← Chapters

အခန်း (၂၆၇၃-၂၆၇၄)

Vol. 268 Ch. 2673-2674

အခန်း (၂၆၇၃-၂၆၇၄)

Vol. 268 Ch. 2673-2674

အခန်း (၂၆၇၃) - ငါတို့ ကျန်းထန်းဝမ်ခန်းမကတော့ လက်မခံဘူး

​“သောက်ရူး ဟုတ်လား။ အသက်အရွယ်ကို တွက်ကြည့်ဦးလေ၊ ငါက နင့်ထက်တောင် ပိုကြီးဦးမယ်။”

​ဖန်ရွှေက ရယ်မောရင်း

“ငါက နင့်ထက် တစ်လှမ်းစောပြီး ယင်လောက ကို ရောက်သွားတာ မဟုတ်လား။”

ဟု ဆိုသည်။

​ရှန်းထင်ဖန်း၏ မျက်နှာမှာ မှောင်မိုက်သွားသည်။ သူမသည် ဖန်ရွှေကို ထပ်မပြောတော့ဘဲ ဖန့်ချန်ဘက်သို့ အကြည့်ပို့လိုက်သည်။ သူမ၏ မျက်ဝန်းထဲမှ စိတ်မကျေနပ်မှုများမှာ ရေစက်အဖြစ် ကျဆင်းလာတော့မတတ်ပင်။ သို့သော် သူမသည် နောက်ဆုံးတွင် ဘာမျှမပြောတော့ဘဲ အကြီးကဲ ငါးပါးရှိရာဘက်သို့ လျှောက်သွားလိုက်သည်။

​ဖန်ရွှေက ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးကို အနည်းငယ်မှေးလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လက်သွားသည်။

​ထိုအချိန်တွင် ဖန့်ကျစ်ရွှယ် က ဖန့်ချန်၏ လက်မောင်းကို ပျော်ရွှင်စွာဖြင့် ဆွဲကိုင်လိုက်သည်။

​“အစ်ကိုကြီး ရှောင်ထျန်းနဲ့ ရှောင်ပန်းလည်း ဒီတစ်ခေါက် လိုက်လာကြတယ်။"

​ဖန့်ချန်၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်လာပြီး တစ်ဖက်သို့ လက်ယမ်းပြလိုက်သည်။ ထိုနေရာတွင်ရှိသော ကျောင်းသားများမှာ တန်လင် ကျော်းတော်မှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ဤတစ်ခေါက်တွင် လူသားမျိုးနွယ် ကျောင်းသားအချို့လည်း လိုက်ပါလာကြရာ ဖန့်ရှောင်ထျန်း နှင့် ဖန့်ရှောင်ပန်း တို့လည်း ပါဝင်သည်။ ထိုနှစ်ဦးအပြင် အခြားသော မိတ်ဆွေဟောင်း တစ်ဦးလည်း ရောက်ရှိနေသည်။

​ဖန့်ချန် လက်ယမ်းပြသည်ကို မြင်သောအခါ ဖန့်ရှောင်ထျန်း နှင့် ဖန့်ရှောင်ပန်း တို့မှာ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာကြသည်။ ဖန့်ချန်၏ ပတ်ဝန်းကျင်တွင် ရပ်နေသူများမှာ ကောင်းကင်ငါးပါးလောက၏ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များ သို့မဟုတ် ဆွေ့ထျန်းဟွမ်၊ ထိုက်ဟောင်ဟွမ်းယောင်၊ လွမ်းထိုက်ကူ ကဲ့သို့သော သက်တော်ရှည် ဘိုးဘေးများ ဖြစ်ကြသောကြောင့် သူတို့သည် အစပိုင်းတွင် နီးကပ်စွာ လာရောက်ရန်ပင် မရဲကြပေ။

​ဖန့်ရှောင်ထျန်း နှင့် ဖန့်ရှောင်ပန်း တို့ ဖန့်ချန်ထံ ပြေးသွားသည်ကို မြင်သောအခါ အနီးအနားမှ လူသားကျောင်းသား အချို့၏ အမူအရာများမှာ ရှုပ်ထွေးသွားသည်။ ချင်ချူ၊ ချင်ဟောက်ယွီ နှင့် အရင်တစ်ခေါက် ဖန့်ချန်ကို ခြိမ်းခြောက်ခဲ့ဖူးသော ချင်မျိုးနွယ် အမျိုးသမီးတို့လည်း ရောက်ရှိနေကြသည်။ သို့သော် အရင်တစ်ခေါက်နှင့် မတူညီသည်မှာ ယခုတစ်ခေါက် လာရောက်ကြသူများမှာ ဟော်ဆွေ့မျိုးနွယ် အဖွဲ့အစည်းသက်သက် မဟုတ်တော့ပေ။

လူသားမျိုးနွယ်၏ အခြားမျိုးနွယ်စုများမှ ကျောင်းသားများလည်း အများအပြား ပါဝင်လာကြသည်။ အကြောင်းမှာ အရင်တစ်ခေါက်က မျိုးနွယ်စု၏ ကောင်းကင်အရှင်တို့က နေရာအတွက် သတ်မှတ်ပေးခဲ့သော်လည်း၊ ယခုတစ်ခေါက် နေရာများမှာမူ နေမင်းခုနစ်ပါးကျောင်းသား ဟူသော ဝိသေသနှင့် ချိတ်ဆက်ထားသောကြောင့် ဖြစ်သည်။ ဟော်ဆွေ့မျိုးနွယ်က မည်မျှပင် သန်မာစေကာမူ နေမင်းခုနစ်ပါးခန်းမ ၏ အဆင့်သတ်မှတ်ချက်ကို ကြိုးကိုင်ရန် မဖြစ်နိုင်ပေ။

