← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း (၂၃) ဘဏ်စာအုပ်

ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမဆိုင်သို့ ကျိုးချန်ယဲ့ ရောက်ရှိလာသော အခါ အဝင်ဝရှိ သစ်သား ငုတ်တိုင်တွင် ထိုင်နေသော သူ၏ဇနီးဖြစ်သူကို အဝေးမှပင် လှမ်းမြင်လိုက်ရလေသည်။

သူမသည် မေးစေ့ကို လက်ဖြင့်ထောက်ကာ ဒူးပေါ်တွင် တံတောင်ဆစ်များကို တင်ထားပြီး ခေါင်းလေး ကို အနည်းငယ် ငုံ့ထားလျက် ပိုင်ရှင်ဖြစ်သူ စွန့်ပစ် သွားသော ခွေးပေါက်စလေးတစ်ကောင်ကဲ့သို့ ညှိုး နွမ်းနေကာ မြင်ရသူအ ပေါင်း ရင်နာလောက်အောင် သနားစရာ ကောင်းနေခဲ့ပေသည်။

ထျန်ရှောင်ယာသည် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မျက်လုံးထောင့်မှနေ၍ လှမ်းမြင်လိုက်ရသောအခါ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်လေသည်။ သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက် သွားခဲ့ပြီး မတ်တတ် ရပ်ကာ ပြေးသွားရန် ကြိုးစားလိုက်လေသည်။

သို့ရာတွင် သူမ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခုကို ရုတ် တရက် သတိရသွားကာ ဝမ်းဗိုက်အောက်ပိုင်းကို လက်ဖြင့်ကိုင်လျက် ချက်ချင်း ရပ်တန့်သွားခဲ့လေသည်။

သူမသည် ထိုနေရာ၌ပင် ရပ်နေခဲ့ပြီး အနီးသို့ လျှောက်လာနေသော သူ့အား လွမ်းဆွတ်တောင့်တနေ သော မျက်ဝန်းများဖြင့် ကြည့်နေခဲ့ပေတော့သည်။

သို့သော်လည်း သူမ၏ ကြီးမားသော ဗာဒံစေ့ပုံစံ မျက်လုံးများထဲတွင် နာကြည်းဝမ်းနည်းမှုများ အပြည့် ဖြစ်နေခဲ့ပြီး နှာခေါင်းလေးမှာလည်း အနည်းငယ် နီရဲနေကာ နှုတ်ခမ်းကိုလည်း စူထားခဲ့လေသည်။

သူမ၏ ပခုံးများမှာ အနည်းငယ် လျော့ကျနေပြီး ထိုင်နေစဉ်ကထက်ပင် ပို၍ သနားစရာကောင်းနေခဲ့ပေ၏။

ကျိုးချန်ယဲ့သည် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ သူမရှိရာသို့ လျှောက်သွားလိုက်လေသည်။

"အကြာကြီး စောင့်လိုက်ရလား... ကိုယ်တောင်းပန်ပါတယ်..."

"ရှင် ကျွန်မကို ထပ်ပြီးထားခဲ့မှာ ကြောက်လို့ပါ..."

ထျန်ရှောင်ယာက ဝမ်းနည်းနေသော လေသံဖြင့် ပြောလိုက်လေသည်။

ကျိုးချန်ယဲ့က သူ၏ဇနီးဖြစ်သူအား ညင်သာစွာ ဖက်ထားလိုက်ပြီး သူမ၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်လေသည်...။

"မထားခဲ့ပါဘူး… မင်းကို ဘယ်တော့မှ ထပ်ပြီး မထားခဲ့တော့ပါဘူး..."

"အို... ဒီနေရာမှာ လူတွေ အများကြီးရှိနေတာကို..."

ထျန်ရှောင်ယာ၏ မျက်နှာမှာ နီရဲသွားခဲ့ပြီး သူ၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားလိုက်ရာ သူမ၏ နားရွက်လေးများပင် ပန်းရောင် သန်းသွားခဲ့လေတော့သည်။

"ဟားဟားဟား..."

