← Chapters

အခန်း ၆၇၂

Vol. 56 Ch. 672

အခန်း ၆၇၂

Vol. 56 Ch. 672

အခန်း(၆၇၂)

မက်ထရိုပိုလစ်မှာ ရှိနေတဲ့သူအားလုံးက ခရီးသွားဧည့်သည်တွေ ရောက်လာမယ့်အချိန်အတွက် ပြင်ဆင်နေကြပေမဲ့လည်း မိုက်ကယ်ကတော့ အဲဒါနဲ့ သိပ်ကို ဝေးကွာတဲ့အရာတစ်ခုဆီမှာပဲ အာရုံစိုက်နေခဲ့တယ်လေ။ သူက အခု သူ့ရဲ့ ခရီးသွားဆွဲဆောင်မှုနေရာတွေကို ထပ်ပြီး ချဲ့ထွင်ဖို့ မျှော်လင့်ကြည့်နေတာပေါ့။

'ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့' အစီအစဉ်က အနည်းဆုံး တစ်ရက်ကို လက်မှတ် အစောင်တစ်ရာလောက်အထိ ရောင်းချရပြီး ဧရာမ အောင်မြင်မှုကြီးတစ်ခု ဖြစ်ခဲ့တယ်။ ရေလူသားတွေက ဒီအကြောင်းကို ပိုပြီး သိရှိလာကြတာနဲ့အမျှ သူတို့ရဲ့ ဖောက်သည်အင်အားကလည်း ဆက်တိုက်ဆိုသလို တိုးပွားလာနေခဲ့တာပေါ့။

သေချာတာပေါ့၊ ဒါတွေအားလုံးက ရိဒ်နဲ့ သူ့ရဲ့ ဩဇာအာဏာကြောင့်ပါပဲ။ ထိုလူက သူ့ရဲ့ ကတိအတိုင်း လိုက်နာပြီး သူ ဆက်သွယ်နိုင်သမျှ ရေလူသားတွေအားလုံးကို ရိုလာကိုစတာအကြောင်း ကြော်ငြာပေးခဲ့တာလေ။

သူက နစ်စီရဲ့ နေ့စဉ် ကုထုံးရိုလာကိုစတာ လမ်းညွှန်မှုနောက်ကို လိုက်မပေးဖြစ်တဲ့ ရက်တွေမှာဆိုရင် တော်ဝင်တိုက်ကြီးဆီကို လာရောက်လည်ပတ်ကြတဲ့ ရေလူသားတွေကို ရှာဖွေဖို့အတွက် ကမ်းခြေရဲ့ အစွန်အဖျားတွေဆီအထိ ခရီးနှင်လေ့ရှိတယ်။

ဒီလို အလားအလာအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူက တစ်လအတွင်းမှာ သဲဒင်္ဂါး ၁၅,၀၀၀ တောင် ရနိုင်လိမ့်မယ်ဆိုတာ သေချာနေခဲ့ပြီလေ။

ဒါပေမဲ့ အဲဒါက ကောင်းတယ်ဆိုရုံတင်ရှိသေးပေမဲ့လည်း မိုက်ကယ်ကတော့ အားရကျေနပ်ခြင်း မရှိသေးပါဘူး။ သူ စီစဉ်ထားတဲ့ ဒုတိယမြောက် ပုံစံတူ ရိုလာကိုစတာရထားတွဲကိုသာ အကောင်အထည်ဖော်နိုင်ခဲ့ရင် ဒီထက်မက ပိုပြီးများပြားတဲ့ သဲဒင်္ဂါးတွေကို ရှာဖွေနိုင်လိမ့်မယ်ဆိုတာ သူ သိနေတာပေါ့။

'ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့' ကတော့ ရိုလာကိုစတာစီးသူတွေရဲ့ စိတ်လှုပ်ရှားမှုနဲ့ ကြောက်ရွံ့မှုကို လှုံ့ဆော်ပေးဖို့အတွက် သီးသန့် ပုံစံထုတ်ထားတာ ဖြစ်လို့ သူတို့အနေနဲ့ ကြွက်သားတစ်ချက်မျှပင် လှုပ်ရှားစရာမလိုဘဲ သူတို့ရဲ့ တာအိုနှလုံးသားကို သန်မာလာစေနိုင်ခဲ့တယ်။

