အကျပ်အတည်း
Vol. 74 Ch. 1156
စစ်ဆင်ရေးကွပ်ကဲဗဟိုဌာနအတွင်း၌ ဗိုလ်ချုပ်လော့သည် နေရာအနှံ့မှ ဆက်တိုက်တက်လာသော ပျက်စီးဆုံးရှုံးမှုနှင့် ကျဆုံးဒဏ်ရာရမှုမှတ်တမ်းများကို စိုက်ကြည့်နေမိသည်။ သူ၏လက်ကြားမှ စီးကရက်က သတိမထားမိလိုက်ခင်မှာပင် လက်ချောင်းနားအထိ လောင်ကျွမ်းနေခဲ့ပြီဖြစ်ရာ ထိုစီးကရက်ကို နှုတ်ခမ်းဆီသို့ ဖြည်းညှင်းစွာယူဆောင်ကာ တစ်ချက်ရှိုက်ဖွာလိုက်ပြီးနောက် သွေးနီရောင်လွှမ်းမိုးမှုကြောင့် ဝေဝါးနေသည့် စစ်ဘက်သုံး ဟိုလိုဂရမ်လှိုင်းနှုန်းများဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ဖီးနစ်က ဘာတွေပဲလုပ်လုပ်… တောင်ဘက်ကောင်းကင်ဂိတ်က ဒီနေရာကို အတိအကျပစ်မှတ်ထားပြီးပြီဆိုကတည်းက ငါတို့ လွှဲပြောင်းရမယ့်လမ်းကြောင်းက ရှင်းသွားပြီလို့ ပြောလို့ရတယ်”
“ဒီနေ့မှာပဲ တပ်ရင်း ၁၃ က ကျီးကန်းပါးစပ်တောင်ကြားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တယ်၊၊ စုစုပေါင်းချီတက်ရမယ့် အကွာအဝေးက မိုင် ၃၀ မပြည့်ဘူး၊၊ စစ်ကူတွေရောက်လာရင်တောင် ဒီအရှိန်အတိုင်းဆို ရထားအုပ်စုအားလုံးကို အရှေ့ဘက်ရထားလမ်းပိုင်းဆီ ပြောင်းဖို့ အနည်းဆုံး ၅ ရက်ကနေ ၇ ရက်အထိ ကြာလိမ့်မယ်၊၊ အားလုံးကော ဘယ်လိုထင်ကြလဲ”
တပ်ရင်း ၂၂ မှ ဗိုလ်ချုပ်ကျန်းဝေကောင်းက “ဒီနေ့ ဝိုင်းရံပိတ်ဆို့မှုက မနေ့ကထက် ပိုပြင်းထန်လာတယ်၊၊ ဒီအတိုင်းသာ ဆက်သွားရင် နောက်နှစ်ရက်အတွင်း ငါတို့စစ်ကြောင်းတစ်ခုလုံး တစစီကွဲထွက်သွားနိုင်တယ်၊၊ ဒီလောက်ကြီးမားတဲ့ ချီတက်စစ်ကြောင်းကြီးကို ပြန်စုစည်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
သူသည် အခြားတိုက်ခိုက်ရေးတပ်ဖွဲ့များမှ ကွပ်ကဲရေးအရာရှိများကို အေးစက်စွာ ဝေ့ကြည့်လိုက်သည်၊၊
“ဒီတော့ အဲဒီပုံစံခွက်ကြီးကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးပစ်ဖို့ ညဘက်ချီတက်ပွဲတွေလုပ်ဖို့ ငါ ထပ်ပြီးအဆိုပြုတယ်”
“မင်းရဲ့အဆိုပြုချက်က အရင်ကတည်းက မဖြစ်နိုင်ဘူး၊၊ ဒီနေ့ အထိအခိုက်အကျဆုံးများပြားပြီးတဲ့နောက်မှာ ပိုလို့တောင် မဖြစ်နိုင်တော့ဘူး”
ဗိုလ်ချုပ်လီရှန်းက တိုက်ရိုက်ပယ်ချလိုက်ပြီး တည်ငြိမ်စွာ ဝေဖန်ဆန်းစစ်ပြသည်။
