← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း (၂၇၆) လက်နက်ချမှာလား မချဘူးလား

လင်းဖန်က အကြံအစည် အောင်မြင်သွားပြီးနောက် အဘယ်ကြောင့် အင်မော်တယ်လှည့်စားခြင်း အစီအရင်ကို ဖန်တီးခဲ့ပါသနည်းဆိုလျှင်...

၎င်းမှာ သေချာပေါက် သူတို့၏ အကြံအစည်ကို ဖုံးကွယ်ရန်အတွက်ပင် ဖြစ်သည်။ အဝေးမှနေ၍ စောင့်ကြည့်နေကြသော လမ်းသွားလမ်းလာ တော်တော်များများ ရှိနေသည်။ အကယ်၍ ဤလှုပ်ရှားမှု အကြောင်း သတင်းပေါက်ကြားသွားလျှင်ပင် ရန်သူက ဟင်းလင်းပြင် အဆောင်ပြားကိုသာ အာရုံစိုက် နေဖို့ အများဆုံး ဖြစ်နိုင်ချေရှိပေသည်။

နောက်တစ်ကြိမ်တွင် သူသာ အခြားတစ်ခုခုကို ပစ်ချလိုက်ပါက ဤလှည့်ကွက်ကိုပင် ဆက်လက် အသုံးပြုနိုင်ပေသည်။

သူ၏ပတ်ဝန်းကျင်ရှိ အန္တရာယ်ကို ခံစားသိရှိပြီးနောက် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် အန္တရာယ်၏ အရင်းအမြစ်ကို စုံစမ်းရန် မှော်နည်းစနစ်များ စတင်ထုတ်ဖော်တော့သည်။

သူက အရပ်မျက်နှာအနှံ့သို့ ရမ်းသန်း တိုက်ခိုက်လိုက်သောအခါ နောက်ဆုံးတွင် သူ့ကို ခြိမ်းခြောက်မှု ခံစားရစေသည့်အရာကို သူတွေ့လိုက်ရသည်။ ဟင်းလင်းပြင်တံခါးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့၏အနောက်ရှိ မသိနိုင်သော နယ်မြေမှာ သူ၏ကြောက်ရွံ့မှု အရင်းအမြစ်ပင် ဖြစ်ပေသည်။

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် ပုံပန်းသဏ္ဍာန် ထင်ရှားလာသော ဟင်းလင်းပြင်တံခါး များကို ဆက်လက် တိုက်ခိုက်ခဲ့ပြီး သူ့ကို ထိတ်လန့်စေသောအရာကို ချိုးဖျက်ရန် ကြိုးစားတော့သည်။ သို့သော် သူ၏ တိုက်ခိုက်မှုများက ကိုယ်ပျောက်အခြေအနေတွင်ရှိသော ဟင်းလင်းပြင်တံခါးများကို မြင်သာလာစေရုံသာ တတ်နိုင်ပြီး အနည်းငယ်မျှပင် ထိခိုက်ပျက်စီးအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။

ထုတ်ဖော်လိုက်သော တိုက်ခိုက်မှုများအားလုံးမှာ စုပ်ယူခြင်းခံလိုက်ရလေသည်။

ဟင်းလင်းပြင်တံခါး အမြောက်အမြားဖြင့် ဝန်းရံခံထားရသော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ် ဘုရင်က သူ၏အကြည့်ကို ကောင်းကင်သို့ မော့ကြည့်လိုက်လေသည်။

သို့သော် သူ၏မှော်နည်းစနစ်ကို ထုတ်ဖော်လိုက်သောအခါ ကောင်းကင်ယံတွင်လည်း ဟင်းလင်းပြင် တံခါးတစ်ခု ထွက်ပေါ်လာခဲ့သည်။

*ဒါက တကယ်ကို လမ်းပိတ်သွားတာပဲ...*

အခြားသွားစရာလမ်း မရှိတော့သဖြင့် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က နောက်ဆုံးတွင် သူ၏အကြည့်ကို မြေပြင်သို့ ငုံ့ကြည့်လိုက်လေသည်။

