← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) ဓာတ်ပုံစတူဒီယို

ဝန်ထမ်းဖြစ်သူက လက်ထပ်စာချုပ်ကို ဇနီးမောင်နှံနှစ်ဦး၏ ရှေ့သို့ တိုးပေး လိုက်ပြီး မျက်နှာတွင် ရိုးရှင်းသော အပြုံးတစ်ခု ဖော်ပြလျက် ပြောလိုက်လေ သည်...။

"ရော့... ယူလိုက်ကြတော့... ယခုကစပြီး မင်းတို့ဟာ တရားဝင် လင်မယား တွေ ဖြစ်သွားကြပြီ... နောင်အနာဂတ်မှာ ကောင်းမွန်စွာ နေထိုင်ကြ၊ တစ် ယောက်ကိုတစ်ယောက် ဖေးမကူညီပြီး အတူတူ ကြိုးစားသွားကြပေါ့..."

ကျိုးချန်ယဲ့သည် လက်လှမ်း၍ လက်ထပ်စာချုပ်ကို ယူလိုက်ရာ သူ၏ လက် ထိပ်ကလေးများမှာ တောက်ပသော အနီရောင် တံဆိပ်တုံးပေါ်သို့ ထိတွေ့သွား ခဲ့လေသည်။ ထို့နောက် စာချုပ်ကို လှန်လှောကြည့်ရှုပြီးမှ ထျန်ရှောင်ယာ ဘက်သို့ လှည့်ကာ ကမ်းပေးလိုက်လေ၏။

"ရဲဘော်... ကျေးဇူးတင်ပါတယ်... ဒါက ကျွန်တော်တို့ရဲ့ မင်္ဂလာသကြားလုံး တွေပါ... ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို ဝေမျှပေးတာကို လက်ခံပေးပါဦး..."

သူသည် ပြောပြောဆိုဆိုဖြင့် အိတ်ကပ်ထဲမှ သစ်သီးသကြားလုံး တစ်ဆုပ်ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။

ထျန်ရှောင်ယာ၏ လက်ကလေးများမှာ အနည်းငယ် တုန်ယင်နေဆဲဖြစ်ပြီး စာချုပ်ကို ဂရုတစိုက် လှမ်းယူလိုက်လေ၏။

သူမသည် လက်ထပ်စာချုပ်ကို ငုံ့ကြည့်လိုက်ရာ သူမနှင့် ကျိုးချန်ယဲ့၏ အမည် များမှာ ဘေးချင်းယှဉ်လျက် ရှိနေပြီး ၎င်းတို့၏ဘေးတွင် လေးနက်သော အစိုးရ တံဆိပ်တုံးကြီး ခတ်နှိပ်ထားသည်ကို တွေ့လိုက်ရပေသည်။

ရင်ထဲတွင် တင်နေခဲ့သော အလုံးကြီးမှာ နောက်ဆုံး၌ ကျသွားသကဲ့သို့ ခံစား လိုက်ရပြီး သူမ၏ လည်ချောင်းထဲတွင် တစ်ဆို့လာကာ မျက်ရည်များမှာ အနီ ရောင် ကတ်ထူပြားပေါ်သို့ ကျရောက်သွားပြီး စိုထိုင်းသော အစက်အပြောက် ကလေးများ ဖြစ်ပေါ်စေခဲ့လေတော့သည်။

"မငိုပါနဲ့..."

ကျိုးချန်ယဲ့က ငုံ့ကြည့်ကာ သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်များကို သူ၏ လက် ထိပ်ကလေးများဖြင့် ညင်သာစွာ သုတ်ပေးလိုက်လေ၏။

ထျန်ရှောင်ယာက ရှုံ့ပွပွလေး လုပ်လိုက်ရင်း သူ့ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေသော်လည်း အပြုံးများဖြင့် ပြည့်နှက်နေ ခဲ့ပေသည်။

သူမသည် သူမ၏ တစ်သက်တာလုံးစာ ပျော်ရွှင်မှုကို ဆုပ်ကိုင်ထားသကဲ့သို့ လက်ထပ်စာချုပ်ကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့လေ၏။

အနီးအနားတွင် ရပ်နေသော ဝန်ထမ်းများမှာလည်း ပျော်ရွှင်ကြည်နူးနေကြ သော ဇနီးမောင်နှံအသစ်ကို ကြည့်ရင်း အမှတ်တရများဖြင့် ပြုံးနေကြပေ သည်။

