← Chapters

အခန်း ၆၈၀

Vol. 57 Ch. 680

အခန်း ၆၈၀

Vol. 57 Ch. 680

အခန်း(၆၈၀)

မိုက်ကယ်က ဂီလာမိုနဲ့ သူ့ကိုယ်သူ ရီနေးတားနိုင်ငံဆီ ပြန်လည်ရွှေ့ပြောင်းလိုက်တယ်။ သူတို့နှစ်ယောက်ဟာ အပ်ပါးဝုဒ်နယ်မြေရဲ့ လမ်းမကြီးပေါ်က ရီနေးတားရုံးချုပ်ရှေ့တည့်တည့်ကို ပြန်ရောက်သွားခဲ့တယ်။

"ငါ ရှာတွေ့ခဲ့တာကို သူတို့ သိသွားတဲ့အချိန် သူတို့မျက်နှာပေါ်က အမူအရာတွေကို မြင်ရဖို့ ငါ မစောင့်နိုင်တော့ဘူး"

ဂီလာမိုက ချက်ချင်းပဲ လင်းနို့တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး မိုက်ကယ်ကို မက်ထရိုပိုလစ်ရဲ့ လမ်းမတွေတစ်လျှောက် ဦးဆောင်ခေါ်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ မက်ထရိုပိုလစ်မှာ ရှိနေစဉ်အတွင်း ဗန်ပိုင်ယာတွေ တည်းခိုတဲ့ တည်းခိုဆောင်တစ်ခုဆီကို ရောက်ရှိသွားခဲ့တယ်။

အဆောက်အအုံတစ်ခုလုံးကို ဗန်ပိုင်ယာတွေအတွက် သီးသန့် ဖယ်ချန်ထားတာမို့ တည်းခိုဆောင်ထဲမှာ လှုပ်ရှားမှု သိပ်မရှိလှဘူး။

ဒါပေမဲ့ အဲဒီအဆောက်အအုံနားကို ကပ်သွားတာနဲ့ တစ်စုံတစ်ခု မှားယွင်းနေမှန်း မိုက်ကယ် ခံစားလိုက်ရတယ်။ ဂီလာမိုလည်း ဒါကို ခံစားမိပုံရပြီး သူက ရုတ်တရက် ခြေလှမ်းတွေကို ရပ်တန့်လိုက်ကာ လေထုကို မသင်္ကာသလို အနံ့ခံကြည့်လိုက်တယ်။

"ဘာဖြစ်လို့လဲ" လို့ မိုက်ကယ်က သူ့ကို မေးလိုက်တယ်။

ဘာမှ... မဖြစ်လောက်ပါဘူးလေ" လို့ ဂီလာမိုက ပြောလိုက်ပေမဲ့ သူ့မျက်နှာပေါ်မှာ အရင်ကလို စိတ်လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေ မရှိတော့ဘူး။ သူတို့ရဲ့ အဆောက်အအုံထဲ ဝင်သွားချိန်မှာတော့ သူ့မျက်နှာပေါ်မှာ သတိထားနေတဲ့ အမူအရာတစ်ခု အစားထိုးဝင်ရောက်လာခဲ့တယ်။

ဗန်ပိုင်ယာတွေက အလင်းရောင် လုံးဝမရှိတဲ့ အမှောင်တိကျနေတဲ့ အဆောက်အအုံမျိုးမှာ နေရတာကို ပိုသဘောကျပေမဲ့ အခန်းတွေဆီ သွားတဲ့ စင်္ကြံလမ်းက ထိတ်လန့်စရာကောင်းလောက်အောင် မှောင်မည်းနေခဲ့တယ်။ ဘယ်နေရာမှာမှ လှုပ်ရှားမှု အရိပ်အယောင်မရှိဘဲ ကြောက်ခမန်းလိလိ တိတ်ဆိတ်ငြိမ်သက်နေတယ်။

ဗန်ပိုင်ယာတွေက ကိုယ်ယောင်ဖျောက်တဲ့ နေရာမှာ နာမည်ကြီးကြပေမဲ့ အခုအခြေအနေကတော့ တစ်ခုခု ကွာခြားနေခဲ့တယ်။

ဂီလာမိုနဲ့ မိုက်ကယ်တို့ မှောင်မည်းနေတဲ့ စင်္ကြံလမ်းရဲ့ အဆုံးနားကို ပိုရောက်လာလေလေ လေထုထဲက အပုပ်နံ့က ပိုပိုပြီး ပြင်းထန်လာလေလေပဲ။

