အခန်း ၅၄၆
Vol. 55 Ch. 546
အခန်း(၅၄၆)
သုံးရက် အကြာတွင်
ရှောင်ချန်းနှင့် သူ့အဖွဲ့ ဓားဧကရာဇ်ချောက်ကမ်းပါးထဲသို့ ဝင်ရောက်သွားကြသည်။
ဓားဧကရာဇ်ချောက်ကမ်းပါးသည် အမှန်တကယ်တော့ လျှို့ဝှက်နယ်မြေလေး တစ်ခုဖြစ်၏။ ဒဏ္ဍာရီများအရ ဓားဧကရာဇ်က ဤနေရာတွင် တာအိုကို နားလည်သဘောပေါက်ခဲ့ပြီး မရေမတွက်နိုင်သော ဓားသိုင်းကွက်များ၊ ဓားဆန္ဒ၊ ဓားတာအိုအနှစ်သာရနှင့် ပြိုင်ဘက်ကင်း ဓားတာအိုတို့ကို ကမ်းပါးအတွင်း ချန်ထားရစ်ခဲ့သည်ဟု ဆိုကြသည်။
ဓားဧကရာဇ်ချောက်ကမ်းပါးထဲသို့ မဝင်မီ ကျောင်းအုပ်ကြီးမုန့် ရှောင်ချန်းကို ဓားဧကရာဇ်ချောက်ကမ်းပါးအတွင်း တာအိုကို နားလည်သဘောပေါက်ရန် အတွင်းနက်နက်ထဲသို့ သွားရမည်ဟု ပြော၏။
သို့သော် ရှောင်ချန်း ဓားဧကရာဇ်ချောက်ကမ်းပါးထဲသို့ ဝင်ရောက်ပြီးနောက် သူ ဓားဧကရာဇ်ချောက်ကမ်းပါး ဗဟိုဂူဆီသို့ အလျင်စလို မသွားပေ။ လမ်းတစ်လျှောက်ရှိ ကျောက်နံရံများပေါ်မှ ဓားသိုင်းကွက်တိုင်းကို လေ့လာစောင့်ကြည့်သည်။
ရှောင်ချန်းနှင့်အတူ ဓားဧကရာဇ်ချောက်ကမ်းပါးထဲသို့ ဝင်ရောက်လာသော ထန်ရွှမ် ၎င်းကိုမြင်တော့ သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“မြင့်မြတ်သားတော် ဘာလို့ ဓားဧကရာဇ်ရဲ့ တာအိုကို ရှာဖွေဖို့ ဓားဧကရာဇ်ချောက်ကမ်းပါးထဲကို ပိုနက်နက် မသွားတာလဲ”
ရှောင်ချန်း ပြုံးကာ ပြန်ပြော၏။
“လူတိုင်းမှာ ကိုယ်ပိုင်ဓားတာအို ရှိတယ်။ ဓားဧကရာဇ်ရဲ့ ဓားတာအိုက အရမ်း အစွမ်းထက်ပေမဲ့ ငါ့အတွက် သင့်တော်ချင်မှ သင့်တော်မှာ။ အခုလောလောဆယ် အလျင်လိုစရာမလိုပါဘူး”
“…”
ထန်ရွှမ် မှင်တက်သွားသည်။ ဤနေရာမျိုးတွင် ရှောင်ချန်း အေးဆေးစွာ ပြုမူနေလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် သူ့ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။
“မြင့်မြတ်သားတော် ဒါဆို ကျွန်တော် အရင်သွားနှင့်မယ်”
“သွားလေ”
ရှောင်ချန်း ထန်ရွှမ်ကို မတားဆီးဘဲ ကျောက်နံရံပေါ်ရှိ ဓားကွက်များကို ဆက်လက် လေ့လာနေ၏။
နေ့ရက်များ ကုန်လွန်သွားပြီး ပါရမီရှင်များအားလုံး ဂူထဲသို့ ဝင်ရောက်သွားကြသည်။ ထိုအခါမှသာ ရှောင်ချန်း ကျောက်နံရံအပြင်ဘက်ရှိ ဓားသိုင်းကွက်များကို လေ့လာပြီးစီးကာ ဂူအဝသို့ ရောက်ရှိလာသည်။
သူ့ဓားသိုင်းကွက်များကို လေ့လာသည့် အမြန်နှုန်းမှာ မြန်ဆန်ခြင်း မရှိချေ။