သူ၏ ဇနီးဖြစ်သူ၏ ချစ်စရာကောင်းသော အမူအရာကို ကြည့်ရင်း လူမြင် ကွင်းတွင်သာ မဟုတ်ပါက သူမကို အမှန်တကယ်ပင် အနမ်းတစ်ပွင့် ပေး ချင်စိတ် ပေါက်သွားခဲ့ပေသည်။

*မွ... မွ... မွ...*

ကျိုးချန်ယဲ့နှင့် ထျန်ရှောင်ယာတို့ ဗစ်ထရီ တပ်ဖွဲ့သို့ ပြန်ရောက်သောအခါ မှောင်စပျိုးနေပြီ ဖြစ်လေသည်။

၎င်းတို့နှစ်ဦး စက်ဘီးစီးကာ အိမ်တံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် နံရံဘေးတွင် ကစားနေကြသော ကလေးများကို မြင်လိုက်ရလေ၏။

"ကလင်... ကလင်..."

အသံကြားသောအခါ ကလေးအချို့က လှည့်ကြည့်လာကြပြီး ၎င်းတို့၏ ကစားစရာများကို ချက်ချင်းပစ်ချကာ အနားသို့ ဝိုင်းအုံလာကြလေသည်။

ကလေးအချို့က ထျန်ရှောင်ယာ၏ အဝတ်အစားများကို ဆွဲထားကြပြီး အချို့ က စက်ဘီးနောက်ခန်းကို ကိုင်ထားကာ အချို့ကမူ ကျိုးချန်ယဲ့၏ စက်ဘီး လက်ကိုင်ကို တွယ်ဖက်လျက် မျက်နှာလေးများကို မော့ကာ ဆူညံစွာဖြင့် အော်ခေါ်လိုက်ကြလေသည်...

"အဒေါ်... ဦးလေး..."

ထျန်ရှောင်ယာသည် စက်ဘီးပေါ်မှ ဆင်းလိုက်ပြီး သူမ၏ ခြင်းတောင်းထဲမှ ယုန်ဖြူနို့သကြားလုံး လက်တစ်ဆုပ်ကို ယူကာ တစ်ယောက်လျှင် နှစ်လုံးစီ ဝေပေးလိုက်လေ၏။

"အစ်ကိုကြီး… ညီလေးညီမလေးတွေကို ခေါ်ပြီး တံခါးဝမှာပဲ ကစားကြ နော်... အရမ်းဝေးဝေးကို မသွားနဲ့... ညစာအတွက် အသားစားရမယ်..."

အငယ်ဆုံးလေးဖြစ်သော ထင်ထင်သည် အသားစားရမည်ဟု ကြားလိုက် ရသောအခါ သူမ၏ မျက်လုံးလေးများမှာ ချက်ချင်းပင် အရောင်လက်သွား ခဲ့လေသည်။ သူမက ထျန်ရှောင်ယာ၏ စကတ်စကို ဆွဲခါလိုက်ပြီး တိုးညင်း သော အသံလေးဖြင့် ပြောလာခဲ့လေသည်...။

"အဒေါ်…သမီး အဆီများတဲ့အသား စားချင်တယ်..."

ထျန်ရှောင်ယာက ပြုံးလျက် သူမ၏ ဆံပင်များကို ဖွလိုက်လေသည်...။

"အေးပါကွယ်… ဒီည အဒေါ်လေး အဆီတုံးလေးတွေ ပိုပြီး ချက်ပေးပါ့မယ်..."

"ဟေး... မင်းတို့ ကလေးဆိုးလေးတွေ… မင်းတို့ အဒေါ်ကို ဒုက္ခမပေးကြနဲ့ တော့… သူတို့ကို အထဲဝင်ခွင့်ပေးလိုက်ဦး..."