ဒါပေမဲ့ ဒါက မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေရဲ့ ကျိန်စာကို တိုက်ဖျက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်သေးပါဘူး။

သူတို့မှာ ကြောက်ရွံ့မှု၊ စိတ်ဆင်းရဲမှု၊ ပျော်ရွှင်မှုနဲ့ ရယ်မောခြင်း အပါအဝင် ပြင်းထန်တဲ့ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုတစ်ခုခု ရှိနေသရွေ့တော့ သူတို့ရဲ့ တာအိုနှလုံးသားကို ကြီးထွားပြီး ပိုမိုသန်မာလာစေဖို့အတွက် လုံလောက်အောင် လှုံ့ဆော်ပေးနိုင်တာပဲလေ။

သူ့ရဲ့ အစီအစဉ်ကတော့ အခု ကြောက်ရွံ့စိတ်သက်သက်တင်မကဘဲ စိတ်ခံစားမှုအားလုံးကို ပစ်မှတ်ထားဖို့ ဖြစ်တယ်။ ဒါကြောင့် သူ တည်ဆောက်တော့မယ့် ဒုတိယမြောက် ပုံစံတူ ရိုလာကိုစတာရထားတွဲကတော့ သိပ်ကို ပိုပြီး နှေးကွေးလိမ့်မယ်၊ ဒါပေမဲ့ ရေလူသားတွေရဲ့ ယဉ်ကျေးမှုကို ပြသတဲ့နေရာမှာတော့ သိပ်ကို ပိုပြီး အံ့ဩမှင်တက်စရာ ကောင်းလိမ့်မယ်ပေါ့။

သူက ပင်လယ်ထဲက မျိုးသုဉ်းသွားခဲ့ပြီဖြစ်တဲ့ သတ္တဝါတွေကို ပြန်လည်ဖန်တီးပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းပေါင်းများစွာက အသက်ဇီဝတွေအကြောင်းကို ရေလူသားတွေ စိတ်ကူးပုံဖော်လာနိုင်အောင် လှုံ့ဆော်ပေးတော့မှာ ဖြစ်တယ်။

နောက်ထပ် ရိုလာကိုစတာတစ်ခုနဲ့ဆိုရင် သူက သူ့ရဲ့ ဝင်ငွေကို ထိရောက်စွာ နှစ်ဆတောင် တိုးပွားစေနိုင်မှာပေါ့။

ဒါပေမဲ့ အဲဒါကို လုပ်ဖို့အတွက် သူက ကျောက်ဖြစ်ရုပ်ကြွင်း အမြောက်အမြားကို စုဆောင်းဖို့ လိုအပ်တယ်လေ။

ဘာနာဘီက သူ့ရဲ့ အဆက်အသွယ်တွေကတစ်ဆင့် ကျောက်ဖြစ်ရုပ်ကြွင်းအချို့ကို ပေးခဲ့ပြီးပြီဆိုပေမဲ့ အဲဒါတွေက သာမန်သတ္တဝါတွေနဲ့ ငါးတွေပဲ ပါဝင်တာ ဖြစ်တယ်။ သူကတော့ မီဂါလိုဒွန်နဲ့ ဧရာမ ရေဘဝဲကြီးတွေလိုမျိုး ပိုပြီးတော့ ခန့်ညားထည်ဝါတဲ့ အရာမျိုးကို လိုချင်နေတာပေါ့။

ဒါကြောင့် သူက ရိဒ်ဆီ သွားပြီး ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ဘယ်မှာ တောင်းခံရမလဲဆိုတဲ့ အကြံဉာဏ်အချို့ကို မေးမြန်းလိုက်တယ်။

"မင်း နောက်ထပ် ရိုလာကိုစတာတစ်ခုကို ထပ်ပြီး တည်ဆောက်ဦးမလို့လား... သိပ်ကောင်းတာပေါ့" လို့ ရိဒ်က အံ့ဩတကြီး ရေရွတ်လိုက်တယ်။ "ငါ့သမီးအတွက် နောက်ထပ် အာဟာရဖြစ်စေမယ့် အရင်းအမြစ်တစ်ခု ရှိလာတာကတော့ အမြဲတမ်း ကြိုဆိုရမှာပဲလေ"

