ရထားပြဿနာ (၁)
Vol. 74 Ch. 1165
ဂျုံး ဂျုံး ကလန် ကလန်၊ ကလန် ကလန်။
လီယွန်မြို့မှ မြောက်ဘက်သို့ ထွက်ခွာလာသည်နှင့်အမျှ မြေမျက်နှာသွင်ပြင်သည် တဖြည်းဖြည်းကျယ်ပြောပွင့်လင်းလာခဲ့သည်။ စိတ်ထဲတွင် ထင်ယောင်ထင်မှားဖြစ်နေခြင်းကြောင့်လည်းဖြစ်နိုင်သော်လည်း သွေးနီရောင်မြူထုသည် အနည်းငယ်ကျဲပါးသွားသကဲ့သို့ ရှိနေသဖြင့် အဝေးမှရှုခင်းများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရသည်။ ၎င်းသည် အရှိန်ပြင်းစွာ မောင်းနှင်နေသော အနန္တရထားအတွက် ဘေးကင်းလုံခြုံရေးအတိုင်းအတာကို သိသိသာသာတိုးမြင့်စေခဲ့သည်။
“ဖောင်ဒေးရှင်းရဲ့ လက်ရှိပစ်မှတ်က နင်ပဲ”
အနန္တရထား၏ ထိန်းချုင်ခန်းထဲတွင် ကီကီသည် ရထားဘေးကင်းစွာ မောင်းနှင်နိုင်ရေးကို တာဝန်ယူထားသည်၊ယ လင်းရှန်က နောက်ဘက်တွင် မတ်တပ်ရပ်နေကာ ဖီးနစ်ဌာနချုပ်မှ ထွက်ခွာလာပြီးနောက် အဖြစ်အပျက်များအား ချူယန်ပြောပြနေသည်ကို နားထောင်နေခဲ့သည်။
လင်းရှန်ကို အံ့အားသင့်စေသည်မှာ ချူယန်သည် သူမ ဟွာရှောင်လင်းနှင့် ပူးပေါင်းနေကြောင်း ဝန်ခံရုံသာမက ဟွာရှောင်လင်းနှင့် ဖောင်ဒေးရှင်းတို့၏ ရည်ရွယ်ချက်များကိုပါ ၎င်းတို့နှင့် ပွင့်လင်းစွာ မျှဝေပေးခဲ့သည်။ ထို့ကြောင့် လင်းရှန်၏ ယခင်က တွေးတောခန့်မှန်းချက်များသည် အဓိပ္ပာယ်မရှိတော့ပေ။
“ငါလား”
လင်းရှန် အာရုံများကို စုစည်းလိုက်ပြီး “ငါက ဓားကိုင်ဆောင်သူဖြစ်နေလို့လား
ချူယန်သည် သူမ၏ ယန္တရားအသက်ရှူမျက်နှာဖုံးကို ချွတ်လိုက်ပြီး ပြောလိုက်သည်။
“ဖောင်ဒေးရှင်းက ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို သုံးပြီး ငါ့ရဲ့ စိတ်အာရုံထဲကနေ နင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ယူခဲ့တယ်။ ယန္တရားနိုးထမှု၊ ကြယ်နက်ပန်းပဲဖို၊ ဝါးမျိုမှု စနစ်... အတိအကျပြောရရင် အခု သူတို့က နင့်ရဲ့ ယန္တရားနှလုံးသားအကြောင်းကို ဖီးနစ်ထက်တောင် ပိုပြီး နားလည်နေကြပြီ”
ထိုစကားကို ကြားလိုက်ရသောအခါ လင်းရှန်၏ မျက်နှာအမူယာအနည်းငယ်ပြောင်းလဲသွားပြီး “ဘယ်တုန်းကလဲ”
“နင် ပင်လယ်ကျောက်ဆောင်ကျွန်းပေါ်မှာရှိနေတုန်းက သမုဒ္ဒရာနတ်ဘုရားကြီးရဲ့ တိုက်ခိုက်မှုကို ကြုံခဲ့ရတယ်မလား” ချူယန်က ပြောသည်။
“အဲဒီဆုံးဖြတ်ချက်ကို တပ်မှူးယဲ့က ချမှတ်ခဲ့တာပဲ”
“ဆုံးဖြတ်ချက် ဟုတ်လား။ ဘာကိုဆုံးဖြတ်တာလဲ”
“နင့်ရဲ့ အသက်ကို ချန်ထားပေးဖို့”
