← Chapters

သွေးရောင်စုံမြွေဟောက် (၁)

Vol. 74 Ch. 1161

သွေးရောင်စုံမြွေဟောက် (၁)

Vol. 74 Ch. 1161

ချွမ်း ချွမ်း ကလန်၊၊

မရေတွက်နိုင်သော သံမဏိတည်ဆောက်ပုံများနှင့် သံလမ်းများသည် သံလိုက်ဆွဲအားကြောင့် လေထုထဲတွင် လျင်မြန်စွာ ပျံသန်းလာပြီး တိကျစွာ ကျရောက်ပေါင်းစပ်လျက် ပြိုကျနေသော ချောက်ကမ်းပါးကြားတွင် သံမဏိသံလမ်းတံတားလေးတစ်ခုကို ဟင်းလင်းပြင်ထဲ၌ပင် အလိုအလျောက်တည်ဆောက်လိုက်၏။

မွမ်းမံထားသော စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသည့် လင်းရှန်သည် အမှောင်စွမ်းအင်နှင့် တုန်ခါမှုနှုန်းချင်း ထပ်တူကျနေစေပြီး အစိတ်အပိုင်းအားလုံးနေရာတကျဖြစ်သွားသည့်အခါ လက်ကိုမြှောက်၍ ဆွဲယူလိုက်ရာ သတ္တုအစိတ်အပိုင်းများမှာ ချက်ချင်းပင် တစ်သားတည်းဂဟေဆက်သွားလေသည်။ သူက ဒရုန်းစွမ်းအားကိုပင် အားမကိုးဘဲ မီတာ ၅၀ နီးပါးရှည်လျားသော ဤရထားလမ်းတံတားကို သုံးမိနစ်မပြည့်သောအချိန်အတွင်း တည်ဆောက်ကာ လမ်းခင်းနိုင်ခဲ့သဖြင့် သူ၏စွမ်းဆောင်ရည်မှာ ပို၍ အံ့ဩဖွယ်ကောင်းလာ၏။

“မြောက်အမေရိကဘက်ကနေဆိုရင် အဓိကလမ်းကြောင်းသုံးခု ရှိတယ်။ ငါတို့ သွားနေတဲ့လမ်းအပြင် ပစိဖိတ်သမုဒ္ဒရာနဲ့ နီးတဲ့ ဂွါးမက်စ်ကနေ မက္ကဆီကိုမြို့တော်ကို သွားတဲ့ အနောက်ဘက်လမ်းရှိသေးတယ်၊၊ ပြီးတော့ မွန်တာရေးကလာတဲ့ အနောက်ဘက်လမ်းရှိတယ်။ လမ်းကြောင်းသုံးခုစလုံးကို ဖြတ်သန်းသွားလို့ရပေမဲ့ ဒီလမ်းရဲ့ အခြေအနေကို ကြည့်ရင်တော့ ဘယ်ယာဉ်တန်းမှ ဒီလမ်းကနေ ဆုတ်ခွာသွားပုံမရဘူး”

ကီကီသည် ကောင်းကင်မှ ပျံသန်းဆင်းသက်လာရင်း ရှေ့ကလမ်းကို စစ်ဆေးကာ ဆက်သွယ်ရေးလှိုင်းမှတစ်ဆင့် ပြောလိုက်၏။

“ကျွန်မတို့ ပင်မအုပ်စုကြီးနဲ့ လွဲသွားတာများလား”

“အဲဒါဆိုရင်တော့ သတင်းကောင်းပေါ့”

လင်းရှန်က ရေခဲစအနများဖုံးလွှမ်းနေသော အပူချိန်နိမ့်သဲမြေပြင်ပေါ်သို့ ခြေချလိုက်ပြီး ချောက်ကမ်းပါးအစွန်းသို့ လျှောက်လှမ်းကာ သူ၏ HUDပေါ်ရှိ စိတ်ဝိဉာဉ်တုန်ခါမှုနှုန်း သိပ်သည်းဆကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။

“ဒါပေမဲ့ အဲဒီလောက်အထိ တိုက်ဆိုင်ဖို့တော့ မလွယ်ပါဘူး”

