← Chapters

အခန်း ၅၄၈

Vol. 55 Ch. 548

အခန်း ၅၄၈

Vol. 55 Ch. 548

အခန်း(၅၄၈)

“ဌာနမှူးချူ သတင်းကောင်း သတင်းကောင်း”

ထိုနေ့မွန်းတည့်ချိန်တွင် ချူဖုန်း ပုံမှန်အတိုင်း ဗောဓိပင်အောက်၌ လေညင်းခံရင်း သူ့လက်ထဲရှိ ဝတ္ထုစာအုပ်ထဲတွင် နစ်မြုပ်နေစဉ် အဝေးမှ ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရ၏။

သူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ အကြီးအကဲရှောင်ပိုင် အလျင်စလို လျှောက်လာသည်ကို မြင်တွေ့လိုက်သည်။

ချူဖုန်း ချက်ချင်း မတ်တပ်ထိုင်လိုက်ပြီး သူ့လက်ထဲရှိ ဝတ္ထုစာအုပ်ကို သိုလှောင်လက်စွပ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်ရင်း ပြုံးကာ မေးလိုက်၏။

“အကြီးအကဲရှောင်ပိုင် ကိုယ်တိုင် လာပြောရတဲ့ သတင်းကောင်းက ဘာများလဲ”

အကြီးအကဲရှောင်ပိုင် ပြောလိုက်သည်။

“ဌာနမှူးချူ မြင့်မြတ်သားတော်နှစ်ပါး ရှောင်ချန်းနဲ့ ချောင်ရို့ချန်တို့ ပြန်ရောက်လာကြပြီ။ ပြီးတော့ ဓားတာအိုကျောင်းတော်နဲ့ဘီလူးနတ်ဘုရားကျောင်းတော်ရဲ့လူတွေဆီက ကြားရတာကတော့ သူတို့ ဒီတစ်ကြိမ် ဓားဒေသနဲ့ လူရိုင်းဒေသတွေမှာ ကြီးမားတဲ့ ဂုဏ်သတင်းတွေ ရလာတယ်။ ဝမ်တောက်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခဲ့တယ်တဲ့”

“ဪ”

ချူဖုန်း သူ့တပည့်နှစ်ဦး၏ တိုးတက်မှုနှင့် ပတ်သက်၍ စနစ်ထံမှ အသိပေးချက်များကို ယခင်ကတည်းက လက်ခံရရှိထား၏။

လအနည်းငယ်အတွင်း တပည့်နှစ်ဦး ဝမ်တောက်ကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာမည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ချေ။

“သူတို့ အခုဘယ်မှာလဲ”

အကြီးအကဲရှောင်ပိုင် : “သူတို့ မကြာခင် ရောက်လာတော့မှာပါ”

ချူဖုန်း ၎င်းကိုကြားတော့ မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ဒီည သောင်းပြောင်းပညာရပ်ဌာနက မိတ်ဆွေဟောင်းတွေ အားလုံးကို ဝိုင်သောက်ရင်း စားသောက်ပွဲတစ်ခု ကျင်းပပေးမယ်ဆိုတဲ့အကြောင်း လူတိုင်းကို အသိပေးဖို့ အကြီးအကဲရှောင်ပိုင်ကို ဒုက္ခပေးပါရစေ”

“ကောင်းပါပြီ”

ဝိုင်သောက်မည့်အကြောင်းကို ကြားသည်နှင့် အကြီးအကဲရှောင်ပိုင် စိတ်ဓာတ်များ ချက်ချင်း တက်ကြွသွား၏။ မြောင်တောင်မှ ဝိုင်ဆိုသည်မှာ ကျောင်းအုပ်ကြီးပင် လိုချင်တပ်မက်ရသော အရာတစ်ခု ဖြစ်သည်။

နာရီဝက်ခန့် အကြာတွင်

ချူဖုန်း ပင်မခြံဝင်းအတွင်း၌ ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ကို မြင်တွေ့လိုက်ရသည်။

