← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း (၂၈) မှောင်ခိုဈေးသို့ ထပ်မံဝင်ရောက်ခြင်း

ကျေနပ်အားရစွာ စားသောက်ပြီးနောက် ကျိုးချန်ယဲ့သည် သတ္တမထပ်သို့ တက်ကာ လှည့်လည်ကြည့်ရှုရန် စိတ်ကူးမိခဲ့သော်လည်း သူ၏ လက်ပတ် နာရီကို ကြည့်လိုက်ရာ ညရှစ်နာရီပင် ထိုးနေပြီ ဖြစ်လေသည်။

နောက်တစ်နေ့မနက်တွင် လုပ်စရာကိစ္စများ ရှိနေသည်ကို စဉ်းစားမိကာ ထို စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ပဉ္စမထပ်သို့ ဆင်းကာ အနားယူရန် နေရာတစ်ခု ရှာဖွေရန် ဆုံးဖြတ်လိုက်လေတော့သည်။

ပဉ္စမထပ်မှာ အိမ်အသုံးအဆောင်နှင့် ပရိဘောဂများ ရောင်းချသော နေရာဖြစ် လေသည်။

ဖောက်သည်များကို ဆွဲဆောင်ရန်အတွက် ကုန်သည်များသည် ပြခန်းအချို့ကို ပြင်ဆင်ထားပြီး ၎င်းတို့မှာ အသုံးအဆောင်များ အပြည့်အစုံ ပါရှိကာ သူ လို အပ်နေသည့်အရာနှင့် ကွက်တိပင် ဖြစ်ပေသည်။

ထို့နောက် သူသည် ပူဖောင်းလက်ဖက်ရည်ဆိုင်သို့ သွားကာ ပင်မှည့်သီး နှစ် ဆပါဝင်သော လက်ဖက်ရည်ကြီး တစ်ခွက်ကို မှာယူလိုက်လေ၏။ ပိုက်ကို ခွက်အောက်ခြေအထိ ထိုးထည့်ကာ တစ်ကျိုက် စုပ်သောက်လိုက်ရာ ဝါးစား ရသော တာပီယိုကာ ပုလဲစေ့များနှင့် ချောမွတ်သော အုန်းသီးဂျယ်လီတို့က သူ၏ ပါးစပ်ထဲတွင် ပေါက်ကွဲသွားခဲ့လေသည်။

တစ်ကျိုက်ချင်းစီတိုင်းက နှစ်ဆသော ဝါးစားရသည့် အရသာကို ပေးစွမ်းနေ ပြီး လန်းဆန်းကာ ကျေနပ်စရာ ကောင်းလှပေသည်။

ကျိုးချန်ယဲ့သည် ကျေနပ်စွာ နှုတ်ခမ်းသပ်လိုက်ပြီး သူ၏ လက်ဖက်ရည်ခွက် ကို ကိုင်ကာ ဓာတ်လှေကားထဲသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ပဉ္စမထပ် ခလုတ်ကို နှိပ်လိုက်လေသည်။

"တီ..."

ဓာတ်လှေကားမှာ ပဉ္စမထပ်တွင် ငြင်သာစွာ ရပ်တန့်သွားခဲ့လေ၏။ တံခါးများ ပွင့်သွားသည်နှင့် တစ်ပြိုင်နက် သစ်သားရနံ့နှင့် အဝတ်အစားသစ် ရနံ့များ ရော နှောနေသော အနံ့သင်းသင်းလေးတစ်ခု ပျံ့လွင့်လာခဲ့လေသည်။

ကျိုးချန်ယဲ့သည် တစ်ဝက်ကျော်ခန့် သောက်ပြီးဖြစ်သော သစ်သီးလက်ဖက် ရည်ခွက်ကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့လေ၏။

သူ၏ အကြည့်များက အခန်းထဲသို့ အကဲခတ်ကြည့်လိုက်ပြီးနောက် နောက် ဆုံးတွင် အထဲဘက် အကျဆုံး အခန်း၌ ရပ်တန့်သွားခဲ့လေသည်။