ကီကီသည် သူ၏ဘေးတွင် ဆင်းသက်လိုက်ရင်း ရှေ့သို့ လှမ်းကြည့်လိုက်သည်။ သွေးနီရောင်အောက်တွင် ချောက်ကမ်းပါးတစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေပြီး မြစ်ရေမှာ ခမ်းခြောက်နေသည်မှာ ကြာပြီဖြစ်၍ မြစ်ပြင်တစ်ခုလုံး ကျောက်စရစ်ခဲများသာ ကျန်ရှိတော့၏။ ဆွေးမြည့်နေသော အပင်များနှင့် သစ်ပင်များမှာ မီးလောင်ထားသည့်အလား ခြောက်သွေ့ကာ မီးခိုးရောင်သန်းနေပြီး ထူးဆန်းသောနေရာတစ်ခုမှ သွေးပျက်ဖွယ်သစ်ခြောက်ပင်များကဲ့သို့ သက်ရှိအရိပ်အယောင်များ လုံးဝကင်းမဲ့နေပေသည်။

“ကျွန်မတို့က အပြာရောင်ဂြိုလ်ပေါ်မှာ ရှိမနေတော့သလိုပဲ၊၊ သက်ရှိအရိပ်အယောင်လုံးဝမတွေ့တော့ဘူး”

ကီကီက ကျောက်ခဲလေးတစ်လုံးကို လှမ်းပစ်လိုက်ရာ မြစ်ပြင်ပေါ်သို့ မည်သည့်အသံမျှ မထွက်ဘဲ ကျရောက်သွားပြီး အရှိန်အဟုန်မဲ့စွာ လိမ့်သွား၏။

“မျှော်စင်လူသားတွေရဲ့ ယဉ်ကျေးမှုမှာ ကြည်လင်တဲ့ တောင်တွေ၊ မြစ်တွေနဲ့ မြင့်မားတဲ့ သစ်ပင်အုပ်တွေ ရှိတယ်လို့ ရှင်ပြောခဲ့တယ်မဟုတ်ဘူးလား။ ဘာလို့ အခုတော့ အဲဒီရုပ်ဆိုးတဲ့ အိန်ဂျယ်တွေကလွဲလို့ ဘာမှမရှိရတာလဲ”

“ယဉ်ကျေးမှုအကြိုမြင်ကွင်းတွေက ငါတို့နားလည်နိုင်မယ့်အရာတွေကိုပဲ ပြသပေးတာလေ၊၊ ဒါပေမဲ့ အဲဒါက အမှန်တရားလည်းဖြစ်ချင်မှ ဖြစ်မှာပေါ့”

ဝူး၊၊

လင်းရှန်၏ ယန္တရားနှလုံးသားက နိုးထလာ၏။ သူရှေ့သို့ လျှောက်သွားစဉ် သံလမ်းပေါ်တွင် ရပ်ထားသည့် အနန္တရထားသည် သူ၏ထိန်းချုပ်မှုအတိုင်း ဖြည်းညှင်းစွာ လိုက်ပါမောင်းနှင်လာပြီး ချောက်ကမ်းပါးကို ဖြတ်ကျော်လိုက်သည်။ သို့သော် မီတာတစ်ရာပင် မရွေ့ရသေးမီ ရှေ့တွင် ပျက်စီးနေသော သံလမ်းအပိုင်းတစ်ခုထပ်မံပေါ်လာပြန်ရာ ပြတ်တောက်ပြီး ကွေးကောက်နေသော သံလမ်းများမှာ သဲကျောက်များထဲတွင် နစ်မြုပ်နေပြီး လမ်းကြောင်းတစ်ခုဆီသို့ ပြိုပျက်နေသည့်ပုံပေါ်နေ၏။

ကီကီသည် ကျောက်စရစ်များထဲမှ ပြတ်တောက်နေသောသံလမ်းများကို စိတ်စွမ်းအင်ဖြင့် ဆွဲထုတ်ကာ ယန္တရားဝါးမျိုမှုပြုလုပ်ရန် လင်းရှန်ထံသို့ လှမ်းပေးလိုက်ပြီး ၎င်းတို့ကိုနေရာတကျ ချက်ချင်းပြန်လည်တပ်ဆင်လိုက်ကြသည်။

