← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁) မှောင်ခိုဈေးသို့ ပထမဆုံး ခြေလှမ်းလှမ်းခြင်း (၁)

ထျန်ရှောင်ယာသည် ကျိုးချန်ယဲ့ အသားရောင်းချရာ ကောင်တာဘက်သို့ လှမ်းကြည့်နေသည်ကို မြင် လိုက်ရသောအခါ သူ အသားဝယ်ချင်နေသည်ကို ရိပ်မိလိုက်လေ၏။

ထို့ကြောင့် သူမက သူ၏ အင်္ကျီလက်ကို လက်ချောင်းလေးများဖြင့် ညင်သာ စွာ ဆွဲလိုက်လေသည်...။

"အာယဲ့… အခုက မွန်းလွဲနေပြီဆိုတော့ ထောက်ပံ့ရေးနှင့် အရောင်းသမဝါယ မဆိုင်က အသားတွေ ရောင်းကုန်သွားတာ ကြာပြီပေါ့..."

"ရွာကလူတွေက မိုးမလင်းခင်ကတည်းက တန်းစီပြီး ဝယ်ကြတာလေ… နောက်ကျမှသွားရင် ဆီတစ် စက်တောင် ရလိုက်မှာ မဟုတ်ဘူး..."

ထိုသို့ပြောပြီးနောက် သူမသည် ကျိုးချန်ယဲ့၏ မျက်နှာအမူအရာကို တိတ်တ ဆိတ် အကဲခတ်လိုက်လေ သည်။ သူ စိတ်ဆိုးသွားဟန် မရှိသည်ကို မြင်သော အခါ သူမက နှုတ်ခမ်းကိုစူကာ သတိထားလျက် အနီး သို့ တိုးကပ်သွားခဲ့ လိုက်လေသည်။

သူမ၏ အသံလေးမှာ တိုးညင်းပြီး ဖားယားချင်သည့်ဟန် ပါနေခဲ့ပေသည်...။

"ရှင် အသားစားချင်တယ်ဆိုရင် မနက်ဖြန်ကျမှ အစ်ကိုကြီးကို ကွန်မြူနစ်မှာ သွားဝယ်ခိုင်းလိုက်မယ် လေ..."

ထိုသို့ပြောပြီးနောက် သူမသည် ခေါင်းညိတ်လိုက်ကာ မည်သို့ပင်ဖြစ်စေ သူ သည် မိမိ၏ အစ်ကိုကြီးသာ ဖြစ်၍ သူ့အား အလုပ်တစ်ခုခု ခိုင်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်ဟု စိတ်ထဲမှ တွေးလိုက်လေ၏။

"စိတ်မပူပါနဲ့… ဒီကိစ္စအတွက် မင်းအစ်ကိုကြီးကို ဒုက္ခပေးစရာ မလိုပါဘူး …ကိုယ့်ဘာသာ နည်းလမ်းရှာ လိုက်ပါ့မယ်..."

ကျိုးချန်ယဲ့က သဘောကျစွာဖြင့် သူမ၏လက်ကို ပုတ်လိုက်ပြီး သူ၏မျက်နှာ ပေါ်တွင်လည်း မတတ် သာသည့် အမူအရာများ ဖြင့် ပြည့်နှက်နေခဲ့လေ သည်။

"ကိုယ် ပြန်လာမယ်ဆိုတာကို သိလို့ အတန်းဖော်တစ်ယောက်က သူ့အစ်ကိုဆီ ပစ္စည်းတစ်ခု သွားပို့ပေးဖို့ အကူအညီတောင်းထားတာ ရှိတယ်..."

"သူ့အစ်ကိုက ကိုယ်တို့ခရိုင်က အသားထုတ်လုပ်ရေးစက်ရုံမှာ အလုပ်လုပ် တာလေ… မထွက်လာခင် တုန်းက အကူအညီလိုရင် သူ့ဆီသာ တန်းသွားဖို့ ကိုယ့်ကို သေချာ မှာထားခဲ့တယ်..."

