← Chapters

အခန်း ၄၉၇

Vol. 50 Ch. 497

အခန်း ၄၉၇

Vol. 50 Ch. 497

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၄၉၇) - ခြောက်ကပ်သွားသော အလှတရားနှင့် နာကျင်သွားရသော နှလုံးသား

စိတ်လှုပ်ရှားမှုများ လျော့ပါးသွားပြီးနောက် လော့ချန် သတိပြန်ဝင်လာသည်။

ထျန်းလန်နတ်ဘုရားမြို့တော်အတွင်းတွင် အခြေတည်အဆင့် (၆) ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းက ထူးခြားသည်ဟု ထင်ရသော်လည်း ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ အခြေခံအင်အားကို မျက်ဝါး ထင်ထင် မြင်တွေ့လိုက်ရပြီးနောက်တွင်မူ အဆင့် (၆) ဟူသည်မှာ ဘာမျှမဟုတ်ကြောင်း သိလိုက်ရသည်။

ဆေးလုံးစိမ်းချို့င့်ဝှမ်းတွင် ဂိုဏ်းမျိုးဆက်ပြိုင်ပွဲဝင်ရန် အခြေတည်နှောင်းပိုင်း အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်မှသာ အရည်အချင်း ပြည့်မီသည်။ ၎င်းမှာ တပည့်များအချင်းချင်း ယှဉ်ပြိုင်ခြင်းသာ ဖြစ်ပြီး၊ ထိုအထက်တွင် ရွှေအမြုတေအဆင့်၊ ထို့ထက်ကျော်လွန်လျှင်ပင် ဝိညာဉ်သန္ဓေတည်အဆင့်နှင့် နတ်ဘုရားအသွင်ပြောင်းအဆင့်များပင် ရှိသေးသည်။

သူ၏ အစွမ်းအစမှာ မည်မျှပင် ရှိသေးသနည်း။ လုံလောက်သော အစွမ်းအစ မရှိဘဲ အာဏာနှင့် စည်းစိမ်ဆိုသည်မှာ အိပ်မက်တစ်ခုသာ ဖြစ်သည်။ ညာဘက်လက်မှ နူးညံ့မှုကို ခံစားနေရသော်လည်း လော့ချန်၏ ဘယ်ဘက်လက်ကမူ သိုလှောင်အိတ်ကို ကိုင်တွယ်ရင်း စိတ်စွမ်းအင်ဖြင့် စစ်ဆေးနေသည်။ အထဲတွင် စိန်ပုံသဏ္ဍာန် ပုံဆောင်ခဲများ စနစ်တကျ ရှိနေသည်။

စုစုပေါင်းပမာဏမှာ ၁၅၀,၀၀၀ ဖြစ်သည်။

ဤပမာဏမှာ အလွန်အမင်း ကြီးမားလှသော ပမာဏတစ်ခု မဟုတ်ပေ။ သူကိုယ်တိုင် ကျောက်စိမ်းအမြုတေဆေးလုံးများ ရောင်းချခဲ့စဉ်က ရရှိခဲ့သော ဝင်ငွေများနှင့် ယှဉ်လျှင် ၃၀ ရာခိုင်နှုန်းခန့်ပင် လျော့နည်းနေသည်။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သူ ဆေးမဖော်စပ်ခဲ့သည်ကို ပြန်တွက်ကြည့်ပါက ဤဝင်ငွေအားလုံးသည် လော့ထျန်းအဖွဲ့၏ ထုတ်ကုန်များမှသာ ဖြစ်သည်။ ပိုမိုအံ့အားသင့်စရာကောင်းသည်မှာ ၎င်းမှာ လုပ်ငန်းဆောင်တာများနှင့် လူအင်အားအတွက် ကုန်ကျစရိတ်အားလုံးကို နှုတ်ပယ်ပြီးသားဖြစ်သော အသားတင် အမြတ်ငွေ ဖြစ်နေခြင်းပင်။

"လော့ထျန်းအဖွဲ့ လမ်းကြောင်းမှန်ပေါ် ရောက်သွားတော့ ဒီလောက်အမြတ် ရတာလား"

