← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း (၂၇၇) အသက်စွန့်၍ လက်နက်ဖန်တီးခြင်းလော...

"တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ရင်ဆိုင်တယ်ဆိုတာက နည်းနည်းတော့ ချဲ့ကားလွန်းရာကျနေ တယ်... ခင်ဗျားတို့လည်း အဲ့ဒီအင်မော်တယ်ဘုရင် နှစ်ပါးရဲ့ အခြေအနေကို မြင်လည်းမြင် ကြားလည်း ကြားခဲ့ရတာပဲလေ..."

"ဒါတော့ ဟုတ်တယ်... ဝတ်ရုံဖြူအဘိုးအိုက ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်ရဲ့ နှိမ်နင်းတာ ကို ခံလိုက်ရသလို ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်ကလည်း သူရဲ့ အဓိက လျှို့ဝှက်ဖဲချပ် နှစ်ခုကို ဆုံးရှုံးလိုက်ရတော့ သူ့ရဲ့စွမ်းအားက ထက်ဝက်ကျော်လောက် ကျဆင်းသွားလောက်ပြီ..."

"ဒါပေမဲ့ ဒါက အင်မော်တယ်သခင်တစ်ပါးက အင်မော်တယ်ဘုရင်တစ်ပါးကို ပုန်ကန်ဖို့ အကြောင်းပြ ချက် မဟုတ်သေးဘူးလေ..."

"ဟီးဟီး... စောင့်သာကြည့်နေလိုက်ပါ... အဲ့ဒီအင်မော်တယ်သခင်က အနာဂတ်မှာ သေချာပေါက် တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျုပ် ခံစားနေရတယ်..."

"သဘောတူတယ်... ကျုပ်တို့ လင်ရွှီ အင်မော်တယ်နယ်မြေရဲ့ အင်မော်တယ်အရှင် ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ အခုတော့ ထိပ်တန်း အင်မော်တယ်အရှင်တစ်ပါး ဖြစ်လာနိုင်ချေရှိတဲ့ လူတစ်ယောက် ပေါ်ထွက်လာခဲ့ပြီလေ... ဒါက အချိန်ကိုက် ပေါ်လာတာလို့ သတ်မှတ်ရမယ်..."

"အဓိကကတော့ သူ အဲဒီအဆင့်ထိ ရောက်အောင် ကြီးထွားလာနိုင်ဖို့ပဲ... အခု ကျုပ်တို့ရဲ့ လင်ရွှီ အင်မော် တယ်နယ်မြေက ဘယ်လို အခြေအနေမျိုးမှာ ရှိနေလဲဆိုတာနဲ့ အဲ့ဒီနေရာကို မျက်စိကျနေတဲ့လူ ဘယ် လောက်များလဲ ဆိုတာကို မမေ့နဲ့ဦးလေ..."

"ဒါလည်း မှန်တာပဲ... သူက အင်မော်တယ်သခင်အဆင့်သာ ရှိသေးပေမဲ့ သူ့ကိုယ်သူ ထုတ်ဖော်ပြသ လိုက်ပြီဆိုတော့ အခုဆိုရင် ပစ်မှတ်ထားခံရတော့မှာ အသေအချာပဲ..."

လင်းရွှီမြို့တွင်းရှိ ကြည့်ရှုနေသူများက ဤကိစ္စအား ဆွေးနွေးနေကြစဉ်။

ဟင်းလင်းပြင် အင်မော်တယ်ဘုံအတွင်း၌မူ လင်းဖန်သည် ၎င်း၏ အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းကို အသုံး ပြု၍ ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်အား မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားပြီး ခုခံနိုင်စွမ်း မရှိစေရန် ပြုလုပ်ထားလျက်ရှိလေသည်။

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်နှင့် ဝတ်ရုံဖြူအဘိုးအိုအား အကျဉ်းချပြီးနောက် လင်းဖန် သည် ၎င်းတို့အား ယာယီ လျစ်လျူရှုထားလိုက်လေသည်။

