← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း (၂၇၁) ခြေဆန့်မျက်လုံးပြူးဆေးလုံး

“မင်းက ငါ့ဂျူနီယာညီလေးကို တမင်သက်သက် အဆိပ်ခတ်တာ မဟုတ်ဘူးလို့ ငါယူဆတယ်... လျော်ကြေးက ငါ့ဆရာကို ကျေနပ်စေမယ်ဆိုရင်တော့ ဒီကိစ္စကို အဆုံးသတ်ပေးလို့ရတယ်...”

ဝတုတ်တုတ်ကျင့်ကြံသူက ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အနေရခက်ဖွယ် အခြေ အနေတစ်ခု ဖြစ်လာခဲ့လေတော့သည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ မျက်နှာအမူအရာမှာ ထပ်မံပြောင်းလဲ သွားပြီး သူ၏ ပါးစပ်ထောင့်မှ သွားရည်များ ကျလာလေတော့သည်။

ဤတစ်ကြိမ် မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူ ဘာတွေကြုံတွေ့နေရသည်ကို လင်းဖန် ခန့်မှန်းနိုင်မိလိုက်လေ သည်။

၎င်းမှာ အလောင်းတစ်လောင်းကိုပင် သွားရည်ကျစေနိုင်သည့် အလွန်အမင်းချဉ်စူးနေသော အရသာ မျိုးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

“အဟမ်း... မင်းရဲ့ဂျူနီယာညီလေးရဲ့ မျက်နှာအမူအရာက နည်းနည်းတော့ လွဲနေတယ်နော်...”

“သေသွားတဲ့အချိန်တောင် သွားရည်ကျနေပုံထောက်ရင် အသက်ရှင်တုန်းက သိပ်ဉာဏ်ကောင်းမယ့်ပုံ မပေါ်ဘူးနော်...”

ထိုအချိန်တွင် ဘေးမှ ကြည့်ရှုနေသူများကလည်း လင်းဖန်၏ စကားကို သံသယမဝင်ကြတော့ပေ။

မြေပြင်ပေါ်ရှိ အလောင်း မှာ အသက်ရှင်နေဆဲဖြစ်ကြောင်း သိသာနေပေသည်။ ဝတုတ်တုတ် ကျင့်ကြံသူ၏ မျက်နှာအမူအရာမှာလည်း တော်တော်လေး အနေရခက်သွားခဲ့လေတော့သည်။

သို့သော် အခြေအနေက ဤသို့ဖြစ်နေပြီဖြစ်ရာ သူလုပ်နိုင်သည်မှာ ဇွတ်ငြင်းဆန်ရန်သာ ရှိတော့သည်။

“ခင်ဗျားတို့အားလုံး မသိလောက်ပေမယ့် ငါ့ဂျူနီယာညီလေးက အရင်တုန်းက ခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရဖူးတယ်... သူသက်သာလာပြီးတဲ့နောက် ခဏခဏ သွားရည်ကျတတ်တဲ့ အကျင့်ဖြစ်သွား တာ...”

“ဒီသွားရည်က ငါ့ဂျူနီယာညီလေး မသေခင် ပါးစပ်ထဲမှာ ကျန်နေခဲ့တဲ့ အကြွင်းအကျန်တွေ ဖြစ်ရ မယ်...”

တစ်ဖက်လူက ဝန်ခံရန် ငြင်းဆန်နေသည်ကို မြင်သောအခါ လင်းဖန်မှာ အစွမ်းပြရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

“ဟားဟား... မင်းက မကုသနိုင်ဘူးဆိုတာ မင်းအရည်အချင်းမရှိလို့ ငါ့လို သမားတော် လောကရဲ့ နတ်ဘုရားနဲ့ မတွေ့ဖူးလို့ပဲ...”

“မင်းရဲ့ ဂျူနီယာညီလေး သေသွားပြီလို့ မင်းက ဇွတ်ပြောနေမှတော့ ဒီနေ့ သေသူကို ပြန်ရှင်စေတဲ့ ဆေးပညာဆိုတာ ဘာလဲဆိုတာ ငါပြပေးမယ်...”

“ဆေးတစ်လုံးတည်းနဲ့တင် မင်းရဲ့ဂျူနီယာညီလေး နိုးလာပြီး အရင်လို တက်တက်ကြွကြွ ပြန်ဖြစ်လာ စေရမယ်လို့ ငါအာမခံတယ်...”

