← Chapters

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း ၃၇၄

Vol. 38 Ch. 374

အခန်း (၃၇၄) ကပ်ဘေးကိုကျော်ဖြတ်ကာ အရှင်သခင်အဆင့်သို့ ဝင်ရောက်ခြင်း

ကျန်းချဲ့ အနေဖြင့် သူ၏ ခုခံနိုင်စွမ်းမှာ အမှန်တကယ်ပင် အားနည်းလွန်းကြောင်း ဝန်ခံရမည်ဖြစ်သည်။ အထူးသဖြင့် ကျောက်ရှန်းကျီ ကဲ့သို့သော ပြည့်ဖြိုးလှပပြီး အံ့မခန်း ရုပ်ရည်ရှိသည့် ပြိုင်ဘက်ကင်း အလှပန်းလေး တစ်ပွင့်ကို ရင်ဆိုင်ရချိန်တွင် ပို၍ပင် ဆိုးရွားလှပေသည်။ ထို့အပြင် တစ်ဖက်လူက ရင်ဘတ်ကို အဟက်သား ဖွင့်ဟပြကာ သူမ၏ သဘောထားကို အပြည့်အဝ ထုတ်ဖော်ပြသပြီး တိုက်ရိုက်ပင် အကွက်ကြီး ထုတ်သုံးလိုက်သေးသည်။

သူမ၏ မူလယင်အနှစ်သာရကို မည်သို့ ချိုးဖျက်မည်ဆိုသည့် ရွေးချယ်ခွင့်မှာ သူ၏ လက်ထဲတွင်သာ ရှိနေလေသည်။

သို့သော် ဒါက ရွေးချယ်စရာ လိုသေးလို့လား။ သေချာပေါက် စစ်မှန်သောနဂါးက လမ်းဖောက်ပေးရမှာပေါ့။

ကျန်းချဲ့ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။ ကျောက်ရှန်းကျီ အတွက် အချိန် သိပ်မရတော့ကြောင်းနှင့် လက်ရှိ အခြေအနေမှာလည်း အလွန် အန္တရာယ်များလှကြောင်းကို သူ ကောင်းစွာ သိရှိထားလေသည်။ ပြောင်းပြန်ရိုက်ခတ်မှု အန္တရာယ်က အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်ပေသည်။

ထို့ကြောင့် သူမကို အမြန်ဆုံး ကူညီပေးရန် လိုအပ်ပြီး မဖြစ်မနေ လုပ်ဆောင်ရမည်သာ ဖြစ်လေသည်။

လုံးဝ တွေဝေနေခြင်းမရှိဘဲ ကျန်းချဲ့ စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ကိုယ်ပေါ်ရှိ ပိုးသားဝတ်ရုံကြီး ချက်ချင်း ကွဲအက်သွားပြီး စွမ်းအားအပြည့်နှင့် လှပကြော့ရှင်းသော ကြွက်သားများဖြင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ်ကြီး ပေါ်လွင်လာလေသည်။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ကျောက်ရှန်းကျီ ကတော့ ရှောင်လွှဲလိုသည့်အလား မျက်လုံးများကို အစောကြီးကတည်းက မှိတ်ထားခဲ့လေပြီ။

မည်သို့ပင်ဆိုစေ သူမ တင်းတင်းကျုံ့ထားသော မျက်မှောင်များကို ကြည့်ခြင်းအားဖြင့် လက်ရှိအချိန်တွင် သူမ၏ စိတ်နှလုံးများ မည်မျှအထိ ဂနာမငြိမ် ဖြစ်နေကြောင်းကို ကျန်းချဲ့ ကောင်းစွာ မြင်တွေ့နိုင်လေသည်။

"နတ်သမီး မကြောက်ပါနဲ့ ဘာမှမဖြစ်ပါဘူး"

ထိုသို့ ညင်သာစွာ နှစ်သိမ့်လိုက်ပြီးနောက် ကျန်းချဲ့သည် အနက်ရောင် လှံရှည်ကြီးတစ်လက်ကို ဆင့်ခေါ်လိုက်ပြီး အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်လေသည်။ တစ်ဖက်လူ မျက်လုံးမှိတ်ကာ စိုးရိမ်တကြီး ဖြစ်နေချိန်တွင် သူမ၏ ဟာကွက်ကို ရှာဖွေတွေ့ရှိသွားပြီး ဖြည်းညင်းသော်လည်း အားပါလှသော အရှိန်အဟုန်ဖြင့် ထိုးသွင်းလိုက်လေတော့သည်။

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် အလွန် ရဲရင့်သော စိတ်နှလုံးဖြင့် ယင်နှင့်ယန်ကို ညီမျှအောင် ပြုလုပ်ပေးနေပြီး လက်ထဲရှိ လှံရှည်ကြီးဖြင့် နတ်မိမယ်လေးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့လေသည်။

ရှန်ရှန်း အလယ်အလတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော အစွမ်းထက်သူ တစ်ယောက်ကို ရင်ဆိုင်ရရာတွင် ကျန်းချဲ့ အနေဖြင့် နည်းနည်းလေးမျှ ပေါ့ဆရဲခြင်း မရှိချေ။ မိမိ၏ ပြိုင်ဘက်ကင်း လှံသိုင်းပညာရပ်များကို အဆက်မပြတ် ထုတ်ဖော် အသုံးပြုကာ ရွှံ့ဗွက်ထူထပ်သော စစ်မြေပြင်ကြီး အတွင်းသို့ အကြိမ်ကြိမ် ဝင်ထွက် သွားလာနေလေသည်။

တိုက်ပွဲမှာ အလွန် ပြင်းထန် ကြမ်းတမ်းလှသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာထားမှာလည်း ပိုမို တည်ကြည် လေးနက်လာလေသည်။

အကြောင်းမူကား ကျောက်ရှန်းကျီတွင် ကျင့်ကြံခြင်းအဆင့်သာ မြင့်မားပြီး တိုက်ပွဲ အတွေ့အကြုံ လုံးဝ မရှိသဖြင့် အလွယ်တကူ အညံ့ခံ အရှုံးပေးလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သောကြောင့် ပင်ဖြစ်သည်။ သို့သော် လက်တွေ့ ရလဒ် ကတော့ သူ၏ မျှော်လင့်ချက်များနှင့် အလွန် ကွာခြားလွန်းလှပေသည်။