ဝိညာဉ်ချုပ်နှောင်ခြင်း အင်မော်တယ်ဘုရင်နှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲမှ သူ့အတွက် အကြံကောင်းတစ်ခု ရရှိခဲ့သောကြောင့် ယခုအခါ ၎င်းကို ဂရုတစိုက် လေ့လာရန် အရေးတကြီး လိုအပ်နေသည်ပင်။

အင်မော်တယ်ဘုရင် နှစ်ပါးနှင့်ပတ်သက်၍မူ သူ၏ သုတေသနများ ပြီးဆုံးပြီးနောက်မှသာ ဆက်ပြောရန် ဆုံးဖြတ်ထားခဲ့လေသည်။

ဤအရာသစ်များကို လေ့လာစူးစမ်းခြင်းအား အခွင့်ကောင်းယူ၍ အင်မော်တယ်ဘုရင်ကို ကျွန်ပြုနိုင် မည့် အရာတစ်ခုခု ဖန်တီးနိုင်မည်လား ဆိုသည်ကို စမ်းသပ်ကြည့်ရပေမည်။

ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုထံသို့ ရောက်ရှိလာသောအခါ လင်းဖန် စတင် စဉ်းစားခန်း ဝင်လေတော့ သည်။

သူ ပထမဆုံး လေ့လာချင်သည့် အရာမှာ ဟင်းလင်းပြင် အဆောင်ပြား၏ တည်နေရာမှတ် လုပ်ဆောင် ချက် ပင်ဖြစ်လေသည်။

ယနေ့ တိုက်ပွဲက ရန်သူ့နောက်ကျောတွင် ရုတ်တရက် ပေါ်လာပြီး တိုက်ခိုက်သည့် ဤနည်းဗျူဟာ အပေါ် သူ့အား များစွာ စွဲလန်းသွားစေခဲ့ပေသည်။

သို့သော် ဤစွမ်းရည်မှာ တစ်ဖက်လူက အဆောင်ပြားကို သန့်စင်ပြီးမှသာ အသုံးပြုနိုင်မည် ဖြစ်သော ကြောင့် အသုံးပြုသူအတွက် အားနည်းချက်ဖြစ်စေပြီး ကန့်သတ်ချက်များစွာကိုလည်း ဖြစ်ပေါ်စေ ပေသည်။

မည်သို့ပင်ဆိုစေ ရန်သူတိုင်းကို ဟင်းလင်းပြင် အဆောင်ပြားများအား အလွယ်တကူ သန့်စင်လာစေရန် လှည့်စား၍ မရနိုင်ပေ။

လင်းဖန် လိုချင်သောအရာမှာ တစ်ဖက်လူအပေါ် တည်နေရာမှတ် တံဆိပ်ကို အတင်းအကျပ် ရိုက်နှိပ် နိုင်သည့် စွမ်းရည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် လက်အောက်ခံ အခြေအနေမှ ကြီးစိုးနိုင်သော အခြေအနေသို့ ပြောင်းလဲပစ်ရန် ဖြစ်ပေသည်။

ခဏတာ စဉ်းစားပြီးနောက် လင်းဖန်သည် အကြံတစ်ခုရလာကာ ဖန်တီးသန့်စင်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်လေတော့သည်။

ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုအား ဖွင့်ပြီးနောက် လင်းဖန် ပထမဆုံး ထည့်လိုက်သည့် ပစ္စည်းမှာ ဟင်းလင်းပြင် အဆောင်ပြားပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ တည်နေရာမှတ် လုပ်ဆောင်ချက်သည် ဟင်းလင်းပြင် အဆောင်ပြားအပေါ်တွင်သာ အဓိက အခြေခံထားခြင်း ဖြစ်ပေသည်။