​ထိုအချိန်တွင် ကလေးငယ်နှစ်ဦးမှာ ဖန့်ချန်ရှေ့သို့ ရောက်ရှိလာကြသည်။ သူတို့က ဖန့်ချန်ကို ဦးညွှတ် ဂါရဝပြုပြီးနောက် ဖန့်ကျစ်ရွှယ် နှင့် စိတ်လှုပ်ရှားစွာ စကားပြောဆိုနေကြသည်။ ချင်မျိုးနွယ် ကျောင်းသားအချို့က ထိုမြင်ကွင်းကို မြင်သောအခါ မခံချင်စိတ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

​“ချင်းရှောင်း နတ်ဘုရားနယ်မြေရဲ့ ရှေးဟောင်းမျိုးနွယ် ဖန့်မျိုးနွယ်စုကတော့ ကရုဏာတောင် နဲ့ အဆင်ပြေအောင် နေဖို့ စိတ်ကူးထားပုံပဲ။”

​အရင်တစ်ခေါက် ဖန့်ချန်ကို ခြိမ်းခြောက်ခဲ့ဖူးသည့် ချင်မျိုးနွယ် အမျိုးသမီးက မခံမရပ်နိုင် ဖြစ်ကာ -

​“အခွင့်အရေး ရရင် ရှေးဟောင်းမျိုးနွယ် ဖန့်မျိုးနွယ်စု ဆီ တစ်ခေါက်သွားပြီး သူတို့ရဲ့ မျိုးဆက်ငယ်တွေကို ထိန်းကျောင်းခိုင်းထားပြီး လမ်းမှားမရောက်အောင် သတိပေးထားသင့်တယ်”

ဟု ပြောသည်။

​ချင်ဟောက်ယွီ က သက်ပြင်းတစ်ချက် ချလိုက်သည်။

​“အားလုံးပဲ ဒီအပိုကိစ္စတွေကို ထည့်မတွေးကြပါနဲ့တော့၊ အာရုံကို နိဗ္ဗာန်တားမြစ်နယ်မြေ ပေါ်မှာပဲ ထားကြပါ။ အရင်တစ်ခေါက်က ငါတို့မှာ ဆန်းနယဲ့ဘွဲ့ကို ရဖို့ အခွင့်အရေး ရှိခဲ့တာကို ဖန့်ချန်ကို ပြဿနာရှာမိတာကြောင့် အသက်တစ်ချောင်း ဆုံးရှုံးရုံမကဘဲ သူများနောက်ကို တစ်လှမ်းနောက်ကျခဲ့ရတယ်လေ။”

​ချင်ဟောက်ယွီ၏ စကားကြောင့် ချင်မျိုးနွယ်သား အများစုမှာ တိတ်ဆိတ်သွားကြသည်။ ချင်ချူ က ချင်ဟောက်ယွီကို တစ်ချက်ကြည့်ပြီး ဖန့်ချန်တို့ဘက်ကို လှမ်းကြည့်ကာ နှာခေါင်းရှုံ့၍ စကားမပြောတော့ပေ။ သို့သော် ခဏအကြာတွင် သူတို့သည် လူတစ်ယောက် ဖန့်ချန်ဘက်သို့ လျှောက်သွားသည်ကို ထပ်မံ မြင်လိုက်ရပြန်သည်။

​“ရှကျိ မဟုတ်လား။”

​“သူနဲ့ ဖန့်ချန်နဲ့ ရင်းနှီးတာလား။”

​“မဖြစ်နိုင်ပါဘူး၊ သူ့ရဲ့ ပါရမီအရ ကောင်းကင် ငါးပါး စစ်မြေပြင်မှာတောင် ဖန့်ချန်နဲ့ ရင်ဆိုင်ဖို့ အခွင့်အရေး မရလောက်ပါဘူး။”

​ချင်ချူ တို့အားလုံး အံ့ဩသွားကြသည်။ ဤတစ်ခေါက် နေမင်းခုနစ်ပါးခန်းမ တိုးချဲ့လိုက်သောကြောင့် စွမ်းအင်စုစည်းခြင်းဆင့် နောက်ပိုင်း ဖြစ်သည့် ရှကျိ ကလည်း အဆင့်ငါးရာအတွင်းသို့ အနိုင်နိုင် ဝင်ရောက်လာပြီး နေမင်းခုနစ်ပါးကျောင်းသား ဖြစ်လာကာ နိဗ္ဗာန်တားမြစ်နယ်မြေသို့ ဝင်ခွင့် ရရှိသွားခြင်း ဖြစ်သည်။

​“သူများကျွေးတဲ့ ထမင်းစားပြီး သူများခေါင်း လှီးမယ့်ကောင်။”

​အရင်တစ်ခေါက် ဖန့်ချန်ကို ခြိမ်းခြောက်ခဲ့ဖူးသည့် ချင်မျိုးနွယ် အမျိုးသမီးက ရှကျိ၏ ကျောပြင်ကို အေးစက်စက် ကြည့်နေပြီး သူမ၏ အကြည့်များမှာ ရက်စက်လွန်းလှသည်။

​……

​……

​“ဖန့်ချန် မိတ်ဆွေ၊ မတွေ့တာ ကြာပြီနော်။”

​ရှကျိ ဖန့်ချန်ထံသို့ ရောက်ရှိလာပြီး ပြုံးရွှင်စွာ နှုတ်ဆက်သည်။

​“မင်းလည်း ကောင်းကင်ငါးပါးလောကရဲ့ ထိပ်တန်းအဆင့် တစ်ရာထဲ ရောက်လာတာလား။”