လော့ချန် အံ့ဩသွားသည်။ အတိတ်ကာလတစ်ခုက သူ၏ စုဆောင်းငွေမှာ သိန်းဂဏန်းအထိ ရှိခဲ့ဖူးသည်။ သို့သော် အကောင်းဆုံး အရည်အသွေးရှိလှသော ဂူဗိမာန်ကို ငှားရမ်းခြင်းနှင့် နဂါးပျံဆေးလုံးများကို ဝယ်ယူခြင်းတို့ကြောင့် သူ၏ စုဆောင်းငွေမှာ နှစ်သိန်းခန့်အထိ လျော့နည်းသွားခဲ့ရသည်။ ထိုပမာဏထဲတွင် သာမန် ငွေကြေးအဖြစ် အသုံးပြု၍မရနိုင်သော အဆင့်လတ် ဝိညာဉ်ကျောက်တုံးအချို့နှင့် မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုဖြစ်သော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်တုံးတို့ ပါဝင်နေခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ အမှန်တကယ် သုံးစွဲနိုင်သော ငွေမှာ အလွန်အမင်း နည်းပါးနေခဲ့ခြင်း ဖြစ်သည်။ ဤမျှလောက်သော အမြတ်ငွေ အမြောက်အမြား ဝင်ရောက်လာခြင်းက သူ ခံစားနေခဲ့ရသော ငွေရေးကြေးရေး ဖိအားများကို များစွာ လျော့ပါးသွားစေခဲ့သည်။

စီမာဟွေ့နန်က သူမ၏ ဆံပင်ကို သပ်ရင်း တိုးတိုးလေး ပြောသည်။

"ဒါက အများကြီး မဟုတ်ပါဘူး၊ အခုမှ စတာပါ"

လော့ချန် အံ့အားသင့်နေစဉ် သူမက နူးညံ့စွာ ပြုံးသည်။

"လော့ထျန်းအဖွဲ့က ဂိုဏ်းတွေဆီက စည်းစိမ်တွေကို သိမ်းပိုက်ပြီး စီးပွားရေး လမ်းကြောင်းသစ်တွေကို ပြန်တည်ဆောက်ထားတာလေ၊ ဒီလောက်တော့ ရမှာပေါ့"

ထိုသို့ဆိုမှ လော့ချန် နားလည်သွားသည်။ ထျန်းယင်းတောင်၊ ယွီကျန်းကျောင်းတော်၊ တန်ယွမ်ဂိုဏ်းနှင့် ရှန်ကုန်းဂိုဏ်း စသည့် အင်းအားစုတစ်ခုချင်းစီတွင် အခြေတည် ကျင့်ကြံသူ တစ်ဦးမှ သုံးဦးအထိ ရှိခဲ့ကြပြီး၊ တတိယတန်းစား အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခြင်း ခံခဲ့ကြရဖူးသည်။ အဆိုးရွားဆုံး အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရချိန်တွင်ပင် နှစ်စဉ် အကျိုးအမြတ်မှာ အနည်းဆုံး သောင်းဂဏန်း ချီသည်။ ယခုအခါ လော့ထျန်းအဖွဲ့တွင် အားလုံး စုစည်းသွားပြီ ဖြစ်ရာ အနာဂတ်တွင် ပိုမို အကျိုးအမြတ် ရရှိနိုင်ဦးမည် ဖြစ်သည်။ အကယ်၍ လော့ထျန်းအဖွဲ့အနေဖြင့် ထိုအဖွဲ့အစည်းများ အားလုံးပေါင်းထက် ဝင်ငွေနည်းနေခဲ့လျှင် မိမိတို့ ညံ့နေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ အခြေခံအားဖြင့် ယခု သူ၏ လက်ထဲတွင် ရှိနေသော အရာမှာ ထိုပေါင်းစည်းမှုများ၏ ရလဒ်သက်သက်သာ ဖြစ်ပြီး တိုးတက်မှုများမှာမူ စတင်ခြင်း မရှိသေးပေ။ လော့ထျန်းအဖွဲ့ လက်ရှိ ပိုင်ဆိုင်ထားသော စွမ်းအားများနှင့် ရေခဲခံတပ်၏ ပံ့ပိုးမှုများအရ ပိုမိုကျော်ကြားလာနိုင်မည့် အလားအလာများစွာ ရှိနေခဲ့သည်။ နှစ်နှစ်အတွင်း တစ်သိန်းငါးသောင်းဆိုသည်မှာ အလွန့်အလွန် နည်းပါးလွန်းလှပေသည်။ မကြာမီ ထိုပမာဏမျိုးကို တစ်နှစ်အတွင်း၌ပင် ရရှိလာနိုင်လိမ့်မည် ဖြစ်သည်။