အသံများကို ကြားပြီးနောက် ထျန်ရှောင်ယာ၏ မိခင်ဖြစ်သူ လီဟုန်မေသည် အိမ်မကြီးထဲမှ ထွက်လာခဲ့လေသည်။

ကျိုးချန်ယဲ့သည် သူ၏ ဇနီးဖြစ်သူအား လုံခြုံမှုရှိစေရန် သေချာစေလျက် သူ ၏ ဇနီးနှင့် ယောက္ခမဖြစ်သူတို့ အချင်းချင်း တွဲခေါ်သွားသည်ကို ကြည့်နေခဲ့ပြီး နောက် ခြေရင်းရှိ ဝါးခြင်းတောင်းကို ကောက်ကိုင်ကာ ၎င်းတို့၏နောက်မှ အိမ် မကြီးထဲသို့ လိုက်ဝင်သွားခဲ့လေတော့သည်။

သူသည် ဝါးခြင်းတောင်းကို စားပွဲထောင့်တွင် ချထားလိုက်ပြီး ကြိုတင်၍ သီးသန့် ထုပ်ပိုးထားသော မက်မွန်သီးကွတ်ကီး တစ်ကျင်ကို ထုတ်ယူလိုက် လေ၏။

ထိုအရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖယ်ချန်ထားခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းတို့ သည် ဤခရီးစဉ်အတွက် ကျေးရွာအတွင်းရေးမှူး၏ စက်ဘီးကို ငှားရမ်းခဲ့ရ သဖြင့် သင့်လျော်မှုရှိစေရန်အတွက် ကျေးဇူးဆပ်သည့်လက်ဆောင်တစ်ခု ပေးရမည် ဖြစ်လေသည်။

"အမေ… ရှောင်ယာ… ကျွန်တော် စက်ဘီးသွားပြန်ပေးလိုက်ဦးမယ်..."

သူသည် မက်မွန်သီးကွတ်ကီးကို ကိုင်ဆောင်ထားလျက် ပေါ့ပါးတည်ငြိမ်သော လေသံဖြင့် ပြောလိုက်ပြီးနောက် လှည့်ကာ တံခါးအပြင်သို့ ထွက်သွားခဲ့လေ သည်။

စက်ဘီး ပြန်ပေးပြီးနောက် ကျိုးချန်ယဲ့သည် အိမ်သို့ ခပ်သွက်သွက် လျှောက် ပြန်လာခဲ့လေသည်။

ခြံဝင်းထဲသို့ပင် မဝင်ရသေးမီ အိမ်ထဲမှ ဆူညံပွက်လောရိုက်နေသော အသံ များကို ကြားလိုက်ရသဖြင့် မိသားစုဝင်အားလုံး ပြန်ရောက်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။

ပြုတ်ထားသော အသား၏ မွှေးပျံ့သော ရနံ့သည် မီးဖိုချောင် ပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့် ပျံ့လွင့်လာကာ လတ်ဆတ်သော ကြက်သွန် မြိတ်နှင့် ဂျင်းရနံ့တို့နှင့် ရောနှောလျက် လူတစ်ယောက်၏ အစာအိမ်ကိုပင် နွေးထွေးသွားစေခဲ့လေသည်။

သူသည် တံခါးကို တွန်းဖွင့်ကာ ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အိမ်မကြီးထဲမှ ကြွေခွက်တစ်ခွက်ကို ကိုင်ကာ ထွက်လာသော တတိယအစ်ကို ထျန်အော်မိုရီနှင့် ဝင်တိုက်မိသွားခဲ့လေ၏။

ထျန်အော်မိုရီသည် သူ၏ ဇနီးဖြစ်သူနှင့်အတူ မြို့မှ ယခုလေးတင် ပြန်ရောက် လာခဲ့ခြင်း ဖြစ်လေသည်။ သူသည် အိမ်မကြီးထဲရှိ ပစ္စည်းများကို သတိထားမိ သွားပြီး ထိုအရာများကို သူ၏ ယောက်ဖဖြစ်သူက ပြန်လည်ယူဆောင်လာခဲ့ ကြောင်း သိရှိသွားသောအခါ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွား သည့် အရိပ်အယောင်တစ်ခု ထင်ရှားစွာ ဖြတ်ပြေးသွားခဲ့လေသည်။

သူသည် အကြမ်းစား အဝတ်အိတ်ထဲရှိ ဖြူဖွေးတောက်ပနေသော ဆန်နှင့် ဂျုံမှုန့်အကောင်းစားတို့ကို လှမ်းကြည့်လိုက်လေသည်။

