အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁)
ငါ့မျက်လုံးထဲဘယ်သူမှမထိုက်တန်သည်ထိ အဆုံးထိလျှောက်လမ်းမည်
“စိတ်ဝင်စားစရာပဲ...”
ဟွာစီယန် သူမဘေးနားရှိခူဖုန်းချွမ်းကို အလိုအလျောက် တစ်ချက်ကြည့်လိုက်မိသည်။
သို့သော် ခူဖုန်းချွမ်းမှာမူ မည်သည့်တုံ့ပြန်မှုမျှ မပြခဲ့ချေ။
သူမအာရုံခံမှု လွဲမှားနေသည်လား။
“ကောင်းပြီ, သွားကြစို့...”
မဟာအကြီးအကဲက ပြုံးလျက် ပြောလိုက်သည်။
“ချန်ချင်း... မကြာသေးခင်က ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့တယ်... ငါ မင်းကို နောက်မှ ရှင်းပြပေးမယ်...”
“ဟုတ်ကဲ့...”
မုန့်ချန်ချင်း အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။
ပါရမီရှင်တိုက်ပွဲ နီးကပ်လာချိန်တွင် မည်သည့် ကိစ္စကြီးမျိုး ဖြစ်ပျက်ခဲ့ပါသနည်း။
....
တိမ်သင်္ဘောပေါ်၌…
“ဒီလိုမျိုး ဖြစ်ပျက်သွားတာလား...”
မဟာအကြီးအကဲ၏ စကားများကို ကြားပြီးနောက် မုန့်ချန်ချင်း လုံးဝကို အံ့အားသင့်သွားခဲ့သည်။
ပြိုင်ပွဲ၏ စည်းမျဥ်းများကို ပြောင်းလဲလိုက်ပြီ ဖြစ်သည်။
ယခုအခါ ဂိုဏ်းများကို စံနှုန်းများအနေဖြင့် သတ်မှတ်ပြီး ယှဥ်ပြိုင်ရမည် ဖြစ်သည်။
ဤအပြောင်းအလဲမှာ မည်သို့ပြောရမည်နည်း၊ အားသာချက်ရော အားနည်းချက်ပါ ရှိပေသည်။
အားသာချက်မှာ ပါရမီရှင်တိုက်ပွဲ၏ လုပ်ငန်းစဥ်မှာ တိုတောင်းသွားပြီး ပိုမိုရိုးရှင်းလာခြင်းပင်။
မဟုတ်ပါက တောင်ပိုင်းဒေသရှိ စီရင်စု ၁၃ ခုနှင့် အစွမ်းထက်လူငယ်များစွာဖြင့် ပြိုင်ပွဲမှာ ဘယ်လောက်ကြာမည်ကို မသိနိုင်ပေ။
ထို့ပြင် နောက်ဆုံးအဆင့်ထိ ရောက်ရှိသူများသည် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိမည် ဖြစ်သည်။
ပထမနေရာ...
၎င်းက ဖရိုဖရဲပင်လယ်အတွက် အခွင့်အရေးနေရာ ၁၀ နေရာ ရရှိမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ယခင်ကဆိုလျှင် ပထမနေရာ ရရှိလျှင်တောင် နေရာတစ်ခုသာ ရရှိမည်ဖြစ်သည်။
အားနည်းချက်မှာမူ…
အင်အားနည်းသောအဖွဲ့များအနေဖြင့် အကြွင်းအကျန်များကို ကောက်ယူရန် အခွင့်အရေးမှာ အလွန်နည်းပါးသွားခြင်းဖြစ်သည်။
ထိပ်ဆုံး ၂၀ အတွင်း ဝင်ခြင်းနှင့် ထိပ်ဆုံး ၃ ခုအတွင်း ဝင်ခြင်းတို့၏ ကွာခြားချက်မှာ မည်မျှ ကြီးမားသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
ထို့အပြင် ဂိုဏ်းများက အသန်မာဆုံးလူများကိုသာ စေလွှတ်ကြမည် ဖြစ်သဖြင့် လူအများအပြားမှာ ပါဝင်ယှဥ်ပြိုင်ခွင့်ပင် ရရှိတော့မည် မဟုတ်ချေ။
“ဒီထိပ်သီးဂိုဏ်းတွေကတော့ ယုံကြည်မှုတွေ အပြည့်ရှိနေတာပဲ...”
မုန့်ချန်ချင်းမျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။
ယခင်စည်းမျဥ်းများအရ မဟာဂိုဏ်းကြီးတစ်ခုစီသည် အခွင့်အရေး နှစ်ခု သို့မဟုတ် သုံးခုသာ သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် ယခုမူ…
“အကယ်၍ သူတို့သာ အဆုံးထိ မရောက်နိုင်ခဲ့ရင် သူတို့အားလုံးအတွက် ပြီးဆုံးသွားမှာပဲ...”