တစ်လအကြာတွင် ရှောင်ချန်း လူတိုင်း၏ အမြင်အာရုံထဲသို့ ပေါ်လာသည်။
သို့သော် လူတိုင်း ဓားဆန္ဒကို လုံ့လစိုက်ထုတ်၍ လေ့လာနေကြသဖြင့် ရှောင်ချန်းကို ဂရုစိုက်သူ များများစားစား မရှိပေ။
နှစ်လအကြာတွင် ရှောင်ချန်းသည် ဓားဧကရာဇ်က ဓားတာအိုအနှစ်သာရကို ရေးထိုးခဲ့သော နေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် ကျန်းရှင်းနှင့်ယွင်ခဲ့တို့သာ ရှိ၏။
အခြားသူများအားလုံး ဂူအတွင်း ကျောက်နံရံများပေါ်မှ ဓားတာအိုအနှစ်သာရကြောင့် အပြင်ဘက်တွင် ပိတ်ဆို့ခံထားရသည်။
ဤအချိန်တွင် သူတို့နှစ်ဦးစလုံး ကိုယ်ပိုင် ဓားတာအိုအနှစ်သာရကို ပုံဖော်နေကြ၏။
ရှောင်ချန်း သူတို့ကို မနှောင့်ယှက်ပေ။ ဓားဧကရာဇ်၏ ဓားတာအိုအနှစ်သာရကို လေ့လာရင်း ရှေ့သို့ ဆက်လက် ဝင်သွားသည်။
မကြာမီ လူတိုင်း ဓားဧကရာဇ်ချောက်ကမ်းပါးတွင် ဆက်နေခွင့် အချိန်သုံးရက်သာ ကျန်တော့၏။
သို့သော် ရှောင်ချန်းကတော့ ဓားဧကရာဇ် ဓားတာအိုအနှစ်သာရ ရေးထိုးထားသည့်နေရာ၏ အဆုံးသတ်သို့ ရောက်လာသည်။
ကျောက်နံရံပေါ်ရှိ ဓားတာအိုအနှစ်သာရသည် ရှောင်ချန်းကို ဓားချီစီးကြောင်းများအဖြစ် ပြောင်းလဲကာ တိုက်ခိုက်လာ၏။
ရှောင်ချန်း သူ့ကိုယ်ပိုင် ဓားတာအိုအနှစ်သာရကို ထုတ်လွှတ်လိုက် တိုက်ခိုက်သည်။
ရှောင်ချန်း၏ ပြိုင်ဘက်ကင်း ဓားတာအိုအနှစ်သာရသည် ဓားဧကရာဇ် ကျောက်နံရံပေါ်တွင် ချန်ထားရစ်ခဲ့သော ဓားတာအိုအနှစ်သာရကို ချိုးဖျက်ပစ်လိုက်၏။
မသိမသာပင် သူ ဂူ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်သွားသည်။ ထိုနေရာတွင် လူတစ်ယောက်သာ ဝင်ရောက်နိုင်သော ဝင်ပေါက်တစ်ခုသာ ရှိ၏။
အထဲသို့ မဝင်ခင် ရှောင်ချန်း ယခင်က တစ်ခါမျှ မကြုံတွေ့ဖူးသော ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူ့ဆရာထံမှပင် ဤကဲ့သို့ဖိအားမျိုးကို သူ မခံစားရဖူးချေ။
“ဒါက ဓားဧကရာဇ် ချန်ထားခဲ့တဲ့ ဓားတာအိုများ ဖြစ်နေမလား”
သူ တီးတိုးရေရွတ်ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ သူ အင်မော််တယ်ခန္ဓာကို အသက်မသွင်းပေ။ ယင်းအစား သူ့ဓားတာအိုအနှစ်သာရကို ဓားတစ်လက်အဖြစ် စုစည်းကာ လက်ထဲတွင် ကိုင်ဆောင်ရင်း မှောင်မိုက်နေသော ဝင်ပေါက်ထဲသို့ လှမ်းဝင်သွား၏။
သူ ဝင်ရောက်သွားသည့်အခိုက် ကြောက်မက်ဖွယ် ဓားတာအိုစွမ်းအားတစ်ခု ရှောင်ချန်းဆီ ပြေးဝင်လာသည်။
