← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း (၃၁) ဆေးရုံမှ ဆင်းခြင်း

"မိန်းမရေ... သောက်လိုက်ဦးလေ... အမေလုပ်ပေးတဲ့ စွပ်ပြုတ်က တကယ် ကို အရသာရှိတာ..."

ဒုတိယအစ်ကိုဖြစ်သူက သူ၏ဇနီးအား တိုက်တွန်းပြောကြားရင်း နောက်ထပ် စွပ်ပြုတ်တစ်ပန်းကန်ကို ခပ်ယူကာ သူ၏ညီမဖြစ်သူထံသို့ ကမ်းပေးလိုက်ပြ န်လေသည်...

"ညီမလေး... လာပါဦး... အခုက ကိုယ်ဝန်နဲ့ဆိုတော့ အားရှိအောင် သေချာ ဂရု စိုက်ပြီး စားသောက် ရမယ်လေ..."

"ဒုတိယအစ်ကို... ဒါက အစ်ကိုနဲ့ မရီး အားရှိအောင်လို့ သီးသန့်လုပ်ပေးထား တာပါ..."

ထျန်ရှောင်ယာသည် သူမ၏ ဒုတိယအစ်ကိုဖြစ်သူ၏ ဂရုစိုက်မှုကို ခံစား လိုက်ရသဖြင့် နှာခေါင်းရှုံ့ကာ မျက်ဝန်းအစုံမှာလည်း ချက်ချင်းပင် နီရဲလာခဲ့ လေတော့သည်။

ထျန်ချင်းလင်းက သူ၏ရင်ဘတ်ကို ပုတ်ပြလိုက်ရင်း...၊

"မင်း အစ်ကိုက ကျန်းမာရေး အကောင်းကြီးပါ... မင်းတို့ အရင်သောက်ကြ ပါ... မင်းတို့သောက်ပြီးမှ ငါသောက်မယ်..."

သူမ၏ သားသမီးများ၏ အပြုအမူကို ကြည့်ရှုရင်း အမေထျန်ဖြစ်သူ လီ ဟုန်မေမှာ စိတ်နှလုံးအတွင်း နွေးထွေးမှုကို ခံစားလိုက်ရလေသည်...။

"ကဲ... အားလုံး သောက်ကြနော်... အမေ အများကြီး လုပ်ထားတယ်..."

"ဒေါက် ဒေါက်—"

တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့ရာ စွပ်ပြုတ်ပန်းကန်များကို ကိုင်ထား ကြသော လူတစ်စုမှာ အသံလာရာသို့ မော့ကြည့်လိုက်ကြလေသည်။ အဖြူ ရောင် ဂျူတီကုတ်ဝတ်ထားသော ဆရာဝန်နှင့် အစ်ကိုအကြီးဆုံးဖြစ်သူတို့က လိုက်ကာကို မကာ အထဲသို့ လျှောက်လှမ်းဝင်ရောက်လာကြသည်ကို မြင်တွေ့ လိုက်ကြရလေသည်။

"အမေ... ဆရာဝန်က ဒုတိယအစ်ကို့ကို စစ်ဆေးပေးဖို့ ရောက်လာပြီ..."

အစ်ကိုအကြီးဆုံးဖြစ်သူ ထျန်ချင်းမုက အလျင်စလို ပြောလိုက်လေ၏။

"ရဲဘော် ထျန်ချင်းလင်း..."

ဆရာဝန်က နူးညံ့သော အပြုံးဖြင့် မေးလိုက်လေသည်...။

"ဒီနေ့ ဘယ်လိုနေသေးလဲ... မင်းရဲ့ခြေထောက်က အခု ဘယ်လိုခံစားရလဲ..."

ထျန်ချင်းလင်းက သူ၏ညာဘက်ခြေထောက်ကို မသိမသာ လှုပ်ရှားကြည့် လိုက်ရာ သူ၏မျက်နှာထက်တွင် ရွှင်ပျသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့ လေသည်...။

"ဆရာ... ကျွန်တော် ဒီမနက် အဲဒါကို မကြည့်သေးတယ်... အရင်ကလောက် မလေးတော့ဘူး... ခါးကလည်း အများကြီး သက်သာလာပြီ... ကျွန်တော် အခု လေးတင်ပဲ ဆေးရုံကနေ စောစောဆင်းနိုင်အောင်လို့ အားရှိတဲ့ စွပ်ပြုတ် နှစ် ပန်းကန်လောက် သောက်ချင်တယ်လို့ ပြောနေတာ..."