ထိုသို့ပြောရင်း သူသည် ထျန်ရှောင်ယာအား ထောက်ပံ့ရေးနှင့် အရောင်း သမ ဝါယမဆိုင် အဝင်ဝဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။

အဝင်ဝရှိ နံရံထောင့်တွင် ချောမွတ်နေသော သစ်သားငုတ်တိုင် အနည်းငယ်ကို ချထားလေ၏။ ၎င်းတို့၏ အရောင်အဆင်းကို ကြည့်ခြင်းအားဖြင့် ထိုနေရာ တွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ် ကြောင်း သိနိုင်ပေ သည်။

တစ်စုံတစ်ယောက်က ထိုနေရာ၌ ပေါ့ပေါ့တန်တန် ချထားခဲ့ခြင်း ဖြစ်နိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ အနီးအနားရှိ လူများ အနားယူရန် အသင့်သုံး ခုံတစ်ခုံ ဖြစ်လာခဲ့ပုံပေါ်လေသည်။

သူက ထျန်ရှောင်ယာ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်လေသည်...။

"ဒီနေရာမှာပဲ ခဏလောက် ထိုင်ပြီး နားနေလိုက်နော်… ဘယ်မှ လျှောက်မသွား နဲ့..."

"သူ့အစ်ကိုကို ရှာဖို့ အသားထုတ်လုပ်ရေးစက်ရုံကို ကိုယ် သွားလိုက်ဦးမယ်… အကြာဆုံး တစ်နာရီ အတွင်း ပြန်လာခဲ့မယ်..."

ထိုသို့ပြောပြီးသည်နှင့် သူသည် လှည့်၍ ထောက်ပံ့ရေးနှင့် အရောင်းသမဝါ ယမဆိုင်ထဲသို့ ဝင်သွားခဲ့လေ သည်။ တစ်မိနစ်ပင် မကြာလိုက်ဘဲ သူ ပြန် ထွက်လာခဲ့ပြီး ဤတစ်ကြိမ်တွင်မူ သူ၏လက်ထဲ၌ ဆိုဒါ တစ်ပုလင်းကို ကိုင် ဆောင်ထားခဲ့လေသည်။

ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူမ၏ ဆံပင်များကို ဖွလိုက် ပြီး ဆိုဒါပုလင်းကို ကမ်းပေးလိုက်လေသည်...။

"မင်း ဒီနေရာမှာ လိမ်လိမ်မာမာနဲ့ ဆိုဒါသောက်ပြီး ကိုယ်ပြန်လာမယ့်အချိန်ကို စောင့်နေနော်..."

"ဟုတ်ကဲ့..."

ထျန်ရှောင်ယာက လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ စိတ် ထဲတွင်မူ သူက မိမိအား သုံးနှစ်အရွယ် ကလေးဟုများ ထင်နေသလောဟုပင် တွေးမိနေခဲ့လေသည်။

ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမဆိုင်မှ ထွက်ခွာလာခဲ့ပြီးနောက် ကျိုးချန်ယဲ့သည် အသားထုတ်လုပ် ရေးစက်ရုံ ဆိုသည့်နေရာသို့ မသွားဘဲ လမ်းကြားငယ်လေးတစ်ခုထဲသို့ ကွေ့ဝင်သွားခဲ့လေသည်။

မကြာမီမှာပင် သူသည် ဝါးခြင်းတောင်းတစ်လုံးကို ဆွဲလျက် လမ်းကြားထဲမှ ပြန်ထွက်လာခဲ့ပြီး သူ၏ အသစ်စက်စက် အဝတ်အစားများ နေရာတွင် ဖာရာ များစွာ ပါရှိသော အင်္ကျီအဟောင်းတစ်ထည်ဖြင့် အစားထိုး ပြောင်းလဲ ဝတ်ဆင်ထားခဲ့လိုက်လေသည်။

