← Chapters

အခန်း ၄၅၉

Vol. 46 Ch. 459

အခန်း ၄၅၉

Vol. 46 Ch. 459

အခန်း။ ၄၅၉

ကျားမလေးက "ဒါဆိုရင် အစ်ကိုကြီးက ဘယ်လိုလုပ်လိုက်တာလဲ" ဟု မေးသည်။

ရွှီရန်က သူ၏ အပေါ်ရုံ ဝတ်ရုံကို ခါယမ်းလိုက်ရင်း "ငါ့ရဲ့ မူလအရိုးက ထူးခြားလို့လေ" ဟု ပြန်ဖြေသည်။

မှိုမြို့တော်အတွင်းတွင် အခုလေးတင် ကျဆုံးသွားသည့် ဘုရားသခင်အဆင့် ပိုးကောင်ကို ပါ ထည့်တွက်လျှင် ဘုရားသခင်အဆင့် သတ္တဝါ စုစုပေါင်း ခုနစ်ကောင်သာ ရှိသည်။

ပိုးကောင်မှာ သွေးစွမ်းအင် ၁၉ သန်းအထိ ရှိသော်လည်း ကျန်သူများမှာမူ ဘုရားသခင်အဆင့်သို့ အခုမှ တက်လှမ်းထားသူများ ဖြစ်ကြသဖြင့် ၁၂ သန်းထက် မပိုကြပေ။

မှိုမြို့တော်မြို့စား ကျဆုံးသွားသည်နှင့် မြို့တော်အတွင်း၌ အငြင်းပွားမှုများ ဖြစ်ပေါ်လာသည်။ ပူဇော်ရာ နေရာပေါ်ရှိ သန့်စင်သော သွေးစွမ်းအင်များမှာ မြို့တော်အနှံ့ လွင့်ပျံနေပြီး နောက်ထပ်တက်လာမည့်မြို့စားကို ရှာဖွေနေပုံပင်။

ကျန်ရှိနေသော ဘုရားသခင်အဆင့် ခြောက်ကောင်မှာလည်း မြို့စားနေရာအတွက် ပြင်းထန်သော ပြိုင်ဘက်များ ဖြစ်လာကြသည်။

မြို့စား သေဆုံးသွားချိန်တွင် သူတို့သည် သူတို့၏ တပ်ဖွဲ့များကို စုစည်းပြီး စိတ်လှုပ်ရှားစွာ ကြွေးကြော်လိုက်ကြသည်။

"ငါက မှိုမြို့တော်ရဲ့ မြို့စားသစ် ဖြစ်လာမှာ"

မြို့စား ဖြစ်လာရန် ပထမအဆင့်မှာ ကျန်ရှိသော ဘုရားသခင်အဆင့် ငါးကောင်ကို သတ်ဖြတ်ရန် ဖြစ်သည်။ ဒုတိယအဆင့်မှာ ဗဟို ပူဇော်ရာ နေရာသို့ သွားရောက်ကာ အသိအမှတ်ပြုခြင်း ခံယူမှသာ မြို့စား အဖြစ် ခံယူနိုင်မည်ပင်။

ချက်ချင်းပင် နေရာခြောက်ခုမှ ရုပ်သွင် ခြောက်ခုသည် ဗဟို ပူဇော်ရာ နေရာသို့ ချီတက်လာကြသည်။

...

အောင်ပွဲခံနေသော အံ့ဖွယ်အဖွဲ့သည် လက်ရှိတွင် ဗဟို ပူဇော်ရာ နေရာ၌ ရှိနေသည်။

သူတို့ပတ်လည် မီတာ ရာပေါင်းများစွာအတွင်း မည်သည့်သတ္တဝါမျှ မရှိပေ။ ရွှီရန်သည် မြို့တော်အတွင်း မငြိမ်သက်မှုများကို အာရုံခံမိသည်။

ဘုရားသခင်အဆင့် အရှိန်အဝါ ခြောက်ခုသည် စစ်သည်များစွာကို ခေါ်ဆောင်ကာ သူတို့ရှိရာသို့ ချီတက်လာနေသည်။

"မြို့ထဲမှာ တစ်ခုခု ဖြစ်ပျက်နေတယ်။ ဘုရားသခင်အဆင့် ခြောက်ကောင်က သူတို့ရဲ့ တပ်တွေနဲ့ ငါတို့ဆီ ချီတက်လာနေတယ်"