တစ်ဖက်လူမှာ မူလကတည်းက ထိုက်ယင်ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ အရိုးထဲထိ စိမ့်ဝင်သွားမတတ် အေးစက်လှပေသည်။ ထိုအရာအပြင် ခန္ဓာကိုယ်အတွင်း၌ ထိုက်ယန်ဝိညာဉ်စွမ်းအင်များကိုပါ ချေဖျက် စုပ်ယူထားသေးသဖြင့် ယင်နှင့် ယန် စွမ်းအင် နှစ်ခု ပေါင်းဆုံကာ အလွန် ကြောက်မက်ဖွယ်ကောင်းသော ထိုက်ယင် နှင့် ထိုက်ယန် စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေလေသည်။

ယင်နှင့် ယန် ပေါင်းဆုံမှု အောက်တွင် သူကိုယ်တိုင်ပင် အနည်းငယ် ထိန်းချုပ်ရ ခက်ခဲသွားပြီး တိုက်ပွဲ စတင်ပြီး မကြာမီမှာပင် သွေးနှင့် ချီစွမ်းအင်များကို ဖယ်ထုတ်ပစ်လိုသော ဆန္ဒများ ဖြစ်ပေါ်လာလေသည်။

ထို့ကြောင့် ဤအချိန်တွင် သူသည် အလွန် တည်ကြည်လေးနက်စွာဖြင့် တစ်ကိုယ်လုံးရှိ စွမ်းအားများကို စုစည်းကာ မိမိ တစ်သက်တာ သင်ယူထားသမျှ ပညာရပ်များ အားလုံးကို အသုံးပြု၍ တစ်ဖက်လူနှင့် သေလဲ ကြေလဲ တိုက်ခိုက်နေရလေတော့သည်။

အခြားတစ်ဖက်တွင်တော့ ကျောက်ရှန်းကျီ ၏ မျက်မှောင်များမှာ တင်းတင်းကျုံ့နေဆဲ ပင်ဖြစ်သည်။ အပြင်ပန်းတွင် အလွန် တည်ငြိမ်နေသယောင် ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူမ၌ တိုက်ပွဲ အတွေ့အကြုံ လုံးဝ မရှိခဲ့ချေ။ အရာအားလုံးကို ကျန်းချဲ့ ၏ ဦးဆောင်မှု အောက်သို့သာ ပုံအပ်ထားလိုက်လေသည်။

ကျန်းချဲ့ ရွေးချယ်လိုက်သော တာအိုလမ်းစဉ် ဝင်ပေါက်နှင့် ပတ်သက်၍ သူမ အများကြီး အံ့အားသင့်ခြင်း မရှိခဲ့ချေ။ အကြောင်းမူကား ကျန်းချဲ့ သည် အမျိုးသမီးများနှင့် ပတ်သက်လာလျှင် အများကြီး ကန့်သတ်ချက်များ သတ်မှတ်ထားခြင်း မရှိကြောင်းကို သူမ ကောင်းစွာ သိရှိထားသောကြောင့် ပင်ဖြစ်သည်။

ထို့အပြင် သူမကိုယ်သူမ လည်း အလွန် ယုံကြည်မှု ရှိလေသည်။

သို့သော် သူမ ထင်မှတ်မထားသော အရာများ ဖြစ်ပေါ်လာခဲ့လေသည်။ မူလက သူမ တွေးထားသည်မှာ ကျန်းချဲ့ သည် သူမ၏ မူလယင်အနှစ်သာရကို ချိုးဖျက်ပြီးသည်နှင့် ချက်ချင်း ထွက်ခွာသွားမည် ဖြစ်ပြီး သူမကိုယ်တိုင်လည်း ယင်နှင့် ယန် ကို ညီမျှအောင် စတင် အာရုံစိုက်နိုင်မည် ဟူ၍ ပင်ဖြစ်သည်။

သို့သော် သူမ၏ ထိုက်ယင် မူလအနှစ်သာရ ကြီး ချိုးဖျက်ခံလိုက်ရပြီးနောက် တွင်လည်း ကျန်းချဲ့ သည် လုံးဝ ထွက်ခွာသွားခြင်း မရှိသေးချေ။

ဤအရာကို တွေးမိသောအခါ သူမ မျက်မှောင်ကျုံ့သွားပြီး တစ်ဖက်လူကို အလျင်အမြန် ထွက်ခွာသွားရန် တိုက်တွန်းလိုစိတ် ပေါက်ဖွားလာလေသည်။ ကိစ္စများက ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ကျန်းချဲ့နှင့် အတူတကွ တိုက်ပွဲဝင်ရမည်ကို သူမ အများကြီး ဂရုမစိုက်တော့သော်လည်း ယခုအချိန်က လုံးဝ သင့်တော်သော အချိန် မဟုတ်ချေ။

သူမ သည် အန္တရာယ် အများဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ကာမဂုဏ် တိုက်ပွဲ အတွင်း၌ မည်သို့များ သာယာယစ်မူး နေနိုင်မည်နည်း။

သို့သော် ကျောက်ရှန်းကျီ စကားမပြောရသေးမီ မှာပင် ဘေးပတ်ဝန်းကျင်ရှိ ယင်ယန်မိစ္ဆာမီးတောက်များ က သူမ၏ ထံသို့ အရူးအမူး စီးဝင်လာကြောင်းကို ရုတ်တရက် ခံစားလိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် ကျန်းချဲ့ ထံမှလည်း အလွန် သာမန်မဟုတ်သော ထိုက်ယန်စွမ်းအင် အချို့ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာခဲ့လေသည်။

ထို စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ယန်ဝိညာဉ်စွမ်းအင်များနှင့် လျင်မြန်စွာ ပေါင်းစပ်သွားပြီး ကိုယ်ပိုင် စွမ်းအားများကို အကြီးအကျယ် တိုးတက်လာစေခဲ့လေသည်။

ဤကဲ့သို့သော အခြေအနေမျိုးကို မြင်လိုက်ရသောအခါ မည်သည့် အကြောင်းရင်းကြောင့် မှန်း ကျောက်ရှန်းကျီ မသိသော်လည်း ဤသည်မှာ အလွန် ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်ကြောင်းကို ချက်ချင်း သဘောပေါက် လိုက်လေသည်။ အလျင်အမြန်ပင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုက်ယင်ဝိညာဉ်စွမ်းအင် နှင့် ထိုက်ယန်ဝိညာဉ်စွမ်းအင် များကို စတင် လှုပ်ရှား လည်ပတ်စေလိုက်လေသည်။

အချင်းချင်း အားပြိုင်နေမှုများ အပြင် ဘေးပတ်ဝန်းကျင်ရှိ ယင်ယန်မိစ္ဆာမီးတောက်များ ၏ အကူအညီများ ပေါင်းစပ်သွားသောအခါ နောက်ဆုံးတွင်တော့ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ယင်နှင့် ယန် စွမ်းအင်များမှာ ညီမျှသော အခြေအနေသို့ အပြည့်အဝ ရောက်ရှိသွားခဲ့လေတော့သည်။

