← Chapters

အခန်း ၆၈၄

Vol. 57 Ch. 684

အခန်း ၆၈၄

Vol. 57 Ch. 684

အခန်း(၆၈၄)

မှောင်မည်းကျပ်တည်းနေတဲ့ အခန်းတစ်ခုထဲမှာ မြေဖြူခဲလို ဖြူဖျော့တဲ့ အရေပြားနဲ့ သစ်ကိုင်းခြောက်တွေလို ပိန်ချုံးနေတဲ့ ခန္ဓာကိုယ်တွေ ရှိကြတဲ့ ဗန်ပိုင်ယာတွေ ရှိနေတယ်။

ဒါပေမဲ့ သူတို့က ပုံမှန် ဗန်ပိုင်ယာတွေ မဟုတ်ကြဘူး။

ဗန်ပိုင်ယာအများစုဆီမှာ တွေ့ရလေ့ရှိတဲ့ ခန့်ညားပြီး လေးစားစရာကောင်းတဲ့ ပုံစံမျိုးနဲ့မတူဘဲ ဒီရှစ်ယောက်ပါတဲ့ အုပ်စုက သွေးတွေစွန်းထင်းပြီး စုတ်ပြတ်နေတဲ့ ဝတ်ရုံနက်တွေကို ဝတ်ဆင်ထားကြတယ်။ သူတို့ရဲ့ ကိုယ်ဟန်အနေအထားတွေက ကိုယ့်ခန္ဓာကိုယ်ကိုတောင် မထိန်းထားနိုင်တဲ့အလား ခါးကိုင်းနေပြီး ခြေတစ်ဖက်တည်းကို မှီခိုရပ်နေကြတယ်။

ပြီးတော့ သူတို့မျက်နှာပေါ်က ကယောင်ကတမ်း ဖြစ်နေတဲ့ ပုံစံတွေကို ကြည့်ရရင် မိုက်ကယ်သာဆို သူတို့ကို ဟယ်လိုဝင်းပါတီကနေ ပြန်လာတဲ့ မူးယစ်နေတဲ့ အမျိုးသား၊ အမျိုးသမီးအုပ်စုလို့တောင် ထင်မှတ်သွားမှာပဲ။

"ဗန်ပိုင်ယာတွေ လူသွေးသောက်တဲ့အခါ အဲဒီလိုမျိုး ဖြစ်သွားတာပဲ" လို့ ဂီလာမိုက ရှင်းပြလိုက်တယ်။ "ငါတို့က အသိစိတ်တွေအားလုံး လွတ်ထွက်သွားပြီး ခွေးရူးတွေလိုမျိုး သဘာဝရဲ့ အခြေခံဆန္ဒတွေကိုပဲ အညံ့ခံလိုက်ကြတာလေ"

ဂီလာမိုနဲ့ ဒရုန်းက ဖုန်တွေ၊ ပင့်ကူမျှင်တွေကလွဲပြီး ဘာမှမရှိတဲ့ နံရံချိုင့်ခွက်လေးတစ်ခုထဲမှာ ရပ်နေခဲ့ကြတယ်။

သူတို့က ကိုယ်ရှိနေတဲ့နေရာကို မသိသွားစေဖို့ သတိထားရင်း ဆွေးမြည့်နေတဲ့ သစ်သားနံရံအက်ကွဲကြောင်းတွေကြားကနေ ချောင်းကြည့်နေခဲ့ကြတယ်။

ကံကောင်းတာက အခန်းထဲမှာ အဟောင်းအမြင်း သေတ္တာတွေနဲ့ ပုံးတွေ ပြည့်နေတာမို့ နံရံဘက်ကနေ သူတို့ရဲ့မျက်နှာတွေကို မမြင်ရအောင် ကွယ်ထားပေးတယ်။

