← Chapters

အခန်း ၅၄၇

Vol. 55 Ch. 547

အခန်း ၅၄၇

Vol. 55 Ch. 547

အခန်း(၅၄၇)

“စီနီယာ ကျွန်တော့်ကို ချီးမွန်းလွန်းနေပါပြီ။ ဒီဂျူနီယာက ဓားဧကရာဇ်ဖြစ်ဖို့ အတော်လေး လိုပါသေးတယ်”

ရှောင်ချန်း နှိမ့်ချစွာ ပြော၏။

ဓားဧကရာဇ် အရိပ်က ပြောသည်။

“မင်း နှိမ့်ချနေစရာမလိုဘူး။ မင်းနှစ်တစ်ထောင်အတွင်း ကောင်းကင်ကံကြမ္မာကို လက်ခံပြီး ဘုံကိုးလွှာကို တက်လှမ်းနိုင်လိမ့်မယ်”

“ဘုံကိုးလွှာကို တက်လှမ်းတာလား”

ရှောင်ချန်း မျက်နှာပေါ်တွင် တောင့်တမှုတစ်ခု ပေါ်လာ၏။

“ဂျူနီယာ ဒီဧကရာဇ်မှာ မင်းကို လမ်းညွှန်စရာ ဘာမှ မရှိတော့ဘူး။ ငါတို့ ရေစက်ပါရင် ထပ်တွေ့ကြတာပေါ့”

ဓားဧကရာဇ်ပုံရိပ် ပြောလိုက်ပြီးနောက် ရှောင်ချန်းရှေ့မှာတင် ပျောက်ကွယ်သွား၏။

ရှောင်ချန်း ပုံရိပ်ပျောက်ကွယ်သွားသည့်နေရာသို့ ဦးညွှတ်ပြီးနောက် သူလာရာလမ်းအတိုင်း လှည့်ထွက်သွားသည်။

သူ ခြေတစ်လှမ်းချလိုက်သည်နှင့် ဓားဧကရာဇ်ချောက်ကမ်းပါးအပြင်ဘက်တွင် ချက်ချင်းပေါ်လာ၏။

ထိုအချိန်တွင် ကွင်းပြင်၌ လူများဖြင့် ပြည့်နှက်နေပြီး ကျန်းရှင်းနှင့် ယွင်ခဲ့တို့သည် အာရုံစိုက်မှုတို့၏ အလယ်ဗဟိုဖြစ်နေပြီး သူတို့အနားတွင် ကျင့်ကြံသူများ ဝိုင်းဝန်းစုရုံးလျက် လမ်းညွှန်မှု တောင်းခံနေကြသည်။

“မြင့်မြတ်သားတော်ရှောင်ထွက်လာပြီ”

လူအုပ်ကြီးထဲမှတစ်ယောက် အော်ဟစ်သည်။ မျက်လုံးများက သူ့ဆီသို့ ကပ်ပါသွားကြ၏။

ရှောင်ချန်း ခပ်ဖွဖွ ပြုံးပြီး ဓားတာအိုကျောင်းတော်လူအုပ်ဘက်သို့ ဖြည်းညှင်းစွာ သွားလိုက်သည်။

ကျောင်းအုပ်ကြီးမုန့် ချက်ချင်းပင် အနားသွားပြီး မေးလိုက်၏။

“မြင့်မြတ်သားတော် မင်း ဒီတစ်ကြိမ် ဘာတွေအကျိုးအမြတ်ရခဲ့လဲ”

သူ ထိုသို့ပြောလိုက်သည်နှင့် လူတိုင်း ရှောင်ချန်းကို ကြည့်လာ၏။

ရှောင်ချန်း ကျောင်းအုပ်ကြီးမုန့်၏ ပြောစရာမလိုသော အဓိပ္ပာယ်ကို အလိုလိုနားလည်သည်။ ယွင်ခဲ့နှင့်ကျန်းရှင်းတို့ သိသာသည့် အကျိုးအမြတ်များ ရခဲ့လောက်၏။ မဟုတ်လျှင် ကျောင်းအုပ်ကြီး ထိုသို့တုံ့ပြန်မည် မဟုတ်ပေ။

