← Chapters

အခန်း (၈၀၅-၈၀၆)

Vol. 68 Ch. 805-806

အခန်း (၈၀၅-၈၀၆)

Vol. 68 Ch. 805-806

အပိုင်း (၈၀၅)

“အရှင်... အရှင်...”

“အရှင်...”

ရုတ်တရက် လူတစ်ယောက်က ယွင်ကျုံးဟဲ့ကို လှမ်းခေါ်လိုက်၏။

ယွင်ကျုံးဟဲ့ လှည့်ကြည့်လိုက်ရာ တာ့ယန် အင်ပါယာသစ်၏ နိုင်ငံသားများ ဖြစ်နေသည်။

သူတို့ထဲတွင် အင်ပါယာ စစ်တပ်၏ မိသားစုဝင်များ ပါဝင်သလို ကိုလိုနီ နယ်မြေ အုပ်ချုပ်ရေးရုံးရှိ အင်ပါယာ အရာရှိများ၏ မိသားစုဝင်များလည်း ပါဝင်၏။

ယခုအခါ သူတို့ အားလုံး ကျွန်များ အဖြစ် ကျဆင်းသွားကြပြီး လည်ပင်းတွင် သံကွင်းများ စွပ်ထားကာ ခြေထောက်တွင်လည်း သံကြိုးများ ခတ်ထားပြီး ဟုန်ရီ တိုင်းရင်းသားများ၏ ကြာပွတ်များအောက်တွင် အလုပ် လုပ်နေကြရသည်။

“ဖြန်း… ဖြန်း… ဖြန်း… ဖြန်း...”

ယွင်ကျုံးဟဲ့၏ အကြည့်များ ရောက်ရှိလာသည်ကို မြင်ချိန်မှာတော့ ထိုတိုင်းရင်းသား သိုင်းသမားသည် ကြာပွတ်ကို တမင် အားကုန် ရိုက်ချကာ အင်ပါယာ နိုင်ငံသားများကို ရိုက်နှက်တော့၏။

‘အရင်က ဟုန်ရီ တိုင်းရင်းသားတွေက ကျွန်တွေ ဖြစ်ခဲ့ပေမယ့် အခုတော့ သခင်တွေ ဖြစ်သွားပြီ။ အရင်က အင်ပါယာ နိုင်ငံသားတွေက သခင်တွေ ဖြစ်ခဲ့ပေမယ့် အခုတော့ ကျွန်တွေ ဖြစ်သွားပြီ။’

“ဟား… ဟား…. ဟား...” ထိုတိုင်းရင်းသား သိုင်းသမားသည် ယွင်ကျုံးဟဲ့ကို ကြည့်ကာ မာနထောင်လွှားပြီး ရက်စက်သော အပြုံးကို ပြသလိုက်သည်။

အဝါရောင် သွားများကို ဖြဲပြကာ ညစ်ညမ်းသော စကားများကို ပြောဆိုပြီး ယွင်ကျုံးဟဲ့ကို ရိုင်းစိုင်းသော ကိုယ်ဟန်အမူအရာများဖြင့် စော်ကား၏။

“ဖြန်း… ဖြန်း… ဖြန်း… ဖြန်း...”

ပတ်ဝန်းကျင်ရှိ ဟုန်ရီ တိုင်းရင်းသား သိုင်းသမားများသည် အင်ပါယာ နိုင်ငံသားများကို အားကုန် ရိုက်နှက်ကာ ယွင်ကျုံးဟဲ့၏ ရှေ့တွင် အစွမ်းကုန် ဟန်ရေးပြနေကြသည်။

‘အရင်က ကျွန်တွေ ဖြစ်ခဲ့သူတွေ နေရာရလာတဲ့ အခါမှာ ချက်ချင်း ရက်စက်လာကြတာပဲ။’

သို့ပေမည့် ဤအင်ပါယာ နိုင်ငံသားများသည် ကိုယ်ပေါ်ရှိ ကြာပွတ်ရိုက်ချက်များကို ဂရုမစိုက်ဘဲ ယွင်ကျုံးဟဲ့ကို တစ်ပြေးညီ ဒူးတစ်ဖက် ထောက်၍ အရိုအသေပေးလိုက်ကြသည်။

“အရှင်...”

“အရှင့်ကို အရိုအသေပေးပါတယ်။”

မရေမတွက်နိုင်သော အင်ပါယာ နိုင်ငံသားများ မျက်ရည်များ ကျဆင်းလာကြပြီး သူတို့က အကူအညီ မတောင်းဘဲ ယွင်ကျုံးဟဲ့ကို ကျေးဇူးတင်မှုများ၊ ကြည်ညိုမှုများဖြင့်သာ ကြည့်နေကြ၏။

အင်ပါယာ နိုင်ငံသားများသည် စာဖတ်ဖူးကြသောကြောင့် အမြင်ကျယ်ကြပြီး ယွင်ကျုံးဟဲ့ လာရောက်ရသည့် ရည်ရွယ်ချက်ကို သေချာပေါက် သိရှိကြသည်။

အင်ပါယာ၏ ဘုရင် တစ်ပါး အနေဖြင့် တတိယ ကိုလိုနီ နယ်မြေသို့ တစ်ယောက်တည်း လာရောက်ကာ ရန်သူ၏ နဂါးတွင်း၊ ကျားတွင်းထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။

‘ဒါက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်လဲ။ ဘယ်လောက်တောင် ကရုဏာတရား ကြီးမားလိုက်လဲ။’

သေချာပေါက် ယွင်ကျုံးဟဲ့ အဖမ်းခံရသည်ဟု မည်သူကမှ မထင်မှတ်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဤအနက်ရောင်နဂါး စစ်တပ်သည် အင်ပါယာကို သွားရောက် မတိုက်ခိုက်ခဲ့သောကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့က ဘုရင် တစ်ပါး၏ ဂုဏ်သိက္ခာဖြင့် သူတို့ကို လာရောက် ကယ်တင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအင်ပါယာ နိုင်ငံသားများသည် လုံးဝ အကူအညီ မတောင်းသင့်ဘဲ ဘုရင်ကို ဖိအား မပေးသင့်ပေ။

