်မောကျသွားခဲ့လေ တော့သည်။

"ကလင် ကလင်..."

ကျေးလက် မြေသားလမ်းပေါ်တွင် စက်ဘီးခေါင်းလောင်းသံ အကြည်လေး ထွက်ပေါ်လာခဲ့ပြီး (၂၈) လက်မအရွယ် စက်ဘီးကြီးတစ်စီးကို စီးနင်းလာသော လူငယ်တစ်ဦးသည် ခါးကိုကိုင်းလျက် လမ်းပေါ်ရှိ ကျောက်စရစ်ခဲများနှင့် ချိုင့်ခွက်များကို ဂရုတစိုက် ရှောင်ကွင်းစီးနင်းလာခဲ့လေ၏။

မြေသားလမ်းပေါ်တွင် မကြာမီကမှ မိုးဖွဲဖွဲ ရွာသွန်းထားသဖြင့် ပျော့ပျောင်း၍ စိုစွတ်နေသော ရွှံ့လမ်းကြောင်းအချို့ ကျန်ရစ်နေခဲ့ပေသည်။ ဘီးများ လိမ့် ဖြတ်သွားသောအခါ ရွှံ့စက်ကလေးများ ရံဖန်ရံခါ လွင့်စင်လာခဲ့လေသည်။

ထိုလူငယ်သည် စက်ဘီးကို နင်းလာခဲ့ပြီး ခေါင်းလောင်းသံမှာ လမ်းတစ် လျှောက်လုံး ကလင်ကလင် မြည်ဟည်းနေလျက် ထျန်ရှောင်ယာ၏ အိမ်ဆီသို့ ဖြည်းညင်းစွာ ဦးတည်သွားနေခဲ့လေသည်။

စက်ဘီးသည် ထျန်မိသားစု၏ ခြံဝင်းနှင့် နီးကပ်လာသောအခါ စာလာပို့လေ့ ရှိသော စာပို့သမားဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေ၏။

ရင်းနှီးနေသော ရေတပ်ပြာရောင် ဝတ်စုံနှင့်အတူ စက်ဘီးနောက်ခုံတွင်မူ ဖောင်းကားနေသော အစိမ်းရောင် စာပို့အိတ်ကြီးတစ်ခုကို ချည်နှောင်ထား လေသည်။

မကြာမီမှာပင် စက်ဘီးသည် ထျန်ရှောင်ယာ၏ အိမ်ရှေ့တွင် ရပ်တန့်သွားခဲ့ လေ၏။

"အိမ်မှာ လူရှိလား..."

သူက ထျန်ရှောင်ယာ၏ သစ်သားတံခါးကို ခေါက်ရန် လက်ကိုမြှောက်ကာ မေးလိုက်လေသည်။

ထျန်ရှောင်ယာသည် ခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်များ ခူးဆွတ်နေစဉ် ထိုအသံကို ကြားလိုက်ရလေသည်။ သူမက လက်များကို အလျင်အမြန် သုတ်လိုက်ပြီး တံခါးဖွင့်ရန် ပြေးသွားခဲ့လေသည်။

"ရဲဘော်ထျန်... ခင်ဗျားအတွက် ပီကင်းကနေ ပို့လိုက်တဲ့ စာတစ်စောင် ရှိ တယ်... ရော့ ဒီမှာ..."

သူက လက်လှမ်းကာ အိတ်ကိုဖွင့်၍ သက်ဆိုင်ရာ စာကို ရှာဖွေပြီးနောက် ထျန်ရှောင်ယာထံသို့ ကမ်းပေးလိုက်လေ၏။

စာအိတ်ကို လှမ်းယူလိုက်ချိန်တွင် သူမ၏ လက်ချောင်းထိပ်များသည် မာ ကျောသော စက္ကူကို ဦးစွာ ထိတွေ့မိသွားခဲ့လေသည်။ သူမ၏ အကြည့်များက ပေးပို့သူ၏ အမည်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ကျိုးချန်ယဲ့ ဟူသော စာလုံး သုံးလုံးကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် စာအိတ်ကို ကိုင်ထား သော သူမ၏လက်မှာ ရုတ်တရက် အနည်းငယ် တုန်ယင်သွားခဲ့ပေသည်။

"ဘာပြဿနာမှ မရှိဘူးဆိုရင် ဒီနေရာမှာ လက်မှတ်ထိုးပေးပါဦး..."