ထိုစွမ်းအားက ရှောင်ချန်း၏ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။ သူ့ဓားနှလုံးသားကိုသာ ပစ်မှတ်ထားလာ၏။
ထိုအခိုက်တွင် ရှောင်ချန်း သူ့နှလုံးသား တုန်ယင်နေသည်ကို ခံစားလိုက်ရပြီး ဦးတည်ချက်ကင်းမဲ့သည့် အသံတစ်သံမှ သူ နောက်ထပ် တစ်လှမ်းထပ်လှမ်းပါက သူ့ဓားနှလုံးသားနှင့်ဝိညာဉ် ဖျက်ဆီးခံရမည်ဟု သူ့ကို သတိပေးနေသည်။
ရှောင်ချန်း သူ့အာရုံခြောက်ပါးကို အလျင်အမြန် ပိတ်ဆို့လိုက်ပြီး ဓားနှလုံးသားကို မျက်လုံးအဖြစ် အသုံးပြုကာ တစ်လှမ်းချင်း ရှေ့သို့ လျှောက်သွား၏။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရှောင်ချန်း သူ့ဓားနှလုံးသားအပေါ် ကျရောက်နေသော ဖိအား တိုးလာသည်ကို ခံစားလိုက်ရသည်။
ရှောင်ချန်း သူ့ဓားနှလုံးသားကို တောင်ကြီးတစ်လုံး ဖိချေထားသလို ခံစားလိုက်ရပြီး သူ့ဓားနှလုံးသားသည် မလှုပ်ရှားနိုင်တော့ပေ။
သို့သော် ရှောင်ချန်း မရပ်တန့်ပေ။ ပြိုင်ဘက်ကင်း ဓားနှလုံးသားကို ကျင့်ကြံထားသဖြင့် မည်သည့်ပြိုင်ဘက်ကမျှ သူ့ဓားနှလုံးသားကို လှုပ်ခတ်စေမည် မဟုတ်ပေ။
ရှောင်ချန်း ဆုံးဖြတ်ချက် ပိုမို ခိုင်မာလာသည်နှင့် သူ့ဓားနှလုံးသားအပေါ် ဖိထားသော မမြင်ရသည့် တောင်ကြီး၏ အလေးချိန် ပေါ့ပါးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။
ရှပ် ရှပ်
မှောင်မိုက်နေသောဂူထဲတွင် ခြေသံများသာကြားနေရသည်။
ရှောင်ချန်း သူ ခြေလှမ်းမည်မျှ လျှောက်ခဲ့သည်ကို မသိတော့ပေ။ သူ့ဓားနှလုံးသားကို ဖိထားသော မမြင်ရသည့် တောင်ကြီး ပျောက်ကွယ်သွားသည်ကိုသာ သိလိုက်၏။
ထိုအချိန်တွင် အလင်းတန်းတစ်ခု သူ့မျက်လုံးများကို ဖိအားပေးလာသဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်ရ၏။
ရှောင်ချန်း အလင်းတန်းထွက်လာသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ ခမ်းနားထည်ဝါပြီး ငယ်ရွယ်ကာ ထူးခြားသည့်သူရဲကောင်းဆန်ဆန်ပုံရိပ်တစ်ခု ထိုနေရာတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။
သူ့ရှေ့တွင် ပုံရိပ်တစ်ခု ရပ်နေသော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် ထိုပုံရိပ်က လှုပ်ရှားမှုတိုင်းတွင် လောကကြီးကို ကြီးစိုးထားသည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည့်အလား။
