← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) လက်ဆောင်များ ဝေငှခြင်း

နောက်ဆုံးတွင် အဖေထျန်သည် လက်မြှောက်ကာ ညင်သာစွာ ချောင်းဟန့် လိုက်ပြီး သူ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ သူ၏လေသံတွင် အကူအညီမဲ့မှုနှင့် ရောယှက်နေသော အပြစ်တင်မှု အနည်းငယ် ပါဝင်နေခဲ့ လေသည်...။

"ကျိုးချန်ယဲ့... ဒါတွေက... အရမ်းကို ဖြုန်းတီးရာကျလွန်းတယ်..."

"အဖေ... ကျွန်တော် ပြီးခဲ့တဲ့ ခြောက်လလုံးလုံး ပီကင်းမှာ ကျောင်းတက်နေခဲ့ ရလို့ ရှောင်ယာ့ကို ဂရုမစိုက်နိုင်ခဲ့ပါဘူး... သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ အဖေ့ကိုပဲ အားကိုးခဲ့ရတာပါ... အဖေတို့ရှိနေလို့သာ ကျွန်တော့် ကျောင်းစာကို အာရုံစိုက်နိုင်ခဲ့တာပါ..."

ကျိုးချန်ယဲ့သည် အဝတ်အိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ၏ လေသံတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေသော်လည်း အပြစ်ရှိသကဲ့သို့ ခံစားရမှု အနည်းငယ်လည်း ရောယှက်နေခဲ့ပေသည်။

"ကျွန်တော် ကျေးလက်ကို စေလွှတ်ခံရတဲ့ အချိန်တွေတုန်းက အားလုံးကို ဒုက္ခပေးခဲ့မိပါတယ်... ဒါကြောင့် ကျွန်တော့်ရဲ့ သားသမီးဝတ္တရားအနေနဲ့ ဒီလက်ဆောင်လေးတွေကို လက်ခံပေးပါခင်ဗျာ..."

"အဖေ... သူက ပေးမှတော့ ကျွန်တော်တို့ ယူလိုက်ရုံပေါ့..."

ဒုတိယအစ်ကို ထျန်ချင်းလင်းက ကျိုးချန်ယဲ့အား မျက်စောင်းထိုးကြည့်ကာ ပြောလိုက်လေသည်။

"ဟန်ဆောင်ကောင်းတဲ့ကောင်... လက်ဆောင်နည်းနည်းပါးပါး ယူလာရုံနဲ့ အရင်က ဖြစ်ခဲ့တာတွေ အားလုံး ဖျက်ပစ်လို့ရမယ် ထင်နေလား... ငါ့ညီမ အပေါ် နာကျင်အောင်လုပ်ခဲ့တာတွေကို ပြန်ပေးဆပ်နိုင်မယ် ထင်နေလား..."

"အာ့... နာတယ်..."

ဒုတိယအစ်ကိုက ခွေးခြေခုံပေါ်မှ ခုန်ထလာပြီး ညည်းညူလိုက်လေသည်...။

"မိန်းမ... မင်းက ဘာလို့ ငါ့ကို ထပ်ပြီးဆွဲလိမ်ရတာလဲ..."

ဒုတိယမရီး ကျောက်ရှောက်ထင်၏ မျက်နှာမှာ ချက်ချင်းဆိုသလို နီရဲသွားခဲ့ ပြီး ရှက်ရွံ့ကာ ဒေါသထွက်စွာဖြင့် သူ့အား မျက်စောင်းထိုးကြည့်လိုက်လေ သည်...။

"ထိုင်စမ်း..."

"ဟီးဟီး... ဒုတိယဦးလေးက အရမ်းရယ်ရတာပဲ..."

မိသားစုထဲတွင် အငယ်ဆုံးဖြစ်သော ရှောင်မုန်ထင်က ပါးစပ်ကိုအုပ်ကာ တ ခစ်ခစ် ရယ်မောလိုက်ရာ သူမ၏ မျက်ခုံးလေးများမှာ လခြမ်းကွေးလေးများ အလား ကွေးညွတ်သွားခဲ့လေ၏။

အခြား ကလေးများကလည်း ၎င်းတို့၏ ပါးစပ်များကို လက်ဖြင့် တင်းကျပ်စွာ အုပ်ထားကြပြီး ပခုံးများ တုန်ယင်နေကာ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် မျက်နှာများပင် နီရဲနေကြလေတော့သည်။

သို့ရာတွင် အသံထွက်၍ မရယ်ရဲကြဘဲ ဒုတိယအစ်ကိုနှင့် ဒုတိယမရီးတို့အား ခိုးကြည့်နေကြလေ၏။

တတိယအစ်ကိုက တာ့ဝါဘက်သို့ လှည့်ကာ ပြောလိုက်လေသည်...။

"တာ့ဝါ... မင်းရဲ့ ညီလေး ညီမလေးတွေကို ခေါ်ပြီး အရှေ့ဘက် တောင်ပံ အခန်းကို သွားဆော့ကြ..."

