← Chapters

အခန်း ၆၇၄

Vol. 57 Ch. 674

အခန်း ၆၇၄

Vol. 57 Ch. 674

အခန်း(၆၇၄)

ဂီလာမိုက သူ့အနီးတစ်ဝိုက်မှာ အရိပ်တွေ လာဖုံးလွှမ်းသွားတာကို မြင်တော့ လန့်သွားခဲ့တယ်။ ဒါက သူတို့အနားမှာ အခြား ဗန်ပိုင်ယာတစ်ယောက်များ ရှိနေပြီး အရိပ်စွမ်းရည် သုံးလိုက်တာလားလို့တောင် သူ့ကို ထင်သွားစေခဲ့တယ်။

ဒါပေမဲ့ ဒီအရိပ်တွေက ဆံပင်ရွှေရောင်နဲ့ ကောင်လေးဆီကနေ ထွက်လာတာဆိုတာကို သူ ချက်ချင်း သဘောပေါက်သွားခဲ့တယ်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ အရိပ်တွေ ပျောက်ကွယ်သွားပြီး ဂီလာမိုက သူကိုယ်တိုင် လုံးဝ ကွဲပြားခြားနားတဲ့ နေရာတစ်ခုဆီ ရောက်နေမှန်း သိလိုက်ရတယ်။ ဒီနေရာက မက်ထရိုပိုလစ်ရဲ့ ရှုပ်ထွေးဆူညံနေတဲ့ မြို့ပြလူနေမှုဘဝနဲ့ အတော်လေး ဝေးကွာနေခဲ့တယ်။

ဂီလာမိုရဲ့ မျက်နှာပေါ်မှာ ဖြည်းဖြည်းချင်း သဘောပေါက်သွားတဲ့ အရိပ်အယောင် ပေါ်လာခဲ့တယ်။ သူက ဒီကောင်လေးကို လုံးဝ အထင်သေးမိခဲ့တာပဲ။ အရိပ်တွေကို ထိန်းချုပ်ရတာက လွယ်ကူတဲ့ နည်းစနစ်တစ်ခု မဟုတ်မှန်း သူ သိထားတယ်လေ။ ပြီးတော့ လူတွေကို အခုလောက် ဝေးကွာလွန်းတဲ့ အကွာအဝေးတစ်ခုဆီ ခေါ်ဆောင်သွားနိုင်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်သေးဘူး။

အဲဒီအချိန်မှာ ရိဒ်က သူ့ကို တံတောင်ဆစ်နဲ့ တွတ်လိုက်ပြီး အတွေးထဲ နစ်မြောနေရာကနေ လှုပ်နိုးလိုက်တယ်။ "မင်း ဘယ်လိုထင်လဲ... ကောင်လေးက တော်တယ်မလား"

"လူသားတစ်ယောက်က အရိပ်တွေကို သူတို့လိုမျိုး ကောင်းကောင်း အသုံးချနိုင်တယ်ဆိုတာကို သိရင် သွေးသန့် တွေတောင် သဘောကျသွားလိမ့်မယ်လို့ ငါ ထင်တယ်" လို့ ဂီလာမိုက ပြန်ဖြေလိုက်တယ်။

ဒီစကားက ရိဒ်ကို သဘောကျသွားစေခဲ့တယ်။ သွေးသန့် ဗန်ပိုင်ယာတွေဆိုတာ သူတို့ မျိုးနွယ်စုကြားမှာ တော်ဝင်မိသားစုအဖြစ် သတ်မှတ်ခံထားရမှန်း သူ သိတယ်လေ။

"မိုက်ကယ်... မင်း မှော်ပညာမှာ တော်တယ်ဆိုတာ ငါ မသိခဲ့ဘူး" လို့ ရိဒ်က ပြောလိုက်တယ်။ မိုက်ကယ်မှာ ရိုလာကိုစတာတွေ ဖန်တီးတာအပြင် တခြား အရည်အချင်းတွေ ရှိနေသေးတယ်ဆိုတာကို သူ လုံးဝ မသိခဲ့ဘူး။