ထျန်ရှောင်ယာသည် ပြည်သူ့ရေးရာဗျူရိုထဲမှ ထွက်လာချိန်တွင် လက်ထပ်စာ ချုပ် ထည့်ထားသော အိတ်ကပ်ကို လက်ဖြင့် အမြဲ အုပ်ထားခဲ့လေ၏။

ခြေလှမ်းအနည်းငယ် လှမ်းတိုင်းလည်း သူမသည် ခေါင်းငုံ့ကာ ပြုံးနေမိပြီး သူမ၏ နှုတ်ခမ်းထောင့်များမှာ အပေါ်သို့ ကွေးညွတ်နေခဲ့ပေသည်။

ကျိုးချန်ယဲ့က သူ၏ဘေးတွင် တစ်ခါတစ်ရံ တဟားဟားနှင့် ရယ်မောနေသော ဇနီးသည်ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင်လည်း ထိန်းမရ သော အပြုံးများဖြင့် ပြည့်နှက်နေခဲ့လေ၏။

သူသည် သူမ၏ နီမြန်းနေသော ပါးပြင်လေးကို ညင်သာစွာ ဆွဲလိုက်ပြီး ချစ်ခင်မြတ်နိုးသော လေသံဖြင့် ပြောလိုက်လေသည်...။

"မင်းက တကယ့်ကို ကလေးလေးကျနေတာပဲ... တလျှောက်လုံး ပြုံးနေတော့ တာပဲ..."

ကျိုးချန်ယဲ့က ပါးကို ဆွဲလိုက်သဖြင့် ထျန်ရှောင်ယာ၏ ပါးလေးများမှာ ဖောင်း တက်သွားခဲ့ပေသည်။ သူမက သူ့ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများ မှာ တောက်ပနေပြီး အပြုံးများမှာလည်း ပျောက်ကွယ်မသွားဘဲ ရှိနေခဲ့လေ ၏...။

"ကျွန်မ အရမ်းပျော်လို့ပါ..."

သူမ၏ ချစ်စရာကောင်းသော ပုံစံလေးကြောင့် ကျိုးချန်ယဲ့၏ ရင်ထဲတွင် အရည်ပျော်သွားခဲ့ရပေသည်။

ရုတ်တရက် သူသည် သူမ၏လက်ကို ဆွဲကာ အခြားတစ်ဖက်သို့ လှည့်လိုက် လေသည်...။

"လာဦး... မင်းကို တစ်နေရာ ခေါ်သွားမယ်..."

ထျန်ရှောင်ယာမှာ ခဏမျှ အံ့အားသင့်သွားပြီးနောက် သူခေါ်ဆောင်ရာသို့ အလိုက်သင့် လိုက်ပါသွားရင်း စပ်စုသောလေသံဖြင့် မေးလိုက်လေသည်...။

"ဘယ်ကို သွားမှာလဲ..."

"ဓာတ်ပုံစတူဒီယိုကိုလေ..."

ကျိုးချန်ယဲ့က သူမကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ နူးညံ့နေခဲ့လေ တော့သည်...။

"အခု ငါတို့ လက်ထပ်စာချုပ် ရပြီဆိုတော့ အမှတ်တရ ဖြစ်သွားအောင် ဓာတ် ပုံတစ်ပုံလောက် ရိုက်ထားသင့်တယ်လေ..."

ထိုစကားကို ကြားသောအခါ ထျန်ရှောင်ယာ၏ မျက်လုံးများမှာ ပိုမို ဝိုင်းစက် သွားပြီး သူမ၏ အပြုံးများမှာလည်း ပိုမို နက်ရှိုင်းလာကာ အလျင်အစလို ခေါင်းညိတ်ပြလိုက်လေသည်။

သို့သော် ခဏအကြာတွင် သူမသည် တုံ့ဆိုင်းသွားခဲ့လေ၏... ။

"ဓာတ်ပုံ မရိုက်ရင်ရော မကောင်းဘူးလား... အဲ့ဒါက အရမ်းဈေးကြီးမှာပဲ... ပြီးတော့ ငါတို့မှာ ကလေးကိုလည်း ပြုစုပျိုးထောင်ရဦးမယ်လေ... နေရာတိုင်း မှာ ငွေသုံးဖို့ လိုအပ်နေတာဆိုတော့ တတ်နိုင်သလောက် ချွေတာသင့်တယ် ထင်တယ်..."