စာပို့သမားက မှတ်တမ်းစာအုပ်ကို ထုတ်ယူကာ ထျန်ရှောင်ယာအား အတည် ပြု၍ လက်မှတ်ထိုးခိုင်းလိုက်လေသည်။

ထျန်ရှောင်ယာ၏ အကြည့်များမှာ စာအိတ်ပေါ်ရှိ ပေးပို့သူ၏ နေရာတွင်သာ စူးစိုက်နေဆဲဖြစ်ပြီး သူမ၏ လက်ချောင်းများက ဘောပင်ကို ဆုပ်ကိုင်ထား သော်လည်း အနည်းငယ် အင်အားမဲ့နေသကဲ့သို့ ခံစားနေရပေသည်။

နောက်ဆုံးတွင်မူ စက်ရုပ်တစ်ရုပ်အလား စာပို့သမား ကမ်းပေးလာသော မှတ် တမ်းစာအုပ်ပေါ်တွင် သူမ၏ အမည်ကို ကောက်ကွေးစွာ လက်မှတ်ရေးထိုး လိုက်လေတော့သည်။

စာပို့သမား ထွက်သွားပြီးနောက်မှသာ သူမသည် သတိဝင်လာပုံရလေ၏။

စာအိတ်ကို ဆုပ်ကိုင်ထားသော လက်ချောင်းများမှာ အလွန်တင်းကျပ်လွန်း သဖြင့် လက်ဆစ်များပင် ဖြူဆွတ်နေခဲ့ပေသည်။

ထိုပါးလွှာလှသော စာတစ်စောင်သည် သူမ၏ လက်ထဲတွင် အလွန်တရာ လေးလံနေသကဲ့သို့ ခံစားရပြီး သူမ၏ အသက်ရှူနှုန်းကိုပင် ပို၍ နှေးကွေး သွားစေခဲ့လေသည်။

သူမ၏ လက်ချောင်းထိပ်များက စာအိတ်ပေါ်ရှိ ရင်းနှီးနေသော လက်ရေးကို သတိမမူမိဘဲ ပွတ်သပ်နေမိပြီး သူမ၏ နှလုံးသားမှာ တစ်စုံတစ်ခုနှင့် ရိုက်ခတ် ခံလိုက်ရသကဲ့သို့ အဆက်မပြတ် ခုန်ပေါက်နေခဲ့လေတော့သည်။

"ရှောင်ယာ... ခုနက ဘယ်သူ လာသွားတာလဲ..."

မိခင်ဖြစ်သူသည် ကြက်စာကျွေးနေစဉ် ခြံဝတံခါးမှ အသံကို ကြားလိုက်ရခြင်း ဖြစ်လေ၏။ သူမက ဇလုံကိုပင် အောက်မချနိုင်ဘဲ အလျင်စလို ပြေးထွက်လာ ခဲ့ခြင်းဖြစ်လေသည်။

သူမ၏ အကြည့်များက တံခါးဝတွင် မှင်သက်စွာ ရပ်နေသော ထျန်ရှောင်ယာ ပေါ်သို့ ကျရောက်သွားခဲ့လေသည်။ သူမ၏ ရင်ထဲတွင် တင်းကျပ်သွားခဲ့ပြီး ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ သမီးဖြစ်သူထံသို့ လျှောက်သွား လိုက်လေသည်။

သူမက လက်လှမ်းကာ သမီးဖြစ်သူ၏ လက်မောင်းကို ကိုင်လိုက်ပြီး စိုးရိမ် တကြီး တုန်ယင်နေသော အသံဖြင့် မေးလိုက်လေသည်၊

"ဘာဖြစ်လို့လဲ... နင့်မျက်နှာက သွေးဆုတ်နေတာပဲ... နေမကောင်းလို့လား..."

ထျန်ရှောင်ယာသည် မိခင်ဖြစ်သူ၏ အသံကြောင့် လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိလာခဲ့လေ၏။

သူမက စာအိတ်ကို သူမ၏ ကျောဘက်တွင် ဖွက်ထားလိုက်ပြီး လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့လေသည်။ အချိန်အတော်ကြာပြီးမှသာ သူမက အားယူ၍ ပြောလိုက်လေသည်၊

"မ... မဟုတ်ပါဘူး အမေ... စာပို့သမား လာတာပါ... စာလာပို့တာ..."

"စာ... ဘယ်သူ ပို့တာလဲ..."

အမေထျန်၏ အသံမှာ ရုတ်တရက် မြင့်တက်သွားပြီး သူမ၏ အကြည့်များက ကျောဘက်တွင် ဖွက်ထားသော သမီးဖြစ်သူ၏ လက်ကို စိုက်ကြည့်နေခဲ့လေ သည်။

"အာ... အာယဲ့ပါ..."

