← Chapters

အခန်း ၅၄၄

Vol. 55 Ch. 544

အခန်း ၅၄၄

Vol. 55 Ch. 544

အခန်း(၅၄၄)

ရှောင်ချန်း ပြောလိုက်၏။

“ဓားတာအိုကျောင်းတော်ရဲ့မြင့်မြတ်သားတော် ရှောင်ချန်း”

ဤစကားများ ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အထင်အမြင်သေးသော လှောင်ပြောင်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“ဒီကောင်လေးကို ဘယ်ကမှန်းမသိ၊ ဘာမှကို နားမလည်၊ ဘာအတွေ့အကြုံမရှိတဲ့ကောင်လို့ ထင်နေတာ။ ဓားတာအိုကျောင်းတော်က ဖြစ်နေတာကိုး”

“သူ မျက်လုံးမပါဘူးလား။ ကောင်းကင်ရွေးချယ်ခံ နှစ်ယောက်စလုံးက ဓားတာအိုအနှစ်သာရကို နားလည်သဘောပေါက်ထားကြတယ်။ အပေါ်တက်ပြီး သူတို့ကို သွားနှောင့်ယှက်တာ သေချင်လို့များလား”

“…”

ရွှမ်တောက် ကျောင်းအုပ်ကြီးမုန့်ကို လှည့်ကြည့်ကာ နောက်ပြောင်လိုက်၏။

“လူအိုကြီးမုန့် မင်းတို့ ဓားတာအိုကျောင်းတော်က ဘယ်လိုကစားရမလဲဆိုတာ သေချာသိတာပဲ။ ဓားသားတော်ထန်ရွှမ်ရှိနေတာ မလုံလောက်လို့ မြင့်မြတ်သားတော်တစ်ယောက်ကိုတောင် အရူးလုပ်ခံဖို့ အပေါ်လွှတ်လိုက်သေးတယ်။ အနောက်ဘက်ယွဲ့တောင်ဓားသိုင်းပြိုင်ပွဲမှာ မင်းတို့ နောက်ဆုံးနေရာကို ပစ်မှတ်ထားနေတဲ့ပုံပဲ”

ကျောင်းအုပ်ကြီးမုန့် ဒေါသထွက်မသွားသည့်အပြင် ပြုံးကာ ပြောလိုက်သည်။

“သူတို့ တိုက်တောင် မတိုက်ရသေးဘူး။ လူအိုကြီး မင်း မြင့်မြတ်သားတော် ရှုံးမယ်ဆိုတာ ဘယ်လိုလုပ် သိလဲ”

“ဟမ့်”

ရွှမ်တောက် အေးစက်စွာ နှာမှုတ်လိုက်၏။

“အဲဒီကောင်လေး ကောင်းကင်ရွေးချယ်ခံနှစ်ယောက်ကို သူတစ်ယောက်တည်း အနိုင်ယူနိုင်ရင် ဒီတောင်ပေါ်က အကြီးဆုံးကျောက်တုံးကို ငါ မျိုချပြမယ်”

မဟာပဏ္ဍိတရီရှန် ၎င်းကိုကြားတော့ ပြုံးကာ ပြောလိုက်သည်။

“စီနီယာရွှမ်တောက် ဗိုက်ဆာနေရင်လည်း တိုက်ရိုက်သာ ပြောပါ။ ဒီလိုမျိုး စားရသောက်ရဖို့ လူတွေကို လှည့်စားနေစရာ မလိုပါဘူး”

ရှောင်ချန်း နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာပြီးနောက် သူ ဌာနမှူးချူထံမှ ထက်ရှသော စကားအချို့ကို သင်ယူတတ်မြောက်ထား၏။

“မင်း”

ရွှမ်တောက်မျက်နှာ မှောင်မိုက်သွားပြီး သူ့ထံမှ သူတော်စင်အရှိန်အဝါ ထွက်ပေါ်လာကာ မဟာပဏ္ဍိတရီရှန်ကို ဖိနှိပ်လိုက်သည်။

ကျောင်းအုပ်ကြီးမုန့် မဟာပဏ္ဍိတရီရှန် ရှေ့သို့ တစ်လှမ်းတက်လိုက်၏။

“လူအိုကြီး မင်း အခုတည်းက ရှုံးမှာ ကြောက်နေပြီလား”