ထိုနှစ်ဦး ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် သူတို့ ဦးညွှတ်ကာ ပြောလိုက်ကြ၏။

“တပည့်တို့ ဆရာ့ကို ဂါရဝပြုပါတယ်”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ချူဖုန်း ပြုံးကာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် အရင်သွားနားကြ။ မင်းတို့အတွက် ကြိုဆိုပွဲတစ်ခု ငါ ပြင်ထားတယ်။ ပြောစရာရှိတာ အဲဒီကျမှ အတူတူ ဆွေးနွေးကြတာပေါ့”

“နားလည်ပါပြီ”

နှစ်ဦးသား သူတို့ဆရာအကျင့်ကို သိထားကြသဖြင့် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မခံစားရပေ။

ခြံဝင်းထဲမှ ထွက်သွားသည့် အခိုက်အတန့်တွင် နှစ်ဦးသား အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရယ်မောလိုက်ကြသည်။

“ဟားဟား”

ချောင်ရို့ချန် : “စီနီယာအစ်ကို ခင်ဗျား ပိုပြီး သန်မာလာပြန်ပြီပဲ”

ရှောင်ချန်း : “ရို့ချန် မင်းလည်း မဆိုးပါဘူး။ ဒီည ငါတို့ နည်းနည်းလောက် လက်ရည်စမ်းကြည့်ကြတာပေါ့”

ချောင်ရို့ချန် : “ပြဿနာ မရှိပါဘူး”

မြင့်မြတ်သားတော်နှစ်ပါး ဝမ်တောက်ကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာသည့် သတင်းက ကျောင်းတော်တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွား၏။

မြောင်တောင်ပေါ်ရှိ တပည့်များသည်လည်း ချူဖုန်း၏ သတင်းစကားကို လက်ခံရပြီး ပင်မခြံဝင်းသို့ လာရောက်ကူညီပေးရန် တောင်းဆိုခံရသည်။

ညနေခင်းအချိန်သို့ ရောက်လာ၏။

ပင်မခြံဝင်းအတွင်း၌ ဂုဏ်သရေရှိ ဧည့်သည်တော်များဖြင့် ပြည့်နှက်နေသည်။

ချူဖုန်း စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေပြီး သူ့ဘယ်ဘက်တွင် ပင်းယန်၊ ညာဘက်တွင် မြောင်ယွီတို့ ရှိနေကြ၏။

ရှောင်ချန်းနှင့်ချောင်ရို့ချန်တို့ သူ့ဘယ်ညာရှိ ပထမဆုံးခုံများတွင် ထိုင်နေကြသည်။

စားသောက်ပွဲ စတင်ပြီးနောက် ချူဖုန်း သူ့တပည့်နှစ်ဦးကို ဇနီးဖြစ်သူ မင်းသမီးမြောင်ယွီနှင့် အရင်ဆုံး မိတ်ဆက်ပေးလိုက်၏။

ထို့နောက် လူတိုင်း ဝိုင်သောက်ကာ စကားစမြည် ပြောဆိုကြသည်။

စားသောက်ပွဲ၏ အဓိကဇာတ်ကောင်များဖြစ်ကြသော ရှောင်ချန်းနှင့်ချောင်ရို့ချန်တို့ သူတို့လေ့ကျင့်ရေးခရီးစဉ်အတွင်းမှ အတွေ့အကြုံများကို ပြန်လည်ပြောပြကြရာ ထိုနေရာရှိ လူတိုင်းကို မနာလို အားကျသွားစေ၏။

ဝိုင်သုံးခွက်သောက်ပြီးနောက်

ချောင်ရို့ချန် ပထမဆုံး မတ်တပ်ရပ်ပြီး သူ့ဝိုင်ခွက်ကို မြှောက်ကာ ပြောလိုက်၏။

“စီနီယာအစ်ကို ဆရာက ကျွန်တော်တို့ကျင့်ကြံခြင်းတွေကို မစစ်ဆေးရတာ အတော်ကြာပြီလေ။ အရင်ဆုံး ကျွန်တော်တို့ လက်ရည်စမ်းကြည့်ပြီး ဆရာ့ကို လမ်းညွှန်မှုတချို့ ပေးခိုင်းရင် ဘယ်လိုလဲ”