သူမ၏ စကားကို ကြားသောအခါ ကျိုးချန်ယဲ့မှာ မှင်တက်သွားခဲ့ရပေသည်။ ဤသည်မှာ သူ၏ အပြစ်သာ ဖြစ်ပေလိမ့်မည်။ သူသည် သူမကို လုံလောက် သော ယုံကြည်မှုကို မပေးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ယခုအချိန်သည် သူ၏ အရည်အချင်းကို ပြသရမည့် အချိန်ပင် ဖြစ်ပေသည်။ သူ၏ ဇနီးသည်ကို ဤကဲ့သို့သော သေးငယ်သည့် ဆန္ဒလေးတစ်ခုကိုပင် လျှော့ချခိုင်း၍ မဖြစ်ပေ။

"ပြောလိုက်စမ်းပါ... ငါ့မှာ ကလေးကို ပြုစုပျိုးထောင်ဖို့ ငွေတွေ ရှိပါသေး တယ်..."

သူမ ပြန်လည် မချေပနိုင်ခင်မှာပင် ကျိုးချန်ယဲ့သည် သူမ၏လက်ကို ဆွဲကာ ဓာတ်ပုံစတူဒီယိုဆီသို့ ဦးတည်လိုက်လေတော့သည်။

မကြာမီမှာပင် ၎င်းတို့သည် အစိုးရပိုင် ဓာတ်ပုံစတူဒီယိုထဲသို့ ဝင်ရောက်လာခဲ့ ကြလေသည်။

ဖန်သားကောင်တာပေါ်တွင် ဖုန်မှုန့်ပါးပါး တင်နေပြီး နံရံများပေါ်တွင် ကျုံးရှန်း ဝတ်စုံ ဝတ်ထားသော အမျိုးသားများနှင့် ကျစ်ဆံမြီးကျစ်၍ ဂါဝန်ဝတ်ထား သော အမျိုးသမီးငယ်များ၏ ဓာတ်ပုံများကို ချိတ်ဆွဲထားလျက်ရှိလေ၏။

ထျန်ရှောင်ယာ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့ပေသည်။ သူမ သည် သူ၏လက်မှ ရုန်းထွက်ကာ အနားသို့ တိုးကပ်သွားပြီး ဖန်သားပြင် ကို လက်ချောင်းလေးများဖြင့် ညင်သာစွာ ပွတ်သပ်ကြည့်နေရင်း သူမ၏ မျက် ဝန်းများမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။

"မင်းတို့နှစ်ယောက်က မင်္ဂလာဓာတ်ပုံ လာရိုက်တာလား..."

ကောင်တာအနောက်ရှိ မျက်မှန်တပ်ထားသော ဝန်ထမ်းက ဘေးရှိ လိုက်ကာ ကို ညွှန်ပြရင်း မေးလိုက်လေသည်...။

"အထဲမှာ ကျုံးရှန်းဝတ်စုံတွေနဲ့ ချောင်ဆမ်ဝတ်စုံတွေ အဆင်သင့် ရှိပါတယ်... တစ်ခုခု ရွေးချင်လား..."

ကျိုးချန်ယဲ့က သူ၏ဘေးမှ ထျန်ရှောင်ယာကို လှမ်းကြည့်လိုက်လေသည်။ ယနေ့ သူမသည် ဂါဝန်ဝတ်ထားပြီး ဆံပင်ကိုလည်း သေသေသပ်သပ် ကျစ် ထားခဲ့ကာ နားရွက်အထက်တွင်လည်း လတ်ဆတ်သော စံပယ်ပန်းလေး တစ်ပွင့်ကို ပန်ထားခဲ့လေ၏။

သူသည် ပြုံးလျက် လက်ယမ်းပြကာ ပြောလိုက်လေသည်...။

"အရင်ဆုံး ကိုယ့်အဝတ်အစားနဲ့ပဲ တစ်ပုံရိုက်မယ်... ပြီးမှ အဝတ်အစား လဲကြတာပေါ့..."

