← Chapters

အခန်း ၄၉၅

Vol. 50 Ch. 495

အခန်း ၄၉၅

Vol. 50 Ch. 495

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၄၉၅) - ကျောက်စိမ်းနှင်းစက်ဆေးလုံးနှင့် လော့ချန်၏ နောင်တ

"အခြေတည်အဆင့်တက်လှမ်းဖို့က ကျွန်မ ထင်ထားတာထက် ပိုလွယ်သလို၊ ထင်ထားတာထက်လည်း ပိုခက်ခဲနေခဲ့ပြန်တယ်…. ရှင် အရင်က ပြောခဲ့တဲ့ အဆင့်ကျော်ရမယ့် အချက်သုံးချက်ကို ကျွန်မ ဘာတစ်ခုမှ မလျော့ဘဲ ပြည့်စုံအောင် လုပ်ခဲ့တယ်…. စိတ်ဝိညာဉ် အားကောင်းဖို့၊ ချီစွမ်းအင်သန့်စင်ဖို့၊ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ အကုန် သေချာ ပြင်ဆင်ခဲ့တယ်…. စီမံခန့်ခွဲရေးမှူးဟွေ့နန်က ကျွန်မကို အလောတကြီး ဖြစ်မှာ စိုးလို့ နောက်ထပ် သုံးလလောက် ထပ်ပြီး စောင့်ခိုင်းသေးတယ်…. ကျွန်မရဲ့ စိတ်၊ စွမ်းအင်တွေ ပြည့်စုံနေတာကို သူကိုယ်တိုင် စစ်ဆေးပြီးမှ အခြေတည်ဆေးလုံးကို ပေးခဲ့တာပါ…. ဝိညာဉ်အမြစ်နဲ့ ပက်သက်တဲ့ အန္တရာယ် သုံးမျိုးကိုလည်း ကျွန်မ အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့တယ်…. လျှာဖျားပဲဖြစ်ဖြစ်၊ ဒန်ထျန်းပဲဖြစ်ဖြစ်၊ မူလယင်စွမ်းအင်ပဲဖြစ်ဖြစ် ဘာချို့ယွင်းချက်မှ မရှိခဲ့ဘူး"

"ကျွန်မ ဒန်ထျန်းနံရံကို ထိုးဖောက်လိုက်တဲ့အချိန်တုန်းက မဟာတာအိုက ကျွန်မကို လက်ယပ်ခေါ်နေသလိုတောင် ခံစားခဲ့ရတယ်၊ အဲဒီအချိန်တုန်းက အဓိက သွေးကြောတွေကို နှိုးဆွပြီး ချီစွမ်းအင်တွေကို စုစည်းလိုက်ရင် အောင်မြင်မှာပါ"

"ဒါပေမဲ့.... အဲဒီအချိန်မှာပဲ စိတ်တွေ ရှုပ်ထွေးသွားတယ်၊ ရှင့်ခြေလှမ်းတွေကို လိုက်မီဖို့ စိတ်ပိုင်းဖြတ်ထားပေမဲ့ အောင်မြင်တော့မယ့် အချိန်မှာပဲ ကျွန်မ ရလဒ်အတွက် အရမ်း စိုးရိမ်နေမိတယ်၊ တကယ်လို့ အခြေတည်အဆင့် ရောက်သွားတယ်ဆိုရင်တောင် ရှင် ကျွန်မကို လိုချင်ပါ့မလား၊ ဟွေ့နန်က ကျွန်မထက် ပိုတော်တယ်လေ...."

လော့ချန်၏ သန့်စင်လှသော သစ်သားဓာတ် ချီစွမ်းအားဖြင့် ကုသမှုကို ခံထားရခြင်းကြောင့်လော သို့မဟုတ် လော့ချန်ကို တွေ့လိုက်ရ၍ စိတ်လှုပ်ရှားသွားခြင်းကြောင့်လော မသိရပေ။ အကြောင်းပြချက် မည်သို့ပင်ဖြစ်စေ ယခုအခိုက်အတန့်တွင် ကူချိုင်ယီသည် သေခါနီးလူတစ်ယောက် ဘဝကို အလင်းပွင့်သွားသည့်အလား စကားများကို ဆက်တိုက် ပြောနေခဲ့တော့သည်။

"ကျွန်မ သတိဝင်လာတဲ့အချိန်မှာတော့ ဒန်ထျန်းရဲ့ အစိတ်အပိုင်း အများစု ပျက်စီးနေခဲ့ပြီ၊ မထိန်းချုပ်နိုင်တော့တဲ့ ချီစွမ်းအင်တွေက ကျွန်မရဲ့ သွေးကြောတွေကို တစ်စစီ ဖျက်ဆီးနေခဲ့တယ်၊ အဲဒီအချိန်မှာတင်.... ကျွန်မ လုံးဝ ကျရှုံးသွားခဲ့ပြီဆိုတာကို သိလိုက်ရတာ"

သူမ လော့ချန်အား ငေးကြည့်နေခဲ့သည်။

"ရှင် လိုချင်တဲ့ လက်တွဲဖော်ဆိုတာ ရုပ်လှရုံတင် မဟုတ်ဘူး၊ ကျင့်ကြံလမ်းမှာ ရှင့်ဘေးနား အတူတူ လျှောက်လှမ်းနိုင်မယ့်သူ ဖြစ်ရမယ်ဆိုတာ ကျွန်မ သိပါတယ်…. တကယ်လို့ အခြေတည်အဆင့်ကိုသာ မရောက်နိုင်ရင် နောက်ထပ် ဆယ်စုနှစ်အနည်းငယ်မှာတင် ကျွန်မ အမှုန်အမွှားအဖြစ် ပြောင်းလဲသွားတော့မှာ…. အဲဒီအခါ ရှင် စိတ်မကောင်းဖြစ်ရမှာပေါ့....”

“တကယ်ဆို ကျွန်မလည်း ဒီလို ကလေးဆန်တဲ့ စကားတွေ ပြောမနေချင်ပါဘူး.... ဒါပေမဲ့ လော့ချန်…. ကျွန်မ ကြောက်တယ်၊ ဒါတွေ မပြောလိုက်ရဘဲ သေသွားမှာကို ကျွန်မ ကြောက်တယ်၊ အဲဒီအချိန်ကျရင် နောက်ထပ် အခွင့်အရေး မရှိတော့ဘူးလေ...."