ယွင်ကျုံးဟဲ့ ရှေ့သို့ တိုးသွားကာ အသက် ဆယ်နှစ်ကျော်အရွယ် မိန်းကလေး တစ်ယောက်၏ ရှေ့သို့ ရောက်လာပြီး သူမကို ဆွဲထူလိုက်သည်။ သူမ၏ လက်ကောက်ဝတ်များသည် သံကြိုးများကြောင့် ပွန်းပဲ့ သွေးထွက်နေပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အလွန် ဒေါသထွက်သွားသည်။ ‘ကျင်းကျုံးယွဲ့... မင်း ဘာလုပ်ချင်နေတာလဲ။ မင်းက တာ့ယန် အင်ပါယာသစ်ရဲ့ နိုင်ငံသားတွေအပေါ် ဒေါသဖြေတာ ထားပါတော့။ သူတို့ကို ကျွန်တွေ အဖြစ် ပြောင်းလဲပစ်တာ ထားပါတော့။ ဒါပေမဲ့ အသက်ဆယ်နှစ်ကျော်ပဲ ရှိသေးတဲ့ ကလေးတွေကိုတောင် ဘာလို့ ချမ်းသာ မပေးရတာလဲ။ ပြီးတော့ သံကွင်းတွေ၊ သံကြိုးတွေပါ ခတ်ထားသေးတယ်။’

ယွင်ကျုံးဟဲ့က ထိုမိန်းကလေး၏ ခေါင်းကို ပွတ်သပ်ကာ အပြုံးတစ်ခု ပြသရင်း ပြော၏။ “ကလေးလေး... နည်းနည်း ထပ်သည်းခံလိုက်အုံးနော်။ စိတ်မပျက်နဲ့။”

ထိုမိန်းကလေး၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး တစ်ခါမှ မရှိဖူးလောက်အောင် စိတ်လှုပ်ရှားကာ တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “အရှင်... ကျွန်မ အဖေက တတိယ ကိုလိုနီ နယ်မြေက အရာရှိ တစ်ယောက်ပါ။ ကျွန်မက ကျောင်းပိတ်လို့ အဖေနဲ့ လာဆုံတာပါ။ ကျွန်မ အင်ပါယာကို ပြန်ရောက်ရင် အင်ပါယာ ပထမ စာသင်ကျောင်းကို သေချာပေါက် ဝင်ခွင့် ဖြေမှာပါ။ အနာဂတ်မှာ ကျွန်မ သေချာပေါက် အရှင့်ရဲ့ အမတ် တစ်ယောက် ဖြစ်လာအောင် လုပ်ပြီး အရှင့်အတွက်၊ အင်ပါယာအတွက် အမှုထမ်းပါ့မယ်။”

“ကောင်းပြီ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မင်း နာမည် ဘယ်လို ခေါ်လဲ။”

မိန်းကလေးက ဖြေသည်။ “ကျွန်မ နာမည် ရွှီရှင်းရှင်း ပါ။”

“ကောင်းပြီ။ ငါ မှတ်ထားလိုက်ပြီ။”

ယွင်ကျုံးဟဲ့က ပြောသည်။ “တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြီးရင် မင်းရဲ့ အမှတ်တွေကို ငါ သွားစစ်ကြည့်မယ်နော်။”

ထိုအချိန်မှာပဲ ထိုတိုင်းရင်းသား သိုင်းသမားက ကြာပွတ်ကို အားကုန် ရိုက်ချလိုက်ရာ ယွင်ကျုံးဟဲ့၏ လက်ခုံကို တိုက်ရိုက် ထိမှန်သွားပြီး ပူလောင် နာကျင်သွား၏။

တစ်ခဏချင်း အတွင်းမှာပဲ မြေကြီးပေါ်ရှိ အင်ပါယာ နိုင်ငံသား အားလုံး ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားပြီး ထိုတိုင်းရင်းသား သိုင်းသမားဆီသို့ အပြင်းအထန် ပြေးဝင်သွားကာ လက်များဖြင့် ကုတ်ဖဲ့ကြပြီး သွားများဖြင့် ကိုက်ဖြတ်ကြသည်။

စက္ကန့် သုံးဆယ်ပင် မကြာသော အချိန်အတွင်း ယွင်ကျုံးဟဲ့ကို ကြာပွတ်ဖြင့် ရိုက်ခဲ့သော ထိုတိုင်းရင်းသား သိုင်းသမားကို တစ်စစီ ဆွဲဖြဲပစ်လိုက်ကြ၏။

ပတ်ဝန်းကျင်ရှိ လူများ အားလုံး ကြောင်အမ်းသွားကြသည်။ ယခင်က ဤအင်ပါယာ နိုင်ငံသား ကျွန်များသည် အလွန် သိမ်မွေ့ခဲ့ကြသော်လည်း ရုတ်တရက် ဤမျှ ရက်စက် ကြမ်းကြုတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ပတ်ဝန်းကျင်ရှိ ဟုန်ရီ တိုင်းရင်းသားများ ဤမြင်ကွင်းကို မြင်ချိန်မှာတော့ ချက်ချင်း ပြေးဝင်လာကြပြီး လက်ထဲရှိ ကြာပွတ်များဖြင့် အင်ပါယာ နိုင်ငံသား ကျွန်များကို ရူးသွပ်စွာ ရိုက်နှက်ကြကာ ဓားများကို ထုတ်၍ ရူးသွပ်စွာ ခုတ်ပိုင်းရန် ပြင်လိုက်ကြသည်။

“ရပ်လိုက်...”