"ဟုတ်ကဲ့ တတိယဦးလေး..."

တာ့ဝါက သွက်လက်စွာ တုံ့ပြန်လိုက်ပြီး လှည့်ကာ သူ၏အနောက်ရှိ ညီငယ် ညီမငယ်များအား လက်ယမ်းပြလိုက်လေသည်...။

"လာ... အစ်ကို နင်တို့ကို အရှေ့ဘက် တောင်ပံအခန်းမှာ သွားကစားဖို့ ခေါ် သွားမယ်..."

သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကလေးအများအပြားသည် ၎င်းတို့၏ ကိုယ်ပိုင် လက်ဆောင်များကို ကိုင်ဆောင်လျက် သူ၏နောက်မှ အရှေ့ဘက် တောင်ပံအခန်းထဲသို့ ချက်ချင်းဆိုသလို လိုက်ပါသွားကြလေတော့သည်။

"ချန်ယဲ့... အခု မင်း ပြန်ရောက်လာပြီဆိုတော့ ရှေ့ဆက် ဘာအစီအစဉ်ရှိလဲ..."

တတိယအစ်ကိုက ကျိုးချန်ယဲ့အား နက်နဲသော အကြည့်ဖြင့် ကြည့်ကာ မေး လိုက်လေသည်။

ထျန်မိသားစု တစ်ခုလုံးတွင် အစ်ကိုအကြီးဆုံး ထျန်ချင်းမုမှာ ရိုးသားပြီး ကြင်နာတတ်သူ ဖြစ်လေ၏။

ဒုတိယအစ်ကို ထျန်ချင်းလင်းမှာမူ စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး တဇွတ်ထိုး နိုင်သူ ဖြစ်လေသည်။

တတိယအစ်ကိုကမူ နှမ်းအဆာသွတ် ကောက်ညှင်းလုံးကဲ့သို့ အပြင်ပန်းတွင် ရိုးအသယောင်ရှိသော်လည်း အတွင်း၌ နက်နဲသော အကြံအစည်ရှိသူ ဖြစ်ပေ သည်။

"တတိယအစ်ကို... ဒီတစ်ခေါက် ကျွန်တော် ပြန်လာတာ ရှောင်ယာ့ကို ပီကင်း ခေါ်သွားချင်လို့ပါ..."

ကျိုးချန်ယဲ့က ခေါင်းမော့ကာ တတိယအစ်ကို၏ အကြည့်များကို ရင်ဆိုင် လိုက်ပြီး သူ၏ လေသံမှာ ခိုင်မာကာ ပြတ်သားနေခဲ့လေ၏။

ဤစကားလုံးများသည် လူတိုင်းအား ကျောက်ခဲဖြင့် ပစ်ပေါက်လိုက်သကဲ့သို့ ဖြစ်သွားစေပြီး ချက်ချင်းဆိုသလို အားလုံးကို ဆွံ့အသွားစေခဲ့ပေသည်။

အမေထျန်သည် ပထမဆုံး သတိဝင်လာသူဖြစ်ပြီး သူမ၏ အသံမှာ ရုတ် တရက် အတော်လေး မြင့်တက်သွားကာ အံ့သြမှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် မေးလိုက်လေသည်...။

"ပီကင်းကို သွားမယ် ဟုတ်လား... မင်းက ကျောင်းတက်ရဦးမှာဆိုတော့... ရှောင်ယာက ဘယ်မှာ နေရမှာလဲ..."

"ခရီးကလည်း အတော်လေး ဝေးတာ... ပြီးတော့... ရှောင်ယာက ကိုယ်ဝန်ကြီး နဲ့... ဒီလောက် ဝေးတဲ့ခရီးကို ဘယ်လို ခံနိုင်ရည်ရှိမှာလဲ..."