ထျန်ရှောင်ယာ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး ကျိုးချန်ယဲ့၏ နောက်မှ လိုက်ပါကာ ဓာတ်ပုံရိုက်မည့် နေရာသို့ သွားလိုက်လေသည်။

နောက်ခံကားချပ်မှာ အနီရောင် ပီယိုနီပန်းများနှင့် စိမ်းလန်းသော ထင်းရှူး ပင်များ ဖြစ်လေသည်။ သူမသည် တောင့်တောင့်ကြီး ရပ်နေမိပြီး လက်ကို မည်သို့ထားရမှန်းမသိဘဲ ဖြစ်နေခဲ့လေသည်။

ကျိုးချန်ယဲ့က သူမ၏ လက်မောင်းကို ညင်သာစွာ ထိလိုက်မှသာ သူမသည် ခပ်ရှိန်ရှိန်ဖြင့် အနားသို့ တိုးကပ်သွားကာ နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့လေတော့သည်။

"ဖျတ်" ခနဲ အသံနှင့်အတူ ကင်မရာ၏ မီးရောင်က ထျန်ရှောင်ယာကို မျက်စိ ကျိန်းသွားစေသဖြင့် သူမသည် အလိုလိုပင် မျက်တောင်ခတ်သွားလိုက်မိရာ ကျိုးချန်ယဲ့ကို ခပ်တိုးတိုး ရယ်မောသွားစေခဲ့ပေသည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် အဝတ်အစားများ သွားရောက်ရွေးချယ်ကြလေ သည်။ ကျိုးချန်ယဲ့က သူ၏ဇနီး ထျန်ရှောင်ယာအတွက် ပန်းထိုးထားသော အပြာရင့်ရောင် ချောင်ဆမ်ဝတ်စုံကို ရွေးချယ်ပေးလိုက်ရာ ၎င်းကို ဝတ်ဆင် လိုက်သောအခါ သူမသည် ပိုမို၍ နူးညံ့ကာ တင့်တယ်လှပသွားခဲ့ပေသည်။

သူမသည် ဝတ်စုံ၏ ဘေးခွဲကြောင့် အနည်းငယ် ရှက်နေမိပြီး လက်ဖြင့် အောက်သို့ ခဏခဏ ဆွဲချနေခဲ့လေ၏။

ကျိုးချန်ယဲ့ကမူ နက်ပြာရောင် ဝတ်စုံရှည်ကို ရွေးချယ်ဝတ်ဆင်လိုက်ရာ သူ သည် ပိုမို၍ ယဉ်ကျေးသိမ်မွေ့ကာ ခန့်ညားသော ပုံစံပေါက်သွားခဲ့ပေသည်။

အဝတ်အစားလဲပြီးနောက် ဓာတ်ပုံရိုက်မည့် နေရာတွင် ရပ်လိုက်ချိန်၌ ထျန်ရှောင်ယာသည် အရင်ကကဲ့သို့ စိတ်လှုပ်ရှားမနေတော့ချေ။ ကျိုးချန်ယဲ့ ဆုပ်ကိုင်ထားသော သူမ၏ လက်ကလေးမှာ နွေးထွေးနေခဲ့ပေသည်။

သူမသည် သူ့အား မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ရှက်ကိုး ရှက်ကန်း ဖြစ်မှုနှင့် ပျော်ရွှင်မှုများ ရောယှက်နေခဲ့ပြီး ထိုအခိုက်အတန့်ကို ကင်မရာက ဖမ်းယူလိုက်လေတော့သည်။

နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးသည် တစ်ယောက်ချင်းစီ ဓာတ်ပုံတစ်ပုံစီ ရိုက် ပြီးနောက် ပြီးဆုံးသွားခဲ့လေသည်။

ဖလင်လိပ်ကို လဲနေစဉ်အတွင်း ဆိုင်ရှင်ဖြစ်သူက ချီးကျူးစကား ဆိုလိုက် လေသည်...။

"မင်းတို့နှစ်ယောက်က တကယ့်ကို လိုက်ဖက်တဲ့ ဇနီးမောင်နှံပဲ... ဒီဓာတ်ပုံတွေ ဆေးပြီးရင် သေချာပေါက် အရမ်းလှမှာပဲ..."

ထျန်ရှောင်ယာမှာ ထိုစကားကို ကြားပြီး ပို၍ပင် မျက်နှာနီမြန်းသွားကာ ကျိုးချန်ယဲ့၏ အင်္ကျီလက်ကို ခပ်ဖွဖွလေး ဆွဲလိုက်လေ၏။

"သူဌေး... ဓာတ်ပုံနှစ်စုံကို ဘယ်လောက်ကျမလဲ..."

ကျိုးချန်ယဲ့က ငွေများကို ထုတ်ယူရင်း မေးလိုက်လေသည်။

"စုစုပေါင်း (၂၀) ယွမ်နဲ့ ပြား (၅၀) ကျမယ်... သုံးရက်နေရင် ဓာတ်ပုံလာယူလို့ ရပြီ..."