"ဒါက ဘာမှမဟုတ်ပါဘူး" လို့ မိုက်ကယ်က ပခုံးတွန့်ပြရင်း ပြောလိုက်တယ်။ "ဒါနဲ့... ကျွန်တော်တို့ရဲ့ ရိုလာကိုစတာတွေကို ခင်ဗျား ဘယ်လိုထင်လဲ"

ဂီလာမိုက အပေါ်ကို မော့ကြည့်လိုက်တော့ သူ့ကို ငုံ့ကြည့်နေတဲ့ ကသူလူးရဲ့ ဧရာမ ရုပ်တုကြီးကို မြင်လိုက်ရတယ်။

သူ့ကျောရိုးတစ်လျှောက် ကြက်သီးတွေ ဖြန်းခနဲ ထသွားခဲ့တယ်။ ဒီရုပ်တုကြီးကို ကြည့်နေရတာက တကယ့် ပင်လယ်ရေအောက်က ရှေးဟောင်း သားရဲကြီးကို ကြည့်နေရသလိုမျိုး သူ့ကို ခံစားသွားစေတယ်။

အဲဒီနောက် လူသားတွေနဲ့ ရေလူသားတွေ အတူတူ စီးနင်းထားတဲ့ သတ္တုယာဉ်တစ်စီးက ကသူလူးရဲ့ ခန္ဓာကိုယ်ပေါ်ကို ဖြည်းဖြည်းချင်း တက်သွားပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ ပါးစပ်ထဲ ဝင်သွားတာကို သူ မြင်လိုက်ရတယ်။

လူတွေ အမှောင်ထုထဲ ဆင်းသက်သွားချိန်မှာ ထွက်ပေါ်လာတဲ့ ပဲ့တင်ထပ်နေတဲ့ အော်ဟစ်သံတွေကို ကြားလိုက်ရတဲ့အခါ ဂီလာမိုတစ်ယောက် စိုးရိမ်သွားခဲ့တယ်။

"ငါတို့ သူတို့ကို ကယ်သင့်တယ်မလား"

"ဟား ဟား... ညီအစ်ကို... အဲဒါက ဒုက္ခရောက်လို့ အော်တဲ့သံ မဟုတ်ဘူး... စိတ်လှုပ်ရှားလို့ အော်တဲ့သံကွ"

လူတွေက ကသူလူးရဲ့ တစ်ကိုယ်လုံး ဝါးမျိုခံရတာကို ဘယ်လိုလုပ်ပြီး စိတ်လှုပ်ရှားစရာလို့ ခံစားရလဲဆိုတဲ့ အကြောင်းပြချက်ကို ဂီလာမို နားမလည်နိုင် ဖြစ်နေတယ်။

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ အဲဒီယာဉ်က ကသူလူးရဲ့ ပါးစပ်ထဲကနေ ပြန်ထွက်လာပြီး လေထဲကို မြူခိုးတွေ အဟုန်နဲ့ မှုတ်ထုတ်လိုက်တယ်။

ရိုလာကိုစတာက သံလမ်းတွေအတိုင်း အောက်ကို ပြန်လျှောဆင်းလာပြီး မြေပြင်ပေါ်မှာ ရပ်တန့်သွားခဲ့တယ်။

ရိဒ်က ယာဉ်ဆီကို လျှောက်သွားပြီး သူ့သမီးကို မျက်နှာပေါ်က အပြုံးကြီးတစ်ခုနဲ့ ကြိုဆိုလိုက်တယ်။

"ပျော်ရဲ့လား သမီးလေး"

နစ်စီက သူ့ကို မော့ကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ "...ဟုတ်..."

နစ်စီရဲ့ မျက်လုံးတွေထဲက ရှင်သန်တက်ကြွမှုတွေကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတဲ့အခါ ဂီလာမိုက ရှေ့ကို လျှောက်သွားလိုက်တယ်။

"သူမ စကားပြောတယ်..."