"ဟို သတ္တိကြောင်တဲ့ ကောင်တွေ သေချာပေါက် ကိစ္စတုံးသွားပြီဆိုတာ သေချာရဲ့လား" လို့ ပျူရစ် ဗန်ပိုင်ယာတွေထဲက တစ်ယောက်က မေးလိုက်တယ်။

"သူတို့က အချိန်အတိုင်းအတာတစ်ခုထိ သတိလစ်နေကြဦးမှာ... ငါတို့ရဲ့ အစီအစဉ်တွေကို တားဆီးမယ့်သူ ဘယ်သူမှ ရှိလာမှာ မဟုတ်ဘူး" လို့ အမျိုးသမီး ဗန်ပိုင်ယာတစ်ယောက်က ပြန်ဖြေလိုက်တယ်။

"ဒါပေမဲ့ တစ်ခုခုတော့ မှားနေပြီ... ငါ သူတို့အားလုံးကို ရေတွက်ကြည့်ခဲ့ပေမဲ့ တစ်ယောက် လိုနေသလိုပဲ" လို့ အခြား ဗန်ပိုင်ယာတစ်ယောက်က ဝင်ပြောလိုက်တယ်။

"မင်း ရေတွက်တာ မှားမသွားဘူးဆိုတာ သေချာလို့လား"

"ငါ သေချာတယ်... စာရင်းထဲမှာ မပါတဲ့ ဗန်ပိုင်ယာတစ်ယောက် ရှိနေတယ်... ငါ မက်ထရိုပိုလစ် တစ်မြို့လုံး အနှံ့ရှာကြည့်ခဲ့ပေမဲ့ သူတို့ကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး"

ဒါက ပျူရစ် ဗန်ပိုင်ယာတွေအတွက်တော့ ပြဿနာတစ်ခုပဲ။ အထူးသဖြင့် တခြား ဗန်ပိုင်ယာတွေကလွဲပြီး ဘယ်သူကမှ သူတို့ရဲ့ အစီအစဉ်တွေကို မဖျက်ဆီးနိုင်ဘူးဆိုတာကို သူတို့ သိထားကြလို့လေ။

ဒါပေမဲ့ အခုချိန်မှ ရပ်တန့်ဖို့ဆိုတာက သူတို့အတွက် အရမ်းကို နက်ရှိုင်းလွန်းနေပြီ။

"ထားလိုက်ပါတော့... အဲဒီကောင်က မက်ထရိုပိုလစ် ကနေ ထွက်ပြေးသွားလောက်ပါပြီ... ငါတို့ အစီအစဉ်အတိုင်းပဲ ဆက်သွားကြတာပေါ့"

အဲဒီအချိန်မှာပဲ ပျူရစ် ဗန်ပိုင်ယာတွေထဲက တစ်ယောက်က အခန်းထောင့်ကို လျှောက်သွားပြီး အပြာရောင် ကန့်လန့်ကာကြီး ဖုံးအုပ်ထားတဲ့ စတုဂံပုံ သေတ္တာကြီးတစ်ခုရှေ့မှာ ရပ်လိုက်တယ်။

ဗန်ပိုင်ယာက ဧရာမ စောင်ကြီးကို ဖယ်ရှားလိုက်တော့ အထဲက အပေါ်ပွင့်နေတဲ့ သေတ္တာကြီး ပေါ်လာတယ်။

ဂီလာမိုတစ်ယောက် အလန့်တကြား အသက်ရှူမှားမတတ် ဖြစ်သွားခဲ့တယ်။

သေတ္တာကြီးထဲမှာတော့ သတိလစ်နေတဲ့ လူတွေအပြင် ရေလူသားတွေပါ သက်မဲ့အရာတွေလို ပြွတ်သိပ်ထည့်ခံထားရတယ်။ ကံကောင်းတာတစ်ခုက သူတို့ အသက်ရှင်နေကြဆဲပဲ။