ထျန်ရှောင်ယာက နှုတ်ခမ်းကို ကိုက်ထားပြီး သူမ၏ အသံမှာ ခြင်တစ်ကောင် အော်သံကဲ့သို့ တိုးညင်းနေသော်လည်း စကားလုံးတိုင်းမှာမူ ရှင်းလင်းနေခဲ့ပေ သည်။

"ဘယ်သူ... အာယဲ့..."

မိခင်ဖြစ်သူမှာ သေချာစွာ မကြားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး နောက်ထပ် မေးခွန်း တစ်ခု ထပ်မေးလိုက်လေသည်။

အခြေအနေကို နားလည်သွားသောအခါ သူမ၏ နှလုံးခုန်သံမှာ တစ်ချက် ရပ် တန့်သွားခဲ့ပြီး လက်ထဲရှိ ကြက်စာဇလုံကိုပင် ပြုတ်ကျလုမတတ် ဖြစ်သွား ကာ အောက်ခြေမှ ကြက်စာအချို့ပင် ဖိတ်စင်သွားခဲ့လေသည်။

သူမက ဘယ်လိုလုပ် မထိတ်လန့်ဘဲ နေနိုင်မည်နည်း။ ကျိုးချန်ယဲ့ မြို့သို့ ပြန် သွားခဲ့သည်မှာ နှစ်ဝက်ကျော်ပင် ရှိနေခဲ့ပြီ ဖြစ်လေ၏။ ပထမ လအနည်းငယ် အတွင်းက သူသည် စာတိုနှစ်စောင် ပို့ခဲ့သော်လည်း ထို့နောက်တွင်မူ သူ၏ သတင်းအစအနမျှပင် ကြားရခြင်းမရှိတော့ချေ။

ရွာထဲရှိ အတင်းအဖျင်း ပြောတတ်သော အဘွားကြီးများသည် တစ်နေကုန် စကားပြောနေတတ်ကြပြီး ကျိုးချန်ယဲ့မှာ မြို့ကလူဖြစ်သဖြင့် ရှောင်ယာကို ကျေးလက်သူမို့ မနှစ်မြို့တော့ကြောင်း၊ သူသည် မြို့ပေါ်တွင် အခြားသူ တစ် ယောက်ကို ရှာတွေ့သွားပြီး ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ကြောင်း စသဖြင့် ပြောဆိုနေခဲ့ကြလေသည်။

သူမသည် ဤကိစ္စနှင့် ပတ်သက်၍ ထိုအဘွားကြီးများနှင့် အကြိမ်ကြိမ် စကား များခဲ့ရကာ ၎င်းတို့ကို ဆဲရေးတိုင်းထွာရုံသာမက အကြိမ်အနည်းငယ်မျှ ရိုက် နှက်သည်အထိပင် ဖြစ်ခဲ့ဖူးလေသည်။

သို့ရာတွင် တံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် မိသားစုထဲမှ မည်သူက မျှ ယုံကြည်မှု မရှိကြတော့ချေ။

နေ့ရက်များ ကုန်လွန်သွားသော်လည်း စာတစ်စောင်မျှပင် ပြန်မလာခဲ့သလို နှုတ်စကားပင် မကြားရသဖြင့် အဆိုးဆုံးကို မတွေးဘဲ နေရန် မဖြစ်နိုင်တော့ ပေ။

ဖခင်ကြီးကလည်း တိတ်တဆိတ် သက်ပြင်းချကာ သူ့ကို မြို့သို့ပြန်လွှတ် လိုက်ရန် စိတ်မပျော့ခဲ့သင့်ကြောင်း ပြောဆိုခဲ့လေ၏။ အကယ်၍ သူက သူ့ကို သေချာစွာ စောင့်ကြည့်ထားခဲ့ပါက ယခုလို အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ဟုလည်း ဆိုလေသည်။

သူမမှာ စိတ်ဒဏ်ရာရကာ အစွန်းရောက်သည့် လုပ်ရပ်တစ်ခုခုကို လုပ်မိမည် ကို စိုးရိမ်သဖြင့် မိသားစုတစ်စုလုံးက ရှောင်ယာကို ဂရုတစိုက်ထားခဲ့ကြပြီး ကျိုးချန်ယဲ့၏ နာမည်ကိုပင် မပြောရဲကြချေ။

ကျိုးချန်ယဲ့ စာတစ်စောင် ပို့လိုက်ကြောင်း ရုတ်တရက် ကြားလိုက်ရသော အခါ အမေထျန်မှာ အံ့သြဝမ်းသာ ဖြစ်သွားခဲ့လေသည်။