ဒါတင်မကဘဲ ဗန်ပိုင်ယာတစ်ယောက်အနေနဲ့ ဂီလာမိုမှာ လူတစ်ယောက်ရဲ့ သွေးလှည့်ပတ်မှုကို သိနိုင်တဲ့ ပင်ကိုယ် အာရုံခံနိုင်စွမ်း အားကောင်းကောင်း ရှိနေတယ်။ သူ နစ်စီကို ပထမဆုံး စတွေ့တုန်းက သူမရဲ့ နှလုံးခုန်နှုန်း အားနည်းလွန်းလို့ သူမလည်း သူတို့လို အသက်မရှိတဲ့ သတ္တဝါတစ်ကောင်လို့တောင် ထင်ခဲ့မိတာလေ။

ဒါပေမဲ့ အခုတော့ သူမရဲ့ နှလုံးက ပုံမှန် ကလေးတစ်ယောက်လို ကျန်းကျန်းမာမာ ခုန်နေပြီလေ။ သူ မယုံနိုင်အောင် ဖြစ်သွားတယ်။ ကျိန်စာက ပျောက်ကင်းသွားခဲ့ပြီပဲ။

"အံ့သြစရာပဲ... ဒါက ဖြစ်နိုင်မယ်လို့ ငါ မယုံခဲ့ဘူး" လို့ ဂီလာမိုက တီးတိုးရေရွတ်လိုက်တယ်။

"ငါ့သမီးက အခု ခုန်တောင် ခုန်နိုင်နေပြီ... နစ်စီ... လာ... မင်းရဲ့ ခေါင်းကိုင်ဖခင်ကို ပြလိုက်စမ်း" လို့ ရိဒ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်တယ်။

ဒါပေမဲ့ နစ်စီ တစ်ခုခု မပြောနိုင်ခင်မှာပဲ သူမရဲ့ သူငယ်ချင်းတွေက သူမကို လှမ်းခေါ်လိုက်တဲ့ အသံကို ရုတ်တရက် ကြားလိုက်ရတယ်။

"နစ်စီ... လာလေ... ငါတို့ နောက်တစ်ခေါက် ထပ်စီးကြမယ်"

မြို့စားကတော်ရဲ့ တော်ဝင်မြေးလေးယောက်က သူတို့နေရာတွေမှာ ထိုင်နေကြပြီဖြစ်ပြီး နစ်စီအတွက် နေရာတစ်နေရာကိုလည်း ချန်ထားပေးခဲ့တယ်။

ရေလူသား ကောင်မလေးရဲ့ မျက်လုံးတွေထဲမှာ တောင့်တတဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်။ သူမက သူငယ်ချင်းတွေနဲ့အတူ ရှိနေချင်တာလေ။ ဒါပေမဲ့ ရိဒ်ကတော့ သူမ ကျန်းမာရေး တိုးတက်လာတဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြသနေရတာနဲ့ အလုပ်ရှုပ်နေဆဲပဲ။

"ရိဒ်... နစ်စီက သူ့သူငယ်ချင်းတွေနဲ့ သွားချင်နေပုံရတယ်" လို့ မိုက်ကယ်က ရိဒ်ကို သတိပေးလိုက်တယ်။

"အို... ဖေ့ အမှားပါ သမီးလေး... သွားတော့လေ" လို့ သူက ပြောရင်း သူမကို ရိုလာကိုစတာဆီ ပြန်တွန်းလွှတ်လိုက်တယ်။

အဲဒီနောက် ကလေးတစ်စု ကသူလူးရဲ့ ပါးစပ်ထဲ နောက်ထပ်တစ်ခေါက် ပျော်ပျော်ရွှင်ရွှင် စီးနင်းသွားကြတာကို သူတို့အားလုံး ကြည့်နေလိုက်ကြတယ်။