ထိုသို့ဖြစ်ရန် အရာအားလုံးသည် မည်သည့် ကြီးမားလှသော အနှောင့်အယှက်မျိုးမျှမရှိဘဲ ချောမွေ့စွာ တိုးတက်နေရန် လိုအပ်သလို၊ ထိုအတောအတွင်း၌လည်း လော့ထျန်းအဖွဲ့အတွင်းရှိ လူတိုင်းအနေဖြင့် ဆက်လက်ကြိုးစားအားထုတ်ကာ အတူတူ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်လိမ့်မည် ဖြစ်သည်။ အရေးကြီးဆုံးမှာမူ စီမာဟွေ့နန်၏ တည်ငြိမ်လှသော စီမံခန့်ခွဲမှု လက်အောက်တွင် ရှိနေရန် ဖြစ်သည်။

သူမကို ကြည့်လိုက်ချိန်တွင် လော့ချန်၏ ရင်ထဲ၌ ကျေးဇူးတင်စိတ်များ ပေါ်ပေါက်လာခဲ့ရပြီး ပိုမိုနက်ရှိုင်းလှသော ခံစားချက်အချို့နှင့် ရောပြွမ်းသွားခဲ့ရသည်။ သူ ခေါင်းငုံ့လိုက်ကာ သူမ အသက်ရှူကြပ်လုနီးပါး ဖြစ်သွားရသည့်အထိ ပြင်းပြစွာ နမ်းရှိုက်လိုက်တော့သည်။ ထိုအခါမှသာ သူ သူမကို လွှတ်ပေးလိုက်သည်။ သူမ သူ့အား ပျော်ရွှင်စွာဖြင့် စိုက်ကြည့်လိုက်ချိန်တွင် သူ အော်ဟစ်ရယ်မောလိုက်မိသည်။

"ဒီလောက် စိတ်သဘောထားပြည့်ဝတဲ့ ဇနီးကောင်းတစ်ယောက် ရှိနေမှတော့... ယောက်ျားတစ်ယောက်အနေနဲ့ ဘာကို ထပ်ပြီးတော့ တောင်းဆိုနေစရာ လိုဦးမှာလဲ"

….

ထိုညတွင် လော့ထျန်းအဖွဲ့၏ သီးသန့် အိပ်ခန်းဆောင်အတွင်း၌ အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦးမှာ ထပ်မံ၍ တိုက်ပွဲဝင်ခဲ့ကြပြန်သည်။ စစ်မြေပြင် သို့မဟုတ် နိုင်ငံရေး တိုက်ပွဲမျိုး မဟုတ်ဘဲ၊ ပိုမိုနက်ရှိုင်းလှသော အချစ်တိုက်ပွဲတစ်ခု ဖြစ်ပေသည်။ နောက်ဆုံးတွင် လက်ရှိ၌ အခြေတည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော စီမာဟွေ့နန်သည် ပြင်းထန်လှသော တိုက်ခိုက်မှုများကို တောင့်မခံနိုင်တော့ဘဲ လော့ချန်က အောင်ပွဲကို သိမ်းပိုက်သွားခဲ့ရတော့သည်။

မိုးလင်းချိန်တွင် သူ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ သူ ထွက်ခွာသွားပြီးနောက်တွင်မှ စီမာဟွေ့နန် ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်လိုက်မိသည်။ သာမန်အားဖြင့် ဤကဲ့သို့သော အချိန်မျိုးတွင် အချစ်ရိပ်များ ကျန်ရှိနေတတ်စမြဲ ဖြစ်သော်လည်း၊ လော့ချန်ကမူ အလျင်အမြန် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ သူ အဘယ်ကြောင့် ဤမျှလောက်အထိ အလျင်စလို ထွက်ခွာသွားရကြောင်းကို သူမ သိသည်။ ထျန်းလန်တောင်ထိပ်တွင် တစ်စုံတစ်ယောက်က စောင့်ဆိုင်းနေသောကြောင့်ပင် ဖြစ်သည်။