သူတို့သည် မြင့်မားသောစွမ်းဆောင်ရည်ဖြင့် ပူးပေါင်းလုပ်ဆောင်ရင်း လမ်းတစ်လျှောက်ပြုပြင်လာခဲ့ရာ လင်းရှန်သည် မြင်ကွင်းအတွင်းရှိ သတ္တုပစ္စည်းမှန်သမျှကို တစ်ခုမျှ အလဟဿမဖြစ်စေဘဲ ဝါးမြိုပစ်လိုက်၏။ ကြယ်နက်ပန်းပဲဖို၏ ထုတ်လုပ်မှုအစီအစဉ် (၇)ခုသည် သံလမ်းနှင့် အစိတ်အပိုင်းများထုတ်လုပ်ရန်အတွက် ဆက်တိုက်လည်ပတ်နေပြီး ဤအရာများသည် အနာဂတ်ဆုတ်ခွာရေးလိုအပ်ချက်များအတွက် အလွန်အရေးပါလှပေသည်။ ၎င်းတို့ကို သေချာပြုပြင်ထားရန် သူ သေချာပေါက်လုပ်ဆောင်ရမည် ဖြစ်သည်။

“လင်းရှန်”

ကီကီသည် ကောင်းကင်မှ ဆင်းသက်လာပြီး စိတ်စွမ်းအင်လှိုင်းတစ်ခုဖြင့် ရှေ့က သွေးနီရောင်ဖုန်မှုန့်များကို ဖယ်ရှားလိုက်၏။ ၎င်းတို့နှစ်ဦးသည် မှုံမှိုင်းသောအလင်းရောင်ရှိရာ ရှေ့သို့လှမ်းကြည့်လိုက်ရာ ပြိုကျပျက်စီးနေသော အဆောက်အအုံပျက်များ၏ ပုံရိပ်များမှာ တစ်ချက်တစ်ချက်ပေါ်ထွက်လာ၏။ မကြာမီမှာပင် တစ်ချိန်က ထူထပ်ခဲ့သော မြို့ပြအဆောက်အအုံအုပ်စုကြီးတစ်ခု မြင်ကွင်းထဲသို့ ရောက်ရှိလာတော့သည်။

မြင့်မားသော အဆောက်အအုံများနှင့် လမ်းမများမှာ သွေးနီရောင်အောက်တွင် လုံးဝဖုံးလွှမ်းနေပြီး အနန္တရထားသည် မြို့တွင်းရှိ ဘူတာရုံတစ်ခုဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာခဲ့၏။ လင်းရှန်နှင့် ကီကီတို့သည် ရထားတွဲအတွင်းသို့ ပြန်လာခဲ့ကြပြီး ထိန်းချုပ်ခန်းထဲမှနေ၍ အပြင်ဘက်ကို စောင့်ကြည့်လိုက်ရာ အဆောက်အအုံပြင်ပနံရံများပေါ်တွင် သွေးကြောကဲ့သို့ ကြက်သွေးရောင်အမျှင်လိုင်းများ တွားသွားနေပြီး အဆောက်အအုံများကို တစ်လွှာပြီးတစ်လွှာရစ်ပတ်ထားသည်ကို တွေ့ရ၏။ မြို့တစ်ခုလုံးမှာ သုသာန်တစ်စပြင်အလားတိတ်ဆိတ်နေပြီး နေရာအနှံ့တွင် လှုပ်ရှားမှုမရှိဘဲ ရပ်နေသည့် လူသားပုံသဏ္ဌာန်အလောင်းကောင်များမှာ ဖုတ်ကောင်များလား သို့မဟုတ် သေဆုံးသွားသည့် ထူးဆန်းသောလူသားများလား မသေချာဘဲ သုံးကောင်တစ်အုပ်၊ နှစ်ကောင်တစ်စွဲဖြင့် ငြိမ်သက်စွာ ရပ်နေကြသည်။