သို့သော် ဤအချိန်အထိ ကျန်းချဲ့ ကတော့ လုံးဝ ရပ်တန့်သွားခြင်း မရှိသေးချေ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်ရှန်းကျီ လည်း ဘာမှ မတတ်နိုင်တော့ဘဲ အလိုက်သင့်သာ နေလိုက်ပြီး ယင်နှင့် ယန် ညီမျှရေး အပေါ်သို့သာ စိတ်အာရုံ အားလုံးကို အပြည့်အဝ စုစည်းထားလိုက်လေသည်။ ခန္ဓာကိုယ် အတွင်းမှ ဖြတ်ပြေးသွားသော ထူးဆန်းသည့် ခံစားချက်များ ကြောင့် မသိမသာ ညည်းတွားသံလေးများ ထွက်ပေါ်လာသော်လည်း အကြမ်းဖျင်းအားဖြင့်တော့ သူမ အပြည့်အဝ တောင့်ခံထားနိုင်စွမ်း ရှိလေသည်။

ကျန်းချဲ့အပေါ် ဆန့်ကျင်လိုစိတ် များလည်း အများကြီး လျော့နည်းသွားခဲ့လေပြီ။

ကျန်းချဲ့ တိုက်ခိုက်နေသည့် ပုံစံမှာ အလွန်အမင်း ကြမ်းတမ်းခြင်း မရှိဘဲ ဖြည်းညင်းစွာ စည်းချက်ကျကျ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းကို သူမ ကောင်းစွာ ခံစား သိရှိနိုင်လေသည်။ သေချာပေါက် သူမ၏ လက်ရှိ အခြေအနေကို အလွန် ဂရုစိုက်ပေးနေခြင်း ပင်ဖြစ်သည်။

အစွမ်းကုန် ထုတ်သုံးနေခြင်း မဟုတ်ချေ။

သို့သော် သူမ မသိရှိသော အချက်မှာ ယခုအချိန်တွင် ကျန်းချဲ့ သည် အမှန်တကယ်ပင် အစွမ်းကုန် ထုတ်သုံးနေရခြင်း ပင်ဖြစ်သည်။

ယခုကဲ့သို့ အလွန် ကြမ်းတမ်းခြင်း မရှိသည့် ပုံစံမျိုး ပြသနေရခြင်းမှာ လုံးဝကို ကျောက်ရှန်းကျီ ၏ ရုပ်ခန္ဓာက အလွန် ကြောက်စရာ ကောင်းလွန်းနေသောကြောင့် ပင်ဖြစ်သည်။ ယင်နှင့် ယန် ရေခဲနှင့် မီးတောက် လုံးဝ ခြားနားသော ရိုက်ခတ်မှု နှစ်ခု အောက်တွင် သူ ခံစားနေရသော ဖိအားများမှာ အလွန် ကြီးမားလွန်းလှပေသည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်။

ကျောက်ရှန်းကျီ ၏ ခန္ဓာကိုယ် အတွင်း၌ ယင်နှင့် ယန် မှာ အပြည့်အဝ ညီမျှသော အခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။ ထို့အပြင် ကျန်းချဲ့ ကြောင့်လားတော့ မသိသော်လည်း သူမ၏ ထိုက်ယင် မူလအနှစ်သာရကို ချိုးဖျက်လိုက်ခြင်း ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများမှာလည်း သူမ ထင်မှတ်ထားသလောက် အများကြီး မဆိုးရွားခဲ့ချေ။

ယင်နှင့် ယန် ကို အပြည့်အဝ အချိုးအစား ညီမျှသွားစေနိုင်ခဲ့ပြီးနောက် သူမ၏ ကျင့်ကြံခြင်း အဆင့်များမှာ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ယခုအခါ ကပ်ဘေးကို ကျော်ဖြတ်လိုစိတ်များ ပေါင်းစပ် ဖြစ်ပေါ်လာခဲ့လေပြီ။ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မျက်လုံးဖွင့်ကာ ကျန်းချဲ့ကို ကြည့်လျက် တိုးညှင်းစွာ ပြောလိုက်လေသည်။

"ကျမ အရှင်သခင်အဆင့်ကို ရောက်သွားပြီ"

ထိုစကားကို ကြားသောအခါ ကျန်းချဲ့ ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေသည်။

"ကျုပ်လည်း အရှင်သခင်အဆင့်ကို ရောက်သွားပြီ"

"တာအိုမိတ်ဆွေ အရင် ထွက်သွားပေးပါ ကျမ ထပ်ပြီး ဖိနှိပ်ထားလို့ မရတော့ဘူး ကပ်ဘေးကို ချက်ချင်း ကျော်ဖြတ်ရတော့မယ်"

"ကောင်းပါပြီ"

ကျန်းချဲ့ ခေါင်းညိတ်လိုက်လေသည်။ သူ အပြည့်အဝ မကျေနပ်သေးသော်လည်း ကိစ္စ၏ အရေးကြီးပုံကို ကောင်းစွာ သဘောပေါက်ထားလေသည်။ ချက်ချင်းပင် ဗွပ် ခနဲ အသံတစ်ခုနှင့်အတူ ကျန်းချဲ့ သည် အလျင်အမြန် နောက်ဆုတ်လိုက်ပြီး လုံးဝ အချိန်ဆွဲနေခြင်း မရှိတော့ချေ။

ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော ထူးဆန်းသည့် ခံစားချက်များကြောင့် ကျောက်ရှန်းကျီ မျက်မှောင်ကျုံ့သွားလေသည်။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင် ဝတ်ရုံရှည်ကြီး တစ်ထည်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံသွားလေသည်။ ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး စိတ်အာရုံများကို စုစည်းထားလိုက်လေတော့သည်။

ကျန်းချဲ့ သည် အဝေးသို့ ဆုတ်ခွာသွားပြီးနောက် နတ်စွမ်းရည်ကို အသက်သွင်းကာ ဘေးပတ်ဝန်းကျင်ရှိ ယင်ယန်မိစ္ဆာမီးတောက်များ အားလုံးကို မျက်ခုံးနှစ်ခု ကြားသို့ ပြန်လည် သိမ်းဆည်းလိုက်လေသည်။

တင်ပျဉ်ခွေ ထိုင်နေသော ကျောက်ရှန်းကျီ ၏ တစ်ကိုယ်လုံးမှ တာအိုအရှိန်အဝါများ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး အလွန် ထူးဆန်း ဆန်းကြယ်သော အခြေအနေ တစ်ခုအတွင်းသို့ ကျရောက်သွားသည့် အလား ပင်ဖြစ်သည်။ ကိုယ်ပတ်လည်ရှိ အရှိန်အဝါများမှာလည်း တက်လိုက် ကျလိုက်ဖြင့် အဆက်မပြတ် ပြောင်းလဲနေလေသည်။