ထိုပုံရိပ်ရှေ့တွင် သက်ရှိအားလုံး ပုရွက်ဆိတ်များသာ။ သို့သည့်တိုင် ရှောင်ချန်း သူတော်စင်တစ်ပါးပုံရိပ်ကို မျက်မြင်တွေ့ဖူးသည်။ သို့သော် ထိုပုံရိပ်က သူ့ဖိအားကို မထုတ်လွှတ်သော်လည်း သူတော်စင်တစ်ပါးပင် ပုံရိပ်ရှေ့တွင် မယုံနိုင်လောက်အောင် သေးငယ်နေပုံပေါ်၏။
ထိုသူက ဓားဧကရာဇ်ပင်။
ထိုပုံရိပ်ကို ဓားဧကရာဇ် ချန်ထားခဲ့ခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ် အတွေးတစ်ခု ရှောင်ချန်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွား၏။ သူ ထိုပုံရိပ်ကို ချက်ချင်း ဦးညွှတ်လိုက်သည်။
“ဂျူနီယာရှောင်ချန်း စီနီယာကို ဂါရဝပြုပါတယ်”
“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”
နွေဦးလေပြေအလား နူးညံ့သိမ်မွေ့သော အသံတစ်သံ ပုံရိပ်ထံမှ ထွက်ပေါ်လာ၏။
“ဓားဧကရာဇ်က ဒီဝိညာဉ်ကြွင်းကျန်နဲ့ ဓားတာအိုကို ဓားဧကရာဇ်ချောက်ကမ်းပါးထဲမှာ ချန်ထားခဲ့တာ မရေမတွက်နိုင်တဲ့ နှစ်တွေ ကြာခဲ့ပြီ။ မင်းက တာအိုနှလုံးသားကို ခိုင်ခိုင်မာမာ ထုဆစ်ပြီး ဒီနေရာကို ရောက်လာနိုင်တဲ့ ပထမဆုံးသူပဲ။ မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက သေချာပေါက် ငါ့ထက် နိမ့်ကျနေမှာ မဟုတ်ဘူး”
“စီနီယာက ကျွန်တော့်ကို မြှောက်ပြောလွန်းပါပြီ”
ရှောင်ချန်း သာမန်မျှ ပြောလိုက်သည်။
ပုံရိပ် ပြန်ပြော၏။
“မင်း ဒီနေရာကို ရောက်လာနိုင်မှတော့ ဒီဧကရာဇ်က သူတော်စင် မဖြစ်ခင် ငါ ကျင့်ကြံခဲ့သမျှ အရာအားလုံးကို သရုပ်ပြပေးမယ်။ ဘယ်လောက်အထိ သင်ယူနိုင်လဲ ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်”
ထိုသို့ပြောပြီးနောက် ပုံရိပ်က ရှောင်ချန်း၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညှိုးထိုးလိုက်သည်။
နောက်တစ်စက္ကန့်တွင် ပုံရိပ်တစ်ခု ရှောင်ချန်း၏ အသိစိတ်ပင်လယ်အတွင်း လျင်မြန်စွာ စတင် လှုပ်ရှားလာခဲ့၏။
ထိုပုံရိပ်များက သူစောစောက မြင်တွေ့ခဲ့ရသော ဓားလှုပ်ရှားမှုများနှင့် အလျင်အမြန် ထပ်တူကျသွားသည်။
ဤအခိုက်အတန့်တွင် ရှောင်ချန်း အမှန်တရားတစ်ခုကိုလည်း နားလည်သွား၏။ ဓားဧကရာဇ်သည် သူတော်စင် မဖြစ်ခင် သူ့အမွေအနှစ်အားလုံးကို ဤနေရာတွင် ချန်ထားခဲ့ပြီး လောကကြီးက သူ့ရည်ရွယ်ချက်များကို နားမလည်ခဲ့ခြင်းသာ ဖြစ်ပေသည်။