ဤခေတ်ကာလများတွင် ရိက္ခာကူပွန်များ ရှိနေလျှင်ပင် ထိုအရာများကို ရရှိနိုင် မည်မဟုတ်ချေ။

တင်းရင်းသော အသားများပါရှိပြီး တောက်ပနေသော ထိုသိုးပေါင်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ၎င်းမှာ ထိပ်တန်းအရည်အသွေးရှိသော အသား ဖြစ်သည်မှာ ထင်ရှားလှပြီး လူအများစုမှာ စားရန်နေနေသာသာ မြင်တွေ့ရန် ပင် ခဲယဉ်းလှသောအရာ ဖြစ်ပေသည်။

ထျန်အော်မိုရီသည် စိတ်ထဲမှ စုတ်သပ်လိုက်လေ၏။

သူသည် မိမိ၏ ယောက်ဖဖြစ်သူမှာ အေးတိအေးစက်နိုင်ကာ ပျင်းရိလွန်းပြီး အရည်အချင်းမရှိသူတစ်ဦးဟု အမြဲတမ်း ထင်မြင်ထားခဲ့ခြင်း ဖြစ်ပေသည်။

ယခုကြည့်ရသည်မှာ သူသည် သူ့အား အထင်သေးမိခဲ့ပုံပေါ်လေသည်။ ဤမျှ ရှားပါးလှသော ပစ္စည်းများကို ရယူနိုင်စွမ်းရှိသော ကျိုးချန်ယဲ့မှာ သာမန်လူ တစ်ယောက် လုံးဝ မဟုတ်နိုင်ချေ။

"တတိယအစ်ကို..."

"အင်း... ချန်ယဲ့ ပြန်ရောက်ပြီလား... ညစာ မကြာခင် ရတော့မယ်၊ လက်ဆေး ပြီး စားဖို့ ပြင်ထားလိုက်ဦး..."

စားပွဲပေါ်တွင် အစားအသောက်များ အပြည့်အမောက် တင်ထားပြီး မွှေးပျံ့နေ သော ဝက်သားဟင်းမှာ တောက်ပကာ နူးညံ့နေသည်အထိ ချက်ပြုတ်ထား လေ၏။ အသားတုံးများကို တောက်ပသော အနီရောင် ဟင်းရည်က ဖုံးလွှမ်း ထားကာ မြင်ရုံဖြင့်ပင် သွားရည်ကျချင်စရာ ကောင်းနေခဲ့ပေသည်။

ဘေးရှိ ပဲကြာဆံနှင့် ဝက်သားရောချက်ထားသော ဂေါ်ဖီထုပ်ဟင်းမှာလည်း အငွေ့တထောင်းထောင်း ထနေခဲ့လေသည်။ ဟင်းရည်များ စိမ့်ဝင်နေသော ချောမွတ်သည့် ပဲပြားနှင့် ပဲကြာဆံများကြားတွင် ကြီးမားသော အဆီများသည့် အသားပြားများစွာကို မြှုပ်နှံထားပြီး မွှေးပျံ့သော ရနံ့မှာ မခံစားဘဲ မနေနိုင် လောက်အောင် ဖြစ်နေခဲ့ပေတော့သည်။

ထို့နောက် ထျန်ရှောင်ယာ၏ မိခင်က နောက်ထပ် ဟင်းပွဲနှစ်ပွဲကို ထပ်မံ ချပေး လိုက်လေ၏။

တစ်ပွဲမှာ သူမ၏ ကိုယ်ပိုင် ခြံဝင်းထဲမှ ခူးဆွတ်ထားသော ခရမ်းသီးများဖြင့် ပြုလုပ်ထားသည့် အသားစင်းကော ခရမ်းသီးဟင်း ဖြစ်လေသည်။ နူးညံ့သော ခရမ်းသီးများသည် အသား၏ ရနံ့ကို စုပ်ယူထားသဖြင့် အရသာရှိကာ စားချင် စရာ အလွန်ကောင်းနေခဲ့ပေသည်။