တံခါးမှာ အနည်းငယ် ဟနေပြီး အတွင်းမှ နွေးထွေးသော အလင်းရောင်ကို မသဲမကွဲ မြင်တွေ့နေရလေသည်။

သူသည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားခဲ့လေသည်။ သူ ပထမဆုံး မြင်လိုက် ရသည်မှာ ပန်းပွင့်ဒီဇိုင်းပါသော အဝတ်ဆိုဖာတစ်ခုနှင့် သစ်သားကော်ဖီ စားပွဲပေါ်တွင် လက်ဖက်ရည်သောက်သည့် အသုံးအဆောင်များ ချထားသော ဧည့်ခန်းတစ်ခု ဖြစ်လေ၏။

သူသည် ကုန်လုနီးပါး ဖြစ်နေသော ပင်မှည့်သီး နှစ်ဆပါ လက်ဖက်ရည်ခွက်ကို ကော်ဖီစားပွဲစွန်းရှိ ခွက်ခံပြားပေါ်တွင် ချထားလိုက်ပြီး အိပ်ခန်းဆီသို့ တိုက် ရိုက် လျှောက်သွားခဲ့လေသည်။

ကုတင်ပေါ်တွင် ပက်လက်လှန်ချလိုက်ရာ မွေ့ရာမှာ အနည်းငယ် နိမ့်ဝင်သွား ပြီး လုံလောက်သော အထောက်အပံ့ကို ပေးစွမ်းနေခဲ့လေ၏။ သူသည် သက် ပြင်းရှည်ကြီး တစ်ခုကို ချလိုက်မိလေသည်...။

"နောက်ဆုံးတော့ ကောင်းကောင်း အိပ်ရတော့မယ်..."

သူ အိပ်မပျော်သွားမီ တစ်စုံတစ်ခုသော အရေးကြီးသည့် ကိစ္စကို မေ့လျော့ နေသကဲ့သို့ မသဲမကွဲ ခံစားလိုက်ရလေသည်။

သို့သော် သူ၏ မျက်ခွံများမှာ ခဲဆွဲထားသကဲ့သို့ လေးလံနေပြီး အိပ်ချင်စိတ် များက သူ၏အပေါ်သို့ လှိုင်းလုံးများအလား ရိုက်ခတ်လာခဲ့လေ၏။ သူက မပီမသ ရေရွတ်လိုက်လေသည်...။

"ထားလိုက်ပါတော့... ထားလိုက်ပါတော့... အရေးကြီးတဲ့ ကိစ္စတော့ မဖြစ် နိုင်ပါဘူး... နိုးမှပဲ ဆက်တွေးတော့မယ်..."

စကားပြောပြီးသည်နှင့် သူ၏ ခေါင်းမှာ ဘေးသို့ လိမ့်ကျသွားပြီး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေတော့သည်။

ချိုးချိုး - "......"

ကွန်မြူနစ် ကျန်းမာရေးဆေးခန်း

ကျိုးချန်ယဲ့ ဆေးခန်းမှ ထွက်ခွာသွားပြီး မကြာမီမှာပင် ဒုတိယအစ်ကို အား ခွဲစိတ်ခန်းထဲမှ ဘီးတပ်ကုတင်ဖြင့် တွန်းထုတ်လာခဲ့လေ၏။ လောလောဆယ် တွင် သူ၏ အခြေအနေမှာ တည်ငြိမ်နေခဲ့ပေသည်။

အဖေထျန်က ကျေးရွာအတွင်းရေးမှူးဘက်သို့ လှည့်ကာ ပြောလိုက်လေ သည်...။

"အစ်ကိုကြီး... တပ်ဖွဲ့မှာ ကြီးကြပ်ပေးဖို့ လူလိုသေးတယ်လေ... ခင်ဗျား သူ တို့ကို ခေါ်ပြီး ပြန်သွားလိုက်ပါတော့..."

