← Chapters

အခန်း ၆၈၂

Vol. 57 Ch. 682

အခန်း ၆၈၂

Vol. 57 Ch. 682

အခန်း(၆၈၂)

မိုက်ကယ်က ရီနေးတားနိုင်ငံဆီကို ပြန်ပြီး ရောက်ရှိလို့ လာခဲ့တယ်။ အဲဒီနေရာမှာတော့ ဆရီနာ၊ နစ်စီနဲ့ အခြား ရေလူသားတွေဟာ မြစ်တွေထဲမှာ ဆော့ကစားနေကြတာကို သူ မြင်လိုက်ရတယ်။

သူက သူတို့ဆီကို ချဉ်းကပ်သွားပြီး ဆရီနာ့ဆီကနေ အကူအညီတစ်ခုကို ချက်ချင်းပဲ တောင်းခံလိုက်တယ်။

"ဆရီနာ... ငါ မင်းဆီကနေ ဝိညာဉ်ဆီ အစက်အချို့ကို ဝယ်လို့ရမလား"

သူမက သူ့ရဲ့ တည်ကြည်လေးနက်နေတဲ့ မျက်နှာပေးကို ချက်ချင်း မြင်သွားခဲ့ပြီး သူမရဲ့ အမူအရာကိုလည်း ချက်ချင်းပဲ ပြောင်းလဲလိုက်တယ်။ "ရတာပေါ့... မင်း ဘယ်နှစ်စက် လိုချင်လို့လဲ"

"ငါ ခြောက်စက် လိုချင်တာ" လို့ သူက ပြောလိုက်ပြီး သဲဒင်္ဂါး ၆၀,၀၀၀ တိတိ ပါဝင်တဲ့ သဲဒင်္ဂါးအိတ်တစ်အိတ်ကို သူမဆီ ကမ်းပေးလိုက်တယ်။

ဆရီနာက ထိုအိတ်ကို ချက်ချင်းပဲ လက်ခံလိုက်ပြီး သူမရဲ့ လက်ကို ဝှေ့ယမ်းကာ ထူးခြားတဲ့ ကိုယ်ဟန်အမူအရာအချို့ကို ပြုလုပ်ရင်း သူမဘေးပတ်လည်က ရေတွေကို ဘေးဖယ်သွားဖို့နဲ့ ရေပြင်ပေါ်မှာ ဖန်ခုံးတစ်ဝက်ပုံစံ ချိုင့်ခွက်တစ်ခု ဖန်တီးဖို့ အမိန့်ပေးလိုက်တော့တယ်။

"အိတ်ကို ဒီထဲကို ချလိုက်" လို့ သူမက မိုက်ကယ်ကို ပြောလိုက်တယ်။ "ရေက ပမာဏကို စစ်ဆေးပြီးသွားတာနဲ့တစ်ပြိုင်နက် မင်းဝယ်ယူလိုက်တဲ့ သင့်တော်တဲ့ ဝိညာဉ်ဆီ အရေအတွက်ကို ပြန်ပြီး ပေးပါလိမ့်မယ်"

မိုက်ကယ်က သူမပြောတဲ့အတိုင်း လုပ်ဆောင်ပြီး အိတ်ကို ရေထဲကို ညင်သာစွာ ချလိုက်တယ်။ ထိုအခါမှာတော့ ရေအောက်မှာ ရေဝဲတစ်ခု ရှိနေသလိုမျိုး ရုတ်တရက်ဆိုသလို အိတ်က ရေထဲက ဖန်ခုံးတစ်ဝက်ပုံစံ ချိုင့်ခွက်ထဲကို စုပ်ယူခြင်း ခံလိုက်ရတော့တယ်။

အိတ်က မြစ်ရဲ့ အောက်ခြေ ဘယ်နေရာမှာမှ မြင်တွေ့ရခြင်း မရှိတော့တာမလို့ အခြားတစ်နေရာဆီကို ပျောက်ကွယ်သွားခဲ့တဲ့ပုံပဲလေ။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ထိုဖန်ခုံးတစ်ဝက်ပုံစံက ရုတ်တရက် လှုပ်ရှားရုန်းကြွလာပြီး ရေနက်ဝဲတစ်ခုကို ဖန်တီးလိုက်ကာ အစိမ်းရောင် ဖန်ပုလင်းငယ်လေးတွေက ရေထဲကနေ ပေါက်ကွဲထွက်လာပြီး မိုက်ကယ်ရဲ့ လက်ထဲကို တည့်တည့်မတ်မတ် ကျရောက်လာခဲ့တော့တယ်။

