← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) ရထားပေါ်မှ ဆုံတွေ့မှု

"မင်းတို့အားလုံး အဲ့ဒီမှာ ဘာရပ်လုပ်နေကြတာလဲ... စားကြလေ..."

ထျန်အမေ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ဒုတိယအစ်ကိုသည် ခုံ ရှည်တစ်လုံးကို အမြန်ရွှေ့လာခဲ့လေသည်။

သူသည် ဒုတိယမရီး သက်တောင့်သက်သာ ထိုင်နိုင်ရန် နေရာအရင် ချပေးပြီး နောက် သူမ၏ဘေးတွင် ဝင်ထိုင်လိုက်ကာ တူဖြင့် အသားတစ်ဖတ်ကို သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ရင်း ပြောလိုက်လေသည်...။

"မိန်းမ... များများစားနော်..."

ဒုတိယမရီးမှာ မျက်နှာအနည်းငယ် ရဲတက်သွားပြီး သူ၏လက်ဖမိုးကို ညင် သာစွာ ပုတ်လိုက်လေသည်...။

"ဟုတ်ပါပြီ... ရှင်လည်း စားလေ..."

ကျိုးချန်ယဲ့နှင့် ထျန်ရှောင်ယာတို့သည် မျက်နှာချင်းဆိုင်တွင် ထိုင်နေကြပြီး ၎င်းတို့၏ ဒုတိယအစ်ကိုနှင့် မရီးတို့၏ ချစ်ခင်ကြင်နာမှုများကို ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လျက် ပြုံးလိုက်မိကြပေသည်။

ထျန်အော်မိုရီသည် သူ၏ဒုတိယအစ်ကိုအား မနှစ်မြို့ဟန်ဖြင့် လှမ်းကြည့် လိုက်ပြီး နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သော်လည်း သူ၏လက်များကမူ ရပ်တန့်မနေခဲ့ချေ။

သူသည် လှည့်၍ တောက်ပနေသော ဝက်သားပြားတစ်ဖတ်ကို သူ၏ဇနီးဖြစ် သူ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

တတိယမရီး ဝမ်ကျင်းရိသည် ငုံ့ကြည့်လိုက်ရာ သူမ၏ပန်းကန်ထဲရှိ အသား များကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့လေသည်။

ထို့နောက် သူမသည် ခင်ပွန်းဖြစ်သူကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်း များ၌ အပြုံးရိပ်လေးတစ်ခု ယှက်သန်းသွားခဲ့ပြီး နှုတ်ခမ်းထောင့်များမှာလည်း အလိုအလျောက် အနည်းငယ် ကော့တက်သွားခဲ့လေသည်။ သူမသည် မည် သည့်စကားမျှ မဆိုဘဲ တိတ်ဆိတ်စွာဖြင့် အသားတစ်ဖတ်ကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေတော့သည်။

အခြားတစ်ဖက်ရှိ အမျိုးသမီးဖြစ်သူမှာမူ သူမအား ဟင်းခပ်ထည့်ပေးရန် နေ နေသာသာ ထမင်းပန်းကန်ထဲ ခေါင်းငုံ့ကာ စားသောက်နေသော သူမ၏ ခင်ပွန်းကို ကြည့်နေခဲ့ပေသည်။

သူမမှာ ချက်ချင်းပင် ဒေါသထွက်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ ဖိနပ်ကို ခပ်ပြင်း ပြင်း ခိုး၍ နင်းချလိုက်လေတော့သည်။

"အာ့... မိန်းမ... ကိုယ့်ခြေထောက်ကို ဘာလို့ နင်းတာလဲ..."

