← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) အသက်ကယ်ဆေး

"ကောင်းပြီ၊ ခဏနေရင် ခရိုင်ဆေးရုံကို ဖုန်းဆက်ပြီး မေးကြည့်လိုက်မယ်... အဲ့ဒီမှာမှ

မရှိဘူးဆိုရင်တော့ မြို့ပေါ်က ဆေးရုံကြီးတွေမှာ ကံစမ်းကြည့်ရမှာပဲ..."

"ပြဿနာက ငါတို့ ကွန်မြူနစ်နဲ့ မြို့က အလှမ်းဝေးနေတော့ ဆေးရှာတဲ့ အချိန် နဲ့တင် အကောင်းဆုံး ကုသနိုင်မယ့် အချိန်ကို လွတ်သွားမှာ စိုးရိမ်ရတယ်..."

ဆရာဝန်က မျက်မှောင်ကြုတ်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး သူ ၏ မျက်နှာပေါ်တွင် ပြေလျော့သွားသည့် အရိပ်အယောင်မျှ မရှိဘဲ လေးနက် သော လေသံကြောင့် ကြားရသူ၏ ရင်ကို တင်းကျပ်သွားစေခဲ့လေသည်။

"ပင်နီဆီလင်ဆိုတာ အသက်ကယ်နိုင်တဲ့ ရောင်ရမ်းမှုကျစေတဲ့ ထိုးဆေး ပဲ... ခွဲစိတ်ပြီးနောက်မှာ ရောင်ရမ်းမှုကျစေဖို့ ကုသရမယ့် ရွှေရောင်အချိန်ကာလ က တစ်ရက် နှစ်ရက်လောက်ပဲ ရှိတာ... အချိန်ကြာလေလေ ဒဏ်ရာ ပိုးဝင်နိုင် ခြေ ပိုများလေလေပဲ..."

"တစ်ကြိမ် ပိုးဝင်ပြီး ရောင်ရမ်းသွားပြီဆိုရင်တော့ ခြေထောက်ကို ကယ်ဖို့ဆို တာ မေ့ထားလိုက်တော့... လူနာကိုယ်တိုင် အသက်ရှင်နိုင်ပါ့မလားဆိုတာ တောင် မသေချာတော့ဘူး..."

"ဆရာ... အခြေအနေကို သိရအောင် ခရိုင်ဆေးရုံကို အရင်ဖုန်းဆက်ပေးလို့ ရမလား... အဲ့ဒီမှာ တကယ်ပဲ မရှိဘူးဆိုရင် တခြားနည်းလမ်းကို စဉ်းစားကြ တာပေါ့..."

ကျိုးချန်ယဲ့သည် မျက်မှောင်ကြုတ်ထားသော်လည်း သူ၏ လေသံမှာ အလွန် တည်ငြိမ်နေပြီး စိတ်အေးချမ်းစေသော စွမ်းအားတစ်ခု ဖြာထွက်နေခဲ့ပေ သည်။

"ကောင်းပါပြီ၊ အခု ချက်ချင်းပဲ သွားလိုက်မယ်..."

ဆရာဝန်က ပြန်ဖြေလိုက်ပြီးနောက် လှည့်ကာ ခရိုင်ဆေးရုံသို့ ဆက်သွယ်ရန် ရုံးခန်းထဲသို့ ခပ်သွက်သွက် ဝင်သွားခဲ့လေတော့သည်။

ခွဲစိတ်ခန်း အပြင်ဘက်တွင် ကျိုးချန်ယဲ့သည် စိတ်ပူပန်သောက ရောက်နေ သော အဖေထျန​ေကို ကြည့်ကာ ဩရှသော အသံဖြင့် ပြောလိုက်လေသည်။

"အဖေ... ခရိုင်ဆေးရုံမှာ ဆေးရှိဖို့ မလွယ်ဘူးလို့ ကျွန်တော် ထင်တယ်..."

"ကောင်းပြီလေ... အခု ချက်ချင်းပဲ ကျွန်တော် မြို့ကို သွားလိုက်မယ်..."