သူက စုစုပေါင်း ပုလင်းငယ် ခြောက်လုံးကို ရရှိခဲ့တာ ဖြစ်ပြီး ပုလင်းတစ်လုံးချင်းစီထဲမှာ ဆရီနာပြောခဲ့တဲ့အတိုင်း ဝိညာဉ်ဆီ တစ်စက်စီ ပါဝင်နေတယ်။

"ငါက ဝိညာဉ်ဆီ အစက်တွေကို ငါ့ကိုယ်ပေါ်မှာ ဆောင်မထားဘူးလေ... အရာအားလုံးကို အတ္တလန်တစ်ရဲ့ အနက်ရှိုင်းဆုံး ဘဏ္ဍာတိုက်တွေထဲမှာပဲ သိမ်းဆည်းထားတာ" လို့ ဆရီနာက ရှင်းပြလိုက်တယ်။ "ငါက လူသားတွေအနေနဲ့ အတ္တလန်တစ်ဆီကနေ ဝိညာဉ်ဆီ အစက်တွေကို ဝယ်ယူနိုင်အောင် လုပ်ပေးတဲ့ ကြားခံလူသက်သက်ပါပဲ"

ဒါက အဓိပ္ပာယ်ရှိတယ်။ တကယ်လို့ သူမက ဝိညာဉ်ဆီ အစက်တွေကို သူမနဲ့အတူ ယူဆောင်လာခဲ့မယ်ဆိုရင် သူမအနေနဲ့ ကုန်းပေါ်ကကမ္ဘာမှာ ဆက်ပြီး လှည့်လည်သွားလာနေဖို့က သိပ်ကို အန္တရာယ်များလွန်းလှတယ်လေ။ ကုမ္ပဏီကြီးတွေတောင်မှ သူမဆီကနေ ဝိညာဉ်ဆီ အစက်တွေကို လုယူဖို့အတွက် မက်မောလာနိုင်တာမလို့ ကုမ္ပဏီအသေးလေးတွေဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး။

"ကျေးဇူးပါပဲ" လို့ မိုက်ကယ်က ဆရီနာကို ပြောလိုက်တယ်။

ထို့နောက် သူမက သူမရဲ့ လက်တွေကို ရေထဲကို နှစ်လိုက်ပြီး သူ့ဆီကို ရေစက်တွေနဲ့ ပက်ဖျန်းလိုက်တယ်။ ဒါကတော့ ရေလူသားတွေရဲ့ ထုံးတမ်းအစဉ်အလာအရ တစ်စုံတစ်ယောက်ကို အောင်မြင်မှု ရရှိပါစေကြောင်း ဆုတောင်းပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လေ။

"မင်း လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ အရာမှန်သမျှမှာ ကံကောင်းပါစေလို့ ငါ ဆုတောင်းပေးပါတယ်" လို့ သူမက ပြောလိုက်တယ်။

နစ်စီကတောင်မှ သူမရဲ့ အားအင်တွေကို စုစည်းပြီး သူ့ဆီကို လှမ်းအော်လိုက်သေးတယ်။

"...ကံကောင်းပါစေ... အစ်ကိုကြီး"

သူက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး သူတို့ရဲ့ ဆုတောင်းစကားတွေကို ကျေးဇူးတင်လိုက်မိတယ်။

ပြီးတော့ သူ မက်ထရိုပိုလစ်ဆီကို ပြန်ပြီး တယ်လီပို့မလုပ်ခင်မှာတင် တစ်စုံတစ်ယောက်က သူ့ရဲ့ လက်မောင်းကို လှမ်းကိုင်လိုက်တာကို ရုတ်တရက် ခံစားလိုက်ရတော့တယ်။

သူ လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကုန်းနေတဲ့ ကျောပြင်နဲ့ အပြစ်အနာအဆာကင်းတဲ့ ပုလဲလုံးတွေနဲ့ တူတဲ့ မျက်လုံးတွေ ရှိနေတဲ့ ရေလူသား အဘွားအိုတစ်ယောက်ကို မြင်လိုက်ရတယ်။