မဟာပဏ္ဍိတရီရှန်ကတော့ အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ သူ့လက်ထဲရှိ မှတ်တမ်းတင်ကျောက်တုံးကို ကစားကာ ပြောလိုက်သည်။

“စီနီယာ ခုနကပြောခဲ့တာတွေကို ကျွန်တော် မှတ်တမ်းတင်ထားပြီးပြီ။ နောက်မှ စကားပြန်မရုပ်သိမ်းဖို့ မျှော်လင့်ပါတယ်”

“ဟမ့်”

ရွှမ်တောက် အေးစက်စွာ နှာမှုတ်လိုက်ပြီး ထိုနှစ်ဦးကို ဆက်လက် အာရုံမစိုက်တော့ချေ။

ကောင်းကင်ယံတွင် ယွင်ခဲ့နှင့်ကျန်းရှင်းတို့ အကြည့်ချင်းဖလှယ်ကြပြီး ပြောလိုက်ကြသည်။

“ခင်ဗျား ကျုပ်တို့ကို တိုက်ခိုက်ချင်ရင် ဓားတာအိုအနှစ်သာရကို အရင်ပြ။ မဟုတ်ရင် ကျုပ်တို့ မတော်တဆ အင်အားတွေ အများကြီး သုံးမိပြီး ခင်ဗျား ဝိညာဉ်ကို တိုက်ရိုက် ဖျက်ဆီးမိမှာ စိုးရတယ်”

သူတို့ တိုက်ပွဲကို ဝင်နှောင့်ယှက်လိုက်သော ထိုသူကို သူတို့နှစ်ဦးစလုံး အလွန် မကျေမနပ် ဖြစ်သွားကြ၏။

ယခုလေးတင် သူတို့နှစ်ဦး အနိုင်အရှုံးကို ဆုံးဖြတ်တော့မည်ဖြစ်ပြီး နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူတို့ အကျိုးအမြတ်အများကြီး ရရှိမည် ဖြစ်သည်။

“ခင်ဗျားတို့ တောင်းဆိုလာမှတော့ ဒီသခင်လေးက ခင်ဗျားတို့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ရှောင်ချန်း မောက်မာသော လေသံဖြင့် ပြောလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်၏။

ထိုခြေလှမ်းတစ်လှမ်းတည်းနှင့်ပင် ကြောက်မက်ဖွယ် ဓားတာအိုအနှစ်သာရတစ်ခု သူ့ထံမှ ပေါက်ကွဲထွက်လာပြီး ပြိုင်ဘက်ကင်း အနှစ်သာရကို သယ်ဆောင်ထားသော ဓားပုံစံ ဓမ္မပုံရိပ်တစ်ခု သူ့အနောက်တွင် ပေါ်လာသည်။

ထိုဓမ္မပုံရိပ် ပေါ်လာသည့်အခိုက် ယွင်ခဲ့နှင့်ကျန်းရှင်းတို့ တုန်ယင်သွားကြပြီး ကြောက်မက်ဖွယ် ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်အလား သူတို့မျက်နှာများပေါ်မှ အမူအရာများ ပြောင်းလဲသွား၏။

“ဟမ့်”

ယွင်ခဲ့ အေးစက်စွာ နှာမှုတ်လိုက်သည်။

“ခင်ဗျားမှာ ကျွမ်းကျင်မှု နည်းနည်းရှိတယ်လို့ သတ်မှတ်လိုက်မယ်။ ဒါပေမဲ့ ဒီဓားတာအိုအနှစ်သာရ လောက်နဲ့ ကျုပ်တို့တိုက်ပွဲကို ဝင်နှောင့်ယှက်နိုင်မယ်လို့ တွေးနေရင် သေလမ်းရှာနေရုံ သက်သက်ပဲ”

“ခင်ဗျားတို့ မှားနေပြီ”

ရှောင်ချန်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“ခင်ဗျားတိုက်ပွဲကို ဝင်နှောင့်ယှက်ဖို့ မရည်ရွယ်ဘူး။ ကျုပ် နှစ်ယောက်တစ်ယောက်တိုက်မှာ”

