← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း (၂၇၄) မင်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ

ထိုနှစ်ယောက်သည် လင်းဖန် ရုတ်တရက် ထွက်ပေါ်လာခြင်းကို အလေးအနက် မထားခဲ့ကြပေ။ ဝိညာဉ် ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်မှာ သူ၏ ဝိညာဉ်ချုပ်နှောင်ကြိုးများကို ယာယီ ဆုံးရှုံးသွားရသော် လည်း သူ့တွင် တိုက်ခိုက်ရန် အခြားနည်းလမ်းများ ရှိနေသေးသည်။

သူ၏အမြင်တွင် အင်မော်တယ်အရှင်ပေါက်စလေးတစ်ဦးအတွက် သူ၏ နာမည်ကြီး မှော်ရတနာကို လုံးဝ ထုတ်သုံးနေစရာ မလိုဘဲ မျက်တောင်တစ်ခတ်အတွင်း အလွယ်တကူ အနိုင်ယူနိုင်ပေသည်။

အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုသည် ခုခံနိုင်စွမ်း ကင်းမဲ့နေသော်လည်း သာမန် အင်မော်တယ်အရှင် တစ်ပါးက သူ၏ကာကွယ်ရေးများကို ထိုးဖောက်နိုင်မည်ဟု သူ မယုံကြည်ပေ။

အင်မော်တယ်အရှင် အင်မော်တယ်ဘုရင် အင်မော်တယ်ဧကရာဇ် အင်မော်တယ်အရှင်ကြီး စသည့် အဓိကအဆင့်တိုင်း၏ ကြားတွင် ဖြတ်ကျော်၍မရသော ကြီးမားသည့် ကွာဟချက်ကြီး ရှိနေပေသည်။

ကျင့်ကြံသူများသည် အင်မော်တယ်အရှင်အဆင့်များထက် ကျော်လွန်နေသော ရန်သူများကို သတ်ဖြတ် ခြင်းမှာ မထူးဆန်းသော်လည်း ဤသို့ပြုလုပ်နိုင်ခြင်းကတော့ တကယ်ကို မှတ်သားလောက်စရာပင် ဖြစ်သည်။

အကယ်၍ မင်းက အင်မော်တယ်အရှင်တစ်ပါး ဖြစ်လာပြီးနောက် ကိုယ့်အဆင့်ထက် မြင့်တဲ့ ရန်သူတွေ ကို သတ်ချင်သေးတယ်ဆိုရင် စောစောလေး သွားအိပ်လိုက်တာ ပိုကောင်းမယ်... အိပ်မက်ထဲမှာတော့ ဘာမဆို ရနိုင်တယ်လေ...

အင်မော်တယ်ဘုံ၏ နှစ်ပေါင်းများစွာ သမိုင်းကြောင်းတစ်လျှောက်တွင် အင်မော်တယ်အရှင်အဆင့်သို့ ရောက်ရှိပြီးနောက် သူတို့ထက် အဆင့်မြင့်သော ရန်သူများကို အနိုင်ယူနိုင်ခဲ့သူများ ရှိခဲ့ဖူးလေသည်။ သို့သော် သူတို့က ယခုအချိန်တွင် မည်ကဲ့သို့သော လူမျိုးများဖြစ်နေသနည်းဟု ကြည့်လိုက်ပါ။

ထိုသူတော်စင်များသည် အင်မော်တယ်အရှင်များ ဖြစ်စဉ်ကပင် ဤသို့ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သင့်သည်။ ကြီးမြတ်သော အင်မော်တယ်ဘုံကြီး ဆယ့်နှစ်ခု၏ ထိပ်တန်း အင်မော်တယ်အရှင်ကြီး ဆယ့်နှစ်ပါးသည် လည်း သူတို့ အင်မော်တယ်အရှင်များဖြစ်စဉ်က ဤသို့သော အောင်မြင်မှုမျိုးကို ရရှိနိုင်ခဲ့ကောင်း ရရှိနိုင် ခဲ့ပေလိမ့်မည်။ သို့သော် အခြားမည်သူတစ်ဦးတစ်ယောက်မှ ထိုသို့ မစွမ်းဆောင်နိုင်ခဲ့ကြပေ။

ဤအချိန်တွင် အင်မော်တယ်ဘုရင် နှစ်ပါးသည် လင်းဖန်၏ စကားများကို ကြားပြီးနောက် ခဏတာ ကြောင်အသွားကြသော်လည်း ပြန်လည်သတိဝင်လာခဲ့ကြလေသည်။