“ကောင်းပြီ”

ရှောင်ချန်း ဒုတိယအကြိမ် စဉ်းစားမနေဘဲ သဘောတူလိုက်သည်။

ချူဖုန်း တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည့် ထိုနှစ်ဦးကို ကြည့်ကာ ပြောလိုက်၏။

“ဒီခရီးစဉ်ကနေ မင်းတို့ရလာတဲ့ အကျိုးအမြတ်တွေကို မင်းတို့ဆရာ၊ငါ မြင်အောင် အစွမ်းကုန် ထုတ်ပြရမယ်”

“နားလည်ပါပြီ”

နှစ်ဦးသား ပြန်ဖြေကြားပြီး ကောင်းကင်ယံသို့ ခုန်တက်သွားကြသည်။

တခဏတာမျှ ခြံဝင်းအတွင်းရှိ လူတိုင်း သူတို့ လုပ်ဆောင်နေသောအရာများကို ရပ်တန့်လိုက်ကြပြီး ထိုနှစ်ဦးကို စူးစိုက်ကြည့်လာကြ၏။

ချောင်ရို့ချန် ပထမဆုံး စတင်နောက်ပြောင်လိုက်သည်။ “စီနီယာအစ်ကို ခင်ဗျား ဓားဒေသမှာ ဘယ်လို ကြမ္မာကောင်းတွေကြုံခဲ့လဲဆိုတာ ကျွန်တော် သိချင်မိပါတယ်။ ဂျူနီယာညီလေးဖြစ်တဲ့ ကျွန်တော်ကို ကျော်တက်သွားစေမဲ့ အခွင့်အရေး မပေးလိုက်နဲ့နော်”

ရှောင်ချန်း ၎င်းကိုကြားတော့ ရယ်မောကာ ပြန်ပြောလိုက်၏။

“ရို့ချန် မင်းစီနီယာအစ်ကိုက အမြဲတမ်း မင်းရဲ့ စီနီယာအစ်ကိုပဲ ဆိုတာကို မှတ်ထား။ ဒီတစ်ကြိမ် မင်း ငါ့ရဲ့ ဓားချက်နည်းနည်းကို ပိုပြီး ခံနိုင်ရည်ရှိဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် တိုက်ခိုက်ရတာ ပျော်စရာကောင်းမှာ မဟုတ်ဘူး”

“စီနီယာအစ်ကိုကြီး ဆန္ဒအတိုင်း ဖြစ်စေရပါမယ်”

ချောင်ရို့ချန် စကားပြောလိုက်သည်နှင့် သူ့အရှိန်အဝါက ချက်ချင်း ပေါက်ကွဲထွက်လာသည်။

သူ့ခန္ဓာကိုယ်က အင်မော်တယ် အလင်းတန်းများဖြင့် လွှမ်းခြုံသွားပြီး နီဗားနားရှင်သန်ခြင်းအဆင့်၏ အရှိန်အဝါက မြောင်တောင်ကို ဖုံးလွှမ်းသွား၏။

သူ့အနောက်တွင် တာအိုအနှစ်သာရမှ စုစည်းထားသော ဓမ္မပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ဤမျှ ကြီးမားသော ဆူညံမှုများ ဝမ်တောက်ကျောင်းတော်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများကို အလန့်တကြား ဖြစ်သွားစေ၏။

အပြင်စည်းတပည့်များမှသည် ဌာနမှူးများအထိ အားလုံး ကြောက်မက်ဖွယ်အရှိန်အဝါကြောင့် တုန်လှုပ်သွားကြသည်။

ဌာနမှူးကိုးဦးလုံး သူတို့နတ်ဘုရားအာရုံများကို ထုတ်လွှတ်လိုက်ကြသည်။ ချောင်ရို့ချန်၏ အနောက်ရှိ ဓမ္မပုံရိပ်ကိုမြင်တော့ သူတို့နဖူးများတွင် ချွေးအေးများ ပျံလာ၏။