“စကားပုံတစ်ခုရှိတယ် သံကို ပူနေတုန်းထုရမယ်၊၊ ပြီးရင် အားပျော့သွားမယ်၊ နောက်ဆုံးတော့ အားကုန်သွားလိမ့်မယ် တဲ့၊၊ ငါတို့ရဲ့ အကြီးအကျယ်ထိုးဖောက်မှုကြီးက လွန်ခဲ့တဲ့ ၉ ရက်ကတည်းက ကျရှုံးခဲ့တယ်၊၊ အခုအချိန်မှာ အထိအခိုက်အနည်းဆုံးနဲ့ အဝေးဆုံးအကွာအဝေးကို တစ်ဆင့်ချင်းချီတက်တာကသာ အကောင်းဆုံးမဟာဗျူဟာပဲ၊၊ အနီရောင်လွှမ်းမိုးမှုပြဿနာကြောင့် ထောက်ပို့လမ်းကြောင်းက လုံးဝပြတ်တောက်နေပြီ၊၊ စွမ်းအားဝတ်စုံအပြည့်အစုံတစ်ခုစီတိုင်းက ရတနာလိုတန်ဖိုးရှိတယ်၊၊ စွမ်းအားဝတ်စုံအပြည့်မပါတဲ့သူတွေက တွဲထဲမှာပဲနေလို့ရမယ်၊၊အက်ကွဲကြောင်းတစ်ခုခုရှိတာနဲ့တင် အစုလိုက်အပြုံလိုက် သေကြေပျက်စီးကုန်လိမ့်မယ်...”
“ရထားလမ်းခင်းတဲ့ အရှိန်ကလည်း အကန့်အသတ်ကို ရောက်နေပြီဆိုတာ မပြောနဲ့ဦး၊၊ ဒီလိုအခြေအနေမျိုးမှာ ညဘက်အတင်းချီတက်တာက ကိုယ့်ကိုယ်ကို မီးရှို့သတ်တာနဲ့ အတူတူပဲ”
သူက လူအများ၏ ဟိုလိုဂရမ်မျက်နှာပြင်များကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ငါတို့က အနားယူဖို့ လိုအပ်ပေမယ့် အဲဒီသတ္တဝါတွေက မလိုဘူးဆိုတာ သတိပြုသင့်တယ်...”
“လူကြီးမင်းတို့ ငါ့ရဲ့ ရိုးရှင်းတဲ့ အမြင်အချို့ကို ပြောခွင့်ပြုပါ”
ထိုအချိန်တွင် အဝေးတစ်နေရာမှ ဟိုလိုဂရမ်ပုံရိပ်တစ်ခုက ပြတ်သားစွာ ဝင်ပြောလိုက်သည်။ အလင်းမျက်နှာပြင်ထဲတွင် ဥရောပသားရုပ်ရှိသည့် ပုံရိပ်သုံးလေးခု ပေါ်လာပြီး ရှေ့ဆုံးမှလူမှာ အရပ်ပုသော်လည်း ထက်မြက်သောမျက်လုံးများ၊ ကတုံးကေတိုတိုနှင့် အမြဲတမ်းပြုံးယောင်သန်းနေသည့် ချောမောသောမျက်နှာကို ပိုင်ဆိုင်ထားသည်။
ထိုသူမှာ အက်ဂါရှောဖြစ်ပြီး အရင်က မရိန်းတပ်ဖွဲ့၏ ထိပ်တန်းစစ်သည်တစ်ဦးဖြစ်ခဲ့ကာ ကမ္ဘာပျက်ကပ်နေ့အပြီးတွင် ကယ်ဆယ်ရေးအဖွဲ့ကို အလျင်အမြန် ဖွဲ့စည်းခဲ့သူဖြစ်သည်။ သူသည် ဥရောပဖြတ်ကျော်ရထားတစ်စင်းကို ကမ္ဘာပျက်ကပ်ဓားပြများထံမှ လုယူကာ ကမ္ဘာပျက်ကပ်သုံးရထားအဖြစ် ပြောင်းလဲခဲ့ပြီး တွင်းနက်မှ ထွက်ပြေးလာစဉ်တစ်လျှောက် တိုးချဲ့ပူးပေါင်းလာခဲ့ရာ ယခုအခါ လူဦးရေ ၉၀,၀၀၀ နီးပါး ခိုလှုံနေသည့် ၁၂ ကီလိုမီတာကျော် ရှည်လျားသော ရထားမြို့တော်ကြီးဖြစ်လာခဲ့သည်။ သူသည် ဥရောပမုန်တိုင်းမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး အာရုဏ်ဦးဗဟိုစင်တာနှင့် ဆုံတွေ့ခဲ့သော်လည်း ယခုအခါ လက်ရှိဘေးအန္တရာယ်အတွင်း ပိတ်မိနေခြင်းဖြစ်သည်။
“ကပ္ပတိန်ရှော ပြောပါ” ဗိုလ်ချုပ်လော့က သူ့ကို တိုက်ရိုက်ဖိတ်ခေါ်လိုက်သည်။
“မကြာသေးခင်က ရရှိတဲ့ အချက်အလက်တွေအပေါ် သုံးသပ်ရရင် ငါ့မှာ ကွဲပြားတဲ့ အမြင်အချို့ရှိပါတယ်”
ရှော၏အသံက တည်ငြိမ်သော်လည်း စကားပြောနှုန်းမှာ မြန်ဆန်လှသည်။