"ဒီလူတွေက ကောင်းမွန်တဲ့ ရိတ်သိမ်းမှုတစ်ခုပဲ" လို့ ဗန်ပိုင်ယာတွေထဲက တစ်ယောက်က ပြောလိုက်တယ်။ "ဒါပေမဲ့ မင်းက ဘာလို့ ဒီငါးတွေကိုပါ ခေါ်လာရတာလဲ... အစကတည်းက သူတို့က ဘာလို့ ဒီမှာ ရှိနေရတာလဲ"

"ငါလည်း မတတ်နိုင်ဘူးလေ... ငါ ဒီလူတွေကို ခြုံခိုတိုက်ခိုက်တဲ့အချိန်မှာ ဒီရေလူသားတွေက အရာအားလုံးကို သူတို့မျက်စိနဲ့တပ်အပ် မတော်တဆ မြင်သွားကြတာကိုး... သူတို့ကိုပါ ခေါ်လာဖို့ကလွဲပြီး ငါ့မှာ တခြားရွေးချယ်စရာမှ မရှိခဲ့တာ"

သူတို့ရဲ့ ပျူရစ် ဗန်ပိုင်ယာခေါင်းဆောင်က သေတ္တာနား ချဉ်းကပ်လာပြီး အထဲက ရေလူသားတွေကို အကဲခတ်လိုက်တယ်။ "သူတို့က ဘာလို့ မက်ထရိုပိုလစ် ကို ရောက်နေကြတာလဲ... သူတို့ရဲ့ စီတန်းလှည့်လည်ပွဲတွေက ဒီနေ့နဲ့ အများကြီး လိုသေးတာ မဟုတ်ဘူးလား"

အမျိုးသမီး ဗန်ပိုင်ယာတွေထဲက တစ်ယောက်က အဲဒီအဖြေကို သိထားတယ်။ "ရေလူသား အများအပြားက ရီနေးတားနိုင်ငံတော် လို့ခေါ်တဲ့ နေရာတစ်ခုခုကို ရှာဖွေဖို့ မက်ထရိုပိုလစ် ကို သွားနေကြတယ်လို့ ငါ ကြားထားတယ်... သူတို့ကို ငါတို့ ဘာဆက်လုပ်ကြမလဲ"

ပျူရစ် ဗန်ပိုင်ယာခေါင်းဆောင်က နှုတ်ခမ်းကို စုလိုက်တယ်။

"သူတို့ကို သတ်ပစ်လိုက်"

ကျန်တဲ့ ဗန်ပိုင်ယာတွေက ဒီအကြံအစည်ကို လုံးဝ သဘောတူတာမျိုးတော့ မဟုတ်ပေမဲ့ ရေလူသားတွေကို သတ်ပစ်ဖို့ ပြဿနာမရှိဘူးဆိုတာတော့ ရှင်းနေတယ်။ သူတို့က နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာကိုပဲ ကြောက်နေကြတာလေ။

"ဒါက အန္တရာယ်များတယ်... သူတို့သာ သိသွားရင် ရေလူသားတွေရဲ့ ဒေါသကို ငါတို့ ဆွပေးသလို ဖြစ်သွားနိုင်တယ်" လို့ အမျိုးသမီး ဗန်ပိုင်ယာတစ်ယောက်က ပြောလိုက်တယ်။

"ကိစ္စမရှိပါဘူး" လို့ သူတို့ခေါင်းဆောင်က ပြောလိုက်တယ်။ "ငါတို့ မက်ထရိုပိုလစ် ကို ထိန်းချုပ်ပြီးတာနဲ့ အပြစ်အားလုံးကို လူသားတွေအပေါ် ပုံချလိုက်မယ်... အားလုံးသာ အဆင်ပြေသွားရင် ငါတို့က လွတ်လွတ်လပ်လပ် သွားလာပြီး လူသွေးတွေကို တဝကြီး သောက်သုံးနေချိန်မှာ သူတို့အချင်းချင်း သတ်ဖြတ်နေကြလိမ့်မယ်"