"မင်း မသေစေရဘူး"

လော့ချန် သူမစကားကို ဖြတ်ပြောလိုက်သည်။ သူ၏ မျက်နှာထက်တွင် မယိမ်းယိုင်လှသော ပြတ်သားမှုများသာ ရှိနေခဲ့သည်။

"ချိုင်ယီ၊ ငါ လိမ်နေတာလို့ မင်းထင်နေတာမလား.... ငါ မင်းကို နှစ်သိမ့်ပေးဖို့ ကြိုးစားနေတာ မှန်ပေမဲ့ လိမ်နေတာတော့ မဟုတ်ဘူး.... အများဆုံး တစ်နှစ်အတွင်း မင်းရဲ့ဒဏ်ရာကို ငါ ပျောက်အောင် ကုပေးမယ်"

ကူချိုင်ယီ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမ အနည်းငယ် ယုံမှားသံသယ ဖြစ်နေပုံရသည်။

သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။

"တကယ်ပြောတာလား"

လော့ချန် ဘာမှ မပြောဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။

သူမ၏ နှုတ်ခမ်းဖျားတွင် ပြုံးရိပ်တစ်ခု ပေါ်လာကာ ပင်ပန်းနွမ်းနယ်နေသော မျက်ဝန်းထဲဝယ် မျှော်လင့်ချက် ရောင်ခြည်အနည်းငယ် ထွက်ပေါ်လာသည်။

"အခု နားတော့"

"ရှင်က ပြန်တော့မလို့လား"

"သူတို့ ရောက်လာပြီ"

ကူချိုင်ယီ အနည်းငယ် အံ့အားသင့်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု ပေါ်လာကာ လော့ချန်၏ လက်ကို လွှတ်ပေးလိုက်သည်။

လော့ချန် သူမအား စောင်ခြုံပေးလိုက်သည်။ ထို့နောက် သူ ထရပ်လိုက်ကာ ပြတင်းတံခါးကို အနည်းငယ် ဟ၍ အခန်းထဲသို့ လတ်ဆတ်သော လေများ ဝင်စေလိုက်သည်။

ခဏအကြာ သူ တည်ငြိမ်စွာပင် အခန်းထဲမှ ထွက်လာခဲ့တော့သည်။

ကူချိုင်ယီသည် ထွက်ခွာသွားသော သူ၏ ကျောပြင်ကို ကြည့်ရင်း မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်တော့သည်။

....

ဆီးနှင်းများကြားတွင် လူရိပ်များ ရှိနေလေသည်။

ဝတ်စုံနီဝတ် အမျိုးသား ခြံဝင်းအပြင်ဘက်သို့ လှမ်းထွက်လာသည့် အခိုက်အတန့်မှာပင် နှုတ်ဆက်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့တော့သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်.... ပြန်လည်ကြိုဆိုပါတယ်ဗျာ"

လော့ချန် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် လူအုပ်ကြီးကို ကြည့်လိုက်သည်။

"အင်း…. အားလုံး ပြန်ကြတော့၊ သုံးရက်နေရင် လော့ထျန်း အစည်းအဝေးခေါ်မယ်"

"ဟွေ့နန် ဒီမှာ ခဏ ကျန်ခဲ့ပေး"

လူအုပ်ကြီးသည် ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမျှ ငြင်းဆန်ရန် မဝံ့ရဲခဲ့ကြပေ။ အချိန်ကြာလာသည်နှင့်အမျှ လော့ချန်၏ အရှိန်အဝါမှာ တဖြည်းဖြည်း ပိုမိုကြီးမားလာခဲ့ပြီး မည်သူမျှ သူ့အား စိန်ခေါ်ရန် သတ္တိမရှိခဲ့ကြပေ။ သူတို့ ရိုရိုသေသေ ဦးညွှတ်လိုက်ကြပြီးနောက် လူစုခွဲကာ ထွက်ခွာသွားခဲ့ကြတော့သည်။

နှင်းများ ဖုံးလွှမ်းနေသော ခြံဝင်းအပြင်ဘက်၌ စိတ်ရှုပ်ထွေးနေသော အမျိုးသားနှင့် အမျိုးသမီးသာ ကျန်ရစ်ခဲ့သည်။

စီမာဟွေ့နန်က မည်သည့်စကားမျှ မဆိုဘဲ လော့ချန်ကိုသာ ငေးကြည့်နေသည်။

လော့ချန်လည်း မည်သည့်စကားမျှ မဆိုဘဲ သူမကိုသာ စိုက်ကြည့်နေသည်။ မတွေ့ရသည်မှာ တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူမသည် ယခင်ကထက် ပို၍ တည်ငြိမ်ကာ ကျက်သရေရှိလာသော်လည်း မျက်နှာမှာမူ အနည်းငယ် ချောင်ကျသွားသည်။

ခဏကြာပြီးနောက် စီမာဟွေ့နန် ခေါင်းကို ငုံ့၍ တိုးတိုးလေး ဆိုလိုက်သည်။

"ရှင် ပြန်ရောက်လာပြီပဲ"

"အင်း.... ပြန်ရောက်ပြီ၊ ဒီကာလအတွင်း အလုပ်တွေ များနေမှာပေါ့၊ မင်း ပင်ပန်းသွားရပြီ"

‘အလုပ်တွေ များနေမှာပေါ့’ ဟူသော စကားကြောင့် စီမာဟွေ့နန် ရင်ထဲ တစ်မျိုး ဖြစ်သွားသည်။

သူမ ခေါင်းကို ညင်သာစွာ ယမ်းလိုက်ရင်း

"ရှင့်အတွက် လုပ်ပေးတာပဲဥစ္စာ…. မပင်ပန်းပါဘူး"

လော့ချန် သက်ပြင်းချလိုက်ရင်း ရှေ့သို့ တိုးကာ သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

"ပြောပါဦး၊ ဘာတွေ ဖြစ်ခဲ့တာလဲ"