သူမနဲ့ သူ တစ်ခါမှ မဆုံဖူးခဲ့ပါဘူး၊ ဒါပေမဲ့ သူမက ဘယ်သူလဲဆိုတာကိုတော့ သူ သိနေခဲ့တယ်လေ။ ရိဒ်က သူမအကြောင်းကို ပြောပြဖူးပြီး နစ်စီအတွက် ကုထုံးတစ်ခုကို ရှာဖွေဖို့ ကုန်းပေါ်ကကမ္ဘာမှာ ခရီးနှင်ဖို့ သူတို့ကို ဆွဲဆောင်စည်းရုံးတဲ့နေရာမှာ သူမက သိပ်ကို အရေးပါခဲ့ကြောင်း ပြောဖူးတာ ဖြစ်လို့ပါပဲ။

သူမကိုတော့ ပရောဖက်အိုကြီးလို့ ခေါ်ကြတယ်လေ။

"မိစ္ဆာတွေကို အောင်နိုင်ခြင်းဆိုတာ ကိုယ်တိုင် မိစ္ဆာတစ်ကောင် ဖြစ်လာခြင်းထဲမှာ ရှိတာမဟုတ်ဘူး... မိစ္ဆာဖြစ်ဖို့ ငြင်းဆန်ခြင်းထဲမှာပဲ ရှိတာ"

ထို ဝေဝါးလှတဲ့ စကားလုံးတွေကို ပြောပြီးတဲ့နောက်မှာတော့ ပရောဖက်အိုကြီးက သူ့လက်ပေါ်က သူမရဲ့ ကိုင်တွယ်မှုကို လွှတ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ရေထဲကို ပြန်လည် လျှောက်လှမ်းသွားခဲ့တော့တယ်။

ဒါက နိမိတ်ဖတ်ကြားချက်တစ်ခုလား။

ဒါပေမဲ့ သူ့မှာ သူမရဲ့ စကားလုံးတွေကို အဓိပ္ပာယ်ဖော်ဖို့အတွက် အချိန်မရှိခဲ့ပါဘူး။ သူ အချိန်တွေ ပိုပြီး ဖြုန်းတီးလေလေ၊ လူတွေ ပိုပြီး အန္တရာယ်ကျရောက်လေလေ ဖြစ်နိုင်တာမလို့ပါပဲ။

သူက ဘာပဲဖြစ်ဖြစ် ပရောဖက်အိုကြီးရဲ့ အကြံပြုချက်အတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြပြီး ကျေးဇူးတင်လိုက်ကာ ရီနေးတားနိုင်ငံဆီကို မပြန်ခင်မှာပဲ...

* * * * * * * *

သူက ဝိညာဉ်ဆီ တစ်စက်ချင်းစီကို သူ့ရဲ့ ဒရုန်းထဲကို စတင် ထည့်သွင်းလိုက်ရာ အဲဒါက ဒရုန်းရဲ့ မျက်နှာပြင်ထဲကို ဖြည်းဖြည်းချင်း စုပ်ယူသွားတယ်။

[မီသရယ် မှော်ဝင်ပစ္စည်း - ဒရုန်း]

[ရှေးဟောင်းစိတ်ဝိဉာဉ် - ၆ စက်]

[အမြင်အာရုံ]

- - ကင်မရာ

- - - ဒရုန်း အမြင်အာရုံ

- - - မျှဝေ အမြင်အာရုံ

- - - မက်ဂ်နက်တစ် အမြင်အာရုံ = ၃

- - - သားရဲမျိုးနွယ်အမြင်အာရုံ = ၃

- - -XXXX

[လက်နက်]

- - သဟဇာတ သေနတ်များ

- - - သဟဇာတ သေနတ်

- - - သဟဇာတ သေနတ် (ဗားရှင်းတူး) = ၂

- - - သဟဇာတ ဗုံး

- - - XXXX

- - စွမ်းရည်

- - - ပစ္စည်းသိုလှောင်ခန်း လဲလှယ်ခြင်း = ၁

- - - XXXX

[ပန်ကာ]

- -ပုန်းကွယ်ခြင်း

- - - အသံတိတ် ပန်ကာ = ၁

- - - XXXX

- - အရှိန်နှုန်း

- - - ဒေါင်လိုက်ပန်ကာနှစ်ခု = ၁

- - - XXXX

[ကိုယ်ထည်]