သူ ပြုံးကာ မေး၏။

“ဒီတစ်ကြိမ် ဓားဧကရာဇ်ရဲ့ လမ်းညွှန်မှုကြောင့် ကျွန်တော် ဓားတာအိုအနှစ်သာရ သုံးခုကို နားလည်လိုက်ပါတယ်”

သူ ပြောပြီးနောက် တစ်နေရာလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ရှောင်ချန်းကို အံ့ဩစွာ ကြည့်သည်။

လူအုပ်ကြီးထဲမှ တစ်ယောက် သက်ပြင်းချလိုက်သောကြောင့် လူတိုင်း လက်တွေ့ဘဝသို့ ပြန်ရောက်လာ၏။

“တာအိုရောင်းရင်းရှောင် ဂုဏ်ပြုပါတယ်”

ယွင်ခဲ့နှင့်ကျန်းရှင်းတို့ ရှေ့သို့ အရင်ဆုံးထွက်လာပြီး သူ့ကို ဂုဏ်ပြုသည်။

၎င်းကိုမြင်တော့ ပတ်ဝန်းကျင်မှ လူများလည်း ရှေ့ထွက်လာပြီး ဂုဏ်ပြုစကားဆိုကြ၏။

“လူအိုကြီးမုန့် မင်းတို့ဝမ်တောက်ကျောင်းတော်ကို ဂုဏ်ပြုပါတယ်”

“လူအိုကြီးမုန့် မင်းဒီညဝယ်တိုက်ရမယ်”

“….”

ကျောင်းအုပ်ကြီးမုန့် လူအုပ်ကြီးထံမှ ဂုဏ်ပြုစကားများကို နားထောင်နေသည်။ သူ့မျက်နှာပေါ်တွင် ပြုံးနေသော်လည်း စိတ်ထဲတွင် ရေရွတ်နေ၏။

‘မင်းတို့ကောင်တွေ ရည်ရွယ်ချက်ချက်ရှိရှိ မြင့်မြတ်သားတော်ရှောင်က င့ါဓားတာအိုကျောင်းတော်မှာ ကျင့်ကြံခဲ့တာမဟုတ်ဘူးဆိုတာ ထောက်ပြနေတာပဲ’

အဆက်မပြတ်ချီးကျူးစကားများကြား ရှောင်ချန်းတို့ တောင်အောက်ဆင်းသွားကြ၏။

သိပ်မကြာခင် သူတို့ ဓားတာအိုကျောင်းတော်တည်းခိုးသည့် ခြံဝင်းသို့ ပြန်လာသည်။

ကျောင်းအုပ်ကြီးမုန့် ပြော၏။

“မြင့်မြတ်သားတော်ရှောင် မင်းနောက်ထပ်ဘာလုပ်ဖို့စီစဉ်ထားလဲ”

ရှောင်ချန်း ပြောသည်။

“ကျောင်းအုပ်ကြီးစိတ်မရှိဘူးဆိုရင် ဓားတာအိုကျောင်းတော်မှာ ကျွန်တော် ဓားဧကရာဇ်ချောက်ကမ်းပါးကနေ ရခဲ့တာတွေ မျှဝေပေးချင်ပါတယ်”

သူသည် ကျေးဇူးမသိတတ်သော သူတစ်ဦး မဟုတ်ပါချေ။ သူ ယခုတစ်ခေါက်တွင် အနောက်ဘက်ယွဲ့တောင်ဓားပြိုင်ပွဲ၌ ပါဝင်ရန် ဓားတာအိုကျောင်းတော်၏ အကူအညီကို ယူထားခြင်းဖြစ်သည်။

အကယ်၍ သူ စကားတစ်ခွန်းမျှ မပြောဘဲ ပြန်သွားလျှင် အတော်လေး မကြင်နာရာ ရောက်ပေသည်။

၎င်းကိုကြားတော့ ကျောင်းအုပ်ကြီးမုန့် ရှောင်ချန်းကို လက်မထောင်ပြ၏။

“စိတ်မရှိပါဘူး။ သေချာပေါက် စိတ်မရှိဘူး။ ငါ့ဓားတာအိုကျောင်းတော်က ဓားဧကရာဇ်ချောက်ကမ်းပါကနေ ဉာဏ်အလင်းပွင့်ပြီး ပြန်လာတဲ့တပည့်တွေက သူတို့ ဉာဏ်အလင်းကို ကျန်တဲ့တပည့်တွေကို မျှဝေရမယ်ဆိုတဲ့ စည်းကမ်းရှိတယ်။ မြင့်မြတ်သားတော် မျှဝေပေးချင်မှတော့ ဒီလူအိုကြီးလည်း ဘာမှမတောင်းဆိုတော့ပါဘူး”