သူ မေးသည်မှာ လော့ထျန်းအဖွဲ့ အကြောင်း မဟုတ်ပေ။ အခန်းထဲရှိ ကူချိုင်ယီ၏ အခြေအနေကို မေးခြင်းဖြစ်သည်။

လော့ချန် သူမ လက်ကို ဆုပ်ကိုင်လိုက်သည်နှင့် စီမာဟွေ့နန်၏ ရင်ထဲတွင် ရှိနေသော လေးလံမှုများမှာ ပျောက်ကွယ်သွားသည်။ သူမ အခန်းငယ်လေးကို ပြန်လှည့်ကြည့်လိုက်သည်။

"ရှင် ဒန်ရှားတောင်က ထွက်သွားတဲ့နေ့က နန်းဆောင်သခင်ချိုင်ယီက ချီသန့်စင်အထွတ်အထိပ်ရောက်နေခဲ့ပြီ.... သူမ အခြေတည်ဆေးလုံး တစ်လုံး တောင်းဆိုခဲ့တယ်.... ကျွန်မဆီမှာ အဲ့ဒီအချိန်တုန်းက အခြေတည်ဆေးလုံး တစ်လုံး ရှိခဲ့ပါတယ်၊ ဂုဏ်ပြုပွဲတုန်းက အကြီးအကဲထန်ထိုက်ကျင်း ပေးခဲ့တဲ့ လက်ဆောင်တွေထဲက တစ်ခုလေ"

"ပုံမှန်ဆိုရင် ကျွန်မ သူမကို ပေးသင့်တယ်"

"ဒါပေမဲ့ ကျွန်မတို့ တိုင်ပင်ထားသလိုပဲ လော့ထျန်းအဖွဲ့က အခုမှ အရှိန်ယူနေတဲ့ အချိန်မို့ လူအင်အား အများကြီး လိုတယ်၊ ကူချိုင်ယီက ရွှေနန်းဆောင်ကို ဦးစီးနေတဲ့ သူလေ၊ အကျိုးအမြတ်ပိုင်းမှာ ရွှေနန်းဆောင်က အခရာပဲ၊ နန်းဆောင်သခင်ဖြစ်တဲ့ သူမ မရှိလို့ မဖြစ်ဘူး၊ အဲဒါကြောင့် နန်းဆောင်သခင်မုရုံ အောင်မြင်ပြီး သုံးလလောက်နေမှ ကျွန်မ ဆေးကို ပေးခဲ့တာ"

လော့ချန် သေချာ နားထောင်နေခဲ့သည်။ သူမ ရှင်းပြနေသည့် အရာအားလုံးမှာ မုရုံ၊ ကူချိုင်ယီတို့ ပြောပြသည်များနှင့် ကိုက်ညီနေသည်။

ဟွေ့နန် အသေးစိတ် အချက်အချို့ကို ချန်လှပ်ထားမှန်း လော့ချန် သိသည်။ ဥပမာ ကူချိုင်ယီအား ဇွတ်တရွတ် အဆင့်တက်လှမ်းခြင်းမျိုး မဖြစ်စေရန် ကျင့်ကြံခြင်းကို တည်ငြိမ်အောင် ပြင်ဆင်ခိုင်းခဲ့ခြင်းနှင့် ကောင်းမွန်သော ဒုတိယအဆင့် ဂူဗိမာန်တစ်ခု ငှားပေးခဲ့ခြင်းတို့ ဖြစ်သည်။

"သူမ တံခါးပိတ် မကျင့်ကြံခင်တုန်းက ကျွန်မနဲ့ ဝမ်ယွမ်တို့ သူမကို စစ်ဆေးခဲ့ကြသေးတယ်၊ သူမက အခြေခံ ကောင်းတယ်၊ ချီစွမ်းအင်ကလည်း တွမ်ဖုန်းနဲ့ ကျွန်မတို့ထက်တောင် သန့်စင်တယ်၊ အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများတယ်လို့ ထင်ခဲ့တာ"

"ဒါပေမဲ့ အရာရာက မသေချာဘူးလေ.... သူမ ရှုံးနိမ့်ခဲ့တယ်၊ ဒဏ်ရာက အရမ်း ပြင်းထန်တယ်၊ ကျွန်မ အစ်ကိုကြီး ရှုံးနိမ့်ခဲ့တာထက်တောင် ပိုဆိုးတယ်၊ အဲ့တာကြောင့် ကျွန်မ လော့ထျန်းအဖွဲ့ နာမည်နဲ့ သမားတော်ကြီး စွန်းစီဖန်းကို ငွေအများကြီးပေးပြီး ငှားလာခဲ့တယ်"

သူမ ခဏတာ တိတ်ဆိတ်သွားခဲ့ပြီးမှ ဆက်ပြောလိုက်သည်။

"ရလဒ်က မကောင်းဘူး…. သမားတော်စွန်း ပြောတာက ချိုင်ယီက အခြေခံ အလွန်ကောင်းလွန်းလို့ ချီသန့်စင်အဆင့်မှာတောင် ချီစွမ်းအင်တွေက အခြေတည်အဆင့်လောက်အထိ သန့်စင်နေတယ်၊ အဲဒါကြောင့်ပဲ အဆင့်တက်တာ ကျရှုံးတဲ့အခါ ချီစွမ်းအင်တွေက သူမရဲ့ ခန္ဓာကိုယ်ကို ပိုပြီး ဖျက်ဆီးလိုက်တာပဲ"

ထိုစကားများကို ကြားသည်နှင့် လော့ချန် သဘောပေါက်သွားသည်။ ပျံ့လွင့်နေသော စိတ်နှင့် ကစဉ့်ကလျား ဖြစ်နေသော စိတ်ဆန္ဒ၊ ကျင့်ကြံခြင်း သွေဖည်မှုတို့မှာ လှုံ့ဆော်မှုသက်သက်သာ ဖြစ်ကြသည်။ ကူချိုင်ယီ ကျရှုံးရသည့် အဓိက အကြောင်းရင်းမှာ အလွန် သန့်စင်သော ချီစွမ်းအင်များကြောင့်ပင် ဖြစ်၏။

သာမန်အားဖြင့်ဆိုလျှင် ချီသန့်စင်ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤကဲ့သို့သော အံ့အားသင့်စရာကောင်းလှသည့် သန့်စင်သော ချီစွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ လော့ချန်ကိုယ်တိုင်ပင် ဤကဲ့သို့သော အခြေခံမျိုး မရှိခဲ့ဖူးပေ။