လင်းရှန် မှင်သက်သွားခဲ့သည်။ သူ ကီကီကို လှမ်းကြည့်လိုက်ရင်း ပင်လယ်ကျောက်ဆောင်ကျွန်းပေါ်တွင် သူတို့ သမုဒ္ဒရာနတ်ဘုရားကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရစဉ်က ထိုကမ္ဘာ့အဆင့်သားရဲကြီးသည် လင်းရှန်နှင့် ကီကီတို့ရှိရာသို့ ရုတ်တရက် အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့ပုံကို နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ပြန်လည်အမှတ်ရသွားကြသည်။ ထိုတိုက်ခိုက်မှုကြောင့် သူတို့တစ်ဖွဲ့လုံး လုံးဝပျက်စီးလုနီးပါးဖြစ်ခဲ့ရသော်လည်း သူတို့ ပစိဖိတ်သမုဒ္ဒရာထဲသို့ ပြုတ်ကျသွားပြီးနောက်တွင်မူ ထိုသမုဒ္ဒရာနတ်ဘုရားကြီးသည် လိုက်လံတိုက်ခိုက်ခြင်းကို စွန့်လွှတ်ကာ ရေနက်ပိုင်းသို့ ပြန်လည်ငုပ်လျှိုးသွားခဲ့သဖြင့် လင်းရှန်နှင့် သူ၏ အဖွဲ့များ ဤဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။
ငွေရောင်တြိဂံပုံခေါင်းရှိသော ထိုသတ္တဝါကို မြင်တွေ့ခဲ့ရသည်ကို လင်းရှန် အထင်အရှားမှတ်မိနေပြီး ထိုမြင်ကွင်းက သူ့ကို အမြဲရှုပ်ထွေးစေခဲ့သည်။ ယခု ချူယန်၏ စကားများကို ကြားလိုက်ရသောအခါ သူ၏ ကျောပြင်တစ်ခုလုံးစိမ့်တက်သွားပြီး မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိသည်။
“မင်း ပြောချင်တာက မျှော်စင်လူသားတွေက ဖောင်ဒေးရှင်းကတစ်ဆင့် ငါ့ရဲ့ ယန္တရားနှလုံးသား လျှို့ဝှက်ချက်ကို သိသွားလို့ ငါ့ကို သတ်ဖို့ လက်လျှော့လိုက်တာပေါ့ ဟုတ်လား”
“ဟုတ်တယ်”
ချူယန် သူမ၏ လက်မောင်းများကို ပိုက်လိုက်ပြီး အနည်းငယ် သက်ပြင်းချရင်း လင်းရှန်ကို ကြည့်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။
“အမှောင်တောအုပ် နိယာမကို နင် စူးစမ်းနေသလို မျှော်စင်လူသားတွေကလည်း စူးစမ်းနေတယ်။ ဒါတွေအားလုံးက ငါတို့ S-Class အဆင့် ဦးနှောက်ဆဲလ်နဲ့ ချိတ်ဆက်ခဲ့တဲ့ အာရုဏ်ဦးမြို့တော်တိုက်ပွဲကနေစပြီးအမြစ်တွယ်ခဲ့တာပဲ...”
ကီကီသည် ထိုစကားကို ကြားလိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး လင်းရှန်ကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်ကာ “အာ... ဒါဆို ရှင်ပြောတာ မှန်တာပေါ့။ မျှော်စင်လူသားတွေက တောင်ဘက်ကောင်းကင်ဂိတ်ကြောင့် လက်တွန့်သွားတာ မဟုတ်ဘူး။ သူတို့က ကမ္ဘာမြေပေါ်မှာ တတိယယဉ်ကျေးမှုတစ်ခုရှိနေတယ်ဆိုတာကို သိသွားလို့ စိုးရိမ်ထိတ်လန့်နေခဲ့ကြတာပဲ”
ချူယန် ခေတ္တတိတ်ဆိတ်သွားပြီးနောက် သူမ၏ အကြည့်များကို လင်းရှန်ထံသို့ စိုက်ကြည့်လျက် “လင်းရှန်၊၊ အမှန်အတိုင်းပြောရရင် အဲဒီတုန်းက နင် ငါ့ကို မကယ်ခဲ့သင့်ဘူး”
“မဖြစ်နိုင်တာ။ အဲဒီတုန်းက တခြားရွေးချယ်စရာမရှိခဲ့ဘူး”
လင်းရှန်က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်၊၊