သို့သော် သူက မြေပြင်ကို တစ်ချက်မျှသာ ကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်လေ သည်။ လင်းဖန် မြေပြင်ပေါ်တွင် ထားရှိခဲ့သော ဟင်းလင်းပြင်တံခါး မရှိသည်မှာ မှန်ပါသည်။ သို့သော် လင်ရွှီမြို့၏ မြေပြင် မည်မျှ မာကျောကြောင်းကို ယခုလေးတင် သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်ပင်။ သူထုတ်လွှတ်လိုက်သော ဓားအရှိန်အဝါက မြေပြင်ပေါ်တွင် ဓားရာတစ်ခုကိုသာ ချန်ရစ်ထားနိုင်ခဲ့သည်။

မြေအောက်မှတစ်ဆင့် လွတ်မြောက်ရန်ဆိုသည်မှာ ကာလတိုအတွင်း ဖြစ်နိုင်ချေရှိပုံ မပေါ်ပေ။

အစွမ်းအစမဲ့ကာ ဒေါသထွက်နေသော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်ကို ကြည့်ရင်း လင်းဖန်က ရယ်မောလိုက်လေသည်။

“မင်းက ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင် မဟုတ်လား... မင်းငါ့ရဲ့ ကောင်းကင်နဲ့မြေကြီး ပိုက်ကွန်ကို မဖောက်ထွက်နိုင်ဘူးလေ... အခု လက်နက်ချလိုက်တာ ပိုကောင်းမယ်...”

လင်းဖန်၏ ဖျောင်းဖျစကားများကို ကြားသော်လည်း ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်မှာ တိတ်ဆိတ်နေပြီး မည်သို့လွတ်မြောက်ရမည်ကို သူ၏စိတ်ထဲတွင် အဆက်မပြတ် စဉ်းစားနေခဲ့လေ သည်။

လင်းဖန် ပြန်မဖြေသည်ကို မြင်သောအခါ ဘေးတွင်ရပ်နေသော ရှောင်ယင်ကလည်း ဝင်ပြောလေသည်။

“ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်... ငါက... အင်မော်တယ်ပဲ... လက်နက်ချမှာလား မချဘူး လား... ငါ့ကို တည့်တည့်ဖြေ...”

“မင်း ဝိုင်းရံခံထားရပြီ... မင်းရဲ့လက်နက်တွေကို ချပြီး အညံ့ခံလိုက်ပါ... ဒါက မင်းအတွက် တစ်ခုတည်း သော ထွက်ပေါက်ပဲ...”

ရှောင်ယင်၏ ကွဲအက်နေသော အသံကြီးက နက်ရှိုင်းစွာ စဉ်းစားနေသော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်အား အနှောင့်အယှက် ဖြစ်စေခဲ့ပေသည်။

“လက်နက်တွေကို ချလိုက်ပါ” ဟူသော စကားလုံးက သူ့ကို စကားမပြောနိုင် ဖြစ်သွားစေခဲ့ပေသည်။

*သူ့မှာ အခြားဘယ်လက်နက်တွေ ရှိနေသေးလို့လဲ... ။*

နာမည်ကြီး အင်မော်တယ်ရတနာဖြစ်သော ဝိညာဉ်ချုပ်နှောင်ကြိုးနှင့် နောက်ဆုံးတိုက်ကွက်ဖြစ်သော အင်မော်တယ်မီးတောက်မှာ ထုတ်လွှတ်ပြီးနောက် ရန်သူကို မထိခိုက်စေနိုင်သည့်အပြင် ရန်သူကိုပင် ကူညီပေးသလို ဖြစ်သွားခဲ့လေသည်။

ရန်သူက အင်မော်တယ်လှည့်စားခြင်း အစီအရင်ပြားကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး သူ့အား ဤနေရာ မှာ ပိတ်လှောင်ကာ ဖမ်းသွားခဲ့လေသည်။

ဤအကြောင်းကို တွေးမိသောအခါ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင် ရုတ်တရက် ခဏတာ အေးခဲသွားပြီး သူ၏ခေါင်းကို အားပြင်းပြင်း ရိုက်ချလိုက်သည်။ သူ အလွန်မိုက်မဲခဲ့ကြောင်း သူ သတိပြု မိလိုက်လေသည်။

တစ်ဖက်လူ၏ အစီအရင်ပြားမှာ သူ၏ဘေးတွင် ရှိနေခဲ့ပေသည်။

*ဒီအစီအရင်ကို အင်အားသုံးပြီး မချိုးဖျက်နိုင်မှတော့ အစီအရင်ပြားဆီက ဖြေရှင်းချက်တစ်ခုကို ရှာကြည့်ကြတာပေါ့...*