မုန့်ချန်ချင်း သင်္ဘောဦးတွင် လက်နှစ်ဖက်နောက်ပစ်လျက် ရပ်နေခဲ့သည်။
အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး သူ၏အနက်ရောင်ဆံပင်များမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်ပျံနေခဲ့သည်။
စည်းမျဥ်းများ၏ အပြောင်းအလဲ…
အတိုချုပ်ပြောရလျှင် ၎င်းက အကျိုးကျေးဇူးများကို ဗဟိုပြုပြီး ချဲ့ထွင်လိုက်သော်လည်း စွန့်စားရမှုများမှာ အတူတူပင် ဖြစ်သည်။
ယခင်ကနှင့် မတူဘဲ တစ်ယောက်ရှုံးလျှင်တောင် အခြားသူများ ကျန်ရှိနေသေးသည်။
ဤအချက်ကို တွေးမိရင်း သူ၏စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာခဲ့သည်။
အကယ်၍ သူသာ ဤမဟာဂိုဏ်းကြီးများကို အစကတည်းက ပိတ်ဆို့ထားနိုင်ပါက အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းသွားမည်ဖြစ်သည်။
မုန့်ချန်ချင်းမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သို့သော် ထိုအရာမှာကံတရားအပေါ် မူတည်ပြီး သူထိန်းချုပ်နိုင်သည့်အရာ မဟုတ်ချေ။
“မင်းမှာ ယုံကြည်မှု ရှိလား...”
မဟာအကြီးအကဲ မုန့်ချန်ချင်းကို ကြည့်ကာ မေးလိုက်သည်။
“ပထမနေရာက နေရာ ၁၀ နေရာပဲ ရတာ နှမြောဖို့ ကောင်းတယ်...”
မုန့်ချန်ချင်းနှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားခဲ့ပြီး ပြောလိုက်သည်။
“ကျန်တဲ့ ၁၀ နေရာအတွက်တော့ တခြားလူတွေ လက်ထဲ ရောက်သွားတာကိုပဲ ကြည့်နေရတော့မှာပေါ့...”
ထိုစကားကို ကြားသည့်အခါ မဟာအကြီးအကဲမှာ အံ့အားသင့်သွားခဲ့ရသည်။
ထို့နောက် တိတ်တဆိတ် ရယ်မောလိုက်မိသည်။
ဒီကောင်လေး၏အပြောက တကယ့်ကို ရဲရင့်လှပြီး လွန်ခဲ့သည့်နှစ်များစွာက ရှီယင်ချင်းနဲ့ ပုံစံတူလှသည်။
မဟုတ်သေး, ပိုတောင် ရဲရင့်နေသေးသည်။
သို့သော် မုန့်ချန်ချင်း၏ လက်ရှိ စွမ်းအားဖြင့် သူသည် ဤသို့ ပြောပိုင်ခွင့် ရှိနေပေသည်။
ဟွာစီယန်၏ သတင်းအချက်အလက်အရ တောင်ပိုင်းဒေသ တစ်ခုလုံးရှိ လူငယ်မျိုးဆက်များထဲတွင် မုန့်ချန်ချင်းကို ခြိမ်းခြောက်နိုင်မည့်သူ နှစ်ဦးသာ ရှိသည်။
သူတို့မှာ မာနဓားဂိုဏ်းမှ လီကျင်းနှင့် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်မှ ယွီဟုန်ရွယ်တို့ ဖြစ်ကြသည်။
အထူးသဖြင့် နောက်မှတစ်ယောက်ဖြစ်သည်။
ယွီဟုန်ရွယ်မှာ ကိုးရောင်ခြယ်မှန်ကျောင်းဆောင်၏ သမိုင်းတစ်လျှောက်တ အတော်ဆုံးတပည့်ဖြစ်သည်ဟု ဆိုကြသည်။
သူသည် ဂိုဏ်းတည်ထောင်သူကိုပင် ကျော်လွန်သွားနိုင်ဖွယ်ရှိသည်။
“မင်း တခြားလူတွေအတွက် စိုးရိမ်စရာ မလိုပေမဲ့ လီကျင်းနဲ့ ယွီဟုန်ရွယ်တို့ကိုတော့ အထူးသတိထားရမယ်...”
မဟာအကြီးအကဲ သတိပေးလိုက်သည်။
“ဟုတ်ကဲ့...”