ထိုသို့ပြောရင်း လင်းဖန်က ဘေးမှကြည့်နေသူများအား သူ၏ အစွမ်းထက်လှသော ဆေးသန့်စင်ခြင်း စွမ်းရည်များကို ပြသရန် ပွဲသိမ်း အစွမ်းပြဖို့ ပြင်ဆင်လိုက်လေသည်။

မည်သည့်ဆေးလုံးမျိုးကို သန့်စင်ရမည်ကို စဉ်းစားနေစဉ် လင်းဖန်၏ခေါင်းထဲ၌ အကြံတစ်ခု ရုတ် တရက် ပေါ်လာပြီး သူကူးပြောင်းမလာခင်က ကြည့်ခဲ့ဖူးသော “ကျီကုန်း” ရုပ်သံဇာတ်လမ်းတွဲမှ ငွေညှစ်ရန် သေချင်ယောင်ဆောင်သည့် ဇာတ်ကွက်တစ်ခုကို သွားသတိရမိလိုက်လေသည်။

ထို့ကြောင့် သေချင်ယောင်ဆောင်နေသူကို ဖြေရှင်းရန် ကျီကုန်း၏ နာမည်ကြီး နည်းစနစ်ကို အသုံးပြုရန် သူဆုံးဖြတ်လိုက်လေတော့သည်။

ဆုံးဖြတ်ချက်ချပြီးနောက် လင်းဖန်က ဂျီးများကို ပွတ်ချရန် သူ၏အင်္ကျီအတွင်းသို့ မသိစိတ်အရ လှမ်းနှိုက်လိုက်လေသည်။

သို့သော်လည်း ဘေးမှ ကြည့်နေသူများ၏ စူးစိုက်ကြည့်ရှုနေမှုများကို မြင်ပြီးနောက် သူက စိတ်ပြောင်း သွားကာ ပို၍ယဉ်ကျေးသောဟန်ဖြင့် သူ၏လက်ပေါ်မှ ဂျီးများကိုသာ ပွတ်ချရန် ဆုံးဖြတ်လိုက်လေ သည်။ တစ်ချိန်တည်းမှာပင် အရာခပ်သိမ်းကို သန့်စင်နိုင်သည့် စွမ်းရည်ကိုပါ သက်ဝင်စေပြီး ဆေးလုံး တစ်လုံးအား လက်ဖြင့် လုံးချေဖန်တီးရန် ပြင်ဆင်လိုက်လေသည်။

လင်းဖန်၏စကားကို ကြားသောအခါ ဝတုတ်တုတ်ကျင့်ကြံသူမှာလည်း စိုးရိမ်ပူပန်သွားခဲ့လေသည်။ သေသူကို ပြန်ရှင်စေသည့် စွမ်းရည်ဆိုသည်မှာ သူ၏အမြင်တွင် လုံးဝ စိတ်ကူးယဉ်ဆန်လွန်းနေသည်။

သို့သော် ပြဿနာမှာ သူ၏ဂျူနီယာညီလေးက သေဆုံးသွားခြင်း မဟုတ်ပေ။ သေသွားသောလူကို နိုးထ လာစေရန် မဖြစ်နိုင်သော်လည်း သေချင်ယောင်ဆောင်နေသူကို နိုးလာစေရန် နည်းလမ်းများစွာ ရှိနေ သည်ပင်။

“ဒါက မလိုလောက်ဘူးထင်တယ်...”

“ငါ့ရဲ့ သနားစရာ ဂျူနီယာညီလေးကို နှိပ်စက်နေတာ ရပ်သင့်ပြီလို့ ထင်တယ်...”

ဝတုတ်တုတ်ကျင့်ကြံသူက ငြင်းဆန်နေသည်ကို မြင်သောအခါ လင်းဖန်က ဘာမှပြန်မပြောတော့ဘဲ သူ၏ လက်ထဲရှိ ဆေးလုံးကိုသာ ဆက်၍ လုံးချေနေလိုက်သည်။

မကြာမီမှာပင် ထူးခြားမှုမရှိသော မည်းမည်းသဲသဲ ဆေးလုံးတစ်လုံးက လင်းဖန်၏ လက်ထဲတွင် ပေါ်လာ ခဲ့သည်။ ဆေးလုံးကို လုံးချေပြီးနောက် လင်းဖန်က ၎င်း၏ အာနိသင်များကို ခချက်ချင်း သိရှိသွားခဲ့ သည်။