ဖန့်ချန်က ပြုံး၍ မေးသည်။

​ရှကျိ က သက်ပြင်းချရင်း -

​“နိဗ္ဗာန်တားမြစ်နယ်မြေရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒီတစ်ခေါက် နေမင်းခုနစ်ပါးခန်းမ ပြန်လည်တည်ဆောက်တုန်းက နေရာတွေ အများကြီး တိုးလိုက်လို့ ငါလည်း ကောင်းကင်ငါးပါး ထိပ်တန်းအဆင့် တစ်ရာထဲ မနည်းဝင်လာပြီး နေမင်းခုနစ်ပါးကျောင်းသား ဖြစ်လာတာပါ။ ဒါပေမဲ့ ဒီနေ့ ဒီမှာရှိတဲ့ ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင်တော့ ငါ့စွမ်းရည်က ဘာမှ မဟုတ်ပါဘူး။ ဒီတစ်ခေါက် ဆန်းနယဲ့ဘွဲ့ကို ရနိုင်မလား ဆိုတာတောင် မသေချာဘူး။”

​“ကိုယ်ကိုယ်ကိုယ် နှိမ့်ချမနေပါနဲ့။ ကောင်းကင်ငါးပါးလောကထဲမှာ ကမ္ဘာတည်ဆောက်ခြင်း သူတော်စင်တွေ ဘယ်လောက်ရှိသလဲ၊ အခု ဒီမှာရှိနေတာက ဘယ်လောက်လဲ။ အရင်က ကောင်းကင်ငါးပါး စစ်မြေပြင်မှာ မင်းကိုတွေ့တုန်းကတည်းက မင်းက ပါရမီရှင်ဆိုတာ သိပါတယ်။ ဒီတစ်ခေါက်တော့ အောင်မြင်မှုတွေနဲ့ ပြန်နိုင်ပါလိမ့်မယ်။”

ဖန့်ချန်က အေးဆေးစွာ ပြောသည်။

​“မင်း စကားအတိုင်း ဖြစ်ပါစေကွာ။”

ရှကျိ က ရိုသေသစွာ လက်ယှက်ပြီး ပြုံးသည်။

​“မင်းကို မိတ်ဆက်ပေးမယ်။”

ဖန့်ချန်က ချက်ချင်းပင် ကရုဏာတောင်မှ ကျောင်းသားများကို ရှကျိ နှင့် မိတ်ဆက်ပေးလိုက်သည်။

​ထိုနေရာတွင် စကားကောင်းနေသည်ကို မြင်သောအခါ တန်လင် ကျောင်းတော်ဘက်မှ ချင်မျိုးနွယ် ကျောင်းသားများ၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်လာသည်။

​အချိန် တစ်နာရီခန့် ကုန်လွန်သွားသည်။ လေဟာနယ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

​“သူတော်စင်ဘိုးဘေး စီမံကိန်း က ဖန့်ချန် ရှိသလား။”

သူတော်စင်​ဘိုးဘေး စီမံကိန်း လား

​ကျောင်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတော်စင်ဘိုးဘေး စီမံကိန်းထဲသို့ ဝင်ရောက်ပြီးသူများပင်လျှင် အနည်းငယ် ထူးဆန်းနေသည်။ ထိုအသံသည် မည်သည့် ကောင်းကင်အရှင် ဘိုးဘေးတစ်ယောက်ယောက်ထံမှ ဖြစ်မှန်း သိသာလှသည်။ အကယ်၍ ထိုကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်က လူသိရှင်ကြား သူတော်စင်ဘိုးဘေး စီမံကိန်း အကြောင်းကို ပြောဆိုလာလျှင် ၎င်းသည် သတင်းစကားအဖြစ်သာ မဟုတ်ဘဲ အပျော်သဘောသက်သက် မဟုတ်တော့ပေ။

၎င်းသည် ကောင်းကင်ငါးပါးလောကမှ ကောင်းကင်အရှင်တို့၏ အသိအမှတ်ပြုမှုကို ရထားသော အင်အားစုတစ်ခု ဖြစ်လာခြင်းပင်……

​ကျန်းထန်းဝမ်ခန်းမ မှ အကြီးကဲငါးပါး နှင့် သူတို့၏ လက်အောက်ခံ ကျောင်းသားများ၏ မျက်လုံးထဲတွင် အမျက်ဒေါသများ တောက်လောင်လာပြီး ဖန့်ချန်ဘက်ကို မျက်နှာပျက်စွာဖြင့် ကြည့်လိုက်သည်။ ချင်ချူ တို့လည်း အနည်းငယ် တုန်လှုပ်သွားကြသည်။ သူတို့ ထိုအချက်ကို မေ့လုနီးပါး ဖြစ်နေခဲ့သည်။ ဤကာလအတွင်း တန်လင် ကျောင်းသားအများစုသည် လျှို့ဝှက်စွာ ပြောဆိုရာတွင် ဖန့်ချန်ကို "ဖန့် ဘိုးဘေး" ဟု ခေါ်ဆိုနေကြသည်။ ဂုဏ်ပုဒ်တစ်ခုသာ ဖြစ်ပြီး တစ်ခါတစ်ရံ နောက်ပြောင်သလို ဖြစ်နေသော်လည်း ၎င်း၏ အဓိပ္ပာယ်မှာ လူတို့ကို အလွန်အမင်း ကြောက်ရွံ့သွားစေသည်။

​“ဖန့်ချန် ရှိပါတယ်။” ဖန့်ချန်က လေဟာနယ်ကို ဦးညွှတ်လိုက်သည်။

​“မင်း အရင်က ဂူပိတ်ကျင့်ကြံနေတာ၊ အဲဒီ အတွင်ကမ္ဘာရတနာ သုံးမျိုးကို သုံးပြီးပြီလား။”

​ထိုအသံ ထပ်မံ ထွက်ပေါ်လာသည်။

​ကျန်းထန်းဝမ်ခန်းမ မှ အကြီးကဲငါးပါး၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားသည်။ ကျင့်စဉ်ကို လေ့လာထားသော ကျောင်းသားအချို့မှာလည်း သိလိုစိတ်ဖြင့် ဖန့်ချန်ကို ငေးကြည့်နေကြသည်။