*တစ်ဖက်လူက ငါ့ရဲ့ လက်နက်တွေကို သိမ်းယူနိုင်ရင် ငါကရော ဘာလို့ သူတို့ဆီက ပြန်မသိမ်းယူ နိုင်ရမှာလဲ...*

လက်နက်ဖန်တီးသူတစ်ဦးဆိုသည့် သူ၏အဆင့်အတန်းဖြင့် အင်မော်တယ်အရှင်တစ်ပါး၏ အစီ အရင်ပြားကို သူသန့်စင်၍ မရနိုင်ဟု လုံးဝ မယုံကြည်ပေ။

*အကယ်၍ ငါက အစီအရင်ပြားကို လက်ပြောင်းသွားအောင် အတင်းအကျပ် သန့်စင်လိုက်မယ်ဆိုရင် ငါ့ရဲ့ အခက်အခဲကနေ လွတ်မြောက်နိုင်ရုံသာမကဘဲ အခြေအနေကို ပြောင်းပြန်လှန်ပြီး ငါ့ရဲ့ ဝိညာဉ် ချုပ်နှောင်ကြိုးတွေနဲ့ အင်မော်တယ်မီးတောက်ကိုပါ ပြန်ယူဖို့အတွက် ဒါကို သုံးနိုင်မှာပဲ...*

ထို့နောက် လင်းဖန် အံ့အားသင့်သွားစေသည့်အရာမှာ...၊

အနီးကပ် လာတော့မည့် အောင်ပွဲအတွက် မျှော်လင့်ချက် မျက်နှာအမူအရာဖြင့် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က မြေပြင်ပေါ်မှ ဟင်းလင်းပြင် အဆောင်ပြားကို ကောက်ယူလိုက်ခြင်းဖြစ်လေ သည်။

ထို့နောက် လုံးဝကြောင်အသွားသော လင်းဖန်၏ အကြည့်အောက်တွင်ပင် ဟင်းလင်းပြင် အဆောင်ပြား ကို သန့်စင်ခြင်း စတင်လေတော့သည်။

လင်းဖန်၏ ဟင်းလင်းပြင် အဆောင်ပြားမှာ အခြေခံအားဖြင့် အခြားသူများထံ ထုတ်ပေးထားသော ဟင်းလင်းပြင် မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခွင့်လက်မှတ် ဖြစ်ပြီး သန့်စင်ရန် မခက်ခဲပေ။

မျက်တောင်တစ်ခတ်အတွင်း ဟင်းလင်းပြင် အဆောင်ပြားမှာ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ် ဘုရင်၏ သန့်စင်မှုကို အောင်မြင်စွာ ခံယူသွားတော့လေသည်။

“ဟားဟားဟား... ကောင်လေး မင်း ဒါကို မထင်ထားဘူးမလား... အခြေအနေက ပြောင်းပြန်ဖြစ်သွား ပြီ...”

“မင်းရဲ့ ဒီဟင်းလင်းပြင် အစီအရင်ပြားက အခု ငါ့ဟာဖြစ်သွားပြီ... နောက်တစ်ခုက...”

အဆောင်ပြားကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည့်အတွက် ရယ်မောနေသော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် စကားနှစ်ခွန်းမျှသာ ပြောပြီးနောက် ရုတ်တရက် အေးခဲသွားလေသည်။ သူ သန့်စင်လိုက်သော အဆောင်ပြားမှာ အစီအရင်ပြား လုံးဝ မဟုတ်ဘဲ သူလှည့်စားခံလိုက်ရကြောင်း သူ တွေ့ရှိသွားလေသည်။

“ဟင်... အံ့သြသွားလား... မထင်မှတ်ထားဘူးလား...”

“အခြေအနေက ပြောင်းပြန် မဖြစ်သွားပါဘူး... တကယ်တော့ မင်းအတွက် ပိုပြီးတောင် အဆင်မပြေ ဖြစ်သွားသေးတယ်... ဟားဟားဟား...”