ထို့နောက် သူသည် ကျေးရွာအတွင်းရေးမှူး၏ ပခုံးကို ပုတ်လိုက်လေသည်...။

"အပြန်လမ်းမှာ တတိယကောင်ကို ရှာပြီး ဒီက အခြေအနေကို ပြောပြပေးပါ ဦး... ဒုတိယကောင် ဆေးရုံက ဆင်းရင် ခင်ဗျားကို အရက်တိုက်ပါ့မယ်ဗျာ..."

"ကောင်းပါပြီ၊ စိတ်မပူပါနဲ့... ကျွန်တော့် မိသားစုကိုလည်း သွားပြောလိုက် ပါ့မယ်… တစ်ရက် နှစ်ရက်လောက်နေရင် ပြန်လာခဲ့မယ်လေ... ခင်ဗျားလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး..."

ထိုသို့ပြောပြီးနောက် ကျေးရွာအတွင်းရေးမှူးသည် တပ်ဖွဲ့မှ လူငယ်များကို ခေါ်ဆောင်ကာ ဆေးခန်းမှ ထွက်ခွာသွားခဲ့လေတော့သည်။

"ထျန်ချင်းလင်းရဲ့ မိသားစုရှိလား... ထျန်ချင်းလင်းရဲ့ မိသားစုဝင်တွေ ရှိကြ လား ..."

သူနာပြုတစ်ဦးသည် စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် လူနာဆောင်ထဲမှ ပြေး ထွက်လာခဲ့လေသည်။

"ရှိပါတယ် ဆရာမ... ဘာ... ဘာများ ဖြစ်လို့လဲ..."

အဖေထျန်မှာ ခုံတန်းလျားပေါ်မှ ခုန်ထလိုက်ပြီး အစ်ကိုအကြီးဆုံး ထျန်ချင်းမု ကလည်း အရှေ့သို့ ပြေးထွက်သွားခဲ့လေသည်။

၎င်းတို့ နှစ်ဦးစလုံး၏ အသံများမှာ တုန်ယင်နေခဲ့ပေသည်...။

"ဆရာမ... ချင်းလင်း... သူများ..."

"လူနာ အဖျားတက်လာလို့ပါ..."

သူနာပြုက အလျင်အမြန် ဖြတ်ပြောလိုက်ပြီး သူမ၏ မျက်မှောင်များမှာ လည်း နက်ရှိုင်းစွာ တွန့်ချိုးနေခဲ့လေ၏။

"ဟင်... အဲ့ဒါ... အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ..."

အဖေထျန်၏ ခြေထောက်များမှာ အားပျော့သွားပြီး လဲကျလုမတတ် ဖြစ်သွား ခဲ့သော်လည်း ထျန်ချင်းမုက အလျင်အမြန် ဖမ်းထိန်းလိုက်လေသည်...။

"ဘယ်လိုလုပ်ကြမလဲ... ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဖျားလာရတာလဲ..."

"လောလောဆယ်တော့ အဖျားကျအောင် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ အရင် ကြိုးစားကြည့်ရမယ်... မျက်နှာသုတ်ပုဝါကို သုံးပြီး လူနာရဲ့ နဖူး၊ ဂျိုင်း၊ ခြေဖဝါးနဲ့ တခြားနေရာတွေကို သုတ်ပေးပြီး အပူကျအောင် လုပ်ပေးနိုင်ပါ တယ်..."

"တကယ်လို့ ဘိုင်ကျိုး (တရုတ်အရက်ဖြူ) ရှိရင်တော့ အာနိသင် ပိုကောင်း လိမ့်မယ်..."

သူနာပြုက ခဏမျှ ရပ်တန့်လိုက်လေသည်။

"အဲ့ဒါမှ အဆင်မပြေဘူးဆိုရင်တော့ ရောင်ရမ်းမှုကျစေတဲ့ ဆေးကို စောင့်ရ မှာပဲ..."