ဆိုင်ရှင်က ပြင်ဆင်ထားသော ပြေစာကို ကမ်းပေးရင်း ပြောလိုက်လေသည်။

"ဓာတ်ပုံလာယူရင် ပြေစာကို ယူလာဖို့ မမေ့နဲ့ဦး... မပျောက်စေနဲ့ဦးနော်..."

"ဟုတ်ကဲ့ပါ..."

ကျိုးချန်ယဲ့က ပြေစာကို ယူလိုက်ပြီး ထျန်ရှောင်ယာကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့လေသည်။

ထျန်ရှောင်ယာသည် သူ၏နောက်မှ လိုက်ပါလာခဲ့လေသည်။ ကိုက်အနည်း ငယ် လျှောက်ပြီးနောက် လေတိုက်လိုက်သဖြင့် သူမ သတိဝင်လာခဲ့ပြီး နှုတ် ခမ်းကို စေ့ကာ မေးလိုက်လေသည်...။

"အာယဲ့... (၂၀) ယွမ်ကျော်ဆိုတာ အရမ်းများလွန်းမနေဘူးလား..."

ကျိုးချန်ယဲ့က ဇနီးသည်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်ဝန်းများ တွင် အပြုံးတစ်ခု ဖော်ပြလိုက်လေသည်...။

"မများပါဘူး... ဒီနေ့က အရေးကြီးတဲ့ နေ့တစ်နေ့ပဲလေ... အမှတ်တရ ဖြစ် အောင် ဓာတ်ပုံရိုက်ထားသင့်တာပေါ့..."

"ကလေးမွေးလာရင်လည်း ငါတို့ ကလေးကို ခေါ်လာပြီး မိသားစုဓာတ်ပုံ ထပ် ရိုက်ကြတာပေါ့..."

"ဟုတ်ကဲ့..."

ထျန်ရှောင်ယာက ကျိုးချန်ယဲ့ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့် လိုက်ရာ သူမ၏ အကြည့်များမှာ လေးနက်သော ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေခဲ့ပေတော့သည်။

ကျိုးချန်ယဲ့သည် သူ၏ နာရီကို ကြည့်လိုက်ရာ လက်တံများမှာ (၁၂) နာရီတိတိ ကို ညွှန်ပြနေခဲ့ပြီ ဖြစ်လေသည်။ သူက ဇနီးသည်အား ပြောလိုက်လေသည်...။

"ဗိုက်ဆာနေပြီလား... ထမင်းသွားစားကြရအောင်..."

၎င်းတို့နှစ်ဦး အစိုးရပိုင် စားသောက်ဆိုင်သို့ ရောက်ရှိလာသောအခါ ကျိုးချန်ယဲ့ သည် ပြတင်းပေါက်နားမှ ထိုင်ခုံတစ်ခုကို ရွေးချယ်လိုက်ပြီး ထျန်ရှောင်ယာကို ထိုင်ခိုင်းလိုက်လေသည်။

ထို့နောက် သူသည် ကောင်တာသို့ လျှောက်သွားကာ ဟင်းချက်စာရင်း ရေး ထားသော ကျောက်သင်ပုန်းလေးကို ကြည့်လိုက်လေသည်... ဝက်သားနီချက်၊ ဝက်သားစင်းကော၊ ဝက်သားချိုချဉ်၊ အာလူးကပ်ကြော်နှင့် ခရမ်းချဉ်သီး ကြက်ဥကြော် စသည်ဖြင့် ရှိနေခဲ့ပေသည်။

သူသည် အဓိက အစားအစာ ကဏ္ဍကို ကြည့်လိုက်ရာ ထမင်းဖြူ၊ ပေါင်မုန့်နှင့် ဝမ်တွန် စသည်တို့ ရှိနေသည်ကို တွေ့လိုက်ရလေသည်။

ကျိုးချန်ယဲ့သည် ကောင်တာအနောက်မှ ဝန်ထမ်းအား မှာကြားလိုက်လေ သည်...။

"ဝက်သားနီချက် တစ်ပွဲ၊ ဝက်သားချိုချဉ် တစ်ပွဲနဲ့ ခရမ်းချဉ်သီး ကြက်ဥကြော် တစ်ပွဲ ပေးပါ... ထမင်း တစ်ပွဲ၊ ပေါင်မုန့် နှစ်လုံးနဲ့ ဝမ်တွန် တစ်ပွဲလည်း မှာချင် ပါတယ်..."