ရှောင်ချန်း ပြုံးကာ မေးသည်။

‘ဒါဆို ကျွန်တော်တို့ဘယ်တော့ ပြန်ကြမလဲ’

“မနက်ဖြန်”

ကျောင်းအုပ်ကြီးမုန့် ရှောင်ချန်း ဓားတာအိုကျောင်းတော်မှ တပည့်များကို တာအိုဟောကြားပေးမည့်အပေါ် မျှော်လင့်နေတော့၏။ မည်သို့ပင်ဆိုစေ လူငယ်လေးသည် ဓားပြိုင်ပွဲစတင်ကတည်းက ဓားတာအိုအနှစ်သာရသုံးပုံထိ နားလည်ထားသော ပထမဆုံး သူဖြစ်သည်။

ကောင်းကင်ရွေးချယ်ခံကတော့ ကောင်းကင်ရွေးချယ်ခံပင်။ စီနီယာဖြစ်သောသူပင် လိုက်မမီတော့ချေ။

နောက်တစ်ရက်တွင် လူတိုင်း သင်္ဘောပျံပေါ်တက်သွားပြီး ဓားတာအိုကျောင်းတော်သို့ ပြန်လာ၏။

တစ်ရက်အနားယူပြီးနောက် ရှောင်ချန်း ဓားဧကရာဇ်ချောက်ကမ်းပါးမှ သူ့အကျိုးအမြတ်များကို ဓားတာအိုကျောင်းတော်မှ ဂိုဏ်းတူတပည့်များအား စတင်မျှဝေပေးတော့၏။

ရှောင်ချန်းဂုဏ်သတင်းသည် ဓားတာအိုကျောင်းတော်တွင် ပျံ့နှံ့သွားပြီး တပည့်များသည် သူ့ကို ဓားတာအိုကျောင်းတော်၏ အနာဂတ်ကျောင်းအုပ်အဖြစ် နေပေးရန် တောင်းဆိုကြတော့သည်။

လူရိုင်းဒေသတွင်

ဘီလူးနတ်ဘုရားကျောင်းတော်တွင်

ချောင်ရို့ချန် သီးခြားကျင့်ကြံနေရာမှ ထွက်လာ၏။

သူ ထွက်လာပြီးနောက် ဘီလူးနတ်ဘုရားကျောင်းအုပ်ကြီးတို့ သူ့ကို ဆီးကြိုနှုတ်ဆက်ကြသည်။

မဟာပဏ္ဍိတကျန်းယန် ပြောသည်။

“တာ့ချန် နင် ဒီတစ်ခေါက် နတ်ဘုရားသလင်းကျောက်ကိုသန့်စင်ပြီးတော့ တာအိုအနှစ်သာရဘယ်လောက် နားလည်လိုက်လဲ”

ချောင်ရို့ချန် လက်သုံးချောင်ထောင်ပြ၏။

“ဒီတစ်ကြိမ် ကျွန်တော် တာအိုအနှစ်သာရသုံးခုထိ နားလည်လိုက်ပါတယ်”

၎င်းကိုကြားတော့ မဟာပဏ္ဍိတအားလုံး ချောင်ရို့ချန်ကို မနာလိုဝန်တိုစွာ ကြည့်လာကြ၏။

မဟာပဏ္ဍိတကျန်းယန် ပျော်ရွှင်စွာ ပြောသည်။

“ဒီလိုဆို နင် ဝမ်တောက်ကျောင်းတော်ပြန်ရင် ရှောင်ချန်းကို သေချာပေါက် ယှဉ်ပြိုင်နိုင်ပြီ”