အဖေထျန်မှာ ဖြူလျော်နေပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသကဲ့သို့ ခံစားနေရလေ၏။ သူသည် အစ်ကိုအကြီးဆုံး၏ အကူအညီဖြင့်သာ မတ် တတ်ရပ်နေနိုင်ခဲ့လေသည်။

ခရိုင်ဆေးရုံတွင် ပင်နီဆီလင် မရှိကြောင်းကို ဆရာဝန်က ယခုလေးတင် ပြော ထားခဲ့သည် မဟုတ်ပါလော။ လောလောဆယ်တွင် ချန်ယဲ့က သတင်းကောင်း ယူဆောင်လာပေးမည်ကိုသာ မျှော်လင့်ရတော့မည် ဖြစ်ပေသည်။

နံနက် (၆:၃၀) နာရီတွင် သူ၏ ခန္ဓာကိုယ် ဇီဝနာရီက သူ့ကို အချိန်မှန် နှိုးလိုက် လေ၏။

စနစ်နေရာလွတ်ထဲတွင် သက်သောင့်သက်သာ မျက်နှာသစ် ကိုယ်လက်သန့် စင်ပြီးနောက် သူသည် မြေအောက်ထပ်သို့ ဆင်းကာ သူ အနှစ်သက်ဆုံးဖြစ် သော ဝက်သားကင် အစာသွတ်ပေါက်စီကို ရွေးချယ်ပြီး ချိုမြိန်သော ပဲနို့တစ် ခွက်နှင့် တွဲဖက် စားသောက်လိုက်လေသည်။

ကျေနပ်စရာကောင်းပြီး အာဟာရပြည့်ဝသော နံနက်စာကို စားသုံးပြီးနောက် ရုတ်တရက် အတွေးတစ်ခု ဝင်လာကာ စနစ်နေရာလွတ်ထဲမှ ပြန်လည် ထွက် ခွာလာခဲ့လေသည်။

အပြင်သို့ ရောက်လာသောအခါ တည်းခိုခန်း၏ ရင်းနှီးနေသော အခန်းထဲတွင် ပင် ရှိနေသေးကြောင်း တွေ့လိုက်ရလေသည်။ ကျိုးချန်ယဲ့က သူ၏ ပစ္စည်း များကို အလျင်အမြန် သိမ်းဆည်းကာ အောက်ထပ်သို့ ဆင်းလာခဲ့လေ၏။

"ရဲဘော်... ကျွန်တော် အခန်း ပြန်အပ်မလို့ပါ..."

ကောင်တာတွင် ထိုင်ကာ သိုးမွှေးထိုးနေသော အမျိုးသမီးက ခေါင်းမော့ကြည့် လိုက်ရာ မနေ့က ရောက်လာသော ချောမောသန့်ပြန့်သည့် အမျိုးသားကို မြင် လိုက်ရလေသည်။

သူမ၏ မျက်နှာမှာ နီရဲသွားခဲ့ပြီး ဗလုံးဗထွေး ပြောလိုက်လေသည်...။

"မင်္ဂလာပါ ရဲဘော်... သော့လေး ပေးခဲ့ပါ..."

ကျိုးချန်ယဲ့က သော့ကို ကမ်းပေးလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်လေ၏။

"ရဲဘော်... ကျွန်မ နာမည်က ထျန်လီလီပါ... ရဲဘော်မှာ ချစ်သူ ရှိပြီလား..."

ထျန်လီလီမှာ ပွင့်လင်းသော လူတစ်ဦးဖြစ်ပြီး ရှက်ရွံ့နေခြင်းမျိုး လုံးဝ မရှိခဲ့ ချေ။

ကျိုးချန်ယဲ့မှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ယဉ်ကျေးစွာ ပြုံးပြလိုက်လေ သည်...။

"ကျွန်တော် လက်ထပ်ပြီးပါပြီ..."

ထိုသို့ပြောပြီးနောက် သူသည် တည်းခိုခန်းမှ ထွက်ကာ မြို့တော်ဆေးရုံရှိရာသို့ လျှောက်သွားခဲ့လေတော့သည်။

"ဟုတ်ကဲ့ပါရှင်..."