သူမ၏ ရင်ထဲတွင် မထင်မရှား နာကျင်မှုတစ်ခု ပေါ်ပေါက်လာခဲ့သော်လည်း သူမ ချက်ချင်းပင် ထိုခံစားချက်ကို ဖိနှိပ်လိုက်ရင်း စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူမသည် အတိတ်ကာလကတည်းက သိရှိထားခဲ့ဖူးသော အမှန်တရားတစ်ခုကို မိမိကိုယ်ကိုယ် ပြန်လည်သတိပေးလိုက်မိသည်။ အလှအပဖြင့်သာ ဆွဲဆောင်ပါက အချိန်တန်လျှင် မုန်းတီးသွားနိုင်သည်။ စွမ်းရည်ဖြင့် ဆွဲဆောင်မှသာ ရေရှည်တည်တံ့မည် ဖြစ်သည်။

သူမ သေချာ နားလည်ထားသည်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထာဝရ ကတိသစ္စာပြုနိုင်လောက်သည့်အထိ နက်ရှိုင်းသော အဆင့်သို့ မရောက်ရှိသေးပေ။ သူတို့သည် မည်သည့် ကြီးမားလှသော ကတိကဝတ်မျိုးကိုမျှ မပြုလုပ်ခဲ့ဖူးသလို ထာဝရ ချစ်ပါမည်ဟူ၍လည်း သစ္စာမဆိုခဲ့ဖူးပေ။ သူတို့နှစ်ဦးအား နှောင်ဖွဲ့ထားခဲ့သည်မှာ သူမ၏ ဇွဲလုံ့လနှင့် သူ၏ လက်ခံပေးမှုသာ ဖြစ်သည်။ သူမအဖို့ သူ၏ ဘေးနားတွင် ချစ်သူတစ်ဦးထက်ပို၍ မရှိမဖြစ် လိုအပ်သောသူတစ်ယောက်အဖြစ် နေရာယူလိုလျှင်မူ ထိုနေရာကို ရရှိစေမည်မှာ သူမ၏ စွမ်းဆောင်ရည်၊ သူမ၏ ဉာဏ်ပညာနှင့် သူမ၏ ပံ့ပိုးမှုများသာ ဖြစ်ပေလိမ့်မည်။

"သူက ကြီးမြတ်တဲ့ အရာတွေကို လုပ်ဆောင်မယ့် ယောက်ျားတစ်ယောက်ပဲ...."

သူမ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်မိသည်။

"ငါက သူ့ကို နောက်ဆွဲထားမယ့်သူတစ်ယောက် ဘယ်တော့မှ မဖြစ်စေရဘူး၊ ယောက်ျားနဲ့ မိန်းမကြားက အချစ်ရေးဆိုတာ လှေကားထစ်သက်သက်ပဲ၊ ကူချိုင်ယီ.... နင်လည်း အဲဒီအမှန်တရားကို မကြာခင်မှာ သဘောပေါက်လာလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ မဟုတ်ရင်တော့...."

သူမ အိပ်ရာမှ ထလိုက်ချိန်တွင် သူမ၏ တပည့်ဖြစ်သူ ယောင်မင်ယွဲ့က ရေဇလုံနှင့် မျက်နှာသုတ်ပုဝါကို ကိုင်ဆောင်လျက် အသင့်စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။ မျက်နှာသစ်ပြီးနောက်တွင် သူမ၏ မျက်နှာကို သေသေချာချာ အလှပြင်ရင်း လော့ချန် လက်ဆောင်ပေးခဲ့ဖူးသော ရုပ်ရည်ထိန်းဆေးလုံး တစ်လုံးကို သုံးစွဲလိုက်သည်။

သူမ မှန်ထဲတွင် မိမိကိုယ်ကိုယ် ပြန်ကြည့်ရင်း တောက်ပစွာ ပြုံးလိုက်မိသည်။ ကြေးမှန်ထဲမှ အရိပ်တွင်မူ ကျက်သရေ ရှိလှသော်လည်း သာမန်အတိုင်းသာ ရှိလှသော မျက်နှာတစ်ခု ပေါ်ထွက်နေခဲ့သည်။ သူမအား ထူးခြားစေသောအရာမှာ စွဲမက်ဖွယ်ကောင်းလှသော ရုပ်ရည်မျိုး မဟုတ်ဘဲ၊ သူမ၏ ခန္ဓာကိုယ်ထက်မှ ထွက်ပေါ်နေသော မြင့်မြတ်ပြီး ယုံကြည်ချက်ရှိလှသော အငွေ့အသက်များပင် ဖြစ်သည်။

အတိတ်က ရုန်းကန်လှုပ်ရှားရင်း လေလွင့်နေခဲ့ရဖူးသော စီမာဟွေ့နန်နှင့် ယခု လော့ထျန်းအဖွဲ့အစည်းကို အမိန့်ပေးစေခိုင်းနေသော စီမာဟွေ့နန်တို့အကြား မည်သူကများ သွားရောက်ဆက်စပ်ပေးနိုင်ပါမည်နည်း။

....