“ဒီကလေး လူရိုင်းဒေသကို တစ်ခေါက်သွားရုံလေးနဲ့ ဘယ်လိုလုပ် စွမ်းအားကြီးလာရတာလဲ။ ငါတို့ တကယ် တိုက်ခိုက်ကြရင် အသာစီးရဖို့တောင် မသေချာတော့ဘူး”

“နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းတယ်”

ရှောင်ချန်း သူ့ဂျူနီယာညီလေးထံမှ ပြင်းထန်သောဖိနှိပ်မှုကို ခံစားလိုက်ရပြီး ရှင်းပြမရနိုင်လောက်အောင် စိတ်လှုပ်ရှားလာသည်။

နောက်ဆုံးတွင် သူ အစွမ်းကုန် ထုတ်သုံးကာ တိုက်ခိုက်နိုင်တော့မည် ဖြစ်၏။

ထို့ကြောင့် အင်မော်တယ်အလင်းတန်းများ သူ့ပတ်လည်တွင် တောက်ပလာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ သူ့အနောက်တွင် ပြိုင်ဘက်ကင်းဓားပုံဓမ္မပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းပင် ကြောက်မက်ဖွယ် အင်အားနှစ်ခု မြောင်တောင်ကို ဖုံးအုပ်သွား၏။

ဝိုင်သောက်ရန် လာကြသော အကြီးအကဲများနှင့် တပည့်များအားလုံး သူတို့စိတ်ထဲတွင် တုန်လှုပ်မှုကိုခံစားလိုက်ရသည်။

မင်းသမီးမြောင်ယွီ တီးတိုးရေရွတ်လိုက်၏။

“ယောကျ်ား ရှင့်တပည့်နှစ်ယောက်က အရမ်း အစွမ်းထက်လွန်းတယ် မဟုတ်ဘူးလား”

ချူဖုန်း ပြုံးကာ ပြောလိုက်သည်။

“သူတို့ တာအိုအနှစ်သာရတချို့ နားလည်ထားပေမဲ့ အများကြီး လိုပါသေးတယ်”

သူ ပြောနေရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု မြောင်တောင်ကို ဖုံးအုပ်သွား၏။

ချူဖုန်း သူ့ဂိုဏ်းတံခါးကို တပည့်နှစ်ဦးကြောင့် မတော်တဆ ပျက်စီးမသွားစေချင်ပေ။

ဝုန်း

ချောင်ရို့ချန်နှင့်ရှောင်ချန်းတို့ ထိပ်တိုက်ရင်ဆိုင်ရာတွင် ပုံမှန် ကျွမ်းကျင်သူများလို တဖြည်းဖြည်းမသွားပေ။

ယင်းအစား သူတို့ အစကတည်းက ပြင်းထန်စွာ တိုက်ခိုက်ကြ၏။

လက်ဖက်ရည်တစ်ခွက်စာ သောက်ချိန်အတွင်းမှာပင်

ထိုနှစ်ဦး ကောင်းကင်ယံတွင် တိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာကို ဖလှယ်ပြီးသား ဖြစ်သည်။

ထိပ်တိုက်ရင်ဆိုင်မှုတိုင်းက ဝမ်တောက်ကျောင်းတော် တပည့်များ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့၏။

သေချာပေါက် အံ့အားအသင့်ဆုံးသူများမှာ ဌာနမှူးကိုးဦးပင် ဖြစ်သည်။

အစပိုင်းတွင် သူတို့ မြင့်မြတ်သားတော်နှစ်ပါးကို အနိုင်ယူနိုင်မလား ဆိုသည်ကို မသေချာပေ။