သူသည် ဘေးဘီဝဲယာသို့ အကဲခတ်လိုက်ပြီးနောက် သူမှတ်မိနေသော မှောင်ခိုဈေးငယ်လေးတစ်ခုဆီသို့ ထွက်ခွာသွားခဲ့လေတော့သည်။

မီတာအနည်းငယ်ခန့် လျှောက်သွားပြီးနောက် မှောင်မိုက်သော လမ်းကြား လေးတစ်ခုထဲတွင် ဆေးလိပ် သောက်နေသည့် လူငယ်နှစ်ဦးကို တွေ့လိုက်ရ ပြီး သူတို့၏ မျက်လုံးများမှာ ပတ်ဝန်းကျင်ကို အကဲခတ် နေလျက်ရှိကြလေ သည်။ ကြည့်ရသည်မှာ သူတို့သည် ဤမှောင်ခိုဈေး၌ ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကို တာဝန်ယူထားရသူများ ဖြစ်ပုံရပေသည်။

သူသည် ၎င်းတို့အနီးသို့ သဘာဝကျကျ လျှောက်သွားလိုက်ရာ ကြမ်းတမ်း သော ရုပ်ရည်ရှိသည့် တောင့်တင်းခိုင်မာသော အမျိုးသားတစ်ဦးက မေးလာခဲ့ လေသည်...။

"ဝယ်မှာလား၊ ရောင်းမှာလား..."

"ပစ္စည်းရောင်းမလို့ပါ..."

ကျိုးချန်ယဲ့မှာ စကားပြောဆိုရာတွင် အေးဆေးတည်ငြိမ်လျက် ရှိနေခဲ့လေ သည်။

ထိုအမျိုးသားက သူ၏ ဝါးခြင်းတောင်းထဲရှိ ကုန်ပစ္စည်းများကို လှမ်းကြည့် လိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွားခဲ့လေ၏။ ထိုအရာအားလုံး မှာ ပစ္စည်းကောင်းများချည်းသာ ဖြစ်နေခဲ့ပေသည်။

"မဆိုးပါဘူး... ဒါတွေအကုန်လုံးက အရောင်းသွက်မယ့် ပစ္စည်းတွေချည်းပဲ... မင်းက မျက်နှာစိမ်းပါလား… ဒီနေရာကို ပထမဆုံးအကြိမ် လာတာလား..."

"နေရာခက ဆင့်နှစ်ဆယ် ပေးရမယ်... တကယ်လို့ မင်းဆီမှာ ငွေမပါဘူး ဆိုရင်လည်း အရင်ဝင်သွား လိုက်ပါ… ပစ္စည်းတွေ ရောင်းကုန်မှပဲ ငါ လာ ကောက်တော့မယ်..."

ဆင့်နှစ်ဆယ်ဆိုသည်မှာ မများပြားလှသော်လည်း ထိုငွေကိုပင် မတတ်နိုင် သော ဆင်းရဲသားများစွာ ရှိနေသေးသည်ပင်။

ထို့ကြောင့် မှောင်ခိုဈေးသည်လည်း အလွန် လူသားဆန်လှပြီး ဖောက်သည် များအား ၎င်းတို့၏ ကုန် ပစ္စည်းများကို အရင်ရောင်းချခွင့်ပြုကာ နောက်မှသာ ဈေးကောက်ခကို ပေးဆောင်စေခြင်း ဖြစ်လေ သည်။

မည်သို့ပင်ဆိုစေကာမူ ဤမျှကြီးမားသော ဈေးကြီးတစ်ခုတွင် စည်းကမ်းထိန်း သိမ်းရန်နှင့် စောင့်ကြည့် ရန် လူတစ်ဦး လိုအပ်ပေသည်။ ငွေကြေးအနည်းငယ် မကောက်ခံဘဲ ဆက်လက်လုပ်ကိုင်ရန်မှာ မဖြစ် နိုင်ပေ။