အစ်ကိုအကြီးဆုံးသည် သူ၏ဇနီးဖြစ်သူအား မတရားခံရသည့် မျက်နှာထား ဖြင့် ကြည့်လိုက်လေသည်။

မရီးဖြစ်သူက သူမ၏ခင်ပွန်းအား မျက်စောင်းထိုးလိုက်သော်လည်း အခြား သူများ၏ လှောင်ပြောင်မှုကို ခံရမည်ကို စိုးရိမ်သဖြင့် အသံကိုနှိမ့်ကာ ကူ ကယ်ရာမဲ့ဟန် အနည်းငယ်ဖြင့် ပြောလိုက်လေသည်...။

"ဘာမှမဖြစ်ဘူး... ရှင့်ထမင်းသာ ရှင်စားစမ်းပါ..."

ထျန်အမေသည် ဤမြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသောကြောင့် သူမ၏ သားအကြီးဆုံးအား မကြည့်ဘဲ မနေနိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့် တီး တိုးရေရွတ်လိုက်လေသည်...။

"ဒီကောင်လေးက ငါမွေးထားတာ သေချာပေါက် မဟုတ်လောက်ဘူး..."

အစ်ကိုအကြီးဆုံးမှာ ဇနီးဖြစ်သူ၏ နင်းခြင်းကို ခံရရုံသာမက မိခင်ဖြစ်သူ၏ မျက်စောင်းထိုးခြင်းကိုပါ အကြောင်းမဲ့ ခံလိုက်ရသဖြင့် အလွန်တရာ မတရား ခံရသည်ဟု ခံစားလိုက်ရပေတော့သည်။

ခြံဝန်းအတွင်း၌ နေမင်းကြီးသည် အနောက်ဘက်သို့ ဖြည်းညင်းစွာ ယိမ်းယိုင် သွားခဲ့ပြီး လေပြေထဲတွင် အစားအသောက် ရနံ့များ လွင့်ပျံလာကာ လွန်ခဲ့ သော တစ်လတာ ချက်ပြုတ်ခဲ့သည့် နွေးထွေးမှုများနှင့် ပေါင်းစပ်သွားသော အခါ လူတို့၏ စိတ်နှလုံးထဲတွင် သက်တောင့်သက်သာနှင့် နွေးထွေးသော ခံစားမှုကို ဖြစ်ပေါ်စေခဲ့လေတော့သည်။

နောက်တစ်နေ့၌…..။

"အစ်ကို... အပြန်လမ်းကို ဂရုစိုက်သွားဦးနော်..."

ကျိုးချန်ယဲ့သည် လက်ကိုမြှောက်ကာ သူ၏အစ်ကိုအကြီးဆုံး၏ လက်မောင်း ကို ပုတ်လိုက်ပြီး ရိုးသားပွင့်လင်းသော လေသံဖြင့် ပြောလိုက်လေ၏။

"အေးပါ... ငါသိပါတယ်..."

အစ်ကိုအကြီးဆုံးက ပြန်လည်ဖြေကြားလိုက်ပြီးနောက် လှည့်ကာ သူတို့အား သတိပေးလိုက်လေသည်...။

"ရှောင်ယဲ့... ရှောင်ယာ... မင်းတို့ ပီကင်းကို ရောက်ရင် ဘေးကင်းကြောင်းသိ ရအောင် အိမ်ကို စာရေးဖို့ မမေ့ကြနဲ့နော်..."

ဘတ်စ်ကားဂိတ်မှာ ကွန်မြူနစ်ရှိ မြေနီလမ်း၏ အဆုံးတွင် တည်ရှိလေသည်။ အုတ်နှင့် အုပ်ကြွပ်များဖြင့် ဆောက်လုပ်ထားသော အိမ်အနည်းငယ်မှာ အလွန်ရိုးရှင်းလှပြီး လွင့်စင်လာသော ဖုန်မှုန့်များကြောင့် လူတို့ကို ချောင်းဆိုး စေခဲ့ပေသည်။

အစ်ကိုအကြီးဆုံးသည် ၎င်းတို့နှစ်ဦးအား တဲအောက်ရှိ စောင့်ဆိုင်းရသော နေရာသို့ လိုက်ပို့ပေးခဲ့ပြီး ခရိုင်မြို့သို့သွားမည့် ဘတ်စ်ကားပေါ်သို့ တက်သည် အထိ သတိထားရမည့် အချက်များကို ထပ်ခါတလဲလဲ သတိပေးနေခဲ့လေ၏။ ထိုအခါမှသာလျှင် သူသည် တွန့်ဆုတ်စွာဖြင့် လှည့်၍ ပြန်လျှောက်သွားခဲ့လေ တော့သည်။