"အမေ... ကျွန်တော် အားလုံး စီစဉ်ပြီးပါပြီ..."

ကျိုးချန်ယဲ့က ဖြည်းညင်းစွာ ပြောလိုက်လေသည်...။

"ကျွန်တော်တို့ တက္ကသိုလ်အနားမှာ ခြံဝင်းပါတဲ့ အိမ်တစ်လုံး ငှားထားပြီးပါ ပြီ... အားလုံးလည်း အသင့်ပြင်ဆင်ပြီးပါပြီ... ရှောင်ယာ ပီကင်းကို ရောက် တာနဲ့ ကျွန်တော် ကျောင်းကို အိမ်ကနေပဲ သွားတက်ခွင့်ပြုဖို့ လျှောက်ထားပါ မယ်..."

"ပြီးတော့ ပီကင်းမှာက ပိုအဆင့်မြင့်တဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံ တွေ ရှိတော့ ရှောင်ယာ ကလေးမွေးဖွားချိန်မှာ ဆေးရုံသွားဖို့ ပိုလွယ်ကူပြီး ဘေးကင်းစိတ်ချရတယ်လေ…"

"ကောင်းပြီလေ... မင်း အားလုံး စီစဉ်ပြီးပြီဆိုမှတော့ ရှောင်ယာ့ကို မင်းနဲ့အတူ ခေါ်သွားလိုက်ပါ..."

အဖေထျန်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဩရှရှ အသံဖြင့် ပြောလိုက် လေသည်။

သူ၏ လေသံတွင် တပ်ဖွဲ့ခေါင်းဆောင်တစ်ဦး၏ ထူးခြားသော ပြတ်သားမှုနှင့် ဆုံးဖြတ်ချက်ချနိုင်မှုတို့ ပါဝင်နေသော်လည်း သမီးဖြစ်သူအပေါ် ထောက်ထား ညှာတာမှုတို့ကိုလည်း ဖော်ပြနေခဲ့ပေသည်။

အမေထျန်က စကားပြောရန် ပြင်လိုက်ချိန်တွင် အဘိုးကြီး၏ အကြည့်ကို မျက်လုံးထောင့်မှ မြင်လိုက်ရလေ၏။ သူ၏ အကြည့်များမှာ စိတ်ချယုံကြည် ရပြီး ယိမ်းယိုင်မှုမရှိကြောင်း ပြသနေခဲ့လေသည်။

သူမ၏ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သော်လည်း နှုတ်ခမ်းဖျားသို့ ရောက်နေ သော စကားလုံးများကို ပြန်လည်မျိုချလိုက်လေ၏၊ သို့သော် သူမ၏ မျက်ခုံး များကြားတွင်မူ စိုးရိမ်ပူပန်မှု အနည်းငယ် ကျန်ရစ်နေဆဲ ဖြစ်လေသည်။

ညနေပိုင်းတွင် အားလုံး မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် ၎င်းတို့၏ ကိုယ်ပိုင် အခန်းများဆီသို့ အသီးသီး ပြန်သွားကြလေသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် ထျန်ရှောင်ယာတို့၏ လက်ထပ်ပွဲမှာ အလျင်စလို ဖြစ်ခဲ့ပြီး စေတနာကင်းမဲ့ခဲ့သဖြင့် လက်ထပ်ပြီးနောက်တွင်လည်း သူတို့သည် ထျန်မိသားစု၏ အိမ်တွင်သာ ဆက်လက်နေထိုင်ခဲ့ကြလေသည်။

ယခု ပြန်လည်တွေးတောကြည့်လျှင် သူက ထျန်မိသားစုအပေါ် ဒုက္ခများစွာ ပေးခဲ့သကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။

ကျိုးချန်ယဲ့သည် အပူပေး အုတ်ခုတင်ပေါ်မှ သူ၏အိတ်ကို ကောက်ကိုင် လိုက် ပြီး ထျန်ရှောင်ယာအတွက် သူ အထူးသီးသန့် ပြင်ဆင်ထားခဲ့သော ဂါဝန်နှစ် ထည်နှင့် ဒေါက်မြင့်ဖိနပ်တို့ကို ထုတ်ယူကာ သူမအား လက်ယမ်းခေါ်လိုက် လေသည်...။

"ရှောင်ယာ... ဒီကို လာပါဦး..."