သူ့စကားများ အဆုံးသတ်သွားသည်နှင့် ရှေ့သို့ နောက်ထပ် တစ်လှမ်းတက်လိုက်၏။ အင်မော်တယ် အလင်းတန်းတစ်ခု သူ့ထံမှ ထွက်ပေါ်လာသည်။

“အင်မော်တယ်ခန္ဓာကိုယ်ကို နိုးထလာတဲ့ နောက်ထပ် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်”

“ပြီးတော့ ကြောက်စရာကောင်းတဲ့ ဓားတာအိုအနှစ်သာရ တစ်ခုပါ ပါသေးတယ်။ အနောက်ဘက်ယွဲ့တောင်ဓားသိုင်းပြိုင်ပွဲထဲကနေ ဘယ်လို ထူးဆန်းတဲ့ကောင်တွေ ထွက်လာနေတာလဲ”

“…”

ထိုနေရာရှိ ပွဲကြည့်ပရိသတ်များ ရှောင်ချန်းထံမှ အပြောင်းအလဲများကို မြင်တော့ သူတို့ယခင်က အထင်အမြင်သေးမှုနှင့်နှိမ်ချမှုများအားလုံး အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွား၏။

သူတို့ကို အံ့အားအသင့်စေဆုံးကတော့ ထိုပါရမီရှင်က နှစ်ယောက်တစ်ယောက် တိုက်ခိုက်လိုနေခြင်းပင်။

“ခင်ဗျား ကျုပ်နဲ့ တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မီတယ်။ ဒါပေမဲ့ ကျုပ်တို့နှစ်ယောက်လုံးကို အနိုင်ယူနိုင်မယ်လို့ တွေးနေတာကတော့ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်အိပ်မက်သက်သက်ပဲ”

ယွင်ခဲ့ တင်းမာစွာ ပြောဆိုလိုက်ပြီး သူ့အရှိန်အဝါက နောက်တစ်ကြိမ် အထွတ်အထိပ်သို့ မြင့်တက်သွား၏။

“မကြာခင် သိရပါလိမ့်မယ်”

ရှောင်ချန်း တည်ငြိမ်နေပြီး သူ့အကြည့်က ကျန်းရှင်း အပေါ်သို့ ကျရောက်သွားကာ သာမန်မျှ မေးလိုက်သည်။ “ခင်ဗျားလည်း အဲဒီလိုပဲ ထင်တာလား”

“ဟုတ်တယ်”

ကျန်းရှင်း ထိုအခိုက်တွင် သူ့စိတ်ထဲ၌ ဒေါသအနည်းငယ်ကို ခံစားလိုက်ရ၏။

“အရမ်းကောင်းတယ်”

ရှောင်ချန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ဒီသခင်လေး ခင်ဗျားတို့အကြောက်တရားကို ဆက်ပြီး နက်ရှိုင်းသွားအောင်ပဲ လုပ်ပြတော့မယ်။ ခင်ဗျားတို့ ဓားနှလုံးသားကို ကျေးဇူးပြုပြီး တည်ငြိမ်အောင်ထားပါ”

သူ့စကားများ ဆုံးသွားသည်နှင့် တောက်ပသော ဓားအလင်းတန်းတစ်ခု သူ့အနောက်ဓမ္မပုံရိပ်ထံမှ ထွက်ပေါ်လာပြီး သူ့အရှိန်အဝါသည်လည်း ကြောက်မက်ဖွယ် ကောင်းလာ၏။

ဤမြင်ကွင်းက ကျန်းရှင်းနှင့်ယွင်ခဲ့တို့ နှစ်ဦးစလုံးကို ကြောက်မက်ဖွယ် ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်အလား ခံစားသွားစေသည်။

ပွဲလာကြည့်နေသော မဟာပဏ္ဍိတအချို့ပင် သူတို့မျက်နှာများပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာကြ၏။

လွန်ခဲ့သည့် နှစ်တစ်ရာလောက်မှ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်ထားသော မဟာပဏ္ဍိတတစ်ပါး အံ့သြစွာ ပြောသည်။

“ဒီ.. ဒီကလေးက ဓားတာအိုအနှစ်သာရမှာ ဒီအဘိုးကြီးထက်တောင် ရှေ့ရောက်နေတာပဲ။ သူ တကယ်ပဲ ဘုရင်တစ်ပါး သက်သက်လား”