"မင်း ကျောက်ဖြစ်ရုပ်ကြွင်းတွေ စုဆောင်းတတ်တဲ့သူ တစ်ယောက်ယောက်ကို သိလား"

ရိဒ်က သူ့လက်မောင်းတွေကို ပိုက်လိုက်ပြီး ပြုံးပြလိုက်တယ်။ "တကယ်တော့ ငါ သိတာပေါ့။ ရေနေသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ သေချာပေါက် ပါဝင်နေမယ့် ရှေးဟောင်းပစ္စည်း အမျိုးမျိုးကို စုဆောင်းထားတဲ့သူတစ်ယောက်ကို ငါ ကောင်းကောင်းကြီး သိတယ်"

ဒါကို ကြားလိုက်ရတဲ့အခါမှာတော့ မိုက်ကယ်က ရိဒ်နဲ့ ဆုံတွေ့ခဲ့ရတာကို သိပ်ကို ဝမ်းသာသွားခဲ့ရတယ်။ "မင်း ငါ့ကို သူနဲ့ မိတ်ဆက်ပေးနိုင်မလား"

ရိဒ်က ခေါင်းညိတ်ပြလိုက်တယ်။ "ရတာပေါ့... ဒါပေမဲ့ ငါတို့ သူတို့နဲ့ စကားပြောဖို့အတွက် မက်ထရိုပိုလစ်ကို ပြန်သွားဖို့ လိုအပ်လိမ့်မယ်။ ငါတို့ သူတို့ကို စီတန်းလှည့်လည်ပွဲမှာ တွေ့နိုင်လိမ့်မယ်"

* * * * * * * *

နောက်ဆုံးတော့ စီတန်းလှည့်လည်ပွဲ ကျင်းပမယ့်နေ့က ရောက်ရှိလို့ လာခဲ့ပြီလေ။

မိုက်ကယ်နဲ့ ရိဒ်တို့ဟာ မနက်စောစောစီးစီးမှာတင် ရီနေးတား ရုံးချုပ်ဆီကို တယ်လီပို့လုပ်ပြီး ရောက်ရှိသွားကြတယ်။

သူတို့တွေ မိုက်ကယ်ရဲ့ ရုံးခန်းထဲကို ဆင်းသက်လိုက်တာနဲ့တစ်ပြိုင်နက် သူတို့ရဲ့ အပေါ်ဘက်ဆီကနေ မြေလှန်မတတ် တုန်ခါနေတဲ့ အသံတွေကို ကြားလိုက်ရတော့တယ်။ အဲဒီအသံက လူပေါင်း ထောင်နဲ့ချီပြီး သူတို့ရဲ့ ခြေထောက်တွေကို တစ်ချိန်တည်းမှာ တပြိုင်နက်တည်း နင်းခြေနေကြသလိုမျိုးပဲ ကြားနေရတာပေါ့။

"မင်္ဂလာပါ သခင်မိုက်ကယ်" လို့ မနက် ၃ နာရီကတည်းက နိုးနေခဲ့ပြီဖြစ်တဲ့ ရှီနာက သူ့ကို နှုတ်ဆက်လိုက်တယ်။

"ဘာတွေ ဖြစ်နေတာလဲ" သူက သူမကို မေးလိုက်တယ်။

"လူပေါင်း ထောင်နဲ့ချီက စီတန်းလှည့်လည်ပွဲကို စောင့်ဆိုင်းနေကြတာပါ သခင်မိုက်ကယ်။ လမ်းမတွေပေါ်မှာ နေရာအကန့်အသတ်ပဲ ရှိတာမလို့ လူတော်တော်များများက သန်းခေါင်ယံကတည်းက သူတို့ရဲ့ နေရာတွေကို ကြိုတင်ပြီး ဦးထားကြတာလေ"

'ဒါက လူတွေ ဒီအတိုင်း လမ်းလျှောက်နေကြတဲ့ အသံတွေသက်သက်ပဲလား... ငါတို့က မြေအောက် ဆယ်ထပ်လောက်မှာ ရောက်နေတာလေ'

သူက စူးစမ်းလိုစိတ်နဲ့ သူ့ရဲ့ ဒရုန်းကို ထုတ်လိုက်ပြီး အဲဒါကို ဓာတ်လှေကားတွင်းအတိုင်း အပေါ်ကို မောင်းနှင်ပြီး သူတို့ရဲ့ အဓိက ဧည့်ကြိုဧရိယာထဲကို ထွက်ခွာစေလိုက်တော့တယ်။