လွန်ခဲ့သည့် ခြောက်လအတွင်း သူမ၏ ရင်ထဲတွင် ဖိစီးနေခဲ့သော ဝန်ထုပ် ဝန် ပိုးကြီးမှာ အနည်းငယ် လျော့ကျသွားခဲ့သော်လည်း သူမ၏ စိုးရိမ်ပူပန်မှုကို တော့ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

*ဒီစာထဲမှာ အတိအကျ ဘာတွေ ရေးထားတာလဲ…*

*မဖြစ်ဘူး... အဘိုးကြီးနဲ့ အခြားသူတွေကို ချက်ချင်း ပြန်ခေါ်ရမယ်...*

"ရှောင်ယာ... လာ အမေ တွဲပေးမယ်... အထဲကို အရင်သွားကြရအောင်..."

အမေထျန်က ထျန်ရှောင်ယာ၏ လက်မောင်းကို ဂရုတစိုက် ဆွဲကိုင်လိုက် လေသည်၊ မည်သို့ပင်ဆိုစေကာမူ သူမ၏ သမီးမှာ ကိုယ်ဝန်ရှိနေသဖြင့် ဟန် ချက်ပျက်ကာ ထပ်၍ ချော်လဲသွားမည်ကို စိုးရိမ်သောကြောင့် အဓိကအခန်း ဆီသို့ လျှောက်သွားရန် ဖြည်းညင်းစွာ ကူညီတွဲခေါ်သွားခဲ့လေသည်။

သူမသည် ခြေနှစ်လှမ်းမျှသာ လှမ်းရသေးချိန်တွင် ရုတ်တရက် လှည့်ကာ အရှေ့ဘက် တောင်ပံအခန်းဆီသို့ အသံကုန် ဟစ်အော်လိုက်လေသည်၊

"ဆန်းဝါ... ဆန်းဝါ... အခုချက်ချင်း ထွက်လာခဲ့စမ်း..."

နေ့လယ်ဘက်တွင် အခြားသူများအားလုံး အလုပ်သွားကြသဖြင့် သူမနှင့် သမီး အငယ်ဆုံးတို့သာ အိမ်တွင် ဟင်းချက်ရန်၊ အိမ်မှုကိစ္စများ လုပ်ရန်နှင့် ဆန်းဝါ ကို စောင့်ကြည့်ရန် ကျန်ရစ်ခဲ့ကြလေသည်။

မိသားစုထဲရှိ အသက်ကြီးသော ကလေးများသည် ဝက်စာရှာရန်အတွက် နံနက်စောစောကတည်းက ခြင်းတောင်းကိုယ်စီဖြင့် ထွက်သွားခဲ့ကြလေ၏။

ဝက်စာ နှစ်တောင်းရလျှင် လုပ်အားရမှတ် တစ်မှတ်ရမည်ဟု တပ်ဖွဲ့က သတ် မှတ်ထားလေသည်။

ကလေးများမှာ သွက်လက်ကြသဖြင့် နေ့စဉ် လုပ်အားရမှတ် တစ်မှတ် သို့ မဟုတ် နှစ်မှတ်ခန့် ရရှိနိုင်ကြရာ ၎င်းတို့၏ မိသားစုအတွက် ဝင်ငွေ အချို့ကို လည်း အထောက်အကူ ဖြစ်စေပေသည်။

"အဖွား..."

ဆန်းဝါက အရှေ့ဘက် တောင်ပံအခန်းထဲမှ ပြေးထွက်လာခဲ့လေသည်။

"ဘာဖြစ်လို့လဲ အဖွား..."

"လယ်ကွင်းထဲသွားပြီး နင့်အဘိုးနဲ့ အခြားသူတွေကို ပြန်ခေါ်ခဲ့... အရေးကြီး ကိစ္စ ရှိတယ်လို့..."

အမေထျန်က ခိုင်းလိုက်လေသည်။

"ဟုတ်ကဲ့ အဖွား..."

သူမ စကားပင် မဆုံးသေးမီ ဆန်းဝါသည် ခြံဝင်းထဲမှ ပြေးထွက်သွားခဲ့လေ တော့သည်။

အမေထျန်က နောက်တစ်ဖန် ပြန်လှည့်လာကာ ထျန်ရှောင်ယာ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ချော့မော့လိုက်လေသည်၊

"မလန့်ပါနဲ့... အထဲသွားပြီး ထိုင်ရအောင်... ပြီးမှ စာကို ဖြည်းဖြည်းချင်း ဖွင့် ဖတ်ကြတာပေါ့..."

All Chapters