ကျိုးချန်ယဲ့သည် ဖောင်းကားနေသော အထုပ်နှစ်ထုပ်ကို သယ်ဆောင်ထားပြီး သူ၏ဘေးရှိ ထျန်ရှောင်ယာအား တင်းကျပ်စွာ ကာကွယ်ပေးထားခဲ့လေသည်။

ဤအရာသည် သူ၏ ထပ်တလဲလဲ လျှော့ချခဲ့သော ရလဒ်ဖြစ်သည်ကို မည်သူ က ထင်မှတ်ထားမည်နည်း။

ယမန်နေ့ညက ထျန်အမေနှင့် အခြားသူများ ထုပ်ပိုးထားသော အထုပ်ကြီး ငါးထုပ်ကို မြင်လိုက်ရသောအခါ သူ လုံးဝကို မှင်တက်သွားခဲ့ရပေသည်။

ထိုအထဲတွင် အခြောက်လှန်းထားသော တောဟင်းရွက်များ၊ အသားခြောက် များ၊ ရှောင်ယာအတွက် ထူထဲသော ချည်သားအင်္ကျီနှင့် အလွှာများစွာပါသော အဝတ်ဖိနပ်များ ပြည့်ကျပ်နေအောင် ထည့်ထားခဲ့လေ၏။ အကယ်၍ သူသာ တားဆီးမထားခဲ့ပါက သူမ ပုံမှန်အသုံးပြုနေကျ အိပ်ယာခင်းများကိုပါ သယ် လာမိမည်မှာ သေချာလှပေသည်။

ဤခရီးစဉ်မှာ မည်မျှပင်ပန်းမည်ဖြစ်ကြောင်းနှင့် ပစ္စည်းများလွန်းပါက ရှောင်ယာအား ဂရုစိုက်ရန် ခက်ခဲမည်ဖြစ်ကြောင်းကို သူက လက်ချောင်းများ ဖြင့် ရေတွက်ကာ ရှင်းပြရင်း တောင်းပန်ခဲ့ရပြီး နောက်ဆုံးတွင် အရေအတွက် ကို နှစ်ထုပ်အထိ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်လေသည်။

လေးလံသော အထုပ်သည် ကျိုးချန်ယဲ့၏ လက်များပေါ်၌ ဖိစီးနေခဲ့ပေ၏။ ဤ အရာမှာ အထုပ်တစ်ထုပ် မဟုတ်ဘဲ မိသားစုတစ်ခု၏ ကြီးမားလှသော မေတ္တာတရားပင် ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေခဲ့လေတော့သည်။

ယိမ်းထိုးနေသော ကားလေးသည် နောက်ဆုံးတွင် ခရိုင်ရထားဘူတာရုံ ဟူသော ခရီးဆုံးသို့ ရောက်ရှိလာခဲ့လေတော့သည်။

ကျိုးချန်ယဲ့သည် သူ၏ဇနီးဖြစ်သူအား လူအုပ်ကြားထဲတွင် တိုးကြိတ်ရမည်ကို စိုးရိမ်သဖြင့် ဘတ်စ်ကားပေါ်ရှိ လူအားလုံးနီးပါး ဆင်းသွားသည်အထိ စိတ် ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့လေသည်။

သူသည် လက်တစ်ဖက်ဖြင့် အထုပ်ကို သယ်ဆောင်ထားပြီး ကျန်လက်တစ် ဖက် ဖြင့် သူမ၏ လက်မောင်းကို ခိုင်ခံ့စွာ တွဲကူပေးထားလျက် ကားပေါ်မှ ဖြည်းညင်းစွာ ဆင်းနိုင်ရန် ကူညီပေးခဲ့လေသည်။