ထျန်ရှောင်ယာက အပူပေး အုတ်ခုတင်အစွန်းသို့ လျှောက်သွားကာ ထိုအပေါ် ၌ ချထားသော ခေတ်မီသည့် ဂါဝန်နှင့် သားရေဖိနပ်တို့ကို ကြည့်လိုက်ပြီး ကျိုးချန်ယဲ့အား ခေါင်းမော့ကြည့်လျက် တိုးညင်းစွာ မေးလိုက်လေသည်...။

"ဒါ... ဒါတွေက ကျွန်မအတွက်လား..."

"အင်း... သဘောကျရဲ့လား..."

ကျိုးချန်ယဲ့က မုယောနို့မှုန့် ဘူးတစ်ဘူးကို ထပ်မံထုတ်ယူရင်း ပြောလိုက်လေ သည်...။

"ဒါက မုယောနို့မှုန့်လေ... ကိုယ်ဝန်အတွက် အာဟာရဖြည့်စွက်ဖို့ နေ့တိုင်း မနက်တစ်ကြိမ် ညတစ်ကြိမ် ဖျော်သောက်လို့ရတယ်..."

ကျိုးချန်ယဲ့၏ စကားများကို ကြားလိုက်ရသောအခါ ထျန်ရှောင်ယာမှာ လည် ချောင်းထဲတွင် တစ်စို့သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်ရည်များမှာ ထိန်းမရ သိမ်းမရ ပြည့်လျှံလာကာ သူမ၏ အဝတ်အစားများပေါ်သို့ မျက်ရည်ပေါက် ကြီးများအဖြစ် ကျဆင်းလာခဲ့လေတော့သည်။

နေ့ခင်းက သူ ပေးခဲ့သော လက်ဆောင်များသည် သူပြသခဲ့သည့် ချစ်ခြင်း မေတ္တာအားလုံး ဖြစ်သည်ဟု သူမ ထင်မှတ်ထားခဲ့ပြီး သူမ၏ ရင်ထဲတွင်လည်း နွေးထွေးနေခဲ့ပြီ ဖြစ်လေ၏။

သို့သော် သူမ လုံးဝ မမျှော်လင့်ထားဘဲ သူသည် သူမအတွက် ဤမျှ ဝမ်းသာ စရာကောင်းသော အံ့အားသင့်မှုမျိုးကို တိတ်တဆိတ် ပြင်ဆင်ထားခဲ့ပြီး မြို့သူ လေးများသာ ဝတ်ဆင်လေ့ရှိသော ဤရှားပါးသည့် ပစ္စည်းများကို အထူးသီး သန့် ပြင်ဆင်ပေးထားခဲ့ပေသည်။

"ကဲ... မငိုနဲ့တော့... ငိုရင် ရုပ်ဆိုးသွားလိမ့်မယ်..."

ကျိုးချန်ယဲ့က သူမ၏ ပါးပြင်ပေါ်ရှိ မျက်ရည်များကို ညင်သာစွာ သုတ်ပေး လိုက်လေသည်။

သူသည် မျက်ရည်များဖြင့် နီရဲနေသော ဇနီးဖြစ်သူ၏ မျက်လုံးများကို ကြည့် ကာ သူမ၏ ပါးကို ဆွဲလိမ်လိုက်လေ၏။

*အင်း... အရမ်း နူးညံ့တာပဲ... သဘောကျတယ်...*

ကျိုးချန်ယဲ့၏ နှုတ်ခမ်းများမှာ သတိမမူမိဘဲ ကွေးညွတ်သွားခဲ့ပြီး သူ၏ စိတ် ထဲတွင် ဝမ်းသာအားရဖြင့် တွေးလိုက်လေသည်။

"စမ်းဝတ်ကြည့်မလား..."

ကျိုးချန်ယဲ့က လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။

"အင်း..."

ထျန်ရှောင်ယာက နီရဲနေသော နှာခေါင်းကို ရှုံ့ကာ ဂါဝန်တစ်ထည်ကို ကောက် ကိုင်လိုက်ပြီး အဝတ်လဲရန် ပြင်လိုက်လေ၏။

သူမက ရုတ်တရက် ရပ်တန့်သွားပြီးနောက် ရှက်ရွံ့စွာဖြင့် ပြောလိုက်လေ သည်...။

"ရှင်... ရှင် ဟိုဖက်ကို လှည့်နေ..."

ကျိုးချန်ယဲ့က အလိုလိုက်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက်ပြီး မတတ်သာဘဲ တစ်ဖက်သို့ လှည့်နေလိုက်ရလေသည်။

"ရ... ရပြီ..."