​“တပည့် ဂူပိတ်ကျင့်ကြံမှု အဆုံးသတ်တဲ့အခါ နိဗ္ဗာန်တားမြစ်နယ်မြေက စဖွင့်တော့မှာ ဖြစ်လို့ မသုံးလိုက်ရသေးပါဘူး။”

ဖန့်ချန်က ရိုးသားစွာ ဖြေကြားသည်။

​“သူ အဲဒီ အတွင်းကမ္ဘာရတနာ သုံးမျိုးကို မသုံးရသေးဘူးလား။ ဟားဟား၊ ဒါဆိုရင် သူရဲ့ အတွင်းကမ္ဘာ ပေါင်းစပ်မှု တိုးတက်နှုန်းက အလွန်နှေးမှာပဲ၊ အခုဆိုရင် နှစ်ဆယ်ပုံတစ်ပုံတောင် ရှိမှာမဟုတ်ဘူး။”

စီကုရှန်း က အောင်ပွဲခံသည့်ဟန်ဖြင့် ရယ်မောကာ စီကုကျူးကို ကြည့်လိုက်သည်။

​စီကုကျူး၏ မျက်လုံးထဲတွင် ရက်စက်သောအပြုံး တစ်ခု လက်သွားသည်။

​“ငါတို့ကတော့ လေးပုံတစ်ပုံနီးပါး တိုးတက်နေပြီ။ သူက နှစ်ဆယ်ပုံတစ်ပုံပဲ ရှိရင် ဒီတစ်ခေါက် သူ့ရဲ့ ဘိုးဘေး စီမံကိန်း က ဟာသတစ်ခု ဖြစ်သွားမှာပဲ။”

​ကျန်းထန်းဝမ်ခန်းမ မှ သက်တော်ရှည် ဘိုးဘေးများမှာ စိတ်ဝင်တစား ဖြစ်သွားကြသည်။ ဒီတစ်ခေါက် ဖန့်ချန်ကို အနိုင်ယူဖို့အတွက် အရင်က စွမ်းအင်စုစည်းခြင်း အစောပိုင်း၊ အလယ်ပိုင်း၊ နောက်ပိုင်း ရှိသူများအားလုံးသည် အသက်စွမ်းအင် အစောပိုင်းအဆင့်သို့ တိုးမြှင့်လိုက်ကြခြင်း ဖြစ်သည်။ အရင်က အရှက်ခွဲခံခဲ့ရသည့် အခြေအနေကို ပြန်လည်ချေဖျက်ရန် ရည်ရွယ်ချက်ဖြင့်ပင်။

​“ကိစ္စမရှိပါဘူး၊ ဒီတစ်ခေါက် နိဗ္ဗာန်တားမြစ်နယ်မြေ ပြီးမှ သုံးလိုက်ပါ။”

​“မင်း ဂူပိတ်ကျင့်ကြံနေတုန်းမှာ နေမင်းခုနစ်ပါးခန်းမ ရဲ့ စည်းမျဉ်းတွေ ပြောင်းသွားပြီ။”

​“နောက်ပိုင်းဆိုရင် နှစ်ငါးရာတိုင်း နိဗ္ဗာန်တားမြစ်နယ်မြေကို လာရမယ်။ ပြီးတော့ အဲဒီတံခါးကြီး ကိုးပေါက်ထဲကို ဝင်ပြီး စာမေးပွဲ မဖြေခင်မှာ……”

​“နေမင်းခုနစ်ပါး စစ်ပွဲ တစ်ခု ရှိရမယ် ”

​“မင်းကပဲ ဒီ နေမင်းခုနစ်ပါး စစ်ပွဲ ကို တာဝန်ယူပြီး ဦးစီးပေးရမယ်။”

​ထိုအသံမှာ ထပ်မံ ထွက်ပေါ်လာသည်။

​“ဒါက ဖန့်အစ်ကိုကြီးရဲ့ ဂုဏ်သရေပဲ။”

ဖန်ရွှေက သက်ပြင်းချရင်း ဆိုသည်။ နေမင်းခုနစ်ပါး စစ်ပွဲ ကို ဦးစီးရခြင်းမှာ မည်မျှ ထူးခြားသည့် အဆင့်အတန်းလဲ။ အကြောင်းမှာ နေမင်းခုနစ်ပါးခန်းမ တွင် ကမ္ဘာတည်ဆောက်ခြင်း သူတော်စင် ကျောင်းသားများပါ ပါဝင်နေသောကြောင့်ပင်။ ဖန့်ချန်၏ အဆင့်အတန်းမှာ ထိုကျောင်းသားများထက်ပင် ကျော်လွန်နေပြီဟု ဆိုနိုင်သည်။

​“ဖန့်ချန်၊ နားလည်လား။”

​“နားလည်ပါပြီ၊ ဒါပေမဲ့……”

​ဖန့်ချန်က နေမင်းခုနစ်ပါး စစ်ပွဲ ကို မည်သို့ ခွဲဝေရမည်ကို မေးမြန်းရန် ပြင်ဆင်လိုက်စဉ်မှာပင် အသံတစ်ခုက ဝင်ရောက် ဖြတ်တောက်လိုက်သည်။

​“ငါတို့ ကျန်းထန်းဝမ်ခန်းမ ကတော့ လက်မခံဘူး။ နေမင်းခုနစ်ပါး စစ်ပွဲ ကို အသက်စွမ်းအင် လူငယ်လေး တစ်ယောက်ကို ဦးစီးခိုင်းတာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူးမလား။”

​စကားပြောလိုက်သူမှာ ကျန်းထန်းဝမ်ခန်းမ ၏ အကြီးကဲငါးပါးထဲမှ တစ်ပါးဖြစ်သည့် စီကုကျိ ဖြစ်သည်။