"မာရှို့ဖူ ဖော်စပ်ထားတဲ့ အနှစ်သာရမွေးမြူရည်က ပိုပိုကောင်းလာပါလား"

ကြီးမားလှသော သစ်သားကန်ကြီး၏ ရှေ့တွင် ရပ်နေရင်း လော့ချန် အနှစ်သာရမွေးမြူရည်ကို လောင်းထည့်လိုက်ပြီးနောက်၊ လော့ထျန်းအဖွဲ့အစည်းမှ ယူလာခဲ့သော ရွှေကျောက်စိမ်းဆေးရည်များကိုပါ ထပ်မံဖြည့်စွက်လိုက်သည်။ ခန်းရှန်းချုံးကြောင့် ခန်းမျိုးနွယ်စုနှင့် လော့ထျန်းအဖွဲ့တို့အကြား စီးပွားရေး ပတ်သက်မှုများမှာ ပိုမိုကောင်းမွန်လာခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ခန်းမျိုးနွယ်စုသည် ရွှေကျောက်စိမ်းဆေးရည် အမြောက်အမြားကို ပေးအပ်လေ့ရှိပြီး၊ အကောင်းဆုံး အရည်အသွေးရှိလှသော အသုတ်များကိုမူ အဖွဲ့အစည်း၏ အတွင်းပိုင်း သုံးစွဲမှုအတွက် သီးသန့် ဖယ်ထားလေ့ ရှိသည်။ လော့ချန် ယူလာခဲ့သော အရာမှာ သဘာဝကျကျပင် အကောင်းဆုံး အရည်အသွေးရှိလှသော ထိပ်တန်း ရွှေကျောက်စိမ်းဆေးရည်များပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူ၏ တိကျလှသော ထိန်းချုပ်မှုအောက်၌ ရွှေကျောက်စိမ်းအနှစ်သာရမွေးမြူရည်မှာ ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။ လော့ချန်တစ်ယောက် သက်စောင့်အားအင်များ ပြည့်နှက်နေသော ပျစ်ချွဲလှသော ဆေးရည်ကို ကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ရင်း အခန်းပြင်သို့ လှမ်းထွက်ခဲ့သည်။

မကြာမီ သူ ကူချိုင်ယီကို ပွေ့ချီကာ အခန်းထဲသို့ ခေါ်ဆောင်လာသည်။

"နှစ်နာရီလောက် စိမ်ရမှာ ဟုတ်လား"

ရေနွေးငွေ့များ ထွက်နေသော သစ်သားကန်ကြီးကို ကြည့်ရင်း ကူချိုင်ယီ ရှက်ရွံ့စွာ မေးလိုက်သည်။

"အင်း.... ဆေးစိမ်ပြီးရင် ငါ မင်းရဲ့ ပျက်စီးနေတဲ့ သွေးကြောတွေကို ကုသပေးဖို့ ကုသခြင်းမှော်အတတ် သုံးပေးမယ်၊ ဒီအတိုင်း တစ်နှစ်လောက် စွဲစွဲမြဲမြဲ လုပ်ရင် မင်းရဲ့ သွေးကြောတွေ ပြန်ကောင်းလာပြီး ဒန်ထျန်းကို ပြန်ပြင်နိုင်လိမ့်မယ်"

လော့ချန် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

ကူချိုင်ယီ ငုံ့ကြည့်လိုက်မိရင်း

"ကျွန်မ အဝတ်အစားတွေ ချွတ်ရမှာလား"

"အင်း၊ ချွတ်ရမှာပေါ့"

လော့ချန် တွန့်ဆုတ်နေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ ထို့နောက်မှသာ သူမ၏ မျက်နှာထက်မှ စိုးရိမ်ပူပန်မှု အရိပ်အယောင်များကို သတိပြုမိလိုက်သည်။ ထို တွန့်ဆုတ်နေမှုများက သူမ စိတ်မသက်မသာ ဖြစ်နေခြင်းကို ဖော်ပြနေခဲ့သည်။

"ငါ ရှောင်လင်းကို ခေါ်ပေးရမလား"

"မလိုပါဘူး"

ကူချိုင်ယီ သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

"လော့ချန်.... ရှင်ပဲ လုပ်ပေးပါ၊ ဒါပေမဲ့...."