ကျိုးချန်ယဲ့က ငွေကို အသင့်ပေးချေလိုက်ပြီး တောင့်တင်းခိုင်မာသော အမျိုး သားမှာ ငွေလက်ခံရရှိပြီး နောက် ကျေနပ်စွာ ခေါင်းညိတ်ပြကာ သူ့အား ဝင် ခွင့်ပြုလိုက်လေသည်။

ကျိုးချန်ယဲ့သည် ပစ္စည်းများကို ရောင်းချရန် အလျင်စလို မလုပ်ခဲ့ပေ။ သူ သည် ဦးစွာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ဈေးနှုန်းများကို စုံစမ်းစစ် ဆေးလိုက်လေသည်။

လက်ရှိ မှောင်ခိုဈေးတွင် ဆန်တစ်ကျင်လျှင် တစ်ဒသမငါး ယွမ်၊ ဂျုံမှုန့် အကောင်းစားတစ်ကျင်းလျှင် တစ်ဒသမသုံး ယွမ်၊ ပြောင်းဖူးမှုန့်တစ်ကျင်း လျှင် သုညဒသမရှစ် ယွမ်ရှိပြီး အာလူးနှင့် ကန်စွန်းဥ ကဲ့သို့သော အကြမ်းစား ကောက်နှံများမှာ တစ်ကျင်လျှင် သုညဒသမလေး ယွမ် ရှိလေသည်။

ဝက်သားမှာ တစ်ကျင်းလျှင် နှစ်ယွမ်ရှိပြီး ၎င်းမှာပင် လူကြိုက်နည်းသော အ သားများသာ ဖြစ်ပေသည်။ ဝက်သုံးထပ်သားနှင့် အခြား အလားတူ အသား များမှာမူ တန်ဖိုးဖြတ်၍ပင် မရနိုင်ချေ။

ကျိုးချန်ယဲ့သည် အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားသဖြင့် လွတ်နေသော နေရာတစ်ခုကို ရှာကာ ဆောင့်ကြောင့်ထိုင်ချလိုက်လေ၏။

ပထမဆုံး ရောက်လာသူမှာ ခါးကိုင်းနေသော အဘွားအိုတစ်ဦး ဖြစ်လေသည်။ သူမသည် အပြာရင့် ရောင် အဝတ်အိတ်တစ်လုံးကို သယ်ဆောင်လာပြီး သူမ ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို တိတ်တ ဆိတ် အကဲခတ်နေခဲ့လေသည်။ သူမကို ကြည့်ရသည်မှာ အလွန်ပါးနပ်မည့်ပုံပင်။

"လူငယ်လေး… မင်း ဒီနေရာမှာ ဘာကောက်နှံတွေ ရောင်းနေတာလဲ..."

အဘွားအိုက ကျိုးချန်ယဲ့၏ ဈေးဆိုင်ရှေ့တွင် ရပ်တန့်လိုက်ပြီး သူ၏ ခြေရင်းရှိ ဝါးခြင်းတောင်းကို လက်ညှိုးထိုးကာ မေးလိုက်လေသည်။

"ဆန်ရယ်၊ ဂျုံမှုန့်အကောင်းစားရယ်၊ ဝက်သားရယ် ရောင်းပါတယ်..."