"ရှောင်ယဲ့... မင်း ဘယ်သူ့ကိုမှ မသိဘဲနဲ့ ဘယ်မှာသွားရှာမှာလဲ..."

အဖေထျန်၏ အသံမှာ ဩရှနေသော်လည်း မျှော်လင့်ချက် အရိပ်အယောင် အချို့ ပါဝင်လျက်ရှိနေခဲ့လေသည်။

၎င်းတို့အဖွဲ့ထဲတွင် ဆေးကို ရှာဖွေနိုင်သူ တစ်ဦးဦး ရှိမည်ဆိုပါက ထိုသူမှာ ကျိုးချန်ယဲ့သာ ဖြစ်နိုင်ကြောင်း အဖေထျန်က စိတ်ထဲမှ သိထားလေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ပညာသင်ကြားခဲ့ဖူးသော တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြပြီး ၎င်းတို့၏ ဗဟုသုတနှင့် အတွေ့အကြုံများမှာ ကျေးလက်မှ မိမိတို့ထက် များစွာ သာလွန်နေသည် မဟုတ်ပါလော။

"အဖေ စိတ်မပူပါနဲ့..."

ကျိုးချန်ယဲ့၏ လေသံမှာ ပြတ်သားခိုင်မာနေပြီး သူ၏ မျက်လုံးများထဲတွင် ယုံကြည်ရလောက်သော အလင်းရောင်များ တောက်ပနေခဲ့လေသည်။

"ကျွန်တော့် အတန်းဖော်ရဲ့ အစ်မက မြို့ပေါ်က လူတစ်ယောက်နဲ့ လက်ထပ် ထားတာ... သူ့ယောက်ျားဘက်က ဆွေမျိုးတွေက မြို့ပေါ်ဆေးရုံမှာ အလုပ် လုပ်ကြတယ်... ကျွန်တော် သူ့ကို သွားမေးကြည့်မယ်၊ သူများ ကူညီနိုင်မလား လို့ပါ..."

အစောပိုင်းက ကျိုးချန်ယဲ့သည် စိတ်လွင့်နေစဉ်အတွင်း ချိုးချိုးအား စနစ် နေရာလွတ်ထဲတွင် ရောင်ရမ်းမှုကျစေသော ဆေးများ ရှိ၊ မရှိ မေးမြန်းခဲ့ပြီး ဖြစ်သော်လည်း ထိုဆေးများကို ထုတ်ယူရန်အတွက် အကြောင်းပြချက်တစ်ခု ရှာဖွေရန် လိုအပ်နေခဲ့ခြင်း ဖြစ်ပေသည်။

သူသည် မြို့ပေါ်ရှိ မှောင်ခိုဈေးသို့ သွားရောက်ရန် စီစဉ်ထားပြီးဖြစ်ရာ ဤ အခွင့်အရေးကို အသုံးချကာ ရောင်ရမ်းမှုကျစေသော ဆေးများကို သွားယူရန် ဆုံးဖြတ်လိုက်လေသည်။

အဖေထျန်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်ဝလာခဲ့ပြီး သူ၏ လက်ကို မြှောက်ကာ ကျိုးချန်ယဲ့၏ လက်မောင်းကို ပုတ်လိုက်လေသည်။

"အေးပါ... အေးပါ... ရှောင်ယဲ့... အဖေ... အဖေ မင်းကို ကျေးဇူးတင်ပါ တယ်ကွာ..."

"အဖေ... ကျွန်တော်တို့က မိသားစုတွေပဲ... အားနာနေစရာ မလိုပါဘူး..."

ကျိုးချန်ယဲ့က ခဏမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်လေသည်။

"မနက်ဖြန်ည မတိုင်ခင် ပြန်ရောက်နိုင်အောင် ကျွန်တော် ကြိုးစားပါ့မယ်..."