တစ်ဖက်လူ ဘာတွေးနေသည်ကို သိရှိပြီးနောက် လင်းဖန်ကလည်း ရယ်မောလိုက်လေသည်။ အကယ် ၍ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က ဟင်းလင်းပြင် အဆောင်ပြားကို သန့်စင်မထားပါက တစ်ဖက်လူကို လတ်တလော ပိတ်လှောင်ထားနိုင်ရုံသာ တတ်နိုင်မည်ဖြစ်လေသည်။

သို့သော် ယခုတော့...၊

ရုတ်တရက် လင်းဖန်သည် သူ၏နေရာမှ ပျောက်ကွယ်သွားပြီး ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ် ဘုရင်၏ အနောက်တွင် ပြန်ပေါ်လာခဲ့လေသည်။

ထို့နောက် သူက သူ၏လက်ထဲရှိ လူသားလက်နက်ကို လွှဲယမ်းကာ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ် ဘုရင်ထံသို့ ရိုက်ချလိုက်လေတော့သည်။

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် လုံလောက်သော သတိထားမှု ရှိနေလျှင်ပင် လင်းဖန် သည် သူ၏အနောက်တွင် မျက်တောင်တစ်ခတ်အတွင်း တိတ်ဆိတ်စွာ ပေါ်လာခြင်းကို မတားဆီး နိုင် ခဲ့ပေ။

သူသည် အရိုက်ခံလိုက်ရပြီး ယိမ်းယိုင်သွားကာ အရှိန်ကြောင့် အရှေ့သို့ အတော်ဝေးဝေး လွင့်စင်သွား ခဲ့လေသည်။ အရှေ့ရှိ ဟင်းလင်းပြင်တံခါးနှင့် နီးကပ်လာသောအခါမှသာ သူကိုယ်သူ ဟန်ချက်ညီ အောင် ထိန်းနိုင်ခဲ့လေသည်။

သို့သော် လင်းဖန်ကို တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ရင်း သူလှည့်ကြည့်လိုက်သောအခါ လင်းဖန်ကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

ဤအချိန်တွင် လင်းဖန်သည် သူလှည့်ကြည့်ပြီးနောက် သူ၏အနောက်တွင် ထပ်မံပေါ်လာပြီး သူ၏ လူသားလက်နက်ကို ထပ်မံ လွှဲယမ်းလိုက်ပြန်လေသည်။

ဤသို့ဖြင့် ဤနေရာမှာ ဟင်းလင်းပြင်တံခါး အမြောက်အမြားဖြင့် ဝန်းရံခြင်းခံလိုက်ရပေသည်။

သူမြင်နိုင်သမျှမှာ လင်းဖန်က သူ၏နောက်တွင် အကြိမ်ကြိမ် ပြန်ပေါ်လာပြီး အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုဖြင့် ထင်ထင်ရှားရှား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နေခြင်းကိုသာ ဖြစ်လေသည်။

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်မှာ အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီး ခေါင်းမူးကာ မျက်စိလည် သွားပြီးနောက် လင်းဖန်၏ လွယ်ကူသော ပစ်မှတ်တစ်ခု ဖြစ်လာတော့သည်။

ဤရလဒ်အတွက် အဓိကအကြောင်းရင်းမှာ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်သည် ဟင်းလင်း ပြင် အဆောင်ပြားကို သန့်စင်ခဲ့ခြင်းကြောင့်ဖြစ်လေသည်။ ဟင်းလင်းပြင် အဆောင်ပြား၏ မူလ တည် နေရာမှတ် လုပ်ဆောင်ချက်ကိုလည်း လင်းဖန်က အကြိမ်ကြိမ် အဆင့်မြှင့်တင်ပြီးနောက် ပိုမို ကောင်း မွန်လာခဲ့လေသည်။

မူလ တည်နေရာမှတ် လုပ်ဆောင်ချက်မှာ လင်းဖန်အား ဟင်းလင်းပြင် အဆောင်ပြား၏ တည်နေရာသို့ ချက်ချင်း ရောက်ရှိသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုအခါတွင် ဟင်းလင်းပြင် အဆောင်ပြားကို ရှာဖွေရုံသာမကဘဲ အဆောင်ပြားကို သန့်စင်ထားသူကိုပါ ရှာဖွေနိုင်သည်ပင်။