အဖြူရောင်ဝတ်ရုံနှင့် အဘိုးအို စကားမပြောနိုင်ခြင်းက တစ်ကဏ္ဍဖြစ်သည်။ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် သာမန် အင်မော်တယ်အရှင်တစ်ပါး၏ ရန်စခြင်းကို ခံလိုက်ရသောကြောင့် ဆွံ့အ နားမကြားဟန်ဆောင်နေမည် မဟုတ်သည်မှာ သေချာလှပေသည်။ သူက လင်းဖန်အား နောက် ပြောင်လိုသော အမူအရာဖြင့် ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။

“ဟားဟား... မင်းက မေးဖို့ မေ့သွားတာလား... အို... ငါမေးဖို့ မေ့သွားတာ...”

“ဒါဆို အခု ငါမင်းကို မေးဖို့ အချိန်မနှောင်းသေးပါဘူး... ငါဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင် က မင်းရဲ့ရှောင်ယင်လေးကို အနိုင်ကျင့်ချင်တယ်... သာမန် အင်မော်တယ်အရှင် ကျင့်ကြံသူလေးဖြစ်တဲ့ မင်းက အဲဒါကို သဘောတူလား...”

“ဒါမှမဟုတ် တခြားနည်းနဲ့ မေးလိုက်မယ်... မင်း သဘောမတူဘဲ နေရဲလို့လား...”

ဤအချိန်တွင် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်ရတနာ ထိန်းချုပ်မှု ကင်းမဲ့သွားစက ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုများ မရှိတော့ပေ။

*ငါက ရှောင်ယင်ဆီကနေ ဘာမှလုပ်လို့ မရလို့ ရတနာလေး ပြန်ရဖို့အတွက် သူ့ကို မြှောက်ပင့်ပြီး လှည့်စားဖို့ ကြိုးစားခဲ့ရုံပါ...*

ယခု ဤရတနာဝိညာဉ်၏ ပိုင်ရှင်ရောက်လာပြီဖြစ်ပြီး သူသည် အင်မော်တယ်အရှင်ပေါက်စလေးသာ ဖြစ်နေသဖြင့် သူဘာကြောင့် စိုးရိမ်နေရမည်နည်း။

*ရုပ်ဝတ္ထုပိုင်းနှင့် မှော်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိသော ဤရတနာဝိညာဉ်ကို မင်းမ ထိန်းချုပ်နိုင်ရင်တောင် သာမန် အင်မော်တယ်အရှင်တစ်ပါးကို မင်း မထိန်းချုပ်နိုင်တော့ဘူးလား...*

ဤအင်မော်တယ်အရှင်က ဤရတနာဝိညာဉ်ကဲ့သို့ ရုပ်ဝတ္ထုပိုင်းနှင့် မှော်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိမည်ဟု သူ လုံးဝ မယုံကြည်ပေ။

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်၏ ရန်စသော စကားများကို ကြားလိုက်ရသော လင်းဖန်မှာ အထင်ကြီးခံရရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သဖြင့် ဒေါသထွက်ကာ ရှက်ရွံ့သွားတော့သည်။

“ဟေ့ကောင်... ငါ့ဒေါသက သိပ်မရှည်ဘူးနော် ငါက...”

လင်းဖန် စကားမဆုံးမီမှာပင် ရှောင်ယင်ကလည်း ဝင်ပြောလိုက်လေသည်။

“ဟေ့ အဘိုးအိုကြီး... ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား... မင်းရဲ့ ဆွေစဉ်မျိုးဆက်တွေကို ပြင်ဆင်ပြီးပြီလား...”

“ငါဆဲပြီနော်...”

ရှောင်ယင်သည် သူ၏ ကွဲအက်နေသော အသံကြီးဖြင့် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်၏ မိသားစုအား လှိုက်လှဲစွာ နှုတ်ခွန်းဆက်သလိုက်လေသည်။ ဤအရာက ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော် တယ်ဘုရင်၏ မျက်နှာကို စိမ်းလိုက် နီလိုက် ဖြစ်သွားစေခဲ့လေသည်။

သူက ပြန်လည်တုံ့ပြန်ရန် အကြိမ်အနည်းငယ် ပါးစပ်ဟလိုက်သော်လည်း မည်သို့စတင်ရမည်ကို မသိ ခဲ့ပေ။ ဤအချိန်တွင် သူ၏ခေါင်းထဲ၌ ဟာလာဟင်းလင်း ဖြစ်နေပြီး ငှက်၏ ဆွေစဉ်မျိုးဆက်ထဲတွင် မည်သည့်အရာများ ရှိနေကြောင်းကို သူတကယ်ပင် မသိပေ။

ကြောင်အသွားသော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် ရုတ်တရက် လင်းဖန်ထံသို့ အကြည့်ကို လှည့်လိုက်သည်။

“မင်း... ဒီတိရစ္ဆာန်ကို အခုချက်ချင်း ပါးစပ်ပိတ်ဖို့ ပြောလိုက်စမ်း...”