​အခန်း (၂၆၇၄) - ဂုဏ်သိက္ခာ ကျဆင်းခြင်း

​ထူးဆန်းသော အကြည့်အများအပြားသည် မရည်ရွယ်ဘဲ စီကုကျိ ထံသို့ ကျရောက်သွားသည်။

​ထိုအကြည့်များမှာ အတော်လေး ရှုပ်ထွေးလှသည်။ အချို့မှာ ကြည်ညိုလေးစားမှု၊ အချို့မှာ ရန်လိုမှု၊ အချို့မှာ နက်ရှိုင်းစွာ စိုးရွံ့မှု၊ အချို့မှာမူ အနည်းငယ် မျှော်လင့်ချက် ရှိနေကြသည်။

​ယနေ့ခေတ် ကောင်းကင်ငါးပါးမှ ကျောင်းသားများအားလုံး ဖန့်ချန်ကို လက်ခံယုံကြည်ကြသလားဟု မေးလျှင်။

​အမှန်တကယ်တော့ မဖြစ်နိုင်ပေ။

​သူတို့ထဲတွင် မိမိတို့၏ နည်းလမ်းများမှာ ဖန့်ချန်ထက် သာလွန်မှုမရှိကြောင်း သိလျက်နှင့်ပင် စိတ်မကျေနပ်ဘဲ မခံချင်စိတ် ဖြစ်နေသူများလည်း ရှိသည်။

​ယခုအခါ သူတို့အားလုံးသည် ကျန်းထန်းဝမ်ခန်းမ မှ အကြီးကဲငါးပါးအနေဖြင့် တစ်စုံတစ်ရာ အောင်မြင်မှု ရရှိစေရန် အတော်လေး မျှော်လင့်နေကြသည်။

​အကယ်၍ ယနေ့ ဖန့်ချန်ကို ဂုဏ်သိက္ခာကျဆင်းစေပြီး ယုံကြည်မှုကို ပျက်ပြားသွားအောင် မလုပ်နိုင်လျှင်၊ နောက်ပိုင်းတွင် ထို "သူတော်စင်ဘိုးဘေး စီမံကိန်း" မှာ တကယ်ပင် အမြစ်တွယ်သွားလိမ့်မည်။

​“မကျေနပ်ဘူးဆိုရင် သွားပြီး စိန်ခေါ်လိုက်ကြလေ၊ အဲဒီ တံခါး ကိုးပေါက် က အစောကြီး မဖွင့်သေးဘူး၊ မင်းတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်”

​လေဟာနယ်ထဲမှ အသံမှာ ထပ်မံ ထွက်ပေါ်လာသည်။

​စီကုကျိ သည် နှုတ်ခမ်းကို အနည်းငယ် ကော့ညွတ်လိုက်ပြီး ဖန့်ချန်ကို အေးစက်စက် အပြုံးဖြင့် ကြည့်ကာ -

​“ဖန့်ချန်၊ မင်း ငါ့ရဲ့ စိန်ခေါ်မှုကို လက်ခံရဲသလား”

​“……”

​ဖန့်ချန် မှာ တကယ်ပင် အနည်းငယ် တုန်လှုပ်သွားသလို စကားမထွက်နိုင်အောင်လည်း ဖြစ်သွားသည်။

​သူ တစ်ယောက်တည်းတင်မကဘဲ အနီးအနားမှ ကျောင်းသားများ၊ ဟာသကြည့်ရန် စောင့်နေသည့် ကျောင်းသားများမှာလည်း စီကုကျိ၏ စကားကြောင့် အံ့အားသင့်ကာ စကားမပြောနိုင် ဖြစ်သွားကြသည်။

​“စီကုကျိ၊ မင်း ရူးသွားတာလား။ မင်းက အသက်စွမ်းအင် နောက်ပိုင်းအဆင့် ဖြစ်နေတာကို အသက်ဝစွမ်းအင် အစောပိုင်းအဆင့် ကို စိန်ခေါ်မလို့လား”

​လွမ်းထိုက်ကူ က အံ့ဩစွာဖြင့် စီကုကျိကို ကြည့်လိုက်သည်။

​ဖန်လီပန် တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားလုံး၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုအနည်းငယ်နှင့် သံသယဝင်မှုအချို့ကို မြင်တွေ့လိုက်ရသည်။

​“မင်းတို့ အကြီးကဲငါးပါးထဲမှာ စိတ်ပုံမှန်ဖြစ်တဲ့သူ တစ်ယောက်လောက် ထွက်ပြီး ပြောကြစမ်းပါ၊ ကျန်းထန်းဝမ်ခန်းမတစ်ခုလုံးက လူတွေအားလုံးက အသိဉာဏ်မရှိတဲ့ လူမိုက်တွေလို့ သူများတွေ ထင်ကုန်တော့မယ်”

​ဖန့်ချန် သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျန်ရှိသော အကြီးကဲငါးပါးကို ကြည့်လိုက်သည်။

​စီကုကျိက ရယ်မော၍ -

​“ငါသတ်မှတ်ထားတဲ့ စည်းကမ်းကို မကြားရသေးဘဲနဲ့ မင်းက တိုက်ခိုက်ဖို့ ကြောက်နေတာလား”

ဟု ပြောသည်။

​“လူမိုက်တွေနဲ့ ငါ စကားမပြောချင်ဘူး၊ မင်း နောက်တစ်ခါ ထပ်ပြောရင် မင်းတို့ ကျန်းထန်းဝမ်ခန်းမကိုပါ ဆက်မတည်ရှိနိုင်အောင် ငါ လုပ်လိုက်မယ်”

​ဖန့်ချန်က တည်ငြိမ်စွာ ပြောသည်။

​“မင်း”

​“ငါ ပြောတယ်လေ ငါ့ကို စကားမပြောနဲ့၊ ငါ မင်းနဲ့ စကားမပြောချင်ဘူး ”