နောက်ထပ် ခရမ်းချဉ်သီးနှင့် ကြက်ဥကြော် ဟင်းတစ်ပွဲမှာလည်း အရောင် အသွေး တောက်ပနေပြီး ချိုချဉ်အရသာရှိသော ဟင်းရည်က ရွှေရောင်ကြက် ဥများကို ဖုံးလွှမ်းထားကာ ရနံ့သက်သက်ဖြင့်ပင် သွားရည်ကျစေရန် လုံ လောက်နေခဲ့လေသည်။

ကျန်ရှိနေသော အခြား သိုးပေါင်တစ်ချောင်းကိုမူ ထျန်ရှောင်ယာ၏ မိခင်က ဆားနယ်ထားလိုက်လေ၏။ ယနေ့အစောပိုင်းက ထျန်ရှောင်ယာ၏ မိခင် ပြော ခဲ့သော စကားကို ပြန်လည်အမှတ်ရမိလိုက်လေသည်...။

"ဘယ်လို မိသားစုမျိုးကများ တစ်နပ်တည်းနဲ့ အကုန်စားပစ်ရတာလဲ... မင်းတို့ က အလုပ်လုပ်ဖို့ရော မကြိုးစားကြတော့ဘူးလား..."

အမျိုးသမီးများကို ရန်သွားမစသင့်ကြောင်း ကျိုးချန်ယဲ့က ဆုံးဖြတ်ချက်ချ လိုက်လေတော့သည်။

သို့ရာတွင် သာမန်နေ့ရက်များ၌ တွေ့ရခဲသော ထမင်းတစ်အိုးလုံးကို ယနေ့တွင် ပေါင်းထားကာ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည်ကို မြင်တွေ့ရခြင်းက များစွာ နှစ်သိမ့်မှုဖြစ်စေခဲ့ပေသည်။

ထျန်ရှောင်ယာ၏ ဖခင်ဖြစ်သူမှာ ထူးထူးခြားခြား သဘောကောင်းနေပြီး ယခင်က ကျိုးချန်ယဲ့ ပေးထားခဲ့သော မောက်ထိုင်အရက် တစ်ပုလင်းကိုပင် ထုတ်ယူလာခဲ့လေသည်။

ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အရက်၏ ပြင်းရှသော ရနံ့က အခန်းတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့လေသည်။

"အရက်ကောင်းပဲ..."

ထျန်ရှောင်ယာ၏ ဖခင်က စားပွဲကို ပုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက် လေသည်။

ပြည့်စုံသော အရောင်အသွေး၊ ရနံ့၊ အရသာတို့နှင့် ပြည့်စုံနေသော ဤအရသာ ရှိသည့် ဟင်းပွဲများနှင့်အတူ အရက်ကောင်းများ ပါဝင်နေခြင်းက ယခင်နှစ် များက နှစ်သစ်ကူး ပွဲတော်များထက်ပင် ပို၍ ခမ်းနားနေကာ လူတိုင်း၏ ရင်ထဲ ကို နွေးထွေးသွားစေခဲ့ပေသည်။

အစာစားပြီးနောက် စားပွဲပေါ်ရှိ ပန်းကန်များနှင့် တူများကို မရှင်းလင်းရသေး မီ လူတိုင်းက သူတို့၏ ထိုင်ခုံများပေါ်တွင် နောက်သို့မှီချလိုက်ကြပြီး ၎င်းတို့ ၏ လက်များက စူထွက်နေသော ဝမ်းဗိုက်များပေါ်တွင် အလိုအလျောက် ရောက်ရှိသွားကာ ဖြည်းညင်းစွာ ပွတ်သပ်နေကြလျက် နှုတ်ခမ်းများပေါ်တွင် လည်း အပြုံးများ ကျန်ရစ်နေလျက်ရှိကြလေသည်။

အစ်ကိုအကြီးဆုံး ထျန်ချင်းမုသည် သူ၏ လက်များကို ပွတ်သပ်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်...။

"တော်တော် နေလို့ကောင်းသွားပြီ..."

