← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) မျှော်လင့်မထားသော တွေ့ဆုံမှု

ဗစ်ထရီ တပ်ဖွဲ့နှင့် မီတာတစ်ရာခန့် အကွာသို့ ရောက်ရှိသောအခါ ကျိုးချန်ယဲ့ သည် လမ်းဘေး၌ ရပ်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ လျှပ်စစ်စကူတာကို သူ၏ စနစ်နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်လေသည်။

သူသည် ခြံဝင်းတံခါးကို တိတ်တဆိတ် တွန်းဖွင့်ကာ အနောက်မှ ပြန်ပိတ် လိုက်ပြီး အိမ်ထဲသို့ ခြေလှမ်းရန် ပြင်လိုက်ချိန်တွင် မီးဖိုချောင်ရှိရာ ဘက်ဆီမှ မီးပွားအချို့ကို ရုတ်တရက် လှမ်းမြင်လိုက်ရလေ၏။

ကျိုးချန်ယဲ့မှာ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး သူ၏ မျက်မှောင်များ အနည်း ငယ် ကြုတ်သွားခဲ့လေသည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူသည် လမ်း ကြောင်းပြောင်းကာ မီးဖိုချောင်ဆီသို့ ခြေဖျားထောက်၍ ညင်သာစွာ လျှောက် သွားခဲ့လိုက်လေသည်။

တံခါးကန့်လန့်ကာကို ပင့်တင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုတ်ထားသော ကန်စွန်းဥ၏ ချိုမြိန်သော ရနံ့သည် ထင်းမီးခိုးငွေ့ ရနံ့နှင့် ရောနှောကာ ပျံ့လွင့် လာခဲ့လေသည်။

ထိုနေရာတွင် ထျန်အော်မိုရီသည် မီးဖိုရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ မီးဖို ပေါက်ထဲရှိ ထင်းများကို ထိုးဆွနေခဲ့ပြီး သူ၏ ပါးပြင်များမှာ မီးအလင်းရောင် ကြောင့် နီရဲနေခဲ့ပေသည်။

"တတိယအစ်ကို..."

အသံကြားလိုက်ရသောအခါ ထျန်အော်မိုရီမှာ ရုတ်တရက် ခေါင်းမော့ကြည့် လာခဲ့လေသည်။ ရောက်လာသူမှာ ကျိုးချန်ယဲ့ ဖြစ်နေသည်ကို မြင်လိုက်ရ သောအခါ တင်းမာနေသော သူ၏ ပခုံးများမှာ ချက်ချင်း လျော့ကျသွားခဲ့ပြီး မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ အလိုအလျောက် သက်ပြင်းတစ် ချက် ချလိုက်မိလေတော့သည်။

"ပြန်ရောက်ပြီလား... ထိုင်ပါဦး..."

သူက ဘေးရှိ ခွေးခြေခုံပုလေးကို ပေါ့ပေါ့ပါးပါး လက်ဟန်ပြကာ ပြောလိုက် လေသည်။

သူသည် လက်ထဲရှိ ထင်းချောင်းဖြင့် မီးဖိုထဲမှ ဖုတ်ထားသော ကန်စွန်းဥ အနည်းငယ်ကို ဆွဲထုတ်လိုက်လေ၏။ ထို့နောက် ထျန်အော်မိုရီက ခေါင်းငုံ့ ထားလျက် တိုးညင်းသော အသံဖြင့် မေးလိုက်လေသည်...။

"စားဦးမလား..."

"ကျေးဇူးပါပဲ တတိယအစ်ကို... ကျွန်တော်လည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ ..."

စကားပြော၍ပင် မဆုံးသေးမီ ကျိုးချန်ယဲ့က လက်လှမ်းကာ ကန်စွန်းဥတစ် လုံးကို ကောက်ယူလိုက်ပြီး မြေကြီးပေါ်တွင် ပုတ်ကာ အခွံကို ကျွမ်းကျင်စွာ ခွာလျက် ပါးစပ်ထဲသို့ ပလုတ်ပလောင်း ထည့်လိုက်လေသည်။

ထိုလှုပ်ရှားမှုများ အားလုံးမှာ တစ်ဆက်တည်း ချောမွေ့စွာ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်လေသည်။

ထျန်အော်မိုရီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားခဲ့သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ စိတ်သက်သာရာ ရသွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့ပေသည်။