ထျန်ရှောင်ယာက မျက်လွှာချထားပြီး ကျိုးချန်ယဲ့၏ အကြည့်များကို မရင် ဆိုင်ရဲချေ။

အဝါနုရောင် ဂါဝန်လေးမှာ သူမအတွက် အထူးသီးသန့် ချုပ်လုပ်ထားသကဲ့သို့ သူမ၏ ခန္ဓာကိုယ်နှင့် အတိအကျ လိုက်ဖက်နေခဲ့လေသည်။

အဖြူရောင် ပီတာပန် ကော်လာလေးက သူမအား ပို၍ ဆွဲဆောင်မှုရှိကာ ချစ် စရာကောင်းနေစေပြီး ဖောင်းပွနေသော ပူဖောင်းလက်အင်္ကျီများက သူမ၏ ပခုံးများပေါ်တွင် ခပ်လျော့လျော့ ကျနေသဖြင့် သူမ၏ ပခုံးလိုင်းကို ပို၍ သွယ် လျကာ သေးသွယ်နေစေလေ၏။

စကတ်အောက်နားလွတ်မှာလည်း သူမ၏ ခြေတံများပေါ်တွင် ချောမွေ့စွာ တွဲ ကျနေခဲ့ပေသည်။

တောက်ပနေသော လေးထောင့်ပုံ နှာခေါင်းပါရှိသည့် ဒေါက်မြင့်ဖိနပ်ကို ဝတ် ဆင်ထားသောအခါ သူမသည် ယခင်နှင့် လုံးဝ ခြားနားသွားပြီး သူမ၏ ငယ် ရွယ်နုနယ်မှုနှင့် အပြစ်ကင်းစင်မှုတို့အပေါ် မြို့သူလေးတစ်ဦး၏ ကျက်သရေ ရှိမှုအချို့ ထပ်မံပေါင်းထည့်လိုက်သကဲ့သို့ ဖြစ်နေခဲ့လေတော့သည်။

ကျိုးချန်ယဲ့က သူ၏ ခရီးဆောင်အိတ်ထဲမှ၊ ပို၍တိတိကျကျ ဆိုရလျှင် သူ၏ သိုလှောင်ရာ နေရာလွတ်ထဲမှ အလွန် လှပသေသပ်သော လေးထောင့်ပုံ ကတ္တီ ပါ လက်ဆောင်ဘူးလေးတစ်ခုကို ထုတ်ယူလိုက်လေ၏။ ကတ္တီပါသားမှာ နူးညံ့သိမ်မွေ့သော မှိုင်းတောက်တောက် အသွင်အပြင်ရှိပြီး အနီရောင်မှာ လည်း တည်ငြိမ်သော်လည်း သိသာထင်ရှားမနေခဲ့ချေ။

သူက ထိုဘူးလေးကို ထျန်ရှောင်ယာ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူ၏ အသံတွင် ဖုံးကွယ်မရနိုင်သော မျှော်လင့်ချက်များ ပြည့်လျှံနေခဲ့လေသည်...။

"ဖွင့်ကြည့်လိုက်လေ..."

ထျန်ရှောင်ယာက ဘူးအဖုံးကို ဂရုတစိုက် ဖွင့်လိုက်ရာ အထဲတွင်မူ အမျိုးသမီး လက်ပတ်နာရီ တစ်လုံး ရှိနေခဲ့ပေသည်။

ငွေရောင်သန်းနေသော အဖြူရောင် မျက်နှာပြင်နှင့် အညိုနုရောင် သားရေ ကြိုးတို့မှာ ရေနံဆီမီးအိမ်၏ အလင်းရောင်အောက်တွင် မျက်နှာပြင်မှန်မှ တစ် ဆင့် ခပ်ဖျော့ဖျော့ တောက်ပသော အလင်းရောင်ကို ရောင်ပြန်ဟပ်နေခဲ့လေ သည်။

ကျိုးချန်ယဲ့က နာရီကို ထုတ်ယူကာ သူမ၏ လက်ကောက်ဝတ်တွင် ညင်သာ စွာ ပတ်ပေးလိုက်ရာ ချက်ချင်းဆိုသလို သူမအား နူးညံ့သိမ်မွေ့မှုနှင့် ဉာဏ် ပညာရှိမှုတို့ကို ထပ်မံ ပေါင်းထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။

"မင်္ဂလာဆောင်တုန်းက လိုအပ်ခဲ့တဲ့ အလှည့်သုံးခုနှင့် အသံတစ် ခု အားလုံးကို ကိုယ် ဖြည်းဖြည်းချင်း ပြန်ဖြည့်ဆည်းပေးပါ့မယ်..."