တခြား ဗန်ပိုင်ယာတွေကလည်း ဒီဆုံးဖြတ်ချက်ကို သဘောတူလိုက်ကြတယ်။ ဒီအကြောင်းကို တွေးလိုက်တာနဲ့တင် သူတို့က သွားရည်ကျနေကြပြီလေ။

"ရေလူသားတွေကို သတ်ပစ်... သူတို့သွေးကိုတော့ မစုပ်နဲ့... ဒါက ငါတို့ လက်ချက်ဆိုတဲ့ သက်သေအထောက်အထား ဘာတစ်ခုမှ မကျန်ခဲ့အောင် သူတို့ရဲ့ အလောင်းတွေကို လမ်းမတွေပေါ် ပစ်ချထားခဲ့မယ်" လို့ သူတို့ခေါင်းဆောင်က အမိန့်ပေးလိုက်တယ်။

အဲဒီအမိန့်နဲ့အတူ တခြား ဗန်ပိုင်ယာငါးယောက်က သေတ္တာနား ချဉ်းကပ်သွားကြပြီး သူတို့ရဲ့ နှုတ်ခမ်းတွေက သွေးဆာမှုတွေနဲ့အတူ ကွေးတက်သွားကြတယ်။

သူတို့က လက်တွေကို မြှောက်လိုက်ကြပြီး လက်သည်းတွေကလည်း စက္ကန့်ပိုင်းအတွင်း ရှည်လျားပြီး ထက်မြက်လာကြတယ်။ မကြာခင်မှာပဲ သူတို့ရဲ့ လက်သည်းတွေက ဓားတွေလို ထက်မြက်သွားပြီး ရေလူသားတွေရဲ့ ခေါင်းတွေကို အလွယ်တကူ ဖြတ်ပစ်နိုင်တဲ့အထိ ဖြစ်သွားတယ်။

သူတို့ရဲ့ လက်တွေကို သေတ္တာထဲ ထိုးသွင်းဖို့ ပြင်လိုက်ချိန်မှာပဲ သဟဇာတအလင်းတန်း သုံးခုက ဗန်ပိုင်ယာတွေဆီကို မျက်စိတစ်မှိတ်အတွင်း ပစ်ခတ်လာတာမို့ နံရံတွေ ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့တယ်။

အငိုက်မိသွားတဲ့ ဗန်ပိုင်ယာသုံးယောက်က မြန်မြန်ဆန်ဆန် မရှောင်တိမ်းနိုင်ခဲ့ဘဲ သဟဇာတသေနတ် က သူတို့ရဲ့ တာအိုနှလုံးသား တွေကို တိုက်ရိုက် ထိုးဖောက်သွားပြီး နှစ်ခြမ်းကွဲသွားစေခဲ့တယ်။

ဗန်ပိုင်ယာသုံးယောက်က ချက်ချင်းပဲ တွန့်လိမ်သွားကြပြီး သူတို့ရဲ့ အရေပြားတွေက စပျစ်သီးခြောက်တွေလို ဖြစ်သွားခဲ့တယ်။

ပြီးတော့ သူတို့ရဲ့ တာအိုနှလုံးသား တွေက ကန့်သတ်ချက်ကို ရောက်သွားတာနဲ့အမျှ သူတို့ရဲ့ ခန္ဓာကိုယ်တွေက ကြံ့ခိုင်မှုအားလုံး ဆုံးရှုံးသွားပြီး ဖုန်မှုန့်နဲ့ ပြာတွေအဖြစ် ပြန့်ကျဲသွားတော့တယ်။

အဲဒီလိုနဲ့ပဲ ပျူရစ် ဗန်ပိုင်ယာသုံးယောက် အသတ်ခံလိုက်ရတယ်။

ဗန်ပိုင်ယာတွေက နံရံဘက်ကို ချက်ချင်း လှည့်ကြည့်လိုက်တော့ ကျိုးပဲ့နေတဲ့ သစ်သားတွေကြားကနေ ထွက်လာတဲ့ လူနှစ်ယောက်ကို မြင်လိုက်ရတယ်။