ထိုသို့ ပြောဆိုနေစဉ်မှာပင် သူသည် ခြေထောက်ကို အင်အားသုံး၍ ပိုမိုမြင့် အောင် မရန် ကြိုးစားလိုက်သော်လည်း သူ၏မိခင်က အမြန်ပင် လက်လှမ်း၍ ဖိထားလိုက်လေသည်...။

"ဖြည်းဖြည်း... ဖြည်းဖြည်းလုပ်ပါ... အလောမကြီးနဲ့ဦး... မင်းက အခုမှ သက် သာကာစပဲ ရှိသေးတာ... ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့နော်..."

ထို့နောက် သူမက ကျေးဇူးတင်ရှိလှသော အသံဖြင့် ဆရာဝန်အား လှည့်၍ ပြောလိုက်လေ၏...။

"ဆရာဝန်... ဒါတွေအားလုံးက ဆရာဝန်ကြောင့်ပါပဲ... ချင်းလင်းက ရက်အ နည်းငယ်အတွင်းမှာပဲ အများကြီး တိုးတက်ကောင်းမွန်လာပြီ... တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်..."

"အားနာစရာကြီးဗျာ... ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ တာဝန်ကို ထမ်း ဆောင်ရုံပါ... ပြီးတော့ ရဲဘော် ကျိုးချန်ယဲ့က ပိုးသတ်ဆေးတွေကို အချိန်မီ

ယူဆောင်လာပေးနိုင်ခဲ့လို့လည်း ပါတာပေါ့..."

အခန်းထဲရှိ အခြားသူများအားလုံးကလည်း ကျေးဇူးတင်ရှိလှသော မျက်ဝန်း များဖြင့် ကျိုးချန်ယဲ့အား လှည့်ကြည့်လိုက်ကြလေသည်။

ထိုအရာကို ကြားလိုက်ရသောအခါ အမေထျန်မှာ မျက်ရည်များ ဝဲလာခဲ့ တော့သည်။ သူမသည် ကျိုးချန်ယဲ့၏ လက်မောင်းကို အမြန်ဆွဲယူကာ သူ၏ လက်ဖမိုးကို ပုတ်ပေးရင်း တိုးညှင်းစွာ ရေရွတ်လိုက်လေသည်...။

"လိမ္မာလိုက်တဲ့ ကလေးလေး... တကယ်ကို လိမ္မာတဲ့ကလေးပဲ..."

"အမေ... ကျွန်တော်တို့က မိသားစုဝင်တွေပဲဥစ္စာ... အဲဒီလောက်အထိ အားနာစရာ မလိုပါဘူး..."

ကျိုးချန်ယဲ့က စိတ်အေးစေမည့် အပြုံးဖြင့် ပြန်လည်ပြောကြားလိုက်လေ၏။

ဆရာဝန်သည် ခုတင်ဘေးသို့ လျှောက်သွားကာ ထျန်ချင်းလင်း၏ ညာဘက် ခြေထောက်ရှိ နေရာအချို့ကို ညင်သာစွာ ဖိကြည့်လိုက်ပြီး မေးမြန်းလိုက် လေသည်...။

"ဒီနေရာက နာသလား... ကျွန်တော့်လက်ကို အားစိုက်ပြီးဖိကြည့်မယ်နော်... ကြွက်သားတွေရဲ့ အင်အား ပြန်လည်ကောင်းမွန်လာတာကို ကျွန်တော်စစ် ဆေးကြည့်မယ်..."

ထျန်ချင်းလင်းက ညွှန်ကြားသည့်အတိုင်း ပြုလုပ်လိုက်ရာ သူ၏လက်ဖြင့် အားစိုက်ဖိလိုက်ချိန်တွင် သူ၏နဖူးပြင်၌ ချွေးစက်အချို့ ထွက်ပေါ်လာ ခဲ့ လေတော့သည်။

သို့သော် သူက ပြုံးလျက်ပင် ပြောလိုက်လေသည်...။

"သိပ်မနာတော့ပါဘူး... ဒါပေမဲ့ အားစိုက်လိုက်ရင်တော့ မိုင်ပေါင်းများစွာ ပြေးထားရသလိုမျိုး နည်းနည်း နာကျင်ကိုက်ခဲနေတုန်းပဲ... အရင် နှစ်ရက် ကထက်စာရင်တော့ အများကြီး သက်သာသွားပါပြီ... အရင်ကဆို ဒီနေရာကို ဖိလိုက်ရင် သေလုမတတ် နာနေတာ..."