လော့ချန် သူ့ကိုယ်သူသာ အပြစ်တင်မိသည်။ သူ ကောင်းစေချင်၍ ပေးခဲ့သော ကျောက်စိမ်းနှင်းစက်ဆေးလုံးများကြောင့်သာ ဖြစ်မည်။ ၎င်းတို့မှာ ဒုတိယအဆင့် ဆေးလုံးများ ဖြစ်ကြပြီး ရေခဲခံတပ်မှ အမျိုးသမီး အခြေတည်ကျင့်ကြံသူများပင် တပ်မက်နေကြသည့် အရာများ ဖြစ်သည်။

လော့ချန်အနေဖြင့် ဆေးအာနိသင် စုပ်ယူမှု နည်းစနစ်ကို ပြုပြင်ပေးခဲ့ပြီး ကူချိုင်ယီအား နည်းနည်းချင်းစီသာ သုံးစွဲရန် ညွှန်ကြားခဲ့ဖူးသော်လည်း ဆေး၏ ပြင်းထန်လှသော အာနိသင်မှာ သူမ၏ ခန္ဓာကိုယ်အတွင်း၌ အလွန်အမင်း သန်မာပြီး သန့်စင်လှသော ချီစွမ်းအားများကို ဖြစ်ပေါ်စေခဲ့သည်။ အဆင့်တူ အခြားသူများနှင့် ယှဉ်လျှင် သူမ၏ ချီစွမ်းအားမှာ သုံးဆ သို့မဟုတ် လေးဆခန့်ပင် ပိုမိုသန့်စင်နေခဲ့သည်။ အဆင့်တက်လှမ်းရန် ကြိုးစားသည့် အခိုက်အတန့်တွင် အခြေခံတည်အဆင့်သို့ မရောက်သေးသော ဝိညာဉ်အခြေခံတစ်ခုဖြင့် ထိုကဲ့သို့သော စွမ်းအင်မျိုးကို သူမအနေဖြင့် မည်သို့မည်ပုံ သွား၍ ထိန်းချုပ်နိုင်ပါမည်နည်း။

‘ဒါ.... ငါ့အမှားပဲ"

လော့ချန် စိတ်ထဲတွင် နောင်တရသွားသည်။ အကယ်၍ ကျောက်စိမ်းနှင်းစက်ဆေးလုံးများသာ မရှိခဲ့လျှင် ကူချိုင်ယီအနေဖြင့် ချီသန့်စင်အထွတ်အထိပ် ရောက်ရန် နောက်ထပ် နှစ်အနည်းငယ်မျှ အချိန်ပိုပေးရနိုင်သော်လည်း၊ အဆင့် တက်လှမ်းရန်အတွက် သာမန်အတိုင်း ခိုင်မာသော အခြေခံတစ်ခု ရှိနေလိမ့်မည် ဖြစ်သည်။ အကယ်၍ သူမ ကျရှုံးခဲ့လျှင်ပင် အလွန်ဆုံး စီမာရှန့်၏ အခြေအနေမျိုးသာ ဖြစ်လိမ့်မည်ဖြစ်ပြီး နှစ်အနည်းငယ်မျှ အနားယူပြီးနောက်တွင် အားအင်များ ပြန်လည်ပြည့်ဝလာနိုင်မည် ဖြစ်သည်။ ယခုမူ သူမ၏ ဒန်ထျန်းမှာ ပျက်စီးသွားခဲ့ရပြီဖြစ်ကာ၊ သွေးကြောများလည်း ယိုယွင်းပျက်စီးနေခဲ့ရပြီး၊ ပြင်းထန်လှသော ချီစွမ်းအားများက ခန္ဓာကိုယ်အတွင်း၌ ပိတ်ဆို့နေလျက် သူမ၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း တိုက်စားဖျက်ဆီးနေခဲ့ပြီ ဖြစ်သည်။

စီမာဟွေ့နန်သည် လော့ချန်၏ စိတ်အခြေအနေကို မသိဘဲ ဆက်လက်ရှင်းပြနေခဲ့သည်။ ကူချိုင်ယီအား ကုသပေးခဲ့သော သမားတော်စွန်းက သက်ဆိုင်ရာ ကုသမှု အစီအစဉ်တစ်ခုကို အဆိုပြုခဲ့ကြောင်း သိရသည်။ သာမန်မှော်အတတ်တစ်ခုမျှဖြင့် သူမကို ကုသ၍ မရနိုင်ဘဲ ဆေးဝါးများဖြင့် ဖြည်းဖြည်းချင်းသာ ကုသသွားရမည် ဖြစ်သည်။ ထိုသို့ ကုသနေစဉ်အတွင်း ပြင်ဆင်မှုများ ပိုမိုဆိုးဝါးမသွားစေရန်အတွက် ပြင်ပချီစွမ်းအားများ ဝင်ရောက်လာခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ ထို့ကြောင့် စီမာဟွေ့နန်သည် ကူချိုင်ယီအား ဒန်ရှားတောင်ထိပ်၏ ဤကဲ့သို့သော ဝေးလံလှသည့် နေရာမျိုးတွင် နေထိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် ချီစွမ်းအားမှာ အလွန်အမင်း ပါးလွှာလှသည်။ ထို့အပြင် သူမ မင်လုံယွီကိုလည်း ချီစွမ်းအား ကင်းမဲ့သော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်နေစေရန်အတွက် အစီအရင်တစ်ခု တည်ဆောက်ခိုင်းခဲ့သေးသည်။