​ဖန့်ချန်က ဆွေ့ဟွမ်ရွှီး၊ ဖူချန်းချို၊ ရင်ရှန်းရူ၊ ရှန်တူရှင်း တို့ကို ကြည့်ကာ -

​“မင်းတို့ လေးယောက်မှာ အသက်ရှူနေသေးတယ် မဟုတ်လား။ ထွက်လာပြီး စိန်ခေါ်မှု အစီအစဉ်ကို ပြောပြကြစမ်းပါ။

​ဒီကို မလာခင်ကတည်းက မင်းတို့ အကြီးကဲငါးပါးက ငါ့ကို ဒုက္ခပေးဖို့ ကြံစည်ထားတယ်လို့ ကြားမိတယ်၊ မင်းတို့ ဘာတွေ စဉ်းစားထားလဲဆိုတာ ငါ စိတ်ဝင်စားနေတာ။

​မင်းတို့ရဲ့ အကြံအစည်က အသက်စွမ်းအင် နောက်ပိုင်းအဆင့်နဲ့ ငါ့ကို ဖိနှိပ်ဖို့ ဆိုတာမျိုးတော့ မပြောလိုက်နဲ့၊ အဲဒီလိုဆိုရင်တော့ ငါ အတော်လေး စိတ်ပျက်သွားမှာပဲ”

​စီကုကျိက ထပ်ပြောရန် ပြင်ဆင်နေစဉ် ဆွေ့ဟွမ်ရွှီးက သူ့ကို လက်ကာပြလိုက်သည်။

​“ငါပဲ ပြောလိုက်ပါ့မယ်။”

​စီကုကျိ၏ မျက်နှာမှာ မှောင်မိုက်သွားပြီး တိတ်ဆိတ်သွားသော်လည်း ဖန့်ချန်ကို ကြည့်သည့် အကြည့်များမှာ ပို၍ပင် အေးစက်သွားသည်။

​“ဖန့်ချန်၊ စီကုကျိ က သူအဆင့်ကို အသက်စွမ်းအင် အစောပိုင်းအဆင့် အထိ လျှော့ချပြီး မင်းနဲ့ တိုက်ခိုက်မယ်လို့ ပြောချင်တာပါ။

​ဒါပေမဲ့ အဲဒီလို နည်းလမ်းက မင်းအတွက် မမျှတဘူးလို့ ထင်ရင်လည်း ကိစ္စမရှိပါဘူး။

​ငါတို့ဆီမှာ တခြား အကြံပြုချက် တစ်ခု ရှိသေးတယ်”

ဆွေ့ဟွမ်ရွှီးက ပြုံး၍ ပြောသည်။

​“ပြောလေ။”

​ဖန့်ချန် ခေါင်းငြိမ့်ပြသည်။

​“မင်းရဲ့ နည်းလမ်းတွေကို ငါ မြင်ဖူးပါတယ်၊ ကံမကောင်းစွာနဲ့ပဲ ငါက အသက်စွမ်းအင် အစောပိုင်းအဆင့် မဟုတ်လို့၊ အဲဒီလိုမဟုတ်ရင် မင်းနဲ့ တကယ်ပဲ တိုက်ခိုက်ကြည့်ချင်မိတယ်။

​ဒါပေမဲ့ ငါတို့ အကြီးကဲငါးပါးအောက်မှာရှိတဲ့ ကျန်းထန်းဝမ်ခန်းမရဲ့ တခြား သူတော်စင်တွေကတော့ မင်းထက် အများကြီး သာလွန်မှု မရှိပါဘူး။

​တစ်ယောက်ချင်းစီ တိုက်ခိုက်မယ်ဆိုရင်တော့ မင်းပဲ နိုင်မှာ သေချာပါတယ်။”

​ဆွေ့ဟွမ်ရွှီးက ပြုံး၍ ဆက်ပြောသည်။

​“ဒါပေမဲ့ အဲဒီလိုနဲ့တင် ငါတို့ကို လက်ခံအောင် မလုပ်နိုင်သေးဘူး၊ အရင်တုန်းက နေမင်းခုနစ်ပါး စစ်ပွဲ ကို ဦးစီးဖို့ဆိုရင် မင်းအနေနဲ့ ငါတို့ကို လက်ခံယုံကြည်စေမယ့် အစွမ်းတွေကို ပြသဖို့ လိုအပ်တယ်”

​ဖန့်ချန်က စိတ်ဝင်တစား မေးသည်။

​“ဥပမာအားဖြင့် ”

​သူ တစ်ယောက်တည်းတင်မကဘဲ ဆွေ့ရှင်းကျီ တို့လည်း စိတ်ဝင်တစား ဖြစ်သွားကြသည်။

​ဘယ်လို အစွမ်းမျိုးကို ပြသမှ အကြီးကဲငါးပါး လက်ခံယုံကြည်မှာလဲ။

​“ကျန်းထန်းဝမ်ခန်းမကနေ အသက်စွမ်းအင် အစောပိုင်းအဆင့် လေးယောက်နဲ့ မင်းကို တိုက်ခိုက်ခိုင်းမယ်။”

​“တစ်နာရီအတွင်းမှာ တိုက်ပွဲကို အဆုံးသတ်ရမယ်။”

​“အဲဒီအချိန်အတွင်းမှာ အသက်စွမ်းအင် အစောပိုင်းအဆင့် နှစ်ယောက်က မတ်တပ်ရပ်နိုင်သေးတယ်ဆိုရင် သရေကျတယ်လို့ သတ်မှတ်မယ်။”

​“သုံးယောက်ဆိုရင်တော့ မင်း ရှုံးတယ်လို့ သတ်မှတ်မယ်၊ ဆိုလိုတာက မင်းရဲ့ စွမ်းအားက မလုံလောက်ဘူးပေါ့။”

​ဆွေ့ဟွမ်ရွှီးက တည်ငြိမ်စွာ ပြောသည်။

​“ဒီတိုက်ပွဲကို မင်း လက်ခံရဲသလား”