"ဒါက ပုံမှန်ပါပဲ..."

ဆရာဝန်က ခေါင်းညိတ်လိုက်လေ၏...။

"ပြန်လည်ကောင်းမွန်လာမှုက မျှော်လင့်ထားတာထက် ပိုကောင်းနေပါတယ်... ကြွက်သားအင်အား တိုးတက်လာတာက သိသိသာသာကို မြင်သာနေတယ်... ဒါက အာရုံကြောအပေါ် ဖိအားသက်ရောက်မှုတွေက တဖြည်းဖြည်း လျော့ နည်းသွားပြီဆိုတဲ့ သဘောပဲ... နောက်ဆိုရင် လှုပ်ရှားမှုတွေကို တဖြည်းဖြည်း တိုးမြှင့်လုပ်ဆောင်သွားလို့ရပါပြီ... ခဏနေရင် သူနာပြုကို လွှတ်ပြီး ပြန်လည် သန်စွမ်းရေး လေ့ကျင့်ခန်းအချို့ကို လာသင်ပေးခိုင်းလိုက်မယ်နော်... နေ့စဉ် မှန်မှန်လုပ်ပေးရင် ပိုပြီး မြန်မြန်သက်သာလာပါလိမ့်မယ်..."

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."

ထျန်ချင်းလင်းက သူ၏မျက်ဝန်းများ တောက်ပလျက်ပင် လွယ်ကူစွာ သဘော တူလိုက်လေသည်...။

"မြန်မြန်သက်သာမယ်ဆိုရင်တော့ လေ့ကျင့်ခန်း အနည်းငယ်တင်မကဘူး... အကြိမ်ပေါင်းများစွာတောင် ဆက်တိုက် လုပ်နိုင်ပါတယ်..."

"ဆရာဝန်... ကျွန်တော် ဘယ်တော့ ဆေးရုံဆင်းလို့ ရမလဲ..."

ဆရာဝန်က ပြုံးလိုက်ပြီး ရှင်းပြလိုက်လေသည်...။

"စိတ်မပူပါနဲ့... နောက်ထပ် ရက်နည်းနည်းလောက် ထပ်ပြီး စောင့်ကြည့်ရဦး မယ်... အခြား ကြီးကြီးမားမား ပြဿနာ မရှိဘူးဆိုရင်တော့ ဆေးရုံက ဆင်းလို့ ရပါပြီ..."

ခေတ္တမျှ စဉ်းစားပြီးနောက် သူက ဆက်ပြောလိုက်လေသည်...။

"ပြန်လည်ကောင်းမွန်လာဖို့ အထောက်အကူပြုမယ့် ဆေးအချို့ကိုလည်း ကျွန်တော် ထပ်ပြီး ညွှန်ပေးပါ့မယ်... သူနာပြုက ခဏနေရင် ယူလာပေးပါလိမ့် မယ်... အချိန်မှန်မှန် သောက်ဖို့ မမေ့ပါနဲ့ဦး..."

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဆရာ... ကူညီပေးတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်ရှင်..."

မရီးဖြစ်သူ ကျောက်ရှောက်ထင်နှင့် မိခင်ဖြစ်သူတို့က တစ်ပြိုင်နက်တည်း ပြောလိုက်ကြလေသည်။

ဆရာဝန်က သူ၏လက်ကို ယမ်းပြကာ အခြားသော ညွှန်ကြားချက်အချို့ကို မှာကြား ပြီးနောက် တံခါးကို အသာအယာပိတ်၍ ထွက်ခွာသွားခဲ့လေတော့ သည်။