စောင့်ဆိုင်းရသော ခန်းမထဲတွင် ဆူညံနေပြီး မီးခိုးငွေ့များနှင့် ချွေးနံ့များမှာ ခြောက်သွေ့သော အစားအစာများ၏ ရနံ့နှင့် ရောနှောနေခဲ့ပေသည်။

သစ်သားခုံရှည်များပေါ်တွင် အထုပ်အပိုးများနှင့် အိတ်များကို သယ်ဆောင် လာသော လူများဖြင့် ပြည့်နှက်နေလျက်ရှိနေလေသည်။

ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာ ထိုင်ရန်အတွက် ဘေးဘက်ရှိ လွတ်နေသော ခုံတစ်ခုံကို ရှာဖွေပေးပြီးနောက် သူသယ်ဆောင်လာသော စစ်သုံးရေဗူးကို ဖွင့်ကာ သူမ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်ပြီး ညင်သာစွာ ပြောလိုက်လေ သည်...။

"ရှောင်ယာ... လည်ချောင်းရှင်းသွားအောင် ရေနည်းနည်း သောက်လိုက်ဦး..."

ရေဗူးထဲရှိ ရေမှာ ထိုနေ့နံနက်က သူ၏ စနစ်နေရာလွတ်ထဲမှ လျှို့ဝှက်စွာ ယူဆောင်လာခဲ့ခြင်း ဖြစ်လေသည်။ ၎င်းမှာ အေးမြပြီး ချိုမြိန်ကာ မည်သည့် မှော်ဆေးလုံးနှင့်မျှ မယှဉ်သာသော်လည်း ကြမ်းတမ်းသော ခရီးစဉ်ကြောင့် ပင်ပန်းနွမ်းနယ်မှုများကို တိတ်ဆိတ်စွာ သက်သာစေနိုင်ခဲ့ပေသည်။

ထျန်ရှောင်ယာက ရေအနည်းငယ် သောက်လိုက်ရာ သူမ၏ လည်ချောင်းထဲရှိ ခြောက်သွေ့မှုမှာ သိသိသာသာ သက်သာသွားသည်ကို အမှန်တကယ် ခံစား လိုက်ရလေသည်။ သူမက သူ့အား ပြုံး၍ ကြည့်ကာ ပြောလိုက်လေသည်...။

"ချိုလိုက်တာ... အထဲမှာ သကြားထည့်ထားတာလား..."

"နည်းနည်းပဲ ထည့်ထားတာပါ..."

ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာအား မေတ္တာများ ပြည့်နှက်နေသော မျက်ဝန်း များဖြင့် ကြည့်လိုက်လေသည်။

ရထားပေါ်တက်ရန် အချက်ပေး ခရာသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာ၏ လက်မောင်းကို တင်းကျပ်စွာ ကိုင်ထား လျက် ဆူညံရှုပ်ထွေးနေသော လူအုပ်ကြားထဲမှ တိုးထွက်ကာ တွဲနံပါတ်ကို ကြည့်၍ ၎င်းတို့၏ နေရာများကို ရှာဖွေလိုက်လေသည်။

သူသည် အထူးတလည်ပင် သူ၏ အဆက်အသွယ်များကို အသုံးပြု၍ အိပ်စင် နှစ်ခုကို ဝယ်ယူခဲ့ပြီး ၎င်းတို့နှစ်ခုစလုံးမှာ အောက်ထပ် အိပ်စင်များ ဖြစ်ကြပေ သည်။

မိမိအနေဖြင့် မည်သို့ပင် နေရစေကာမူ အဆင်ပြေသော်လည်း မိမိ၏ ဇနီး ဖြစ်သူမှာ ကိုယ်ဝန်ရှိနေသဖြင့် သူမအတွက် အိပ်စင်တွင် ထိုင်ရခြင်းက ပို၍ သက်တောင့်သက်သာ ရှိစေမည် ဖြစ်ပေသည်။