ဂီလာမိုက သူ သံသယဖြစ်နေတာကို အခုတော့ သေချာသွားခဲ့ပြီ။

သူ့ရဲ့ ခြေလှမ်းတွေက ပိုမြန်လာပြီး အခန်းဆီကို ပြေးသွားချိန်မှာပဲ သူ့ခန္ဓာကိုယ်က အရိပ်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။

သူတို့က တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်ပေမဲ့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ခန္ဓာကိုယ်တွေကိုသာ မြင်တွေ့လိုက်ရတယ်။

မိုက်ကယ်က သူ့ရဲ့ အဆင့်မြင့်စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်ပြီး ဗန်ပိုင်ယာတွေ မသေသေးတာကို မြင်လိုက်ရတော့မှ သက်ပြင်းချနိုင်သွားတယ်။ သူတို့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက မှေးမှိန်နေပေမဲ့ ရှိတော့ ရှိနေဆဲပဲ။ သူတို့က အသက်ရှင်ဖို့ ခဲယဉ်းစွာနဲ့ ရုန်းကန်နေရဆဲပဲ။

သတိလစ်နေတဲ့ ဗန်ပိုင်ယာတစ်ယောက်ချင်းစီရဲ့ လည်ပင်းပေါ်က သေးငယ်တဲ့ အပေါက်ရာနှစ်ခုကနေ ထွက်ကျလာတဲ့ သွေးတွေက ကြမ်းပြင်တစ်လျှောက်မှာ ပြန့်ကျဲနေခဲ့တယ်။

"ဗန်ပိုင်ယာတစ်ယောက် ဒါကို လုပ်သွားတာပဲ" လို့ ဂီလာမိုက သူ့သူငယ်ချင်းတစ်ယောက်ကို သူ့ပေါင်ပေါ် တင်ထားရင်း ကောက်ချက်ချလိုက်တယ်။

"ဗန်ပိုင်ယာတဲ့လား... သူတို့က ဘာလို့ ဒီလို လုပ်ရတာလဲ... ကိုယ့်မျိုးနွယ်အချင်းချင်းကိုတောင် ပြန်လှည့်ကွက်ရလောက်အောင် သွေးဆာနေကြလို့လား" လို့ တစ်အိမ်လုံးရဲ့ အခြေအနေကို ကြည့်ပြီး ဇဝေဇဝါဖြစ်နေတဲ့ မိုက်ကယ်က မေးလိုက်တယ်။

ဒါပေမဲ့ ဂီလာမိုက ခေါင်းယမ်းလိုက်တယ်။ "ဒါက ဆာလောင်မှုကြောင့် မဟုတ်ဘူး... ကြမ်းပြင်ပေါ်က သွေးတွေကို ကြည့်လိုက်ဦး... ဖိတ်စင်နေတာလေ... သူတို့က သွေးသောက်ချင်တယ်ဆိုရင် ကြမ်းပြင်ပေါ်မှာ သွေးတစ်စက်လေးတောင် ကျန်နေမှာ မဟုတ်ဘူး... မဟုတ်ဘူး... ဒါက ပိုပြီး ရက်စက်ယုတ်မာတဲ့ ကိစ္စပဲ... ဒီရာဇဝတ်မှုရဲ့ ရည်ရွယ်ချက်က အမုန်းတရား သက်သက်ကြောင့်ပဲ"

"ဒါကို ဘယ်သူ လုပ်မယ်ဆိုတာ ခင်ဗျားမှာ စဉ်းစားမိတာ ရှိလား"

အဲဒီနောက် မိုက်ကယ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ သတိလစ်နေတဲ့ ဗန်ပိုင်ယာ အယောက်နှစ်ဆယ်လောက်ကို မြင်လိုက်ရတယ်။ ဒါပေမဲ့ အခန်းထဲမှာ ရုန်းကန်ထားတဲ့ အရိပ်အယောင် လုံးဝ မရှိဘူး။ ကြမ်းပြင် ကြွေပြားတွေ ကွဲအက်နေတာ၊ စားပွဲတွေ ကျိုးပဲ့နေတာမျိုး ဘာတစ်ခုမှ မရှိခဲ့ဘူး။

ဒီလောက်များပြားတဲ့ လူတွေကို ဒီလို အလွယ်တကူ အလဲထိုးဖို့ဆိုတာ အလွန်များပြားတဲ့ လူအင်အား ဒါမှမဟုတ် အလွန်ကြီးမားတဲ့ ခွန်အား တစ်ခုခုတော့ လိုအပ်လိမ့်မယ်။

"ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိမယ့်သူက သူတို့ပဲ ရှိတယ်" လို့ ဂီလာမိုက ပြောရင်း ဗန်ပိုင်ယာတစ်ယောက်နားကို ဒူးထောက်ထိုင်ချလိုက်တယ်။

ပြီးတော့ သူက သူ့ရဲ့ လက်ဖျံကို ကိုက်လိုက်ပြီး သတိလစ်နေတဲ့ ဗန်ပိုင်ယာရဲ့ ပါးစပ်ထဲ သွေးတွေ စိမ့်ကျသွားအောင် ဒဏ်ရာတစ်ခု ဖန်တီးလိုက်တယ်။

ပြီးတော့ သူက သူ့ရဲ့ လက်ဖျံကို ကိုက်လိုက်ပြီး ဒဏ်ရာကို သတိလစ်နေတဲ့ ဗန်ပိုင်ယာရဲ့ ပါးစပ်နားကပ်လိုက်တယ်။ ဒဏ်ရာကသွေးတွေ သူ့ပါးစပ်ထဲ ဝင်သွားတာနဲ့ တစ်ပြိုင်နက် ဗန်ပိုင်ယာရဲ့ လက်တွေက တွန့်လိမ်သွားခဲ့တယ်။

မကြာခင်မှာပဲ ဗန်ပိုင်ယာက သတိပြန်လည်လာပြီး မျက်လုံးထဲက အိပ်ချင်မူးတူးဖြစ်နေတာတွေ ပျောက်သွားအောင် ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်တယ်။

ဂီလာမိုနဲ့ မျက်လုံးချင်း ဆုံသွားချိန်မှာတော့ ဗန်ပိုင်ယာရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေသေးတဲ့ ခွန်အားတွေနဲ့ ဂီလာမိုရဲ့ ကော်လာကို ဆွဲကိုင်ပြီး သတိပေးစကားတွေကို တီးတိုးပြောလိုက်တယ်။

"...သူတို့ပဲ..."

အဲဒီနောက် ဗန်ပိုင်ယာက သူရထားတဲ့ ဒဏ်ရာတွေကို မခံနိုင်တော့ဘဲ ပြန်လည်သတိလစ်သွားခဲ့တော့တယ်။

"သူတို့တဲ့လား" လို့ မိုက်ကယ်က မေးလိုက်တယ်။

ဂီလာမိုကတော့ ဒါကို ကြားပြီးနောက် သိပ်ပြီး မေးခွန်းထုတ်စရာ မရှိတော့တဲ့ပုံပဲ။ သူ ဘယ်သူ့ကို ဆိုလိုနေတာလဲဆိုတာကို ဂီလာမို အတိအကျ သိနေခဲ့တယ်။

"ဒါကို လုပ်သွားတာ သူတို့သာ ဆိုရင်တော့ မက်ထရိုပိုလစ် တစ်ခုလုံး ဒုက္ခရောက်နိုင်တယ်" လို့ ဂီလာမိုက လေးနက်တဲ့ အသံနဲ့ ပြောလိုက်တယ်။

"ဘာပြောတယ်... သူတို့က အဲလ်ရစ် ဒါမှမဟုတ် ပေါ့တ်ဘိုးလ် တို့လို လူတွေကိုတောင် အနိုင်ယူနိုင်လောက်အောင် စွမ်းအားကြီးလို့လား"

"မဟုတ်ဘူး... ဒါပေမဲ့ သူတို့က အဲဒီလို အာဏာရှိတဲ့သူတွေကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး... သူတို့က မက်ထရိုပိုလစ်က အားနည်းတဲ့ သာမန်လူသား နိုင်ငံသားတွေကို ပစ်မှတ်ထားနေတာ" လို့ ဂီလာမိုက ဖွင့်ဟပြောပြလိုက်တယ်။

"ဒါဆိုရင်တော့ တိုက်ခိုက်မှုကို ပြင်ဆင်နိုင်အောင် တခြားသူတွေကို ကျွန်တော်တို့ သတိပေးသင့်တယ်" လို့ မိုက်ကယ်က အကြံပြုလိုက်တယ်။