​“……”

​နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

​“ငါ ကြားတာ မမှားဘူး မဟုတ်လား ဒါက စီကုကျိ ကိုယ်တိုင် တိုက်ခိုက်တာထက်တောင် ပိုပြီး ရှက်ဖို့ကောင်းနေပါလား။

​အကယ်၍ စီကုကျိက သူ့စွမ်းအင်ကို အသက်စွမ်းအင်အစောပိုင်းအဆင့် အထိ လျှော့ချပြီး တိုက်ခိုက်ရင်တော့ တစ်မျိုးပေါ့။

​ဒါကတော့ အသက်စွမ်းအင် အဆင့်ရှိတဲ့ လူလေးယောက်နဲ့ တစ်ယောက်ကို တိုက်ခိုက်ခိုင်းတာ မဟုတ်လား။

​ပြီးတော့ တစ်ယောက်ကို နိုင်ရုံနဲ့ မပြီးသေးဘူး၊ နှစ်ယောက်မှ သရေ၊ သုံးယောက်မှ နိုင်တယ်ဆိုပါလား”

​ဖန််ရုကန် က အနီးအနားရှိ သူတော်စင်များကို အလျင်အမြန် မေးမြန်းလိုက်သည်။

​သူ့အသံမှာ အတော်လေး ကျယ်လောင်သဖြင့် သူတော်စင်အားလုံး ကြားလိုက်ရသည်။

​ဆွေ့ဟွမ်ရွှီးက မမှုဘဲ ဖန့်ချန်ကိုသာ စိုက်ကြည့်နေသည်။ တခြား အကြီးကဲငါးပါးလည်း ဖန််ရုကန် ကို ဂရုမစိုက်ဘဲ ဖန့်ချန်၏ အဖြေကိုသာ စောင့်မျှော်နေကြသည်။

​“အကြီးကဲငါးပါးဆိုတာ အကြီးကဲငါးပါးပါပဲ……”

​ဆွေ့ရှင်းကျီ က လွမ်းထိုက်ကူ ကို ကြည့်ပြီး စိတ်ထဲမှ ပြောလိုက်သည်။

​“အကယ်၍ ဖန့်ချန်သာ မလက်ခံရင် သူတော်စင်ဘိုးဘေး စီမံကိန်းကို တည်ထောင်သူက ဒီလောက်ပါပဲလားဆိုတဲ့ အထင်အမြင်မျိုး ပေါ်လာလိမ့်မယ်။

​အနည်းဆုံးတော့ ဖန့်ချန် အရင်တစ်ခေါက် နိဗ္ဗာန်တားမြစ်နယ်မြေမှာ တည်ဆောက်ခဲ့တဲ့ ပြိုင်ဘက်ကင်းတဲ့ ပုံရိပ်ကို ထိခိုက်သွားမှာပဲ။

​အကယ်၍ ဖန့်ချန်က လက်ခံလိုက်ရင်လည်း ဒီတိုက်ပွဲမှာ တိုက်ရခက်ခဲပြီး သရေကျဖို့ပဲ များပါတယ်။

​ပြီးတော့ တိုက်ခိုက်တဲ့ ကျန်းထန်းဝမ်ခန်းမဝင် လေးယောက်က အကြီးကဲငါးပါး မဟုတ်တဲ့အတွက် တခြားသူတော်စင်တွေကို ကျန်းထန်းဝမ်ခန်းမက သူတော်စင်ဘိုးဘေး စီမံကိန်း နဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတဲ့ အထင်အမြင်မျိုး ရသွားစေမှာပဲ။

​ဘာပဲဖြစ်ဖြစ် အကြီးကဲငါးပါးကတော့ တကယ်တမ်း မတိုက်ခိုက်သေးဘူးလေ။”

​“သူတို့က အကြီးကဲငါးပါးလို့ ခေါ်ခံရတာ မဆန်းပါဘူး၊ အိုမင်းရင့်ရော်ပြီး ညစ်ပတ်တဲ့ လူတွေပဲ။”

​လွမ်းထိုက်ကူ က ဆွေ့ဟွမ်ရွှီး တို့ကို တစ်ချက်ကြည့်လိုက်သည်။

​လေထုက အနည်းငယ် တင်းမာနေချိန်တွင် ဖန့်ချန်က ခေါင်းငြိမ့်လိုက်သည်။

​“ကောင်းပါပြီ၊ ကျန်းထန်းဝမ်ခန်းမရဲ့ သူတော်စင်တွေက ဘယ်လောက် စွမ်းသလဲဆိုတာ ကြည့်လိုက်ပါ့မယ်၊ သူတော်စင်ဘိုးဘေး စီမံကိန်း နဲ့ ဘာတွေ ကွာခြားသလဲဆိုတာ သိရအောင်လေ။”

​လက်ခံလိုက်ပြီလား

​သူတော်စင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မယုံနိုင် ဖြစ်နေကြသည်။ သူတို့ အထင်တော့ ဖန့်ချန်က ဒီတိုက်ပွဲကို လက်ခံဖို့ မဖြစ်နိုင်ဘူးလို့ ထင်ထားတာ။

​လေးယောက်က တစ်ယောက်ကို တိုက်မှာ

​သူတို့လေးယောက်က လင်နယဲ့ အဆင့်မြင့် ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေမှာ သေချာတယ်။

​ကောင်းကင်ငါးပါးမှာ ထိပ်တန်း အဆင့်တွေပဲ။

​တစ်ယောက်က နှစ်ယောက်ကို တိုက်တယ်ဆိုရင်တော့ ဖြစ်နိုင်ပါသေးတယ်။

​ဒါပေမဲ့ လေးယောက်နဲ့ တစ်ယောက်ဆိုတာကတော့ အခြေအနေချင်း မတူညီဘူး။

​သူတို့အမြင်မှာတော့ ဒီပွဲမှာ သရေကျရင်တောင် အတော်လေး အဆင်ပြေပြီလို့ တွက်ဆထားကြသည်။

