အခန်း ၆၆၉
Vol. 56 Ch. 669
အခန်း(၆၆၉)
အန်ဂျလာက မြို့စားကတော်ရဲ့ ကောင်ဆယ်လာတစ်ယောက်ပေါ့။ သူမက တော်ဝင်မိသားစုရဲ့ လောကီရေးရာ စီးပွားရေးနဲ့ အရောင်းအဝယ် ကိစ္စအဝဝမှာ ညှိနှိုင်းဆွေးနွေးမှု အားလုံးကို တာဝန်ယူထားရသူလေ။ မြို့စားကတော် ရရှိမယ့် သဘောတူညီချက်တွေက သူတို့အဖွဲ့အတွက် အကောင်းဆုံး ရလဒ်တွေ ဖြစ်လာစေဖို့ သူမက အမြဲတမ်း သေချာအောင် လုပ်ဆောင်ပေးလေ့ရှိတယ်။
"ကောင်ဆယ်လာတစ်ယောက် ဖြစ်ရတာက သံတမန်တစ်ယောက် သင်ယူခဲ့ရတဲ့ လေ့ကျင့်မှုတွေနဲ့ လုံးဝဥဿုံ ဆန့်ကျင်ဘက်ပဲ။ ဘက်မလိုက်ဘဲ မျှမျှတတ ရှိနေမယ့်အစား ကောင်ဆယ်လာတွေက မိမိတို့အဖွဲ့ဘက်ကိုပဲ အစွန်းကုန် ဘက်လိုက်တတ်ဖို့ သင်ယူကြရတာလေ"
မိုက်ကယ်က ကောင်ဆယ်လာတစ်ယောက်ကို ကုမ္ပဏီတစ်ခုက ငှားရမ်းထားတဲ့ ရှေ့နေတစ်ယောက်နဲ့ ခိုင်းနှိုင်းလိုက်မိတယ်။ သူတို့က အဲဒီကုမ္ပဏီတစ်ခုတည်းအတွက်ပဲ အလုပ်အကျွေးပြုကြပြီး အခြားဘယ်သူ့ကိုမှ ဂရုစိုက်ကြတာ မဟုတ်ဘူးလေ။
"ယူနာက တခြားတစ်ယောက်ယောက်အတွက် ကောင်ဆယ်လာ လုပ်ပေးနေပြီဆိုတာကို သိသွားရင် ဘယ်လောက်တောင် လူတွေ အုန်းအုန်းထကြွပြီး စိတ်ပျက်သွားကြမလဲဆိုတာ မင်း သိမှာ မဟုတ်ဘူး။ ငါ့ရဲ့ အဲဒီ ညီမလေးက တကယ့်ကို အလုအယက် ကမ်းလှမ်းခံနေရတဲ့သူလေ။ ဒါကလည်း ဖြစ်သင့်တာပေါ့"
"သူမက ငါတို့အားလုံးထဲမှာ ပါရမီအရှိဆုံးပဲ။ ပြီးတော့ အဲဒီပါရမီကြောင့်ပဲ ထိပ်တန်းကုမ္ပဏီကြီးတွေဆီကနေ သူတို့ရဲ့ ကောင်ဆယ်လာ ဖြစ်ပေးဖို့ ကမ်းလှမ်းချက်တွေ အမြောက်အမြား ရရှိခဲ့တာလေ။ သူမကို ငှားရမ်းချင်နေကြတဲ့ ကုမ္ပဏီတွေ သိပ်ကို များလွန်းတာကြောင့် ယူနာ့ကို သံတမန်တစ်ယောက်ပဲ ဖြစ်လာစေဖို့ အားလုံးက ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါကြောင့်ပဲ သူမက သံတမန်တစ်ယောက် ဖြစ်ဖို့ လေ့ကျင့်ခဲ့ရတာပေါ့"
"ဒါပေမဲ့ အခုတော့ သူမက အဲဒါကို ပြောင်းလဲပစ်ဖို့ ငါတို့ရဲ့ အိမ်တော်ကို ပြန်လာနေပြီ။ သူမက အခု ကောင်ဆယ်လာတစ်ယောက် ဖြစ်လာမယ့် နည်းလမ်းတွေကို သင်ယူဖို့ ကြိုးစားနေတယ်လေ"
ယူနာက သူ့ကြောင့်နဲ့ သူမရဲ့ ဘဝမှာ ဒီလို ကြီးမားတဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်လိမ့်မယ်လို့ မိုက်ကယ် တစ်ခါမှ မတွေးခဲ့မိဘူး။ သူမက အဲဒီအကြောင်းတွေကို တကယ်ပဲ တစ်ခါမှ ထုတ်မပြောခဲ့ဖူးဘူးလေ။ သူမက ရီနေးတားကုမ္ပဏီကနေ ကမ္ဘာကြီးအပေါ် ကောင်းကျိုးပြုနိုင်တာတွေကို သဘောကျတယ်လို့ပဲ သူ့ကို ပြောခဲ့တာ ဖြစ်တယ်။
"ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပဲ။ ဘယ်လမ်းကိုပဲ ရွေးရွေး ငါကတော့ သူ့ကို ပံ့ပိုးပေးမှာပါ" လို့ သူက ပြောလိုက်တယ်။
အန်ဂျလာက သူ့ရဲ့ အတွေးတွေကို သိရှိအောင် အကဲခတ်တဲ့အနေနဲ့ မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လိုက်တယ်။ စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူမက နောက်ဆုံးမှာ စိတ်ကျေနပ်သွားတဲ့ပုံစံနဲ့ ခောင်းညိတ်ပြလိုက်တော့တယ်။
"မင်းရဲ့ စိတ်ရင်းမှန်ကို ငါ မြင်ရပါပြီ။ မင်းက ငါ့ညီမလေးရဲ့ ဆုံးဖြတ်ချက်ကို အမှားကြီးတစ်ခု ဖြစ်လာအောင် လုပ်မှာ မဟုတ်ပါဘူး" လို့ သူမက ပြောလိုက်တယ်။
ထို့နောက် သူမက ချက်ချင်းပဲ လှည့်လိုက်ပြီး ဘဏ္ဍာတိုက်ဆီကို မန္တန်အချို့ ရွတ်ဆိုလိုက်တော့တယ်။ နံရံနဲ့အတူ ထပ်တူကျစွာ ပေါ်ထွက်လာတဲ့ မှော်စက်ဝိုင်းတွေဟာ တစ်ခုနဲ့တစ်ခု ထပ်လျက် ထပ်လျက်နဲ့ လျှို့ဝှက်နံပါတ်တွေလိုမျိုး သိပ်ကို ရှုပ်ထွေးလွန်းလှတယ်လေ။
နောက်ဆုံးတော့ စက်ယန္တရားတစ်ခုက အသက်ဝင်လာပြီး စက်ဝိုင်းပုံစံ ဘဏ္ဍာတိုက် တံခါးကြီး ပွင့်သွားကာ မိုက်ကယ်ကို အထဲမှာ ဝှက်ထားတဲ့ ရတနာအပြည့်အစုံကို မြင်တွေ့ခွင့် ပေးလိုက်တော့တယ်။
အန်ဂျလာက ဘဏ္ဍာတိုက်ထဲကို လျှောက်ဝင်သွားပြီး စတီးလ်လိုမျိုး ပြောင်လက်နေတဲ့ ငွေရောင်သေတ္တာ တောက်တောက်ပြောင်ပြောင် ငါးလုံးကို သယ်ဆောင်ပြီး ပြန်ထွက်လာခဲ့တယ်။
သူမက သူ့ဆီကို လျှောက်လာပြီး သေတ္တာတွေကို ကမ်းပေးလိုက်တယ်။
အဲဒါတွေက သူ့လက်ထဲကို ရောက်လာတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ နှလုံးသားက တုံ့ပြန်မှုတွေနဲ့အတူ ခုန်လှုပ်လာတာကို သူ ခံစားလိုက်ရတယ်။ ၎င်းက အနီးအနားမှာ ရှိနေတဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို ချက်ချင်း သတိပြုမိသွားပြီး ၎င်းတို့ကို သူ့ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဝါးမြိုစုပ်ယူဖို့ လှုံ့ဆော်နေတော့တာပဲ။
သူက သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်ရတယ်။ ဒီ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက သူ့အတွက် မဟုတ်ဘူးလေ။
"မင်းရဲ့ ခရီးစဉ်မှာ ကံကောင်းပါစေ... ပြီးတော့ ငါ့ရဲ့ ညီမလေးကိုလည်း ကောင်းကောင်း စောင့်ရှောက်ပေးပါဦး။ သူမက သိပ်ကို တန်ဖိုးရှိတဲ့သူမို့လို့ပါ" လို့ အန်ဂျလာက သူ့ကို ဦးညွှတ်ရင်း ပြောလိုက်တယ်။