ဒါပေမဲ့ ဂီလာမိုရဲ့ အမြင်မှာတော့ ဒါက မလုံလောက်သေးဘူး။ "ငါတို့ ဗန်ပိုင်ယာတွေက ကိုယ်ယောင်ဖျောက်တဲ့ နေရာမှာ ကျွမ်းကျင်ကြတယ်... အဲဒါက ငါတို့ရဲ့ အဓိက စွမ်းအားပဲ၊ ငါတို့က အဲဒီနေရာမှာ အရမ်းကျွမ်းကျင်လွန်းလို့ ငါတို့ရဲ့ ကိုယ်ယောင်ဖျောက်မှုကို ကျင့်ဝတ်စည်းကမ်းတွေနဲ့ ကန့်သတ်ထားဖို့ ငါတို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ စည်းမျဉ်းတွေ ရှိနေရတာ။

ဒါပေမဲ့ ဒီအုပ်စုက အဲဒါကို မလိုက်နာဘူး... သူတို့က မသိမသာ တိုက်ခိုက်ပြီး သူတို့ရဲ့ သားကောင်တွေ ဘာဖြစ်သွားမှန်း မသိခင်မှာပဲ ပြစ်မှုကျူးလွန်တဲ့ နေရာကနေ ထွက်သွားလိမ့်မယ်။

တကယ်လို့ ငါတို့က တခြားသူတွေကို ပါဝင်လာအောင် လုပ်မယ်ဆိုရင် ဒါက သူတို့ကို အရိပ်တွေထဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်သွားအောင် ခြောက်လှန့်လိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်... သူတို့ကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက် ရှိသွားလိမ့်မယ်"

ဗန်ပိုင်ယာတစ်ယောက်အနေနဲ့ ဒီအခြေအနေက ဘယ်လောက် ပြင်းထန်တယ်ဆိုတာ ဂီလာမို သိနေခဲ့တယ်။

"ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ ခင်ဗျား အကြံပြုချင်လဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

"ငါ ကိုယ်တိုင် သူတို့ကို ရှာပြီး ဒီကိစ္စကို တားဆီးရလိမ့်မယ်... စော်ကားတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ လူသားတွေအနေနဲ့ ဗန်ပိုင်ယာတွေ ပါဝင်နေတဲ့ ဒီလောက်အဆင့်ရှိတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ဂီလာမိုက ဒီဗန်ပိုင်ယာအုပ်စုအကြောင်း ဆက်တိုက်ပြောနေပုံကို ကြည့်ရင် ဒါက သူတို့ရဲ့ မူလနယ်မြေတွေမှာတောင် ဖြစ်ရိုးဖြစ်စဉ် ပြဿနာတစ်ခုလို ဖြစ်နေပုံပဲ။

"ဒါနဲ့ သူတို့တွေက ဘယ်သူတွေလဲ... ပြီးတော့ မက်ထရိုပိုလစ်က နိုင်ငံသားတွေအပေါ် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ"

ဂီလာမိုက အဲဒီဗန်ပိုင်ယာတွေအကြောင်း တွေးနေရတာကိုပင် ရွံရှာနေတဲ့ပုံစံနဲ့ နှုတ်ခမ်းကို စုလိုက်တယ်။

"ဗန်ပိုင်ယာအများစုက ငါတို့ ကိုးကွယ်ရာအရှင်ရဲ့ ပျောက်ဆုံးနေတဲ့ အထွတ်အမြတ်စွမ်းအင်ကို ရှာဖွေဖို့ဆိုတာ ရှေးဟောင်းအတိတ်ကနေ ငါတို့ရဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ အမွေအနှစ်တွေကို တူးဖော်ခြင်းအားဖြင့် ပြီးမြောက်နိုင်မယ်လို့ ယုံကြည်ကြပေမဲ့ ငါတို့ထဲမှာ ကွဲပြားတဲ့ ယုံကြည်ချက်ရှိတဲ့ အစွန်းရောက်တချို့ ရှိနေတယ်။

သူတို့ကိုယ်သူတို့ ပျူရစ် ဗန်ပိုင်ယာတွေလို့ ခေါ်ကြတယ်။

ဂိုင်ယာကို ပြန်လည်အသက်သွင်းပြီး ငါတို့ရဲ့ အရိပ်တွေကို ပြန်ရဖို့ဆိုရင် ငါတို့တွေ ဉာဏ်အလင်းပွင့်တဲ့အထိ လူသားတွေရဲ့ သွေးကို အမှန်တကယ် သောက်သုံးရမယ်လို့ သူတို့က ယုံကြည်ကြတယ်... ဒါက ငါတို့မျိုးနွယ်စုရဲ့ အရင်က တည်ရှိခဲ့ဖူးတဲ့ ဘုန်းအသရေကို ပြန်ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလို့ သူတို့ ထင်နေကြတာ။

