အခန်း ၂၀
Vol. 2 Ch. 20
အခန်း (၂၀) ဆေးရုံတွင် စစ်ဆေးမှု ခံယူခြင်း
"ဟုတ်ကဲ့..."
ထျန်ရှောင်ယာသည် ဝက်သားနီချက်တစ်တုံးကို ယူကာ သူ၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး မျက်နှာလေး နီမြန်းလျက် ပြောလိုက်လေသည်...။
"အစ်ကိုလည်း စားဦးလေ..."
"ကောင်းပါပြီ... အတူတူ စားကြတာပေါ့..."
ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာကို ကြင်နာယုယသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။
ဇနီးသည် စားသောက်ပြီးလုနီးပါးဖြစ်သည်ကို မြင်သောအခါ ကျိုးချန်ယဲ့သည် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းပေါ်သို့ လက်ကလေးကို အသာအယာ တင်လိုက် လေသည်။
သူ၏လေသံမှာ သိသိသာသာ လေးနက်နေခဲ့ပေ၏...။
"ရှောင်ယာ... ငါတို့ မြို့ကို ရောက်နေတုန်း လမ်းကြုံ ဆေးရုံကို ခဏဝင်ရ အောင်..."
ထျန်ရှောင်ယာမှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ၏လက်ဖြင့် သူ၏ လက်ကို အသာအယာ ဖိထားလိုက်ကာ မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်မှု များဖြင့် ပြည့်နှက်နေခဲ့လေသည်...။
"ဘာလို့ ဆေးရုံသွားမှာလဲ... ကျွန်မ ဘာမှမဖြစ်ပါဘူး... နေလို့လည်း အရမ်း ကောင်းပါတယ်..."
"နေမကောင်းလို့ သွားတာ မဟုတ်ပါဘူး..."
ကျိုးချန်ယဲ့က သူမ၏ လက်ဖဝါးလေးကို ဆုပ်ကိုင်လိုက်ရာ သူ၏လေသံမှာ နူးညံ့သွားသော်လည်း ငြင်းဆန်ရန် ခက်ခဲသော လေးနက်မှုမျိုး ပါဝင်နေခဲ့ပေ သည်...။
"အခု မင်းမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ ဆရာဝန်နဲ့ သေချာ စစ်ဆေးကြည့်ပြီး ဘာတွေ ဆင်ခြင်ရမလဲဆိုတာ မေးမြန်းသင့်တယ်လေ..."
ဤသည်မှာ သေးငယ်သော ကိစ္စမဟုတ်ပေ။
"ရှောင်ယာ... မင်းနဲ့ ကလေး ဘေးကင်းဖို့အတွက် ငါ သေချာအောင် လုပ်ရ မယ် ငါတို့က တစ်သက်လုံး အတူတူ နေကြမှာလေ... "
သူသည် ထိုခေတ်ကာလ၏ အခြေအနေကို အလွန်ပင် ကောင်းမွန်စွာ သိထား လေ၏။ ကျေးလက်ရှိ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရှိလာပါက အလွန်ဆုံးရှိလှ လက်သည်ကိုသာ အစစ်ဆေးခံလေ့ရှိပြီး ကိုယ်ဝန်ဆောင် စစ်ဆေးမှုဟူသည် မရှိသလောက်ပင် ဖြစ်သည်။
အကယ်၍ ကလေးမွေးဖွားချိန်တွင် ပြဿနာ တစ်ခုခု ဖြစ်ပွားပါက ဆေးရုံသို့ ပို့ဆောင်ရန် အချိန်မီတော့မည် မဟုတ်ပေ။
သူသည် ထျန်ရှောင်ယာနှင့် တစ်သက်လုံး အတူတူ နေထိုင်သွားလိုသဖြင့် သူမ ကို မည်သည့် အန္တရာယ်မျိုးမှ မကြုံတွေ့စေလိုချေ။ သူသည် နောက်ထပ်တစ် ကြိမ် တစ်ယောက်တည်း မဖြစ်လိုတော့ပေ။
ထျန်ရှောင်ယာသည် ရင်ထဲတွင် တစ်ဆို့သွားသော်လည်း ခေါင်းကို ခိုင်မာစွာ ညိတ်လိုက်ပြီး တိုးညှင်းသော လေသံဖြင့် ပြောလိုက်လေသည်...။
"ကောင်းပါပြီ... အစ်ကို ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်..."