ထျန်လီလီမှာ သူမ၏ အချစ်ကြိုးလေး ထပ်မံ ပြတ်တောက်သွားခြင်းအတွက် ဝမ်းနည်းနေဆဲဖြစ်ပြီး ကျိုးချန်ယဲ့ မည်သည့်အချိန်က ထွက်သွားကြောင်း ကိုပင် သတိမထားမိလိုက်ချေ။

ကျိုးချန်ယဲ့မှာ ထိုကိစ္စကို စိတ်ထဲ မထားခဲ့သော်လည်း မမျှော်လင့်ဘဲ အ ကြောင်းပြချက်မရှိ အောင်သွယ်ပေးသူ တစ်ဦး ဖြစ်သွားခဲ့လေတော့သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့မှာ ဆေးရုံသို့ ဆေးလာယူခြင်းဖြစ်ကြောင်း တရားဝင် ပြောဆိုထားပြီးဖြစ်ရာ ဟန်ဆောင်မှုများကို သေသေချာချာ လုပ် ဆောင်ရမည် ဖြစ်ပေသည်။

သံသယ မဖြစ်စေရန်အတွက် မည်သည့်လျှို့ဝှက်ချက်မဆို ထာဝရ ဖုံးကွယ် ထား၍ မရနိုင်ကြောင်း သူ သိထားလေ၏။

ကျိုးချန်ယဲ့ မြို့တော်ဆေးရုံသို့ ရောက်ရှိသွားသောအခါ သူရရှိခဲ့သော အဖြေ မှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လေသည်... ဤရောင်ရမ်းမှု ကျစေ သော ဆေးမျိုးမှာ လောလောဆယ် ပြတ်လပ်နေပြီး ဆေးရုံ၏ လက်ကျန်မှာ လည်း ကုန်ဆုံးသွားသည်မှာ ကြာပြီဖြစ်ကြောင်း သိလိုက်ရလေ၏။

ကျိုးချန်ယဲ့က မျက်မှောင်ကြုတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် လှည့်ထွက်လာခဲ့လေသည်။

ဆေးရုံမှ ထွက်လာပြီးနောက် သူသည် လမ်းတစ်လျှောက် တစ်ကီလိုမီတာခန့် လျှောက်သွားပြီးနောက် တိတ်ဆိတ် မှောင်မိုက်သော လမ်းကြားတစ်ခုထဲသို့ ကွေ့ဝင်သွားခဲ့လေ၏။

လမ်းလျှောက်နေစဉ် ဝါးခြင်းတောင်းများကို ကိုင်ဆောင်ထားသော လူအနည်း ငယ် လမ်းကြားထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်သွားသည်ကို သူ သတိထားမိလိုက် လေသည်။

ခန့်မှန်းနေရန်ပင် မလိုဘဲ ဤနေရာမှာ မှောင်ခိုဈေး၏ အဝင်ဝဖြစ်ကြောင်း ထင်ရှားလှပေသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ကွန်မြူနစ်သို့ ပြန်ရမည်ဖြစ်ရာ မှောင်ခိုဈေးရှိ ဆိုင်ခန်း များတွင် ဖြည်းညင်းစွာ ဈေးဆစ်နေရန် အချိန်မရှိချေ။ တစ်ခုတည်းသော ဖြတ်လမ်းမှာ မှောင်ခိုဈေး ခေါင်းဆောင်နှင့် တိုက်ရိုက် ပူးပေါင်းလုပ်ကိုင်ရန် ဆွေးနွေးခြင်းသာ ဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ပြီးခဲ့သည့်အကြိမ်က သူဌေးကျန်းနှင့် အရောင်း အဝယ် ပြုလုပ်စဉ်က သေနတ်တစ်လက်နှင့် ကျည်ဆန်အချို့ကို လဲလှယ်ရယူ ထားခဲ့ပြီး စနစ်နေရာလွတ်၏ အထောက်အပံ့လည်း ရှိနေသဖြင့် မိမိကိုယ် ကိုယ် ကာကွယ်နိုင်မည်ဟု သူ ယုံကြည်ထားခဲ့လေ၏။