- - ပုန်းကွယ်ခြင်း

- - - ကိုယ်ရောင်ဖျောက်ခြင်း = ၁

- - - မျက်စိတဆုံး ကိုယ်ရောင်ဖျောက်ခြင်း

- - - အရာဝတ္ထုများကို ဖြတ်သန်းသွားလာနိုင်ခြင်း = ၃

- - အကာအကွယ်

- - - သဟဇာတ ဒိုင်း = ၁

- - - XXXX

[ချဲ့ထွင်မှု]

- - ဒရုန်းများ

- - - ဒရုန်းအသေးစား

- - - ဒရုန်းအုပ်စု = ၂

- - ပုံစံပြောင်းလဲခြင်း

- - - အရွယ်အစား လျှော့ချခြင်း = ၁

- - - အရွယ်အစား ချဲ့ထွင်ခြင်း = ၁

- - - ပုံသဏ္ဌာန် ပြောင်းလဲခြင်း = ၂

[မှော်ကမ္ဘာငယ်လေး]

- - ရေဂီယို

- - XXXX

အံ့ဩစရာကောင်းလှစွာပဲ၊ သူက သူ့ရဲ့ အရင် အဆင့်မြှင့်တင်မှုတွေပြီးနောက် ရွေးချယ်စရာအသစ်တစ်ခုကို ပွင့်သွားခဲ့ပုံရတယ်။

[သားရဲမျိုးနွယ်အမြင်အာရုံ - ဒီအဆင့်မြှင့်တင်မှုက မက်ဂ်နက်တစ်အမြင်အာရုံ အဆင့်မြှင့်တင်မှုတစ်ခု ဖြစ်ပြီး မှော်သားရဲ တစ်ပိုင်းသတ္တဝါတစ်ကောင်ရဲ့ ကျင့်စဉ်နဲ့ သူတို့ရဲ့ တန်ခိုးအကြောင်း ဖော်ပြချက်ကို မြင်တွေ့နိုင်စေမှာ ဖြစ်တယ်]

ဒီအဆင့်မြှင့်တင်မှုက ပျူရစ်ဗန်ပိုင်ယာတွေကို ဆန့်ကျင်တိုက်ခိုက်ရမယ့် မစ်ရှင်အတွက် တကယ့်ကို ပြီးပြည့်စုံလွန်းလှတယ်။ တကယ်လို့ သူက ဒီအဆင့်မြှင့်တင်မှုကို ဝယ်ယူလိုက်မယ်ဆိုရင် ဗန်ပိုင်ယာတွေက သူတို့ကို ဘယ်လို အနိုင်ယူရမလဲဆိုတာကို စတင် ပြင်ဆင်နိုင်ဖို့အတွက် သူတို့ရဲ့ တန်ခိုးကို မပြမချင်း စောင့်ဆိုင်းနေစရာ လိုအပ်တော့မှာ မဟုတ်ပါဘူး။ သူက သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နိုင်ပြီး သူ့ရဲ့ ဒရုန်းကတစ်ဆင့်တင် သူတို့ရဲ့ အားနည်းချက်တွေကို ရှာဖွေနိုင်မှာ ဖြစ်တယ်လေ။

အရင်တုန်းကတော့ သူက မက်ဂ်နက်တစ်တွေနဲ့ ခဏခဏ ဆုံတွေ့နေရတာကြောင့် [မက်ဂ်နက်တစ်အမြင်အာရုံ] ကို ဝယ်ယူချင်ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ထိုအဆင့်မြှင့်တင်မှုကတော့ ဆိုင်းငံ့ထားဖို့ လိုအပ်လိမ့်မယ့်ပုံပဲလေ။ သူ့ရဲ့ အခုလောလောဆယ် အာရုံစိုက်မှုက ဗန်ပိုင်ယာတွေအပေါ်မှာပဲ ရှိနေတာ ဖြစ်လို့ပါပဲ။

နောက်ထပ် အဆင့်မြှင့်တင်မှုအတွက်ကတော့ သူက ရွေးချယ်စရာနှစ်ခုကြားမှာ ဝေခွဲမရ ဖြစ်နေခဲ့တယ်။