ဝမ်ယွမ်သည်လည်း ကူချိုင်ယီအား လာရောက်ကြည့်ရှုတတ်ပြီး သူမ၏ အခြေအနေကို စစ်ဆေးကာ သွေးချီစွမ်းအင်များဖြင့် သန့်စင်ထားသော လင်းစွမ်းအားများကို သူမ၏ အဓိက သွေးကြောများအတွင်းသို့ ထည့်သွင်းပေးလေ့ရှိသည်။ ၎င်းမှာ စုပုံနေသော ချီစွမ်းအားများကြောင့် သွေးကြောများ ပျက်စီးမသွားစေရန်အတွက် ယာယီ ကာကွယ်ပေးထားသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သို့မဟုတ်ပါက အကယ်၍ ပျက်စီးမှုများက ပြုပြင်၍မရနိုင်လောက်အောင် ဖြစ်သွားခဲ့လျှင် သူမအနေဖြင့် မည်သည့်အခါမျှ ပြန်လည်ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။ ဖုန်းရှသည်လည်း လွန်ခဲ့သော တစ်နှစ်တာအတွင်း၌ သူမ၏ ဘေးနားတွင် အမြဲ ရှိနေခဲ့ပြီး နေ့ရောညပါ ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးခဲ့သည်။

"အကုန်လုံးက အကောင်းဆုံး ကြိုးစားခဲ့ကြတာပါပဲ"

လော့ချန် သက်ပြင်းချရင်း ပြောလိုက်သည်။

"ကျွန်မတို့အားလုံး ဒီအဆင့်အထိ အတူတူ လျှောက်လှမ်းလာခဲ့ကြတာပဲလေ…. တကယ်လို့ အခြေတည်အဆင့် မရောက်နိုင်တော့ရင်တောင်မှ အနည်းဆုံးတော့ ကျင့်ကြံခြင်းကို ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်သင့်တာပေါ့…. သူမကို ကုဖို့အတွက် သုံးနှစ်လောက်တော့ စောင့်ရလိမ့်မယ်…. ကျွန်မ ကြားရသလောက်တော့ နောက်ထပ် သုံးနှစ်နေရင် ဆေးဘုရင်ဂိုဏ်းက ချန်းဟိုင်ဆေးလုံးကို လေလံတင်လိမ့်မယ်တဲ့…. တကယ်လို့ တစ်လုံးလောက် ရနိုင်ရင် သူမရဲ့ ဒန်ထျန်းကို ကုကောင်းကုနိုင်ပါလိမ့်မယ်"

ချန်းဟိုင်ဆေးလုံး ဟူသည်မှာ ကျင့်ကြံသူတစ်ဦး၏ ဒန်ထျန်းနှင့် ချီပင်လယ်ကို ပြန်လည်ပြုပြင်ပေးရန်အတွက် အကောင်းဆုံး ဆေးလုံးတစ်လုံး ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ခန့်က လေလံပွဲတစ်ခုတွင် တစ်ကြိမ် ပေါ်ထွက်ခဲ့ဖူးပြီး၊ ဆေးလုံးတစ်လုံးတည်းဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ ခန့်အထိ ဈေးနှုန်း ရရှိခဲ့ဖူးသည်။

"မင်း သိပ် ဂရုစိုက်ပေးခဲ့တာပဲ"

လော့ချန်က မိမိ၏ လက်ဖဝါးအတွင်းရှိ နူးညံ့လှသော လက်ကလေးကို ညင်သာစွာ ညှစ်ရင်း ဆိုလိုက်သည်။

"ရှင် ကျေးဇူးတင်စရာ မလိုပါဘူး၊ ကျွန်မ သူမကို ပစ်ထားတယ်လို့ ရှင်မထင်ရင်ဘဲ ရပါပြီ"

"ငါ သိပါတယ်"

စီမာဟွေ့နန် ပြုံးလိုက်သည်။

"ကျွန်မ သူမကို မနာလို ဖြစ်နေတယ်လို့ မထင်ပါနဲ့"

"ငါက အဲ့လို လူစားမျိုးလား"

"ဒါပေမဲ့ စောစောက ရှင့်ရဲ့ မျက်နှာထား...."

"ငါ ပင်ပန်းနေလို့ပါ...."

လော့ချန် သူ၏ နားထင်ကို နှိပ်နယ်ရင်း ပြန်ဖြေလိုက်သည်။

"ငါ တစ်နေ့လုံး ခရီးနှင်လာခဲ့ရတာ၊ ပြီးတော့ လမ်းမှာလည်း အနှောင့်အ​ယှက်တွေကို သတိထားနေခဲ့ရသေးတယ်၊ ပြန်ရောက်တော့ ချိုင်ယီရဲ့ ဒဏ်ရာတွေကို သေသေချာချာ စစ်ဆေးရသေးတယ်၊ သူမကို ပိုပြီး မထိခိုက်စေဖို့အတွက်လည်း သတိထားခဲ့ရသေးတာ၊ ငါ မပင်ပန်းဘူးလို့ ပြောရင်.... အဲဒါ လိမ်ပြောတာပဲ၊ ဒီလို ရှည်လျားလှတဲ့ နေ့တစ်နေ့ကို ဖြတ်သန်းပြီးတဲ့နောက် ငါ ဘယ်လိုမျိုးလုပ်ပြီးတော့ ပြုံးနေနိုင်ပါ့မလဲ"

ထို့နောက် သူ တစ်စုံတစ်ခုကို သတိရသွားသည့်အလား လက်ကို မြှောက်လိုက်သည်။

"ရော့.... ဒါ မင်းအတွက်"

လှပလှသော ဆောင်းဦးဓားမှာ လော့ချန်၏ လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

"မင်းအတွက် ငါ ဝယ်လာတဲ့ လက်ဆောင်လေ၊ သဘောကျရဲ့လား"

ဓားပျံကို မြင်လိုက်သည်နှင့် စီမာဟွေ့နန်၏ မျက်ဝန်းများ တောက်ပသွားခဲ့ရသည်။ ၎င်းမှာ မှော်ရတနာတစ်ခုဖြစ်ပြီး သူမ၏ ရေဓာတ်ကျင့်ကြံခြင်းနှင့် လုံးဝ ကိုက်ညီမှု ရှိလှပေသည်။ သူမသည် ကျွမ်းကျင်လှသော လက်ဟန်ဖြင့် ၎င်းကို ပန်းပွင့်ပုံစံ ဝှေ့ယမ်းလိုက်ရင်း မျက်နှာထက်တွင် ပျော်ရွှင်မှုများ ဖြတ်သန်းသွားခဲ့ရသည်။