ပြီးတော့ ချက်ချင်းပဲ၊ သူတို့ရဲ့ ဖန်တံခါးတွေရဲ့ အရှေ့တည့်တည့်မှာတင် လူတွေဟာ ပိုပြီး ကောင်းမွန်တဲ့ မြင်ကွင်းကို ရရှိဖို့အတွက် လမ်းမတွေရဲ့ အရှေ့ဘက်ဆုံးဆီကို ရောက်အောင် အလုအယက် ကြိုးစားရင်း တစ်ယောက်ကိုတစ်ယောက် တိုးဝှေ့ညှပ်ပူးညှပ်ပိတ် ဖြစ်နေကြတာကို သူ တွေ့လိုက်ရတယ်။

လူပေါင်း ထောင်နဲ့ချီရဲ့ အငြင်းပွားသံတွေ၊ စိတ်လှုပ်ရှားစွာ အော်ဟစ်သံတွေနဲ့ အထွေထွေ စကားပြောသံတွေကတော့ နားကွဲမတတ် ဖြစ်နေခဲ့ပြီလေ။

သူက သူ့ရဲ့ ဒရုန်းကို ပြတင်းပေါက်တစ်ခုကနေတစ်ဆင့် အပြင်ဘက်ကို ပျံသန်းစေခဲ့ပြီး မက်ထရိုပိုလစ်ရဲ့ ကောင်းကင်ယံထက်ဆီကို ဆက်ပြီး မြင့်သထက်မြင့်အောင် ပျံသန်းစေလိုက်ပြန်တယ်။

အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာတော့ ထူးခြားတဲ့ မြင်ကွင်းတစ်ခုကို သူ မြင်လိုက်ရတယ်။ မက်ထရိုပိုလစ်ရဲ့ အရှေ့ဘက် တံခါးဝတွေကနေတစ်ဆင့် အနောက်ဘက် တံခါးဝတွေဆီအထိ လှမ်းမြင်နေရတဲ့ လူအုပ်ကြီးရဲ့ မြင်သာထင်သာရှိတဲ့ တန်းစီနေမှုကြီးတစ်ခု ရှိနေတာပေါ့။ အောက်က လူတွေဟာ အပေါ်ကနေ လှမ်းကြည့်ရင်တော့ ခရီးသွားဧည့်သည်တွေ ရောက်လာမယ့်အချိန်ကို မျှော်လင့်ရင်း လှုပ်လှုပ်ရွရွနဲ့ ငါးသေတ္တာဘူးထဲက ငါးတွေလိုမျိုး ဖြစ်နေကြတာလေ။

ပြီးတော့ အံ့ဩစရာကောင်းလှစွာပဲ၊ အချိန်တွေ ကုန်လွန်လာပြီး ဝေးလံတဲ့ နေရာမှာ ယာဉ်တန်းတစ်ခုကို မြင်တွေ့နိုင်ခြေ ရှိတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့သွားတဲ့အခါမှာတော့ အခြေအနေတွေက ပိုပြီးတော့တောင် ရှုပ်ထွေးပွေလီ လာခဲ့ရတယ်။

မိနစ်တွေ ကုန်လွန်သွားပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ သူတို့ဟာ မြက်ခင်းပြင်ထဲမှာ မောင်းနှင်လာတဲ့ မြင်းလှည်းယာဉ်တန်းတစ်ခုကို မြင်လိုက်ရတော့တယ်။ အရှေ့ဘက် တံခါးဝတွေရဲ့ အနီးမှာ ရှိနေတဲ့ လူတွေကတော့ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်လာပြီး အခြားသူတွေကို အော်ဟစ်ကာ ခရီးသွားဧည့်သည်တွေ မကြာခင်မှာ ရောက်ရှိတော့မယ့်အကြောင်း သတိပေးလိုက်ကြတော့တယ်။

မိုက်ကယ်က ပိုပြီး အနီးကပ် မြင်နိုင်ဖို့အတွက် သူ့ရဲ့ ဒရုန်းကို အသုံးပြုပြီး မြင်းလှည်းတွေဆီကို ပိုပြီး တိုးကပ်သွားလိုက်တယ်။

သူ တစ်ကီလိုမီတာ အမှတ်အသားအတွင်းကို ရောက်ရှိသွားတဲ့အခါမှာတော့ ဒီခရီးသွားဧည့်သည်တွေ ရောက်ရှိလာကြတဲ့ မြင်းလှည်းတွေကို အနီးကပ် မြင်နိုင်လောက်အောင် နီးကပ်သွားခဲ့ပြီလေ။

'ဒါက...'

