← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) အဓိက ပစ္စည်းကြီးနှစ်ခု ဝယ်ယူခြင်း

ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာကို အပ်ချုပ်စက်ဆီသို့ တွဲခေါ်သွားပြီး သူမ၏ ဂါဝန်အောက်နားစကို စုကိုင်ရန် ကူညီပေးလိုက်လေ၏။

သူသည် ခွေးခြေခုံကို သူမ၏ ခြေထောက်နားသို့ ရွှေ့ပေးလိုက်ပြီး အသံကို ညင်သာစွာဖြင့် ပြောလိုက်လေသည်...။

"မိန်းမ...လာ… ဒီနေရာမှာ ထိုင်... ဖြည်းဖြည်း လုပ်နော်..."

သူသည် ထျန်ရှောင်ယာကို ထိုင်နိုင်ရန် ကူညီပေးလိုက်ပြီး သူမ၏ လက် ချောင်းထိပ်လေးများက အေးစက်နေသော သံစက်ခေါင်းကို ထိမိသည်နှင့် တစ်ပြိုင်နက် သူမသည် မပြုံးဘဲ မနေနိုင်တော့ချေ။

လိပ်ပြာတံဆိပ် အပ်ချုပ်စက်ခေါင်းမှာ အရိပ်ပင် ထင်ဟပ်နိုင်လောက်အောင် တောက်ပနေခဲ့ပြီး အပ်တံ၊ ဖိပြားနှင့် အံသွားတို့ကိုလည်း သန့်ရှင်းနေအောင် သုတ်သင်ထားခဲ့လေ၏။

ပျားတံဆိပ်မှာမူ မှိုင်းတေတေ အနက်ရောင်ဖြစ်ပြီး ပို၍ ဆန်းသစ်သော အသွင်အပြင် ရှိလေသည်။

သူမသည် လက်လှမ်းကာ လိပ်ပြာတံဆိပ် လက်လှည့်ဘီးကို အရင် လှည့် ကြည့်လိုက်ရာ အပ်ချည်ကြောင်းများ ညီညာ သေသပ်စွာ ရွေ့လျားသွားစဉ် ပြတ်သားကြည်လင်သော အသံလေး ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက် သူမသည် ပျားတံဆိပ်ကို ပြောင်း၍ စမ်းကြည့်လိုက်ရာ လက်လှည့် ဘီးမှာ ပို၍ လေးလံပြီး အပ်ချည်ကြောင်းမှာ ပိုမို ခိုင်မာကာ အသံလည်း ပိုငြိမ် လေသည်။

"ဘယ်လိုလဲ မိန်းမ... ဘယ်ဟာကို သဘောကျလဲ..."

ကျိုးချန်ယဲ့သည် သူမ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ထျန်ရှောင်ယာ၏ ဒူးပေါ်တွင် မေးတင်လျက် မိမိကိုယ်တိုင်အတွက် ပစ္စည်းရွေးချယ်နေသည် ထက်ပင် ပို၍ သူမအား စူးစိုက်ကြည့်နေခဲ့ပေသည်။

ထျန်ရှောင်ယာသည် လိပ်ပြာတံဆိပ် စက်ခေါင်းပေါ်ရှိ ပန်းကနုတ်များကို လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ပြီးနောက် ပျားတံဆိပ် စက်၏ ခိုင်ခံ့သော သစ်သားစားပွဲကို ကိုင်တွယ်ကြည့်လိုက်လေ၏။

သူမသည် သူ့အား မော့ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်...။

"လိပ်ပြာတံဆိပ်က လှပြီး အပ်ချည်ကြောင်းကလည်း သေသပ်တယ်... ပျား တံဆိပ်ကတော့ ခိုင်ခံ့ပြီး အသံငြိမ်တယ်..."

အရောင်းစာရေးမက ဝင်ရောက် ပြောဆိုလာခဲ့လေသည်...။

"လိပ်ပြာက တံဆိပ်ဟောင်းမို့ မိန်းကလေးတွေ သဘောကျကြတယ်ရှင့်..."