ဤဘဝတွင် သူ့ကို ဆုံတွေ့ရခြင်းမှာ သူမ၏ ဘဝတွင် အကြီးမားဆုံးသော ကံ ကောင်းခြင်းပင် ဖြစ်သည်ဟု သူမ စိတ်ထဲမှ တွေးတောနေမိခဲ့ပေသည်။
ဆေးရုံသို့ ရောက်ရှိသောအခါ ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာ၏ လက် မောင်းကို တွဲကူပေးရင်း သားဖွားနှင့် မီးယပ်ဌာနသို့ ရောက်အောင် လမ်းမေး မြန်းခဲ့လေသည်။
ထိုဌာနတွင် လူသိပ်မများလှချေ။ ပြတင်းပေါက်နားရှိ စားပွဲအနောက်တွင် အသက် လေးဆယ်ကျော်အရွယ် ဆရာဝန်မကြီးတစ်ဦးသည် ဝတ်စုံဖြူကို ဝတ်ဆင်ကာ ထိုင်နေပြီး သူမ၏ မျက်နှာထားမှာ အလွန်ပင် ကြင်နာတတ် မည့်ပုံ ပေါ်လေသည်။
တံခါးဝမှ အသံကို ကြားသဖြင့် ဆရာဝန်မကြီးက မော့ကြည့်လိုက်ရာ သူမ၏ အကြည့်မှာ ထျန်ရှောင်ယာပေါ်သို့ ဦးစွာ ကျရောက်သွားပြီးနောက် အားပေး သော အပြုံးတစ်ခု ဖော်ပြလိုက်လေသည်။
သူမက ဘေးရှိ ထိုင်ခုံကို ညွှန်ပြရင်း ပြောလိုက်လေသည်...။
"လာ... ဒီမှာ ထိုင်ပါဦး... ဘယ်နားက နေလို့မကောင်းလို့လဲ..."
ထျန်ရှောင်ယာသည် ကျိုးချန်ယဲ့၏ အင်္ကျီကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး လက်ထိပ်ကလေးများမှာ တုန်ယင်နေခဲ့ပေသည်။ သူမသည် စကားတစ်လုံးမျှ မပြောနိုင်ဘဲ ဘေးရှိလူကိုသာ မသိစိတ်ဖြင့် မော့ကြည့်နေမိလေ၏။
ကျိုးချန်ယဲ့က သူမ၏လက်ကို ပြန်လည် ဆုပ်ကိုင်ပေးလိုက်ပြီး ဆရာဝန်မကြီး အား တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေသည်...။
"ဆရာမ... ကျွန်တော်တို့ ကိုယ်ဝန်ဆောင် စစ်ဆေးဖို့ လာတာပါ..."
"ကိုယ်ဝန်ဆောင် စစ်ဆေးဖို့လား..."
ဆရာဝန်မကြီးက မျက်ခုံးပင့်ကာ အံ့သြသွားဟန် ရှိလေ၏။
ထိုကာလ၌ အမျိုးသမီး အများအပြားမှာ ကိုယ်ဝန်ရှိလာပါက လက်သည်ကို သာ ရှာဖွေ၍ သွေးခုန်နှုန်း စမ်းသပ်လေ့ရှိကြပေသည်။ ကိုယ်ဝန်ရှိစမှ မွေးဖွား သည်အထိ ဆေးရုံသို့ တစ်ခါမျှ ခြေမချဖူးသော အမျိုးသမီးများစွာ ရှိလေ၏။
ထို့ကြောင့် သူမသည် ကျိုးချန်ယဲ့ကို ပိုမို၍ အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်လေသည်...။ ယခုခေတ်တွင် ဇနီးသည်၏ ကျန်းမာရေးကို ဂရုစိုက် သော အမျိုးသားမျိုးမှာ တကယ့်ကို ယုံကြည်အားကိုးထိုက်သူ ဖြစ်ပေသည်။
"မိန်းကလေး... လက်ကလေး ကမ်းပေးပါဦး..."
သူမက အံဆွဲထဲမှ လက်ခုတင်ကလေးကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက် လေသည်...။
"အရင်ဆုံး သွေးခုန်နှုန်းကို စမ်းကြည့်ရအောင်..."