ဒုတိယအစ်ကို ထျန်ချင်းလင်းက ဗိုက်ကို ပွတ်သပ်ရင်း ညည်းတွားလိုက်လေ သည်...။

"ငါတော့ လမ်းတောင် မလျှောက်နိုင်တော့လောက်အောင် ဗိုက်တင်းနေပြီ..."

ပုံမှန်အားဖြင့် အစေ့စပ်ဆုံးဖြစ်သော တတိယအစ်ကို ထျန်အော်မိုရီပင်လျှင် ဤအချိန်တွင် သူ၏ ခါးပတ်ကို လျှော့ချလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လည်း ကျေနပ်နေသော ပျင်းရိမှုများ အပြည့်ဖြစ်နေခဲ့လေတော့သည်။

အတန်ကြာ နားနေပြီးနောက် လူတိုင်းက ဝိုင်းဝန်းကူညီကာ ရှင်းလင်းရေး အလုပ်များကို ပြီးစီးအောင် လုပ်ဆောင်လိုက်ကြပြီး ၎င်းတို့၏ အခန်းအသီး သီးသို့ ပြန်လည် နားနေရန် ထွက်သွားကြလေတော့သည်။

ကျိုးချန်ယဲ့သည် ဗီရိုကိုဖွင့်ကာ သူ၏ ခရီးဆောင်အိတ်ကို ယူထုတ်လိုက်ပြီး ခရီးဆောင်အိတ်ကို ကွယ်၍ သူ၏ စနစ်နေရာလွတ်ထဲမှ ဘဏ်စာအုပ် တစ်အုပ်နှင့် ပြေစာတစ်ထပ်ကို ထုတ်ယူလိုက်လေသည်။

အိမ်ပြန်ရောက်ကတည်းက သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ သူ၏အိတ်ကို မထိ ထားခဲ့သဖြင့် အထဲမှ ပစ္စည်းများကို ယူထုတ်ရန် လုံခြုံသည်ဟု သူ ခံစားခဲ့ရ လေသည်။

ကျွီခနဲ အသံနှင့်အတူ အိပ်ခန်းတံခါးကို ထျန်ရှောင်ယာက အပြင်ဘက်မှ တွန်း ဖွင့်လိုက်လေသည်။

သူမသည် နှစ်ထပ်ကွမ်းမင်္ဂလာတံဆိပ် ရိုက်နှိပ်ထားသော ကြွေဇလုံတစ်လုံး ကို ကိုင်ဆောင်ထားခဲ့လေသည်...။

"အာယဲ့၊ ရှင့်အတွက် ဇလုံတစ်လုံးစာ ရေထည့်လာတယ်... ခြေထောက် စိမ်လိုက်ပါဦး..."

ကျိုးချန်ယဲ့သည် လက်ထဲရှိ အိတ်ကို ချထားလိုက်ပြီး သူမထံသို့ အလျင်အမြန် သွားလိုက်ကာ သူမ၏ လက်ထဲမှ ကြွေဇလုံကို လှမ်းယူလိုက်လေသည်။

သူသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း သူ၏ လေသံတွင် ငြင်းပယ်၍မရသော နူးညံ့ကြင်နာမှုများ ပါဝင်နေခဲ့ပေသည်...။

"မင်းကို အလေးအပင်တွေ မ သယ်နဲ့လို့ ကိုယ် ပြောထားတယ် မဟုတ်လား... နောက်ဆိုရင် ပင်ပန်းတဲ့ အလုပ်တွေ အကုန်လုံးကို ကိုယ့်ကိုပဲ ပေးလုပ်တော့၊ ကြားလား..."

ကျိုးချန်ယဲ့က ထျန်ရှောင်ယာထံမှ ဇလုံကို ယူလိုက်သောအခါ သူမ၏ လွတ် နေသော လက်တစ်ဖက်က အင်္ကျီစကို အလိုအလျောက် လိမ်ဆွဲနေမိခဲ့လေ သည်။ သူမက တိုးညင်းစွာ ညည်းတွားလိုက်ပြီး ဆင်ခြေပေးရန် ကြိုးစားနေ ဆဲ ဖြစ်လေသည်... ။

"ဒီရေဇလုံက သိပ်မလေးပါဘူး..."