“ပထမဆုံးအနေနဲ့ ဖီးနစ်က တပ်မကြီးအဆင့် စစ်ကူတွေ လွှတ်လိမ့်မယ်လို့ ငါ မယုံကြည်ဘူး၊၊ ဒါက ရထားလမ်းပေါ်ကနေ ပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်နိုင်ခြေများတယ်၊၊ ဒီလောက်တိကျပြီး အချိန်ကိုက်ဖြစ်နေတာကိုကြည့်ရင် ဝင်ရိုးစွန်းဌာနချုပ်က ငါတို့ရဲ့ တည်နေရာကို သိနေရုံတင်မကဘဲ စစ်ပွဲအခြေအနေကိုပါ သိနေတဲ့သဘောပဲ”
ဗိုလ်ချုပ်လော့က ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ သေချာပေါက်အဲဒီလိုဖြစ်နိုင်ခြေရှိတယ်”
“ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ သွေးနီရောင်ဖုတ်ကောင်လှိုင်းတွေရဲ့ မကြာခဏတိုက်ခိုက်မှုတွေဟာ ငါတို့ရဲ့ ချီတက်ပြောင်းရွှေ့မှုကို တားဆီးဖို့ ရည်ရွယ်တာဖြစ်ပြီး အဓိကအကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ လေးရက်က အနန္တရထားကအဆိုပြုခဲ့တဲ့ အချိန်ဆွဲတဲ့ယူဆချက်နဲ့ ထပ်တူကျနေလိမ့်မယ်လို့ ထင်ပါတယ်”
ထိုစကားကို ကြားသောအခါ လူတိုင်း၏မျက်နှာအမူယာများ အနည်းငယ်ပြောင်းလဲသွားပြီး ဟိုလိုဂရမ်ပေါ်တွင် ဘာစကားမျှ ချက်ချင်းမပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေသည့် ချန်ဆီရွှမ်ထံသို့ ကြည့်လိုက်ကြသည်။
“ဖုတ်ကောင်လှိုင်းကိုသုံးပြီး ငါတို့ရဲ့ ပြောင်းရွှေ့မှုကို အချိန်ဆွဲမယ်၊၊ ပြီးရင် မြေအောက်ထဲကနေထွက်လာမယ့် ကမ္ဘာ့အဆင့်က ငါတို့ကို ဝါးမျိုသွားမယ်အာ့လိုလား”
ကျန်းဝေကောင်းက လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒီယူဆချက်ကို ငါ မပယ်ချပါဘူး၊၊ လွန်ခဲ့တဲ့ နှစ်လက မြောက်အမေရိကပေါင်းစည်းတပ်ဦးနဲ့ ငါတို့ ပူးပေါင်းခဲ့ကြတယ်၊၊ တပ်မှူးလီဟယ်ပင်း ကိုယ်တိုင်ကြီးကြပ်ပြီး စစ်ကြောင်းသုံးကြောင်း… သံမဏိအစောင့်တပ်ရင်း ၉ ခုနဲ့အတူ အင်ပါယာပရောဂျက်အောက်က Dragon Horror အဆင့် အင်ပါယာမီကာလေးစီးကို တပ်ဖြန့်ပြီး တောင်ကြားထဲမှာ အဲဒီသတ္တဝါကို နှစ်ညတိုင်တိုင် ဝိုင်းရံတိုက်ခိုက်ခဲ့တယ်၊၊ တပ်မှူးက တောင်ဘက်ကောင်းကင်ဂိတ်ကိုသုံးပြီး ၁၃ ချက်တောင် ပစ်ခဲ့ပေမယ့် အဲဒီအကောင်ကို မနှိမ်နင်းနိုင်ခဲ့ဘူး၊၊ ပင်မတပ်ဖွဲ့တွေ ကွဲသွားပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်သွားကတည်းက ကင်းထောက်အဖွဲ့ရဲ့ လေ့လာချက်တွေအရ အဲဒီသတ္တဝါက အာရုဏ်ဦးဗဟိုစင်တာနောက်ကို တောင်ဘက်အထိ လိုက်လံတိုက်ခိုက်နေတယ်လို့ သိရတယ်...”