"ဒါက တကယ်ကို မယုံနိုင်စရာပဲ... ဒီ ရိုလာကိုစတာက လူတိုင်းရဲ့ နှလုံးခုန်နှုန်းကို အမြင့်ဆုံးရောက်အောင် မြှင့်တင်ပေးနိုင်တယ်... သူတို့ရဲ့ တာအိုနှလုံးသားတွေက အာဟာရပြည့်ဝပြီး ပြည့်စုံလာနေတယ်... မင်း ဒါကို ဖန်တီးခဲ့တာလား"

ဒီချီးမွမ်းစကားကို ကြားလိုက်ရတော့ မိုက်ကယ်က သူ့ရဲ့ ဖန်တီးမှုကို ပိုပြီး ဂုဏ်ယူသွားခဲ့တယ်။ ဒါကပဲ သူ နောက်ထပ် အများကြီး ထပ်ဖန်တီးချင်လာတဲ့ အကြောင်းရင်းပေါ့။

"ဟုတ်တယ်... ပြီးတော့ ကျွန်တော် မကြာခင် နောက်ထပ်တစ်ခု ထပ်ဖန်တီးဖို့ စီစဉ်နေတယ်" လို့ သူက ပြန်ဖြေလိုက်တယ်။

"သူက ပင်လယ်သတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အချို့ကို အလိုရှိနေတယ်... ပိုရှေးကျလေ ပိုကောင်းလေပဲ" လို့ ရိဒ်က ဝင်ပြောလိုက်တယ်။ "မင်းရဲ့ စုဆောင်းမှုထဲမှာ ဒါတွေ ရှိတယ်လို့ ငါ သူ့ကို ပြောထားတယ်... ဟုတ်တယ်မလား"

ဂီလာမိုက ခေါင်းညိတ်လိုက်တယ်။ "ငါ့ဆီမှာ ရှိပါတယ်"

"မိုက်ကယ်... ဗန်ပိုင်ယာတွေက ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းတဲ့နေရာမှာ တကယ်တော်ကြတယ်... သူတို့ရဲ့ ရှည်လျားတဲ့ သက်တမ်းက အခြားလူတွေ ရှေးဟောင်းလို့ သတ်မှတ်ထားတဲ့ သမိုင်းဝင် ပစ္စည်းများစွာကို စုဆောင်းနိုင်စေတယ်လေ... တကယ်လို့ သူတို့ဆီမှာ အရည်အသွေးမြင့် သွေးတွေကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်မယ်ဆိုရင် အသက်ရှည်တဲ့ ကိစ္စမှာ နတ်မျိုးနွယ်တွေနဲ့တောင် ယှဉ်နိုင်တယ်" လို့ ရိဒ်က သူ့သူငယ်ချင်းကို မြှောက်ပေးရင်း ပြောလိုက်တယ်။

"တကယ်လို့ မင်း လိုအပ်တာက ကျောက်ဖြစ်ရုပ်ကြွင်းတွေဆိုရင်တော့ ငါ မင်းကို ကူညီပေးနိုင်တယ်" လို့ ဂီလာမိုက မိုက်ကယ်ကို ပြောလိုက်တယ်။ "စီတန်းလှည့်လည်ပွဲ ပြီးရင် ငါ့ရဲ့ ခေါင်းတလားထဲ မင်းကို လိုက်ပြပေးမယ်"

ကျောက်ဖြစ်ရုပ်ကြွင်းတွေအတွက် နောက်ထပ် အရင်းအမြစ်တစ်ခု ရလာတာမို့ မိုက်ကယ်က ဒုတိယမြောက် ရိုလာကိုစတာ ဖန်တီးဖို့အတွက် ခြေတစ်လှမ်း ပိုနီးစပ်သွားခဲ့ပြီ။

အနာဂတ်ရိုလာကိုစတာအကြောင်း တွေးတောနေရင်းနဲ့ပဲ သူ တစ်ခုခုကို ရုတ်တရက် အကြံရသွားတယ်။