သူသည် လေးလံသော ခရီးဆောင်အိတ်များကို ကုတင်အောက်သို့ သပ်ရပ်စွာ ထိုးသွင်းလိုက်ပြီး ခါးဆန့်လိုက်ချိန်တွင် သူ၏ မျက်နှာချင်းဆိုင် အိပ်စင်သို့ လူတစ်ဦး ရောက်လာခဲ့လေသည်။

၎င်းတို့မှာ ရိုးသားပြီး ကြိုးစားပမ်းစား အလုပ်လုပ်ကိုင်တတ်သော ဇနီး မောင်နှံပင် ဖြစ်ပုံရပေသည်။ အမျိုးသားဖြစ်သူမှာ အရောင်လွင့်နေသော အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားပြီး ကျယ်ပြန့်သော ပခုံးနှင့် သန်မာသော ခန္ဓာကိုယ် တည်ဆောက်ပုံတို့က နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အလုပ် လုပ်ကိုင်ခဲ့ရကြောင်းကို ဖော်ပြနေခဲ့လေသည်။

သို့ရာတွင် ကျိုးချန်ယဲ့၏ အကြည့်များက မိခင်နှင့် ကလေးထံသို့ ကျရောက် သွားသောအခါ သူ၏ မျက်ခုံးများမှာ အလိုအလျောက် တွန့်ကွေးသွားခဲ့ရ လေသည်။

ထို မိခင်နှင့် ကလေးငယ်တို့မှာ အလွန်တရာ ပိန်ချုံးနေပြီး ၎င်းတို့၏ မျက်နှာ များတွင် သွေးရောင်မရှိသလောက်ပင် ဖြစ်ကာ ရေရှည် အာဟာရချို့တဲ့နေ သည့် လက္ခဏာများကို ရှင်းလင်းစွာ ဖော်ပြလျက်ရှိနေပေသည်။

အမျိုးသမီးဖြစ်သူသည် အသက် သုံးနှစ်ခန့် အရွယ်ရှိမည့် ကောင်လေးတစ် ယောက်ကို ပွေ့ချီထားခြင်းဖြစ်လေသည်။ သူသည် ကြီးမားသော ခေါင်းတစ်ခု ရှိသော်လည်း ခန္ဓာကိုယ်မှာမူ အလွန် ပိန်ချုံးနေခဲ့လေသည်။

သူမ ဝတ်ဆင်ထားသော အင်္ကျီတွင် ဖာထေးထားသော နေရာများစွာ ပါရှိပြီး မကြာခဏ လျှော်ဖွပ်ထားရသဖြင့် မူလအရောင်ကိုပင် ခွဲခြား၍ မရနိုင် လောက်အောင် အရောင်လွင့်နေခဲ့လေသည်။

ကျိုးချန်ယဲ့သည် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ ၏ဇနီးဖြစ်သူ အနီးတွင် ဝင်ထိုင်လိုက်လေသည်။

နေမင်းကြီးမှာ ခေါင်းပေါ်သို့ ပို၍ မြင့်တက်လာသည်နှင့်အမျှ ရထားတွဲအ တွင်းရှိ အပူချိန်မှာလည်း သိသိသာသာ ပိုမို ပူပြင်းလာခဲ့ပေသည်။

ကျိုးချန်ယဲ့သည် သူ၏ ဂုန်နီအိတ်ထဲမှ ဒန်ထမင်းချိုင့်တစ်လုံးကို ထုတ်ယူ လိုက်ပြီး အဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အရသာရှိသော ဖက်ထုပ် ရနံ့များ လွင့်ပျံလာခဲ့လေတော့သည်။

ယမန်နေ့က ယောက္ခမဖြစ်သူသည် ရထားပေါ်တွင် ခြောက်သွေ့သော ရိက္ခာ များကို စားသုံးရခြင်းဖြင့် သူတို့အား ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် ခရီးစဉ် အတွင်း စားသောက်ရန် အစားအစာများကို အထူးတလည် ချက်ပြုတ်ကာ ပို ၍ ထည့်ပေးလိုက်ခြင်း ဖြစ်ပေသည်။