အချိန်အနည်းငယ် ကြာပြီးနောက်။

ကျောက်ရှန်းကျီ သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါများ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။

ထို့နောက် ကျန်းချဲ့ မြင်လိုက်ရသည်မှာ ကျောက်ရှန်းကျီ ၏ မျက်ခုံးနှစ်ခု ကြားမှ ဝိညာဉ်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံ တိမ်တိုက်များ ထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားခြင်း ပင်ဖြစ်သည်။

၎င်းမှာ ကျောက်ရှန်းကျီ ၏ ယွမ်ယင်း ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိထားလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းချဲ့ သည် လျှို့ဝှက်ခန်းမ အတွင်းမှ ချက်ချင်း ထွက်ခွာသွားလေသည်။ ကျောက်ရှန်းကျီ အဆင့်တက်လှမ်းသည့် အခွင့်အရေးကို အသုံးချ၍ မီးကပ်ဘေး ကျော်ဖြတ်ပုံကို မျက်မြင်ကိုယ်တွေ့ လေ့လာကာ မိမိအတွက် ဗဟုသုတ နှင့် အတွေ့အကြုံများ တိုးပွားလာစေရန် ရည်ရွယ်လိုက်ခြင်း ပင်ဖြစ်သည်။

ဤအရာက သူ၏ အနာဂတ်အတွက် သေချာပေါက် အကြီးအကျယ် အထောက်အကူ ပြုပေလိမ့်မည်။

ချင်းရှောင်ဓားတောင်ထွတ် ပေါ်တွင်။

ယခုအချိန်၌ ရုတ်တရက် ကောင်းကင်နှင့် မြေကြီး၏ အရောင်အဆင်းများ ပြောင်းလဲသွားပြီး လေဟာနယ် တစ်ခုလုံး တုန်ခါသွားလေသည်။ အဆုံးအစမရှိသော ကောင်းကင်နှင့် မြေကြီး မူလစွမ်းအင်များ သည် ချင်းရှောင်ဓားတောင်ထွတ် ဆီသို့ အရူးအမူး စုရုံးလာကြပြီး အချိန်တိုလေး အတွင်းမှာပင် ဧရာမ မူလစွမ်းအင် လေဆင်နှာမောင်း ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကျောက်ရှန်းကျီ ၏ ခြောက်လက်မ အရွယ်အစားရှိ ယွမ်ယင်း သည် လေဆင်နှာမောင်း ကြီး၏ ဗဟိုချက်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး ကောင်းကင်နှင့် မြေကြီး မူလစွမ်းအင် များကို အဆက်မပြတ် စုပ်ယူနေလေသည်။ ထိုအရာများအပြင် ကျောက်ရှန်းကျီ ၏ ယွမ်ယင်း အနီးတွင် မျက်မြင်မရသော မီးတောက်များ က ဝန်းရံ ဖုံးလွှမ်းထားကြောင်းကို ကျန်းချဲ့ မြင်တွေ့နေရလေသည်။

ထို မီးတောက်များက သူမ၏ ယွမ်ယင်း ကို အဆက်မပြတ် လောင်ကျွမ်း သန့်စင်ပေးနေလေသည်။

စိတ်နှလုံး မီးတောက်ဖြင့် ဝိညာဉ်ကို သန့်စင်ခြင်း။

ယွမ်ယင်း မှတစ်ဆင့် ယွမ်ရှန် အဖြစ်သို့ ပြောင်းလဲခြင်း။

ကျောက်ရှန်းကျီ ကပ်ဘေး ကျော်ဖြတ်နေချိန်တွင် ချင်းရှောင်ဓားတောင်ထွတ် ပေါ်မှ နောက်ထပ် ဓားမြည်သံ ကြီးတစ်ခု ဟိန်းထွက်လာပြန်လေသည်။ အစိမ်းရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ဆံပင်များ ဖရိုဖရဲ ဖြစ်နေသော ကျောက်ရှန်းကျီ သည် လေဟာနယ် ထက်သို့ တင်ပျဉ်ခွေ ထိုင်လျက် ဖြည်းညင်းစွာ ပျံတက်သွားလေသည်။

ကျောက်ရှန်းကျီ ကပ်ဘေး ကျော်ဖြတ်သည့် လှုပ်ရှားမှု ကြီးက အလွန် ကြီးမားလှသဖြင့် လင်းကျန့်တောင် တစ်ခုလုံးရှိ လူများကိုပါ အကြီးအကျယ် တုန်လှုပ်သွားစေခဲ့လေသည်။ ဤအချိန်တွင် လင်းကျန့်တောင် တပည့်များ အားလုံး ခေါင်းမော့ကာ လေဟာနယ် ထက်ရှိ မှုန်ဝါးဝါး လူရိပ်လေးကို ငေးကြည့်နေကြလေသည်။

မျက်ဝန်းများထဲတွင် လေးစား ကြည်ညိုမှု များနှင့် အားကျစိတ်များ အပြည့်အဝ ပေါ်လွင်နေလေသည်။

"ကောင်းတယ် ကောင်းတယ် ရှန်းကျီ သူမ နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ"

ချင်းရှောင်ဓားတောင်ထွတ် ၏ အပြင်ဘက်တွင် ဆံပင်နှင့် မုတ်ဆိတ်များ ဖြူယော်နေသော ချန်ဟယ်ဓားသခင် သည် ရင်ထဲတွင် အလွန်အမင်း ကျေနပ် အားရသွားပြီး ကျောက်ရှန်းကျီ အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာပေးနေလေသည်။ နှစ်ပေါင်းများစွာ ကြိုးစား အားထုတ်မှုများ အချည်းနှီး မဖြစ်ခဲ့ဘဲ ယနေ့အချိန်တွင် ကပ်ဘေးကို ကျော်ဖြတ်ကာ ယွမ်ရှန်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဟု သူ တွေးတော နေမိလေသည်။

ဘေးနားရှိ လင်းကျန့်တောင် ဂိုဏ်းချုပ် သည်လည်း အလွန်အမင်း ဝမ်းသာ ပျော်ရွှင်နေပြီး လေဟာနယ် ထက်ရှိ မြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် သက်ပြင်းချ နေမိလေသည်။