ရွှီရန်က တည်ငြိမ်စွာ ပြောသည်။ သူတို့အမြင်တွင် ထိုခြောက်ကောင်မှာ စိုးရိမ်စရာ မဟုတ်ပေ။

"သူတို့ ဘာလုပ်မလို့လဲ"

ကျူးယွီဟန်က မေးသည်။

ကျားမလေးက ယုံကြည်မှု အပြည့်ဖြင့် "ဘာလုပ်လုပ် အကုန်လုံးကို သတ်ပစ်လိုက်ရုံပဲလေ" ဟု ပြောသည်။

"သူတို့က ဘုရားသခင်အဆင့် အသစ်တွေပဲ တစ်ယောက်ကို တစ်ကောင်စီဆို လုံလောက်ပါတယ်"

အဖွဲ့ဝင်များကလည်း ထိုအကြံကို သဘောတူကြသည်။

ရွှီရန်ကလည်း "ဒါဆိုရင် တစ်ယောက်ချင်းစီ လမ်းကြောင်း တစ်ခုစီကို ယူပြီးတော့ မြို့ထဲက သတ္တဝါတွေကို ရှင်းပစ်လိုက်ကြ" ဟု အမိန့်ပေးသည်။

အားလုံးက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အသီးသီး လမ်းကြောင်းဆီသို့ ဦးတည်သွားကြသည်။

...

အရှေ့ဘက်တွင် ဘုရားသခင်အဆင့် ပုစဉ်းရင်ကွဲတစ်ကောင်သည် တပ်သားများနှင့်အတူ ချီတက်လာသည်။

"ကျန်တဲ့ ငါးကောင်လည်း ဗဟိုကိုပဲ လာနေမှာပဲ။ သူတို့ကို လမ်းမှာ ကြားဖြတ် တိုက်ခိုက်ပြီး အနိုင်ယူလိုက်မယ်"

ထိုသို့သူက စဉ်းစားကာ တောင်ဘက်သို့ ဦးတည်ရန် ပြင်သည်။ သို့သော် ဝေးလံသော နေရာမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းတို့မှာ အခွင့်အရေး မရှိဘူး"

စကားသံနှင့်အတူ ကျားမလေးက ပုစဉ်းရင်ကွဲ၏ ရှေ့တွင် ပေါ်လာသည်။

"ဒီလောက် အင်အားနဲ့ကတော့ ငါ့အတွက် လေ့ကျင့်ပေးဖို့တောင် မလောက်ဘူး"

ပုစဉ်းရင်ကွဲမတုံ့ပြန်မီတွင် သူ၏ တပ်သားများက ရှေ့သို့ တိုးလာသည်။

"သွေးစွမ်းအင် သန်း ၃ သန်းပဲ ရှိတဲ့ ယွဲ့အဆင့်ကောင်မလေးက ရဲရဲတင်းတင်းပဲ" ဟု ပြောကာ သွေးစွမ်းအင် ၉ သန်းရှိသည့် သတ္တဝါက ရှေ့သို့ ထွက်လာသည်။

ပုစဉ်းရင်ကွဲက ကျားမလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းတို့က မြို့စားကို သတ်သွားတဲ့ လူသားတွေပဲ ဖြစ်ရမယ်" ဟု သူက ခန့်မှန်းသည်။

သူသည် ခုနက ပေါက်ကွဲသွားသော အရှိန်အဝါ၏ ဖျက်ဆီးနိုင်စွမ်းကို သိသည်။

သို့သော် သူ၏ ရှေ့ရှိ ကျားမလေးမှာ ထိုမျှ စွမ်းအား မရှိကြောင်း သူ သတိပြုမိသည်။

"ဒီကောင်မလေးကို ရှင်းပစ်လိုက်ကြ" ဟု ပုစဉ်းရင်ကွဲက အမိန့်ပေးသည်။

တပ်သားများက စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးလာသည်။

သွေးစွမ်းအင် ၉ သန်းရှိသော သတ္တဝါက ကျားမလေးကို ဖိအားပေးလိုက်သည်။

"သေဖို့ ပြင်ထားလိုက်" ဟု ကြုံးဝါးကာ သူမထံသို့ တိုးဝင်လာသည်။

ကျားမလေးက အနည်းငယ် ပြုံးလိုက်သည်။

"ကိုယ့်အရည်အချင်းကို အထင်ကြီးလွန်းနေတာပဲ"