လူနာဆောင်အတွင်းရှိ အခြေအနေမှာ ယခင်ထက်ပင် ပိုမိုသက်ဝင်လှုပ်ရှား လာခဲ့လေ၏။

အမေထျန်က စွပ်ပြုတ်များ ထည့်ပေးရန် ထလိုက်ချိန်တွင် ထျန်ချင်းလင်းမှာမူ ခုတင်ခေါင်းရင်းကို မှီထားလျက် သူ၏ညာဘက်ခြေထောက်ကို မျှော်လင့် ချက်အပြည့်ဖြင့် ကြည့်နေခဲ့လေသည်။

သူနာပြု ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြန်လည်သန်စွမ်းရေး လေ့ကျင့် ခန်းများကို သေချာပေါက် ကျွမ်းကျင်အောင် လေ့ကျင့်မည်ဟု သူ တွေးတော နေခဲ့မိလေသည်...။

သို့မှသာ သူသည် အမြန်ဆုံး မတ်တတ်ရပ်နိုင်ကာ အိမ်သို့ပြန်ပြီး သူ၏ တက် ကြွရွှင်လန်းသော ဘဝဟောင်းဆီသို့ ပြန်လည်ရောက်ရှိနိုင်မည် မဟုတ်ပါ လော။

အရုဏ်တက်ချိန်သို့ ရောက်ရှိလာသောအခါ ဒုတိယမရီးဖြစ်သူ ကျောက် ရှောက်ထင်သည် အရာအားလုံးကို ထုပ်ပိုးသိမ်းဆည်းပြီး ဖြစ်လေ၏။

ထျန်ချင်းလင်းမှာလည်း သူ၏ချိုင်းထောက်ကို အသုံးပြု၍ လူနာဆောင် အတွင်း ဖြည်းညင်းစွာ လမ်းလျှောက်နေပြီး လူနာဆောင်တံခါးဝသို့ မကြာ ခဏ လှမ်းကြည့်လျက်ရှိနေခဲ့လေသည်။

"ဒုတိယအစ်ကို... ကျွန်တော်တို့ အစ်ကို့ကို ဆေးရုံကနေ လာကြိုတာ..."

အစ်ကိုအကြီးဆုံး၏ အသံမှာ အပြင်ဘက်မှ လွင့်ပျံလာခဲ့လေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အစ်ကိုအကြီးဆုံးနှင့် ကျိုးချန်ယဲ့တို့သည် မျက်နှာတွင် အပြုံးများဖြင့် လူနာဆောင်ထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။

ထျန်ချင်းလင်းက ပြုံးလိုက်ပြီး သူ၏ပေါင်ကို ပုတ်ပြလိုက်လေသည်...။

"အေးအေး... အခု အိမ်ပြန်ကြစို့..."

ကျိုးချန်ယဲ့က သူ၏အနီးသို့ အမြန်လျှောက်သွားကာ သူ့အား ကူညီထူမပေး လိုက်ပြီး ကွန်မြူနစ် ကျန်းမာရေးဆေးခန်း၏ အဝင်ဝဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့ကြလေသည်။

သူသည် အစ်ကိုဖြစ်သူအား နွားလှည်းပေါ်သို့ ဂရုတစိုက် ကူညီတင်ပေးလိုက် ပြီးနောက် မရီးဖြစ်သူထံမှ အထုပ်အပိုးများကို ယူဆောင်ကာ လှည်းပေါ်သို့ တင်လိုက်လေသည်။

"မရီး... လှည်းပေါ်တက်ပြီး အစ်ကို့ဘေးမှာ ထိုင်လိုက်နော်... ကျွန်တော်တို့ အိမ်ပြန်ကြစို့..."

ကျိုးချန်ယဲ့က ဒုတိယမရီးဖြစ်သူအား အပြုံးဖြင့် ပြောလိုက်လေ၏။

"အင်း..."

ကျောက်ရှောက်ထင်က ပျော်ရွှင်စွာဖြင့် ပြန်လည်ထူးလိုက်လေသည်။

အစ်ကိုအကြီးဆုံးဖြစ်သူက နွားလှည်းကို ရွာဆီသို့ တည်ငြိမ်စွာ မောင်းနှင်သွား ခဲ့လေသည်။

ရွာအဝင်ရှိ ပိုးစာပင်အိုကြီးကို ဖြတ်ကျော်သွားချိန်တွင် အလုပ်သွားနေ ကြသော ရွာသားများက သူ့အား မြင်တွေ့သွားကြပြီး ပြုံးရွှင်စွာဖြင့် နှုတ် ဆက်ခဲ့ကြလေသည်...။

"ချင်းလင်း... ဆေးရုံက ဆင်းလာပြီလား... ကြည့်ရတာ စိတ်ရောကိုယ်ပါ အားရှိနေတဲ့ပုံပဲကွာ..."