သူတို့ထဲက တစ်ယောက်က သူတို့ကို ရွံရှာတဲ့ အကြည့်နဲ့ ကြည့်နေတဲ့ သူတို့အမျိုးအနွယ် ဗန်ပိုင်ယာတစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရွှေရောင်ဆံပင်နဲ့ လူသားကလေးငယ်တစ်ယောက် ဖြစ်နေတယ်။

ပျူရစ် ခေါင်းဆောင်က သူတို့ကို စူးစူးရဲရဲ ကြည့်လိုက်တယ်။ "မင်းတို့ ဘယ်လို အထဲရောက်လာတာလဲ"

သူတို့က သူတို့ရဲ့ ကိုယ်ယောင်ဖျောက်နိုင်စွမ်းကို အရမ်း ယုံကြည်နေခဲ့တာမို့ လုံးဝ သတိလက်လွတ် ဖြစ်နေခဲ့ကြတာလေ။ ဒါကြောင့်မလို့ သူတို့ထဲက သုံးယောက်က ချက်ချင်းဆိုသလို အသတ်ခံလိုက်ရတာပဲ။

"မင်းတို့က ကိုယ့်မျိုးနွယ်ကို ပြန်သတ်ရဲတဲ့အထိ သတ္တိရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး" လို့ ပျူရစ် ခေါင်းဆောင်က ဂီလာမိုကို ချီးကျူးလိုက်တယ်။

ဂီလာမိုက သူ့ကို ပြန်မဖြေခဲ့ဘူး။ "မင်းတို့ရဲ့ ပြစ်မှုတွေအတွက် မင်းတို့ ပေးဆပ်ရလိမ့်မယ်... ဒီလို ချိုးဖောက်မှုအတွက် ဗန်ပိုင်ယာ မျိုးနွယ်စုတစ်ခုလုံးက မင်းတို့ကို အပြစ်ပေးလိမ့်မယ်"

ပျူရစ် ဗန်ပိုင်ယာတွေက ရယ်မောလိုက်ကြတယ်။ "လူသွေးမသောက်ဘဲ မင်းတို့ကိုယ်မင်းတို့ ဗန်ပိုင်ယာလို့ ဘယ်လိုလုပ် ခေါ်ရဲတာလဲ... ငါတို့ မျိုးနွယ်စုတွေက တိရစ္ဆာန်သွေး အစားထိုးသောက်တာကို အရမ်း အသားကျလာတာမို့ အခုဆို ဒါက ပုံမှန်လိုတောင် ဖြစ်နေပြီလေ"

"မင်းတို့သာ ငါတို့လို လူသွေးသောက်ခဲ့မယ်ဆိုရင် မင်းဘေးက ကောင်လေးကို မဟာမိတ်တစ်ယောက်လို ဆက်ဆံနေမှာ မဟုတ်ဘူး... သူ့ကို သရေစာတစ်ခုလိုပဲ သဘောထားမှာပေါ့"

အဲဒီအချိန်မှာပဲ ဗန်ပိုင်ယာတစ်ယောက်က အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တာအို စတုတ္ထအဆင့် ရှိတဲ့သူတွေသာ မြင်နိုင်တဲ့ အမြန်နှုန်းနဲ့ မိုက်ကယ်ဆီကို ပြေးဝင်လာခဲ့တယ်။

မိုက်ကယ်က အိတ်ကပ်ထဲ လက်နှိုက်လိုက်ပြီး ဗန်ပိုင်ယာဆီကို သံတုံးတစ်တုံး ပစ်ပေါက်လိုက်တယ်။

ဗန်ပိုင်ယာရဲ့ ထက်မြက်တဲ့ လက်သည်းတွေက သူ့လည်ပင်းကို ထိခါနီးအချိန်မှာပဲ သူ့လက်တွေက တစ်နေရာတည်းမှာ ရပ်တန့်သွားခဲ့တယ်။ ဗန်ပိုင်ယာရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အချိန်တွေ ရပ်တန့်သွားသလို အေးခဲသွားခဲ့တယ်။