“ဒါဆို ပရော်ဖက်ဆာယဲ့ရဲ့ ဆုံးဖြတ်ချက်က ဟန့်တားခြင်းခေတ်ကို စွန့်လွှတ်ပြီး ငါ့ကို ကာကွယ်ဖို့ပေါ့ ဟုတ်လား”
“မျှော်စင်လူသားတွေမှာ နက်နဲတဲ့ မဟာဗျူဟာမြောက်တွေးခေါ်မှုမျိုးမရှိဘူး။ သူတို့ရဲ့ သိမြင်မှုယုတ္တိဗေဒက တိကျစွာလည်ပတ်နေတဲ့ ကွန်ပျူတာတစ်လုံးလိုပဲ အကြွင်းမဲ့ဆင်ခြင်တုံတရားအပေါ် အခြေခံတာပဲ။ သူတို့က အန္တရာယ်ကို သတိပြုမိတာနဲ့ သူတို့ရဲ့ ပထမဆုံးဗီဇက တိုက်ရိုက်စူးစမ်းဖို့ပဲ” ချူယန်က ပြောသည်။
“အာရုဏ်ဦးမြို့တော်တိုက်ပွဲပြီးနောက် ဖောင်ဒေးရှင်းက မျှော်စင်လူသားတွေဆီကနေ သတင်းစကားတစ်ခုလက်ခံရရှိခဲ့တယ်။ အဲဒါက နင့်ကို ဘယ်လိုနည်းနဲ့မဆို အပြတ်ရှင်းဖို့ပဲ။ တစ်ချိန်တည်းမှာပဲ တွင်းနက်ကလည်း နင့်ကို စိန်ခေါ်နေတယ်။ နင် ပင်လယ်ထဲကို ထွက်လာပြီးနောက် ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ ပြဿနာက ကမ္ဘာ့အဆင့်ဖြစ်နေတာကို နင် ထူးဆန်းတယ်လို့ မခံစားရဘူးလား”
“သောက်ကျိုးနည်း...”
လင်းရှန် ကိုက်ခဲနေသော သူ၏ နားထင်ကို ပွတ်သပ်လိုက်သည်၊၊
“သမုဒ္ဒရာနတ်ဘုရားကြီးက ငါ့ကို စမ်းသပ်ဖို့အတွက် အသုံးချခံခဲ့ရတာပေါ့ ဟုတ်လား။ ဒါဆို အဲဒီတုန်းက တခြားတတိယယဉ်ကျေးမှုဆိုတာသာ ပေါ်မလာခဲ့ရင် ငါ အခုလောက်ဆို သေနေတာ ကြာပြီပေါ့...”
“နင် မသိတာက အဲဒီအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတုန်းမှာ ဟွာရှောင်လင်းက ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးကို ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောပေါ်က ရုံးခန်းဆီ ပို့ပေးခဲ့လို့ပဲ ဒီအပေးအယူက ဖြစ်မြောက်ခဲ့တာ”
ချူယန်က ပြောလိုက်သည်။
“ဒါဆို ငါက ဟွာရှောင်လင်းကို ကျေးဇူးတင်ရမှာလား”
လင်းရှန် စိတ်လှုပ်ရှားသွားပြီး အနည်းငယ် ဝေဝါးရှုပ်ထွေးသွားခဲ့သည်။
“သူတို့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ သူတို့က ကိုယ့်ကိုယ်ကို ပါးနပ်လှပြီလို့ ထင်နေကြတဲ့ လူတစ်စုသက်သက်ပဲ။ အချို့ကဏ္ဍတွေမှာ သူတို့က သူတို့ကိုယ်သူတို့ မျှော်စင်လူသားတွေထက် ပိုတော်တယ်လို့ ယူဆပြီး ကမ္ဘာမြေပေါ်မှာ မျှော်စင်လူသားတွေရဲ့ ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်နေကြတာပဲ။ လူသားတွေရဲ့ ယုတ္တိဗေဒရှုထောင့်ကနေကြည့်ရင် ဒီဆန်းကြယ်တဲ့ တတိယယဉ်ကျေးမှုက ဘယ်လိုအလားအလာရှိတဲ့ အန္တရာယ်မျိုးပေးနိုင်မလဲဆိုတာ မသိကြတဲ့အတွက် သူတို့က မျှော်စင်လူသားတွေရဲ့ ပြဿနာကို ဖြေရှင်းပေးလိုက်နိုင်ပြီလို့ တွေးနေကြတာပဲ”
လင်းရှန် ရုတ်တရက် သဘောပေါက်သွားပြီး ဆန်းစစ်လိုက်သည်။