နောက်ဆုံးတွင် သူက ထပ်လောင်းပြောလိုက်လေသည်...။

"ဝမ်တွန်ထဲကို ပုစွန်ခြောက်နဲ့ ရေမှော်တွေ ပိုထည့်ပေးပါဦးနော်..."

မကြာမီမှာပင် ဝန်ထမ်းဖြစ်သူက အစားအစာများ အဆင်သင့်ဖြစ်ပြီဖြစ် ကြောင်း လှမ်းအော်လိုက်လေသည်။

ဝက်သားနီချက်မှာ အရောင်မှာ ပြောင်လက်နေပြီး နူးညံ့နေကာ အနက်ရောင် ဆော့စ်များဖြင့် ဖုံးလွှမ်းထားသဖြင့် အလွန်ပင် မွှေးကြိုင်နေခဲ့ပေသည်။

ဝက်သားချိုချဉ်မှာမူ ရွှေရောင်သန်းကာ ကြွပ်ရွနေပြီး ချိုချဉ်ဆော့စ်ဖြင့် ဖုံး အုပ်ထားကာ ပန်းကန်ကို ချလိုက်သည်နှင့် ဗနီဂါနံ့လေးမှာ မွှေးပျံ့လာခဲ့လေ တော့သည်။

ခရမ်းချဉ်သီး ကြက်ဥကြော်မှာ လှပသော အဝါရောင်နှင့် အနီရောင် ရောယှက် နေပြီး ဆော့စ်မှာလည်း ပျစ်နှစ်နေသဖြင့် ထမင်းနှင့် နယ်စားရန် အလွန်ပင် သင့်တော်လှပေသည်။

ဝမ်တွန်မှာ အသားထူထူနှင့် အပေါ်ယံ အနှစ်ပါးပါး ရှိနေပြီး ပုစွန်ခြောက်နှင့် ရေမှော်များမှာ စွပ်ပြုတ်ထဲတွင် ပေါ်နေကာ ကြက်သွန်မြိတ်လေးများလည်း ဖြူးထားခဲ့လေ၏။

အခိုးအငွေ့များမှာ ထျန်ရှောင်ယာ၏ ရှေ့သို့ ဖြည်းညင်းစွာ လွင့်တက်နေခဲ့ ပေတော့သည်။

ထျန်ရှောင်ယာသည် အနံ့ကြောင့် သွားရည်ကျမတတ် ဖြစ်နေပြီး တံတွေးကို အနိုင်နိုင် မျိုချနေခဲ့ရပေသည်။

သူမ၏ ပုံစံကို ကြည့်ပြီး ကျိုးချန်ယဲ့က ပြုံးကာ ဝမ်တွန်ပန်းကန်ကို သူမ၏ ရှေ့သို့ တိုးပေးလိုက်ပြီး သန့်ရှင်းသော တူတစ်စုံကို ယူလိုက်လေသည်။

သူသည် အနုဆုံး ဝက်သားနီချက် တစ်ုံးကို ယူကာ သူမ၏ ပန်းကန်ထဲသို့ ထည့် ပေးလိုက်လေသည်...။

"အရင်ဆုံး ဝမ်တွန်လေး သောက်ပြီး ဗိုက်ကို နွေးအောင် လုပ်လိုက်ဦး... ပြီးမှ အသားစားနော်..."

ကျိုးချန်ယဲ့သည် သူ၏ဇနီး ပျော်ရွှင်စွာ စားနေသည်ကို ကြည့်ပြီး သူကိုယ်တိုင် လည်း ပြုံးနေမိခဲ့ပေသည်။

သူသည် ဝက်သားချိုချဉ် တစ်ုံးကို ထပ်ယူကာ သူမ၏ ပန်းကန်ထဲသို့ ထည့် ပေးလိုက်ပြန်လေသည်...။

"အစိုးရပိုင် စားသောက်ဆိုင်က စားဖိုမှူးတွေရဲ့ လက်ရာက တကယ့်ကို ပြောင် မြောက်တယ်... အရသာက တော်တော်လေး ကောင်းတယ်... ဖြည်းဖြည်းစား ပါ... ဗိုက်မဝသေးရင် ထပ်မှာလို့ ရသေးတယ်..."

All Chapters