ဟင်းလင်းပြင် အဆောင်ပြားများ ထည့်သွင်းပြီးနောက် လင်းဖန်သည် အခြား မည်သည့်အရာကိုမျှ ထပ် မထည့်တော့ချေ။

ထို့အစား သူသည် အဆောင်ပြားများကို သေးငယ်ကျစ်လျစ်သွားစေရန် ဆေးမီးဖိုအား ထိန်းချုပ် လိုက်လေသည်။

လင်းဖန်၏ ပုံစံဖော် ဖန်တီးမှုအရ ဆေးမီးဖိုအတွင်းရှိ ဟင်းလင်းပြင် အဆောင်ပြား၏ အရွယ်အစားမှာ ဆက်တိုက် သေးငယ်သွားကာ နောက်ဆုံးတွင် ဖရဲစေ့ အရွယ်အစားခန့် ဖြစ်သွားခဲ့လေသည်။

သို့သော်ငြား လင်းဖန်က ကျေနပ်မှု မရှိသေးဘဲ ဖိသိပ်မှုအားကို ဆက်လက် တိုးမြှင့်ခဲ့လေသည်။ နောက် ဆုံးတွင် အဆောင်ပြားလေးသည် နှမ်းစေ့အရွယ်အစားခန့်အထိ သေးငယ်သွားပြီးနောက် လင်းဖန် ဆက် ၍ ဖိသိပ်၍မရတော့သဖြင့် ရပ်တန့်လိုက်ရလေသည်။

လင်းဖန်က အဆောင်ပြား၏ အရွယ်အစားကို ဖိသိပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သိသာထင်ရှားမှုကို လျှော့ချရန်ပင် ဖြစ်သည်။

ရည်ရွယ်ချက်က အဆောင်ပြားကို ရန်သူထံ ပို့ဆောင်ရန် ဖြစ်သောကြောင့် အဆောင်ပြား သေးငယ်လေ လေ အောင်မြင်ရန် လွယ်ကူလေလေ ဖြစ်ပေမည်။

ကျစ်လျစ်အောင် ဖိသိပ်ခြင်း ပြီးဆုံးသွားပြီးနောက် နောက်တစ်ဆင့်မှာ အခြား ကုန်ကြမ်းပစ္စည်းများကို ဆက်လက် ထည့်သွင်းရန် ဖြစ်သည်။

ဤတစ်ကြိမ်တွင် လင်းဖန်သည် အလွန်အသုံးဝင်ကြောင်း သက်သေပြနိုင်ခဲ့သော (၅၀၂) ကော်ပုလင်းကို ထုတ်ယူလိုက်လေသည်။

ဤကော်ပုလင်းမှာ ဆေးလုံးများနှင့် မှော်ရတနာများ ဖန်တီးစဉ်က လင်းဖန်အတွက် များစွာ အထောက် အကူ ဖြစ်ခဲ့သည်ပင်။

မီးဖိုထဲသို့ ကော်တစ်စက် ချထည့်ရန် ပြင်လိုက်စဉ် သူ၏ကော်များ လုံလောက်မှု မရှိတော့ကြောင်းကို ရုတ်တရက် သတိပြုမိသွားခဲ့လေသည်။

ဟင်းလင်းပြင် အဆောင်ပြား တစ်ခုတည်းကိုသာ ဖန်တီးရန် ကော်တစ်စက်ကို အသုံးပြုခြင်းမှာ နှမြော စရာ ကောင်းလှပေသည်။

ဤကော်ပုလင်းမှာ ကုန်ပစ္စည်းများစွာ ဖန်တီးရန် လုံလောက်နိုင်မည် မဟုတ်ချေ။

ထိုသို့တွေးမိပြီးနောက် လင်းဖန်သည် နှမ်းစေ့အရွယ်အစားခန့် ဖိသိပ်ထားသော အဆောင်ပြားကို မီးဖို ထဲမှ ဦးစွာ ထုတ်ယူလိုက်လေသည်။