ကျောက်ရှန်းကျီ သာ ယင်နှင့် ယန် ကို ညီမျှအောင် လုပ်ဆောင်နိုင်သွားပါက အလွန် နက်ရှိုင်းသော အခြေခံအုတ်မြစ် များကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပြီး ယွမ်ရှန်အဆင့်သို့ တက်လှမ်း ပြီးသွားပါက နောင်တစ်ချိန်တွင် ဓားသူတော်စင် အဖြစ်သို့ ရောက်ရှိရန် အလွန် ကြီးမားသော မျှော်လင့်ချက် ရှိကြောင်းကို သူမ ကောင်းစွာ သိရှိထားလေသည်။

ထိုအချိန်ကျလျှင် လင်းကျန့်တောင် သည် ဂိုဏ်းအတွင်း ဓားသူတော်စင် နှစ်ပါး အတူတကွ ရှိနေမည့် အလွန် ကြီးကျယ် ခမ်းနားသော အချိန်ကာလ တစ်ခုကို အခိုက်အတန့် မျှ ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်။

သူမ နှစ်ပေါင်းများစွာ အစွမ်းကုန် ထောက်ပံ့ပေးခဲ့ရသည်မှာ လုံးဝ တန်သွားခဲ့လေပြီ။

သို့သော် ကျောက်ရှန်းကျီ ၏ ကပ်ဘေး ကျော်ဖြတ်မှု အချိန် ကြာလာသည်နှင့်အမျှ လင်းကျန့်တောင် ဂိုဏ်းချုပ် ၏ မျက်မှောင်များ ရုတ်တရက် ကျုံ့သွားလေသည်။ ကျောက်ရှန်းကျီ ကပ်ဘေး ကျော်ဖြတ်နေပုံမှာ အနည်းငယ် လွယ်ကူ လွန်းနေသလား ဟု သူမ ခံစားလိုက်ရလေသည်။

ဤသည်မှာ သူမက ကျောက်ရှန်းကျီ ကို မကောင်းမြင်၍ လုံးဝ မဟုတ်ချေ။ သိုင်းပညာရှင် များ ကပ်ဘေး ကျော်ဖြတ်ရာတွင် အခက်အခဲ များလေလေ အခြေခံအုတ်မြစ် ပိုမို နက်ရှိုင်းလေလေ ဖြစ်ကြောင်းကို ကောင်းစွာ နားလည်ထားသောကြောင့် ပင်ဖြစ်သည်။ ကျောက်ရှန်းကျီ ၏ ယင်နှင့် ယန် ညီမျှသော အခြေခံအုတ်မြစ် ဖြင့် ဆိုပါက ဤထက်မက ပို၍ ခက်ခဲ ကြမ်းတမ်း ရမည်သာ ဖြစ်လေသည်။

သူမ ကိုယ်တိုင် ပင်လျှင် ကပ်ဘေး ကျော်ဖြတ်ရာတွင် အသုံးပြုရမည့် ရတနာ မျိုးစုံကို ကြိုတင် ပြင်ဆင် ပေးထားခဲ့သေးလေသည်။

သို့သော် ယခုအခါ ကျောက်ရှန်းကျီ သည် ကပ်ဘေး ကျော်ဖြတ်သည့် ရတနာ နှစ်မျိုးခန့်ကိုသာ အသုံးပြု ရသေးလေသည်။

'ဒါ... ဒါက ကျောက်ရှန်းကျီ ကိုယ်တိုင် ခန္ဓာကိုယ် အတွင်းရှိ ထိုက်ယင် ဝိညာဉ်စွမ်းအင် များကို ကြိုတင် ဖယ်ထုတ်ပစ် လိုက်ပြီး အခြေခံအုတ်မြစ် များကို အားနည်း သွားစေခဲ့လို့များ ကပ်ဘေး ကျော်ဖြတ် ရတာ ပိုပြီး လွယ်ကူ သွားတာများလား...'

ဤအချိန်တွင် သူမ၏ ရင်ထဲ၌ ထို အတွေးမျိုး အလိုအလျောက် ပေါက်ဖွား လာလေသည်။

အကြည့်များကလည်း ကျန်းချဲ့ ရှိရာဘက်သို့ အလိုအလျောက် ရောက်ရှိသွားပြီး မေးမြန်းလိုစိတ် များ ပေါက်ဖွား လာသော်လည်း လက်ရှိ အခြေအနေ အရ မသင့်တော် ကြောင်း သိရှိထားသဖြင့် မိမိ၏ သံသယ များကို အတင်းအကျပ် မျိုသိပ် ထားလိုက်ရလေသည်။

ကျောက်ရှန်းကျီ ၏ အခြေခံအုတ်မြစ် များ ထိခိုက် ပျက်စီးသွားခြင်း မရှိစေရန် အတွက်သာ သူမ ဆုတောင်း နေနိုင်တော့လေသည်။

မဟုတ်ပါက သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းရန် ဆိုသည်မှာ မျှော်လင့်ချက် လုံးဝ မရှိတော့ချေ။

"တကယ်ကို ကြောက်စရာကောင်းတဲ့ မိန်းမပဲ"

ချီရွှယ်မိစ္ဆာသခင် သည် ကျောက်ရှန်းကျီ ကပ်ဘေး ကျော်ဖြတ် နေသည်ကို ကြည့်ရင်း မျက်ဝန်းများ ထဲတွင် အနည်းငယ် တည်ကြည် လေးနက်သော အမူအရာများ ပေါ်လွင် လာလေသည်။ ကျောက်ရှန်းကျီ ၏ အခြေခံအုတ်မြစ် ကို သူ အတိအကျ မသိသော်လည်း သူမ ကပ်ဘေး ကျော်ဖြတ်နေသည့် အခြေအနေ များကို ကြည့်ရှု သုံးသပ် ခြင်းဖြင့် ကောင်းစွာ ခန့်မှန်း နိုင်လေသည်။

ထို အရှိန်အဝါ ကြီးမှာ အလွန် သာမန်မဟုတ်ဘဲ အရှင်သခင် အဆင့်သို့ ရောက်ရှိသွားပါက ထိပ်တန်း အရှင်သခင် တစ်ပါး သေချာပေါက် ဖြစ်လာမည် ဖြစ်လေသည်။

သို့သော် သိုင်းသူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ခြင်း ရှိမရှိ ဆိုသည် ကတော့ ကိုယ်ပိုင် ကံတရား အပေါ်တွင် သာ မူတည် နေလေတော့သည်။

"ကျောက်ရှန်းကျီ က တကယ်ကို အစွမ်းထက်တာပဲ"

ကျန်းချဲ့ သည် ကျောက်ရှန်းကျီ ၏ အစွမ်းထက်မှု ကို ကိုယ်တိုင်ကိုယ်ကျ အပြည့်အဝ ခံစား ခဲ့ရသူ ဖြစ်လေသည်။ အနည်းဆုံးတော့ အကယ်၍ အမှန်တကယ် ပင် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက် ရမည် ဆိုပါက သူ သေချာပေါက် အနိုင်ရလိမ့်မည် ဟု လုံးဝ မပြောရဲချေ။