၎င်းတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်လိုက် ကြပြီးနောက် ကျန်ရှိနေသော ကန်စွန်းဥများကို အတူတကွ မျှဝေစားသုံးလိုက် ကြလေတော့သည်။

"ဘာကြောင့်လဲဆိုတာကို ငါ မမေးတော့ပါဘူး... နောင်ကျရင်... သတိထား သွားပါ၊ မဟုတ်ရင်တော့... ရှောင်ယာအတွက် ပိုကောင်းတဲ့လူတစ်ယောက်ကို ရှာပေးဖို့ ငါ ဝန်လေးနေမှာ မဟုတ်ဘူးနော်..."

ထိုသို့ပြောပြီးနောက် ထျန်အော်မိုရီသည် ခြေလှမ်းများကို ရွှေ့ကာ သူ၏ အခန်းရှိရာသို့ လျှောက်သွားခဲ့လေသည်။

အမှန်တကယ်တော့ ကျိုးချန်ယဲ့ အခန်းထဲမှ ထွက်လာချိန်တွင် သူသည် အိမ်သာသွားရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်ပေသည်။ သူ တံခါးမင်းတုံးကို ဖြုတ် လိုက်ချိန်တွင်ပင် တစ်ဖက်ခန်းမှ အသံကို ကြားလိုက်ရခြင်း ဖြစ်လေ၏။

အတန်ကြာပြီးနောက် ကျိုးချန်ယဲ့သည် အိမ်ထဲမှ တိတ်တဆိတ် ထွက်ခွာသွား သည်ကို သူ မြင်တွေ့လိုက်ရလေသည်။ သူ၏ အနောက်သို့ လိုက်သွားသင့်၊ မသင့် တုံ့ဆိုင်းနေချိန်တွင်ပင် ကျိုးချန်ယဲ့မှာ ခြံဝင်းတံခါးကို ဖွင့်ကာ ထွက်သွား ခဲ့ပြီ ဖြစ်လေ၏။

သူသည် အခန်းထဲသို့ ပြန်မဝင်တော့ဘဲ မီးဖိုချောင်ထဲ၌သာ ထိုင်လျက် သူ ဘေးကင်းစွာ ပြန်ရောက်လာမည့် အချိန်အထိ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေ တော့သည်။

လူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိစမြဲဖြစ်ပြီး မိမိ၏ မိသားစုကို ထိခိုက်နစ်နာစေခြင်း မရှိသရွေ့ ၎င်းတို့ကို လျစ်လျူရှုထားရန် သူ ရွေးချယ်နိုင် ပေသည်။

"......."

ထျန်အော်မိုရီ မီးဖိုချောင်ထဲမှ ထွက်ခွာသွားချိန်တွင် ကျိုးချန်ယဲ့၏ အသံမှာ တိုးညင်းသော်လည်း ပြတ်သားခိုင်မာလျက် ထွက်ပေါ်လာခဲ့လေသည်...။

"တတိယအစ်ကို့ကို စိတ်ပျက်အောင် လုပ်ရတော့မယ် ထင်တယ်... ခင်ဗျားရဲ့ ယောက်ဖဆိုတာ အမြဲတမ်း ကျွန်တော်ပဲ ဖြစ်နေမှာ၊ ကျွန်တော် တစ်ယောက် တည်းပဲ ဖြစ်ရမယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ထျန်အော်မိုရီ၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့ပြီး မီးဖိုချောင်ထဲမှ ထွက်ခွာသွားခဲ့လေ တော့သည်။

ဤကာလများအတွင်း ကျိုးချန်ယဲ့သည် မိသားစုကို အာဟာရ ဖြည့်တင်းပေး ရန်အတွက် မြို့သို့ အသားသွားဝယ်မည်ဟူသော ဆင်ခြေကို အသုံးပြု၍ မှောင်ခိုဈေးသို့ အကြိမ်အနည်းငယ် သွားရောက်ခဲ့ပေသေးသည်။