ကျိုးချန်ယဲ့က သူ၏ ဇနီးဖြစ်သူအား အနည်းငယ် မျက်စောင်းထိုးလိုက်သော် လည်း သူ၏ အကြည့်များထဲတွင် အပြစ်တင်ခြင်းထက် အချစ်ပိုနေမှုများက ပို၍ ပြည့်နှက်နေခဲ့ပေသည်။

သူသည် လှည့်ကာ ကြွေဇလုံကို အပူပေးအုတ်ကုတင်ဘေးရှိ ခွေးခြေခုံပုလေး ပေါ်တွင် တင်လိုက်လေ၏။ ထို့နောက် သူက နောက်သို့ လှည့်ကာ ဇနီး ဖြစ်သူ ၏ ခါးကို ဖက်လိုက်ပြီး အပူပေးအုတ်ကုတင်၏ အစွန်းတွင် ထိုင်ရန် ဆွဲခေါ် လိုက်လေသည်။

ထို့နောက် သူသည် အပူပေးအုတ်ကုတင်ပေါ်သို့ ခုနက ပစ်ချထားခဲ့သော ပစ္စည်းများကို ယူရန် ငုံ့လိုက်ပြီး လှည့်ကာ သူမထံသို့ ကမ်းပေးလိုက်လေ သည်။

ထျန်ရှောင်ယာသည် လက်ထဲရှိ ဘဏ်စာအုပ်နှင့် သေသပ်စွာ စည်းနှောင်ထား သော ပြေစာများကို ကြည့်ကာ တစ်ခဏမျှ မည်သို့မျှ တုံ့ပြန်ခြင်း မပြုနိုင်ခဲ့ ချေ။

ဇနီးဖြစ်သူ၏ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာအမူအရာကို မြင် လိုက်ရသောအခါ ကျိုးချန်ယဲ့မှာ မနေနိုင်တော့ဘဲ သူမ၏ ပါးပြင်ကို လက် ချောင်းလေးများဖြင့် ညင်သာစွာ ဆွဲလိမ်လိုက်ကာ တိုးညင်းပြီး အနည်းငယ် ဩရှနေသော အသံဖြင့် ခေါ်လိုက်လေသည်...။

"မိန်းမ..."

ထျန်ရှောင်ယာ ရုတ်တရက် သတိဝင်လာခဲ့သော်လည်း ၎င်းတို့နှစ်ဦး၏ မျက် နှာများမှာ အချင်းချင်း၏ မျက်နှာပေါ်ရှိ အမွှေးအမျှင်လေးများကိုပင် ရှင်း လင်းစွာ မြင်ရလောက်သည်အထိ အလွန်နီးကပ်နေကြောင်းကို တွေ့ရှိလိုက်ရ လေသည်။

တစ်ဖက်လူ၏ အသက်ရှူငွေ့များက သူမ၏ မျက်နှာပေါ်သို့ ညင်သာစွာ ဖြတ် သန်းသွားခဲ့လေသည်။

ဆီမီးခွက်၏ မှိန်ပျပျ အလင်းရောင်အောက်တွင် ထျန်ရှောင်ယာမှာ မူးယစ်နေ သကဲ့သို့ ခံစားလိုက်ရပြီး ပို၍ပင် ရှုပ်ထွေးသွားခဲ့လေတော့သည်။

ဇနီးဖြစ်သူ၏ ချစ်စရာကောင်းကာ ရှုပ်ထွေးနေသော အမူအရာကို ကြည့်ရင်း ကျိုးချန်ယဲ့မှာ တိုးတိုးလေး ရယ်မောလိုက်မိလေသည်။

သူက သူမ၏ ဆံပင်များကို ညင်သာစွာ ဖွလိုက်ပြီး အနည်းငယ် နောက်ပြောင် နေသော လေသံဖြင့် ပြောလိုက်လေသည်...။

"ကောင်းပါပြီ၊ ကိုယ် မင်းကို ဆက်မစတော့ပါဘူး... ဒါ ဘာလဲဆိုတာ ကြည့် လိုက်ပါဦး..."

All Chapters