လော့ချန် သူမ၏ စကားကိုမစောင့်တော့ဘဲ အဝတ်များကို ဖြည်းညှင်းစွာ ချွတ်လိုက်သည်။ ဤလောကသို့ စတင်ကူးပြောင်းလာခဲ့စဉ်က အမျိုးသမီးများ၏ အလွှာများစွာ ပါရှိသော ရှေးဟောင်းဝတ်စုံများက သူ့အား ဇဝေဇဝါ ဖြစ်စေခဲ့ဖူးသည်။ သို့သော် စီမာဟွေ့နန်နှင့်အတူ အချိန်များစွာ ဖြတ်သန်းခဲ့ပြီးနောက်တွင်မူ အတိုင်းအတာတစ်ခုအထိ ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။ သူ လက်တစ်ဖက်တည်းဖြင့် အဝတ်အစားများ၏ ကြိုးကို ဖြုတ်လိုက်သည်။

သို့သော် သူမ၏ အတွင်းခံအဝတ်အစားများဆီသို့ လက်လှမ်းလိုက်ချိန်တွင်မူ သူမ သိသိသာသာ တုန်ယင်နေခဲ့သည်ကို သူ သတိပြုမိလိုက်သည်။

"စိတ်မပူပါနဲ့.... ငါ ဘာမသင့်တော်တဲ့ အတွေးမျိုးမှ တွေးမှာ မဟုတ်ပါဘူး"

"အဲဒီလိုမျိုး မဟုတ်ပါဘူး...."

ကူချိုင်ယီ ခေါင်းငုံ့ထားလျက် တိုးတိုးလေး ဆိုလိုက်မိသည်။

"အဲဒါက.... ကြည့်ရဆိုးလို့ပါ"

"ကြည့်ရဆိုးတယ် ဟုတ်လား"

လော့ချန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလျက် ထပ်ကာလဲလဲ ရေရွတ်လိုက်မိသည်။ သို့သော် နောက်အခိုက်အတန့်တွင်မူ သူမ ဘာကို ဆိုလိုမှန်း ချက်ချင်း သဘောပေါက်သွားခဲ့ရသည်။

လော့ချန်၏ နှလုံးသားမှာ နာကျင်သွားရသည်။ အမြဲနုပျိုတောက်ပနေခဲ့သည့် သူမ၏ အသားအရေမှာ ယခုမူ ခြောက်ကပ်ပြီး အရိုးပေါ် အရေတင် ဖြစ်နေသည်။

သူသည် တုန်ယင်နေသော ကူချိုင်ယီအား အငွေ့ပျံနေသော ဆေးရည်ကန်ကြီးအတွင်းသို့ ဖြည်းဖြည်းချင်း ချပေးလိုက်သည်။ ရွှေကျောက်စိမ်းအနှစ်သာရမွေးမြူရည်သည် ၎င်း၏ ဆေးဖက်ဝင် အာနိသင်များကို ထုတ်လွှတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ညင်သာစွာ စိမ့်ဝင်သွားခဲ့ရတော့သည်။

"အားလုံး ကောင်းလာမှာပါ၊ ငါပြောတာ ကြားလား"

သူ တည်ငြိမ်ပြီး ပြတ်သားလှသော အသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"အင်း...."

နှစ်နာရီကြာပြီးနောက် လော့ချန် သူမအား ပါးလွှာလှသော ဝတ်ရုံတစ်ထည် ဝတ်ဆင်ပေးလိုက်ကာ အိပ်ရာပေါ်သို့ ပွေ့ချီခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ကုသခြင်းမှော်အတတ်ကို အသုံးပြုလိုက်ပြီး သူမ၏ ခြေဖဝါးများမှတစ်ဆင့် ခြေသလုံးများဆီသို့၊ ထိုမှတစ်ဆင့် ဝမ်းဗိုက်ပိုင်းဆီသို့ ဖြည်းဖြည်းချင်း အချိန်ယူကုသပေးခဲ့သည်။ ထိုလုပ်ငန်းစဉ်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို နှိပ်နယ်ပေးနေသည့်အလား သေသေချာချာ ဂရုတစိုက် ရှိလှပေသည်။ နောက်ဆုံးတွင် ချွေးရွှဲနေခဲ့သော ကူချိုင်ယီ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ရတော့သည်။