ခရိုင်၏ မှောင်ခိုဈေး၌ ကောက်နှံများမှာ တဖြည်းဖြည်း ပြည့်ဝလုံလောက် လာခဲ့ပြီ ဖြစ်သော်လည်း သူ၏ စနစ်နေရာလွတ်ထဲတွင် သိုလှောင်ထားသော ကောက်နှံများ၏ သုံးပုံတစ်ပုံခန့်သာ ကုန်ဆုံးသွားခဲ့ပြီး ချိုးချိုးမှာလည်း ဆက် လက်၍ စိုက်ပျိုးနေဆဲ ဖြစ်လေသည်။

ကြည့်ရသည်မှာ သူ ပီကင်းသို့ ပြန်ရောက်မည့်အချိန်ကို စောင့်ဆိုင်းပြီးမှသာ ထပ်မံ ရောင်းချနိုင်ရန် ကြိုးစားရတော့မည် ဖြစ်ပေသည်။

ထို့အပြင် ဤစနစ်နေရာလွတ်ထဲရှိ မြေကွက်များပေါ်တွင် ကောက်နှံများကို လျှော့၍ စိုက်ပျိုးသင့်ပေသည်။ ကောက်နှံများထက် များစွာ ပို၍ တန်ဖိုးရှိပြီး အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်မည့် ဂျင်ဆင်းကဲ့သို့သော အဖိုး တန် ဆေးဘက်ဝင် အပင်များ၏ မျိုးစေ့များကို စုဆောင်းရန် အခွင့်အရေး ရှိနေခဲ့လေ၏။

ဇူလိုင်လနှင့် ဩဂုတ်လများမှာ ဂျုံစပါးများ အသီးအနှံ အားပြည့်လာသော ကာလဖြစ်လေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ယခုအချိန်တွင် လူတိုင်းမှာ အလုပ်ဆင်းနေကြပြီ ဖြစ် သော်လည်း ယနေ့မနက် နိုးလာချိန်တွင်မူ ကောင်းကင်ကြီးမှာ အုံ့မှိုင်းနေပြီး လေထုမှာလည်း စိုထိုင်းလျက် ရှိနေခဲ့ပေသည်။

ကျေးရွာအတွင်းရေးမှူးနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ထျန်ရှောင်ယာ၏ ဖခင် က တပ်ဖွဲ့ဝင်များအား တစ်ရက် အနားပေးရန် ဆုံးဖြတ်လိုက်လေတော့သည်။

ပုံမှန်နေ့ရက်များတွင် အလုပ်လုပ်ကိုင်နေကြရသဖြင့် ယနေ့ကဲ့သို့သော ရှား ရှားပါးပါး အားလပ်ရက်လေးတွင် တပ်ဖွဲ့ထဲမှ ခွန်အားဗလ ပြည့်စုံသော လူငယ်အချို့သည် အတူတကွ အမဲလိုက်ထွက်ရန် ဆုံးဖြတ်လိုက်ကြလေ၏။

တောင်ပေါ်သို့ တက်ကာ ယုန်တစ်ကောင် သို့မဟုတ် ရစ်ငှက်တစ်ကောင်မျှ ဖမ်းဆီးရမိခဲ့လျှင်ပင် ၎င်းတို့၏ မိသားစုများအတွက် အာဟာရအချို့ကို ထောက်ပံ့ပေးနိုင်မည် မဟုတ်ပါလော။

ယနေ့တွင် အစ်ကိုအကြီးဆုံးမှာ အိမ်၌ ထင်းခွဲမည်ဖြစ်ပြီး တတိယအစ်ကိုနှင့် မရီးဖြစ်သူတို့ကလည်း မြို့သို့ ထွက်သွားကြပြီ ဖြစ်လေသည်။ ဒုတိယအစ်ကို တစ်ယောက်တည်းသာလျှင် သူ၏ ညီမလေးအား အာဟာရ ဖြည့်တင်းပေးရန် အတွက် ရစ်ငှက်များ ဖမ်းဆီးမည်ဟု ပြောဆိုကာ စိတ်အားထက်သန်လျက် ရှိ နေခဲ့ပေသည်။

ဤအခြေအနေကို မြင်တွေ့ရသောအခါ ထျန်ရှောင်ယာ၏ ဖခင်က ကျေးရွာ အတွင်းရေးမှူးနှင့် တိုင်ပင်လိုက်ပြီးနောက် ရွာမှ မုဆိုးကြီး ဦးလေးလီအား လူငယ်အနည်းငယ်ကို တောင်ပေါ်သို့ ခေါ်ဆောင်သွားကာ အတွေ့အကြုံသစ် များ ရှာဖွေပေးရန် အကူအညီ တောင်းခံလိုက်လေတော့သည်။