အချိန်အတော်ကြာပြီးနောက် ရှောင်ချန်း၏ အသိစိတ်ပင်လယ်အတွင်းရှိ ပုံရိပ် ပျောက်ကွယ်သွား၏။
ဓားဧကရာဇ်၏ ပုံရိပ် မေးမြန်းလိုက်သည်။
“မင်း ဘယ်လောက် မှတ်မိလိုက်လဲ”
ရှောင်ချန်း လက်သီးဆုပ်ကာ ပြောလိုက်၏။
“ဂျူနီယာ အားလုံး မှတ်မိလိုက်ပါတယ်”
“သေချာလေး ပြန်စဉ်းစားဖို့ မင်းကို နေ့တစ်ဝက် အချိန်ပေးမယ်”
ဓားဧကရာဇ်၏ ပုံရိပ် ပြုံးကာ ပြောလိုက်သည်။
ရှောင်ချန်း ခေါင်းညိတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ သူ့စိတ်ထဲတွင် သိုလှောင်ထားသော ဓားဧကရာဇ်၏ ဓားသိုင်းကွက်ကို နားလည်သဘောပေါက်ရန် ကြိုးစားတော့၏။
နေ့တစ်ဝက်က မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။
ရှောင်ချန်း မျက်လုံးဖွင့်လိုက်သည်နှင့် ဓားဧကရာဇ်ပုံရိပ် ထပ်မံ မေးမြန်းလိုက်၏။
“ဒီတစ်ကြိမ် မင်း ဘယ်လောက် မှတ်မိလိုက်လဲ”
ရှောင်ချန်း : “စီနီယာ ဂျူနီယာ တစ်ဝက်ပဲ မှတ်မိတော့တယ်”
ဓားဧကရာဇ်၏ မျက်လုံးများက အရောင်လက်သွားသည်။
“အံ့သြစရာပဲ။ တကယ်ကို သင်ပေးလို့ရတဲ့ ကလေးပဲ။ မင်းကို နောက်ထပ် နေ့တစ်ဝက် အချိန် ထပ်ပေးမယ်”
“နားလည်ပါပြီ”
ရှောင်ချန်း နားလည်သဘောပေါက်ရန် မျက်လုံးများကို ထပ်မံ မှိတ်လိုက်၏။
သူ မျက်လုံးများကို ထပ်မံ ဖွင့်လိုက်ပြီး ဓားဧကရာဇ် စကားမပြောနိုင်မီ သူ ပြောလိုက်သည်။
“ဂျူနီယာက ဉာဏ်ထိုင်းပါတယ်။ ဒီတစ်ကြိမ်မှာတော့ သုံးပုံတစ်ပုံပဲ မှတ်မိတော့တယ်”
“ကောင်းတယ် ကောင်းတယ်”
ဓားဧကရာဇ် နှစ်ကြိမ်တိုင်တိုင် ချီးကျူးပြီးနောက် ဆက်ပြော၏။
“ကောင်စုတ်လေး ဆက်လုပ်ပါ။ မင်းကို နောက်ထပ် နေ့တစ်ဝက် ထပ်ပေးမယ်”
လက်ဖျောင့်တစ်ချက်တီးအတွင်းမှာပင် နေ့တစ်ဝက် ကုန်လွန်သွားသည်။
ရှောင်ချန်း မျက်လုံးများကို ဖွင့်ကာ ပြောလိုက်၏။
“စီနီယာ ဒီတစ်ကြိမ်တော့ အရာအားလုံးကို မေ့သွားပါပြီ”
ဓားဧကရာဇ်၏ ပုံရိပ် ပြုံးကာ မေးလိုက်သည်။
“ကောင်စုတ်လေး ဓားတာအိုအနှစ်သာရကို ဘယ်လောက်တောင် နားလည်သဘောပေါက်သွားပြီလဲ”
ရှောင်ချန်း မတ်တပ်ရပ်ကာ ဦးညွှတ်ဂါဝရပြု ပြောလိုက်၏။
“စီနီယာ့ကို ပြန်ဖြေရရင် ဒီဂျူနီယာ ဓားတာအိုအနှစ်သာရရဲ့ သုံးပုံကို နားလည်သဘောပေါက်သွားပါပြီ”
၎င်းကိုကြားတော့ ဓားဧကရာဇ် အလွန်အမင်း အံ့အားသင့်သွားသဖြင့် သူ့ပါးစပ် အဟောင်းသားဖြစ်သွားပြီး ပြောသည်။
“မင်းလို ကောင်စုတ်လေးမှာ ဓားဧကရာဇ် တစ်ပါးရဲ့ အလားအလာတွေ ရှိနေတာပဲ”