← Chapters

အခန်း ၅၄၃

Vol. 55 Ch. 543

အခန်း ၅၄၃

Vol. 55 Ch. 543

အခန်း(၅၄၃)

“ဓားတာအိုအနှစ်သာရလား။ နီဗားနားရှင်သန်ခြင်းအဆင့်မှာတင် နားလည်တာလား”

ဒုတိယဓားသားတော် ပြန်မေးခွန်းထုတ်မိသည်။

ပထမဓားသားတော် ပြုံးကာ ပြော၏။

“မင်းရဲ့ တာအိုနှလုံးသားက လုံလောက်အောင် ခိုင်မာနေသရွေ့ မင်းပါရမီက လုံလောက်အောင် ထူးချွန်နေသရွေ့ နားလည်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး”

၎င်းကို ကြားတော့ ဒုတိယဓားသားတော်မျက်နှာတွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။

“အကြီးဆုံးစီနီယာအစ်ကို ခင်ဗျားရော ဓားတာအိုအနှစ်သာရကို နားလည်ထားတာများလား”

ပထမဓားသားတော် ထိုမေးခွန်းကို မဖြေဘဲ သူ့ကို ပြုံးကာ ပြော၏။

“မင်း ခဏနေရင် အဖြေကို သိရလိမ့်မယ်။ ငါ ယွင်ခဲ့ဓားတာအိုအနှစ်သာရကို ဘယ်လောက်ထိနားလည်ထားလဲ သိချင်လာပြီ”

“…”

ဒုတိယဓားသားတော် တိတ်ဆိတ်သွား၏။ သူ ယခုလက်ရှိတွင် အတော်လေး တုန်လှုန်နေသည်။

အကြီးဆုံးစီနီယာအစ်ကိုက သူ့ထက်သန်မာသော်လည်း သူ့နှင့် ကမ္ဘာတစ်ခုခြားနေလိမ့်မည်ဟုတော့ မထင်ထားပေ။

သူတို့နှစ်ဦးပြောနေတုန်း ကောင်းကင်ယံတွင် ဓားသားတော်ခုနစ်ပါးသည် သူတို့တိုက်ကွက်များကို ထုတ်လာကြသည်။ ကြောက်မက်ဖွယ်ဓားစွမ်းအင်များ ယွင်ခဲ့အပေါ်သို့ အရပ်ခုနစ်မျက်နှာမှ ကျဆင်းလာ၏။

“ဓားဒေသက ဓားသားတော်တွေကထင်သလောက်လည်း မဟုတ်ပါလား”

ယွင်ခဲ့ ဓားစွမ်းအင်ခုနစ်ခုကို ကြည့်ပြီးနောက် အထင်မြင်သေးစွာ ပြောပြီး သူ့လက်ထဲက ဓားကို သာမန်မျှ ဝှေ့ယမ်းသည်။

ကလန်

သာမန်ဆန်သော ဓားအလင်းတန်းတစ်ခု တောက်ပသွားပြီး ဓားစွမ်းအင်ခုနစ်ခုကို သဲလွန်စပင်မကျန် ပျောက်ကွယ်သွားစေသည်။

ဓားသားတော်ခုနစ်ပါး နေရာတွင် ရုပ်တုကြီးလိုမှင်တက်သွားကြ၏။ သူတို့ ခုနဓားချက်တွင် အသက်ကို စတေးကာ တိုက်ခိုက်လိုက်ခြင်းမဟုတ်သော်လည်း သူတို့စွမ်းအင်အားလုံးကို အသုံးပြုထားသည်။

သို့သော် ပြိုင်ဘက်သည် အလွယ်လေး ချေဖျက်လိုက်၏။ ထိုအခိုက် ဓားသားတော်ခုနစ်ပါး ယွင်ခဲ့ကို ဆက်လက် မတိုက်ခိုက်ရဲတော့ပေ။

တိတ်ဆိတ်သွား၏။

အနောက်ဘက်ယွဲ့တောင်ထွတ်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ကျင့်ကြံသူများ ကောင်းကင်ပေါ်က ယွင်ခဲ့ကို မယုံနိုင်သည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။

‘ဒီကောင်က အတော်လေး ကြောက်ဖို့ကောင်းလောက်အောင် သန်မာတယ်။ ဒီလိုသာဆက်သွားနေရင် ဓားဒေသက ကောင်းကင်ရွေးချယ်ခံတွေထဲ သူ့ကို ဘယ်သူတားနိုင်မလဲ’