လော့ချန် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ သူမ၏ ချွေးများကို ညင်သာစွာ သုတ်ပေးလိုက်ပြီး အခန်းတွင်းမှ တိတ်ဆိတ်စွာ ထွက်ခွာခဲ့တော့သည်။

အပြင်ဘက်တွင်မူ ပိုင်မေလင်းသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ လော့ချန် အပြင်သို့ လှမ်းထွက်လာပြီး အသက်ပြင်းပြင်း ရှူလိုက်သည်ကို မြင်လိုက်ရချိန်တွင် သူမ စိုးရိမ်ပူပန်မှုများဖြင့် အလျင်အမြန် ရှေ့သို့ လှမ်းခဲ့သည်။

"သခင်.... ပင်ပန်းနေပြီလား"

"ပင်ပန်းတယ် ဟုတ်လား"

လော့ချန် လွတ်လပ်ပေါ့ပါးစွာ ရယ်မောလိုက်မိရင်း

"နည်းနည်းမှ မပင်ပန်းပါဘူး…. ပိုတောင် အားပြည့်လာတာ"

ပိုင်မေလင်းက ခေါင်းကို စောင်းလိုက်ရင်း ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီးမှ ရုတ်ချည်း သဘောပေါက်သွားခဲ့ရသည်။

"ဟင်.... သခင်က.... တကယ့်ကို နှာဘူးကြီးပဲ"

လော့ချန် အော်ဟစ်ရယ်မောလိုက်မိပြီး ရှင်းပြရန် မကြိုးစားတော့ပေ။ အစားအစာနှင့် အထိအတွေ့အပေါ် တမ်းတခြင်းမှာ လူသားတို့၏ ဗီဇသဘာဝဖြစ်ပြီး အမှန်တကယ်ပင် အခြေတည်ကျင့်ကြံသူ တစ်ဦးအတွက်ပင်လျှင် ထိုကဲ့သို့သော ပျော်ရွှင်မှုများသည် ကျင့်ကြံခြင်းကို ကူညီပေးနိုင်လိမ့်မည် ဖြစ်ကာ၊ သင့်တင့်လျောက်ပတ်စွာ ပျော်မွေ့နေသရွေ့ အဆင်ပြေလှပေသည်။ သို့သော် သူ၏ ဆိုလိုရင်းမှာ ထိုခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။

ကျင့်ကြံအခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် လော့ချန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ကျင့်ကြံခြင်း အခြေအနေအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်လိုက်သည်။ သူ၏ ဝိညာဉ်အသိစိတ်က ချီပင်လယ်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် သူ ခေါင်းညိတ်လိုက်မိသည်။

“အမှန်ပဲ.... ကုသပေးရင်းနဲ့ ချီစွမ်းအင်တွေကို သန့်စင်လို့ ရနေတာပဲ"

လွန်ခဲ့သည့် တစ်နှစ်အတွင်း ချင်ယွမ်တောင်ပေါ်၌ တတိယအဆင့် ဝိညာဉ်ကြောပေါ်တွင် ကျင့်ကြံခဲ့စဉ်က လော့ချန်၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုတစ်ခု အမြဲရှိနေခဲ့သည်။ ထိုပတ်ဝန်းကျင်သည် သူ၏ ကျင့်ကြံခြင်းကို အဆင့် (၅) မှ အဆင့် (၆) သို့ ရုတ်ချည်း မြင့်တက်သွားစေခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော လျှင်မြန်လှသည့် တိုးတက်မှုမျိုးတွင် ပေးဆပ်ရမည့် တန်ဖိုးတစ်ခု ရှိနေတတ်စမြဲ ဖြစ်သည်။