[ခြေဆန့်မျက်လုံးပြူးဆေးလုံး (လက်ဖြင့်လုံးချေထားသော ဗားရှင်း) - အထူးဆေးလုံး။

မိတ်ဆက် - ဆေးဆရာတစ်ဦးက အသက်ရှင်နေသော ဘုန်းကြီးတစ်ပါးကို အတုခိုးကာ ဖန်တီးထား သည့် ဆေးလုံးဖြစ်သည်။ အသုံးမဝင်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ လျှို့ဝှက်ချက်များ ကိန်းအောင်းနေသည်။

အာနိသင် - အမည်နှင့်လိုက်ဖက်စွာပင် လူများကို ခြေဆန့်စေပြီး မျက်လုံးများကို အတင်းအကျပ် ပြူး ကျယ်သွားစေသည်။ အသက်ရှင်နေသည်ဖြစ်စေ သေဆုံးနေသည်ဖြစ်စေ အလုပ်လုပ်သည်။

ဘေးထွက်ဆိုးကျိုး - ဖုတ်ကောင်ဟု အထင်ခံရနိုင်သည်။]

ဆေးလုံး၏ ဖော်ပြချက်ကို ကြည့်ပြီးနောက် လင်းဖန်က ဝတုတ်တုတ်ကျင့်ကြံသူကို တိုက်ရိုက် ကြည့် ကာ ပြုံးလိုက်လေသည်။

“ဟားဟားဟား... မင်းဘာတွေးလဲ ငါဂရုမစိုက်ဘူး ငါတွေးတာကိုပဲ ငါဂရုစိုက်တယ်...”

“ကြည့်လိုက်... ဒါက ငါလုပ်ထားတဲ့ ခြေဆန့်မျက်လုံးပြူးဆေးလုံးပဲ... သူက သေချင်ယောင်ဆောင် နေတာ မဟုတ်ရင်တောင် သူ့ကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်...”

သေချာပေါက် လင်းဖန်၏ စကားများက အနည်းငယ်တော့ ချဲ့ကားလွန်းနေပေသည်။

သို့မဟုတ်ပါကလည်း လှုပ်ရှားလာစေရန်ဟူသော အဓိပ္ပာယ်ကို ဆိုလိုခြင်းဖြစ်နိုင်ပေသည်။ မည်သို့ ပင်ဖြစ်စေ သည်ဆေးလုံး၏ ဖော်ပြချက်တွင် အလောင်းကိုပင် မျက်လုံးပြူးစေပြီး ခြေဆန့်စေနိုင်သည် ဟု ဆိုထားသည် မဟုတ်ပါလော။

ဘေးတွင် ရပ်နေသော ဝတုတ်တုတ်ကျင့်ကြံသူက သူ၏ဂျူနီယာညီလေးအား လင်းဖန် ဆေးတိုက်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ချက်ချင်း ဝင်တားလိုက်လေသည်။ ကံမကောင်းစွာဖြင့် လင်းဖန်က အင်မော်တယ်အရှင် တစ်ပါး၏ ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသူဖြစ်ရာ သူ့ကို မည်သို့လုပ်၍ တားဆီးနိုင်ပါ မည်နည်း။

ထို့အပြင် မြေပြင်ပေါ်ရှိ ပိန်ပိန်ပါးပါးကျင့်ကြံသူမှာ သူ၏မျက်နှာအမူအရာ ထပ်မံပြောင်းလဲသွားပြီး ပါးစပ်ကြီး ဟနေသောကြောင့် လင်းဖန်အတွက် ဆေးလုံးထည့်ရန် ပို၍ပင် အဆင်ပြေသွားစေခဲ့သည်။

လင်းဖန်က သူ၏ အင်မော်တယ်စွမ်းအားကို အသုံးပြု၍ ဆေးလုံးကို ထိန်းချုပ်လိုက်ကာ ပိန်ပိန်ပါးပါး ကျင့်ကြံသူအား တိုက်ကျွေးလိုက်သည်နှင့် ဆေးအာနိသင်က ချက်ချင်းပင် စတင်ပြသလာတော့သည်။

မျက်စိမှိတ်ကာ သေချင်ယောင်ဆောင်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပိန်ပိန်ပါးပါးကျင့်ကြံ သူက ရုတ်တရက် မျက်လုံးကြီးများ ပြူးကျယ်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် မူလက လျော့ရဲနေသော ခြေထောက်များမှာလည်း ရုတ်တရက် ဆန့်တန်းသွား ခဲ့လေသည်။

ထိုသို့ ခြေဆန့်ပြီး မျက်လုံးပြူးသွားသည့် လုပ်ရပ်က သူ၏ သေချင်ယောင်ဆောင်သည့် နည်းစနစ်ကို အလုပ်မလုပ်တော့အောင် ပြုလုပ်ပစ်လိုက်လေသည်။