ချောင်ရို့ချန် သူ့စီနီယာအစ်ကို၏ နာမည်ကို ကြားတော့ ခေါင်းအလိုလိုခါမိသည်။

“မသေချာဘူး။ စီနီယာအစ်ကိုကြီးရဲ့ ကံအခွင့်အလမ်းက ကျွန်တော့်ထက် အားမနည်းဘူး။ သူ ဓားဒေသကနေ အကျိုးအမြတ်တွေအများကြီးရခဲ့မှာ သေချာတယ်”

သူ ထိုသို့ပြောသော်လည်း စိတ်ထဲ လျှို့ဝှက်စွာ တွေးသည်။

‘စီနီယာအစ်ကို အမီလိုက်မခံနဲ့နော်။ မဟုတ်ရင် ပျင်းစရာကောင်းသွားလိမ့်မယ်’

ဘီလူးနတ်ဘုရားကျောင်းအုပ်ကြီး ပြောသည်။

“မြင့်မြတ်သားတော်ချောင် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီဆိုတော့ ဒီလူအိုကြီး စားသောက်ပွဲကျင်းပပေးမယ်။ ငါတို့ကျောင်းတော်က ကောင်းကင်ရွေးချယ်ခံတွေကို တာအိုဟောပြောပေးရင်ရော ဘယ်လိုလဲ အဆင်ပြေလား”

“အဆင်ပြေပါတယ်”

ချောင်ရို့ချန် ဒုတိယအကြိမ်တွေးမနေဘဲ တန်းသဘောတူသည်။ သူ လူမှုရေးတွင် အခြားသူများထက် ပို၍ တတ်ကျွမ်းပေ၏။

တစ်ချိန်တည်းမှာ အဆုံးမဲ့ပင်လယ်၏ ကျွန်းငယ်လေးတွင်

နျဲ့ရှို့ယွမ် ဂူတစ်ခုထဲသို့ ဝင်သွားပြီးနောက် နှုတ်ခမ်းများ တွန့်ကွေးသွား၏။

“နောက်ဆုံးတော့ ငါ တာအိုအနှစ်သာရ နောက်တစ်ခု နားလည်သွားပြီ။ သူတော်စင်တစ်ပိုင်းအဆင့်မတက်ခင် တာအိုအနှစ်သာရ ငါးခုလောက် နားလည်အောင် လုပ်ရမယ်။ ပြီးရင်တော့ ဂိုဏ်းကိုပြန်ပြီး ဆရာနဲ့ ဆရာတူမောင်နှမတွေကို တွေ့လို့ရပြီ”

“အခုလောက်ဆို သူတို့တွေ ဘာလုပ်နေကြမလဲမသိဘူး”

ဝမ်တောက်ကျောင်းတော် သောင်းပြောင်းပညာရပ်ဌာန အတွင်း၌

ချူဖုန်း စာအုပ်တစ်အုပ်ကို ကိုင်ကာ အရသာခံ၍ ဖတ်နေချိန် စနစ်၏ အသံက သူ့စိတ်ထဲတွင် ရုတ်တရက် ထွက်လာသည်။

“လက်ခံသူ တပည့်နျဲ့ရှို့ယွမ် တာအိုအနှစ်သာရတစ်ခုကို နားလည်သဘောပေါက်သွားပါပြီ။ လက်ခံသူကို တာအို အနှစ်သာရ ဆယ်ခုချီးမြှင့်ပါတယ်”

ချူဖုန်း သက်ပြင်းချရင်း တွေးလိုက်၏။

“ဒီကောင်လေးတွေ အကုန်လုံး တစ်ယောက်ပြီးတစ်ယောက် အစွမ်းထက်လာနေကြတာပဲ”

“တစ်လတည်းအတွင်းမှာတင် သူတို့ ငါ့အတွက် တာအိုအနှစ်သာရ (၉၀)ခုထပ်ပေါင်းပေးတယ်”

‘ငါ့ရဲ့ တာအိုအနှစ်သာရက (၆၉၀)အထိ ရောက်သွားပြီ။ တာအိုအနှစ်သာရ (၉၉၉)ကို ရောက်ဖို့ (၃၀၉)ခုပဲ လိုတော့တယ်။ သူတော်စင်အဆင့်ကို ရောက်နိုင်တော့မှာပဲ’