သူကလည်း ပြန်ပြီး ဦးညွှတ်လိုက်တယ်။ "ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်" လို့ သူက ပြန်ပြောလိုက်တယ်။
အခုတော့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက သူ့လက်ထဲ ရောက်နေပြီဖြစ်လို့ သူက မက်ထရိုပိုလစ်မှာ ရှိတဲ့ သူတို့ရဲ့ ဌာနချုပ်ဆီကို ချက်ချင်းပဲ တယ်လီပို့လုပ်ပြီး သွားလိုက်တော့တယ်။
ရုံးခန်းထဲကို ရောက်တာနဲ့တစ်ပြိုင်နက် မောင်နှမနှစ်ယောက်ရဲ့ ရင်းနှီးနေတဲ့ ရန်ဖြစ်သံကို သူ ချက်ချင်း ကြားလိုက်ရတယ်လေ။
"ဒီရုံးလုပ်ငန်း စာရွက်စာတမ်းတွေကို မနေ့ကတည်းက အပြီးသတ်ဖို့ ငါ ပြောထားတယ် မဟုတ်လား" လို့ ရှီနာက အော်ဟစ်လိုက်တယ်။ "မင်းမှာ ဆင်ခြေပေးစရာတောင် မရှိဘူး။ မင်း တိုက်ခိုက်ရေး စွမ်းရည်တွေကိုလည်း ဘာမှ လေ့ကျင့်မထားဘူး မဟုတ်လား"
ဇိုင်ယွန်က သူ့အမရဲ့ ပူပန်မှုကို လက်ခါပြလိုက်ရင်း "ဟင်း... အလုပ်လုပ်တာထက် ဂိမ်းဆော့ရတာက ပိုကောင်းတာပေါ့" လို့ ပြောလိုက်တယ်။
ထုံးစံအတိုင်းပဲ ပြဿနာရှာတတ်တဲ့ လူမွှေသုံးယောက်နဲ့ မေ့တတ်တဲ့ သူတို့ရဲ့ ဦးလေးတစ်ယောက်က ဘုတ်ဂိမ်း ဆော့ဖို့ စုဝေးနေကြတာ ဖြစ်တယ်။ ဖတ်ချ်၊ ဇိုင်ယွန်၊ ဗီဗီနဲ့ ဂရီးဗ်တို့က ဝိုင်းဖွဲ့ထိုင်ပြီး အူနိုဖဲချပ်တွေကို စိတ်လှုပ်ရှားစွာနဲ့ ကမ်းပေးနေကြတယ်လေ။
ရှီနာက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါလိုက်တယ်။ ထို့နောက်မှာတော့ သူမက မိုက်ကယ် ရောက်လာတာကို နောက်ဆုံးမှာ သတိပြုမိသွားခဲ့ပြီ။
"သခင်ကြီး မိုက်ကယ်... မြင်မကောင်းတာတွေ ပြမိတဲ့အတွက် တောင်းပန်ပါတယ်" လို့ သူမက ဦးညွှတ်ရင်း ပြောလိုက်တယ်။ "ဇိုင်ယွန်က ခုတလော သိပ်ကို ဆိုးနေတာ။ သူ လုပ်ရမယ့် အလုပ်တွေကို ဘာတစ်ခုမှ မလုပ်ဘဲ နေနေတယ်လေ"
"ဒါက ဇိုင်ယွန်ရဲ့ ပုံစံပဲလေ" လို့ သူက ပြန်ပြောလိုက်တယ်။
"ဒါပေမဲ့ သခင်ကြီး မိုက်ကယ်... သူက ဂျာကူထက်တောင် ပိုပြီး ပျင်းနေတာပါ"
"...အင်း... အဲဒါကတော့ ပြဿနာပဲ"
တကယ်လို့ ဇိုင်ယွန်က တစ်ကမ္ဘာလုံးမှာ အပျင်းဆုံးလူလို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားတဲ့သူထက်တောင် အလုပ်နည်းနည်းပဲ လုပ်နေတယ်ဆိုရင်တော့ ဒါက တကယ့်ကို ပြဿနာတစ်ခု ရှိနေပြီ ဖြစ်နိုင်တယ်။
"မစိုးရိမ်ပါနဲ့ သခင်ကြီး မိုက်ကယ်... ကျွန်မ သူ့ကို အချိုးပြင်ပေးပါ့မယ်" လို့ သူမက ကတိပေးလိုက်တယ်။
မိုက်ကယ်ကတော့ ဒရာဂွန်ဘွန်းတွေကို သူတို့ လုပ်ချင်တာကို လုပ်ခွင့်ပေးထားချင်တာမို့လို့ သိပ်ပြီး ဂရုမစိုက်ပါဘူး။
"ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံး ဝိုင်းဖွဲ့ပြီး စုလိုက်ကြဦး။ ငါ့မှာ မင်းတို့အတွက် အံ့ဩစရာတစ်ခု စောင့်ကြိုနေတယ်" လို့ သူက ပြောလိုက်တယ်။
သူက အဲလိုပြောလိုက်တာနဲ့တစ်ပြိုင်နက် ဖတ်ချ်နဲ့ ဇိုင်ယွန် နှစ်ယောက်စလုံးက နေရာကနေ ချက်ချင်း ထရပ်ပြီး မိုက်ကယ်ကို မနားတမ်း ပူဆာတော့တာပဲ။
"အံ့ဩစရာလား... လက်ဆောင်များလား"
"ကျွန်တော့်ကို ပြပါ... ပြပါဦး"
နောက်ဆုံးတော့ ရှီနာက ရီနေးတားရဲ့ အဓိက အရာရှိအားလုံးကို အစည်းအဝေးတစ်ခုအတွက် စုဝေးစေလိုက်တယ်။
အဲဒီနေရာမှာ သူတို့ရဲ့ စီအီးအို ကက်စတယ်လာ၊ ဒရာဂွန်ဘွန်း လေးယောက်၊ ဖတ်ချ်၊ ဂရီးဗ်နဲ့ အော့ခ်မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဖြစ်တဲ့ ဆာစူကီနဲ့ နာရီတို အပါအဝင် ရီနေးတားနိုင်ငံတော်ကို တာဝန်ယူထားရတဲ့ တခြား အရာရှိအမြောက်အမြား ရှိနေကြတာ ဖြစ်တယ်။
"ငါ မင်းတို့ကို ဒီနေရာကို ခေါ်လိုက်တဲ့ အကြောင်းရင်းက ဒါတွေကို ပေးချင်လို့ပဲ"
သူက သေတ္တာငါးလုံးစလုံးကို လူတိုင်းမြင်နိုင်အောင် စားပွဲပေါ်မှာ ချပြလိုက်တယ်။ သူတို့အားလုံးက အထဲမှာ ဘာတွေ ရှိနေမလဲဆိုတာကို သိပ်ကို စိတ်ဝင်စားနေတဲ့ ပုံပါပဲ။
"ဒါက ငါတို့ကုမ္ပဏီကို နောက်ထပ် အဆင့်တစ်ခုဆီ ခေါ်ဆောင်သွားပေးမယ့်အရာပဲ" လို့ သူက ပြောရင်း သေတ္တာတစ်လုံးချင်းစီရဲ့ အပေါ်ပိုင်းကို လှည့်လိုက်တော့တယ်။ အဲဒီအခါမှာ သေတ္တာရဲ့ အပေါ်ဘက် မျက်နှာပြင်က အလျားလိုက် သံမဏိပြားအပါးလေးတစ်ခုအဖြစ် အလိုအလျောက် ခေါက်ဝင်သွားပြီး လူတိုင်းကို အပေါ်ကနေ လှမ်းကြည့်ခွင့် ပေးလိုက်ပြီလေ။
သူတို့က သေတ္တာထဲမှာ လွင့်မျောနေတဲ့ လက်သည်းခွံလောက်တောင် မရှိတဲ့ သံမဏိ အစိတ်အပိုင်းအသေးလေးတစ်ခုကို တွေ့လိုက်ရတယ်။ ၎င်းက လေအေးပေးစက်ရဲ့ လေညင်းကြောင့် ဘာမှ ထိခိုက်မှုမရှိတဲ့ အဖြူရောင် မီးတောက်အကြီးကြီးတစ်ခုရဲ့ ဝါးမြိုခြင်းကို ခံထားရတာ ဖြစ်တယ်။
လူတိုင်းက သူတို့ရဲ့ နှလုံးသားထဲမှာ ဆွဲငင်မှုတစ်ခုကို ခံစားလိုက်ရတယ်။ ဒရာဂွန်ဘွန်းတွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲကို အဲဒီသံမဏိရဲ့ ခေါ်ယူမှုကို ခံစားလိုက်ရပြီး နှလုံးသားကို ဆုပ်ကိုင်ထားကြတယ်။ သူတို့က ဒီသံမဏိအကြောင်း ဘာမှမသိကြပေမဲ့လည်း ဒါက သူတို့ရဲ့ နှလုံးသားထဲမှာပဲ ရှိနေရမယ့်အရာဆိုတာကိုတော့ ကောင်းကောင်း သိနေကြတာပေါ့။
"သခင်ကြီး မိုက်ကယ်... ဒါက..."