"ဂီလာမို... တကယ်လို့ ဗန်ပိုင်ယာတွေသာ ဒီ ရိုလာကိုစတာကို စီးမယ်ဆိုရင် သူတို့ သဘောကျမယ်လို့ ခင်ဗျား ထင်လား"

သူက ရေလူသားတွေကိုပဲ ပစ်မှတ်ထားချင်တာ မဟုတ်ဘူး။ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေအားလုံးကို သူ ပစ်မှတ်ထားချင်တာလေ။ တကယ်လို့ သူသာ ဗန်ပိုင်ယာတွေဆီအထိ ဈေးကွက်ချဲ့ထွင်နိုင်မယ်ဆိုရင် သူ့ရဲ့ သဲဒင်္ဂါး ဝင်ငွေက အဆပေါင်းများစွာ တိုးလာမှာ သေချာတယ်။

"ငါတို့ထဲက အချို့ကတော့ ဒီလိုအသစ်အဆန်းကို စိတ်လှုပ်ရှားကြမယ်ဆိုတာ ငါ မြင်ယောင်မိပါတယ်" လို့ ဂီလာမိုက ရိုးသားစွာ ပြန်ဖြေလိုက်တယ်။ "ဒါပေမဲ့ ငါတို့က ရေလူသားတွေလောက် ပင်လယ်ဘီလူးတွေကို မကြောက်ကြဘူး... မင်း လိုချင်တဲ့ တုံ့ပြန်မှုမျိုး ရနိုင်မယ်လို့ ငါ မထင်ဘူး"

ဂီလာမို ပြောတာလည်း အဓိပ္ပာယ်ရှိတယ်။ ဘာပဲဖြစ်ဖြစ် မိုက်ကယ်က 'ကသူးလူးရဲ့ စိတ်ဝိဉာဉ်အမှောင်ထုထဲသို့' ကို ရေလူသားတွေအတွက်ပဲ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲခဲ့တာလေ။

တကယ်လို့ သူက ဗန်ပိုင်ယာတွေကို ဆွဲဆောင်နိုင်မယ့် တစ်ခုခုကို တည်ဆောက်ချင်တယ်ဆိုရင် သူ ရေလူသားတွေအတွက် လုပ်ခဲ့သလိုပဲ ဗန်ပိုင်ယာတွေရဲ့ အကြိုက်တွေ၊ မကြိုက်တာတွေနဲ့ အားနည်းချက်တွေကို ရှာဖွေဖို့ လိုအပ်တယ်။

"ဘာက အဆင်ပြေမယ်လို့ ခင်ဗျား ထင်လဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။ "ဒီနေရာမှာ ခင်ဗျား စိတ်ဝင်စားစရာကောင်းတဲ့ တစ်ခုခုများ တွေ့ထားတာ ရှိလား"

ဂီလာမိုက နှုတ်ခမ်းကို စူလိုက်တယ်။ "ရိုးရိုးသားသား ပြောရရင် မက်ထရိုပိုလစ်မှာဖြစ်ဖြစ်၊ တော်ဝင်တိုက်ကြီးမှာဖြစ်ဖြစ် ငါတို့ စိတ်ဝင်စားစရာကောင်းတာ တစ်ခုမှ မတွေ့သေးဘူး"

"အခုလောလောဆယ် လူတွေ ငါတို့ကို ကမ်းလှမ်းနေတဲ့ အရာတွေက အပေါ်ယံဆန်လွန်းနေတုန်းပဲ... ဥပမာအနေနဲ့ သူတို့က ငါတို့ကို သွေးတွေ ရောင်းဖို့ ကြိုးစားနေကြတယ်... ဒါပေမဲ့ ငါတို့ဆီမှာ အရည်အသွေးမြင့် တိရစ္ဆာန်သွေး ထုတ်လုပ်မှုက ပြီးပြည့်စုံနေပြီဆိုတော့ သူတို့ဆီက ဘာလို့ ဝယ်ရမှာလဲ"