လူတိုင်းက အလွန် သတိထားနေကြသဖြင့် ကျိုးချန်ယဲ့သည် ဝါးခြင်းတောင်း ကို သူ၏သဘောဖြင့် အလျင်စလို ဖွင့်ပြခဲ့ခြင်းမရှိပေ။

သူသည် ဘေးပတ်ဝန်းကျင်ရှိ အခြား ဈေးသည်များကို အကဲခတ်ကြည့်ရာ ၎င်းတို့အားလုံးမှာ မိမိ တို့ထံတွင် ရှိသောပစ္စည်းများကိုသာ ပြောပြကြပြီး အခြားတစ်ဖက်လူက မည်သည့်ပစ္စည်းကို ဝယ်ယူ လိုကြောင်း ပြောပြီးမှသာ ခြင်းတောင်းထဲမှ ထုတ်ပေးကြသည်ကို မြင်တွေ့ခဲ့ရသောကြောင့်ဖြစ်လေ သည်။

လုပ်ငန်းစဉ်တစ်ခုလုံးတွင် သူ၏ထံ၌ ပစ္စည်းမည်မျှ ကျန်ရှိနေသေးကြောင်းကို မည်သူမျှ မမြင်တွေ့ခဲ့ ရချေ။

ထိုစကားကို ကြားလိုက်ရသောအခါ အဘွားအို၏ မျက်လုံးများ အရောင်လက် သွားခဲ့လေ၏။ ဆန်နှင့် ဂျုံမှုန့်အကောင်းစား ရှိနေခြင်းက တစ်ပိုင်းဖြစ်သော် လည်း သူ၏ ဈေးဆိုင်ငယ်လေးတွင် ဝက်သားပင် ရှိနေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

သို့ရာတွင် သူမ၌ ငွေအနည်းငယ်သာ ပါလာသည်ကို စဉ်းစားမိသွားကာ အဘွားအိုသည် ဝက်သားနှင့် ပတ်သက်၍ ဆက်မမေးတော့ဘဲ နေလိုက် လေတော့သည်။

မည်သို့ပင်ဖြစ်စေ ဝဝလင်လင် စားနိုင်ရန်ကသာ အရေးအကြီးဆုံး ဖြစ်ပေ သည်။ ယခုအချိန်မှာ အစားအ သောက်များကို စိတ်ကြိုက် စားသုံးနေရမည့် အချိန်မဟုတ်ပေ။

"မင်းရဲ့ဆန်က ဘယ်ဈေးလဲ... အရည်အသွေးကို နည်းနည်းလောက် ကြည့်ပါရ စေ..."

အဘွားအိုက ကျိုးချန်ယဲ့ကို ကြည့်ကာ ဈေးနှုန်းကို မေးမြန်းလိုက်လေသည်။

သူမသည် ဆိုင်အချို့တွင် စုံစမ်းကြည့်ခဲ့ရာ ဆန်ဈေးမှာ တစ်ဒသမငါး ယွမ်၊ တစ်ဒသမလေး ယွမ်ရှိပြီး အရည်အသွေးညံ့သော ဆန်အချို့ကိုမူ တစ်ဒသမ နှစ် ယွမ်ဖြင့်ပင် ရောင်းချနေခဲ့ကြလေသည်။

ကျိုးချန်ယဲ့သည် ဝါးခြင်းတောင်းကို ဖုံးအုပ်ထားသော အဝတ်ကို အနည်းငယ် မတင်လိုက်ပြီး အတွင်းသို့ လက်နှိုက်ကာ ဆန်လက်တစ်ဆုပ်ခန့်ကို ယူထုတ် လိုက်လေသည်။

"တစ်ကျင်းကို တစ်ယွမ်နဲ့ ဆင့်ငါးဆယ်ပါ... ဈေးဆစ်လို့ မရပါဘူး... အဘွား၊ ကျွန်တော့်ဆန်ရဲ့ အရည် အသွေးကို ကြည့်လိုက်ပါဦး… မကောင်းဘူးလား..."

ကျိုးချန်ယဲ့၏ လက်ထဲရှိ ဆန်များမှာ အလွန်တရာ ကြည်လင်နေပြီး ဖြူဖွေး သန့်စင်နေသည်ကို မြင် လိုက်ရသောအခါ အဘွားအိုမှာ အံ့ဩသွားခဲ့လေ၏။ ၎င်းမှာ အကောင်းဆုံးများထဲမှ အကောင်းဆုံး ဖြစ်နေပေတော့သည်။

"မင်းဆီမှာ အချိန်ဘယ်လောက်ရှိလဲ..."