ပထမတစ်ခုကတော့ [သဟဇာတ သေနတ် (ဗားရှင်းတူး) ] အဆင့်မြှင့်တင်မှု ဖြစ်လိမ့်မယ်။

[သဟဇာတ သေနတ် (ဗားရှင်းတူး) - ဒီအဆင့်မြှင့်တင်မှုက လက်ရှိ ဒရုန်းအတွက် သေနတ်ပြောင်းတွေကို နှစ်ဆ ဖြစ်စေမှာ ဖြစ်တယ်။ တစ်စက္ကန့်ချင်းစီအလိုက် ပိုမိုများပြားတဲ့ ပျက်စီးဆုံးရှုံးမှုကို ပေးစွမ်းနိုင်ဖို့အတွက် ကျည်ပြန်ဖြည့်ချိန်ကိုလည်း လျှော့ချပေးလိမ့်မယ်။ မင်း ဝယ်ယူထားတဲ့ ဒရုန်းငယ်မှန်သမျှမှာလည်း သဟဇာတသေနတ် တစ်လက်စာအတွက် ကိုယ်ပိုင် သေနတ်ပြောင်းတစ်ခုစီ တပ်ဆင်ပေးသွားမှာ ဖြစ်တယ်]

[ကုန်ကျစရိတ် - ၂ စက်]

သူတို့အနေနဲ့ သူတို့ရဲ့ ဂူဗိမာန်ထဲမှာ ဗန်ပိုင်ယာ အမြောက်အမြားကို ရှာတွေ့နိုင်ခြေ သိပ်ကို ရှိနေတာမလို့ သူ့ရဲ့ ဒရုန်းငယ်က နောက်ဆုံးမှာ သဟဇာတသေနတ်ကို ပစ်ခတ်နိုင်စွမ်း ရှိလာတာက ဧရာမ အကူအညီကြီးတစ်ခု ဖြစ်လာလိမ့်မယ်လေ။

ဒါပေမဲ့ သူ ရွေးချယ်နိုင်တဲ့ နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ [ဒရုန်းအုပ်စု] အဆင့်မြှင့်တင်မှု ဖြစ်တယ်။ ဒါကတော့ သူ့မှာ အသုံးပြုဖို့အတွက် လုံလောက်တဲ့ ဝိညာဉ်ဆီ အစက်တွေ ရှိနေသရွေ့ ဒရုန်းတွေကို သူ စွမ်းဆောင်နိုင်သမျှ အများကြီး ဝယ်ယူနိုင်ခွင့် ပေးမှာ ဖြစ်ပြီး သူ့ရဲ့ စိတ်ကြိုက် အသုံးပြုနိုင်မယ့် စစ်မှန်တဲ့ ဒရုန်းအုပ်စုကြီးတစ်ခုကို ထိရောက်စွာ ဖန်တီးပေးမှာ ဖြစ်တယ်။

ဒါပေမဲ့ ဒရုန်းတွေ ပိုပြီး ရှိနေတာက အဲဒါတွေအားလုံးမှာ ကိုယ်ပိုင် သဟဇာတသေနတ်ပြောင်းတွေ မရှိမချင်းတော့ အမှန်တကယ် ဘာမှ လုပ်ဆောင်နိုင်မှာ မဟုတ်သေးပါဘူး။

ဒရုန်းငယ်တွေ ပိုပြီး ရှိလာတာက ပိုမိုကောင်းမွန်တဲ့ မြင်ကွင်းအာရုံကို ရရှိဖို့နဲ့ တစ်ပြိုင်နက်တည်း အားသွင်းဖို့အတွက် ဘက်ထရီတွေ ပိုပြီး ရှိလာတာကိုပဲ ဆိုလိုတာ ဖြစ်လို့လေ။

အသေအချာ စဉ်းစားသုံးသပ်ပြီးတဲ့နောက်မှာတော့ မိုက်ကယ်က [သဟဇာတသေနတ် ဗားရှင်းတူး] အဆင့်မြှင့်တင်မှုကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဘာပဲဖြစ်ဖြစ်၊ ဒရုန်းငယ်တွေက သူ သေနတ် အဆင့်မြှင့်တင်မှုကို အရင် မဝယ်ယူမချင်းတော့ အခြေခံအားဖြင့် ဘာတိုက်ခိုက်ရေးစွမ်းရည်မှ မရှိကြတာမလို့ပါပဲ။

ဖြုန်းတီးပစ်ဖို့ အချိန်မရှိတော့တာမလို့ သူက အဲဒီ အဆင့်မြှင့်တင်မှုနှစ်ခုကို ဝယ်ယူလိုက်ပြီး အဲဒါအတွက် ၅ စက် အသုံးပြုလိုက်တယ်။