အဲဒီလိုလုပ်ဖို့အတွက် သူတို့ဆီမှာ ကိုယ်ကျင့်တရား ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ ကန့်သတ်ချက်တွေ မရှိဘူး... သူတို့က လူသားတွေကို ငါတို့ ဗန်ပိုင်ယာတွေအတွက် ဝန်ဆောင်မှုပေးဖို့ သီးသန့်ဖန်တီးထားတဲ့ သွေးလှောင်ဘဏ်တွေလို သဘောထားကြတယ်။

မက်ထရိုပိုလစ်က နိုင်ငံသားတွေကိုလည်း သူတို့ အဲဒီလို လုပ်ဖို့ ကြိုးစားနေတာလို့ ငါ ယုံကြည်တယ်... ဒီနေရာက သူတို့အုပ်စုအတွက် အဓိကပစ်မှတ်ပဲ၊ ရိတ်သိမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ လူသားတွေ အများကြီး ရှိနေတယ်လေ"

ဒါကို ကြားပြီးနောက် မိုက်ကယ်လည်း ဂီလာမိုနည်းတူ မရွံရှာဘဲ မနေနိုင်ခဲ့ဘူး။ သူ ပြောတာသာ အမှန်ဆိုရင် သူတို့ကို တကယ်ပဲ တားဆီးဖို့ လိုအပ်နေပြီလေ။

"ခင်ဗျားကို ကျွန်တော် ကူညီမယ်" လို့ သူက ဂီလာမိုကို ပြောလိုက်တယ်။

"မင်း သဘောကောင်းလှပါတယ် မိုက်ကယ်... ဒါပေမဲ့ ငါတို့ ဗန်ပိုင်ယာတွေက ကိုယ်ယောင်ဖျောက်တဲ့နေရာမှာတင် မကဘဲ ကင်းထောက်တဲ့ နေရာမှာပါ ထူးချွန်ကြတယ်... အဲဒီ ပျူရစ်တွေက သူတို့မသိဘဲ ဘယ်သူမှ သူတို့ရဲ့ အခြေစိုက်စခန်းထဲ ထိုးဖောက်ဝင်ရောက်လာနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာအောင် လုပ်ထားလိမ့်မယ်... ဗန်ပိုင်ယာတစ်ယောက်ဖြစ်တဲ့ ငါတောင်မှ သူတို့ မျက်စိအောက်ကနေ မမြင်အောင် နေနိုင်မလားဆိုတာ မသေချာဘူး"

အခု မိုက်ကယ်ရဲ့ တကယ့်စွမ်းအားတွေကို ဂီလာမို သိနေတယ်ဆိုရင်တောင် သူ့စကားတွေက အဓိပ္ပာယ်ရှိနေဆဲပဲ။

ဘာပဲဖြစ်ဖြစ် ဗန်ပိုင်ယာတွေဆိုတာ မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေပဲလေ။ သူတို့ရဲ့ စွမ်းအားက တာအိုနှလုံးသားတွေကနေ လာတာဖြစ်ပြီး သူတို့ရဲ့ စွမ်းရည်အားလုံးက တန်ခိုးစွမ်းရည်တွေကို အသုံးပြုနေလိမ့်မယ်လို့ ဆိုလိုတာပဲ။ မိုက်ကယ်ရဲ့ ကိုယ်ယောင်ဖျောက်မှော်ပညာကတောင် သူတို့မျက်စိအောက်မှာ မမြင်ရဘဲ ရှိနေနိုင်မှာ မဟုတ်ဘူး။

သူ့မှာ ကိုယ်ပိုင် ကိုယ်ယောင်ဖျောက် စွမ်းရည် ရှိနေရင်တော့ အဆင်ပြေမှာပေါ့။ ဒါပေမဲ့ သူ့မှာ အဲဒါ မရှိဘူးလေ။

ဒါပေမဲ့ ဗန်ပိုင်ယာတွေဆီ အမြင်မခံရဘဲ ထိုးဖောက်ဝင်ရောက်ဖို့ သူ့ကို ကူညီပေးနိုင်မယ့် အရာတစ်ခု ကျန်နေသေးတယ်။

အဲဒါကတော့ သူ့ရဲ့ ဒရုန်း ကတစ်ဆင့်ပါပဲ။

* * * * * * * *

စာစဉ်(၅၇)

All Chapters