"အဘွား ဘယ်နှစ်ကျင်းလောက် လိုချင်လို့လဲ..."

ကျိုးချန်ယဲ့မှာ သတိထားနေဆဲဖြစ်ကာ အရေအတွက်ကို ထုတ်မပြောခဲ့ပေ။ ဘေးပတ်ဝန်းကျင်ရှိ အခြား ဈေးသည်များလည်း ထိုနည်းတူပင် ပြုလုပ်ကြ သည်ကို သူ သတိထားမိခဲ့လေသည်။

"ကျင်းသုံးဆယ် လိုချင်တယ်..."

အဘွားအိုက လက်သုံးချောင်း ထောင်ပြကာ သူ၏အနားသို့ကပ်၍ တိုးတိုး လေး ပြောလိုက်လေသည်။

ကျိုးချန်ယဲ့က အသင့်သဘောတူလိုက်လေသည်...။

"ကောင်းပါပြီ… ဒါဆိုရင် အဘွားဆီမှာ ရိက္ခာကူပွန်တွေရော ပါရဲ့လား..."

အမှန်တကယ်တော့ သူသည် ရိက္ခာကူပွန်များကို သိပ်မလိုအပ်လှသော်လည်း အခြားလူတိုင်းက တောင်း ခံနေကြသည်ဖြစ်ရာ သူကသာမယူလျှင် အနည်း ငယ် ထူးဆန်းနေလိမ့်မည် ဖြစ်ပေသည်။

"စုစုပေါင်း လေးဆယ့်ငါးယွမ် ကျပါမယ်... စားသောက်ကုန်ကူပွန် ဆယ်ကျင်း စာလောက်လည်း ပေးလို့ ရပါတယ်..."

ကျိုးချန်ယဲ့က ပြောလိုက်ရာ အဘွားအိုက သူမ၏ အဝတ်အိတ်ထဲမှ အကြွေ စေ့ အနည်းငယ်နှင့် စားသောက်ကုန်ကူပွန် တစ်ထပ်ကို ထုတ်ယူပေးလိုက်လေ သည်။

ကျိုးချန်ယဲ့က ငွေကို လက်ခံယူလိုက်ပြီးနောက် ဆန်ကျင်းသုံးဆယ် ပါဝင် သော အဝတ်အိတ်ကို သူမ ထံသို့ ကမ်းပေးလိုက်လေသည်။

"ဒါတွေ အကုန် ချိန်တွယ်ပြီးသားပါ... အဘွားဘာသာ ချိန်ကြည့်လို့လည်း ရပါ တယ်၊ တကယ်လို့ မသေ ချာဘူးထင်ရင်လည်း ဟိုဘက်က ချိန်ခွင်ဆီသွားပြီး ချိန်ကြည့်လို့ ရပါတယ်..."

ဤပစ္စည်းများအားလုံးကို သူ၏ စနစ်နေရာလွတ်ရှိ အီလက်ထရောနစ် ချိန်ခွင်ကို အသုံးပြု၍ ကြိုတင် ချိန်တွယ်ထားခဲ့ခြင်း ဖြစ်လေသည်။

ကျိုးချန်ယဲ့တွင် ထိုသို့သော ချိန်ခွင်ငယ်မျိုး မရှိဘဲ ကုန်တိုက်ကြီး များနှင့် စူပါ မားကတ်များမှ အီလက်ထရောနစ် ချိန်ခွင်များသာ ရှိလေသည်။

သို့ရာတွင် မှောင်ခိုဈေး၌ ပစ္စည်းများကို သီးသန့်ချိန်တွယ်ပေးသူများ ရှိနေခဲ့ပေ သည်။ ၎င်းတို့မှာ ဈေး ကောက်ခ ပေးဆောင်ထားရပြီး ၎င်းကိုပင် ချိန်ခွင် ငှားရမ်းခအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်လေ၏။