“သွေးနီရောင်မြူတွေက ပိုပြီး ပြင်းထန်လာပြီ။ ကျွန်မတို့အရင်က ကြုံခဲ့ရတဲ့ ပိုင်ဝမ်မြို့က မြူထုထက်တောင် ပိုပြီးသိပ်သည်းနေသေးတယ်”

ကီကီက အပြင်ဘက်ကို စိုက်ကြည့်ရင်း တိုးတိုးလေးပြောလိုက်၏။

“ကျွန်မတို့ အရှိန်မြှင့်ပြီး အတင်းဖြတ်မောင်းသွားသင့်လား။ ဒီလောက် ထူထပ်တဲ့ အဆောက်အအုံတွေရှိနေရင် ဒီမှာသွေးနီရောင်သန္ဓေပြောင်းသတ္တဝါတွေ အများကြီးရှိနေနိုင်တယ်”

လင်းရှန်က ခေါင်းခါပြလိုက်သည်၊၊

“အတင်းမောင်းသွားလည်း ဘာမှထူးမှာ မဟုတ်ပါဘူး။ ငါတို့ကို လိုက်ဖမ်းနေတာမျိုးလည်း မရှိဘူး၊၊ ပြီးတော့... ဘယ်နေရာမှာကော လုံခြုံတဲ့နေရာရှိလို့လဲ”

လေးလံလှသော ရထားကြီးမှာ သံလမ်းပေါ်တွင် တဂျုံးဂျုံးမြည်ဟည်းကာ ဖြည်းညှင်းစွာ မောင်းနှင်နေပြီး ဆိတ်သုဉ်းနေသော မီးခိုးရောင်မြို့ပျက်ကြီးကို အရှိန်လျှော့၍ ဖြတ်သန်းသွား၏။ ကီကီနှင့် လင်းရှန်တို့သည် အဟန့်အတားများကို ရှင်းလင်းပြီး သံလမ်းများကို ပြုပြင်ရင်း ဆူညံသံများစွာ မထွက်အောင် ရှောင်ရှားခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် မြို့တစ်ခုလုံးမှာ အရောင်အသွေးကင်းမဲ့နေပုံရပြီး သံလမ်းအနီးရှိ လမ်းမများပေါ်မှ ကြော်ငြာဆိုင်းဘုတ်များမှာ နီရဲသောနှင်းခဲတစ်လွှာ ဖုံးလွှမ်းနေသဖြင့် ကမ္ဘာပေါ်ရှိ အရောင်အားလုံးကို ပွတ်ဆွဲဖျက်ပစ်လိုက်သည့်အလား မြို့တစ်ခုလုံးမှာ ထူထပ်သော သဲထုကြီးအောက်တွင် မြုပ်နှံနေတော့သည်။

အမှန်တော့ ၎င်းတို့မှာ သဲမဟုတ်ဘဲ ရေခဲစအနများနှင့် ရောနှောနေသော သွေးမြူပစ္စည်းများဖြစ်ကြောင်း နားလည်ထားကြပြီး သောက်သုံးရန် ရေကိုပင် ထုတ်ယူ၍မရနိုင်ချေ။ ဤကမ္ဘာတစ်ခုလုံးတွင် အစားအစာ၊ ရေနှင့် လေထုဟူ၍ မရှိတော့ဘဲ ပြင်းထန်ပြီး ပုံပျက်နေသော အမှောင်စွမ်းအင်ဓာတ်ရောင်ခြည်အောက်တွင် အသက်မရှူဘဲနေလျှင်ပင် လျင်မြန်စွာ သန္ဓေပြောင်းလဲကာ သေဆုံးသွားနိုင်ပေသည်။

မကြာမီအချိန်အတွင်းမှာပင် ရှေ့မျက်နှာစာ၌ ပွင့်နေသောလူသွားလမ်းဘူတာတစ်ခုပေါ်လာသော်လည်း လင်းရှန်သည် ရပ်တန့်ရန် စိတ်ကူးမရှိဘဲ ဘူတာမှတစ်ဆင့် မြို့ပြင်ဆင်ခြေဖုံးဧရိယာဆီသို့ ရထားကို တိုက်ရိုက်မောင်းနှင်ခဲ့သည်။ အနန္တရထားသည် မြို့တွင်းရှိ မိုးပျံတံတားပေါ်တွင် ခရီးနှင်နေစဉ် ထူးဆန်းသောတုန်ခါမှုတစ်ခုကြောင့် သူတို့နှစ်ဦးလုံး သတိကြီးစွာ ထားလိုက်ကြသည်။