"ပျားတံဆိပ်ကတော့ ခိုင်ခံ့ပြီး အကြမ်းခံတယ်... ကြမ်းတမ်းတဲ့ အိမ်မှုကိစ္စ တွေနဲ့ အိပ်ရာခင်းတွေ ချုပ်ဖို့အတွက် သင့်တော်ပါတယ်..."

ကျိုးချန်ယဲ့သည် နှစ်ကြိမ် တွေးတောမနေတော့ဘဲ အရောင်းစာရေးမထံသို့ တိုက်ရိုက် ပြောလိုက်လေသည်...။

"ရဲဘော်... ကျွန်တော် လိပ်ပြာတံဆိပ်ကိုပဲ ယူမယ်... ကျွန်တော့် ဇနီးက လှတာ လေးတွေကို သဘောကျလို့ အင်္ကျီတွေ စကတ်တွေ ချုပ်တဲ့အခါ ကြည့် ကောင်းမှာပါ..."

ထို့နောက် သူသည် ထျန်ရှောင်ယာအား လှည့်ကြည့်လိုက်ရာ သူ၏ လေသံ တွင် မိမိကိုယ်ကိုယ် ကျေနပ်အားရနေသည့် အရိပ်အယောင်လေးတစ်ခု ပါဝင် နေခဲ့လေသည်...။

"မိန်းမ... မင်း သဘောကျတာကိုသာ ရွေးပါ... ဘာမှ အားမနာနဲ့..."

ထျန်ရှောင်ယာ၏ နှလုံးသားထဲတွင် နွေးထွေးသွားခဲ့ပြီး ချိုသာစွာ ပြောလိုက် လေသည်...။

"ကောင်းပါပြီ... ရှင့်စကားကိုပဲ နားထောင်ပါ့မယ်..."

အရောင်းစာရေးမက ခေါင်းညိတ်လိုက်ပြီး ပစ္စည်းထုတ်ယူခွင့် ပြေစာကို ရေးရန် လှည့်လိုက်လေသည်...။

"အဲ့ဒါဆို... လိပ်ပြာတံဆိပ်နော်... လက်မှတ်နဲ့ ငွေ မှန်ကန်ပါတယ်... ကျွန်မ ပြေစာ ရေးပေးပါမယ်... ခဏနေရင် အနောက်ဘက် ဂိုဒေါင်မှာ သွားထုတ်လို့ ရပါပြီရှင်..."

ကျိုးချန်ယဲ့သည် ဇနီးဖြစ်သူအား မတ်တတ်ရပ်ရန် ကူညီပေးလိုက်ပြီး သူမ၏ ဆံပင်များကို နားနောက်သို့ သပ်တင်ပေးလိုက်လေ၏။

သူက တိုးညှင်းစွာ ရယ်မောလိုက်လေသည်...။

"တို့တွေ အပ်ချုပ်စက်ကို အိမ်ယူသွားပြီးရင် မင်း ချုပ်ချင်တဲ့ အင်္ကျီ ဘာမဆို ချုပ်လို့ရပြီ... အင်္ကျီတွေ ပိုလီယက်စတာ ရှပ်အင်္ကျီတွေ... တို့တွေ အားလုံး မင်းအတွက် လုပ်ပေးမယ်လေ..."

အရောင်းစာရေးမသည် ပြေစာကို အမြန်ရေးပေးလိုက်ပြီး သူမ၏ ခေါင်းပေါ် ရှိ စင်တွင် ညှပ်ကာ ဟိုဘက်သို့ ပို့ပေးလိုက်လေသည်။ တစ်မိနစ်ခန့် အကြာ တွင် စာအုပ်လေးမှာ သူမထံသို့ ပြန်ရောက်လာခဲ့လေသည်။

"ကဲ... ဒီမှာ ပြေစာပါရှင်... သေချာ သိမ်းထားပါနော်..."

သူမက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် မေးလိုက်လေသည်...။

"အိမ်တိုင်ရာရောက် ပို့ပေးဖို့ လိုသေးလား... အကယ်၍ အိမ်ကို ပို့ခိုင်းမယ်ဆို ရင် ပို့ဆောင်ခအတွက် နောက်ထပ် ပြားငါးဆယ် ထပ်ပေးရပါမယ်..."