ဒရုန်းဆီကနေ နာနိုမှုန်တွေ ပိုပြီး ထွက်ပေါ်လာခဲ့ပြီး အဆင့်မြှင့်တင်မှု လုပ်ငန်းစဉ်ကို နောက်တစ်ကြိမ် ထပ်ပြီး စတင်လိုက်ပြန်တယ်။ ပြီးတော့ ဒီတစ်ကြိမ်မှာတော့ ဒရုန်းငယ်ရဲ့ အောက်ခြေမှာ သေနတ်ပြောင်းတစ်ခု စတင် ပုံပေါ်လာခဲ့တာမလို့ ဒရုန်းငယ်ကပါ နောက်ဆုံးမှာတော့ တိုက်ခိုက်ရေးစွမ်းရည်အချို့ကို ပိုင်ဆိုင်သွားခဲ့ရတယ်။

သူက အဆင့်မြှင့်တင်မှုကို စောင့်ဆိုင်းနေစဉ်မှာတင် သူနဲ့ ဂီလာမိုတို့ဟာ ပျူရစ်ဗန်ပိုင်ယာတွေရဲ့ ဂူဗိမာန်ကို ရှာဖွေဖို့အတွက် စတင် ထွက်ခွာခဲ့ကြတော့တယ်။

"သူတို့က လူတွေအများကြီးကို ပစ်မှတ်ထားဖို့အတွက် လူအများကြီး ရှိမယ့် နေရာတစ်ခုခုမှာ ပေါ်ပေါ်ထင်ထင် ပုန်းအောင်းနေကြလိမ့်မယ်"

ဂီလာမိုက စုံစမ်းစစ်ဆေးမှုကို တာဝန်ယူလိုက်ပြီး မက်ထရိုပိုလစ်ရဲ့ လမ်းမတွေရဲ့ အကြိုအကြားမှန်သမျှကို လိုက်လံ စကင်ဖတ်ကြည့်လိုက်တယ်။

သိပ်မကြာခင်မှာတင် သူတို့ဟာ လမ်းပိတ်နေတဲ့ပုံရတဲ့ မှောင်မည်းနေတဲ့ လမ်းကြားလေးတစ်ခုဆီကို အမှတ်မထင် ရောက်ရှိသွားခဲ့ကြတယ်။

"ဒါပဲ... သူတို့ ဒီမှာ ရှိနေတာ" လို့ ဂီလာမိုက ပြောလိုက်ပြီး လေထုထဲက လူသားတွေရဲ့ သွေးနံ့သဲ့သဲ့ကြောင့် သူ့ရဲ့ နှာခေါင်းက တုန်ခါသွားခဲ့ရတယ်။ သန့်စင်သောသူတွေက အခုအချိန်မှာ သားကောင်အချို့ကို သေချာပေါက် ဖမ်းဆီးထားပြီးလောက်ပြီလေ။

ဒီလမ်းကြားလေးက ဘယ်နေရာကိုမှ ဦးတည်မထားတဲ့ ပြတင်းပေါက်တွေ ဒါမှမဟုတ် တံခါးတွေ မရှိဘဲ လုံးဝ အလွတ်ကြီး ဖြစ်နေတဲ့ပုံပဲ၊ ဒါပေမဲ့ သူတို့က နံရံတွေရဲ့ တစ်ဖက်ကမ်းကနေ စည်ကားနေတဲ့ ဈေးတစ်ခုရဲ့ အသံတွေကို ကြားနေရတယ်။ တကယ်လို့ ပျူရစ်ဗန်ပိုင်ယာတွေက မက်ထရိုပိုလစ်ရဲ့ ဘယ်နေရာမှာမဆို ရှိနေမယ်ဆိုရင်တော့ သူတို့ ဒီမှာပဲ ရှိနေကြမှာ သေချာတယ်။

ပြီးတော့ သူကိုယ်တိုင်လည်း ဗန်ပိုင်ယာတစ်ယောက် ဖြစ်တာမလို့ ဂီလာမိုက ထိုနေရာကို ဝန်းရံထားတဲ့ သွေးတန်ခိုးရဲ့ သဲ့သဲ့သော သက်သေအထောက်အထားတွေကို မြင်တွေ့နိုင်ခဲ့ပြီး သာမန်လူတွေရဲ့ မျက်စိထဲမှာတော့ ဒါက ပုံမှန်အတိုင်းပဲ ထင်ရစေတယ်။

* * * * * * * *

စာစဉ်(၅၇)

All Chapters