"မင်း ပြန်လာနိုင်တာ ဝမ်းသာစရာပဲ... အဖွဲ့ထဲက အလုပ်တွေကို တော့ စိတ်ပူ မနေနဲ့... အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လိုက်ဦး..."

နွားလှည်းပေါ်တွင် ထိုင်နေသော ထျန်ချင်းလင်းသည် ပြုံးရွှင်စွာဖြင့် အရာ အားလုံးကို သဘောတူလက်ခံလိုက်ပြီး စိတ်နှလုံးအတွင်း နွေးထွေးမှုကို ခံစားလိုက်ရလေသည်။

အိမ်သို့ ရောက်ရှိသောအခါ မရီးဖြစ်သူမှာ အပူပေးအုတ်ကုတင်ကို နွေးထွေး နေအောင် ပြင်ဆင်ထားပြီး ဖြစ်လေ၏။

စားပွဲပေါ်တွင်လည်း လတ်လတ်ဆတ်ဆတ် ပေါင်းထားသော ပေါင်မုန့်ဖြူများ၊ ငါးအချိုချက်၊ ဝက်နံရိုးနှင့် ကျောက်ဖရုံသီးစွပ်ပြုတ်၊ ကြက်သွန်မြိတ်နှင့် ကြက်ဥကြော်နှင့် အိမ်လုပ် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များ ရှိနေခဲ့လေသည်။

ဟင်းပွဲအရေအတွက်မှာ အလွန်အမင်း များပြားခြင်း မရှိသော်လည်း ပမာဏ မှာမူ အလွန်ပင် များပြားလှပေသည်။

သူသည် စားပွဲတွင် ထိုင်နိုင်ရန် အကူအညီ ရယူလိုက်ပြီးနောက် အခန်း အတွင်းရှိ ရင်းနှီးနေသော မြင်ကွင်းကို ကြည့်ရှုကာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်လေသည်။

သူသည် သက်ပြင်းချရင်း ပြောလိုက်လေသည်...။

"အိမ်မှာနေရတာ တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ... ခဏလောက် ထပ်ပြီး နားလိုက်ပြီးရင် ငါ အလုပ်ပြန်လုပ်နိုင်တော့မှာပါ..."

ကျိုးချန်ယဲ့က သူ့အတွက် နွေးထွေးသော ရေတစ်ခွက်ကို ငှဲ့ပေးလိုက်ပြီး မျက် ခုံးပင့်ကာ ပြောလိုက်လေ၏...။

"အရင်ဆုံး ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေကို အရင်ဆုံး အားစိုက်ပြီး လုပ်လိုက်ပါဦး... မဟုတ်ရင် ဆရာဝန်က အစ်ကို့ကို ထပ်ပြီး ဆူနေပါဦးမယ်..."

အမေထျန်က ပြုံးလိုက်ပြီး သူ၏လက်ဖမိုးကို ပုတ်ပေးလိုက်လေသည်...။

"ကျိုးချန်ယဲ့ ပြောတာကို နားထောင်ပါ... နောက်ထပ် ရက်နည်းနည်း လောက်က ဘာမှ မဖြစ်သွားပါဘူး..."

"အမေက ဒီနေ့ မင်းအတွက် ဝက်နံရိုးတွေ လုပ်ပေးဖို့ မရီးကို ပြောထားတယ် ... ဒါမှ မင်း အားရှိမှာပေါ့..."

"ကဲ... စားကြရအောင်... စားသောက်ပြီးရင် နားရမယ့်သူတွေက နား... အလုပ် သွားရမယ့်သူတွေက သွားကြပေါ့..."