ယွင်ကျုံးဟဲ့က ဘေးရှိ အနက်ရောင်နဂါး သိုင်းသမားကို ပြောလိုက်၏။ “အကယ်၍ သူတို့ မရပ်ဘူးဆိုရင် အနာဂတ်မှာ တတိယ ကိုလိုနီ နယ်မြေက ဟုန်ရီ လူမျိုးတွေကို ကျုပ် တစ်ယောက်မကျန် မျိုးတုံးအောင် သတ်ပစ်မယ်။”

ထိုအနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်း၏ သိုင်းသမား ခေါင်းဆောင်က အေးစက်စွာ ပြုံးကာ ပြောသည်။ “အားနည်းတဲ့ သူတွေကမှ ခြိမ်းခြောက်ရတာကို ကြိုက်တာ။ ခင်ဗျားက အဲဒီလို လူမျိုးပဲ၊ အရမ်း အားနည်းလွန်းတယ်။”

ထို့နောက် စက္ကန့်အနည်းငယ် နှောင့်နှေးလိုက်ပြီး အင်ပါယာမှကျွန်များ ခေါင်းကွဲ သွေးထွက်သည်အထိ အရိုက်ခံရပြီးမှသာ ထိုအနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်း သိုင်းသမား ခေါင်းဆောင်က လက်နှစ်ဖက်ကို မြှောက်ကာ ပြောလိုက်၏။ “ရပ်လိုက်။”

ချက်ချင်းပဲ တိုင်းရင်းသား သိုင်းသမားများ ရပ်တန့်သွားကြပြီး ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များတွင် မာနထောင်လွှားမှုနှင့် ရက်စက်သော အပြုံးများ ပြည့်နှက်နေသည်။

ယွင်ကျုံးဟဲ့ စိတ်ထဲတွင် တေးမှတ်ထားလိုက်၏။ ‘နောက်ပိုင်း တတိယ ကိုလိုနီ နယ်မြေကို တစ်ခါမှ မရှိဖူးလောက်အောင် ရက်စက်တဲ့ နှိမ်နင်းမှုမျိုး သေချာပေါက် လုပ်ရတော့မယ်။ သူတို့ကို အတွင်းစိတ် အနက်ရှိုင်းဆုံး ကနေ ကြောက်ရွံ့သွားအောင် သေချာပေါက် လုပ်ရမယ်။’

“သွားမယ်။” ဤအနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်း သိုင်းသမား ခေါင်းဆောင်က ပြောသည်။

ယွင်ကျုံးဟဲ့ ဆက်လက် လမ်းလျှောက်သွားပြီး အုပ်ချုပ်ရေးရုံးဆီသို့ ဦးတည်သွားသည်။ ယခုအခါ ၎င်းသည် ကျင်းကျုံးယွဲ့၏ ဌာနချုပ် ဖြစ်နေပြီ ဖြစ်၏။

လမ်းတစ်လျှောက်တွင် အင်ပါယာ နိုင်ငံသား ကျွန်ထောင်သောင်းချီကို တွေ့မြင်ခဲ့ရပြီး ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ သူတို့သည် မည်သည့် အလုပ်ကို လုပ်နေပါစေ စနစ်တကျ ဒူးထောက်လိုက်ကြသည်။ နောက်ကွယ်မှ တိုင်းရင်းသား သိုင်းသမားများက သူတို့ကို မည်သို့ပင် ရိုက်နှက်နေပါစေ ဂရုမစိုက်ကြပေ။

အုပ်ချုပ်ရေးရုံးသည် ဧရာမ ရဲတိုက်အုပ်စုကြီး တစ်ခုဖြစ်ပြီး အလွန် ခမ်းနားထည်ဝါကာ ဧကရာပေါင်းများစွာ ကျယ်ဝန်းပြီး ခိုင်ခံ့သော စစ်ရေး ခံတပ်ကြီး တစ်ခု ဖြစ်သည်။ ထို့အပြင် အနီရောင် ကျောက်တုံး တစ်မျိုးဖြင့် တည်ဆောက်ထားသောကြောင့် ခန့်ညားပြီး လှပနေ၏။

ယခုအခါ ဤနေရာတွင် အနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်း၏ အလံများ လွှင့်ထူထားပြီး နေရာတိုင်းတွင် အနက်ရောင် သံချပ်ကာ သိုင်းသမားများ ရှိနေကာ လူတိုင်း၏ အကြည့်များက အေးစက်နေပြီး ယွင်ကျုံးဟဲ့ကို ကြည့်သော အကြည့်များမှာ သားရဲက လူကို ကြည့်နေသကဲ့သို့ ဖြစ်နေသည်။

ချက်ချင်းပဲ ယွင်ကျုံးဟဲ့သည် အနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်းနှင့် ပတ်သက်၍ ထပ်မံ အကောင်းမမြင် ဖြစ်သွားပြန်၏။

ရဲတိုက် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ယွင်ကျုံးဟဲ့သည် ကျဉ်းမြောင်းသော အခန်းလေး တစ်ခု အတွင်းသို့ ဝင်ရောက်သွားသည်။

“ခင်ဗျား ဒီမှာ စောင့်နေ။” ထိုသိုင်းသမား ခေါင်းဆောင်က ပြောလိုက်၏။

“ဘုရင်မ ကျင်းကျုံးယွဲ့က ကျုပ်ကို ဘယ်အချိန် တွေ့မလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

သိုင်းသမား ခေါင်းဆောင်က ဖြေ၏။ “ဘုရင်မက အရမ်း အလုပ်များတယ်။ အလုပ်တွေ ပြီးသွားရင် ခင်ဗျားကို သဘာဝကျကျ လာတွေ့လိမ့်မယ်။”

ထို့နောက် သူ ထွက်သွားပြီး အခန်းတံခါးကို ပိတ်လိုက်ရာ အခန်း တစ်ခုလုံး အမှောင်ထုထဲသို့ ပြန်လည် ကျရောက်သွားသည်။

ဤသည်မှာ ပြတင်းပေါက် မရှိသော အခန်းတစ်ခု ဖြစ်ပြီး ဖယောင်းတိုင်မီးလည်း မရှိသောကြောင့် လုံးဝ မှောင်မိုက်နေ၏။

တတိယ ကိုလိုနီ နယ်မြေသည် အမြဲတမ်း စစ်တိုက်နေရသောကြောင့် အလင်းရောင် စီမံကိန်းသည် ဤနေရာအထိ မရောက်ရှိသေးပေ။

ယွင်ကျုံးဟဲ့သည် နေရာတွင် တိတ်ဆိတ်စွာ ထိုင်စောင့်နေသည်။ ရဲတိုက် တစ်ခုလုံးသည် အလွန် ဖိနှိပ်ခံရသကဲ့သို့ ဖြစ်နေပြီး ဂီတသံ မရှိသလို အော်ဟစ်သံလည်း မရှိချေ။

အနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်းသည် အရာအားလုံးက အမည်းရောင် ဖြစ်နေပြီး အကြည့်များပင်လျှင် မှောင်မိုက်နေသည်။