"ဟုတ်ကဲ့... လိုပါတယ်..."

ကျိုးချန်ယဲ့က အလျင်စလို ပြန်ဖြေလိုက်လေသည်။

"ကောင်းပြီလေ... ဒါဆိုရင် လိပ်စာ ထားခဲ့ပါ... နောက်မှ ကျွန်မ ပို့ခိုင်းလိုက် ပါမယ်..."

အရောင်းစာရေးမသည် ကျိုးချန်ယဲ့အား မှတ်ပုံတင်စာအုပ်နှင့် ဘောပင် တစ် ချောင်းကို ကမ်းပေးလိုက်လေ၏။

"ဟုတ်ကဲ့ပါ... ဒုက္ခပေးရတဲ့အတွက် အားနာပါတယ် ရဲဘော်..."

ကျိုးချန်ယဲ့သည် လိပ်စာကို ခပ်သွက်သွက် ရေးမှတ်လိုက်ပြီး စာအုပ်ကို ပြန်ပေးလိုက်လေသည်။

၎င်းတို့နှစ်ဦးသည် အရောင်းစာရေးမအား ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး အပ်ချုပ်စက် ကောင်တာမှ ထွက်ခွာလာကာ တတိယထပ်ရှိ စက်ဘီး အရောင်းဌာနဆီသို့ ဦးတည်သွားခဲ့ကြလေသည်။

တတိယထပ်ရှိ စက်ဘီး အရောင်းကောင်တာသို့ ရောက်ရှိလာသောအခါ စင် များပေါ်တွင် တောက်ပနေသော ဖော်အဲဗား တံဆိပ် စက်ဘီး အနည်းငယ်သာ ကျန်ရှိတော့လေသည်။

တောက်ပနေသော အနက်ရောင် ကိုယ်ထည်များနှင့် ခရုမ်းစတီးဘီးခွေများမှာ နေရောင်အောက်တွင် မျက်စိကျိန်းမတတ်ပင် တောက်ပနေခဲ့ပေသည်။

ကျိုးချန်ယဲ့သည် အရှေ့ဆုံးတွင်ရှိသော ခေတ်ဟောင်းပုံစံ စက်ဘီးကို ချက် ချင်းပင် မျက်စိကျသွားခဲ့လေသည်။ သူသည် ထိုင်ခုံကို ပုတ်လိုက်ပြီး ထျန် ရှောင်ယာဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်လေသည်...။

"မိန်းမ... ဒီဟာပဲ ကောင်းတယ်... ဖော်အဲဗား တံဆိပ်ဆိုတော့ ခိုင်ခံ့ပြီး အကြမ်းခံတယ်..."

ထျန်ရှောင်ယာသည် အေးစက်နေသော စက်ဘီးလက်ကိုင်ကို ကိုင်တွယ်ကြည့် လိုက်ရာ သူမ၏ မျက်လုံးများမှာ တောက်ပလာခဲ့လေသည်... ။

"ကြည့်ရတာ ခိုင်ခံ့မယ့်ပုံပဲ... ဒီတစ်စီးပဲ ဝယ်လိုက်ရအောင်..."

"ရဲဘော်... ဒီ ဖော်အဲဗားတံဆိပ်ကိုပဲ ယူလိုက်မယ်..."

ကျိုးချန်ယဲ့သည် စက်ဘီးလက်မှတ်နှင့် ငွေများကို အသင့် ထုတ်ယူလိုက်လေ သည်...။

"လက်မှတ်ရော ငွေရော အသင့်ပါပဲ..."

အရောင်းစာရေးက လက်မှတ်နှင့် ငွေများကို ယူကာ ဂရုတစိုက် စစ်ဆေးလိုက် ပြီးနောက် ပြေစာကို လျင်မြန်စွာ ရေးပေးလိုက်လေသည်...။

"ကောင်းပြီ... ဖော်အဲဗား တံဆိပ်နော်... လက်မှတ်နဲ့ ငွေ မှန်ကန်ပါတယ်... ဪ... ပြီးတော့ ရဲစခန်းမှာ သွားပြီး မှတ်ပုံတင်ဖို့နဲ့ တရားဝင် တံဆိပ်တုံး ထုဖို့ မမေ့နဲ့ ဦးနော်..."