ထိုသို့ပြောပြီးနောက် အ​ထျန်၏ဖခင် ထျန်တာဟိုင်က စံနမူနာပြအဖြစ် အရင် ဆုံး တူကို ကိုင်ကာ စတင်စားသောက်လိုက်ရာ အခြားသူများကလည်း အလျင်အစလိုပင် လိုက်လံစားသောက်ကြလေတော့သည်။

မကြာမီမှာပင် အိမ်အတွင်း၌ ရယ်မောသံများ ပြန်လည်ထွက်ပေါ်လာခဲ့လေ တော့သည်။ ပြတင်းပေါက် အပြင်ဘက်ရှိ နေမင်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ခြံဝင်းအတွင်းရှိ အဝတ်လှန်းတန်းကို လင်းထိန်စေလျက် နေ့စဉ်ဘဝ၏ သာမန်ဆန်သော်လည်း အနှစ်သာရရှိလှသော ခံစားမှုကို လေထု အတွင်း ပျံ့နှံ့စေခဲ့လေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကျော် အချိန်ကာလမှာ ကုန်ဆုံးသွားခဲ့ လေ၏။

ထိုနေ့တွင် ကျိုးချန်ယဲ့သည် သူ၏စက်ဘီးကို မညီမညာဖြစ်နေသော လမ်းပေါ် တွင် အရှိန်ဖြင့် နင်းလာခဲ့ရာ လမ်း၏ ခုန်ပေါက်နေမှုများမှာ သူ၏ စိတ်အား ထက်သန်မှုကို ဟန့်တားနိုင်ခဲ့ခြင်းမရှိခဲ့ချေ။

သူသည် လက်တစ်ဖက်ကို မြှောက်ကာ ရထားလက်မှတ်များ ထည့်ထားသော ဂုန်နီအိတ်ကို စမ်းကြည့်လိုက်ပြီး ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်လေသည်။

*ကျောင်းကနေပြန်လာတာနဲ့ အိမ်မှာ ငါ့ကို စောင့်နေမယ့် ဇနီးသည်တစ် ယောက် ရှိလာတော့မယ်... ပြီးတော့ လူပျိုကြီးတွေနဲ့ အဆောင်မှာ ပြွတ်သိပ် ပြီး မနေရတော့ဘူးလို့ တွေးလိုက်ရုံနဲ့တင် ငါ တကယ်ကို ပျော်နေမိပြီ...*

ရွာနှင့် မီတာအနည်းငယ်အကွာသို့ ရောက်ရှိသောအခါ ကျိုးချန်ယဲ့သည် သူ၏ စက်ဘီးကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို သေချာစေ ရန် ဘယ်ညာ သေချာစွာ ကြည့်ရှုလိုက်လေသည်။

ထို့နောက် သူသည် သူ၏ စနစ်နေရာလွတ်အတွင်းမှ ယုန်ဖြူနို့သကြားလုံး တစ်ထုပ်၊ သစ်သီးစည်သွပ်ဗူး နှစ်ဗူးနှင့် အဆီပါသော ဝက်သား နှစ်ကျင်းကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

ထို့နောက်တွင် ကျောက်ဖယောင်းသကြားဖြင့် ချက်ထားသော ဝက်လက်ဟင်း တစ်ပွဲနှင့် ဝက်သား အချိုအချဉ်ကြော် တစ်ပွဲကိုလည်း ထုတ်ယူကာ အလူမီနီ ယမ် ထမင်းချိုင့်ထဲသို့ ထည့်လိုက်လေသည်။

သူ၏ ဇနီးသည်အတွက်လည်း လေးလက်မအရွယ် ခရင်မ်ကိတ်မုန့် နှစ်ခုကို လည်း ယူဆောင်လာခဲ့လေသည်။

ပြင်ဆင်ထားသမျှ အရာအားလုံးကို အဝတ်အိတ်တစ်ခုအတွင်းသို့ ထည့်လိုက် ပြီး စက်ဘီးလက်ကိုင်တွင် ချိတ်ဆွဲကာ အိမ်သို့ ဆက်လက် စီးနင်းလာခဲ့လေ သည်။

"ရှောင်ယာ... မင်းရဲ့ အထုပ်အပိုးတွေ ပြင်ပြီးပြီလား..."

ကျိုးချန်ယဲ့က စက်ဘီးကို ရပ်လိုက်ရင်း သူ၏ဇနီးအား လှမ်းခေါ်လိုက်လေ သည်။

"ဦးလေး... ဦးလေး... ပြန်လာပြီလား..."