“မင်း ခံစားမိလား”

“အင်း”

ဝူး ဝူး~

ထိုတုန်ခါမှုသည် အလွန်ထူးဆန်းပြီး အသံကျယ်လောင်ခြင်းမရှိဘဲ အောက်ခြေရှိ တံတားကြီးမှာ အနည်းငယ်လိမ်ကောက်သွားသကဲ့သို့ပင်၊၊ လင်းရှန်က ရထားကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်ပြီး ရှေ့သို့ စူးစိုက်ကြည့်ကာ စိတ်ကိုစုစည်းလျက် ရထားတစ်စီးလုံး၏ ပစ်ခတ်မှုထိန်းချုပ်ရေဒါကို ချက်ချင်းအသက်သွင်းလိုက်သည်။ ရထားပေါ်မှ 1130 စနစ်နှင့် လျှပ်စစ်သံလိုက်အမြောက်တို့သည် တိတ်တဆိတ်မြင့်တက်လာပြီး ရထားကို ဝန်းရံထားသော ဒရုန်းအုပ်စုသည်လည်း ရထားနောက်မှ လိုက်ပါရမည့်အကွာအဝေးကို တစ်ပြိုင်နက်တည်းချဲ့ထွင်လိုက်ပြီး အနန္တရထားကို မမြင်နိုင်သော ပျံသန်းမှုပိုက်ကွန်ကဲ့သို့ လွှမ်းခြုံသွားတော့သည်။

“သတိထား… တစ်ခုခုက ကျွန်မတို့ကို သေချာပေါက်စောင့်ကြည့်နေတယ်” ကီကီ၏မျက်နှာ တည်ကြည်လေးနက်သွားသည်။

လင်းရှန်သည် အာရုံခံရေဒါအားလုံးကို စစ်ဆေးသော်လည်း မည်သည့် အီလက်ထရွန်နစ်ပစ္စည်းမှ သတိပေးချက်တက်မလာသည်ကို တွေ့ရသည်။ သို့သော် ဝိညာဉ်တုန်ခါမှုတန်ဖိုးထောက်လှမ်းကိရိယာတွင်မူ ထူးဆန်းစွာ မြင့်တက်နေသော ဒေါင်လိုက်သတိပေးလိုင်းတစ်ခုပေါ်နေသဖြင့် သူက ပြဿနာကို သတိပြုမိသွားကာပြောလိုက်သည်၊၊

“ဒီတုန်ခါမှုက မရိုးရှင်းဘူး၊၊ အဆိုးဆုံးကတော့ အထူးအဆင့်ပဲ။ ဒီကောင်ကို တစ်ချက်တည်းနဲ့ အပြီးမသတ်နိုင်ရင် မြို့ပြင်ကို အမြန်မောင်းထွက်ပြီး ဖောက်ထွက်ဖို့ အခွင့်အရေးရှာရမယ်”

“ကောင်းပြီ”

ကီကီက ခေါင်းညိတ်ပြီး မမြင်နိုင်သော စိတ်စွမ်းအင်လှိုင်းဖြင့် ရှေ့သို့ စမ်းသပ်ကြည့်ရှုရန် လက်ကို မြှောက်လိုက်သော်လည်း ဘာမျှ ရှာမတွေ့သေးပေ။

ထိုတုန်ခါမှုသည် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ တံတားကြီးတစ်ခုလုံးကို အနည်းငယ်ယိမ်းထိုးသွားစေပြီး ဖြောင့်တန်းနေသော ရထားလမ်းမှာလည်း တစ်စုံတစ်ခုသောပုံပျက်ခြင်းမျိုး ဖြစ်ပေါ်နေပုံရသည်။

All Chapters