သူ မှားမြင်လိုက်တာလားဆိုတာကို သိချင်လို့ သူ ပိုပြီး နီးကပ်အောင် တိုးသွားလိုက်တယ်။ ဒါပေမဲ့ သူ့ဒရုန်းရဲ့ ကင်မရာက အရာအားလုံးကို ကြည်လင်ပြတ်သားတဲ့ အရည်အသွေးနဲ့ ဖမ်းယူပေးထားတာ ဖြစ်လို့ သူ မြင်တာ မှန်နေခဲ့ပြီပေါ့။

သူ မြင်းလှည်းတွေလို့ ထင်ထားခဲ့တဲ့ အရာတွေက အမှန်တော့ ခေါင်းတလားတွေ ဖြစ်နေခဲ့တာလေ။

မက်ထရိုပိုလစ်ဆီကို မြင်းတစ်ကောင်ရဲ့ အရှိန်နှုန်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေတဲ့ ပျံဝဲနေတဲ့ ခေါင်းတလားပေါင်း ရာနဲ့ချီပြီး ရှိနေခဲ့တာပေါ့။

သူက အထဲမှာ ဘာရှိလဲဆိုတာကို သိဖို့အတွက် သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို အသုံးပြုပြီး ကြိုးစားကြည့်လိုက်တယ်။ ပြီးတော့ သူ အံ့ဩသွားရတာကတော့ အဲဒီခေါင်းတလားတွေရဲ့ ဘယ်နေရာမှာမှ လင်းလက်တောက်ပတဲ့ မှော်စွမ်းအင်ကို မတွေ့ရတာပဲ ဖြစ်တယ်။ အဲဒါတွေအားလုံးက အမှောင်၊ အလင်းနဲ့ အဆိပ်မှော်စွမ်းအင်တွေ ပေါင်းစပ်ထားတဲ့ မရဏစွမ်းအင်တွေနဲ့သာ ပြည့်နှက်နေခဲ့တာပေါ့။

ဒါက ဂရီးဗ်က သူ့ကိုယ်သူ အသက်ရှင်နေအောင် ထိန်းထားဖို့အတွက် အသုံးပြုခဲ့တဲ့ စွမ်းအင်မျိုးနဲ့ ထပ်တူထပ်မျှပါပဲ။

'သူတို့က အသေကောင်တွေလား'

သူက ဒရုန်းဆီကနေ သူ့ရဲ့ အာရုံကို လွှဲဖယ်လိုက်ပြီး ရိဒ်ရဲ့ အကြံဉာဏ်ကို တောင်းခံလိုက်တယ်။ သူက မြက်ခင်းပြင်ထဲမှာ ပျံဝဲနေတာကို မြင်ခဲ့ရတဲ့ ခေါင်းတလားတွေအကြောင်းကို သူ့ကို ပြောပြလိုက်တာပေါ့။

"အဲဒါက ဗန်ပိုင်ယာတွေလေ" လို့ ရိဒ်က ပြန်လည် ဖြေကြားလိုက်တယ်။ "သူတို့က ညဘက်မှာ ကျင်လည်တဲ့ အသေကောင် သတ္တဝါတွေ ဖြစ်လို့ နေ့ဘက်မှာဆိုရင်တော့ သူတို့ထဲက အများစုက သက်တောင့်သက်သာ ရှိစေဖို့အတွက် သူတို့ရဲ့ ခေါင်းတလားတွေနဲ့ပဲ ခရီးသွားလေ့ ရှိကြတာ"