ထိုသို့ပြောပြီးနောက် ကျိုးချန်ယဲ့သည် ကျေးရွာအတွင်းရေးမှူးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ဦးလေး... ကျွန်တော် မြို့ကိုသွားဖို့ မိတ်ဆက်စာ တစ်စောင်လောက် လုပ်ပေး ပါဦး..."

ခေတ်သစ်ကာလနှင့် မတူညီဘဲ ဤခေတ်တွင် အိမ်မှ ဝေးရာသို့ ခရီးသွားသော အခါ ရထားလက်မှတ် ဝယ်ယူရန်နှင့် တည်းခိုခန်းများတွင် တည်းခိုရန်အတွက် မိတ်ဆက်စာ တစ်စောင် မဖြစ်မနေ လိုအပ်လေသည်။

"ကောင်းပြီလေ... တံဆိပ်တုံးကို ငါ ယူလာပါတယ်..."

ကျေးရွာအတွင်းရေးမှူးက ပြောလိုက်ပြီးနောက် ဘေးရှိ သူနာပြုများ နားနေ ခန်းသို့ သွားကာ စာရွက်နှင့် ဘောပင်ကို ငှားရမ်းပြီး မိတ်ဆက်စာကို အလျင် အမြန် ရေးပေးလိုက်လေသည်။

ထို့နောက် သူက ထိုစာကို ကျိုးချန်ယဲ့ထံသို့ တိုက်ရိုက် ကမ်းပေးကာ ပြော လိုက်လေသည်။

"မိတ်ဆက်စာထဲမှာ သုံးရက်စာ ခွင့်ပြုချက် ရေးပေးထားတယ်... လမ်းမှာ ဂရုစိုက်သွားပြီး အမြန်ပြန်လာခဲ့နော်..."

"ဟုတ်ကဲ့..."

ကျေးရွာအတွင်းရေးမှူးနှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ကျိုးချန်ယဲ့ သည် ကျန်းမာရေးဆေးခန်းထဲမှ ထွက်လာခဲ့လေတော့သည်။

ကားများ အကြိမ်ကြိမ် ပြောင်းစီးကာ နေ့တစ်ဝက်နီးပါး ကြာအောင် လှုပ်ခါနေ သော ခရီးစဉ်ကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် မြို့ပေါ်သို့ ရောက်ရှိသွား ခဲ့လေသည်။

မြို့ပေါ်သို့ ရောက်ရှိချိန်တွင် မှောင်စပျိုးနေပြီ ဖြစ်လေသည်။ ကျိုးချန်ယဲ့သည် အနီးအနားရှိ တည်းခိုခန်းတစ်ခုကို ရှာဖွေကာ ဝင်ရောက်တည်းခိုလိုက်လေ သည်။

ဤခေတ်ကာလတွင် တည်းခိုခန်းများ၏ အပြင်အဆင်မှာ အလွန် ရိုးရှင်းလှပေ သည်။ ကြမ်းတမ်းသော အဝတ်မွေ့ရာပါရှိသည့် သစ်သားကုတင် တစ်လုံးနှင့် နံရံဘေးတွင် အရောင်လွင့်နေသော မျက်နှာသစ်စင် တစ်ခုသာ ရှိလေသည်။

စင်ပေါ်တွင် နှစ်ထပ်ကွမ်းမင်္ဂလာတံဆိပ် ရိုက်နှိပ်ထားသော ကြွေဇလုံတစ်လုံး ရှိပြီး ဇလုံပေါ်တွင် မျက်နှာသုတ်ပုဝါ တစ်ထည်ကို တင်ထားလျက်ရှိလေ၏။

ရေချိုးခန်းများမှာ ဘုံသုံးဖြစ်ပြီး အဆောက်အအုံ၏ အနောက်ဘက် အစွန်ဆုံး တွင် တည်ရှိလေသည်။