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်၏ အမိန့်ပေးသည့် လေသံကို ကြားသောအခါ လင်းဖန်က လျစ်လျူသာ ရှုထားလိုက်လေသည်။ သူက မိုးကောင်ကင်သို့ မော့ကြည့်ကာ လေချွန်နေလိုက်၏။

ရှောင်ယင်သည် “တိရစ္ဆာန်” ဟူသောစကားလုံးကို ကြားပြီးနောက် ပို၍ပင် ပြင်းထန်စွာ ဆဲဆိုလာ လေတော့သည်။

“မင်း %¥ တီးတီးတီး...”

“မင်းက ဘယ်သူ့ကို တိရစ္ဆာန်လို့ ခေါ်နေတာလဲ... အဘိုးအိုကြီး မင်းကသာ တိရစ္ဆာန်...”

“သွားပြီး မင်းရဲ့ ဘိုးဘေးတွေကို ထပ်အသိအမှတ်ပြုလိုက်ဦး... မင်းရဲ့ ဆွေစဉ်မျိုးဆက်က အခုတောင် ငါ့ရဲ့ ဆဲဆိုမှုတွေနဲ့ ပြည့်လျှံနေပြီ...”

ပို၍ပို၍ ရိုင်းစိုင်းလာသော ဆဲဆိုမှုများကို ကြားပြီး လင်းဖန်ကလည်း သူ့အား လျစ်လျူရှုထားသည်ကို မြင်သောအခါ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်မှာ ဆက်၍ သည်းမခံနိုင်တော့ပေ။

ရုတ်တရက် သူ၏လက်ဝါးထဲတွင် အပြာရင့်ရောင် မီးတောက်တစ်ခု ပေါ်လာပြီးနောက် လင်းဖန်ထံသို့ ပစ်လွှတ်လိုက်လေသည်။ ၎င်းမှာ ထင်ရှားသော မီးတောက်တစ်ခု ဖြစ်သော်လည်း အပြာရင့်ရောင် မီးတောက်က ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် အေးစက်သော လေထုကို ချန်ရစ်ထားခဲ့ရာ ဤမီးတောက်မှာ သာမန်မဟုတ်ကြောင်း သိသာထင်ရှားနေပေသည်။

အနီးအနားတွင် မလှုပ်မရှားနိုင်ဖြစ်နေသော အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုပင်လျှင် မီးတောက်များကို မြင်သောအခါ မျက်ခွံများ တဆတ်ဆတ် ခုန်သွားရပြီး ဤမီးတောက်များက အင်မော်တယ်ဘုရင် တစ်ပါးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ကြောင်း ပြသနေခဲ့ပေသည်။

သို့သော်လည်း လင်းဖန်က သူ၏ဆီသို့ တိုးဝင်လာသော မီးတောက်များရှေ့တွင် လုံးဝ တည်ငြိမ် နေခဲ့လေသည်။

“ဟက်... မီးနဲ့ ကစားနေတာလား... မင်းနဲ့ အဆင့်တူတဲ့လူကို မင်းနောက်ဆုံးတော့ တွေ့သွားပြီပဲ...”

ထိုသို့ပြောပြီးနောက် လင်းဖန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရပြီး အလျင်အမြန် တံတွေးထွေးလိုက်လေသည်။

“တောက်... မင်းကို ငါ့ရဲ့ ဘိုးဘေးတစ်ယောက်လို ဆက်ဆံလို့ မရဘူး... မဟုတ်ရင် ရှောင်ယင်ဆဲတာကို ငါခံရလိမ့်မယ်...”