နှင်းများ ဖုံးလွှမ်းနေသော ခြံဝင်းအပြင်ဘက်၌ သူမ၏ ခန္ဓာကိုယ်မှာ ကျကျနန ရှိလှစွာဖြင့် လှည့်ပတ်ကခုန်နေခဲ့သည်။ သူမ၏ ဝတ်ရုံစမှာ လွင့်ပျံနေခဲ့ပြီး ဓားမြှောင်မှာလည်း လရောင်အောက်တွင် တောက်ပနေခဲ့သဖြင့် အလွန်အမင်း လှပလှသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

လော့ချန် သူမကို တိတ်ဆိတ်စွာ ကြည့်နေခဲ့မိပြီး သူ၏ မျက်နှာထက်တွင် ချီးကျူးရိပ်များ ထင်ဟပ်နေခဲ့သည်။ သို့သော် ထိုချီးကျူးရိပ်များ၏ အောက်တွင်မူ ပျောက်ကွယ်မသွားနိုင်သော စိုးရိမ်ပူပန်မှုအချို့ ရှိနေခဲ့သည်။

‘သုံးနှစ်....’

သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

‘သုံးနှစ်ဆိုတာ အရမ်းကို ကြာလွန်းပါတယ်....’

....

ကူချိုင်ယီ ဖြည်းဖြည်းချင်း နိုးထလာခဲ့ပြီး သူမ၏ အသိစိတ်ထဲတွင် အိပ်မက်၏ အရိပ်အယောင်များ ကျန်ရှိနေဆဲ ဖြစ်သည်။ သူမ၏ အမြင်အာရုံထဲသို့ ပထမဆုံး ဝင်ရောက်လာသည့် မြင်ကွင်းမှာမူ အခန်းထောင့်တွင် ပစ္စည်းသိမ်းနေသည့် ဖုန်းရှ ဖြစ်သည်။ သူမ အခန်းတွင်းကို လှည့်ပတ်ကြည့်လိုက်သော်လည်း အိပ်မက်ထဲမှ အမျိုးသားကို မတွေ့ရသဖြင့်၊ ရင်ထဲတွင် ဟာတာတာ ဖြစ်သွားခဲ့ရသည်။ သို့သော် အပြင်မှ အမျိုးသားတစ်ဦး လှမ်းဝင်လာချိန်တွင်မူ ထိုခံစားချက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရတော့သည်။

"မမရှ၊ အကုန် သိမ်းပြီးပြီလား"

ဖုန်းရှ ခေါင်းညိတ်လိုက်ရင်း

"အင်း…. အဝတ်အစားတွေရော အကုန်သိမ်းပြီးပြီ၊ အဆင်သင့်ပဲ"

"ဒါဆိုရင် သွားကြစို့"

"ဒါပေမဲ့ သမားတော်စွန်းက ပြောထားတယ်လေ၊ ချိုင်ယီ့ ခန္ဓာကိုယ်ထဲကို ပြင်ပချီစွမ်းအားတွေ မဝင်စေဖို့ သတိထားရမယ်တဲ့၊ ဒီလိုမျိုး ရွှေ့ပြောင်းဖို့က တကယ်ရော စိတ်ချရရဲ့လား"

"ပိတ်ဆို့ထားတာထက်စာရင် ဖွင့်ထုတ်ပေးလိုက်တာက ပိုပြီးတော့ ကောင်းပါတယ်…. သူပေးတဲ့ အကြံက မမှားပါဘူး…. ဒါပေမဲ့ အဲဒါက တခြားရွေးချယ်စရာ မရှိတဲ့ အခါမျိုးမှာမှ သုံးရတာမျိုးပါ၊ ကျွန်တော့်မှာ ပိုပြီးတော့ ကောင်းတဲ့ တခြားအစီအစဉ်တစ်ခု ရှိနေပြီးသားပဲ"

သူ စကားပြောနေစဉ်အတွင်းမှာပင် ကူချိုင်ယီ၏ ဘေးနားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကူချိုင်ယီက သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဘယ်ကို သွားကြမလို့လဲ"

"ငါ့အိမ်ကို.... ငါ ပျောက်အောင် ကုပေးမယ်လို့ ကတိပေးထားတယ်မလား"

လော့ချန် ပြုံးလိုက်ပြီး သူမအား ပွေ့ချီလိုက်တော့သည်။

ဖုန်းရှမှာ မျက်ရည်များဝဲလျက် အချိန်မရွေး ငိုချတော့မည်အလား ရှိနေသည်။ သူမ ကူချိုင်ယီအပေါ်သို့ ထူထဲလှသော သားမွေးဝတ်ရုံကြီးကို ခြုံပေးလိုက်သည်။

"နင် အဆင်ပြေသွားမှာပါ.... အားလုံး အဆင်ပြေသွားမှာ"

သူတို့ ခြံဝင်းထဲမှ ထွက်ခွာခဲ့ကြသည်။ လော့ချန်သည် ချီစွမ်းအား အတားအဆီးတစ်ခုကို ဖန်တီးလိုက်ပြီး လန်ချီလှေပျံပေါ်သို့ တက်လိုက်တော့သည်။

"မမရှ...."

လှေကြီး စတင်လည်ပတ်ပြီး အသံမြည်လာချိန်တွင် သူ နောက်သို့ လှည့်ကာ လှမ်းအော်လိုက်သည်။

"ချိုင်ယီ ပြန်ကောင်းလာတဲ့ အခါကျရင်.... ကျွန်တော်တို့ အရက်အတူတူ သောက်ရအောင်၊ အစ်ကိုတွမ်ကိုလည်း ခေါ်လာခဲ့နော်"

ဖုန်းရှသည် ခြံဝင်းအတွင်း၌ ရပ်ကျန်ရစ်ခဲ့ရင်း လှေပျံကြီး ကောင်းကင်ယံထက်သို့ ပျံတက်သွားသည်ကို ကြည့်ကာ လက်ဝှေ့ယမ်းလျက် ကျန်ရစ်ခဲ့တော့သည်။