ထို့နောက် ဟင်းလင်းပြင် အဆောင်ပြား အမြောက်အမြားကို မီးဖိုထဲသို့ ဆက်တိုက် ထည့်သွင်းကာ အစုလိုက်အပြုံလိုက် ဖိသိပ်မှုများ ပြုလုပ်လေတော့သည်။

မကြာမီမှာပင် လင်းဖန်သည် လုံလောက်သော နှမ်းစေ့အရွယ် ဟင်းလင်းပြင် အဆောင်ပြား အရေ အတွက်ကို ရရှိသွားပြီး နောက်ဆုံးတွင် လက်နက်ဖန်တီးခြင်း၏ နောက်တစ်ဆင့်ကို ကျေနပ်စွာ စတင် လိုက်လေတော့သည်။

ထို့နောက် လင်းဖန်သည် နှမ်းစေ့အရွယ် အဆောင်ပြားများအားလုံးကို မီးဖိုထဲသို့ ပစ်ထည့်လိုက်လေ၏။

ဆက်လက်၍ သူသည် (၅၀၂) ကော်ပုလင်းကို ပြန်ထုတ်ကာ မီးဖိုထဲသို့ တစ်စက်မျှ ချထည့်ပြီးနောက် ပြန်သိမ်းလိုက်လေသည်။

စနစ် : [...သွားပါပြီ ပိုင်ရှင်ရယ်... ခင်ဗျားရဲ့ ကပ်စေးနှဲတဲ့ အကျင့်က ပိုပိုဆိုးလာပါလား... အခုဆိုရင် လက်နက်ဖန်တီးတဲ့ နေရာအထိတောင် ကူးစက်လာပြီ...]

[ဒီလောက်များပြားတဲ့ အဆောင်ပြားတွေကိုမှ ကော်တစ်စက်ပဲ ထည့်တယ်... ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... မြည်းသူတော်စင်တောင် ဒီလောက်ထိ ကပ်စေးမနှဲဘူး...]

သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာသော စနစ်၏ အသံကို ကြားလိုက်ရချိန်တွင် လင်းဖန်က ခေါင်းခါလိုက်သည်။

"ငါက ကပ်စေးနှဲနေတာ မဟုတ်ပါဘူး... (၅၀၂) ကော်က သိပ်မကျန်တော့လို့ပါ... ကုန်သွားရင် ငါ ဘာလုပ်ရမလဲ..."

စနစ် : [ပိုင်ရှင်... ကုန်သွားရင်လည်း ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ရွက်တွေကို ထပ်သွားယူလိုက်လေ... မမေ့ နဲ့နော်... ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ရွက်တွေက အထူးပစ္စည်းတွေအဖြစ် ကျပန်း ပြောင်းလဲသွားနိုင်တယ်...]

[ဒီ (၅၀၂) ကော်က ကမ္ဘာ‌ပေါင်းများစွာရတနာသေတ္တာထဲက ထွက်လာတဲ့ ကော်နဲ့ အတူတူပဲလေ...]

လင်းဖန်က ကမ္ဘာဦးသစ်ပင်၏ သစ်ရွက်မှတစ်ဆင့် ကော်များကို ကျပန်း ထပ်မံ ထုတ်လုပ်ပေးနိုင် ကြောင်းကို အသေအချာ သိထားပြီးသား ဖြစ်သည်။

ကမ္ဘာ‌ပေါင်းများစွာရတနာသေတ္တာ၏ ပစ္စည်းများကို ကျပန်း ထုတ်ပေးနိုင်သော စွမ်းရည်သည် သစ်ရွက် ထဲသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။

သို့သော် ဤအရာအားလုံးက ဖြစ်နိုင်ခြေအပေါ်တွင်သာ မူတည်နေသည်။

"... မင်းက ကမ္ဘာဦးသစ်ပင်နဲ့ ရန်ငြိုးများ ရှိနေလို့လား... ဘယ်လိုလုပ်ပြီး ဒီလောက် ဆိုးရွားတဲ့ အကြံ ဉာဏ်မျိုးကို ပေးရက်တာလဲ..."