သူတော်စင်တစ်စုပင် ရှောင်ချန်း၏ ပါရမီနှင့်စွမ်းအားကြောင့် မှင်တက်သွားကြ၏။

ရှောင်ချန်း ပြုံးကာ မေးလိုက်သည်။

“လှုပ်ရှားကြ။ ကျုပ်ဓားကို ခင်ဗျားတို့ မြင်သွားတာနဲ့ ဒီဘဝမှာ ကျုပ်ကို ထပ်ပြီး တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူး”

ဤစကားများက ယွင်ခဲ့၏ မျက်နှာကို အထူးတလည် မှုန်ကုပ်သွားစေ၏။ ပုံမှန်အားဖြင့် သူ အားနည်းသူများကို ယခုလို လှောင်ပြောင်လေ့ရှိကာ ယနေ့တွင် သူ့ထံသို့ လှောင်ပြောင်မှုများ ပြန်လှည့်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

သို့သော် ဓားကျင့်ကြံသူတစ်ယောက်သည် မည်သည့်အချိန်တွင်မဆို စိတ်မပျော့သင့်ပေ။ ၎င်းက တိုက်ပွဲမစခင် ရှုံးနိမ့်ခြင်းသို့သာ ဦးတည်သွားစေမည် ဖြစ်သည်။

သူ ဘေးရှိ ကျန်းရှင်းကို မကြည့်တော့ဘဲ သူ့လက်ထဲကဓားကို ရှောင်ချန်းဆီသို့ ရုတ်တရက် ထိုးချိန်လိုက်၏။

“ပျံသန်းခြင်းအင်မော်တယ်ဓားချက်”

ကျန်းရှင်းသည်လည်း တိတ်တဆိတ်နားလည်မှုဖြင့် သူ့ဓားကို ရှောင်ချန်းထံ ခုတ်ပိုင်းသည်။

“မိုးကောင်းကင်ချိုးဖျက်ဓား”

ချွမ်

သူပြိုင်ကိုယ်ပြိုင် တောက်ပသော ဓားအလင်းတန်းနှစ်ခု ကောင်းကင်ယံကို ဖြတ်သန်းကာ ရှောင်ချန်းဆီသို့ ကျဆင်းလာ၏။

ထိုအခိုက်တွင် ဓားအလင်းတန်းနှစ်ခု နေရောင်ခြည်ကိုပင် ဖုံးကွယ်သွားသဖြင့် မိုးမြေကြားတွင် ဓားချီနှစ်ခုသာ ကျန်ရှိတော့သည့်အလား ထင်မှတ်ရသည်။

“နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းတယ်။ ဒါပေမဲ့ သိပ်တော့ မဟုတ်သေးဘူး”

ရှောင်ချန်း နှုတ်ခမ်းများက အနည်းငယ် ကော့ညွှတ်သွားပြီး သူ့လက်ထဲမှ နတ်ဘုရားဓားကို ဆွဲထုတ်ကာ ဓားအလင်းတန်းနှစ်ခုကို ညွှန်ပြရင်း ရှေ့သို့ ထိုးသွင်းလိုက်၏။

“ဓားတစ်သောင်းတို့အပြန်”

ပထမဆုံး ဓားအလင်းတန်းတစ်ခု ပေါ်လာပြီးနောက် ဓားချီတစ်သောင်းအဖြစ် ပြောင်းလဲသွားသည်။

မျက်စိတစ်မှိတ်အတွင်း အနောက်ဘက်ယွဲ့တောင်ထွတ် အထက်ရှိ ကောင်းကင်ယံသည် ဓားအလင်းတန်း တစ်သောင်းဖြင့် လွှမ်းခြုံသွားပြီး ဓားချီတစ်ခုစီတိုင်းတွင် ပြိုင်ဘက်ကင်းဓားတာအိုအနှစ်သာရ ပါဝင်နေကာ မိုးသည်းထန်စွာ ရွာသွန်းသည့်အလား ယွင်ခဲ့နှင့်ကျန်းရှင်းတို့၏ ဓားချီများကို ဝါးမျိုသွား၏။