"ဒါတွေက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေပဲ" လို့ သူက ဖွင့်ဟလိုက်တယ်။ "တစ်ခုချင်းစီက သာမန်လူတစ်ယောက်ကို မက်ဂ်နက်တစ်တစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိတယ်လေ"
ဇိုင်ယွန်ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ရတယ်။ "သခင်ကြီးရဲ့ ခေါင်းပေါ်က လှပတဲ့ ဒီဗာလိုမျိုးလား။ တကယ်လို့ ကျွန်တော့်မှာ ဒါရှိရင် သခင်ကြီးလိုမျိုး လှပတဲ့ သံမဏိလက်မောင်းတွေကို ပိုင်ဆိုင်နိုင်မယ်လို့ ပြောတာလား"
"ဒီဗာဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ဘယ်နှစ်ယောက်မှ ထပ်တူကျမှာ မဟုတ်ဘူး" လို့ သူက ရှင်းပြလိုက်တယ်။
"ဒါပေမဲ့လည်း ကျွန်တော် တစ်ခု လိုချင်တယ်" လို့ ဇိုင်ယွန်က ပြောရင်း ရှီနာက သူ့ကို မတားဆီးခင်မှာတင် သေတ္တာတစ်လုံးဆီကို လက်လှမ်းလိုက်တော့တယ်။
"ဟေ့... ဒါက မင်းအတွက် မဟုတ်ဘူး။ ငါတို့ထဲက ဘယ်သူက မက်ဂ်နက်တစ် ဖြစ်လာခွင့်ရှိမလဲဆိုတာကို သခင်ကြီး မိုက်ကယ်တစ်ယောက်ပဲ ဆုံးဖြတ်နိုင်တာ"
ရှီနာက သူမရဲ့ မျက်နှာပေါ်မှာ ဂုဏ်ယူတဲ့ အရိပ်အယောင်တွေနဲ့အတူ ကိုယ်ဟန်ကို မတ်လိုက်တယ်။ ကြည့်ရတာ သူမကိုယ်တိုင်လည်း နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေရဲ့ ခေါ်ယူမှုကို မတွန်းလှန်နိုင်တဲ့ ပုံပါပဲ။
"ဘယ်သူက အရင်ဆုံး ရမလဲဆိုတာ မင်းတို့ဘာသာ ဆုံးဖြတ်ကြဦး။ အခုလောလောဆယ်တော့ မင်းတို့ထဲက ငါးယောက်ပဲ ရနိုင်ဦးမယ်။ ဒါပေမဲ့ နောင်ကျရင်တော့ လူတိုင်း အခွင့်အရေး ရမှာပါ" လို့ သူက ကတိပေးလိုက်တယ်။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မိမိတို့ရဲ့ နာမည်ကို အရင်ဆုံး အဆိုပြုဖို့အတွက် ဝေခွဲမရ ဖြစ်နေကြတယ်။ ဒီလို တိတ်ဆိတ်နေပေမဲ့လည်း လူတိုင်းက မက်ဂ်နက်တစ် ဖြစ်ချင်စိတ်တွေ ပြင်းပြနေကြတာ ဖြစ်တယ်။
"ကျွန်မထင်တာတော့ ပထမဆုံး ဂုဏ်ပြုမှုကို ရီနေးတားရဲ့ ဝါရင့်အရှိဆုံး အရာရှိက ရသင့်တယ်။ မမ ကက်စတယ်လာက ပထမဆုံး အစိတ်အပိုင်းကို ရသင့်တယ် ထင်တာပဲ" လို့ ရှီနာက ပြောလိုက်တယ်။
ကက်စတယ်လာက မိုက်ကယ်ရဲ့ ပထမဆုံး ဝန်ထမ်း ဖြစ်ခဲ့တာမို့လို့ ဒီအခွင့်အရေးက သူမဆီ ရောက်သွားတာက သဘာဝကျလှတယ်လေ။
"ဒါက ဖြုန်းတီးရာပဲ ကျလိမ့်မယ်။ ဒီ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို ဒရာဂွန်ဘွန်းတွေဆီ ပေးလိုက်တာက ပိုပြီး သင့်တော်ပါတယ်။ ဒါက ပိုပြီး ယုတ္တိရှိတာပေါ့။ သူတို့က ငါတို့ရဲ့ အသန်မာဆုံး စစ်သည်တော်တွေ ဖြစ်လို့ ခွန်အားနဲ့ ပတ်သက်တဲ့ ပြဿနာတွေမှာ သူတို့ကိုပဲ အားကိုးရမှာလေ"
ရီနေးတားရဲ့ တခြားအရာရှိတွေကလည်း ကက်စတယ်လာရဲ့ ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲပဲ သဘောတူလိုက်ကြတော့တယ်။
* * * * * * * *
စာစဉ်(၅၆)