"နားလည်ပါပြီ... ကျေးဇူးတင်ပါတယ် ရဲဘော်..."

ကျိုးချန်ယဲ့သည် အသစ်စက်စက် ဖော်အဲဗားတံဆိပ် စက်ဘီးကို တွန်းလာခဲ့ ပြီး ထျန်ရှောင်ယာမှာ သူ၏ဘေးတွင် လိမ္မာစွာ လိုက်ပါလာခဲ့ကာ ၎င်းတို့၏ ခြေလှမ်းများမှာ ပိုမို ပေါ့ပါးသွက်လက်နေခဲ့လေတော့သည်။

"စက်ဘီးကို တံဆိပ်တုံး သွားထုဖို့ ရဲစခန်းကို သွားကြရအောင်..."

သူက ထိုင်ခုံကို ပုတ်လိုက်ရာ သူ၏ လေသံတွင် ဝမ်းမြောက်မှုများ ပြည့်နှက် နေခဲ့လေသည်။

ရဲစခန်းမှာ ကုန်တိုက်ကြီး၏ လမ်းတစ်ဖက်ခြမ်းတွင်သာ ရှိပြီး ခြေလှမ်း အနည်းငယ်မျှသာ ကွာဝေးလေသည်။

ဝင်ပေါက်တွင် လူအနည်းငယ် တန်းစီနေနှင့်ပြီး ၎င်းတို့အားလုံးမှာ ၎င်းတို့၏ စက်ဘီးအသစ်များကို မှတ်ပုံတင်ရန် ရောက်ရှိနေကြခြင်း ဖြစ်ပေသည်။

ကျိုးချန်ယဲ့သည် စက်ဘီးကို ဘေးတွင် ရပ်ထားလိုက်ပြီး ထျန်ရှောင်ယာ၏ လက်ကိုဆွဲကာ ပုံစံပြားများ ဖြည့်စွက်ရန် တန်းစီလိုက်လေသည်။

လုပ်ငန်းစဉ် တစ်ခုလုံး ပြီးစီးသွားသောအခါ ရဲအရာရှိသည် စက်ဘီးကို သံမဏိတံဆိပ်တုံးဖြင့် ကျွမ်းကျင်စွာ ထုနှိပ်ပေးလိုက်ပြီး အသစ်စက်စက် ယာဉ်မှတ်ပုံတင် လက်မှတ်ကို ပြုံးလျက် ကမ်းပေးလိုက်လေသည်။

"ကဲ... အခုကစပြီး တစ်နှစ်တစ်ခါ ပြုပြင်ထိန်းသိမ်းခ သွင်းရမယ်... စာရွက် စာတမ်းတွေကို သေချာ သိမ်းထားပြီး မပျောက်စေနဲ့..."

ထျန်ရှောင်ယာသည် အနီရောင်အနားကွပ်ထားသော ယာဉ်မှတ်ပုံတင် လက် မှတ်ကို လက်နှစ်ဖက်ဖြင့် ရှားပါး ရတနာတစ်ခုသဖွယ် ကိုင်တွယ်လိုက်ပြီး သူမ၏ ဂုန်နီအိတ်ထဲသို့ ဂရုတစိုက် ထည့်သိမ်းလိုက်လေ၏။

"သွားကြစို့ မိန်းမ... တို့စက်ဘီးမှာလည်း မှတ်ပုံတင် ရသွားပြီ..."

ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး စက်ဘီးကို တွန်းကာ ၎င်းတို့နှစ်ဦးသည် ယှဉ်တွဲ လျက် ပြန်လျှောက်လာခဲ့ကြလေသည်။

၎င်းတို့နှစ်ဦး စက်ဘီးဖြင့် အိမ်နှင့် နီးကပ်လာသောအခါ ၎င်းတို့၏ အိမ်ရှေ့တွင် လူစုလူဝေးကြီး တစ်ခု စုဝေးနေသည်ကို မြင်တွေ့လိုက်ရလေ၏။

"သူတို့ ပြန်လာကြပြီ... သူတို့ ပြန်လာကြပြီ... အိမ်ရှင်တွေ ပြန်လာကြပြီ..."