ထိုကာလရှိ ဆရာဝန် အများစုမှာ တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်း ဆေးပညာ နှစ်မျိုးလုံးကို တတ်ကျွမ်းကြသဖြင့် သွေးခုန်နှုန်း စမ်းသပ်ခြင်းမှာ ပုံမှန် လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်ပေ၏။
ထျန်ရှောင်ယာသည် ညွှန်ကြားချက်အတိုင်း လက်ကောက်ဝတ်ကို လက်ခုတင် ပေါ်သို့ အသာအယာ တင်လိုက်ပြီး ဆရာဝန်မကြီး၏ မျက်နှာကိုသာ စိုက် ကြည့်နေခဲ့လေသည်။
ကျိုးချန်ယဲ့သည် သူမ၏ဘေးတွင် ရပ်နေပြီး သူမ၏ အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်လေသည်။ သူမ၏ လက်ဖဝါးမှ ချွေးစေးများကို ခံစားမိ သောအခါ သူ၏ ရင်ခုန်သံမှာလည်း မြန်ဆန်လာခဲ့ပေသည်။
ဆရာဝန်မကြီး၏ လက်ချောင်းများက ထျန်ရှောင်ယာ၏ လက်ကောက်ဝတ် သို့ ထိတွေ့လိုက်ချိန်တွင် သူမ၏ တည်ငြိမ်နေသော မျက်မှောင်များမှာ အနည်း ငယ် ကြုတ်သွားခဲ့လေသည်။
ထိုသေးငယ်သော လှုပ်ရှားမှုလေးက ထျန်ရှောင်ယာကို အလွန်အမင်း ထိတ် လန့်သွားစေသဖြင့် သူမ၏ နှလုံးမှာ တဒိန်းဒိန်း ခုန်လာကာ အသက်ရှူရန်ပင် မေ့လျော့နေခဲ့ပေတော့သည်။
ကျိုးချန်ယဲ့၏ လက်များမှာလည်း ချက်ချင်းပင် တင်းကျပ်သွားခဲ့ပြီး လည် ချောင်းမှာ အသိစိတ်ဖြင့် လှုပ်ရှားသွားကာ အသံမှာလည်း တင်းမာသွားခဲ့ လေသည်...။
"ဆရာမ... ဘယ်လိုနေလဲ..."
ဆရာဝန်မကြီးက ချက်ချင်း ပြန်မဖြေခဲ့ချေ။ သူမသည် စက္ကန့်အနည်းငယ်ခန့် အာရုံစိုက်ပြီးမှ လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်လေသည်။ သူမ၏ လေသံမှာ နူးညံ့နေဆဲ ဖြစ်သော်လည်း လေးနက်မှု အနည်းငယ် ပါဝင်နေခဲ့ လေသည်...။
"မိန်းကလေး... ဟိုဘက်က စမ်းသပ်တဲ့ ခုတင်ပေါ်မှာ လှဲလိုက်ပါဦး... ဗိုက်ကို ထပ်ပြီး စမ်းကြည့်ပေးမယ်..."
"ဟုတ်ကဲ့..."
ထျန်ရှောင်ယာသည် နှုတ်ခမ်းကို ခပ်တင်းတင်း စေ့လိုက်ပြီး ခုတင်ဆီသို့ ဖြည်း ဖြည်းချင်း လျှောက်သွားကာ လှဲချလိုက်လေသည်။ သူမ၏ ကျောပြင်က ခုတင်နှင့် ထိတွေ့လိုက်သည်နှင့် ဘေးရှိ အိပ်ရာခင်းကို လက်ထိပ်ကလေးများ ဖြူလျော့သွားသည်အထိ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိခဲ့လေသည်။
"စိတ်မလှုပ်ရှားပါနဲ့... အေးအေးဆေးဆေး နေပါ..."
ဆရာဝန်မကြီးက ညင်သာစွာ ပြောလိုက်လေ၏။
သူမသည် ထျန်ရှောင်ယာ၏ ဝမ်းဗိုက်အောက်ပိုင်း ဘေးနှစ်ဖက်ကို အသာအ ယာ ဖိကြည့်ပြီးနောက် အလယ်သို့ ဖြည်းဖြည်းချင်း ရွှေ့ကာ အကြိမ်အနည်း ငယ် စမ်းသပ်လိုက်လေသည်။ သူမ၏ လက်ထိပ်ကလေးများမှာ တစ်စုံတစ်ခု ကို ခံစားနေသကဲ့သို့ သူမ၏ ဝမ်းဗိုက်ပေါ်တွင် ခေတ္တမျှ ရပ်တန့်နေခဲ့ပေ၏။
ခဏအကြာတွင် ဆရာဝန်မကြီးက လက်ကို ဖယ်လိုက်ပြီး တိုးညှင်းစွာ ပြော လိုက်လေသည်...။
"ရပါပြီ... ထလို့ ရပါပြီ..."