(၁၉၇၀) ပြည့်လွန်နှစ်များဆီသို့ အချိန်ခရီးသွားပြီးနောက်ပိုင်း ကျိုးချန်ယဲ့ သည် သူ၏ တက္ကသိုလ် အတန်းဖော်များ သို့မဟုတ် ထျန်မိသားစုဝင်များဖြင့် သာ အမြဲတမ်း ဝန်းရံခံနေရပြီး ယခုကဲ့သို့ တစ်ယောက်တည်း နေရသော အချိန်မျိုးမှာ အလွန် ရှားပါးလှပေသည်။

စနစ်နေရာလွတ်ထဲတွင် ကောင်းမွန်စွာ ညအိပ်အနားယူရန် ဆိုသည်မှာ ဆိုဖွယ် ရာပင် မရှိတော့ချေ။ ယနေ့မှာမူ ရှားရှားပါးပါး အခွင့်အရေးတစ်ခု ဖြစ်ပေ သည်။

သူသည် တံခါးကို သေချာစွာ သော့ခတ်လိုက်ပြီး ပြတင်းပေါက်များကိုလည်း ထပ်မံ၍ ဂရုတစိုက် စစ်ဆေးလိုက်လေသည်။ အရာအားလုံး လုံခြုံကြောင်း သေချာသွားသောအခါ သူသည် စိတ်အာရုံပြုလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်နေရာလွတ်ထဲသို့ ရောက်ရှိသွားခဲ့လေတော့သည်။

သူ ခြေစုံရပ်၍ပင် မငြိမ်သေးမီ နူးညံ့ဖြူဖွေးနေသော အမွှေးပွ ဘောလုံးလေး တစ်လုံးက သူ၏အပေါ်သို့ ခုန်အုပ်လာခဲ့ပြီး ကလေးဆန်သော အသံလေးတစ် ခုက သူ၏ နားထဲတွင် ထွက်ပေါ်လာခဲ့လေသည်။

"သခင်... နောက်ဆုံးတော့ သခင် ရောက်လာပြီပဲ... ကျွန်တော် သခင့်ကို အရမ်းလွမ်းနေတာ..."

ကျိုးချန်ယဲ့က ပိုမို ဖောင်းအိလာသော ၎င်း၏ ပါးပြင်လေးများကို ဆွဲလိမ် လိုက်လေ၏။

ဤအကောင်ပေါက်လေးသည် ကုန်တိုက်ကြီးထဲမှ သရေစာများကို ခိုးစားနေခဲ့ ကြောင်းကို သူ ယုံမှားသံသယမရှိ သိလိုက်လေသည်။

သူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ပြီး အနည်းငယ် နောက်ပြောင်သော လေသံဖြင့် ပြောလိုက်လေသည်။

"မင်း ငါ့ကို မှတ်မိနေသေးတာ ကောင်းတာပေါ့... ငါ့ကို လုံးဝ မေ့မသွားလို့ ဝမ်းသာပါတယ်..."

ချိုးချိုးမှာ အပြစ်ရှိသလို ခံစားရသဖြင့် ချက်ချင်း နောက်ဆုတ်သွားခဲ့ပြီး စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်လေတော့သည်။

သေးငယ်သော လက်ဖဝါးလေးက မလှမ်းမကမ်းရှိ လယ်ကွင်းဆီသို့ လက် ညှိုးထိုးပြလိုက်လေသည်။

"သခင်... သခင်... ဟိုမှာ ကြည့်ပါဦး... သခင် အရင်က စိုက်ခိုင်းထားတဲ့ ပျိုးပင် လေးတွေ အခုဆို အများကြီး ကြီးလာကြပြီ..."