ဤအရာက ထင်ထားသည်ထက် ပိုမို ဆိုးရွားနေသည်။ အကယ်၍ အနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်းက သူတို့၏ အတွင်းစိတ်ထဲမှ အမုန်းတရားများကို မစွန့်လွှတ်ချင်ပါက ဘယ်လို လုပ်ရမည်နည်း ဟု ယွင်ကျုံးဟဲ့ တွေးလိုက်မိ၏။

‘တကယ်လို့ မဟာမိတ် မဖြစ်နိုင်ဘူး ဆိုရင်ကော ဘယ်လို လုပ်ရမလဲ။ ရန်သူတွေ ဖြစ်သွားရင်ကော ဘယ်လို လုပ်ရမလဲ။’

ဤအနက်ရောင်နဂါး ကျီရွှေ့အဖွဲ့အစည်းသည် ပြန်လှည့်၍ မရနိုင်သော အမှောင် တွင်းနက်ကြီးထဲသို့ ကျဆင်းသွားပြီလား ဆိုသည်ကို ယွင်ကျုံးဟဲ့ ဆုံးဖြတ်ရမှာဖြစ်သည်။

အကယ်၍ ထိုကဲ့သို့ ဖြစ်ပါက ယွင်ကျုံးဟဲ့ သက်ညှာမည် မဟုတ်ပေ။ တာရှန်း မိစ္ဆာနိုင်ငံ တစ်ခု ရှိနေပြီဖြစ်ရာ ဒုတိယမြောက် တာရှန်း မိစ္ဆာနိုင်ငံ ထပ်မံ ပေါ်ထွက်လာမည်ကို သူ လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။

သူတို့က အရင်က ကျီရွှေ့အဖွဲ့အစည်းက လူတွေ ဖြစ်ခဲ့လျှင်တောင်၊ ရှေးခေတ်က မဟာမိတ်တွေ ဖြစ်ခဲ့လျှင်တောင် သူ သက်ညှာမည် မဟုတ်ပေ။

ထိုသို့ဖြင့် ယွင်ကျုံးဟဲ့သည် ဧရာမ ရဲတိုက်ကြီး အတွင်းရှိ အခန်းငယ်လေး တစ်ခုထဲတွင် စောင့်ဆိုင်းနေသည်။ ထမင်း လာပို့သူ မရှိသလို လက်ဖက်ရည် လာပို့သူလည်း မရှိဘဲ စကားပြောသူပင် မရှိချေ။

တစ်ရက်၊ နှစ်ရက် စောင့်ခဲ့ရသည်။ ကံကောင်းစွာဖြင့် သူ ကျင့်သားရနေပြီ ဖြစ်၏။ ထိုသို့မဟုတ်ပါက Claustrophobia (ပိတ်လှောင်ခံရမည်ကို ကြောက်ရွံ့သော ရောဂါ) ရသွားမှာဖြစ်သည်။

‘ကျင်းကျုံးယွဲ့က အုပ်ချုပ်ရေးရုံးမှာ တကယ်ကော ရှိနေရဲ့လား။ ဘာလို့ ငါ့ကို လာမတွေ့သေးတာလဲ။ ဒါက ဘာအဓိပ္ပာယ်လဲ။’

နောက်ထပ် နာရီအနည်းငယ် ကုန်လွန်သွားပြန်၏။

ရုတ်တရက် အခန်းတံခါး ပွင့်လာပြီး အရိပ် တစ်ခု ဝင်ရောက်လာသည်။

ပထမဆုံး အနေဖြင့် ဆွဲဆောင်မှု ရှိသော ရနံ့လေးကို ရလိုက်ပြီး ရင်းနှီးနေသလိုလို၊ စိမ်းကားနေသလိုလို ဖြစ်နေသည်။ ထို့အပြင် ခန္ဓာကိုယ် အချိုးအစားကလည်း ရင်းနှီးနေသလိုလို၊ စိမ်းကားနေသလိုလို ဖြစ်နေပြန်၏။

ရင်းနှီးနေသည်မှာ နတ်ဆိုးမလေးလို ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် အချိုးအစားကို ရင်းနှီးနေခြင်းဖြစ်ပြီး၊ စိမ်းကားနေခြင်းမှာ သူမ အရပ်ပိုရှည်သောကြောင့်ဖြစ်သည်။

‘ငါးလက်မတိတိ ပိုရှည်လာတယ်။ ချီးတဲ့မှ... မင်း အသက် ဘယ်လောက် ရှိနေပြီလဲ။ အရပ် ပိုရှည်လာသေးတယ်လား။ တကယ်တမ်း ဘာတွေ ဖြစ်ကုန်တာလဲ။ မင်းက တကယ်ပဲ ကျင်းကျုံးယွဲ့ ဟုတ်ရဲ့လား။’

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျင်းကျုံးယွဲ့လား။ “

တစ်ဖက်လူကလည်း ပြန်မေးသည်။ “ယွင်ကျုံးဟဲ့လား။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဟုတ်တယ်.. ငါပဲ။”

ထို့နောက် လူနှစ်ဦး တိတ်ဆိတ်သွားကြပြီး သူမ၏ အသံမှာလည်း အပြောင်းအလဲ ရှိနေသည်။

‘ဆယ့်တစ်နှစ်ကျော်လောက် မတွေ့ရတော့ဘူး။ ပြီးတော့ ဒီနေရာက မှောင်မိုက်နေလို့ ဘာမှ မမြင်ရဘူး။ မျက်လုံး နှစ်လုံးကိုပဲ မြင်ရတယ်။ အစိမ်းရောင် မျက်လုံးလေးတွေက အမှောင်ထဲမှာ တောက်ပနေတယ်။’

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မတွေ့ရတာ ကြာပြီနော်။”

ကျင်းကျုံးယွဲ့က အေးစက်စွာ ပြောသည်။ “စကားမပြောနဲ့။”

ထို့နောက် သူမသည် ကိုယ်ပေါ်ရှိ သံချပ်ကာ ဝတ်စုံကို စတင် ချွတ်လိုက်ပြီး အဝတ်အစားများကို ချွတ်လိုက်၏။

‘ဒါ... ဘာလုပ်မလို့လဲ။’

.................