“ဒီတော့ ဗိုလ်ချုပ်ကျန်းက အဲဒီဖုတ်ကောင်တွေကို ကမ္ဘာ့အဆင့်သတ္တဝါက စေခိုင်းတာထက် S-Class အဆင့်သတ္တဝါတွေက လှုံ့ဆော်တာလို့ ပိုပြီးယူဆတာပေါ့” ဗိုလ်ချုပ်လီရှန်းက မှတ်ချက်ပြုသည်။
“ဒီနေ့ပဲ အနက်ရောင်ကျွန်းပြားကို သုတ်သင်နိုင်ခဲ့ပြီး ဖုတ်ကောင်လှိုင်းတွေ ဆုတ်ခွာသွားတာကို ကြည့်ရင် အခြေအနေက နည်းနည်းရှင်းလင်းမသွားဘူးလား”
လီရှန်းက ခေါင်းအနည်းငယ်ညိတ်ပြီး ဘာမှထပ်မပြောတော့ဘဲ ထိုဘက်ရှိ ရှောကိုသာ ဆက်လက်စောင့်ကြည့်နေသည်။
၎င်းတို့နှစ်ဦးစလုံး စကားပြောပြီးနောက် ရှောက ဆက်ပြောသည်။
“တကယ်တော့ S-Class အဆင့် မွန်းစတားအများအပြားနဲ့ ရင်ဆိုင်ပြီးတဲ့နောက် ငါတို့ လေ့လာဆန်းစစ်မှုတွေ အများကြီးလုပ်ခဲ့တယ်၊၊ S-Class တွေရဲ့ စိတ်ဝိညာဉ်တုန်ခါမှုတန်ဖိုးအတက်အကျက ထူးထူးခြားခြားကြီးမားတယ်၊၊ အထူးသဖြင့် အသိုက်အဆင့်နဲ့တူတဲ့ အနက်ရောင်ကျွန်းပြားလို သတ္တဝါမျိုးတွေရဲ့ လွှမ်းမိုးနိုင်စွမ်းက အကန့်အသတ်ရှိတယ်”
သူက လှည့်လိုက်ပြီး “မားကပ်စ်”
မားကပ်စ်ဟု အမည်ရသည့် အဖွဲ့ဝင်က သူတို့၏ယာဉ်တန်းသည် ဒေသအသီးသီးရှိ စစ်မြေပြင်များကို ကူညီရာမှ ရရှိခဲ့သော အချက်အလက်များနှင့် သတင်းအချက်အလက်အချို့ကို ချက်ချင်းပြသလိုက်သည်။
“ဖီးနစ်ရဲ့ သတ္တဝါဆန်းလေ့လာချက်မှတ်တမ်းတွေအပြင် ငါတို့ကြုံတွေ့ရတဲ့ သတ္တဝါအများစုက မှတ်တမ်းမရှိတဲ့ ထူးဆန်းတဲ့သတ္တဝါတွေ ဖြစ်နေတယ်၊၊ ဒါကြောင့် ငါတို့ရဲ့ ယူတိုးပီယားဟာ ရုပ်သွင်ပြင်၊ စိတ်ဝိညာဉ်တုန်ခါမှုအတိုင်းအတာနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းချက်တွေအပေါ် အခြေခံပြီး သတ္တဝါတွေကို ခွဲခြားမှတ်တမ်းတင်ဖို့ ကိုယ်ပိုင်စနစ်တစ်ခုကို တည်ဆောက်ခဲ့ရတယ်၊၊ ဒါပေါ့၊ ငါတို့ဘာသာ အမည်ပြောင်တွေလည်း ပေးခဲ့ကြတယ်၊ ဥပမာ- ကျောက်တုံးနီလျှိုမြောင်မှာတွေ့ရတဲ့ လေထဲကနေ ပျံသန်းတိုက်ခိုက်တတ်တဲ့ လင်းနို့လိုသတ္တဝါကို