ပြီးတော့ မိုက်ကယ်က သူ့ရဲ့ သဟဇာတဓါး ကို ထုတ်လိုက်ပြီး ရှေ့ကို ဝှေ့ယမ်းလိုက်တာမို့ ဗန်ပိုင်ယာကို နှစ်ပိုင်းပြတ်သွားစေခဲ့ပြီး သူ့ရဲ့ အကြွင်းအကျန်တွေက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့တယ်။

တခြား ဗန်ပိုင်ယာတွေက တာအို စတုတ္ထအဆင့် ရှိတဲ့ ဗန်ပိုင်ယာတစ်ယောက်ကို အနိုင်ယူနိုင်ခဲ့တဲ့ သာမန်လို မြင်ရတဲ့ ကောင်လေးကို စိုက်ကြည့်ရင်း အံ့ဩမှင်တက်ကာ ငြိမ်သက်သွားကြတယ်။

ဒီလူသားက သာမန်ကောင်လေး မဟုတ်ဘူးဆိုတာကို နောက်ဆုံးတော့ သူတို့ သဘောပေါက်သွားကြတယ်။ တကယ်တော့ သူက အရင်က သူတို့သုံးယောက်ကို သတ်ခဲ့တဲ့သူပဲလေ။

အခုတော့ ဒီကောင်လေးက သူ ရောက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာတင် ပျူရစ် ဗန်ပိုင်ယာ လေးယောက်ကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်ခဲ့ပြီ။

"မင်း..." လို့ ပျူရစ် ဗန်ပိုင်ယာက မိုက်ကယ်ရဲ့ မျက်နှာကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ "ငါ မင်းကို သိတယ်... မင်းရဲ့မျက်နှာက လူသားတွေရဲ့ သတင်းစာတွေတိုင်းမှာ ပါနေတာပဲ"

"မိုက်ကယ် ဗန်ဒါဘစ်... ရီနေးတားကုမ္ပဏီရဲ့ ပိုင်ရှင်... ပြီးတော့ အိုင်းရွန်းမေဒင် ကို ယုံကြည်ကိုးကွယ်သူ"

မိုက်ကယ်က မျက်ခုံးပင့်လိုက်တယ်။ "အိုင်းရွန်းမေဒင် ဟုတ်လား"

ပျူရစ် ခေါင်းဆောင်က ခေါင်းညိတ်လိုက်တယ်။ "ဒီအစီအစဉ်အတွက် ငါတို့ မက်ထရိုပိုလစ် တစ်မြို့လုံး အနှံ့ရှာဖွေခဲ့ကြတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အိုင်းရွန်းမေဒင် လို့ခေါ်တဲ့ ဒီဘာသာတရားအသစ်ကို ငါတို့ မတော်တဆ တွေ့ခဲ့တာ... ပြီးတော့ အံ့ဩစရာကောင်းတာက ဒီယုံကြည်သူတွေက မော်တော်ကားလို့ခေါ်တဲ့ အရာတစ်ခုကို ကိုးကွယ်နေကြတာပဲ... အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ဖို့ဆိုတာ မခက်ပါဘူး"

"မင်းက မင်းရဲ့ တန်ဖိုးကြီး မော်တော်ကားကို သူတို့ဆီ ရက်ရက်ရောရော လှူဒါန်းခဲ့တာမို့ မင်းလည်း ဒီဘာသာတရားကို ယုံကြည်သူတစ်ယောက် ဖြစ်ရမယ်"

"ဒါကြောင့်... မင်းအတွက် ကမ်းလှမ်းချက်တစ်ခုပဲ ရှိတယ်... ငါတို့နဲ့ ပူးပေါင်းလိုက်ပါ"

* * * * * * * *

All Chapters