အပိုင်း (၈၀၆)

ယွင်ကျုံးဟဲ့သည် ထပ်မံ၍ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံလိုက်ရပြန်၏။

‘နေပါအုံး... ဘာလို့ ထပ်မံ၍ ဆိုတဲ့ စကားလုံးကို သုံးရတာလဲ။’

ထို့အပြင် ကျင်းကျုံးယွဲ့၏ စွမ်းရည်သည် ကျီးချင့် လုံးဝ မယှဉ်နိုင်သော အဆင့်တွင် ရှိသောကြောင့် ယွင်ကျုံးဟဲ့သည် တကယ်ကို ဘဝကိုပင် သံသယ ဝင်သွား၏။ သူက ဂိမ်းတစ်ခု ဆော့နေရသလို ခံစားနေရ၏။ ဂိမ်းနာမည်မှာ Half-Life (အသက်တစ်ဝက်) ဟု ခေါ်သည်။

“ဆယ့်ငါးနှစ်... ဆယ့်ငါးနှစ်ကျော်သွားပြီ...” ကျင်းကျုံးယွဲ့က ပြောလိုက်၏။

ယွင်ကျုံးဟဲ့၏ ဦးနှောက်တွင် အောက်ဆီဂျင် ပြတ်တောက်နေသောကြောင့် အနည်းငယ် မကြည်မလင် ဖြစ်နေကာ အလိုအလျောက် ပြောလိုက်မိသည်။ “ကျုပ်တို့ ခွဲခွာခဲ့ရတာ ဆယ့်နှစ်နှစ်ပဲ ရှိသေးတာလေ။”

သို့ပေမည့် မကြာမီမှာပင် ကျင်းကျုံးယွဲ့ ၏ အဓိပ္ပာယ်ကို သူ နားလည်သွားပြီး သူ၏ စိတ်ထဲတွင် အပြစ်ရှိသလို ခံစားချက်များ ဖြစ်ပေါ်လာသည်။ ထို့နောက် နှစ်ဦးစလုံး စကားမပြောကြတော့ပေ။

“ရှင့်ဘဝရဲ့ ရည်မှန်းချက်ကို ရှာတွေ့သွားပြီလား။” ကျင်းကျုံးယွဲ့က ရုတ်တရက် မေးလိုက်သည်။

ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားပြီးနောက် ကျင်းကျုံးယွဲ့ ပြောသည့် စကားကို ချက်ချင်း နားလည်သွား၏။

လေခွင်းမြို့တွင် ရှိစဉ်က သူနှင့် ကျင်းကျုံးယွဲ့ အမြဲတမ်း ပြောဖြစ်ခဲ့သော အကြောင်းအရာမှာ ဘဝတွင် ရည်မှန်းချက် မရှိပါက တစ်ယောက်ကို တစ်ယောက် ရည်မှန်းချက် အဖြစ် သတ်မှတ်ပြီး အချင်းချင်း နွေးထွေးမှု ပေးကြမည် ဆိုသည့် အကြောင်းအရာပင် ဖြစ်သည်။

သို့ပေမည့် အဆုံးစွန် ပြောရလျှင် လူသူကင်းမဲ့သော နေရာတွင် ရှိစဉ်က ယွင်ကျုံးဟဲ့တွင် ကြိုးစားအားထုတ်ရမည့် မည်သည့် ရည်မှန်းချက်မှ မရှိခဲ့ပေ။

တာ့ကျိုး အင်ပါယာတွင် ရှိစဉ်ကလည်း သူ့တွင် တကယ့် ကြိုးစားအားထုတ်ရမည့် ရည်မှန်းချက် မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူလျှို လုပ်ခြင်းသည် ရည်မှန်းချက် မဟုတ်သလို ဧကရာဇ် ဝမ်ယွင်ကို အနိုင်ယူခြင်းကလည်း တကယ့် ရည်မှန်းချက်ဟု မဆိုနိုင်ပေ။

သို့ပေမည့် ယခုအခါ ကျင်းကျုံးယွဲ့က ယွင်ကျုံးဟဲ့သည် ဘဝ၏ ရည်မှန်းချက်ကို ရှာတွေ့သွားပြီဟု ထင်နေ၏။

ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ကျွန်မ ဟုန်ရီပြည်နယ်ကို ဝင်တိုက်တဲ့ အချိန်မှာ တာ့ယန် အင်ပါယာသစ်မှာ ကျီးရှား ဆိုတဲ့ နာမည်နဲ့ အာဏာရှင် ဘုရင် တစ်ပါး ရှိလာတယ်လို့ ကြားတယ်။ ကျွန်မလည်း သိပ်ဂရုမစိုက်ခဲ့ပါဘူး။

ဒါပေမဲ့ နောက်ပိုင်းမှာ ဒီဘုရင်ရဲ့ နောက်ထပ် နာမည် တစ်ခုက ယွင်ကျုံးဟဲ့ ဆိုတာကို ကြားရတော့ ကျွန်မ တကယ်ပဲ အံ့ဩသွားတယ်။ အချိန်ကို တွက်ကြည့်ရင် လေးငါးနှစ်တောင် မပြည့်သေးဘူးလေ။ ရှင်က တာ့ယန် အင်ပါယာသစ်ရဲ့ ဘုရင် ဖြစ်လာပြီ။ အကယ်၍ ရှင်က ဘဝရဲ့ ရည်မှန်းချက်ကိုသာ မရှာတွေ့ခဲ့ဘူးဆိုရင် ရှင့်လို ပျင်းရိပျင်းတွဲ နေတတ်တဲ့သူ တစ်ယောက်က ဒီလောက် ကြီးမားတဲ့ တွန်းအားမျိုး ရှိလာမှာ မဟုတ်ဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “မင်းကော... မင်းဘဝရဲ့ ရည်မှန်းချက်ကို ရှာတွေ့သွားပြီလား။”

အရင်က ကျင်းကျုံးယွဲ့ သည် မြင်းစီး ဓားပြ တစ်ယောက်ပဲ ဖြစ်ချင်ခဲ့သူ ဖြစ်သည်။

ကျင်းကျုံးယွဲ့က ဖြေ၏။ “ကျွန်မ မသိဘူး။ ရှာတွေ့သွားတာလည်း ဖြစ်နိုင်ပါတယ်။”