ကျိုးချန်ယဲ့က ထျန်ရှောင်ယာ၏ ခေါင်းလေးကို ညင်သာစွာ ပုတ်ကာ သူ၏ လေသံမှာ လေးနက်သော်လည်း နူးညံ့နေခဲ့လေသည်...။

"သူများတွေမှာ ရှိတာ အားလုံး ငါ့ရဲ့ မိန်းကလေးမှာလည်း ရှိရမယ်လေ..."

ထျန်ရှောင်ယာမှာ ဆက်၍ မထိန်းချုပ်နိုင်တော့ချေ။ သူမက လက်လှမ်းကာ ကျိုးချန်ယဲ့၏ ခါးကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူမ၏ မျက်နှာကို သူ၏ ရင်ဘတ်ထဲတွင် ဖွက်ထားလိုက်ကာ သူ၏ တည်ငြိမ်ပြီး အင်အားပြည့်ဝသော နှလုံးခုန်သံများကို နားထောင်ရင်း ယခင်က တစ်ကြိမ်မျှ မခံစားခဲ့ဖူးသော လုံခြုံမှုမျိုးကို ခံစားလိုက်ရလေတော့သည်။

သူသည် အပူပေး အုတ်ခုတင်ပေါ်တွင် လှဲလျောင်းနေရင်း အေးချမ်းစွာ အိပ် မောကျနေသော ဇနီးဖြစ်သူ၏ ဘေးတိုက် မျက်နှာလေးကို စိုက်ကြည့်နေခဲ့ လေ၏။

ကျိုးချန်ယဲ့က ရင်ထဲမှနေ၍ လှမ်းခေါ်လိုက်လေသည်...။

"ချိုးချိုး..."

"သခင်... သခင်..."

ချိုးချိုး၏ ရွှင်လန်းသော အသံ ထွက်ပေါ်လာခဲ့လေသည်...။

"ဟင်... သခင်မလေး... သခင်က သခင်မလေးကို ရှာတွေ့သွားပြီလား..."

"သခင်မလေး ဟုတ်လား... မင်း သူ့ကို သိလို့လား..."

ကျိုးချန်ယဲ့က မျက်ခုံးပင့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သံသယဖြစ် သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်...။

"ယုတ္တိတန်တန် တွေးကြည့်ရင် ဒီဘဝမှာ သူနဲ့ ဆုံတာ ဒါ ပထမဆုံးအကြိမ် လေ... သူမအပေါ် တာဝန်သိစိတ်ပဲ ရှိသင့်တာ... ဒီလောက် ပြင်းထန်တဲ့ ခံစား ချက်မျိုး မရှိသင့်ဘူး..."

"ဟုတ်တယ်... အင်း... ဘာဖြစ်လို့လဲဆိုတော့ သခင်နဲ့ သခင်မလေးက ဘဝ ဆက်တိုင်း ဖူးစာဆုံရမယ့် ချစ်သူတွေလေ... အရင်ဘဝက လမ်းလွဲမှုတချို့ ကြောင့် သခင်မလေးက နာကြည်းချက်တွေ ရှိသွားခဲ့တာ..."

"အဲ့ဒါကြောင့် သခင်က အသက် သုံးဆယ်ကျော်နေပြီဖြစ်ပေမယ့် မူလကမ္ဘာ မှာ လူပျိုကြီးဖြစ်နေခဲ့တာလေ..."

ချိုးချိုးက သူ့ဘာသာ ရေရွတ်လိုက်လေသည်။

"......"

ကျိုးချန်ယဲ့မှာ စကားပင်မပြောနိုင်တော့ဘဲ အကြောင်းပြချက်မရှိဘဲ စော်ကား ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေ၏။

ကျိုးချန်ယဲ့သည် ချိုးချိုးအား တစ်ဖက်သတ် ပိတ်ပင်လိုက်ပြီး ဇနီးဖြစ်သူအား သူ၏ ကမ္ဘာကြီးတစ်ခုလုံးကို ပွေ့ဖက်ထားသည့်အလား သူ၏ ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲယူဖက်ထားလိုက်လေတော့သည်။

All Chapters