ရာသီဥတုမှာ ပူအိုက်သဖြင့် အချိန်ကြာမြင့်စွာ ထားပါက အစားအစာများ အလွယ်တကူ ပုပ်သိုးသွားနိုင်သောကြောင့် ၎င်းတို့နှစ်ဦးအတွက် တစ်နပ်စာ သာ လုံလောက်အောင် သယ်ဆောင်လာခဲ့ခြင်း ဖြစ်လေသည်။

ရထားခရီးစဉ်မှာ တစ်ရက်နှင့်တစ်ည အပြည့်ကြာမြင့်မည်ဖြစ်ရာ ကျန်ရှိသော ခရီးလမ်းအတွက်မူ ရထားပေါ်တွင် ရသမျှဖြင့်သာ ဖြစ်သလို စားသောက်ရ ပေလိမ့်မည်။

ကျိုးချန်ယဲ့တို့ စတင်စားသောက်သည်ကို မြင်လိုက်ရသောအခါ တစ်ဖက်မှ အမျိုးသားဖြစ်သူမှာ ချက်ချင်းပင် ထရပ်လိုက်ပြီး ရေနွေးရရှိမည့် အခန်းသို့ သွားရောက်ကာ ရေနွေးအိုးတစ်လုံးကို ယူဆောင်လာခဲ့လေသည်။

ထို့နောက် သူ၏အိတ်ထဲမှ ခြောက်သွေ့ပြီး မာကျောသော ပြောင်းဖူးမုန့် နှစ်လုံးကို ထုတ်ယူကာ တစ်လုံးကို သူ၏ဘေးရှိ အမျိုးသမီးအား ကမ်းပေး လိုက်လေသည်။

အမျိုးသမီးက ၎င်းကို လှမ်းယူလိုက်ပြီး အပိုင်းအစလေးတစ်ခုကို ဖဲ့ကာ က လေးငယ်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး ကျန်ရှိသောအရာကိုမူ သူမ ကိုယ်တိုင် ကိုက်စားနေခဲ့လေသည်။

သားငယ်လေးမှာ ပြောင်းဖူးမုန့်ကို သူ၏လက်ငယ်လေးများဖြင့် ကိုင်ဆောင် ကာ ပါးစပ်ထဲတွင် ဖြည်းညင်းစွာ ဝါးစားနေခဲ့ပြီး သူ၏လက်ငယ်လေးများဖြင့် မိခင်ဖြစ်သူ၏ အင်္ကျီကို မြဲမြံစွာ ဆွဲကိုင်ထားခဲ့သော်လည်း သူ၏မျက်ဝန်းများ ကမူ ကျိုးချန်ယဲ့ဆီသို့ မသိမသာ ကြည့်နေခဲ့ရပေသည်။

သူသည် ထမင်းဘူးထဲရှိ ဖက်ထုပ်များကို အချိန်အကြာကြီး ငေးစိုက် ကြည့်နေ ခဲ့ပြီး သူ၏မျက်နှာထက်တွင် တောင့်တသော အမူအရာကို ပြသနေခဲ့သော် လည်း လိမ္မာပါးနပ်စွာဖြင့် တိတ်တဆိတ်သာ နေခဲ့လေသည်။

ထျန်ရှောင်ယာသည် ဤအရာကို မြင်တွေ့လိုက်ရသဖြင့် ကျိုးချန်ယဲ့၏ လက် မောင်းကို ညင်သာစွာ တို့လိုက်လေ၏။

ကျိုးချန်ယဲ့က သဘောပေါက်သွားခဲ့ပြီး ထမင်းဘူးကို မြှောက်ကာ ထိုအမျိုး သားအား လက်ယမ်းပြလိုက်လေသည်...။

"အစ်ကို... ခရီးအဝေးကြီး သွားရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး... ခင်ဗျားတို့နဲ့ ဆုံတွေ့ရတာကလည်း ရေစက်တစ်ခုပါပဲ... ဒီဖက်ထုပ်လေး နည်းနည်းကို ကလေး အဆာပြေသွားအောင် ကျွေးလိုက်ပါဦး..."