ချီမိသားစု ညီအစ်မ နှစ်ယောက် ဟွမ်ရှန်းရှန်း နင်ကတော် တို့နှင့် တိုက်ပွဲဝင် စဉ်က အေးအေးဆေးဆေး ရှိနေသလိုမျိုး လုံးဝ မဟုတ်ချေ။

ယင်နှင့် ယန် အချိုးအစား ညီမျှခြင်း ရေခဲနှင့် မီးတောက် အတူတကွ ပေါင်းစပ်ခြင်း ထိုအရာများ အပြင် သူမ၏ ကြောက်မက်ဖွယ် ကောင်းလှသော ကျင့်ကြံခြင်း အဆင့်။

ဤအရာများ အားလုံးက ကျောက်ရှန်းကျီ ၏ အားသာချက် များ ပင်ဖြစ်သည်။

"မင်းကောင်လေး အမှန်အတိုင်း ပြောစမ်း ကျောက်ရှန်းကျီ ကို အဆင့်တက်လှမ်းဖို့ ကူညီပေးတဲ့ အချိန်မှာ စည်းကျော်တဲ့ အပြုအမူတွေများ လုပ်ခဲ့သေးလား"

ချီရွှယ်မိစ္ဆာသခင် က ရုတ်တရက် မေးလိုက်လေသည်။

"စီနီယာက ဘာလို့ ဒီလို ပြောရတာလဲ ကျုပ်နဲ့ ကျောက်နတ်သမီး က လုံးဝကို သန့်ရှင်းစင်ကြယ် ပါတယ်"

ကျန်းချဲ့ ၏ မျက်နှာထား လုံးဝ မပြောင်းလဲဘဲ အပြစ်ရှိသလိုမျိုး လုံးဝ မခံစားရချေ။ အစပိုင်းတွင် သူသည် အခြား မည်သည့် ရည်ရွယ်ချက် မှ လုံးဝ မရှိခဲ့ချေ။

ကျောက်ရှန်းကျီ က အကူအညီ တောင်းခံလာပြီး အခက်အခဲ တွေ့နေသည်ကို မြင်သောကြောင့် သာ ကိုယ်ကျိုးစွန့် ကာ ကူညီပေးခဲ့ခြင်း ပင်ဖြစ်သည်။

အမှန်တကယ် တွက်ကြည့်မည် ဆိုလျှင် စည်းကျော် ခဲ့သူမှာ တစ်ဖက်လူ သာဖြစ်လေသည်။

ချီရွှယ်မိစ္ဆာသခင် သည် သံသယ မျက်လုံး များဖြင့် ကျန်းချဲ့ကို ကြည့်လိုက်ပြီး ရင်ထဲမှနေ၍ လုံးဝ မယုံကြည်ချေ။ သို့သော် အမှန်တရား က မျက်စိရှေ့ တွင် ရှိနေပြီ ဖြစ်ရာ သူ သံသယ ဝင်နေ၍ လည်း ဘာမှ ထူးခြားလာမည် မဟုတ်ချေ။

ချက်ချင်းပင် မျက်မှောင်ကျုံ့ လိုက်ပြီး ကျန်းချဲ့ကို လှောင်ပြောင် ရမည့် အခွင့်အရေး ကောင်း ကြီး တစ်ခု ဆုံးရှုံး သွားသလို ခံစားလိုက်ရသဖြင့် အနည်းငယ် စိတ်ပျက် သွားလေသည်။

ရင်ထဲတွင် ထိုသို့ တွေးနေသော်လည်း ပါးစပ်မှတော့ ခေါင်းမာစွာ ဖြင့် ဆက်ပြောလိုက်လေသည်။

"ငါကတော့ မင်းကို လုံးဝ မယုံဘူး"

"ကျုပ်ကတော့ လိပ်ပြာသန့် ပါတယ် စီနီယာ သဘောရှိ တွေးချင်သလို သာ တွေးပါတော့"

ကျန်းချဲ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် စိတ်အာရုံ များကို ပြန်လည် စုစည်း ကာ ကျောက်ရှန်းကျီ ၏ အပေါ်သို့သာ အပြည့်အဝ အာရုံစိုက် ထားလိုက်လေတော့သည်။

ယခုအချိန်တွင် ကျောက်ရှန်းကျီ ၏ လှုပ်ရှားမှု များက ပိုမို ကြီးမားလာသည် နှင့်အမျှ မိုင်သောင်းချီ အကွာအဝေး အထိ တိမ်မည်း ကြီးများ ဖုံးလွှမ်း လာလေသည်။ လှုပ်ရှား နေသော မူလစွမ်းအင် များက ကောင်းကင် နိမိတ်လက္ခဏာ များကို ပြောင်းလဲ သွားစေပြီး ကျောက်ရှန်းကျီ ၏ အဆင့်တက်လှမ်း မှု အတွက် ပိုမို ခမ်းနားသော မြင်ကွင်း များကို ပေါင်းထည့် ပေးလိုက်လေသည်။

လေဟာနယ် ထက်ရှိ မျက်မြင်မရသော မီးတောက်များ ကလည်း ယခုအခါ ပို၍ပို၍ ပြင်းထန်စွာ တောက်လောင် လာလေသည်။

ကျောက်ရှန်းကျီ ၏ ယွမ်ယင်း သည် ပိုမို တည်ငြိမ် ကျစ်လျစ် လာကြောင်းကို ပင် သူ ရှင်းလင်းစွာ မြင်တွေ့ နေရလေသည်။ ကပ်ဘေး ကျော်ဖြတ် နေစဉ် အတွင်း အလွန် ထူးခြား ဆန်းကြယ်သော အပြောင်းအလဲ အချို့ ဖြစ်ပေါ် နေသည့် အလား ပင်ဖြစ်သည်။

ထိုအရာများ အပြင် သူမ၏ ယွမ်ရှန် မှာလည်း ဖြည်းညင်းစွာ ကြီးထွား လာပြီး ခြောက်လက်မ ယွမ်ယင်း ၏ ကန့်သတ်ချက် ကို ချိုးဖောက် တော့မည့် အလား ဖြစ်နေလေသည်။

လေဟာနယ် ထက်တွင် ဓားမြည်သံ များ အဆက်မပြတ် ထွက်ပေါ် နေလေသည်။

အစိမ်းရောင် ဓားကြီး တစ်လက် က ကျောက်ရှန်းကျီ ၏ အနောက်ဘက် တွင် ဖြည်းညင်းစွာ ဖွဲ့စည်း ပေါ်ထွက် လာလေသည်။