ပိန်ပိန်ပါးပါးကျင့်ကြံသူ သတိပြန်ရလာသောအခါ သူ၏မျက်လုံးများက တဆစ်ဆစ် နာကျင်နေပြီး ခြေထောက်များမှာလည်း တောင့်တင်းကာ နေရခက်နေကြောင်း ခံစားလိုက်ရလေသည်။

သူက ထချင်သော်လည်း ဆန့်တန်းနေသော ခြေထောက်များကြောင့် မထနိုင်ဘဲ မသိစိတ်အရ သူ၏ လက်များကိုသာ မြှောက်ထားလိုက်ရလေသည်။

“သောက်ကျိုးနည်း... ဒီတစ်ခါတော့ တကယ် ပြန်ရှင်လာပြီဟေ့...”

“ဖုတ်ကောင်... ဖုတ်ကောင်ကြီး... ပြေးကြဟေ့...”

ကြည့်ရှုနေသူအားလုံးမှာ ပိန်ပိန်ပါးပါးကျင့်ကြံသူ၏ အပြုအမူကြောင့် ကြောက်လန့်သွားကြလေတော့ သည်။ မည်သို့ပင်ဆိုစေ သူ၏ လက်ရှိအပြုအမူက လဲလျောင်းနေသော ဖုတ်ကောင်တစ်ကောင်နှင့် တူ နေသည် မဟုတ်ပါလော။

ဘေးတွင်ရှိနေသော ဝတုတ်တုတ်ကျင့်ကြံသူပင်လျှင် သူ၏ဂျူနီယာညီလေး၏ အပြုအမူကြောင့် လန့်ဖျပ်သွားခဲ့လေသည်။

“ဂျူနီယာညီလေး... ဂျူနီယာညီလေး... မင်း... မင်းက ဘယ်လိုလုပ် အသက်ရှင်နေတာလဲ...”

ဝတုတ်တုတ်ကျင့်ကြံသူ၏ မေးခွန်းကို ကြားသောအခါ ပိန်ပိန်ပါးပါးကျင့်ကြံသူက ပြန်ဖြေချင်သော် လည်း 'အရသာလေးမျိုး တိဟွမ်ဆေးလုံး' ၏ အာနိသင်များ မပြယ်သေးသောကြောင့် ခါးနေသလား အခြားအရသာတစ်ခုခုလားဟု မခွဲခြားတတ်တော့သည့် အရသာတစ်ခုကို သည်းခံနေရသဖြင့် စကား ပင်ပြန်မပြောနိုင်တော့ပေ။

သူလုပ်နိုင်သည်မှာ ရှူးရှူးရှဲရှဲ အသံများသာ ပြုလုပ်နေရန်ဖြစ်သည်။

ဤမြင်ကွင်းက ကြည့်ရှုနေသူများကို အလွန်အမင်း ကြောက်ရွံ့သွားစေပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကုန်ကြတော့သည်။

ဝတုတ်တုတ်ကျင့်ကြံသူမှာ သူ၏ဂျူနီယာညီလေးက သေချင်ယောင်ဆောင်နေသလား တကယ်သေ သွားပြီလား ဆိုသည်ကို မသေချာတော့ပေ။

သေချာသည်မှာ သူ့ရှေ့ရှိ ဂျူနီယာညီလေးသည် ဖုတ်ကောင်တစ်ကောင်နှင့် အလွန်တူနေသည်ဟူသော အချက်ပင် ဖြစ်ချေတော့သည်။

“သရဲ... သရဲကြီးဟေ့...”

ထိုသို့ အော်ဟစ်ပြီးနောက် ဝတုတ်တုတ်ကျင့်ကြံသူကလည်း လူအုပ်ကြီးနှင့်အတူ စတင်ထွက်ပြေး တော့လေသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ပိန်ပိန်ပါးပါးကျင့်ကြံသူမှာလည်း သူ၏စီနီယာ အစ်ကို ထွက်သွားသည်ကို ကြည့်ကာ စိုးရိမ်ပူပန်လာခဲ့လေသည်။

သူက သူ၏လက်များကို မြေပြင်ပေါ်သို့ အားကုန်ဆောင့်ချလိုက်ပြီး တွန်းကန်အားကို အသုံးပြုကာ မတ်တတ်ရပ်လိုက်သည်။ ခြေထောက်များ ဆန့်တန်းနေသဖြင့် ခြေတစ်လှမ်းမျှ လှမ်း၍မရသောကြောင့် ပိန်ပိန်ပါးပါးကျင့်ကြံသူက သူ၏စီနီယာအစ်ကိုအား မီစေရန် ခုန်ဆွခုန်ဆွဖြင့်သာ လိုက်သွားနိုင်တော့ သည်။