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က သေချာပေါက် ဤစွမ်းရည်အကြောင်းကို မသိခဲ့ပေ။ သူ သိသမျှမှာ သူသန့်စင်ထားသော အဆောင်ပြားသည် သူ့ကို မသိနိုင်သော နေရာတစ်ခုသို့ အချိန်မရွေး ဝင်ရောက်နိုင်စေသည့် စွမ်းရည်ရှိကြောင်းသာ ဖြစ်လေသည်။

လင်းဖန်၏ မရေမတွက်နိုင်သော ရိုက်နှက်မှုများကို ခံရပြီးနောက် ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ် ဘုရင်သည် နောက်ဆုံးတွင် ဆက်၍ သည်းမခံနိုင်တော့ပေ။

*လေ့ကျင့်ရေးအိတ်ကြီးတစ်ခုလို အသုံးချခံရမယ့်အစား ငါ အဲဒီမသိရတဲ့ နယ်မြေထဲကို ဝင်သွားပြီး ထွက်ပေါက်ရှိမရှိ ကြည့်ရတာ ပိုကောင်းမယ်...*

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်က အဆောင်ပြားကို သက်ဝင်စေလိုက်သောအခါ သူသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။

ပျောက်ကွယ်သွားသော ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်ကို မြင်သောအခါ လင်းဖန်က ချက်ချင်းပင် သူ၏ လူသားလက်နက်ကို ကောက်ယူကာ ဟင်းလင်းပြင် အင်မော်တယ်ဘုံသို့ ပြန်သွား လိုက်လေသည်။

သူတို့ကို ဝန်းရံထားသော ဟင်းလင်းပြင်တံခါးများကိုလည်း ဟင်းလင်းပြင် အင်မော်တယ်ဘုံသို့ သူဝင် ရောက်ပြီးနောက် လင်းဖန်က သိမ်းဆည်းလိုက်လေသည်။

လင်ရွှီမြို့၏ လမ်းမများမှာ ကြည့်ရှုနေသူ လူအုပ်ကြီးသာ ကျန်ရစ်ပြီး တည်ငြိမ်မှုသို့ ပြန်လည် ရောက်ရှိ သွားခဲ့လေတော့ သည်။

လမ်းမကြီးမှာ တိတ်ဆိတ်သွားသော်လည်း များစွာသော ကြည့်ရှုနေသူများမှာမူ လုံးဝ တည်ငြိမ်မနေဘဲ သူတို့၏မျက်နှာများတွင် ထိတ်လန့်အံ့သြမှုများ ပြည့်နှက်နေခဲ့လေတော့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သူတို့ အနားမကပ်ရဲကြပေ။

သို့သော် အဝေးမှဖြစ်ပျက်နေသော ဤမြင်ကွင်းကို သူတို့ အလွန်ရှင်းလင်းစွာ မြင်တွေ့နိုင်ဆဲဖြစ်သည်။ လင်းဖန် ပေါ်လာစဉ်က ပြောခဲ့သောစကားများကိုလည်း သူတို့ ကြားခဲ့ရသည်။ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်နှင့် အဖြူရောင်ဝတ်ရုံနှင့် အင်မော်တယ်ဘုရင် အဘိုးအိုတို့၏ မည်သူမည်ဝါ ဖြစ် ကြောင်းကိုလည်း သူတို့ သိရှိသွားခဲ့ကြလေသည်။

အင်မော်တယ်အရှင်တစ်ပါးက အင်မော်တယ်ဘုရင် နှစ်ပါးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွင် အင်မော်တယ်ဘုရင် နှစ်ပါးစလုံး ရှုံးနိမ့်သွားခြင်းက သူတို့ကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့၏။

“သောက်ကျိုးနည်း... ဒါက တကယ့်ကို မယုံနိုင်စရာပဲ... ပြိုင်ဘက်ကင်း အင်မော်တယ်အရှင်ကြီး တစ်ပါးရဲ့ ထွက်ပေါ်လာမှုကို ငါတို့ မြင်တွေ့လိုက်ရတာလား...”

“အင်မော်တယ်အရှင်တစ်ပါးက အင်မော်တယ်ဘုရင် နှစ်ပါးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့တာ... ဒါက... အကယ်၍ သူသာ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေသွားဘူးဆိုရင် အနာဂတ်မှာ နောက်ထပ် ထိပ်တန်း အဆင့် အင်မော်တယ်အရှင်ကြီးတစ်ပါး ဖြစ်လာလိမ့်မယ်ထင်တယ်...”

All Chapters