ကျင့်ကြံသူများ ရွှမ်ထျန်းဓားဂိုဏ်းကို ကြည့်လာကြ၏။

မြင့်မြတ်နယ်မြေများသည် ရွှမ်ထျန်းဓားဂိုဏ်း၏ လွှမ်းမိုးလိုသော သဘာဝကို မနှစ်သက်သော်လည်း သူတို့ ရွှမ်ထျန်းဓားဂိုဏ်း သန်မာကြောင်း လက်ခံထားသည်။

ထို့ပြင် ရွှမ်ထျန်းဓားဂိုဏ်းတပည့်များသည် သူတို့ စီနီယာအစ်ကိုကြီး ပထမဓားသားတော် ကျန်းရှင်းကို ကြည့်လာကြ၏။

ကျန်ရှင်း ကောင်းကင်ပေါ်မှ ယွင်ခဲ့ကိုတည်ငြိမ်စွာ ကြည့်နေသည်။ ဘာမှမဖြစ်လာသည့်အလားပင်။

ယွင်ခဲ့ ကျန်းရှင်း၏ အကြည့်ကို ခံစားမိသည်။ သူ ကျန်းရှင်းကို လျစ်လျူရှူ၍ ဓားသားတော်ခုနစ်ပါးကို အသာပြုံးကာ ပြောလိုက်၏။

“မင်းတို့ ဆက်တိုက်ခိုက်ချင်နေသေးလား”

“စီနီယာအစ်ကိုယွင် ဓားတာအိုက ထူးခြားပါတယ်။ ဒီဘုန်းကြီး အရှုံးကို လက်ခံပါတယ်”

ဘုန်းကြီးကျန်းချီ ပြောပြီး ယွင်ခဲ့ကို အသာဦးညွှတ်ကာ သူ့နေရာသို့ ပြန်သွား၏။

အခြားသူများက ၎င်းကို မြင်တော့ ပြောကြသည်။

“စီနီယာအစ်ကိုယွင် ကျွန်တော်တို့ အရှုံးပေးပါတယ်”

ယွင်ခဲ့ အတော်လေး သန်မာသည်။ သူတို့ ဆက်၍သာ တိုက်ခိုက်နေပါက ဒဏ်ရာရသွားပေလိမ့်မည်။ သူတို့ ထန်ရွှမ်လို့တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပါက ထိုက်တန်တော့မည်မဟုတ်ပေ။

ဓားသားတော်ခုနစ်ပါး အရှုံးပေးပြီးနောက် ယွင်ခဲ့ ရွှမ်ထျန်းဓားဂိုဏ်းကို ကြည့်လာ၏။

သူ ဖြည်းညှင်းစွာ ပြောသည်။

“ရွှမ်ထျန်းဓားဂိုဏ်းမှာ ဓားသားတော်ကိုးပါးရှိတော့ သူတော်စင်သတ်ဖြတ်ခြင်းကိုးပါးအစီအရင်ကို တည်ဆောက်နိုင်တယ်လို့ ကြားဖူးတယ်။ ယွင်ခဲ့ ဒီနေ့ အဲဒီဓားအစီအရင်ကို မြင်ဖို့အခွင့်အရေးရှိမလား သိချင်မိတယ်”

ထိုစကားက ပျားအုံကို တုတ်ဖြင့် ထိုးလိုက်သည့်အလား ရွှမ်ထျန်းဓားဂိုဏ်းမှ ကျင့်ကြသူများ ဒေါသထောင်းခနဲ ထွက်ကုန်ကြ၏။

“မောက်လိုက်တာ”

“ကောင်လေး မင်း ငါတို့ရွှမ်ထျန်းဓားဂိုဏ်းကို ရန်စနေတာလား”

“…”

ဓားသားတော်ကိုးပါး တည်ငြိမ်နေကြသော်လည်း သူတို့အကြည့်များက ကျန်းရှင်းပေါ်သို့ ကျရောက်သွား၏။

“တိတ်မယ်”

ကျန်းရှင်း ဆူညံ့နေသော တပည့်များကို ကြားဖြတ်လိုက်၏။ သူ ရှေ့သို့ တစ်လှမ်းတက်ပြီး ပြုံးကာ ပြောသည်။

“တာအိုရောင်းရင်းယွင်က တကယ်ကို အရမ်းသန်မာပါတယ်။ ဒါပေမဲ့ ကျုပ်တို့ ရွှမ်ထျန်းဓားဂိုဏ်းက သူ‌တော်စင်သတ်ဖြတ်ခြင်းအစီအရင်ကို မြင်ချင်တယ်ပြောတာ အရမ်းမောက်မာလွန်းတယ်။ ခင်ဗျား တာအိုအနှစ်သာရကို ဘယ်လောက်အထိ နားလည်ထားလဲဆိုတာ ကျုပ်ကြည့်ပါရစေ”