ထိုသို့ဖြင့် လင်းရွှီမြို့၏ လမ်းမများပေါ်တွင် ဤမြင်ကွင်းကြီး ပေါ်ပေါက်လာခဲ့လေသည်။

လူတစ်စုမှာ တစ်စုံတစ်ခုကို ကြောက်လန့်နေပုံရကာ အသက်လု၍ ရှေ့မှ ပြေးလွှားနေကြလေသည်။ လူအုပ်ကြီး၏ နောက်ကို ကြည့်လိုက်သောအခါ သူတို့၏ ကြောက်ရွံ့မှု အရင်းအမြစ်ကို တွေ့လိုက်ရ လေသည်။

မျက်လုံးများ ပြူးကျယ်နေပြီး ခုန်ဆွခုန်ဆွ သွားနေသော လူပုံစံသတ္တဝါတစ်ကောင်က လူအုပ်ကြီး ၏နောက်မှ ကပ်လျက် လိုက်ပါလာခြင်းပင်ဖြစ်လေသည်။

ဤမြင်ကွင်းကို တွေ့မြင်ရသောအခါ အခြေအနေကို မသိသော လမ်းသွားလမ်းလာများကလည်း အကြောက်လွန်ကာ ထွက်ပြေးနေသည့် လူအုပ်ကြီးထဲသို့ ဝင်ရောက်ပူးပေါင်းသွားခဲ့ကြလေသည်။

ရပ်နေဆဲဖြစ်သော လင်းဖန်က အဝေးတွင် အရူးအမူး ပြေးလွှားနေသည့် လူအုပ်ကြီးကို ကြည့်ကာ စကားပင်မဆိုနိုင်တော့ဘဲ သူ၏ နားထင်များကိုသာ ပွတ်သပ်နေလိုက်တော့သည်။

“ဟူး... တကယ့်ကို ရှုပ်ထွေးနေတာပဲ...”

“ကျင့်ကြံသူတစ်ယောက်က ဖုတ်ကောင်တွေကို ကြောက်ရတယ်လို့... အဲဒီဖုတ်ကောင်ဆိုတာကလည်း အသက်ရှင်နေတဲ့လူတွေက ဟန်ဆောင်ထားတာကိုများ...”

ရုတ်တရက် ညည်းညူနေသော လင်းဖန်၏ ခေါင်းထဲ၌ အလင်းတစ်ပွင့် လင်းလက်သွားပြီး အကြံတစ်ခု ရလာခဲ့လေသည်။

*ဟင်... ငါက ခြေဆန့်မျက်လုံးပြူးဆေးလုံးတွေကို နည်းနည်းလောက် ပိုသုံးလိုက်ရင် ဖုတ်ကောင်တွေ ကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပြီ မဟုတ်ဘူးလား...*

*တကယ်လို့ အလောင်းထိန်းချုပ်ရေးဂိုဏ်းတစ်ခုကို တည်ထောင်လိုက်ရင် အင်မော်တယ်ဘုံမှာ နာမည် ရဖို့ လွယ်ကူသွားမှာ မဟုတ်ဘူးလား...*

*ဝိုး... ဖုတ်ကောင်လှိုင်းလုံးကြီး လာနေပြီဟေ့... ဒီအင်မော်တယ်တွေ သွေးပျက်သွားလောက်တယ်...*

ဤအကြောင်းကို တွေးမိသောအခါ “ခြေဆန့်မျက်လုံးပြူးဆေးလုံး” ၏ မိတ်ဆက်တွင် ဖော်ပြထားသော လျှို့ဝှက်ချက်များဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း လင်းဖန် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

အကယ်၍ သည်ဆေးလုံးသာ အလောင်းများကို ထိန်းချုပ်သည့် မကောင်းဆိုးဝါး ကျင့်ကြံသူတစ်ဦး၏ လက်ထဲတွင် ရှိနေပါက အလောင်းများကို ပိုရှာဖွေရုံမျှဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားကို လျင်မြန်စွာ မြှင့်တင်နိုင်ပြီး ဖုတ်ကောင်တပည့်များစွာကို လေ့ကျင့်ပေးနိုင်မည် မဟုတ်ပါလော။

All Chapters