ဓမ္မရုပ်တု။

ကျောက်ရှန်းကျီ ဖန်တီးထားသော ဓားပုံသဏ္ဌာန် ဓမ္မရုပ်တု ပင်ဖြစ်သည်။

ယခုအခါ သူမ၏ အဆင့်တက်လှမ်း မှု နှင့်အတူ ၎င်းသည်လည်း အဆင့်ဆင့် ပြောင်းလဲ နေလေသည်။

ဘေးပတ်ဝန်းကျင် မှ အလင်းတန်း များ ကောင်းကင်ယံ သို့ အဆက်မပြတ် ထိုးတက် လာပြီး လင်းကျန့်တောင် ၏ အစွမ်းထက် သူများ သည် ကျောက်ရှန်းကျီ အဆင့်တက်လှမ်း နေသည်ကို သတိထား မိသွားပြီးနောက် အလျင်အမြန် တုံ့ပြန် လာကြလေသည်။

လင်းကျန့်တောင် တစ်ခုလုံး ၏ ဂိုဏ်းစောင့် အစီအရင် ကြီး လည်း ချက်ချင်း ပွင့်ဟ လာလေသည်။

လေဟာနယ် တစ်ခုလုံး တွင် မှုန်ဝါးဝါး ဓားအရှိန်အဝါ များ ပြည့်နှက် သွားပြီး အဆုံးအစမရှိသော အန္တရာယ် များ ကိန်းအောင်း နေလေသည်။ အကယ်၍ တစ်စုံတစ်ယောက် သာ ဤ အရေးကြီးသော အချိန်တွင် ကျောက်ရှန်းကျီ ကပ်ဘေး ကျော်ဖြတ် နေသည်ကို ဝင်ရောက် နှောင့်ယှက် ရဲမည် ဆိုပါက လင်းကျန့်တောင် အစီအရင် ကြီး၏ သနားညှာတာမှု ကင်းမဲ့သော ဗုံးကြဲ တိုက်ခိုက် ခြင်းကို သေချာပေါက် ခံရမည် ဖြစ်လေသည်။

ကျန်းချဲ့ အနည်းငယ် လေ့လာ အကဲခတ် ကြည့်လိုက်ပြီးနောက် လင်းကျန့်တောင် ၏ စွမ်းအား များကို အကြမ်းဖျင်း ခန့်မှန်း မိသွားလေသည်။

ယခု လက်ရှိ အခြေအနေ အရ ကြည့်မည် ဆိုလျှင် လင်းကျန့်တောင် တွင် ရှန်ရှန်းအဆင့် မဟာသိုင်းသခင်ကြီး ငါးယောက် အထိ ရှိနေကြောင်း တွေ့ရသဖြင့် အလွန် နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိကြောင်း သိသာလှပေသည်။ ယခင်က ယွဲ့ပြည်နယ် ရှိ နဂါးကျား တာအိုဂိုဏ်း ထက် လုံးဝ မနိမ့်ကျချေ။ မြောက်ပိုင်း ချီမိသားစု နှင့် ယှဉ်နိုင်မလား ဆိုသည် ကတော့ သူလည်း အတိအကျ မပြောနိုင်သေးချေ။

အချိန်အနည်းငယ် မျှ အာရုံလွဲ သွားပြီးနောက် သူ၏ စိတ်အာရုံ များကို ပြန်လည် စုစည်း လိုက်ပြီး ကောင်းကင်နှင့် မြေကြီး ၏ အပြောင်းအလဲ များကို ဆက်လက် လေ့လာ နေလိုက်လေသည်။

ကျောက်ရှန်းကျီ ၏ အဆင့်တက်လှမ်း မှု လုပ်ငန်းစဉ် ကို ကြည့်ရှု ခြင်းဖြင့် ယခုအခါ သူသည် အကျိုးကျေးဇူး အများအပြား ရရှိနေပြီး နောင်တစ်ချိန် ကပ်ဘေး ကျော်ဖြတ် ရမည့် အချိန်အတွက် ကြိုတင် ခန့်မှန်းမှု တစ်ခုကို ရရှိသွားစေခဲ့လေသည်။ သေချာသည် ကတော့ အရေးအကြီးဆုံး သော သင်ခန်းစာ တစ်ခု ကတော့ ကပ်ဘေး ကျော်ဖြတ်ခြင်း ၏ အန္တရာယ် ကြီးမားမှု ပင်ဖြစ်သည်။

အခြေခံအုတ်မြစ် အလွန် နက်ရှိုင်းသော ကျောက်ရှန်းကျီ ကိုယ်တိုင် ပင်လျှင် အလွန်အမင်း သတိထား နေရလေသည်။

အကယ်၍ သူသာ တစ်ဖက်လူ ၏ ခန္ဓာကိုယ် အတွင်းရှိ ထိုက်ယင်ဝိညာဉ်စွမ်းအင် များကို ကူညီ ဖယ်ထုတ်ပေးခြင်း မရှိခဲ့ပါက ထို့အပြင် ယင်နှင့် ယန် ညီမျှအောင် ကူညီပေးခြင်း မရှိခဲ့ပါက ကျောက်ရှန်းကျီ ရင်ဆိုင်ရမည့် အခက်အခဲများ မှာ ပို၍ပင် ကြီးမား လိမ့်မည်မှာ အသေအချာ ပင်ဖြစ်သည်။

ကျောက်ရှန်းကျီ ၏ အဆင့်တက်လှမ်း မှု က အချိန် နာရီဝက် နီးပါးခန့် ကြာမြင့် သွားပြီးမှ သာ ဖြည်းညင်းစွာ ရပ်တန့် သွားလေသည်။ ဘေးပတ်ဝန်းကျင် ရှိ ကောင်းကင်နှင့် မြေကြီး မူလစွမ်းအင် များ စတင် လူစုကွဲ သွားပြီး တိမ်မည်း ကြီးများ လည်း လေဟာနယ် အတွင်း၌ ပြန်လည် ပျောက်ကွယ် သွားလေသည်။

လေဟာနယ် ထက်တွင် ရပ်တည် နေသည်မှာ ယခင်ကဲ့သို့ မှုန်ဝါးဝါး ယွမ်ယင်း မဟုတ်တော့ဘဲ အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ များ ထွက်ပေါ် နေသည့် တောက်ပသော ဝိညာဉ်အလင်းတန်း ယွမ်ရှန် ကြီး ဖြစ်လေသည်။