လှေပျံပေါ်တွင်မူ ကူချိုင်ယီသည် နူးညံ့ပြီး နွေးထွေးလှသော ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့ပြီး သူမ၏ နှလုံးသားနှင့် မျက်ဝန်းများမှာ သူမရှေ့ရှိ အမျိုးသားအပေါ်၌သာ ရှိနေခဲ့သည်။ သူ သူမအား ပွေ့ချီလိုက်သည့် အခိုက်အတန့်မှာပင် သူမ၏ နှလုံးသားထဲရှိ အရာတစ်ခု တင်းကျပ်သွားခဲ့ရသည်။ ထိုအခိုက်အတန့်၌ သူမ၏ တစ်ဘဝလုံး ပြည့်စုံသွားခဲ့ပြီဟူ၍ပင် ခံစားခဲ့ရသည်။ ယခုအခါတွင်လည်း သူမ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်လှသော နာကျင်မှုလှိုင်းကြီးများက ရံဖန်ရံခါ ရိုက်ခတ်နေဆဲ ဖြစ်သော်လည်း သူမ၏ နှုတ်ခမ်းထက်မှ အပြုံးကိုမူ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

လော့ချန် သူမ၏ ကြည်လင်လှသော မျက်နှာလေးကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။

"ဟောဗျာ…. တကယ်ပဲ ဒီလောက်တောင် ပျော်နေတာလား"

သူမ၏ မျက်ဝန်းများမှာ တောက်ပနေခဲ့ပြီး ခေါင်းညိတ်ပြလိုက်သည်။

"အင်း.... အရမ်း ပျော်တယ်"

"ပြီးတော့ ကျွန်မ ရှင့်ကို အရမ်း ချစ်တယ်"

လော့ချန် အံ့သြသွားမိသည်။ သူမအနေဖြင့် ယခင်ကတည်းက သူမ၏ ခံစားချက်များကို ထုတ်ဖော်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော ပွင့်လင်းလှသည့် ဝန်ခံမှုကို ကြားရခြင်းက သူ့အား အငိုက်မိသွားစေခဲ့သည်။ ပြန်လည်တွေးတောကြည့်လိုက်ချိန်တွင် ဤအရာမှာ သူ ပထမဆုံး ဆုံတွေ့ခဲ့ဖူးသော ကူချိုင်ယီ၏ ပုံစံမျိုး ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ရသည်။

သူမသည် အမြဲ စိတ်ထဲတွင် မည်သည့်အရာမျှ မျိုသိပ်မထားတတ်ဘဲ ထုတ်ဖော်တတ်သူ ဖြစ်သည်။ သူမ၏ နှလုံးသားက တစ်စုံတစ်ခုကို ဆုံးဖြတ်ပြီးသွားလျှင် မယိမ်းယိုင်ဘဲ ထိုအရာနောက်သို့ လိုက်တတ်သူ ဖြစ်သည်။ ထို့ကြောင့်ပင် ထျန်ရှန်းမျှော်စင်မှ ဝင်ငွေကောင်းလှသော ရာထူးကို လိုလိုလားလား စွန့်လွှတ်ခဲ့သလို၊ တာဟဲဈေးမြို့တော်၌လည်း ဂုဏ်သိက္ခာရှိလှသော ကူမျိုးနွယ်စုအမည်ကိုပါ စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ သူ့ကြောင့်သာလျှင် သူမသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ သူမ၏ ပုံစံအစစ်အမှန်ကို ဖိနှိပ်ထားခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ ပြင်းထန်သော ဒဏ်ရာများကို ခံစားနေရပြီး သေမလား၊ ရှင်မလား မရေရာ ဖြစ်နေသည့် အချိန်ကျမှသာ သူမ အတားအဆီးအားလုံးကို ဘေးဖယ်ထားလိုက်နိုင်ခဲ့တော့သည်။ သူမ၏ ထိုအပြုအမူကို သူ အမြဲ သဘောကျမိသည်။

လော့ချန်၏ မျက်နှာထားမှာ နူးညံ့သွားခဲ့ရပြီး သူမ၏ လက်ဖမိုးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း

"မင်း ပြန်ပြီးတော့ နေကောင်းလာတာနဲ့.... ငါ မင်းကို အခြေတည်အဆင့် ရောက်အောင် ကူညီပေးမယ်"

"အခြေတည် အဆင့်ကို ရောက်မရောက်ဆိုတာက ကျွန်မဖို့ မရေးကြီးတော့ပါဘူး"

ကူချိုင်ယီက ညင်သာစွာ ဆိုလိုက်သည်။

"ရှင့် ဘေးနားမှာ အခုလို အတားအဆီးတွေ၊ အကွာအဝေးတွေ မရှိဘဲ ရှိနေရတာနဲ့တင်.... ကျွန်မအတွက် လုံလောက်ပါပြီ၊ တကယ်လို့ အခု သေသွားရမယ်ဆိုရင်တောင်မှ.... ဘာနောင်တမှ ရှိမှာ မဟုတ်တော့ဘူး"

အတိတ်ကာလကဆိုလျှင် လော့ချန်သည် ဤကဲ့သို့သော ပုံစံမျိုး မဟုတ်ခဲ့ပေ။ သူတို့နှစ်ဦး တာဟဲဈေးမြို့တော်၊ မြို့တွင်းခြံဝင်းလေးထဲတွင် နေထိုင်ခဲ့ကြစဉ်က သူသည် အမြဲ မျက်နှာပြောင်တတ်သူတစ်ဦး ဖြစ်သည်။ အမြဲ အလကားစားရမည့် ထမင်းဝိုင်းကိုသာ လိုက်ရှာနေတတ်ကာ သူ၏ မျက်လုံးများကလည်း ဟိုဟိုဒီဒီ ကစားနေတတ်သည်။ ထိုစဉ်က သူ့ထံတွင် ဂုဏ်သိက္ခာ သို့မဟုတ် ဖိအားဟူ၍ မည်သည့်အရိပ်အယောင်မျှ မရှိခဲ့ချေ။ အချိန်များ ကုန်ဆုံးသွားခဲ့ပြီး အတွေ့အကြုံများစွာ ရရှိလာခဲ့ပြီးနောက်တွင်မှ ထိုဂုဏ်သိက္ခာ၊ အရှိန်အဝါများက တဖြည်းဖြည်း ပုံဖော်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု ဤအခိုက်အတန့်တွင်မူ သူတို့နှစ်ဦးလုံးသည် အတိတ်ကာလများဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။ ဟန်ဆောင်မှုများ ကင်းမဲ့လှသော ပြန်လည်ဆုံဆည်းမှုတစ်ခုကဲ့သို့ပင်။