"ငါ တွေ့ဖူးသမျှထဲမှာ တစ်ခုတည်းသော စိတ်ဝင်စားစရာက မင်းရဲ့ 'ရိုလာကိုစတာ' ပဲ"

"ဒါပေမဲ့ စီတန်းလှည့်လည်ပွဲ ပြီးတာနဲ့ တော်ဝင်တိုက်ကြီး တစ်ခုလုံးကို စူးစမ်းလေ့လာဖို့ မက်ထရိုပိုလစ်ကနေ ငါတို့ ထွက်ခွာသွားရလိမ့်မယ်... ဒါပေမဲ့ ဒီအကြောင်းကို ငါ အားလုံးကို ပြောပြလိုက်ရင် ဒီနေရာကို ငါတို့ ထပ်လာလည်ကောင်း လာလည်ကြမှာပါ" လို့ ဂီလာမိုက ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်တယ်။

"မက်ထရိုပိုလစ်မှာ ဘာတွေ လိုအပ်နေတယ်လို့ ခင်ဗျား ထင်လဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

"ငါတို့ ဗန်ပိုင်ယာတွေက ဘာသာတရား ကိုင်းရှိုင်းကြတယ်ဆိုတာကို မြေပြင်ကမ္ဘာပေါ်က လူအများစုက မသိကြဘူး... ဗန်ပိုင်ယာတွေက နတ်ဘုရားတွေကို ကိုးကွယ်တာက ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ အချို့က ထင်ကြပေမဲ့ တကယ်တော့ ငါတို့ကို စွမ်းအားတွေ ပေးတာက နတ်ဘုရားတွေလို့ ငါတို့ ယုံကြည်ကြတယ်"

"ဒါပေမဲ့ ငါတို့က ရှေးရိုးစွဲတွေ မဟုတ်ဘူး... ဘာသာတရားတိုင်းကို ငါတို့ သဘောကျတယ်... ပြီးတော့ ငါတို့နဲ့မတူတဲ့ လူသားတွေရဲ့ ယုံကြည်မှုတွေကိုလည်း ငါတို့ စပ်စုချင်ကြတယ်... ဒါက ငါတို့ရဲ့ နယ်မြေထဲကနေ စွန့်စားထွက်ခွာလာရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုပဲ... ငါတို့ရဲ့ အမြင်ကျယ်ချင်လို့လေ"

"ဒါကြောင့် မင်းရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်... ငါတို့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မယ့် တစ်ခုတည်းသော အရာရှိမယ်ဆိုရင် အဲဒါက... ဘုရားကျောင်းတွေပဲ" လို့ ဂီလာမိုက ပြောလိုက်တယ်။

ချက်ချင်းပဲ မိုက်ကယ်က သူ့လက်ကို ခါယမ်းပြီး ဂီလာမိုကို ဆက်မပြောဖို့ တားဆီးလိုက်တယ်။

"ရှုး... သူ ခင်ဗျားကို ကြားသွားလိမ့်မယ်" လို့ မိုက်ကယ်က ပြာယာခတ်စွာ ပြောလိုက်တယ်။ "သူ့ကို နောက်ထပ် အကြံဉာဏ်တွေ ထပ်မပေးပါနဲ့တော့"

ရိဒ်နဲ့ ဂီလာမိုက သူ့ကို နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ကြတယ်။ မိုက်ကယ် ဘာလို့ ဒီလိုမျိုး လုပ်နေလဲဆိုတာ သူတို့ မသိကြဘူးလေ။

ဒါပေမဲ့ သူတို့နှစ်ယောက်လုံး မသိလိုက်တာကတော့ မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခုနဲ့ ပြုံးနေတဲ့ ခရမ်းရောင် စလိုင်းမ်လေး တစ်ကောင် ရှိနေခဲ့တယ်ဆိုတာပါပဲ။

* * * * * * * *

စာစဉ်(၅၇)

All Chapters