"အရင် ရတနာသေတ္တာကနေ ပစ္စည်းတွေ ကျပန်းရနိုင်ခြေအပေါ် အခြေခံကြည့်ရင် ငါက ကမ္ဘာဦး သစ်ပင်ကို ပြောင်သလင်းခါအောင် ခူးလိုက်ရင်တောင် အဲ့ဒီ (၅၀၂) ကော်ကို ရနိုင်မှာ မဟုတ်ဘူး..."

လင်းဖန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စနစ်က ချက်ချင်းပင် ချေပလာလေတော့သည်။

စနစ် : [ဟုတ်တယ်... ဟုတ်တယ်... အဲ့ဒါပဲ... အကယ်၍ ပိုင်ရှင်က ကမ္ဘာဦးသစ်ပင်ကို အခုစကားအ တိုင်း အတိအကျ ပြောလိုက်မယ်ဆိုရင် သစ်ရွက် နည်းနည်းလောက်နဲ့တင် ခင်ဗျား လိုချင်တဲ့ ပစ္စည်းကို ရနိုင်လောက်တယ်...]

စနစ်၏ စကားကြောင့် လင်းဖန်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

"မင်းက ဘာကို ဆိုလိုတာလဲ..."

စနစ် : [အဟမ်း... ပိုင်ရှင့်ဘာသာပဲ စဉ်းစားကြည့်လိုက်ပါတော့... ကျွန်တော် ဘာမှမသိဘူး...]

စနစ်၏ မပြတ်မသား စကားများကို ကြားပြီးနောက် လင်းဖန်သည် ခဏတာ တွေးတောလိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။

"အိုး... အဓိပ္ပာယ်ရှိသားပဲ... နောက်ဆိုရင် ငါတို့ ဒီနည်းအတိုင်းပဲ လုပ်ကြတာပေါ့..."

လင်းဖန် အဖြေရှာတွေ့သွားပြီ ဖြစ်သည်။

ကမ္ဘာဦးသစ်ပင်က ပြောင်သလင်းခါအောင် အခူးခံရမည့် အဖြစ်ကို သေချာပေါက် အလိုရှိမည် မဟုတ် ချေ။

၎င်း၏ သစ်ရွက်များ အများအပြား အခူးခံရခြင်းမှ ရှောင်ရှားရန်အတွက် လင်းဖန်လိုချင်သော ပစ္စည်း များကို တတ်နိုင်သမျှ မြန်မြန် ထုတ်ပေးရန် ကြိုးစားလာမည်မှာ အသေအချာပင်။

မိမိလိုချင်သော ပစ္စည်းက သိပ်ပြီး အလွန်အကျွံ မဖြစ်နေသရွေ့တော့ လျှို့ဝှက်ချက်တစ်ခုခု လုပ်ပေးရန် ကမ္ဘာဦးသစ်ပင်ကို လုံးဝ ခြိမ်းခြောက်နိုင်ပေသည်။

ဤအချက်ကို သဘောပေါက်သွားပြီးနောက် လင်းဖန်သည် သူ၏ ကပ်စေးနှဲသော အကျင့်ကို ပြင်ဆင် လိုက်လေသည်။

သူသည် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုကို ပြန်ဖွင့်ကာ ကော် နောက်ထပ် နှစ်စက်ကို ထပ်ထည့်လိုက်ပြီး အဖုံးပိတ်ကာ သန့်စင်ခြင်းကို ဆက်လက် လုပ်ဆောင်လိုက်လေတော့သည်။

စနစ် : [...နေပါဦး... ခင်ဗျားက ဘာလို့ သည်လောက်ထိ ကပ်စေးနှဲနေရတာလဲ...]