ရုတ်ချည်းပင် သူမ လှမ်းမေးလိုက်သည်။

"ကျွန်မတို့ ရှင် နေတဲ့ ဂူဆီ သွားမှာလား"

"အင်း၊ ကုသရတာ အဆင်ပြေအောင်လို့လေ"

လော့ချန်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

သူမ ခဏတာ တုံ့ဆိုင်းနေခဲ့ပြီးမှ

"ဒါပေမဲ့ သူက အဲဒီမှာ နေနေတာလေ၊ ကျွန်မ သွားတာ အဆင်ပြေပါ့မလား"

လော့ချန် သက်ပြင်းချလိုက်ရင်း သူမ၏ နှာခေါင်းလေးကို ညင်သာစွာ ဆွဲလိုက်မိသည်။

"ဘာလို့ ရုတ်တရက်ကြီး ဒီလောက်အထိ သဝန်တိုပြီးတော့ သဘောထားသေးသိမ်နေရတာလဲ"

"ဘယ်မှာ သဘောထားသေးသိမ်လို့လဲ"

သူ ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ ထွက်မလာခဲ့ချေ။ အမှန်အတိုင်း ပြောရလျှင် မည်သို့ ပြောရမည်ကို မသိခဲ့ပေ။

ကူချိုင်ယီ ထပ်မံ၍ အတင်းအကျပ် မမေးမြန်းတော့ပေ။ ထိုအစား သူမ ပြတ်သားစွာ ဆိုလိုက်သည်။

"ဘာပဲဖြစ်ဖြစ်.... ကျွန်မ ရှင့်ကို ရွေးချယ်ပြီးသွားပြီ၊ တကယ်လို့ သူမက ရှင့်ကို ရဖို့အတွက် ကျွန်မကို လာပြီး တိုက်ခိုက်ရင်တောင်မှ.... ရှင် ကျွန်မကို စွန့်ပစ်မသွားသရွေ့ ကျွန်မ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး"

လော့ချန် သူမ၏ မျက်နှာကို ကြည့်ရင်း ရင်ထဲတွင် နာကျင်သွားခဲ့ရသည်။ သူ လက်ကို ဆန့်ထုတ်လိုက်ကာ သူမ၏ ပါးပြင်ကို ညင်သာစွာ ကိုင်လိုက်ရင်း

"စိတ်မပူပါနဲ့…. ဟွေ့နန်က မင်းထင်သလို လူစားမျိုး မဟုတ်ပါဘူး၊ သူ အဆင်ပြေအောင် လုပ်ပေးပြီးပါပြီ၊ သူ ပြောင်းသွားပါပြီ၊ ငါ့သူငယ်ချင်းတစ်ယောက်က ထျန်းလန်တောင်ထိပ်က အဆင့်မြင့် ဂူဗိမာန်တစ်ခုကို သုံးစွဲခွင့် ပေးခဲ့လို့.... သူ အခုကစပြီးတော့ အဲဒီမှာပဲ နေတော့မှာပါ"

ကူချိုင်ယီက သူမ၏ ပါးပြင်ကို သူ၏ လက်ဖဝါးဖြင့် ကပ်လိုက်ရင်း တိုးတိုးလေး ဆိုလိုက်သည်။

"သူမ ဘယ်လိုလူလဲဆိုတာ ကျွန်မသိပါတယ်…. သူမက ပိုပြီးတော့ အမှီအခိုကင်းတယ်၊ ပိုပြီးတော့ သန်မာတယ်၊ ရှင်နဲ့ နီးစပ်လာခဲ့ပြီးတဲ့ နောက်မှာတောင် အဲ့ပတ်သက်မှုကို အကျိုးအမြတ်အတွက် သုံးဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးဘူး…. ကျွန်မ သူမအပေါ် ခပ်အေးအေး ဆက်ဆံခဲ့တဲ့ အချိန်တုန်းကတောင်မှ သူမ စိတ်ဆိုးခြင်း မရှိခဲ့ဘူး…. အဲ့အစား ကျွန်မ အခြေတည်အဆင့် ရောက်အောင် ကူညီပေးဖို့အတွက် သူမ တတ်နိုင်သမျှ လုပ်ပေးခဲ့တာ"

သူမ၏ အသံမှာ ပိုမိုတိုးညှင်းသွားခဲ့ရပြီး ခံစားချက်များကြောင့် တုန်ယင်နေခဲ့သည်။

"ဒါပေမဲ့ အဲဒီလိုမျိုး သိနေရင်တောင်မှ ရံဖန်ရံခါကျရင် ကျွန်မ စိတ်တိုမိတုန်းပဲ…. ကျွန်မ သူမကို စိတ်ဆိုးနေတာလား၊ ရှင့်ကို စိတ်ဆိုးနေတာလား.... ဒါမှမဟုတ် အတိတ်တုန်းက ကျွန်မကိုယ်ကျွန်မ စိတ်ဆိုးနေတာလားဆိုတာတောင် မသိတော့ပါဘူး...."

လော့ချန် တိတ်ဆိတ်စွာ ရှိနေခဲ့ပြီး သူမအား ပြောချင်သလောက် ပြောခွင့်ပြုထားခဲ့သည်။ ယခုအခါတွင်မူ သူမသည် မည်သည့်အချိန်ကထက်မဆို ပိုမိုအားနည်းနေခဲ့ရပြီ ဖြစ်သည်။ သူမအတွက် လိုအပ်နေသည်မှာ စကားလုံးများ မဟုတ်ဘဲ ကုသမှုသာ ဖြစ်သည်။ သမားတော်စွန်းပင် မကုသနိုင်ခဲ့သော ကူချိုင်ယီအား သူ ရအောင် ကုသပေးမည်ဖြစ်သည်။

လော့ချန်၏ ခေါင်းထဲတွင် တစ်စုံတစ်ခုကို ပြတ်သားစွာ ဆုံးဖြတ်ပြီးဖြစ်သည်။

"အသက်ကယ်ဆေးလုံး.... ဒီဆေးက အချိန်ကိုက်ပဲ"

All Chapters