ထျန်ရှောင်ယာသည် လက်မောင်းများကို အားပြု၍ ထိုင်လိုက်သည်နှင့် ကျိုးချန်ယဲ့က ချက်ချင်းပင် ရှေ့သို့ တိုးလာကာ သူမ၏ ခါးကို တွဲကူပေးလိုက် လေသည်။
သူမ၏ လေသံမှာ တင်းမာမှုကို အနိုင်နိုင် ထိန်းထားရသဖြင့် တုန်ယင်နေပြီး လက်များမှာလည်း အနည်းငယ် တုန်နေခဲ့ပေသည်...။
"ဆရာမ... ဘယ်လိုလဲဟင်... အားလုံး အဆင်ပြေရဲ့လား..."
"ထိုင်ပါဦး..."
ဆရာဝန်မကြီးက ထိုင်ခုံများကို ညွှန်ပြရင်း ပြောလိုက်လေသည်...။
"ကြီးကြီးမားမား ဖြစ်တာမျိုးတော့ မရှိပါဘူး… ကိုယ်ဝန်ဆောင် မိခင်က အာ ဟာရ ချို့တဲ့နေတာကြောင့် ကလေးက နည်းနည်း ညှက်နေတာပါ… ဒါပေမဲ့ ခုနက ကလေးရဲ့ နှလုံးခုန်သံကို နားထောင်ကြည့်တော့ အားလုံး အဆင်ပြေ ပါတယ်..."
"အိမ်ပြန်ရောက်ရင် ကိုယ်ဝန်ဆောင် မိခင်ကို အာဟာရ ပြည့်ဝအောင် ကျွေး မွေးဖို့ ဂရုစိုက်ပေးပါ… ပင်ပန်းတဲ့ အလုပ်ကြမ်းတွေ မလုပ်ခိုင်းပါနဲ့… သူ့ကို ကောင်းကောင်း အနားယူခိုင်းပါ..."
"ဒါပေမဲ့ အမြဲတမ်း အိပ်ရာထဲမှာပဲ လှဲမနေပါနဲ့… သင့်တော်တဲ့ လှုပ်ရှားမှုမျိုး လုပ်ပေးတာက နောင်တစ်ချိန် ကလေးမွေးတဲ့အခါမှာ အထောက်အကူ ဖြစ် စေမှာပါ..."
"ကျွန်မ ထောက်ခံစာ တစ်စောင် ရေးပေးလိုက်မယ်… အဲ့ဒါကို ယူပြီး ထောက် ပံ့ရေးနှင့် အရောင်းသမဝါယမဆိုင်မှာ အာဟာရဖြည့်စွက်စာတွေ သွားဝယ်လို့ ရပါတယ်… ပြေစာ မလိုပါဘူး..."
ဆရာဝန်မကြီးက ဘောပင်ကို ယူ၍ ဆေးမှတ်တမ်းစာအုပ်ပေါ်တွင် အမြန် ရေးခြစ်လိုက်ပြီးနောက် ကျိုးချန်ယဲ့ထံသို့ ကမ်းပေးလိုက်လေ၏။
"ကျေးဇူးတင်ပါတယ် ဆရာမ..."
ကျိုးချန်ယဲ့က ထောက်ခံစာကို ယူရင်း ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
"ဒါနဲ့... ကိုယ်ဝန်ဆောင် မိခင်ရဲ့ အခြေအနေအရ တစ်လ ဒါမှမဟုတ် နှစ်လ တစ်ကြိမ်လောက် ဆေးရုံကို စစ်ဆေးဖို့ လာသင့်တယ်… ကလေးမွေးရင် လည်း ဆေးရုံမှာပဲ မွေးတာ အကောင်းဆုံးပါပဲ..." ဟု ဆရာဝန်မကြီးက အကြံ ပြုလိုက်လေ၏။
"ဟုတ်ကဲ့ ဆရာမ... ကျွန်တော်တို့ သေချာပေါက် လာပါ့မယ်..."
ကျိုးချန်ယဲ့က ချက်ချင်းပင် ကတိပေးလိုက်လေသည်။
ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာကို ဆေးရုံပြင်ပသို့ ဂရုတစိုက် တွဲခေါ်လာခဲ့ပြီး မေးလိုက်လေသည်...။
"ရှောင်ယာ... နေလို့ မကောင်းဘူးလား..."
"အာယဲ့... ရပါတယ်... စိတ်မပူပါနဲ့... ကျွန်မ ဘာမှမဖြစ်ပါဘူး..."
သို့သော် သူမ စကားပြောပြီးသည်နှင့် မျက်ဝန်းများမှာ နီမြန်းသွားခဲ့လေ၏။
"ဒါပေမဲ့... အာယဲ့... တောင်းပန်ပါတယ်... ကျွန်မ ကလေးကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ဘူး..."