ယွင်ခဲ့ ဓားမိုးရေများ ကျဆင်းလာသည်ကို မြင်တော့ သူ့သူငယ်အိမ်များ ချက်ချင်း ကျယ်လာပြီး မယုံကြည်နိုင်သော အမူအရာ သူ့မျက်နှာပေါ်တွင် ပေါ်လာကာ သူ အလိုအလျောက်ပင် အကာအကွယ်မြင့်မြတ်ကျောက်စိမ်းကို ထုတ်ယူပြီး ကာကွယ်ရန် သူ့စိတ်ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်၏။

ကျန်းရှင်းမှာလည်း အခြေအနေ ပိုမကောင်းချေ။ သူ၏ ပုံမှန်တည်ငြိမ်မှုနှင့်မောက်မာမှုများ ဆုံးရှုံးသွားပြီး သူ့ဓားမှလွဲ၍ ကျန်သော ရတနာများကို အသုံးပြုရန် အမြဲတမ်း အထင်အမြင်သေးတတ်သော်လည်း သူ့အကာအကွယ်ရတနာကို အသက်သွင်းလိုက်သည်။

သူတို့နှစ်ဦး အကာအကွယ်ရတနာများကို ထိမှန်နေသည့် ဓားမိုးရေများသည် ကြည်လင်သော အသံများကို ဆက်တိုက် ထုတ်လွှတ်နေသည်။

ဓားတစ်ချက်အပြီးတွင် တစ်နေရာလုံး တိတ်ဆိတ်သွား၏။

လူတိုင်း နတ်ဘုရားဓားကို ကိုင်ဆောင်ထားပြီး ဂရုမစိုက်ဟန်ဖြင့် သူတို့အထက် ကောင်းကင်ယံတွင် ရပ်နေသော ရှောင်ချန်းကို မှင်တက်စွာ ကြည့်နေကြသည်။

“ကျုပ် ရှုံးသွားပြီ”

ကျန်းရှင်း ပထမဆုံး အရှုံးပေးလိုက်သူ ဖြစ်၏။ အနောက်ဘက်ယွဲ့တောင်ဓားသိုင်းပြိုင်ပွဲသည် သေရေးရှင်ရေး တိုက်ပွဲတစ်ခု မဟုတ်ပေ။ ဓားတာအိုအပြန်အလှန်ဖလှယ်ခြင်း တစ်ခုသာဖြစ်ပြီး သူ ဤတစ်ကြိမ်တွင် ဓားတာအိုအနှစ်သာရ၌ လုံးဝ ရှုံးနိမ့်သွားခဲ့ခြင်းပင်။

“ယွင်ခဲ့ အရှုံးပေးပါတယ်။ တာအိုရောင်းရင်းရှောင် အစွမ်းကုန် သုံးခဲ့တာလားလို့ မေးခွင့်ပြုပါ”

ယွင်ခဲ့ အလိုအလျောက် မေးမြန်းလိုက်၏။ သူ ဤသို့ မေးရခြင်းမှာ ရှောင်ချန်း ခုနက လှုပ်ရှားချိန်တွင် သူ့အင်မော်တယ်ခန္ဓာ၏ စွမ်းအားကို လုံးဝ အသုံးမပြုခဲ့သောကြောင့် ဖြစ်သည်။

“ကျုပ်စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကို သုံးခဲ့တယ်”

ရှောင်ချန်း ဂရုမစိုက်ဟန်ဖြင့် ဖြေလိုက်၏။

လူအများ ထိုစကားကို ကြားတော့ ပင့်သက်ရှိုက်မိကြပြီး သူတို့စိတ်နှလုံးများ ကြီးမားစွာ တုန်လှုပ်သွားသည်။ ဓားတာအိုကျောင်းတော် မြင့်မြတ်သားတော်သည် ကောင်းကင်ရွေးချယ်ခံနှစ်ဦးကို ရင်ဆိုင်ရာတွင် အစွမ်းကုန် အသုံးမပြုဘဲ ဤမျှ ကြောက်မက်ဖွယ် ကောင်းနေပါ၏။

ယွင်ခဲ့ လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ခင်ဗျား အစွမ်းကုန်ဓားချက်ကို မြင်တွေ့ခွင့် ရနိုင်မလား”

ရှောင်ချန်း သူ့ကို တိုက်ရိုက် မဖြေဘဲ ပြန်လည် မေးမြန်းလိုက်၏။ “ခင်ဗျား ဓားနှလုံးသား ပျက်စီးသွားချင်လို့လား”

All Chapters