ယွင်ကျုံးဟဲ့ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “သူတို့က မင်းကို ဘုရင်မလို့ ခေါ်တာ ကြားတယ်။”

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “ဟုတ်တယ်။ ငါက ဘုရင်မပဲ။”

ယွင်ကျုံးဟဲ့က မေးသည်။ “ဘယ်နိုင်ငံရဲ့ ဘုရင်မလဲ။ မင်း ခေါ်လာတဲ့ သိုင်းသမားတွေကို ကြည့်ရတာ အရင်က မြင်းစီး ဓားပြ တစ်ယောက်မှ မပါဘူး။ လေခွင်းမြို့က လာတဲ့သူ တစ်ယောက်မှလည်း မပါဘူး။ အားလုံးက သာမန် လူတွေနဲ့ မတူဘူး။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “ဟေးယန်အင်ပါယာရဲ့ အမျိုးသမီး ချင်ဝမ်။”

ဤစကား တစ်ခွန်းတည်းတွင် သတင်းအချက်အလက် အများအပြား ပါဝင်နေပြီ ဖြစ်သည်။

‘ဟေးယန် အင်ပါယာ... ဒါကလည်း တာ့ယန် အင်ပါယာရဲ့ အလံကို ကိုင်စွဲထားတဲ့ အင်အားစု တစ်ခုလား။ အမျိုးသမီး ချင်ဝမ်လား။ ဆိုလိုတာက အပေါ်မှာ ဧကရာဇ် ရှိသေးတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့။’

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဟေးယန် အင်ပါယာ ဆိုတာက အရင်က ကျီရွှေ့အဖွဲ့အစည်းလား။ တာ့ယန် အင်ပါယာသစ်ကနေ ထွက်ပြေးသွားတဲ့ ကျီရွှေ့အဖွဲ့အစည်းလား။”

ကျင်းကျုံးယွဲ့က ဖြေသည်။ “ဟုတ်တယ်။ ကျီရွှေ့အဖွဲ့အစည်းပဲ။”

ယွင်ကျုံးဟဲ့က ထပ်မေး၏။ “ခင်ဗျားက ဟေးယန် အင်ပါယာရဲ့ အမျိုးသမီး ချင်ဝမ် ဆိုတော့ အပေါ်မှာ ဧကရာဇ် ရှိသေးတာလား။”

ဤကိစ္စက အနည်းငယ် ဒုက္ခပေးလာပြီ ဖြစ်၏။ ဧကရာဇ် ဟူသော စကားလုံးက ယွင်ကျုံးဟဲ့ကို အနည်းငယ် ခေါင်းကိုက်စေသည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ် ဆိုသည်မှာ မိမိကိုယ်ကိုယ်သာ အထွတ်အမြတ်ထားခြင်း ဖြစ်ပြီး ခေါင်းငုံ့၍ မရနိုင်သလို သိမ်းပိုက်ရန်လည်း မလွယ်ကူသောကြောင့်ပင်။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီတုန်းက မင်းနဲ့ မီတျဲ ချိုင့်ဝှမ်းက လူတွေ ကျီရွှေ့အဖွဲ့အစည်းနဲ့ ချိန်းထားတဲ့ နေရာကို ရောက်လာချိန်မှာ တာ့ယန် အင်ပါယာသစ်က လက်ခံဖို့ ငြင်းပယ်ခဲ့တယ်။ အဲဒီနောက် ဘာတွေ ဖြစ်ခဲ့လဲ။”

ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ဘာမှ မဖြစ်ပါဘူး။ လူတစ်သောင်းကျော်ကို ခေါ်ပြီး နှင်းတွေ ဖုံးလွှမ်းနေတဲ့ ရေခဲပြင်ထဲမှာ အနောက်ဘက်ကို တောက်လျှောက် သွားခဲ့ရတာပဲ။ လူတွေက အဆက်မပြတ် သေဆုံးနေခဲ့တယ်။ အစတုန်းက တစ်ရက်ကို လူဆယ်ဂဏန်းလောက် သေတယ်။ နောက်ပိုင်းကျတော့ တစ်ရာကျော် သေတယ်။ နောက်ပိုင်းကျတော့ ရာချီ သေတယ်။

လူတစ်သောင်း ရှစ်ထောင် ရှိတာ နောက်ဆုံးကျတော့ လူတစ်ထောင်တောင် မကျန်တော့ဘူး။ အမေလည်း မခံနိုင်ခဲ့ဘူး၊ ကျင်းဝူပင်းရဲ့ ကလေးလည်း မခံနိုင်ခဲ့ဘူး၊ ဆရာလည်း မခံနိုင်ခဲ့ဘူး။ နောက်ဆုံး... ရှောင်ပေါင်...”

ယွင်ကျုံးဟဲ့ ဤစကားကို ကြားချိန်မှာတော့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး အသက်ရှူပင် ရပ်မတတ် ဖြစ်သွားသည်။ သူမ ပြောသော ရှောင်ပေါင် ဆိုသည်မှာ အမြွှာ သားသမီး နှစ်ယောက်ထဲမှ သားလေး ဖြစ်ပြီး ယွင်ကျုံးဟဲ့၏ သွေးသား အရင်းအချာလည်း ဖြစ်၏။

ကျင်းကျုံးယွဲ့က ဆက်ပြောသည်။ “ရှောင်ပေါင် လည်း မခံနိုင်တော့ဘူး။ ရှေ့မှာက အဆုံးအစမရှိတဲ့ ပင်လယ်ကြီး ဖြစ်နေပြီ။ ကျွန်မ အရမ်း မျှော်လင့်ချက်မဲ့သွားလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။”

ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ် ထပ်မံ၍ တုန်ယင်သွားသည်။ ကျင်းကျုံးယွဲ့က ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ဖူး သည်လား။

ကျင်းကျုံးယွဲ့က ဆက်ပြော၏။ “ကျွန်မ ပြန်နိုးလာတဲ့ အချိန်မှာ ကြီးမားတဲ့ သင်္ဘောကြီး တစ်စင်းပေါ် ရောက်နေပြီ။ ရှောင်ပေါင် ကိုလည်း ကယ်တင်နိုင်ခဲ့တယ်။ ကျွန်မကိုရော၊ ရှောင်ပေါင် ကိုရော၊ အားလုံးကို ကယ်တင်ခဲ့တာက ဟေးယန် အင်ပါယာက လူတွေပဲ။”