ယောက္ခမဖြစ်သူ၊ မရီးနှစ်ဦးနှင့် မိမိတို့ကလည်း အခန်းများကို ရှင်းလင်းခြင်း၊ အဝတ်လျှော်ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း စသည့် အလုပ်များကို လုပ် ကိုင်နေခဲ့ကြလေသည်။

ကျိုးချန်ယဲ့မှာမူ ယနေ့တွင် မည်သည့်အလုပ်မျှ လုပ်စရာမရှိသဖြင့် အိမ်မကြီး ထဲ၌ ကလေးအနည်းငယ်ကို စာရေးသင်ပေးရန် ဆုံးဖြတ်လိုက်လေသည်။ သို့ မှသာ ၎င်းတို့အနေဖြင့် အပြင်သို့ ပြေးထွက်ကစားရန်သာ တွေးတောနေကြ မည် မဟုတ်တော့ချေ။

ရုတ်တရက် ထျန်ရှောင်ယာက မူလခန္ဓာကိုယ်ပိုင်ရှင်ထံသို့ ပေးပို့ခဲ့သော စာ တစ်စောင်ကို သူ ပြန်လည် အမှတ်ရသွားခဲ့လေသည်။ အခြားကိစ္စရပ်များကို ဘေးဖယ်ထားလိုက်လျှင်ပင် မိမိအနေဖြင့် လက်ရေးကို သေချာစွာ လေ့ကျင့် သင့်ပေသည်။ ၎င်းကို သန္ဓေသား ပညာပေး အစီအစဉ်တစ်ခုအဖြစ် သတ်မှတ် ထားလိုက်မည် ဖြစ်လေသည်။

အစပိုင်းတွင် ထျန်ရှောင်ယာသည် လက်ရေးလေ့ကျင့်ရမည်ဟု ကြားလိုက်ရ သောအခါ ပတ်ကူစည်လေးတစ်ခုကဲ့သို့ ခေါင်းကို အဆက်မပြတ် ခါရမ်းနေခဲ့ လေ၏။

သို့ရာတွင် လက်ရေးလေ့ကျင့်ခြင်းက သူမ၏ ကလေးအတွက် သန္ဓေသား ပညာပေးအဖြစ် အကျိုးရှိစေနိုင်ကြောင်း ကြားလိုက်ရသောအခါ သူမ၏ မျက်နှာအမူအရာမှာ စာအုပ်တစ်အုပ်၏ စာမျက်နှာကို လှန်ချလိုက်သကဲ့သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အခြား မည်သူ့ထက်မဆို ပို၍ စိတ်အားထက် သန်စွာဖြင့် လေ့ကျင့်နေခဲ့လေတော့သည်။

ကျိုးချန်ယဲ့က စိတ်ထဲမှ တွေးလိုက်လေသည်...။

*မိန်းမများ... မိန်းမတစ်ယောက်ရဲ့ စိတ်ဆိုတာ ပင်လယ်အောက်ခြေက အပ်တစ်စင်းလိုပါပဲလား...*

ထျန်မိသားစု၏ ခြံဝင်းအတွင်း၌ နွေးထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း တောင်ပေါ်တွင်မူကား အော်ဟစ် ငိုကြွေးသံများ ဖုံးလွှမ်းနေခဲ့ပေသည်။

"ချင်းလင်း... သတိထား..."

"အား..."

"ချင်းလင်း... မင်းတို့ ဘာရပ်လုပ်နေကြတာလဲ... ဆင်းပြီး သွားရှာကြလေ..."

အဖွဲ့ကို ဦးဆောင်လာသော မုဆိုးကြီးမှာ အလွန်တရာ ထိတ်လန့်သွားသဖြင့် သူ၏ အသံများပင် အက်ကွဲနေခဲ့ပြီး သူသည် တောင်စောင်းမှ အရင်ဆုံး ပြေး ဆင်းသွားခဲ့လေသည်။

လမ်းတစ်ဝက်၌ သူသည် အလွန်အမင်း စိုးရိမ်ပူပန်နေမှုကြောင့် တောင်ပေါ်ရှိ နွယ်ပင်များနှင့် အကြိမ်များစွာ ခလုတ်တိုက်မိကာ ပြင်းထန်စွာ လဲကျသွားခဲ့ လေတော့သည်။