ထိုသို့ပြောရင်း လင်းဖန်က ရွှေကျီးကန်း လွှမ်းမိုးခြင်း စွမ်းရည်ကို ချက်ချင်း သက်ဝင်စေလိုက်လေ သည်။

ရွှေကျီးကန်း လွှမ်းမိုးခြင်းကို သက်ဝင်စေလိုက်သည်နှင့် လင်းဖန်သည် မီးတောက်များအပေါ် အဆုံးစွန် ထိန်းချုပ်မှုကို ရရှိသွားခဲ့လေသည်။

အပြာရင့်ရောင် မီးတောက်က လင်းဖန်ထံသို့ ချဉ်းကပ်လာသောအခါ သူ၏ရှေ့တွင် ရုတ်တရက် ရပ်တန့် သွားခဲ့လေသည်။ လင်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ အပြာရင့်ရောင် မီးတောက် က သူ၏လက်ဝါးထဲတွင် နာခံမှုရှိစွာ ရပ်တန့်သွားနေလေတော့သည်။

တစ်ချိန်တည်းမှာပင် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်မှာလည်း မီးတောက်များအပေါ် ထိန်းချုပ်မှု လုံးဝ ဆုံးရှုံးသွားလေတော့သည်။

“ဟားဟား.. မင်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ... ငါတို့တွေ့တွေ့ချင်းပဲ ငါ့ကို လက်ဆောင် ပေးတယ်...”

“ပထမတော့ သူတို့က ငါ့ရဲ့ရှောင်ယင်ကို ကောင်းမွန်တဲ့ မှော်ရတနာတစ်ခု ပေးခဲ့တယ်... အခုတော့ သူတို့က ငါ့ကို အထူးမှော်မီးတောက်တစ်ခု ထပ်ပေးပြန်ပြီ... ငါနည်းနည်းတောင် အားနာလာပြီ...”

ထိုသို့ပြောရင်း လင်းဖန်သည် တကယ်ပင် အားနာနေသည့်ပုံစံ ပေါက်နေလေသည်။

ဤမြင်ကွင်းက သူအလွန်ချစ်မြတ်နိုးရသည့်အရာကို ဆုံးရှုံးလိုက်ရသော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်အား သွေးတစ်လုတ် အန်သွားစေခဲ့သည်ပင်။

“အား... ငါမင်းကို သတ်မယ်...”

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် ဝါရင့် လက်နက်ဖန်တီးသူတစ်ဦး ဖြစ်လေသည်။ ဆိုင်းဘုတ် အဖျက်ဆီးခံလိုက်ရသော သူ၏ဆိုင်တွင် သူကိုယ်တိုင် ဖန်တီးထားသော အင်မော်တယ် ရတနာများကိုသာ အများဆုံး ရောင်းချလေ့ရှိပေသည်။

သူသည် စွမ်းအားကြီးမားသော အင်မော်တယ်ရတနာဖြစ်သည့် ဝိညာဉ်ချုပ်နှောင်ကြိုးကို ပိုင်ဆိုင်ထား ကြောင်း လူတိုင်းသိသော်လည်း ဤအထူးအင်မော်တယ်မီးတောက်ကို သူ၏ နောက်ဆုံးတိုက်ကွက် အဖြစ် ပိုင်ဆိုင်ထားကြောင်း သိသူ အလွန်နည်းပါးပေသည်။

ဝိညာဉ်ချုပ်နှောင်ကြိုးများကို ဤအထူးအင်မော်တယ်မီးတောက်အား အသုံးပြု၍ ကံကောင်းသော အခွင့်အရေးတစ်ခုမှတစ်ဆင့် သူ ဖန်တီးခဲ့ခြင်းဖြစ်လေသည်။

ယခု တစ်ရက်တည်းအတွင်းမှာပင် သူသည် နာမည်ကြီး မှော်ရတနာဖြစ်သော ဝိညာဉ်ချုပ်နှောင်ကြိုးနှင့် သူ၏ နောက်ဆုံးတိုက်ကွက်ဖြစ်သော ဆန်းကြယ်မီးတောက် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံး လိုက်ရလေသည်။

ဤအရာက သူ့ကို ယခင်ကကဲ့သို့ အေးအေးဆေးဆေး နေနိုင်ရန် မဖြစ်နိုင်တော့ပေ။ မာန်မဲသံ နှင့်အတူ သူ၏လက်ထဲတွင် အခြားအင်မော်တယ်ဓားတစ်လက် ပေါ်လာပြီး လင်းဖန်ကို တိုက်ခိုက်လေတော့ သည်။ လင်းဖန်ကလည်း အသစ်ရရှိထားသော အင်မော်တယ်မီးတောက်ကို ထိန်းချုပ်ကာ တန်ပြန် တိုက်ခိုက်လိုက်လေသည်။

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် သူ၏ မူလအင်မော်တယ်မီးတောက်၏ စွမ်းအားကို ရှင်းလင်းစွာ သိရှိထားသဖြင့် သူ၏ အင်မော်တယ်ဓားကို ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲပေ။ ထို့