ထို အစိမ်းရောင် ဓားပုံသဏ္ဌာန် ဓမ္မရုပ်တု ကြီးမှာ လည်း အလွန် ထက်မြက် နေပြီး ကောင်းကင်နှင့် မြေကြီး ကိုပင် ထက်ပိုင်း ပိုင်းဖြတ် တော့မည့် အလား ပင်ဖြစ်သည်။

လေဟာနယ် ထက်တွင် ကျောက်ရှန်းကျီ ၏ ယွမ်ရှန် သည် ဝိညာဉ်အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားပြီး ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ဝင်ရောက် သွားလေသည်။ သူမ၏ အရှိန်အဝါ များမှာ လည်း အဆက်မပြတ် မြင့်တက် လာပြီး ခုနစ်လက်မ ယွမ်ရှန် အဆင့်သို့ အောင်မြင်စွာ ရောက်ရှိ သွားခဲ့လေပြီ။

အရှင်သခင် အဆင့် သို့ တက်လှမ်း သွားခဲ့လေပြီ။

ကိုယ်ပေါ်ရှိ အစိမ်းရောင် ဝတ်ရုံ ရှည်ကြီး က လေထဲတွင် တလူလူ လွင့်ခတ် နေပြီး ဓားနတ်မိမယ် တစ်ပါး ၏ အသွင်အပြင် ကို အပြည့်အဝ ဖော်ပြ နေလေသည်။

အောက်ဘက်ရှိ မရေမတွက်နိုင်သော လင်းကျန့်တောင် တပည့်များ အားလုံး အသံကျယ်ကျယ် ဖြင့် ပြိုင်တူ အရိုအသေ ပေးလိုက်ကြလေသည်။

"ချင်းရှောင်ဓားသခင်မ အရှင်သခင် အဆင့်ကို တက်လှမ်းနိုင်တဲ့ အတွက် ဂုဏ်ပြုပါတယ်"

"ချင်းရှောင်ဓားသခင်မ အရှင်သခင် အဆင့်ကို တက်လှမ်းနိုင်တဲ့ အတွက် ဂုဏ်ပြုပါတယ်"

"ချင်းရှောင်ဓားသခင်မ အရှင်သခင် အဆင့်ကို တက်လှမ်းနိုင်တဲ့ အတွက် ဂုဏ်ပြုပါတယ်"

အလွန် ကျယ်လောင် ခမ်းနားသော အသံကြီး များက အဆက်မပြတ် ထွက်ပေါ် လာပြီး အရပ်လေးမျက်နှာ သို့ လွင့်ပျံ့ သွားလေသည်။

ကျောက်ရှန်းကျီ သည် အောက်ဘက်ရှိ တပည့်များ ကို တည်ငြိမ်စွာ တစ်ချက် ဝေ့ကြည့် လိုက်ပြီး ကျန်းချဲ့ ၏ အနီးသို့ တစ်လှမ်းချင်း လျှောက်သွား လိုက်လေသည်။ သူမ ကိုယ်ပေါ်ရှိ ထက်မြက်သော အရှိန်အဝါ များကို တဖြည်းဖြည်း ရုပ်သိမ်း လိုက်ပြီး ယခင် ကဲ့သို့ အလွန် မျက်စိကျိန်း လောက်အောင် မဖြစ်စေတော့ချေ။

ကျောက်ရှန်းကျီ အနီးသို့ ရောက်လာသောအခါ ကျန်းချဲ့ မျက်နှာ ပေါ်တွင် အပြုံးများ ပေါ်လွင် လာပြီး လက်ယှက် ကာ အရိုအသေ ပေးလိုက်လေသည်။

"နတ်သမီး ယွမ်ရှန် အဆင့်ကို တက်လှမ်း နိုင်ပြီး အရှင်သခင် တစ်ပါး ဖြစ်လာတဲ့ အတွက် ဂုဏ်ပြုပါတယ် သိုင်းလောက မှာ အခု ကစပြီး ဓားအရှင်သခင် တစ်ပါး ထပ်တိုး လာပြီပေါ့"

"ကျန်းချဲ့ ဒီတစ်ခေါက် တကယ်ကို ကျေးဇူးတင်ပါတယ်"

ကျောက်ရှန်းကျီ ၏ အကြည့်များ က အနည်းငယ် ရှုပ်ထွေး နေပြီး ကျန်းချဲ့ ကို ကြည့်နေလေသည်။ ကျေးဇူးတင် စိတ်များ ပါဝင် သလို အမျိုးသား နှင့် အမျိုးသမီး ကြားရှိ ရှက်ရွံ့ တွန့်ဆုတ် မှုများ လည်း ပါဝင် နေလေသည်။ ပါးစပ် ဖျားမှ အခေါ်အဝေါ် ကလည်း မသိမသာ ပင် တာအိုမိတ်ဆွေ မှသည် နာမည် အရင်း သို့ ပြောင်းလဲ သွားခဲ့လေပြီ။

"ကျုပ်နဲ့ နတ်သမီး က အပြန်အလှန် အကျိုးရှိတာပါပဲ ကျေးဇူးတင်စရာ မလိုပါဘူး"

ကျန်းချဲ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

သို့သော် ဤစကားကို ကျောက်ရှန်းကျီ ကြားလိုက်ရသောအခါ ရင်ထဲတွင် အနည်းငယ် ခံစားရ ခက်သွားလေသည်။ သို့သော် အပြင်ပန်း တွင် လုံးဝ ထုတ်ဖော် မပြသဘဲ ယခင် ကဲ့သို့ အေးစက်စက် အသွင်အပြင် ကိုသာ ဆက်လက် ထိန်းသိမ်း ထားပြီး သူ့ကို ခေါင်းညိတ် ပြကာ စကားကို ပြန်လည် ရွတ်ဆို လိုက်လေသည်။

"တာအိုမိတ်ဆွေ ပြောတာ မှန်ပါတယ် ကျမတို့က အပြန်အလှန် အကျိုးရှိတာပါပဲ"

ထူးဆန်း အနေရခက် နေသော ကျန်းချဲ့ နှင့် ကျောက်ရှန်းကျီ တို့ကို ကြည့်ရင်း ဘေးနားရှိ ချီရွှယ်မိစ္ဆာသခင် သည် နက်နက်ရှိုင်းရှိုင်း တွေးတော နေမိလေသည်။ ဘာကြောင့်မှန်း မသိသော်လည်း အခြေအနေ များက အနည်းငယ် မှားယွင်း နေသည် ဟု သူ အမြဲတမ်း ခံစား နေရလေသည်။

'တကယ်ပဲ ငါက လူယုတ်မာ စိတ်ထားနဲ့ လူကောင်း တစ်ယောက်ကို အထင်လွဲ နေမိတာလား’

All Chapters