ဝမ်တာ့ကျွမ်း၏ ဇနီးသည် ကျိုးချန်ယဲ့နှင့် သူ၏ ဇနီးတို့ကို အဝေးမှ မြင်လိုက်ရ သဖြင့် အလျင်စလို အော်ဟစ်လိုက်လေသည်။

"စက်ဘီးလား..."

"ရှောင်ကျိုး... ဒီကို မြန်မြန်လာပါဦး... မင်းတို့ ပစ္စည်းလာပို့တဲ့သူတွေ ရောက် နေတယ်... ကုန်တိုက်ကြီးကနေ ဝယ်လာတဲ့ အပ်ချုပ်စက်လို့ ပြောတာပဲ..."

လမ်းတစ်ဖက်ခြမ်းတွင် နေထိုင်သော အန်တီကျူသည် အလျင်စလို လျှောက် လာခဲ့ပြီး သူ့အား ပြုံးလျက် နှုတ်ဆက်လိုက်လေ၏။

အန်တီကျန်းသည် အရှေ့သို့ တိုးထွက်လာခဲ့ပြီး နောက်ထိုင်ခုံရှိ ထျန်ရှောင်ယာ ထံသို့ အကြည့်များ စူးစိုက်ထားလျက် ပြောလိုက်လေသည်...။

"ရှောင်ထျန်... လက်မှတ်ကို ဘယ်လိုရလာတာလဲ... ရှောင်ကျိုးက တကယ်ကို တော်တာပဲ... တက္ကသိုလ်ကျောင်းသားပီသပါပေတယ်..."

အဘိုးလီသည် စက်ဘီး၏ တောက်ပနေသော လက်ကိုင်ကို ပွတ်သပ်လိုက်ပြီး အားကျလေးစားစွာဖြင့် ရေရွတ်လိုက်လေသည်...။

"စက်ဘီးတွေက တကယ်ကို ခမ်းနားတာပဲ..."

ဝမ်တာ့ကျွမ်း၏ ဇနီးသည်လည်း လျှောက်လာခဲ့ရာ သူမ၏ လေသံတွင် အားကျမှုများ ပြည့်နှက်နေခဲ့လေသည်...။

"ညီမလေး... နင်က အရမ်း ကံကောင်းတာပဲ... အပ်ချုပ်စက်ရော စက်ဘီးရော ရှိနေပြီ..."

"အင်္ကျီချုပ်ဖို့အတွက် ပူစရာ မလိုတော့ဘူးပေါ့... ပြီးတော့ အပြင်သွား ရင်လည်း အဆင်ပြေသွားပြီ... အစ်ကိုကျိုးက နင့်အပေါ် တကယ် ကောင်း တာပဲ..."

ထျန်ရှောင်ယာမှာ မျက်နှာရဲတက်သွားပြီး ပြုံးလိုက်ကာ ထိုစကားများကြောင့် ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်...။

"အာယဲ့က ကျွန်မ အခုတလော အင်္ကျီချုပ်ရတာ ပင်ပန်းနေတာကို မြင်လို့ အပ်ချုပ်စက် ဝယ်ပေးတာပါ..."

"မင်္ဂလာပါ... ရဲဘော်က ကျိုးချန်ယဲ့လား..."

အပြာရောင် အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားသော ပစ္စည်းပို့သမား တစ်ဦး က လျှောက်လာရင်း ပြောလိုက်လေသည်။

"ဟုတ်ပါတယ်..."

ကျိုးချန်ယဲ့က ပြောရင်း ကုန်တိုက်ကြီးမှ ပြေစာကို ကမ်းပေးလိုက်လေ၏။

အချက်အလက်များကို စစ်ဆေးပြီးနောက် အားလုံး မှန်ကန်ကြောင်း အတည် ပြုပြီးသောအခါ ပစ္စည်းပို့သမားသည် ကျိုးချန်ယဲ့အား မော့ကြည့်ကာ ပြော လိုက်လေသည်...