ယခု သူတို့က မြင့်မြတ်သားတော် နှစ်ပါး၏ ပြိုင်ဘက်များ မဟုတ်ကြကြောင်း သေချာသွား၏။

ဘုန်း

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်လာသည်။

ရှောင်ချန်းနှင့်ချောင်ရို့ချန်တို့ ခြေလှမ်းများစွာ နောက်ဆုတ်သွား၏။

“ဂျူနီယာညီလေး ငါတို့ တိုက်ခိုက်တာ လုံလောက်ပြီ။ အလေးအနက် ထားရမဲ့ အချိန်ရောက်ပြီ။ မင်းရဲ့ ပြင်းထန်တာအိုနတ်ဘုရားလက်သီး ဘယ်လောက်အထိ တိုးတက်လာပြီလဲ ဆိုတာ ငါ့ကို ကြည့်ခွင့်ပေးပါ”

“ကောင်းပြီ။ စီနီယာအစ်ကိုကြီးရဲ့ ဓားတစ်သောင်းတို့အပြန်က ဓားဧကရာဇ်ရဲ့ပုံရိပ် ဘယ်လောက်အထိ ပါနေလဲဆိုတာ ကျွန်တော်လည်း သိချင်မိတယ်”

စီနီယာနှင့်ဂျူနီယာညီအစ်ကိုနှစ်ဦး ညှိနှိုင်းပြီးနောက် သူတို့အရှိန်အဝါများကို အထွတ်အထိပ်သို့ နောက်တစ်ကြိမ် တွန်းပို့လိုက်ကြ၏။

“ပြင်းထန်တာအိုနတ်ဘုရားလက်သီး”

“ဓားတစ်သောင်းတို့အပြန်”

ချောင်ရို့ချန် လက်သီးဖြင့် ထိုးနှက်လိုက်ရာ မိုးမြေက အရောင်ပြောင်းသွားသည်။

ထိုလက်သီးချက်က ကောင်းကင်ယံကိုပင် အပေါက်ဖောက်နိုင်သည့်အလား။

၎င်းက လူတိုင်းကို ပစ်မှတ်ထားခြင်း မဟုတ်သော်လည်း ဝမ်တောက်ကျောင်းတော်ရှိ ပွဲကြည့်ပရိသတ်များ ထိန်းမရအောင် တုန်လှုပ်သွားကြသည်။

ရှောင်ချန်း သူ့ဓားကို ခုတ်ပိုင်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း မှောင်မိုက်နေသော ကောင်းကင်ယံသည် နေ့ခင်းအလား မရေမတွက်နိုင်သော ဓားအလင်းတန်းများဖြင့် လင်းထိန်သွား၏။

မရေမတွက်နိုင်သော ဓားအလင်းတန်းများသည် ကောင်းကင်ယံတွင် ဓားတစ်လက်အဖြစ်သို့ စုစည်းသွားကြသည်။

ဓားထွက်သွားသည့်အခိုက်တွင် အသံများအားလုံး ရပ်တန့်သွားပြီး လောကတွင် ဓားတစ်လက်သာ ကျန်ရစ်နေခဲ့၏။

၎င်းက ပြိုင်ဘက်ကင်းဓားတစ်လက် ဖြစ်ပေသည်။

ထိုဓားရှေ့တွင် နတ်ဘုရားများနှင့် ဗုဒ္ဓများပင် တုန်လှုပ်ရ၏။

လောကတွင် မည်သူကမျှ ဤဓားကို တားဆီးနိုင်စွမ်း မရှိသည့်အလား။

ဘုန်း

ဓားမြည်သံနှင့်အတူ ထိုဓား ကောင်းကင်ယံရှိ ဧရာမ လက်သီးကြီးကို ဖောက်ထွက်သွားပြီး ချောင်ရို့ချန်ထံသို့ ထိုးစိုက်သွား၏။

ဖောက်

ချောင်ရို့ချန်ကို ဓားဖြင့် ထိုးမိပြီးနောက် သူ့အနောက်က ဓမ္မပုံရိပ် ချက်ချင်း ပျက်စီးသွားပြီး သူ့တစ်ကိုယ်လုံး ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ ကောင်းကင်ယံမှ ပြုတ်ကျသွားလေသည်။

All Chapters