ယွင်ကျုံးဟဲ့သည် အသက်ရှူရပ်လုမတတ် အခြေအနေမှ ပြန်လည် ကောင်းမွန်လာပြီး လေကို ပြင်းပြင်း ရှူသွင်းနေသည်။

ထိုအချိန်က ကျင်းကျုံးယွဲ့ မည်မျှလောက် အခက်အခဲများ ကြုံတွေ့ခဲ့ရမည်နည်း။ သူမ၏ စိတ်ထဲတွင် မည်မျှ မျှော်လင့်ချက်မဲ့ခြင်း၊ နာကျင်ခြင်း၊ ဝမ်းနည်း ဒေါသထွက်ခြင်းများ ဖြစ်ပေါ်နေမည်ကို သူ တွေးကြည့်၍ပင် မရနိုင်ပေ။

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဲဒီနောက်ရော ဘာဖြစ်သေးလဲ။”

ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “အဲဒီနောက် ကျွန်မက ဟေးယန် အင်ပါယာရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာခဲ့တယ်။ ကျန်ရစ်နေတဲ့ လူတစ်ထောင်တောင် မပြည့်တဲ့ သူတွေအတွက် ကျွန်မ ကြိုးစားရမယ်၊ အဆက်မပြတ် ကြိုးစားရမယ်၊ အဆက်မပြတ် အင်အားကြီးလာအောင် လုပ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့ အားလုံး ကျွန်ဖြစ်သွားကြလိမ့်မယ်။

အင်အားကြီးလာဖို့အတွက် ဘယ်လို ပေးဆပ်မှုမျိုးမဆို ကျွန်မ လုပ်ရဲတယ်။ အန္တရာယ် အများဆုံး၊ အကြောက်စရာ အကောင်းဆုံး နေရာတွေကို သွားပြီး လေ့ကျင့်ခဲ့တယ်။ မှော်ဆရာတွေရဲ့ အရက်စက်ဆုံး ဆေးဝါးတွေကို စမ်းသပ်ခဲ့တယ်။ အဆက်မပြတ် အဆင့်မြှင့်တင်ခဲ့ပြီး နောက်ဆုံးတော့ ကျွန်မ အင်အားကြီးလာ ခဲ့တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အသေးစိတ် နည်းနည်း ပြောပြလို့ ရမလား။”

ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “အသေးစိတ် ပြောရရင်တော့ ခြောက်နှစ်တောင် မပြည့်တဲ့ အချိန်အတွင်းမှာ ကျွန်မက ဟေးယန် အင်ပါယာရဲ့ စစ်သည် တစ်ယောက်ကနေ အမျိုးသမီး ချင်ဝမ် ဖြစ်လာခဲ့တာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီဟေးယန် အင်ပါယာမှာ စုစုပေါင်း ချင်ဝမ် ဘယ်နှယောက် ရှိလဲ။”

ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “ကိုးယောက်။”

ယွင်ကျုံးဟဲ့ ချက်ချင်းပဲ အလွန် အန္တရာယ်များပြီး ကြောက်စရာကောင်းသော အငွေ့အသက်ကို ရလိုက်၏။ ‘ဒါက တာရှန်း မိစ္ဆာနိုင်ငံနဲ့ အရမ်း တူနေပြီ။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဟေးယန် အင်ပါယာ တစ်ခုလုံးက အင်အားကြီးသူက ဘုရင် ဖြစ်တာ မလား။ အဆိပ်ပြင်းတဲ့ အကောင်တွေကို မွေးမြူသလိုပဲ။ လူထောင်သောင်းချီက သစ်လုံး တံတားလေးပေါ် ဖြတ်လျှောက ်ရသလိုမျိုး နိုင်တဲ့သူက ဘုရင်ဖြစ်ပြီး ရှုံးတဲ့သူက သေဖို့တောင် နေရာ မရှိဘူးမလား။”

ယွင်ကျုံးဟဲ့က ဆက်မေး၏။ “ဟေးယန် အင်ပါယာက ကျွန်စနစ်ပဲ။ ယဇ်ပုရောဟိတ်တွေနဲ့ သိုင်းသမားတွေကပဲ အမြင့်မြတ်ဆုံး ဖြစ်ပြီး ပိရမစ်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ မလား။”

ယွင်ကျုံးဟဲ့က ထပ်မေးလိုက်ပြန်သည်။ “ဟေးယန် အင်ပါယာမှာ အင်အားအကြီးဆုံး သူတွေမှပဲ လက်ထပ်ပြီး သားသမီး မွေးခွင့် ရှိတာ။ အားနည်းတဲ့ သူတွေက မျိုးဆက်ပွားခွင့် လုံးဝ မရှိဘူး။ ပြီးတော့ မွေးလာတဲ့ ကလေးတွေကို မိဘတွေက မွေးမြူခွင့် မရှိဘဲ စစ်သည် မျိုးနွယ်စုတွေ၊ ဒါမှမဟုတ် ယဇ်ပုရောဟိတ် မျိုးနွယ်စုတွေဆီ အပ်နှံပြီး ပြုစုပျိုးထောင်ခိုင်းရတာမလား။”

ကျင်းကျုံးယွဲ့ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်၏။ “အကြမ်းဖျင်းတော့ အဲဒီအတိုင်းပါပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “မွေးလာတဲ့ ကလေးတွေထဲက အားအနည်းဆုံး ကလေးတွေကို ရှင်းလင်း ပစ်တာလား။ ကြီးပြင်းခွင့်တောင် မရှိဘူး မလား။”

ကျင်းကျုံးယွဲ့က ဖြေလိုက်၏။ “မဟုတ်ဘူး။ အဲဒီလို ကလေးတွေက ကြီးပြင်းခွင့် ရှိပါတယ်။ ဒါပေမဲ့ အမြဲတမ်း အောက်ခြေဆုံးမှာပဲ ရှိနေရတယ်။ သူတို့ရဲ့ မိဘတွေက ဘယ်သူပဲ ဖြစ်နေပါစေ၊ သူတို့က အမြဲတမ်း အောက်ခြေဆုံးမှာပဲ ရှိနေရပြီး ကျွန်နဲ့ အတူတူလောက်ပါပဲ။