ကျိုးချန်ယဲ့သည် ၎င်း ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်ပြီး မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေတော့သည်။

လဝက်မျှသာ ကြာသေးသော်လည်း ယခင်က မြေရိုင်းဖြစ်နေသော နေရာတွင် ယခုအခါ သုံးလက်မ သို့မဟုတ် လေးလက်မခန့် အမြင့်ရှိသော ဆေးဘက်ဝင် အပင်များဖြင့် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်ရာ ၎င်းမှာ အမှန်တကယ်ပင် အံ့မခန်း ကြီး ထွားမှုနှုန်းပင် ဖြစ်ပေသည်။

သူသည် ယခင်က စနစ်နေရာလွတ်ထဲတွင် ကောက်နှံများကို စိုက်ပျိုးခဲ့ဖူးပြီး ထိုကောက်နှံများ၏ ကြီးထွားမှု စက်ဝန်းမှာ အပြင်ကမ္ဘာထက် ပိုမိုတိုတောင်း ကြောင်းကို သိထားခဲ့လေသည်။

သို့ရာတွင် ရင့်ကျက်ရန်အတွက် ပုံမှန်အားဖြင့် နှစ်ပေါင်းများစွာ အချိန်ယူရ လေ့ရှိသော အဖိုးတန် ဆေးဘက်ဝင်အပင် ဖြစ်သည့် ဂျင်ဆင်းပင်များပင် ဤမျှ လျင်မြန်စွာ ကြီးထွားလာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

ရုတ်တရက် အတွေးတစ်ခုက သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာခဲ့လေသည်...။

*တကယ်လို့ ငါသာ စနစ်နေရာလွတ်ထဲမှာ ဆေးဘက်ဝင်အပင်တွေကို စိုက်ပျိုးပြီးတော့ ဒါတွေကို တိတ်တဆိတ် အပြင်ကိုထုတ်ပြီးဆေးဘက်ဝင် အပင် လက်ကားရောင်းချသူ တစ်ဦးအနေနဲ့ လုပ်ကိုင်မယ်ဆိုရင် ချမ်းသာ လာမှာ မဟုတ်ဘူးလား…*

*ဒီလိုသာဆိုရင် (၁၉၇၀) ပြည့်လွန်နှစ်တွေမှာ ဘာလို့ ဒုက္ခခံနေစရာ လိုတော့ မှာလဲ…*

မိမိတို့အနေဖြင့် အေးအေးလူလူ အနားယူကာ ဘဝကို အပြည့်အဝ ခံစားနိုင် မည် မဟုတ်ပါလော။

မှန်ပေသည်၊ ဤအရာမှာ သူ၏ စိတ်ကူးသက်သက်သာ ဖြစ်လေသည်...။

အကယ်၍ သူသာ ထိုသို့ အမှန်တကယ် လုပ်ဆောင်ရဲပါက အချိန်တိုအတွင်း မှာပင် ဖမ်းဆီးခံရကာ ခွဲစိတ်လေ့လာခံရမည် ဖြစ်သဖြင့် သူသည် ငြိမ်ငြိမ် လေး နေခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။

"ချိုးချိုး... သွားရအောင်၊ အရေးကြီးတဲ့ ကိစ္စကို အရင် လုပ်ကြတာပေါ့..."

ထိုသို့ပြောပြီးနောက် သူသည် ချိုးချိုးအား ကုန်တိုက်ကြီး၏ မြေအောက် ဒုတိယထပ်ဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့လေသည်။

မြေအောက် ဒုတိယထပ်သို့ ရောက်ရှိပြီးနောက် ကျိုးချန်ယဲ့သည် အီလက် ထရောနစ် ဖန်သားပြင်ဆီသို့ လျှောက်သွားကာ "ပင်နီဆီလင်" ဟု ရှာဖွေလိုက် လေ၏။

ချက်ချင်းပင် ဖန်သားပြင်ပေါ်၌ ကုန်ပစ္စည်းများ၏ စာရင်းအရှည်ကြီးတစ်ခု ပေါ်လာခဲ့ပြီး ထုတ်လုပ်သူ၊ တစ်ခုချင်းစီ၏ ဈေးနှုန်းနှင့် စင်နေရာတို့ကို ရှင်း လင်းစွာ ပြသထားလေသည်။ မျက်နှာပြင် အပြင်အဆင်မှာ နောင်ခေတ်များရှိ အွန်လိုင်း ဈေးဝယ်ပလက်ဖောင်းများနှင့် တစ်ထေရာတည်း တူညီနေခဲ့ပေ သည်။