ငါတို့ရဲ့ဂျင်းနီက စုန်းလင်းနို့လို့ အမည်ပေးခဲ့တယ်၊၊ ပြီးတော့ ဒီကြယ်နက်လွင်ပြင် အိတ်ချ်ဇုန်မှာဆိုရင် သွေးနီရောင်ဖုတ်ကောင်တွေအပြင် လေထဲကနေ ဆင်းသက်လာတဲ့ သတ္တဝါတွေက အတောင်ပံလေးခုပါပြီး ရင်ဘတ်က ငါးရှဉ့်လိုမျိုးပဲ၊ ပျမ်းမျှအတောင်ပံအကျယ်က ၁၅ မီတာကနေ ၁၈ မီတာအထိရှိတယ်၊ ခန္ဓာကိုယ်က ကတ္တရာစေးလိုပဲ၊ စုပ်ခွက်တွေက ရွံစရာကောင်းရုံတင်မကဘဲ လေဆာပါပစ်နိုင်လို့ ငါတို့ကိုအတော်ဒုက္ခပေးခဲ့တယ်၊၊ တပ်ရင်း ၁၃ရဲ့ အမှတ် ၃၊ ၆၊ ၇ တပ်စိတ်တွေဆိုရင် ဒါကိုကောင်းကောင်းသိလိမ့်မယ်”
“ဒါပေါ့၊၊ ဒါတွေအားလုံးက အချက်တစ်ချက်ကိုပဲ ညွှန်ပြနေတာပဲ”
ရှောက ဟိုလိုဂရမ်မျက်နှာပြင်ကို ချဲ့လိုက်ရာ သဲပုံပေါ်မှမြေမျက်နှာသွင်ပြင်တစ်ခုပေါ်လာသည်။ ရထားလမ်းမကြီးတစ်ခုလုံး၏ ပင်မတပ်ဖွဲ့များကို နေရာလေးခု ခွဲထားပြီး ကျောက်တုံးနီလျှိုမြောင်မှသည် သံမဏိထင်းရှူးနယ်မြေအထိဖြစ်သည်။ ကောင်းကင်အမိုးခုံးရထား တည်ရှိရာ ကျောက်တုံးနီလျှိုမြောင်နှင့် ကျီးကန်းပါးစပ်တောင်ကြားတွင် တပ်စွဲထားသည့် အဝေးဆုံးက တပ်ရင်း ၁၃ ၏ စက်ယန္တရားကြီးတပ်ရင်းများနှင့် တင့်ကားမီကာတပ်ရင်းများသည် အနည်းဆုံး ၁၅၀ ကီလိုမီတာခန့် ကွာဝေးသည်။ လူသန်းပေါင်းများစွာသည် ဤကျဉ်းမြောင်းလှသော ဇုန်အတွင်း၌ မြွေကြီးသဏ္ဌာန် ရှည်လျားသောစစ်ကြောင်းဖြန့်၍ လုံးဝချီတက်နေကြရခြင်းဖြစ်သည်။
ဤသို့လုပ်ရန်မှတပါး ရွေးချယ်စရာမရှိသော်လည်း ရထားလမ်း၏ ထူထဲသော သံမဏိအကာကွယ်များနှင့် သာလွန်သော တည်နေရာကို အားကိုးခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေပြီ ဖြစ်သည်။ အဆုံးစွန်၌ ရထားကို ခေါက်သိမ်း၍ မရနိုင်ချေ။ လူသန်းပေါင်းများစွာသည် ဤကမ္ဘာပျက်ကပ်ရထားများပေါ်၌ တိုးဝှေ့နေကြရပြီး ဤသွေးနီရောင်လွင်ပြင်ကျယ်ကြီးထဲတွင် ဤအရာကသာ သူတို့ အသက်ရှင်သန်ရေးအတွက် တစ်ခုတည်းသောခိုလှုံရာဖြစ်သည်။