​ဆွေ့ဟွမ်ရွှီး က အံ့အားသင့်သွားပြီး ဖန့်ချန် လက်ခံလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ သူက နောက်ထပ် ဆင်ခြင်ပေးဦးမယ်လို့ စဉ်းစားထားတာ။

​သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

​“အဲဒီလိုဆိုရင်တော့ အဆင်ပြေတာပေါ့။”

​ထို့နောက် သူ လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်။

​ကျန်းထန်းဝမ်ခန်းမ ထဲမှ ပုံရိပ် လေးခု ထွက်ပေါ်လာသည်။

​နှစ်ယောက်ကတော့ ဖန့်ချန်၏ ရန်သူဟောင်းတွေ ဖြစ်သည်။

​စီကုရှန်း နှင့် ရှန်ကျီကျန်း။

​ကျန်တဲ့ နှစ်ယောက်ကိုတော့ ဖန့်ချန် မမှတ်မိပါ၊ သူတို့က လင်နယဲ့ အလယ်အဆင့်ရှိသူများ ဖြစ်လိမ့်မည်။

​တကယ်တော့ ကျန်းထန်းဝမ်ခန်းမမှာ လင်နယဲ့ အဆင့်မြင့်တွေ အများကြီး ရှိပါသေးတယ်။

​ဒါပေမဲ့ ရှန်ထင်ဖန်း ကို ဖန့်ချန် သတ်လိုက်တာကိုး။

​လင်နယဲ့ အစောပိုင်းအဆင့်တွေထဲမှာဆိုရင် ဖန်လီပန် တို့က အရည်အချင်းစစ်ဆေးမှု မရှိတော့သလို၊ ထိုက်ဟောင်ဟွမ်းယောင် တစ်ယောက်သာ လင်နယဲ့ အလယ်အဆင့် ရပြီး သူတို့အားလုံးက သူတော်စင်ဘိုးဘေး စီမံကိန်း ထဲကိုပဲ ဝင်သွားကြတာ။

​ကျန်ရှိတဲ့ လင်နယဲ့ အဆင့်မြင့်သူတွေက အသက်စွမ်းအင် အလယ်အဆင့်နဲ့ အထက်တွေ ဖြစ်နေကြတော့ ဒီပွဲမှာ မပါဝင်နိုင်ကြဘူး။

​“ဖန့်ချန်၊ အရင်တုန်းက ငါ့ကို အနိုင်ကျင့်ခဲ့တာ မှတ်မိလား၊ အခု ငါက အသက်စွမ်းအင် အစောပိုင်းအဆင့် ရောက်နေပြီ၊ မင်းရဲ့ နည်းလမ်းအတိုင်း ငါ ပြန်ပေးမယ်။”

​စီကုရှန်း က ပြုံး၍ ပြောသည်။

​“စကားများမနေနဲ့၊ စတိုက်မယ်။”

​ရှန်ကျီကျန်း စကားဆုံးသည်နှင့် ချက်ချင်းပင် တိုက်ခိုက်လိုက်သည်။

​စီကုရှန်း နှင့် ကျန်နှစ်ယောက်လည်း ဖန့်ချန်ကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။

​သူတို့ တိုက်ခိုက်လိုက်သည်နှင့် ယနေ့ရှိနေသည့် အသက်စွမ်းအင် အစောပိုင်းအဆင့် ကျောင်းသားများ၏ မျက်နှာမှာ အလွန်လေးနက်သွားသည်။

​ထိုလေးယောက်၏ အရှိန်အဝါမှာ အလွန် ပြင်းထန်သည်။

​ကျင့်စဉ် မလေ့ကျင့်ရသေးသော အသက်စွမ်းအင် အစောပိုင်းအဆင့် ကျောင်းသားများက သူတို့နှင့် မိမိတို့ကြားတွင် ကွာခြားချက်မှာ ကြီးမားသော ချောက်ကမ်းပါးကြီး တစ်ခုလို ဖြစ်နေသည်ကို ခံစားလိုက်ရသည်။

​ကျင့်စဉ် လေ့ကျင့်ထားသော ချင်ချူ ၊ ဖန်ရုကန် တို့လို အသက်စွမ်းအင် အစောပိုင်းအဆင့် ကျောင်းသားများကလည်း ထိုလေးယောက်သည် ဒီလမ်းကြောင်းပေါ်တွင် အဝေးကြီး ရောက်နေပြီး သူတို့ကို နောက်ကွယ်တွင် ထားခဲ့မှန်း သိလိုက်ကြသည်။

​ရုတ်တရက်၊ လူတိုင်း၏ မျက်စိရှေ့တွင် လျှပ်စီးတန်းများဖြင့် လွှမ်းခြုံသွားသလို ဖြစ်သွားသည်။

​ဖန့်ချန်သည် နတ်ရိုက်နှင်တံကို ဝှေ့ယမ်းလိုက်ရာ တစ်ချက်ချင်းစီတွင် လေးယောက်လုံးမှာ အငွေ့ပျံသွားသကဲ့သို့ ပျောက်ကွယ်သွားကြသည်။

​သူတို့ကို တကယ်တမ်း တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မပေးလိုက်ရပေ။

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖန်ရွှေက ဆွေ့ဟွမ်ရွှီး တို့၏ ခြေရင်းကို အံ့ဩစွာ လက်ညှိုးထိုးပြလိုက်သည်။

​“ဟင်၊ မင်းတို့ ခြေရင်းက မြေကြီးက ဘာလို့ ဒီလောက် သန့်ရှင်းနေရတာလဲ ”

​“အော်၊ မင်းတို့ရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းသွားလို့ ဖြစ်မယ်လေ။ ဟီးဟီး”

All Chapters