ကျိုးချန်ယဲ့သည် ခေတ်ကာလနှင့် ကိုက်ညီသော ထုတ်လုပ်သူ တစ်ခုကို ရွေး ချယ်ကာ အပိုအဖြစ် သေတ္တာ ခြောက်လုံးကို ထုတ်ယူလိုက်ပြီး ကျန်ရှိနေ သော ဆေးများကိုမူ ဆေးရုံအတွက် ချန်ထားခဲ့လေသည်။

အသက် တစ်ချောင်း သို့မဟုတ် နှစ်ချောင်းကို ထပ်မံ ကယ်တင်နိုင်ခြင်းမှာ ကောင်းမွန်သော ကိစ္စရပ်တစ်ခု ဖြစ်ပြီး ၎င်းမှာ ခေတ်ကာလအတွက် တိတ်တ ဆိတ် အကျိုးပြုနေခြင်းနှင့်ပင် တူညီလေသည်။

ထို့နောက် ၎င်းတို့သည် ဓာတ်လှေကားကို စီးကာ ဆဋ္ဌမထပ်ရှိ အစားအ သောက်တန်းဆီသို့ တက်သွားခဲ့ကြလေသည်။

ကျိုးချန်ယဲ့ ဓာတ်လှေကားထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ရှေ့ရှိ မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့လေတော့သည်။

"ချိုးချိုး... ဘာ... ဘာဖြစ်သွားတာလဲ..."

ကျိုးချန်ယဲ့က အနည်းငယ် မှင်တက်နေလျက် မေးလိုက်လေသည်။

ခေတ်သစ်လောကတွင် ရှိနေစဉ်က သူသည် ဤကုန်တိုက်ကြီး၏ ဆဋ္ဌမထပ် တွင် မကြာခဏ အစားအသောက် လာစားလေ့ရှိသဖြင့် အပြင်အဆင်များကို အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့ခြင်း ဖြစ်ပေသည်။

သူ၏ မှတ်ဉာဏ်ထဲရှိ ဆဋ္ဌမထပ်မှာ ဤကဲ့သို့ လုံးဝ မဟုတ်ခဲ့ချေ။

ဤနေရာရှိ ဆိုင်ခန်းများကို စက်ဝိုင်းပုံစံ စီစဉ်ထားပြီး ဆိုင်တစ်ဆိုင်ချင်းစီ၏ ရှေ့တွင် အီလက်ထရောနစ် အော်ဒါမှာယူသည့် ဖန်သားပြင်တစ်ခုစီ ရှိလေ သည်။ မီနူးထဲမှ မိမိနှစ်သက်သော အစားအသောက်များကို ရွေးချယ်ကာ လွယ်ကူစွာ အော်ဒါမှာယူနိုင်ပေသည်။

ဆိုင်ထဲတွင် ထိုင်ခုံများ မရှိဘဲ ဗဟိုဧရိယာ၌ တက္ကသိုလ် စားသောက်ဆောင် များကဲ့သို့ လိမ္မော်ရောင်နှင့် အနီရောင် ရောစပ်ထားသော ဆက်တိုက်ခုံတန်း လျား ဆယ်ခုကျော်ခန့်ကိုသာ ချထားလေသည်။

"သခင်... ဒါကို ကျွန်တော် သိတယ်... ဘာလို့လဲဆိုတော့ ဒီစနစ်နေရာလွတ်ထဲ မှာ အဆင့်မြင့် သက်ရှိဆိုလို့ ချိုးချိုးနဲ့ သခင် နှစ်ယောက်တည်းပဲ ရှိလို့လေ..."

"ဒါကြောင့် ဒီကုန်တိုက်ကြီးထဲမှာ အရင်က လူကိုယ်တိုင် လုပ်ဆောင်ရတဲ့ အရာအားလုံးကို စမတ်နည်းပညာတွေနဲ့ အစားထိုးလိုက်တာပါ... ဒါပေမဲ့ လောလောဆယ်မှာတော့ ဆဋ္ဌမထပ်နဲ့ သတ္တမထပ်ကိုပဲ အောင်မြင်စွာ အဆင့် မြှင့်တင်နိုင်သေးတယ်..."