သူ၏ လက်ဖဝါးများမှာ ကြမ်းတမ်းသော မြေပြင်နှင့် ပွတ်တိုက်မိသဖြင့် ပွန်းပဲ့ ကာ သွေးများ ထွက်နေခဲ့သော်လည်း သူက လုံးဝ သတိမထားမိပုံ ရပေသည်။

ဖုန်များကိုပင် သုတ်သင်ရန် သတိမရတော့ဘဲ သူသည် အလျင်အမြန် ပြန်ထ ကာ တောင်အောက်သို့ ဆက်လက်၍ ယိုင်နဲ့စွာ ပြေးဆင်းသွားခဲ့လေတော့ သည်။

"ခေါင်းဆောင်ကြီး... ခေါင်းဆောင်ကြီး... ဒုက္ခပါပဲဗျာ..."

တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲရွှဲစိုနေပြီး မျက်နှာမှာလည်း စက္ကူချပ်ကဲ့သို့ ဖြူ လျော်နေသော လူငယ်တစ်ဦးသည် တံခါးပင် မခေါက်တော့ဘဲ ထျန်မိသားစု ၏ ခြံဝင်းထဲသို့ အလျင်စလို ပြေးဝင်လာခဲ့လေသည်။ သူ၏ မျက်နှာပေါ်တွင် ချွေးများ စီးကျနေပြီး နှုတ်ခမ်းများမှာလည်း တုန်ယင်နေခဲ့ပေသည်။

ထျန်ရှောင်ယာ၏ ဖခင်သည် အိမ်မကြီးထဲ၌ ဆေးတံသောက်နေစဉ် ထိုအော် ဟစ်သံကို ကြားလိုက်ရလေသည်။ သူ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့ပြီး လက်ထဲရှိ ဆေးတံမှာလည်း ဒေါက်ခနဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေ၏။

သူသည် ဆေးတံကိုပင် ပြန်မကောက်တော့ဘဲ အဝတ်ဖိနပ်ကို အလျင်အမြန် စွပ်ကာ တံခါးဝဆီသို့ ပြေးထွက်သွားခဲ့လေတော့သည်။

ခြံဝင်းထဲသို့ ရောက်ရှိသွားသောအခါ ရောက်လာသူမှာ ယနေ့ မုဆိုးကြီး ဦးလေးလီနှင့်အတူ တောင်ပေါ်သို့ လိုက်ပါသွားခဲ့သော လူငယ်တစ်ဦးဖြစ် ကြောင်း သူ ချက်ချင်း မှတ်မိလိုက်လေသည်။

သူ၏ ရင်ထဲတွင် ချက်ချင်းပင် တင်းကျပ်သွားခဲ့ပြီး အနည်းငယ် တုန်ယင်နေ သော လေသံဖြင့် မေးလိုက်လေသည်...။

"ရွှန်းဇီလား... ဘာဖြစ်လို့လဲ... မင်း ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရ တာလဲ... တောင်ပေါ်မှာ တစ်ခုခု... တစ်ခုခုများ ဖြစ်လို့လား..."

ရွှန်းဇီမှာ တံခါးဘောင်ကို မှီထားလျက် အသက်ကို လုရှူနေရပြီး သူ၏ ရင် ဘတ်များမှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပေသည်။ အချိန်အတော်ကြာမှ သာ စကားတစ်ခွန်း အပြည့်အစုံ ထွက်လာအောင် သူ ကြိုးစားလိုက်ရလေ သည်...။

"ခေါင်းဆောင်ကြီး... အစ်ကို ချင်းလင်း... သူ... သူ တောင်စောင်းကနေ လိမ့် ကျသွားတယ်ဗျ..."

"ဦးလေးလီက ကျွန်တော့်ကို အရင်ဆင်းပြီး သတင်းလာပို့ခိုင်းတာ... ဒါမှ ခင်ဗျား တို့ နွားလှည်း ပြင်ထားနိုင်မှာ... သူတို့ တောင်ပေါ်က ဆင်းလာတာနဲ့ တစ်ပြိုင်နက် အစ်ကို ချင်းလင်းကို ဆေးခန်းကို ချက်ချင်း ပို့နိုင်အောင်လို့ပါ..."

All Chapters