သူမ၏ လက်ငယ်လေးကို ဝေ့ယမ်းလိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် သွေးစွမ်းအင် ၉ သန်းရှိသော သတ္တဝါမှာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

သတ္တဝါအားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြက်သေသေသွားပြီး အဆက်မပြတ် အော်ဟစ်နေကြသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ခေါင်းဆောင်က ဘယ်လိုလုပ် သေသွားတာလဲ"

"ခေါင်းဆောင်က ဒီလူသားဆီတောင် မရောက်သေးဘူး ဘယ်လိုလုပ် သေသွားတာလဲ"

"သွေးစွမ်းအင် သန်း ၃ သန်းပဲ ရှိတဲ့ ယွဲ့အဆင့်လူသားက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ သတ်နိုင်တာလဲ"

မိစ္ဆာအင်အားစုသတ္တဝါတို့မှာ ထိုအခြေအနေကို နားမလည်နိုင် ဖြစ်နေကြသည်။

သူတို့၏ ခေါင်းဆောင်ကို မျက်စိရှေ့တွင် အသတ်ခံလိုက်ရသဖြင့် ဘုရားသခင်အဆင့် ပုစဉ်းရင်ကွဲမှာ အလွန် အရှက်ရသွားသည်။

သူကိုယ်တိုင်မှာ ဘုရားသခင်အဆင့် စွမ်းအားရှင် ဖြစ်လျက်နှင့် သွေးစွမ်းအင် ၉ သန်းရှိသော ခေါင်းဆောင်ကို မကာကွယ်နိုင်ခဲ့ပေ။

ထို့အပြင် သွေးစွမ်းအင် သန်း ၃ သန်းသာ ရှိသော လူသားတစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးသွားခြင်းကို သူ မယုံနိုင်ပေ။

"လူသား မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်ပြီ"

ထိုစကားနှင့်အတူ သူ၏ လက်များမှာ ကျားမလေးကို ဦးတည်သော ဓားသွားများအဖြစ် ပြောင်းလဲသွားသည်။

"သေဖို့ ပြင်ထား" ဟု အော်ဟစ်ကာ ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ကန်လိုက်ရာ မြေပြင်တွင် တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ နောက်မှ လိုက်ပါလာသူများက "အရှင်သခင်ရဲ့ တိုက်ခိုက်မှုကြောင့် ဒီလူသားမှာ အသက်ရှင်ဖို့ လမ်းစ မရှိတော့ဘူး" ဟု အားပေးနေကြသည်။

ပုစဉ်းရင်ကွဲသည် ကျားမလေးအနီးသို့ ရောက်ရှိလာပြီး ဓားသွားများမှာ သူမ၏ ခန္ဓာကိုယ်ဆီသို့ တိုးကပ်လာသည်။

ထိုအချိန်တွင် ကျားမလေးမှာ ညာခြေထောက်ကို နောက်သို့ ဆုတ်လိုက်ပြီး ညာလက်သီးတွင် သွေးစွမ်းအင်များကို စုစည်းလိုက်သည်။

လက်သီးတွင် ရွှေရောင် အလင်းတန်းများ ပေါ်လာပြီးနောက် သူမက ထိုးနှက်လိုက်သည်။

"ဘုန်း"

အသံကျယ်ကြီး ထွက်ပေါ်လာပြီး ခဏအကြာတွင် အပိုင်းအစများ လွင့်စင်သွားသည်။

အနီးရှိ စစ်သည်များထဲသို့ အပိုင်းအစများ ကျရောက်လာရာ သူတို့ ငုံ့ကြည့်လိုက်ကြသည်။ မြေပြင်ပေါ်တွင် ပြတ်ထွက်နေသော ဓားသွားများနှင့် သွေးစွန်းနေသည့် ပုစဉ်း၏ ခန္ဓာကိုယ် အပိုင်းအစများကို မြင်လိုက်ရသောအခါ သတ္တဝါအားလုံးမှာ ကြောင်အမ်းသွားကြသည်။