"နောက်တချိန် ချိုးချိုး စွမ်းအင် အလုံအလောက် စုဆောင်းမိသွားရင် မြေ အောက်ထပ်က အစားအသောက်တန်း တစ်ခုလုံးကိုပါ အဆင့်မြှင့်တင်ပေးနိုင် မှာပါ..."

"အဲ့ဒီအခါကျရင် သခင် ကိုယ်တိုင် ဘာမှလုပ်စရာ မလိုတော့ဘူးလေ... သခင် စားချင်တာ မှန်သမျှကို အော်ဒါမှာလိုက်ရုံပဲ..."

"ကောင်းပါပြီလေ... ဒီလိုပဲ သဘောထားလိုက်ပါတော့မယ်..."

ကျိုးချန်ယဲ့မှာ မတတ်သာဘဲ လက်ခံလိုက်ရသော်လည်း သူသည် အဘယ် ကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေမိမှန်း မသိခဲ့ချေ။

သူသည် ယခင်က မကြာခဏ လာစားလေ့ရှိသော အမဲသားခေါက်ဆွဲဆိုင်သို့ လျှောက်သွားကာ ဖန်သားပြင်ကို ကျွမ်းကျင်စွာ အသုံးပြုလျက် သူ အနှစ် သက်ဆုံးဖြစ်သော အမဲသားပေါင်း ခေါက်ဆွဲတစ်ပွဲကို အော်ဒါမှာလိုက်လေ သည်။

အော်ဒါမှာယူပြီးနောက် ဖန်သားပြင်ပေါ်တွင် ကြီးမားသော အနီရောင် ရေ တွက်မှုတစ်ခု ပေါ်လာခဲ့ပြီး ၎င်းအောက်တွင် "ပြုလုပ်နေပါသည်၊ ခေတ္တစောင့် ဆိုင်းပေးပါ..." ဟူသော အနည်းငယ် သေးငယ်သည့် အနီရောင် စာသားလေး ပါရှိလေသည်။

"တီ..."

ရေတွက်မှု ပြီးဆုံးသွားသောအခါ ဖန်သားပြင်မှာ အစိမ်းရောင်သို့ ပြောင်းလဲ သွားပြီး အောက်ရှိ စာသားလေးမှာလည်း "ပြင်ဆင်ပြီးပါပြီ၊ အရသာရှိရှိ သုံးဆောင်ပါ..." ဟု ပြောင်းလဲသွားခဲ့လေသည်။

ကျိုးချန်ယဲ့သည် ခေါက်ဆွဲပန်းကန်ကို ယူကာ စားသောက်မည့် နေရာသို့ လျှောက်သွားပြီး ထိုင်လိုက်လေ၏။ သူသည် ယခင်က စားခဲ့ဖူးသည်ထက်ပင် ပို၍ ကြည့်ကောင်းကာ ပို၍ မွှေးပျံ့နေသော အမဲသားခေါက်ဆွဲကို ကြောင် တောင်တောင်ဖြင့် စိုက်ကြည့်နေမိလေသည်...။

*စနစ်ကို အဆင့်မြှင့်တင်လိုက်တာက ဟင်းချက်စွမ်းရည်တွေကိုပါ အဆင့်မြှင့် တင်ပေးလိုက်တာများလား….*

အမဲသားခေါက်ဆွဲ၏ မခံမရပ်နိုင်လောက်အောင် မွှေးပျံ့သော ရနံ့များက ကျိုးချန်ယဲ့၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသောအခါ သူသည် တံတွေးကို ပြင်းပြင်း မြိုချလိုက်ပြီးနောက် ခေါက်ဆွဲကို အားပါးတရ စတင် စားသောက် လိုက်လေတော့သည်။

All Chapters