ပြီးတော့ ကျွန်တွေနဲ့ မတူတာက ကျွန်တွေက မျိုးဆက်ပွားခွင့်ရှိပြီး နောက်မျိုးဆက် ကျွန်တွေကို မွေးဖွား နိုင်သေးတယ်။ ဒါပေမဲ့ သူတို့ကတော့ မျိုးဆက်ပွားခွင့် မရှိဘူး။ အားနည်းတဲ့ သွေးကြောကို ဆက်လက် လက်ဆင့်ကမ်းခွင့် မရှိဘူး။”

ယွင်ကျုံးဟဲ့ မျက်စိမှိတ်လိုက်၏။ ဤဟေးယန် အင်ပါယာသည် တာရှန်း မိစ္ဆာနိုင်ငံ၏ နောက်ထပ် ပုံစံ တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။

သေချာပေါက် ၎င်းသည် တာရှန်း မိစ္ဆာနိုင်ငံကဲ့သို့ အစွန်းရောက်သော မကောင်းဆိုးဝါး အမှောင်ထု မရှိသော်လည်း အမှောင်ကျပြီး ရက်စက်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ဒီဟေးယန် အင်ပါယာက လူဦးရေ ပြဿနာကို ဘယ်လို ဖြေရှင်းလဲ။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “ကလေးမွေးဖို့ သီးသန့် တာဝန်ယူရတဲ့ အမျိုးသမီး အဖွဲ့ တစ်ဖွဲ့ ရှိတယ်။”

‘ဒါက ပိုပြီးတောင် ရက်စက်သေးတယ်။’

ယွင်ကျုံးဟဲ့က ပြောသည်။ “အဲဒီလို ဆိုရင်တောင် ဟေးယန် အင်ပါယာရဲ့ လူဦးရေက အရမ်း များမှာ မဟုတ်ဘူးနော်။”

ကျင်းကျုံးယွဲ့က ဖြေ၏။ “မများဘူး။ ဒါပေမဲ့ အရမ်း၊ အရမ်းကို အင်အားကြီးတယ်။ အဲဒါကြောင့် သူတို့ကို ကျွေးမွေးဖို့ ကျွန်တွေ ပိုပိုပြီး လိုအပ်လာတယ်။ အဲဒီအတွက် ကိုလိုနီ နယ်မြေသစ်တွေကို အဆက်မပြတ် တိုက်ခိုက် သိမ်းပိုက်နေရတာ။”

ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို သေချာ ကြည့်လိုက်၏။ ယခုအခါ သူမသည် တစ်ဒသမကိုးမီတာခန့် အရပ် ရှိနေသည်။

‘ဒီအရွယ်ရောက်မှတောင် အရပ်က လက်မအနည်းငယ် ပိုရှည်လာသေးတယ်လား။ ဒါက ရှင်းရှင်းကြီး ပုံမှန် မဟုတ်ဘူးလေ။ သူမ ကိုယ်တိုင် အင်အားကြီးလာဖို့အတွက် ဘာတွေ ဖြတ်သန်းခဲ့ရလဲ ဆိုတာ မသိနိုင်ဘူး။’

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်တို့ရဲ့ ကလေးတွေကော နေကောင်းကြရဲ့လား။”

ကျင်းကျုံးယွဲ့က ဖြေလိုက်သည်။ “အရမ်း ကောင်းပါတယ်။ တာပေါင်က ထူးချွန်တဲ့ အမျိုးသမီး သိုင်းသမား တစ်ယောက် ဖြစ်နေပြီ။ ရှောင်ပေါင် ကတော့ ပါရမီရှင် ယဇ်ပုရောဟိတ်လေး တစ်ယောက် ဖြစ်နေပြီ။”

ယွင်ကျုံးဟဲ့က ထပ်မေး၏။ “မင်း ဒီတစ်ခါ ဟုန်ရီပြည်နယ်ကို လာတိုက်တာ လူစုစုပေါင်း ဘယ်လောက် ခေါ်လာလဲ။”

“နှစ်သောင်း။” ကျင်းကျုံးယွဲ့က ဖြေသည်။

ယွင်ကျုံးဟဲ့၏ မျက်လုံးများ အနည်းငယ် တုန်ယင်သွား၏။ ‘နှစ်သောင်းတည်းလား။’

တာ့ယန် အင်ပါယာသစ်၏ ဟုန်ရီပြည်နယ်ရှိ ကိုလိုနီ စစ်တပ်မှာ နှစ်သောင်း၊ သုံးသောင်းခန့် ရှိပြီး ကျီးယန် ဦးဆောင်သော အင်ပါယာ စတုတ္ထ တပ်တော်မှ လူနှစ်သောင်း ထပ်ပေါင်းပါက တတိယ ကိုလိုနီ နယ်မြေ တစ်ခုလုံးရှိ အင်ပါယာ၏ စစ်တပ်သည် လူငါးသောင်းခန့် ရှိသည်။

ထိုမျှမက အင်ပါယာတွင် တတိယ ကိုလိုနီ နယ်မြေ၌ သစ္စာရှိသော တိုင်းရင်းသား စစ်တပ် အချို့လည်း ရှိသေးရာ ထိုအရေအတွက်မှာ လူတစ်သိန်းကျော် ရှိ၏။

ကျင်းကျုံးယွဲ့ သည် လူနှစ်သောင်းကို ခေါ်ဆောင်ကာ အင်ပါယာ၏ အထူးချွန်ဆုံး စစ်သည် ငါးသောင်းကို အနိုင်ယူခဲ့ပြီး တိုင်းရင်းသား အရန်စစ်တပ် အများအပြားကိုလည်း အနိုင်ယူခဲ့သည်။

ထိုမျှမက တတိယ ကိုလိုနီ နယ်မြေရှိ သူပုန် တစ်သန်းကျော်သည်လည်း ယခုအခါ ကျင်းကျုံးယွဲ့ကို သစ္စာခံနေကြသည်။ ထို့ကြောင့် သူမ ခေါ်ဆောင်လာသော သိုင်းသမား စစ်တပ် နှစ်သောင်းသည် မည်မျှအထိ အင်အားကြီးမားကြောင်း သိသာလှ၏။

All Chapters