“ဒါဆို အခု မျှော်စင်လူသားတွေက ငါ့ရဲ့ ယန္တရားနှလုံးသားအကြောင်းကို သိသွားပြီဆိုတော့ ဒါက သူတို့ကို ခြိမ်းခြောက်မှုမရှိဘူးလို့ သူတို့က တွက်ချက်လိုက်တာပေါ့။ အဲဒါကြောင့်ပဲ တွင်းနက်ရဲ့ သွေးနီရောင်နယ်မြေချဲ့ထွင်မှုက ပိုပြီး မြန်ဆန်လာတာလား”
“ဒါပေမဲ့...” ကီကီက ဇဝေဇဝါဖြစ်စွာဖြင့် ကြားဖြတ်မေးလိုက်သည်။
“ဒါက ယုတ္တိမရှိဘူးလေ။ မျှော်စင်လူသားတွေက လင်းရှန်ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီးနောက်မှာ သူ့ကို သတ်ဖို့ လက်လျှော့လိုက်တယ်ဆိုရင် ဤဟန့်တားမှုက ရှိနေတုန်းပဲ မဟုတ်ဘူးလား။ ဘာလို့ သူတို့က သူ့ကို ချန်ထားပေးပြီး တစ်ပြိုင်နက်တည်းမှာပဲ သွေးနီရောင်နယ်မြေချဲ့ထွင်မှုကို စတင်လိုက်ရတာလဲ”
ချူယန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။
“စောစောက ငါပြောခဲ့သလိုပဲ မျှော်စင်လူသားတွေမှာ နက်နဲတဲ့ မဟာဗျူဟာမြောက်တွေးခေါ်မှုမျိုး မရှိဘူး။ အမှန်အတိုင်းပြောရရင် သူတို့က ပူးပေါင်းကြံစည်မှုသီအိုရီသမားတွေ မဟုတ်ကြသလို မှန်းဆချက်တွေအပေါ် အခြေခံပြီး အန္တရာယ်ကို တွက်ချက်တာမျိုး မလုပ်ကြဘူး။ ဒါပေမဲ့ ဖောင်ဒေးရှင်းကတော့ မတူဘူး...”
သူမ လင်းရှန်ဘက်သို့ လှည့်ကာ “နင့်ရဲ့ ယန္တရားနှလုံးသားက အဆင့်မြှင့်တင်ပြီးနောက်မှာ လက်ရှိလူသားယဉ်ကျေးမှုထက် အဆပေါင်းများစွာသာလွန်တဲ့ နည်းပညာကို ခုန်ပျံကျော်လွှားရရှိသွားခဲ့တယ်။ အကယ်၍ နင့်ရဲ့ ယန္တရားနှလုံးသားသာ အဆင့် ၉ ကို ရောက်သွားရင် လက်ရှိအခြေအနေကို ပြောင်းလဲပစ်နိုင်လောက်တဲ့ အခြေအနေတစ်ခုကို အမှန်တကယ် သယ်ဆောင်လာနိုင်လိမ့်မယ်ဆိုတာ သူတို့ စိတ်ကူးမိကြတယ်။ အဲဒါကြောင့် သူတို့က မျှော်စင်လူသားတွေကို တွက်ချက်ပြခဲ့တာပဲ။ အကျိုးဆက်အနေနဲ့ နင်က အသက်ရှင်ကျန်ရစ်ခဲ့ပြီး နင်သတိလစ်သွားခဲ့ပြီးနောက်မှာတောင် သူတို့က နင့်ရဲ့သတင်းကို တတ်ကြွကြွလိုက်လံရှာဖွေနေခဲ့ကြတယ်”
“သူတို့ အတော်လေးအားထုတ်ခဲ့ကြတာပဲ...”
လင်းရှန် အသာရယ်မောလိုက်ပြီးနောက် ချူယန်ကို ကြည့်ကာ မေးလိုက်သည်၊၊
“ဒါဆို အခု မင်းက ဟွာရှောင်လင်းအတွက် အလုပ်လုပ်ပေးပြီး ငါ့ကို အရှင်ဖမ်းဖို့ ကြိုးစားနေတာပေါ့ ဟုတ်လား”
ဤစကားကြောင့် ထိန်းချုပ်ခန်းအတွင်းရှိ လေထုမှာ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ ကီကီ၏ အကြည့်သည် ချူယန်ထံသို့ ကျရောက်သွားသည်။ ချူယန်သည် လင်းရှန်နှင့် နီးကပ်သောဆက်ဆံရေးရှိပြီး ယခုလေးတင် ကူညီပေးခဲ့သော်လည်း အကယ်၍ ချူယန်က လင်းရှန်ကို အမှန်တကယ်ရန်ပြုရန် ရည်ရွယ်ထားပါက သူမသည် ချူယန်ကို လက်ဦးမှုယူကာ တိုက်ခိုက်မည်ဖြစ်သည်။