ဤအရာမှာ ထောင်လွှားနေသော ဘုရားသခင်အဆင့် ပုစဉ်းရင်ကွဲ၏ အလောင်းပင်။

ချက်ချင်းပင် သတ္တဝါများမှာ ထိတ်လန့်တကြား ထွက်ပြေးရန် ကြိုးပမ်းကြသည်။ ခေါင်းဆောင်သာမက ဘုရားသခင်အဆင့် စွမ်းအားရှင်ပါ သေဆုံးသွားပြီဖြစ်ရာ ဤနေရာတွင် ဆက်နေခြင်းမှာ သေလမ်းသာ ဖြစ်သည်။

ထွက်ပြေးရန် ကြိုးစားနေသော သတ္တဝါများကို မြင်သောအခါ ကျားမလေးက လက်ခုပ်တီးလိုက်သည်။

"ထွက်ပြေးမလို့လား မဖြစ်နိုင်ဘူး"

ရွှေရောင် အလင်းတန်းတစ်ခုမှာ သတ္တဝါအုပ်စုကြားသို့ ဖြတ်သန်းသွားရာ စပါးရိတ်သကဲ့သို့ တစ်ကောင်ပြီး တစ်ကောင် လဲကျသွားသည်။

တစ်ခဏအတွင်းမှာပင် ရပ်နေသော သတ္တဝါအားလုံးမှာ သေဆုံးကုန်သည်။

သူ၏ လက်ရာကို ကြည့်ကာ ကျားမလေးမှာ ကျေနပ်နေသည်။

"အရမ်းကောင်းတာပဲ ဒီလောက်ထိ စိတ်လှုပ်ရှားဖို့ကောင်းမယ်လို့ မထင်ထားဘူး"

လေ့ကျင့်နေစဉ်တုန်းက သွေးစွမ်းအင် သန်းပေါင်းများစွာရှိသော သတ္တဝါများကို ဤမျှအထိ သတ်ပစ်ခွင့် မရခဲ့ပေ။

ယခုတစ်ကြိမ်တွင် သူမ အပြည့်အဝ ပျော်မွေ့လိုက်ရသည်။

...

အနောက်ဘက်တွင်မူ ကျူးယွီဟန်မှာ ခြောက်သွေ့နေသော အလောင်းများကြားတွင် ရပ်နေသည်။

၎င်းတို့မှာ သူမ၏ အချိန်အပ်ကြောင့် အချိန်စက်ဝန်းများ ခန်းခြောက်သွားသည့် သတ္တဝါများပင်။ သူမ၏ ရှေ့တွင် အသက်မဲ့နေသော ဘုရားသခင်အဆင့် ဆင်တစ်ကောင်၏ ခြောက်သွေ့နေသော အလောင်း ရှိနေသည်။

ထိုအလောင်း၏ နောက်တွင် မီတာရာပေါင်းများစွာ မြင့်မားသော အဆောက်အအုံ တစ်ခု ရှိသည်။

သူမ၏ အကြည့်မှာ အချိန်၏ အရှိန်အဝါကို ထုတ်လွှတ်နေသော အချိန်ကျောက်မျက်ရှိရာ ထိပ်ပိုင်းသို့ ရောက်ရှိသွားသည်။

"တွေ့ပြီ အစ်ကိုကြီးရဲ့ တွက်ချက်မှုက တကယ်ကို မှန်တာပဲ"

ကျူးယွီဟန်က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

ရွှီရန်သည် ဤလမ်းကြောင်းရှိ အချိန်ကျောက်မျက်ကို သိရှိထားသဖြင့် သူမကို ဤနေရာသို့ စေလွှတ်ခဲ့ခြင်းပင်။

ကျူးယွီဟန်သည် လေထဲတွင် လမ်းလျှောက်သွားကာ အဆောက်အအုံထိပ်သို့ ရောက်ရှိပြီး အချိန်ကျောက်မျက်ကို လက်ဖြင့် ထိလိုက်သည်။

ချက်ချင်းပင် အဖြူရောင် အချိန်စီးကြောင်းမှာ ကျောက်မျက်ထဲမှ သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

ဆယ်စက္ကန့်အတွင်းမှာပင် ဘတ်စကက်ဘော အရွယ်အစားရှိသော အချိန်ကျောက်မျက်မှာ အက်ကွဲသွားပြီး လေထဲတွင် ပြာမှုန့်အဖြစ် ပျောက်ကွယ်သွားသည်။

"အင်း ဒီအချိန်ကျောက်မျက်ရဲ့ စွမ်းအားမြှင့်တင်မှုက တော်တော်ကောင်းတာပဲ"

All Chapters