အမျိုးသားဖြစ်သူက သူ၏လက်ကို အလျင်စလို ယမ်းပြလိုက်လေသည်...။

"ရပါတယ်... ရပါတယ်... မင်းတို့ဘာသာမင်းတို့သာ စားကြပါ... ငါတို့ အစား အစာတွေ ပါလာပါတယ်..."

ထိုအမျိုးသား၏ နာမည်မှာ ဝမ်တာ့ကျွမ်း ဖြစ်ပေသည်။ သူသည် ဤတစ်ကြိမ် တွင် သူ၏ဇနီးနှင့် ကလေးများကို ပီကင်းသို့ ပြန်လည် ခေါ်ဆောင်သွားခြင်း ဖြစ်လေသည်။

၎င်းတို့သည် မူလက ရိုးရိုးထိုင်ခုံများကို ဝယ်ယူထားခဲ့သော်လည်း ရထားတွဲ နံပါတ်ကို လိုက်၍ ၎င်းတို့၏ နေရာများကို ရှာဖွေသောအခါ လူငယ်တစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့သည် ၎င်းတို့၏ နေရာများ၌ ဝင်ထိုင်နေနှင့်ပြီးဖြစ် ကြောင်း တွေ့ရှိခဲ့ရပေသည်။

၎င်းတို့က မည်သည့်စကားမျှ မဆိုရသေးမီမှာပင် ထိုအမျိုးသားက ၎င်းတို့နှင့် နေရာပြောင်းထိုင်ရန် ကမ်းလှမ်းလာခဲ့လေသည်။

ပြဿနာကို ရှောင်ရှားခြင်းက ပိုကောင်းမည်ဟု တွေးတောကာ သူက သဘော တူလိုက်သော်လည်း အခြားတစ်ဖက်ရှိသူမှာ အိပ်စင်လက်မှတ် ပါရှိကြောင်း ကို နောက်ပိုင်းမှသာ သိရှိခဲ့ရလေ၏။

"ယူထားလိုက်ပါ..."

ကျိုးချန်ယဲ့သည် ထမင်းချိုင့်အဖုံးပေါ်တွင် ဖက်ထုပ် ဆယ်ခုခန့်ကို တင်လိုက် ပြီး လျှောက်သွားကာ ကလေးငယ်၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ကလေးငယ်၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့သော်လည်း သူသည် မိဘများကို ကြောက်ရွံ့စွာဖြင့် လှမ်းကြည့်နေဆဲ ဖြစ်လေသည်။

ကျိုးချန်ယဲ့သည် ကလေးငယ်၏ နူးညံ့သော ဆံပင်များကို ထပ်မံ ပွတ်သပ် ပေးလိုက်ပြီး မျက်ဝန်းများ၌ ညင်သာသော အပြုံးတစ်ခုဖြင့် မျက်နှာချင်းဆိုင် ရှိ အမျိုးသားအား မော့ကြည့်လိုက်လေသည်။

"အားမနာပါနဲ့... စားကြည့်ပါ... ဒါက ကျွန်တော့် ယောက္ခမ ကိုယ်တိုင် လုပ်ပေး ထားတာပါ... သူမရဲ့ ဟင်းချက်လက်ရာက အတကယ့်ကို အံ့မခန်းပါပဲ..."

အမျိုးသားဖြစ်သူမှာ ရှက်သွေးဖြာလျက် သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်ကာ ကျေးဇူးတင်စကား အကြိမ်ကြိမ် ဆိုပြီးနောက် အမျိုးသမီးဖြစ်သူအား ဖက်ထုပ်တစ်လုံးကို ကောက်ယူ၍ ကလေးငယ်အား ကျွေးခွင့်ပြုလိုက်လေ တော့သည်။

All Chapters