ထိုစကားများကြောင့် ယွင်ခဲ့မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အမူအရာများ ချက်ချင်းပျောက်ကွယ်သွားပြီး စိတ်ဝင်စားစွာ ပြောသည်။

“ဒါဆို ခင်ဗျားလည်း ဓားတာအိုအနှစ်သာရကို နားလည်ထားတာလား”

“ဟုတ်တယ်”

ကျန်းရှင်း ပြောရင်း ရှေ့သို့ တက်လာပြီး ယွင်ခဲ့နှင့် မျက်နှာချင်းဆိုင်၏။

ကျင့်ကြံသူများ ထိုသူတို့နှစ်ယောက်ပြောစကားကို နားထောင်ရင်း သက်ပြင်းရှူသွင်းမိကြသည်။

ဓားတာအိုအနှစ်သာရ

၎င်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ဘဝတလျှောက် အိပ်မက်မက်ခဲ့ရသော အရာဖြစ်သည်။

သူတို့ အသက်တစ်ရာပင် မပြည့်သေးသော လူငယ်နှစ်ဦး ဓားတာအိုအနှစ်သာရကို နားလည်သဘောပေါက်နေမည်ဟု မထင်ထားချေ။

သက်ကြီးပိုင်းမျိုးဆက်ကျင့်ကြံသူများ သက်ပြင်းချကြ၏။

“မျိုးဆက်သစ်တွေက ထူးချွန်လွန်းတယ်”

“ငါတော့ အိုသွားပြီ။ အရှုံးကို လက်ခံရမှာပဲ”

“…”

ကောင်းကင်ယံတွင်

ယွင်ခဲ့ ကျန်းရှင်းအပြင်ထွက်လာသည်ကို မြင်တော့ သူ့မျက်နှာပေါ်တွင် ကစားလိုသည့် အပြုံးများ ပေါ်လာ၏။

“နောက်ဆုံးတော့ ထိုက်တန်တဲ့ပြိုင်ဘက်တစ်ယောက် ပေါ်လာပြီ။ ပထမဓားသားတော် ကျုပ်ကို စိတ်မပျက်စေနဲ့”

“ခင်ဗျား ဆန္ဒရှိသလို ဖြစ်စေရမယ်”

ကျန်းရှင်း ပြောပြီးနောက် သူ့အရှိန်အဝါက မြင့်တက်လာ၏။ သူ့တစ်ကိုယ်လုံးပေါ်တွင် အင်မော်တယ်အလင်းများ ဖုံးအုပ်သွားသည်။

အင်မော်တယ်အလင်းများ ပေါ်လာပြီးနောက် သူ့နောက်တွင် ကျန်းရှင်းနှင့်တူသော ဓမ္မရုပ်တုတစ်ခု ပေါ်လာ၏။

၎င်းက နတ်ဘုရားတစ်ပါးအလား သက်ရှိအားလုံးကို အညံ့ခံစေသော၊ ဓားအားလုံးကို ညီညွှတ်စေသော ဓမ္မပုံရိပ်ပင်။

ကျင့်ကြံသူများ၏ ဓားများသည် ဓားအိမ်ထဲမှ ထိန်းမရစွာ ပျံထွက်လာပြီး ဓားအလင်းများ ထုတ်လွှတ်လာ၏။

“ဓားအင်မော်တယ်ခန္ဓာ”

“ပထမဓားသားတော် နှစ်တစ်သန်းမှာ တစ်ခါတွေ့ရတဲ့ ဓားအင်မော်တယ်ခန္ဓာကို နိုးထထားတယ်။ ဓားဒေသကို လွှမ်းမိုးထားနိုင်တဲ့ ပါရမီရှင်ဖြစ်ထိုက်ပါတယ်”

“ဒီကလေး ဓားဧကရာဇ်တစ်ပါးရဲ့ အလားအလာမျိုးရှိတယ်”

ထိုမြင်ကွင်းက ဓားဒေသမှ ပါရမီရှင်များ၏ တောက်ပမှုကို မှေးမိန်သွားစေ၏။

ပါရမီရှင်ထန်ရွှမ်ပင် သက်ပြင်းချသည်။

“ငါ သူ့လောက် မတော်ဘူး”