ကလေးအချို့က သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာကြလေသည်။

"ဟေး... တာ့ဝါ... မင်းရဲ့ ညီလေး ညီမလေးတွေကို အိမ်မကြီးထဲကို ခေါ်သွား လိုက်... ဦးလေးက သူတို့အတွက် သစ်သီးစည်သွပ်ဗူး ဖွင့်ပေးမလို့..."

တစ်ယောက်တစ်မျိုးစီ "ဦးလေး" ဟု ခေါ်ဆိုနေကြသဖြင့် ကျိုးချန်ယဲ့မှာ ခေါင်းပင် လည်သွားခဲ့ရလေသည်။ သူသည် ပျော်ရွှင်စွာဖြင့် ယုန်ဖြူနို့သကြား လုံး တစ်ဆုပ်ကို ထုတ်ယူကာ ကလေးတိုင်းကို ခွဲဝေပေးလိုက်လေ၏။

"ကျေးဇူးတင်ပါတယ် ဦးလေး..."

ကလေးများက တစ်ပြိုင်နက်တည်း ပြောဆိုပြီးနောက် အိမ်မကြီးအတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားကြကာ ကုလားထိုင်များပေါ်တွင် လိမ္မာစွာ ထိုင်နေ ကြပြီး ကျိုးချန်ယဲ့အား မျှော်လင့်ချက်အပြည့်ဖြင့် မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း ကြည့်နေခဲ့ကြလေသည်။

ကျိုးချန်ယဲ့သည် ထိုမြင်ကွင်းကြောင့် သဘောကျသွားပြီး ထိုတောက်ပသော မျက်ဝန်းလေးများကို ကြည့်ကာ သူ၏ရင်ဘတ်အတွင်း နွေးထွေးသော ခံစားမှု တစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

ထို့နောက် သူသည် မီးဖိုချောင်သို့ ပျော်ရွှင်စွာ သွားရောက်ကာ ပန်းကန်များကို ယူဆောင်ပြီး ကလေးများကို စည်သွပ်ဗူးသစ်သီးများ ခွဲဝေပေးလိုက်လေ တော့သည်။

အိမ်အတွင်း၌မူ အမေထျန်နှင့် မရီးဖြစ်သူ အချို့မှာ ထျန်ရှောင်ယာအား အထုပ်အပိုးများ ပြင်ဆင်ရာတွင် ကူညီပေးနေကြလေသည်။

ခြံဝင်းအတွင်းမှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရသဖြင့် ဒုတိယ မရီးဖြစ်သူက ပြုံးလျက် ပြောလိုက်လေသည်...။

"ဒီကလေးတွေကတော့ သူတို့ရဲ့ ဦးလေးကို အချစ်ဆုံးပဲတော့်..."

အစ်ကိုအကြီးဆုံး၏ ဇနီးကလည်း ပြုံးလျက် နောက်ပြောင်လိုက်လေသည်...။

"ရှောင်ယာ... သူ့ဦးလေးက ကလေးတွေကို ဒီလောက်တောင် ချစ်နေတာဆို တော့... နောင်ကျရင် မင်းကပဲ သူ့အတွက် ကလေးအများကြီး မွေးပေးရတော့ မှာပေါ့..."

"မရီးကလည်း..."

ထျန်ရှောင်ယာမှာ အပြာရောင် အစက္ကူဖြင့် ဖာထေးထားသော အပေါ်အင်္ကျီ ကို ခေါက်နေစဉ် မရီးဖြစ်သူ၏ စကားကို ကြားလိုက်ရသဖြင့် ရှက်ကိုးရှက် ကန်း ဖြစ်သွားကာ သူမ၏ လက်နှင့် ခြေထောက်များကို မည်သည့်နေရာ၌ ထားရမှန်းပင် မသိတော့ချေ။

"ကဲပါ... ကဲပါ... သူ့ကို နောက်မနေကြနဲ့တော့... အချိန်လည်း နောက်ကျနေပြီ ဆိုတော့ မြန်မြန်ပြင်ဆင်ကြရအောင်... ညစာချက်ဖို့ အချိန်တောင် ရောက် တော့မယ်..."

အမေထျန် လီဟုန်မေက အခြေအနေကို အမြန်ပင် ထိန်းသိမ်းလိုက်ပြီး ထျန် ရှောင်ယာအား ကယ်တင်ပေးလိုက်လေတော့သသည်။

All Chapters