ကျိုးချန်ယဲ့ လမ်းကြားအဝင်ဝသို့ ချဉ်းကပ်သွားစဉ် ဘောင်းဘီတိုဝတ်ဆင် ထားပြီး ကြမ်းတမ်းသော မျက်နှာထားရှိသည့် အမျိုးသားနှစ်ဦးက သူ၏ရှေ့သို့ ထွက်လာကာ လက်ပိုက်လျက် လမ်းပိတ်ရပ်လိုက်ကြလေသည်...။

"မင်း ဘာလာလုပ်တာလဲ..."

"ခင်ဗျားတို့ သူဌေးနဲ့ စီးပွားရေးအကြောင်း ဆွေးနွေးချင်လို့ပါ..."

ကျိုးချန်ယဲ့က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် မူ ငြင်းပယ်၍မရသော သေချာမှုများ ပါဝင်နေခဲ့ပေသည်...။

"သူ အရေးတကြီး လိုအပ်နေတဲ့ ပစ္စည်းတွေ ကျွန်တော့်ဆီမှာ ရှိတယ်... ပြီး တော့ သူ ထောက်ပံ့ပေးနိုင်တဲ့ ပစ္စည်းတွေကိုလည်း ကျွန်တော် လိုချင်တယ်..."

ထိုအမျိုးသား နှစ်ဦးက အချင်းချင်း အကဲခတ်ကြည့်လိုက်ကြပြီး သူ့အား အ ထက်အောက် စုန်ဆန် ကြည့်ရှုလိုက်ကြလေသည်။ သူသည် သာမန် ဈေးသည် ငယ် တစ်ဦးနှင့် မတူကြောင်း မြင်သောအခါ ၎င်းတို့က ပြောလိုက်လေသည်..။

"ဒီနေရာမှာ စောင့်နေ..."

ထို့နောက် သူက ဘေးရှိလူကို မျက်စိမှိတ်ပြလိုက်ပြီး လမ်းကြားထဲသို့ လှည့် ဝင်သွားခဲ့လေတော့သည်။

မိနစ်အနည်းငယ် အကြာတွင် ထိုတောင့်တင်းခိုင်မာသော အမျိုးသား ပြန် ရောက်လာပြီး ရိုသေလေးစားသော လေသံဖြင့် ပြောလိုက်လေသည်...။

"ငါတို့နောက်က လိုက်ခဲ့ပါ..."

ထို့နောက် သူသည် လမ်းဖယ်ပေးရန် ဘေးသို့ ဆုတ်လိုက်လေ၏။

လမ်းကြားလေးမှာ မှိန်ပျပျ အလင်းရောင်သာ ရှိသော်လည်း မီတာတစ်ရာခန့် လျှောက်သွားပြီးနောက် လမ်းကြားမှာ ရုတ်တရက် ကျယ်သွားခဲ့လေသည်။

ကျိုးချန်ယဲ့သည် ဈေးဆိုင်ခန်း အများအပြားကို ဖြတ်သန်းသွားခဲ့လေ၏။ လူ တိုင်းက လုံခြုံစွာ အဝတ်အစားများ ဖုံးအုပ်ထားကြပြီး ဆိုင်တစ်ဆိုင်နှင့် တစ် ဆိုင်ကြားတွင် လုံခြုံသော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားကြလေ သည်။

တစ်ခါတစ်ရံတွင် ဆိုင်ရှေ့၌ စကားပြောနေသူများ ရှိသော်လည်း ၎င်းတို့မှာ အသံထွက်၍ မပြောကြဘဲ လက်ဟန်ခြေဟန်များကိုသာ အသုံးပြုကြလေ၏။