ဓားတာအိုကျောင်းတော်မှ သူများ ရှောင်ချန်းကို ကြည့်နေကြသည်။ သူတို့ ဘာမှတော့ မပြောပေ။

ရှောင်ချန်း ပြုံးကာ ပြော၏။

“သူ့မှာ တစ်ခုခုရှိနေတယ်။ ငါ အလေးအနက်ထားဖို့ထိုက်တန်ပါတယ်”

သူ့အသံအဆုံးတွင် ယွင်ခဲ့ ကောင်းကင်ပေါ်တွင် အရှိန်အဝါများ ထုတ်လွှတ်သည်။ သူ့ကိုလည်း အင်မော်တယ်အလင်းများ ဖုံးအုပ်သွားပြီး နောက်တွင် နတ်ဘုရားဓားဓမ္မရုပ်တုကြီး ပေါ်လာ၏။

သူ နှုတ်ခမ်းများကို အသာကွေးသည်။

“နောက်ဆုံးတော့ ငါတိုက်ခိုက်လို့ရပြီ”

“ယွင်ခဲ့ ဘယ်လိုအင်မော်တယ်ခန္ဓာကိုယ်မျိုး နိုးထထားတာလဲ”

“ဒီအဘိုးကြီးအထင်တော့ ဒါ ဒဏ္ဍာရီလာပျံသန်းခြင်းအင်မော်တယ်ခန္ဓာပဲ”

လူတိုင်း ယွင်ခဲ့ကိုယ်ပေါ်မှ ဒဏ္ဍာရီလာအလင်းတန်းကို ကြည့်ရင်း တက်ကြွစွာ ဆွေးနွေးကြသည်။

သူတို့နှစ်ယောက် စတင်တိုက်ခိုက်ရန် မရည်ရွယ်ထားပေ။ ကျွမ်းကျင်သူများကြား တိုက်ပွဲတစ်ခုတွင် စတင်တိုက်ခိုက်သူသည် အားနည်းချက်ကို အရင်ဆုံးပြမိတတ်ကြ၏။

အချိန်များ ကုန်လွန်လာပြီး သူတို့နှစ်ယောက် အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်လာသည်။

သူတို့က နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်သော်လည်း မဟာပဏ္ဍိတအဆင့်ထက် မနိမ့်ချေ။

ရှောင်ချန်း ထိုမြင်ကွင်းကို ကြည့်ရင်း နောင်တရသွားသည်။

“စိတ်မကောင်းစရာပဲ။ သူတို့ချင်း တိုက်ခိုက်ဖို့ မရလောက်တော့ဘူး”

သူ ပြောပြီးနောက် ထန်ရွှမ် မေးလိုက်၏။

“စီနီယာအစ်ကို နှစ်ယောက်တစ်ယောက် တိုက်မလို့လား”

“ဟုတ်တယ်”

ရှောင်ချန်း ပြောပြီးနောက် လေထုထဲသို့ တက်သွား၏။ သူ့အသံမဆုံးခင် လူက အရင်ရောက်သွားသည်။

“အံ့ဩဖို့ကောင်းတယ်။ ဒီလို အံ့ဩဖို့ကောင်းတဲ့ပွဲမျိုးမှာ ကျုပ်မပါလို့ ဘယ်ဖြစ်မလဲ”

ထိုအသံကျယ်ကြီးကြောင့် လူတိုင်း ရှောင်ချန်းကို အာရုံစိုက်လာကြ၏။

လူအများအပြား စတင် ကျိန်ဆဲတော့သည်။

“ဒီကောင်စုတ် ဘယ်ကလာတာလဲ။ ကောင်းကင်ရွေးချယ်ခံနှစ်ယောက်ကြား ဝင်ရှုပ်ရဲတယ်ပေါ့။ သေလမ်းရှာနေတာလား”

“…”

ကောင်းကင်ယံတွင် အကြည့်ချင်းစုံနေသော လူနှစ်ဦး ရှောင်ချန်းကို ကြည့်လာသည်။ အကြည့်တစ်ချက်ဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒနှစ်ခု ရှောင်ချန်းကို တိုက်ခိုက်လာ၏။

သူကတော့ လုံးဝ သတိမမူမိသည့်အလား နောက်ထပ်တစ်လှမ်းတက်ကာ ဓားဆန္ဒနှစ်ခုကို ချေဖျက်ပစ်သည်။

ယွင်ခဲ့နှင့် ကျန်းရှင်းတို့ အေးစက်စွာ သံပြိုင်မေးလိုက်သည်။

“မင်း ဘယ်သူလဲ”

All Chapters