"မင်းက ဘာသိလို့လဲ... ကမ္ဘာဦးသစ်ပင်ရဲ့ သစ်ရွက်တွေက အရမ်းကို အဖိုးတန်တယ်ကွ... သစ်ရွက်တစ် ရွက်က ငါ့ရဲ့ ပွားကိုယ်တစ်ခု၊ ငါ့ရဲ့ အသက်တစ်ချောင်းကို ကိုယ်စားပြုတယ်..."

"ဖြစ်နိုင်ခြေ အများဆုံး အခြေအနေမှာတောင်မှ စူပါကော် တစ်ပုလင်းနဲ့ လဲလှယ်ဖို့အတွက် သစ်ရွက် တစ်ရွက် ဒါမှမဟုတ် အသက်တစ်ချောင်း ပေးရဦးမှာပဲ..."

"အထဲကို ငါက ကော်တွေ ချထည့်နေတယ်လို့ မင်း ထင်နေတာလား... ငါ့အသက်ကို ချထည့်နေတာကွ... ငါက လက်နက်ဖန်တီးဖို့အတွက် အသက်စွန့်နေရတာ..."

လင်းဖန်၏ ရှင်းပြချက်ကြောင့် စနစ်မှာ ဆွံ့အသွားရလေသည်။

မည်သို့ပင်ဆိုစေ သူပြောသည့်စကားမှာ အဓိပ္ပာယ်ရှိနေပေသည်။

တိတ်ဆိတ်သွားသော စနစ်ကို လျစ်လျူရှုကာ လင်းဖန်သည် သူ၏ အာရုံစိုက်မှု အားလုံးကို ထုတ်လုပ် ရေးအဖွဲ့ဆေးမီးဖိုအပေါ်တွင်သာ ထားရှိလိုက်သည်။

လင်းဖန်၏ ထိန်းချုပ်မှုအောက်တွင် ကော်ရည်များသည် ပြန့်ကျဲသွားပြီး နှမ်းစေ့အရွယ် အဆောင်ပြား တစ်ခုချင်းစီထံသို့ အညီအမျှ စိမ့်ဝင်သွားခဲ့လေတော့သည်။

ထို့နောက်တွင်မူ မီးဖိုမှ ဖန်တီးသန့်စင်ခြင်း လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးကြောင်း အသံကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်ပေသည်။

ဤအရာက လင်းဖန်၏ ပထမဆုံး စမ်းသပ်မှုဖြစ်ပြီး များစွာ တွေးတောပြီးနောက် သူရရှိလာသော ပေါင်းစပ်မှုလည်း ဖြစ်သည်။

သူ၏ အကြံဉာဏ်မှာ ရိုးရှင်းလှသည်။

ဟင်းလင်းပြင် အဆောင်ပြား၏ အရွယ်အစားကို လျှော့ချပြီးနောက် ပြင်းထန်သော ကပ်ငြိနိုင်စွမ်း အတွက် (၅၀၂) ကော်ကို ပေါင်းထည့်ခြင်းပင်။

ဤနည်းဖြင့် နှမ်းစေ့အရွယ်အစားရှိသော အဆောင်ပြားကို ပစ်ပေါက်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်သူ့ ထံသို့ တိုက်ရိုက် ကပ်ငြိသွားမည်ဖြစ်ပြီး ၎င်းတို့အတွက် ဖယ်ရှားပစ်ရန် မဖြစ်နိုင်တော့ချေ။

ထိုအခါ သူက တည်နေရာမှတ် လုပ်ဆောင်ချက်ကို အသုံးပြု၍ နှမ်းစေ့အရွယ် အဆောင်ပြားကို တိုက် ရိုက် ခြေရာခံနိုင်ပြီး ရန်သူ့ထံသို့ အချိန်မရွေး ရောက်ရှိနိုင်မည် ဖြစ်ပေတော့သည်။

All Chapters