မြို့ပေါ်ရှိ မှောင်ခိုဈေး၏ လေထုမှာ ခရိုင်မြို့ရှိ မှောင်ခိုဈေးထက် ပို၍ တင်း မာနေကြောင်းကို ကျိုးချန်ယဲ့ ထင်ရှားစွာ ခံစားသိရှိလိုက်လေသည်။

အဆုံးတွင်မူ အဝင်ဝ၌ အရောင်လွင့်နေသော ကန့်လန့်ကာတစ်ခု ချိတ်ဆွဲထား သည့် ယာယီ သစ်သားတဲလေးတစ်ခု ရှိလေသည်။

ကန့်လန့်ကာကို ပင့်တင်ကာ ဝင်သွားသောအခါ အခန်းထဲတွင် နတ်ဘုရား ရှစ်ပါး စတုရန်းစားပွဲကြီး တစ်လုံးနှင့် သစ်သားကုလားထိုင် အချို့ကိုသာ ရိုးရှင်းစွာ ခင်းကျင်းထားသည်ကို တွေ့လိုက်ရလေသည်။

စားပွဲနောက်တွင် အနက်ရောင် လက်တိုအင်္ကျီ ဝတ်ဆင်ထားပြီး ဆံပင်တိုတို ညှပ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက ဆေးလိပ်သောက်လျက် ထိုင်နေခဲ့လေသည်။

သူ၏ လက်ချောင်းများကြားမှ ပြာများက စားပွဲပေါ်သို့ ကျဆင်းနေခဲ့လေသည် ။ သူသည် ဤမှောင်ခိုဈေး၏ ခေါင်းဆောင်ဖြစ်ပြီး "အစ်ကိုကျား" ဟု လူသိ များလေသည်။

"မင်းဆီမှာ ပစ္စည်းကောင်းတွေ ရှိတယ်လို့ ကြားတယ်..."

အစ်ကိုကျားက ခေါင်းမော့ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ သိမ်းငှက် တစ်ကောင်ကဲ့သို့ ထက်မြက်နေပြီး ကျိုးချန်ယဲ့အား အထက်အောက် စုန်ဆန် ကြည့်ရှုလိုက်လေသည်...။

"ငါ ဒီနေရာမှာ စီးပွားရေး အသေးစားလေးတွေ မလုပ်ဘူးနော်..."

ဖော်ရွေတတ်သော ကျိုးချန်ယဲ့က ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင် လိုက်ပြီး လိုရင်းကို တိုက်ရိုက် ပြောလိုက်လေသည်...။

"ဆန်၊ ဂျုံမှုန့်၊ ပြောင်းဖူး စတာတွေ အားလုံးက အခြောက်ခံပြီး သန့်စင်ထားတဲ့ ထိပ်တန်း အရည်အသွေးရှိတဲ့ ပစ္စည်းတွေချည်းပဲ..."

"ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး စတဲ့ သစ်သီးတွေလည်း ရှိတယ်... နောက် ပြီး ဝက်သား၊ အမဲသား၊ သိုးသားတွေကိုလည်း သန့်စင်ပြီး အေးခဲထားတယ်... ချက်ချင်း ချက်စားလို့ ရတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ အစ်ကိုကျားမှာ ခဏမျှ တုံ့ဆိုင်းသွားပြီး သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ် ပြေးသွားခဲ့လေသည်။

ဤခေတ်ကာလတွင် ရိက္ခာပစ္စည်းများမှာ အလွန် ရှားပါးလှပြီး လတ်ဆတ် သော သစ်သီးဝလံများနှင့် လုံလောက်သော အသားများဆိုလျှင် ပို၍ပင် ရှားပါးလှပေသည်။

သူက မျက်လုံးများကို မှေးလိုက်လေသည်...။

"မင်း ဘာလိုချင်လို့လဲ..."

"ကြက်၊ ဘဲ၊ ငန်း စတဲ့ အသက်ရှင်နေတဲ့ မွေးမြူရေး တိရစ္ဆာန် တချို့ လိုချင် တယ်... ဝက်ပေါက်လေးတွေပါ ရရင်တော့ ပိုကောင်းတာပေါ့..."

All Chapters