ကြောင့် လင်းဖန်ထံသို့ ဓားအရှိန်အဝါများ ပစ်လွှတ်ရန် အင်မော်တယ်ဓားကို ဝှေ့ယမ်းရင်း ဆုတ်ခွာ ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

လင်းဖန်ကတော့ တည်ငြိမ်နေဆဲပင်ဖြစ်ပေသည်။

အင်မော်တယ်မီးတောက်ကို သိမ်းဆည်းလိုက်ပြီးနောက် သူသည် ဟင်းလင်းပြင် လွှမ်းမိုးခြင်း စွမ်းရည် ကို ချက်ချင်း သက်ဝင်စေလိုက်သည်။ ထို့နောက် တစ်ဖက်လူ၏ ဓားအရှိန်အဝါကို သူ၏ခန္ဓာကိုယ်အား တိုက်ခိုက်ခွင့်ပြုလိုက်လေသည်။ လင်းဖန်သည် ရလဒ်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်ထံမှ ထွက်ပေါ်လာသော ဓားအရှိန်အဝါက သူ၏ ဝိညာဉ် ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော ဓားရာတစ်ခုကို ချန်ရစ်ထားခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် လင်ရွှီမြို့၏ မြေပြင်သည် အတော်လေး ခိုင်မာပေသည်။

အကယ်၍ ဤနေရာသာ အပြင်ဘက်တွင်ဆိုပါက ဤဓားအရှိန်အဝါက ချောက်ကမ်းပါးတစ်ခုကို ဖြစ်ပေါ်စေနိုင်လောက်ပေသည်။ အကယ်၍ ဤအရာသာ ထျန်းယွမ်တိုက်ကြီးတွင် ဖြစ်ပျက်ခဲ့ပါက တိုက်ကြီးတစ်ခုလုံး ကျိုးပျက်သွားနိုင်လောက်ပေသည်။

“ဝိုး... ဒါက အင်မော်တယ်ဘုရင်တစ်ပါးရဲ့ တိုက်ခိုက်ရေးစွမ်းအားလား... ငါအရမ်းကြောက်သွား တာပဲ... မင်း ဒီနေ့ ထမင်းမစားခဲ့ရဘူးလားလို့တောင် ငါစိုးရိမ်မိသွားတယ်...”

“မင်းက ငါလို သာမန် အင်မော်တယ်အရှင်ကိုတောင် မထိခိုက်စေနိုင်ဘူးလား... ဒီနေ့ ညစာအတွက် မင်း မစင်စားခဲ့တာလား...”

လင်းဖန်က သူ့ကို ရင်ဆိုင်ရဲရသည့် အဓိကအကြောင်းရင်းမှာ ရှောင်ယင်၏ မီးနှင့်စမ်းသပ်မှု ရလဒ်များ ကို မြင်တွေ့ခဲ့ရသောကြောင့်ပင်ဖြစ်လေသည်။ အကယ်၍ အင်မော်တယ်ဘုရင်၏ အင်မော်တယ် နည်းစနစ်များက ဝိညာဉ်အခြေအနေတွင်ရှိသော ရှောင်ယင်ကို မထိခိုက်စေနိုင်ပါက ဝိညာဉ်အခြေအနေ တွင်ရှိသော သူ့ကိုလည်း သေချာပေါက် ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ။

နောက်ကြောင်းပြန်လှည့်ကြည့်ပါက သူ မှန်ကန်ခဲ့လေသည်။

သူ၏ အင်မော်တယ်အရှင် အခြေအနေတွင် အသုံးပြုထားသော ဟင်းလင်းပြင်အခြေအနေမှာ အင်မော် တယ်ဘုရင်တစ်ပါးအတွက် ထိခိုက်စေ၍မရနိုင်ပေ။

အင်မော်တယ်ဧကရာဇ် သို့မဟုတ် အင်မော်တယ်အရှင်ကြီးကရော ထိခိုက်အောင် လုပ်နိုင်ပါသလား...

ရှောင်ယင်ကို ဤအရာအား သူကိုယ်တိုင် စမ်းသပ်ခွင့်ပေးရန် အခြားအခွင့်အရေးတစ်ခု ထပ်ရှာကြည့် ရပေမည်။ သူ၏ အလုပ်ကြိုးစားသော အိမ်မွေးတိရစ္ဆာန်လေးဖြစ်သည့်အားလျော်စွာ သူ၏ အန္တရာယ် အချို့ကို ယူပေးခြင်းက မှန်ကန်သည်သာ ဖြစ်ပေသည်။

All Chapters