"ပြဿနာမရှိပါဘူး... အထဲကို သယ်ပေးရမလား..."

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်..."

ကျိုးချန်ယဲ့က ပြောလိုက်ပြီး တံခါးဖွင့်ရန် သူ၏ သော့များကို ထုတ်ယူလိုက် လေ၏။

"အားလုံးပဲ လမ်းလေး နည်းနည်း ဖယ်ပေးကြပါဦး... အပ်ချုပ်စက်ကို တိုက်မိ ခိုက်မိ မဖြစ်အောင် အထဲကို သယ်သွားရမှာမို့ပါ..."

ထိုအရာကို မြင်သောအခါ လူငယ်အနည်းငယ်က ကူညီပေးရန် အရှေ့သို့ ထွက်လာခဲ့ကြလေသည်...

"ကျွန်တော်တို့ ကူညီပေးပါ့မယ်..."

လူအုပ်ကြီးသည် လေးလံသော သစ်သားသေတ္တာကြီးကို ခြံဝန်းအတွင်းသို့ ဂရုတစိုက် သယ်ဆောင်သွားခဲ့ကြလေသည်။

ခြံဝန်းအဝင်ဝတွင် လူများ ပို၍ပို၍ စုဝေးလာကြပြီး ၎င်းတို့၏ တီးတိုး စကား ပြောသံများနှင့် အားကျစကားဆိုသံများမှာ ကျယ်လာလိုက် တိုးသွားလိုက် ဖြစ်နေခဲ့ပေသည်။

"ကျွတ်ကျွတ်... ဒီသေတ္တာက တော်တော် လေးတာပဲ... စက်က တော်တော် ကောင်းမှာ အသေအချာပဲ..."

"ကျိုး ဇနီးမောင်နှံက တကယ်ကို အရည်အချင်းရှိတာပဲ... သူတို့ရဲ့ ဘဝတွေက တဖြည်းဖြည်း ပိုကောင်းလာနေပြီ..."

ကျိုးချန်ယဲ့သည် အပ်ချုပ်စက်ကို အဓိက အိမ်ဆောင်ထဲတွင် ချထားလိုက်ပြီး ထျန်ရှောင်ယာက ထုပ်ပိုးမှုကို ဖွင့်ကာ တောက်ပနေသော စက်ခေါင်းကို ဖော်ထုတ်လိုက်သောအခါမှသာ လူတိုင်းမှာ နောက်တစ်ဖန် အံ့သြတကြီး ရေရွတ်လိုက်ကြလေတော့သည်။

"ကြည့်ပါဦး ဒီစက်ကို... အသစ်စက်စက်လေးပဲ... အစိမ်းရောင် ဆေးသားက အရမ်းကို တောက်ပနေတာပဲ..."

"အခုကစပြီး ရှောင်ယာက ကလေးအတွက် အင်္ကျီအသစ်တွေ ချုပ်ပေးလို့ ရပြီပေါ့... ပိုမြန်ပြီး သိပ်ပင်ပန်းတော့မှာ မဟုတ်ဘူး..."

"ကျိုး ဇနီးမောင်နှံရဲ့ ဘဝက တဖြည်းဖြည်း ပိုကောင်းလာနေပြီ... တို့တွေကော ဘယ်တော့မှများ အဲ့ဒီလို ဘဝမျိုး ရနိုင်ပါ့မလဲ..."

ထျန်ရှောင်ယာသည် အေးစက်ပြီး ချောမွေ့နေသော စက်ခေါင်းကို ကိုင်တွယ် လိုက်ရာ သူမ၏ မျက်ဝန်းများ၌ ဝမ်းမြောက်မှုများ ပြည့်နှက်နေခဲ့လေ၏။

ကျိုးချန်ယဲ့သည် ဘေးတွင် ရပ်ကာ သူ၏ ဇနီးဖြစ်သူ၏ ပြုံးရွှင်နေသော မျက် နှာကို ကြည့်လျက် သူသည်လည်း ပြုံးလိုက်လေတော့သည်။

All Chapters