အဘွားအိုက ဆန်ကို လှမ်းယူကာ လက်ထဲတွင် အကဲဆတ် ချိန်ဆကြည့် လိုက်ပြီးနောက် အပြုံးတစ်ပွင့် ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

အလေးချိန် မှန်ကန်နေရုံသာမက ကျင်သုံးဆယ်ထက်ပင် အနည်းငယ် ပိုနေ သေးသည် မဟုတ်ပါလော။

"မှန်ပါတယ်... အဘွား အိမ်ပြန်တော့မယ်..."

ဆန်ကျင်သုံးဆယ်ကို လက်ဗလာဖြင့် သွားနေသကဲ့သို့ ပေါ့ပါးစွာ သယ်ဆောင် သွားပြီး အလွန်မြန်ဆန် သော နှုန်းဖြင့် လျှောက်သွားနေသည့် အဘွားအိုကို ကြည့်ရင်း ကျိုးချန်ယဲ့မှာ သူမအား များစွာ မလေး စားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

အမှန်တကယ်ပင် သက်ကြီးရွယ်အိုများ၏ စွမ်းအားကို လျှော့တွက်၍ မရ နိုင်ပေ။

ကျိုးချန်ယဲ့သည် ရရှိလာသော ငွေများနှင့် ငွေစက္ကူများကို သူ၏ အိတ်ကပ် ထဲသို့ ထည့်လိုက်သော်လည်း အမှန်တကယ်တွင်မူ သူ၏ စနစ်နေရာလွတ်ထဲ သို့ ထည့်သိမ်းလိုက်ခြင်း ဖြစ်လေသည်။ အခြား မည် သည့်နေရာကမျှ သူ၏ စနစ်နေရာလွတ်လောက် လုံခြုံမှု မရှိနိုင်ချေ။

ထို့နောက် သူသည် ဝါးခြင်းတောင်းပေါ်ရှိ အဝတ်ကို မတင်လိုက်ပြီး သူ၏ စနစ်နေရာလွတ်ထဲမှ နောက်ထပ် ဆန်ကျင်းနှစ်ဆယ်ကို ထပ်မံ ထည့်လိုက် လေသည်။

ဤတစ်ကြိမ်တွင် သူ ပေါ့ဆသွားခဲ့လေ၏။ ဤမှောင်ခိုဈေးငယ်လေးရှိ လူများ တွင် ဤမျှ ဝယ်ယူနိုင်စွမ်း အား ကြီးမားနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ ချေ။ ထို့ကြောင့် သူ ပစ္စည်းများ ထပ်ဖြည့်ရန် လိုအပ် နေခဲ့ပေတော့သည်။

သို့သော်လည်း သူ ယနေ့ ရောက်လာချိန်တွင် ကင်းစောင့်နေသော တောင့် တင်းခိုင်မာသည့် အမျိုးသား က သူ၏ ခြင်းတောင်းထဲ၌ ဘာတွေပါသည်ကို မြင်ထားပြီးဖြစ်ရာ သံသယဖြစ်ခံရမည်ကို စိုးရိမ်သဖြင့် များများစားစား ထပ်မထည့်ရဲခဲ့ချေ။

ကျိုးချန်ယဲ့၏ ပစ္စည်းများမှာ အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းများမှာ လည်း သင့်တင့်မျှတလှ သဖြင့် မကြာမီမှာပင် လူအနည်းငယ် ထပ်မံရောက်ရှိ လာခဲ့ကြကာ လာရောက်စုံစမ်းခဲ့ကြပြီး သူ၏ ခြင်းတောင်းထဲရှိ အရာအားလုံး ကို လျင်မြန်စွာပင် ဝယ်ယူသွားကြလေတော့သည်။

All Chapters