မိုက်ကယ်က ဗန်ပိုင်ယာတွေအကြောင်းကို သိပ်ပြီး မသိပါဘူး။ သူ အဲဒီအကြောင်း သိထားတာတွေက သူ့ရဲ့ အရင်ဘဝက အရာတွေ ဖြစ်လို့ ဒါက သူတို့ရဲ့ မျိုးနွယ်စုတွေနဲ့ သက်ဆိုင်မှု ရှိမရှိဆိုတာကို သူ မသိခဲ့ဘူးလေ။ ဒါပေမဲ့ သူတို့က နေရောင်ခြည်ကို မနှစ်သက်ကြဘူးဆိုတဲ့ ကောလာဟလကတော့ အမှန်ဖြစ်ပုံရတာပေါ့။

"ဘာလို့ ဗန်ပိုင်ယာတွေပဲ ရှိနေတာလဲ" သူက ရိဒ်ကို မေးလိုက်တယ်။

"ဒါက စီတန်းလှည့်လည်ပွဲကို ပုံစံဖော်ထားတဲ့ နည်းလမ်းပဲလေ။ မြို့စားကတော်က မင်းကို မပြောပြဘူးလား။ သူမနဲ့ အဲလ်ရစ် နှစ်ယောက်လုံးက ခရီးသွားဧည့်သည်တွေကို အားလုံး တစ်ပြိုင်နက်တည်း သွားခိုင်းတာထက် အသုတ်လိုက် သွားခိုင်းတာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ကြတာ။

ငါ မှတ်မိသလောက်ဆိုရင်တော့ ပထမဆုံး အုပ်စုက ဗန်ပိုင်ယာတွေ ဖြစ်လိမ့်မယ်၊ အဲဒါပြီးရင်တော့ နတ်မျိုးနွယ်တွေ၊ သူတို့နောက်မှာတော့ ငါတို့ ရေလူသားတွေ လာလိမ့်မယ်၊ အဲဒါပြီးရင်တော့ ဝံပုလွေလူသားတွေ၊ ပြီးတော့ နောက်ဆုံးမှာတော့ နဂါးမျိုးနွယ်ဝင်တွေပေါ့"

အခု သူ ပြန်ပြီး စဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ ဗန်ပိုင်ယာတွေပဲ လာရောက်လည်ပတ်တာကိုတောင် မက်ထရိုပိုလစ်က လူတွေက ဒီလောက်အထိ ရုန်းရင်းဆန်ခတ် ဖြစ်နေကြပြီဆိုရင် သူတို့အားလုံးသာ တစ်ပြိုင်နက်တည်း ရောက်လာခဲ့ရင် အခြေအနေတွေက တကယ့်ကို ရူးသွပ်စရာ ကောင်းသွားလိမ့်မယ်ဆိုတာ သေချာနေတာပေါ့။

"ဗန်ပိုင်ယာတွေ ဟုတ်လား... သူတို့က... လူသားတွေရဲ့ သွေးကို သောက်ကြတာလား" သူက မေးလိုက်တယ်။

ရိဒ်က ခေါင်းခါပြလိုက်ပြီး ချက်ချင်းပဲ ရှင်းပြတော့တယ်။ "အဲဒါက ဗန်ပိုင်ယာတွေအပေါ် အများစု နားလည်မှုလွဲနေကြတဲ့ အရာပဲ။ သူတို့က သွေးကို သောက်ကြတယ်၊ ဒါပေမဲ့ လူသားတွေရဲ့ သွေးသက်သက်တင် မဟုတ်ဘူး။ သူတို့က တိရစ္ဆာန်တွေရဲ့ သွေးကို သောက်ရုံတင်နဲ့လည်း လုံးဝဥဿုံ အဆင်ပြေနိုင်တာပဲ။

စာအုပ်တော်တော်များများမှာတော့ သူတို့ကို ညဘက်မှာ ကျင်လည်တဲ့ ဆိုးယုတ်တဲ့ သတ္တဝါတွေအဖြစ် ပုံဖော်ထားကြတယ်၊ အထူးသဖြင့် သူတို့ရဲ့ မျိုးနွယ်စုမှာ 'မိစ္ဆာ' ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်မှု ရှိနေလို့ပေါ့။

ဒါပေမဲ့ အဲဒါက မမှန်ပါဘူး။ တကယ်တော့ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်က ဗန်ပိုင်ယာတစ်ယောက်ပဲလေ။ အဲဒါ ငါ မင်းကို မိတ်ဆက်ပေးမလို့ ပြင်ဆင်ထားတဲ့သူပဲ"

* * * * * * * *

All Chapters