၎င်းကို စဉ်းစားမိတော့ ချူဖုန်း၏ နှုတ်ခမ်းများ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

‘ဒါပေမဲ့ ဒီတပည့်သုံးယောက် ဝမ်တောက်ကျောင်းတော် ကို ဘယ်တော့ ပြန်လာကြမှာလဲ’

သူတို့ မတွေ့ကြတာ အချိန်အတော်ကြာပြီဖြစ်၍ ဆရာတစ်ဦးအနေဖြင့် သူ သူတို့ကို အတော်လေး သတိရသည်။

ချူဖုန်း အတွေးထဲ နစ်မြုပ်နေစဉ် ခြံဝင်းအပြင်ဘက်မှ အလျင်စလို ခြေသံများ ထွက်ပေါ်လာ၏။

သူ လက်ထဲရှိ စာအုပ်ကို ကျောက်စားပွဲပေါ်သို့ တင်လိုက်ပြီး အပြင်သို့ ကြည့်လိုက်ရာ မဟာပဏ္ဍိတရွှေတောင်ပံ အလျင်အမြန် ဝင်လာသည်ကို မြင်လိုက်ရသည်။

ချူဖုန်း ပြုံးကာ နောက်ပြောင်လိုက်၏။

“ဘာဖြစ်လို့လဲ လင်းယုန်လေး။ ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ”

“အစ်ကိုကြီး ကျွန်တော့်ကို မနောက်ပါနဲ့။ ပိုင်ယွီ သူတော်စင်တစ်ပိုင်းအဆင့်ကို တက်တော့မယ်။ ကျွန်တော် ဘာလုပ်ရမှန်း မသိလို့ လမ်းညွှန်မှုလာတောင်းတာပါ”

မဟာပဏ္ဍိတရွှေတောင်ပံ ပြောလိုက်သည်။

၎င်းကိုကြားတော့ ချူဖုန်း သူ့လက်ထဲရှိ စာအုပ်ကို ကောက်ယူကာ စာမျက်နှာတစ်ခုကိုလှန်ရင်း ပြောလိုက်၏။

“ကျောင်းအုပ်ကြီးဆီသွားပြီး သတင်းပို့လိုက်။ မင်းရဲ့ မွေးစားအဖေအနေနဲ့ သူ ဒီကိစ္စတွေကို သေချာ စီစဉ်ပေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ပိုင်ယွီကလည်း သူ့ရဲ့ ချွေးမပဲလေ”

ဒုတ်

မဟာပဏ္ဍိတရွှေတောင်ပံ သူ့ခေါင်းကို ရိုက်ကာ ပြောလိုက်သည်။

“ကျွန်တော် ဘယ်လိုများ မေ့နေရတာလဲ။ မွေးစားအဖေဆီ အခုချက်ချင်း သွားရှာလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူ လှည့်ကာ ထွက်ခွာသွား၏။ မထွက်ခွာခင် ချူဖုန်း၏ လက်ထဲရှိ စာအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ မျက်နှာဖုံးတွင် ‘ဇနီးသည်တစ်ယောက်ကို လက်ထပ်ပြီး ပို၍ သန်မာလာခြင်း၊ ငါ့ဇနီးသည် XX’ ဟူသော စာလုံးကြီးများဖြင့် ရေးသားထားသည်ကို မြင်တွေ့လိုက်ရ၏။

မဟာပဏ္ဍိတရွှေတောင်ပံ ခေါင်းခါပြီး တွေးလိုက်သည်။

‘ဘာလို့ အစ်ကိုကြီး အခုလိုမျိုး ဝတ္ထုစာအုပ်တွေ ဖတ်နေရတာလဲ’

ရက်အနည်းငယ်အကြာတွင် မင်းသမီးပိုင်ယွီ အောင်မြင်စွာ အဆင့်တက်နိုင်ပြီး မဟာပဏ္ဍိတတစ်ပါး ဖြစ်လာ၏။

ချူဖုန်းသည်လည်း သတင်းကောင်း နှစ်ခုကို လက်ခံရရှိခဲ့သည်။

All Chapters