ကျင့်ကြံခြင်း မြန်ဆန်ခဲ့သော်လည်း သူ၏ အခြေခံမှာ မတည်ငြိမ်ဘဲ ရှိနေခဲ့သည်။ သူ၏ ချီပင်လယ်အတွင်း၌ မသန့်စင်ရသေးသော ချီစွမ်းအားများ ပိုလျှံစွာ ရှိနေခဲ့သည်။ အမှန်အတိုင်း ဆိုရလျှင် ထိုစွမ်းအင်များမှာ များပြားလွန်းလှသဖြင့်၊ တိမ်တိုက်ကဲ့သို့သော အစုအဝေးများအဖြစ်ပင် စုစည်းနေခဲ့ရသည်။ ထိုအရာနှင့် ယှဉ်လျှင် သန့်စင်ပြီးသားဖြစ်သော ချီစွမ်းအင်များကို လိုအပ်နေဆဲ ဖြစ်သည်။ ရလဒ်အနေဖြင့် သူ၏ အခြေအနေမှာ အထက်ပိုင်းက လေးလံပြီး အောက်ပိုင်းက ပေါ့ပါးနေသည့် အခြေအနေမျိုး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းမှာ မတည်ငြိမ်ဘဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့သော်လည်း ထိုအဆင့်ထက်တွင်မူ မြင့်မားစွာ တည်ရှိနေဆဲ ဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် အကောင်းဆုံး အရည်အသွေးရှိလှသော ဂူဗိမာန်နှင့် နဂါးပျံဆေးလုံးများစွာ ရှိနေခဲ့သည့်တိုင် သူ ပြန်ရောက်လာကတည်းက ကျင့်ကြံခြင်းအပေါ် အလွန်အမင်း အာရုံစိုက်မနေခဲ့ခြင်း ဖြစ်သည်။

သူ့အနေဖြင့် ထိုကြီးမားလှသော ချီစွမ်းအား တိမ်တိုက်ကြီးကို သန့်စင်လှသော ဝိညာဉ်အနှစ်သာရများအဖြစ် ပြောင်းလဲပစ်ရန်အတွက် အချိန် လိုအပ်နေခဲ့သည်။ ထိုသို့ လုပ်ဆောင်ပြီးမှသာ သူ၏ ကျင့်ကြံခြင်းမှာ တည်ငြိမ်လာနိုင်မည် ဖြစ်သည်။ သူ ထို တတိယအဆင့် ဝိညာဉ်ကြောမှ ထွက်ခွာခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းများထဲမှ တစ်ခုမှာလည်း အကယ်၍ ထိုနေရာတွင်သာ ရေရှည် ဆက်လက်တည်ရှိနေခဲ့ပါက ပေါ်ပေါက်လာမည့် မတည်ငြိမ်မှုများကို စိုးရိမ်သောကြောင့်ပင် ဖြစ်သည်။

ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ဆောင်ရန်နှင့် ချီစွမ်းအားများကို သန့်စင်ရန်အတွက် နည်းလမ်းများစွာ ရှိသည်။ မိမိ၏ အဓိက ကျင့်စဉ်ကို အသုံးပြုခြင်း၊ ဒုတိယအဆင့် ဆေးလုံးများကို သုံးစွဲခြင်း သို့မဟုတ် မှော်အတတ်များကို မကြာခဏ အသုံးပြုခြင်း စသည်တို့ ဖြစ်ကြသည်။ မကြာသေးမီက ကူချိုင်ယီကို ကုသပေးရန်အတွက် ကြိုးစားအားထုတ်ခဲ့မှုများက သူ၏ ချီစွမ်းအားများကို သန့်စင်ရန်အတွက် များစွာ ပံ့ပိုးကူညီပေးနေခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ ကျင့်ကြံခြင်း နည်းစနစ်မှာ ဆေးဘုရင်ဂိုဏ်း၏ ထာဝရနုပျိုစိမ်းလန်းကျင့်စဉ် ဖြစ်ပြီး၊ သူ၏ ချီစွမ်းအား အများစုမှာလည်း သစ်သားဓာတ် ဖြစ်သည်။ ကုသခြင်းမှော်အတတ်မှာလည်း သစ်သားဓာတ် နည်းစနစ်တစ်ခု ဖြစ်နေသဖြင့် ယခုကဲ့သို့ ကုသမှုများ ပြုလုပ်ပေးခြင်းဖြင့် သူ၏ ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်သည် ပိုမို ထက်မြက်လာပြီး ချီစွမ်းအင်များကို ပိုမို စုစည်းပေးနိုင်သည်။

‘အလွန်ဆုံး နောက် ၆ လလောက် အချိန်ပေးရင် ငါ အခြေအနေအားလုံးကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်လိမ့်မယ်၊ အဲဒီနောက်မှပဲ ငါ ကျင့်ကြံခြင်းကို အပြည့်အဝ ပြန်ပြီးတော့ စတင်တော့မယ်....’

All Chapters