ထျန်ရှောင်ယာ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာကာ အပြစ်မကင်း သကဲ့သို့ ခံစားချက်ဖြင့် ပြောရင်း စကားသံများမှာ တစ်ဆို့နေခဲ့ပေသည်။
ကျိုးချန်ယဲ့က သူမ၏လက်ကို ဆုပ်ကိုင်ကာ ညင်သာစွာ ပြောလိုက်လေသည်။
"ကဲ... မငိုပါနဲ့တော့… ခဏခဏ ငိုရင် ရုပ်ဆိုးသွားလိမ့်မယ်… မင်း ငိုနေရင် ကလေးလည်း ပျော်မှာ မဟုတ်ဘူးလေ..."
စကားပြောရင်း ၎င်းတို့နှစ်ဦးသည် ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမ ဆိုင်ဆီသို့ ဦးတည်လိုက်ကြလေသည်။
သမဝါယမဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ကြီးမားသော အနီရောင် စာတန်းများ မှာ မျက်စိထဲသို့ ချက်ချင်း ဝင်လာခဲ့ပေသည်။
"ပြည်သူ့အတွက် အလုပ်အကျွေးပြုပါ" "ဝယ်ယူသူများကို မစော်ကားရ" ...
ကျိုးချန်ယဲ့က ထျန်ရှောင်ယာကို အစားအစာ ရောင်းချသော ကောင်တာသို့ ခေါ် သွားလိုက်လေသည်...။
"နေကောင်းလား ရဲဘော်... ကျွန်တော့်ကို နို့မှုန့်တစ်ဘူး၊ ယုန်ဖြူနို့သကြားလုံး တစ်ကျင်နဲ့ သကြားအညို နှစ်ကျင်လောက် ပေးပါဦး..."
"နေကောင်းလား ရဲဘော်..."
အရောင်းဝန်ထမ်းက ကျိုးချန်ယဲ့နှင့် ထျန်ရှောင်ယာ၏ ဝတ်စုံကို ကြည့်ကာ မပေါ့ဆရဲဘဲ ယဉ်ကျေးစွာ ပြောလိုက်လေသည်...။
"နို့မှုန့်က အကန့်အသတ်နဲ့ပဲ ရောင်းတာမို့ ဝယ်ယူဖို့အတွက် လုပ်ငန်းခွင် ဒါမှ မဟုတ် ဆေးရုံက ထောက်ခံစာ ပြဖို့ လိုအပ်ပါတယ်..."
"ကျွန်တော့်မှာ ပါပါတယ်..."
ကျိုးချန်ယဲ့က ဆရာဝန်မကြီး ပေးလိုက်သော ထောက်ခံစာကို ထုတ်ယူကာ ကမ်းပေးလိုက်လေသည်။
"ကောင်းပါပြီ... အခုပဲ ထုတ်ပေးပါ့မယ်..."
အရာအားလုံး မှန်ကန်ကြောင်း စစ်ဆေးပြီးနောက် အရောင်းဝန်ထမ်းသည် သူ တို့ လိုချင်သော ပစ္စည်းများကို တစ်ခုချင်းစီ စတင် ထုပ်ပိုးပေးလိုက်လေတော့ သည်။
"ရဲဘော်... အားလုံးပေါင်း (၁၈) ယွမ်နဲ့ အပြား (၈၀) ကျပါမယ်… ပြီးတော့ သကြားကူပွန် (၃) ကျင်းစာလည်း လိုပါတယ်..."
ထို့နောက် ထုပ်ပိုးပြီးသော ပစ္စည်းများကို ကမ်းပေးလိုက်လေ၏။
ကျိုးချန်ယဲ့က ငွေများကို ယူ၍ အရောင်းဝန်ထမ်းထံ ပေးလိုက်လေသည်။
ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပုံမှန်အားဖြင့် အသား ရောင်းလေ့ရှိသော အသားကောင်တာမှာ အလွတ်ကြီး ဖြစ်နေသည်ကို တွေ့ လိုက်ရလေသည်။
မှန်ပေသည်။ ယခုမှာ မွန်းလွဲပိုင်း ရောက်နေပြီ ဖြစ်လေသည်။ ထိုခေတ်ကာလ တွင် ပစ္စည်းများ ရှားပါးလှသဖြင့် အသားဆိုလျှင် နံနက်ပိုင်း ဆိုင်ဖွင့်သည်နှင့် ကုန်သွားလေ့ရှိပေသည်။ ဝယ်ယူနိုင်သူများမှာ စောစောစီးစီး ရောက်ရှိလာကြ သော ကံကောင်းသူများသာ ဖြစ်ကြလေသည်။