မုန့်ချန်ချင်း အနည်းငယ် ပြုံးလိုက်သည်။
အရင်ကဆိုလျှင် သူပို၍အာရုံစိုက်မိမည် ဖြစ်သော်လည်း ယခုမူ ထိုသို့ လုပ်စရာ မလိုတော့ချေ။
သူ၏ ၁၀ ဆ ဓားရည်ရွယ်ချက်နှင့်ဆိုလျှင် မည်သူမှ သူ့ဓားချက်ကို ခံနိုင်မည်မဟုတ်ဟု ယုံကြည်ထားသည်။
“ကောင်းပြီ...”
မဟာအကြီးအကဲ အနည်းငယ်စိတ်အေးသွားခဲ့သည်။
လူငယ်များသည် မောက်မာတတ်ကြသည်။
ကံကောင်းစွာဖြင့် မုန့်ချန်ချင်းမှာ အမြဲတမ်း တည်ငြိမ်သူ ဖြစ်သည်။
အတိတ်ကို ပြန်တွေးကြည့်ရလျှင်…
ထိုက်ရွမ်၏ တပည့် ၁၈ ယောက်ထဲတွင် သူ့ကိုယ်တိုင်မှလွဲ၍ အားလုံးနီးပါးသည် အတူတူပင်, ငယ်ရွယ်ပြီး မိုက်မဲကြသည်။
ကံကောင်းစွာဖြင့် သူတို့က လုံလောက်အောင် သန်မာကြသဖြင့် ဆိုးရွားစွာ မရှုံးနိမ့်ခဲ့ကြချေ။
ထိုနေရာသို့ မသွားမချင်းပင်...
နောက်ဆုံး၌ သူတို့သည် ကြီးမားသည့်တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသည်။
ထို့ပြင် အလွန်တရာကြီးမားသည့် တန်ဖိုးတစ်ခု ဖြစ်ခဲ့သည်။
"ဒါနဲ့ ဒါက မဟာဂိုဏ်းကြီးတွေရဲ့ တပည့်တွေအကြောင်း အချက်အလက်တွေပဲ။ မင်း ခရီးသွားရင်း ကြည့်နိုင်တယ်..."
"ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူကို သိရင် တိုက်ပွဲတိုင်းမှာ အနိုင်ရလိမ့်မယ်..."
အကြီးအကဲသည် သူ၏အတွေးများကို ရပ်တန့်ပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။
၎င်းထဲတွင် ကျောက်စိမ်းစာလိပ်များ ပြည့်နှက်နေခဲ့သည်။
ကျောက်စိမ်းစာလိပ်များထဲမှ အချက်အလက်များသည် လျို့ဝှက်သတင်းပေးခန်းမမှ စုဆောင်းထားခြင်းဖြစ်ပြီး အများပြည်သူသိအချက်အလက်များထက် ပိုမိုအသေးစိတ်သည်။
အားသာချက်များနှင့် အားနည်းချက်များကိုပင် ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာထားသည်။
ထိုစကားကို ကြားသည့်အခါ မုန့်ချန်ချင်းမျက်လုံးများ တောက်ပသွားခဲ့သည်။
ဤအရာက ကောင်းသည်။
အနည်းဆုံး မဟာဂိုဏ်းကြီးများ၏ ကျင့်ကြံရေးနည်းစနစ်များကို လေ့လာနိုင်ပြီးထူးခြားသည့်အရာများ ရှိမရှိ ကြည့်ရှုရမည်ဖြစ်သည်။
အကယ်၍ စိတ်ဝင်စားစရာတွေ့ခဲ့လျှင် မိတ်ဆွေဖွဲ့ရန် အခွင့်အရေးကို အမိအရယူရမည်ဖြစ်သည်။
မဟာအကြီးအကဲပြောခဲ့သလိုပင် ကွင်းထဲသို့ ဝင်သည်နှင့် သူသည် လူတိုင်း၏ ပစ်မှတ် ဖြစ်လာနိုင်သော်လည်း…
ရန်ငြိုးဖွဲ့ခြင်းထက် မိတ်ဆွေဖွဲ့တာက ပို၍ ကောင်းသည် မဟုတ်ပါလား။
နောက်ဆုံးတော့ ဤလောက၌ ထာဝရရန်ငြိုးဟူ၍ မရှိပေ။
ထိုင်ပြီး စကားကောင်းကောင်းပြောကာ မိတ်ဆွေဖွဲ့ခြင်းက ပိုမကောင်းပေဘူးလား။
မုန့်ချန်ချင်း သူ၏ဆွဲဆောင်မှုနှင့် ခါးရှိ ကြက်သွေးရောင်ကောင်းကင်ဓားကို ယုံကြည်မှုရှိသည်။
ထိုလူတွေကို ရန်သူမှ မိတ်ဆွေဖြစ်အောင် ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။
ထျန်းရွမ်၏ ဂိုဏ်းကြီး ငါးဂိုဏ်းသည် တောင်ပိုင်းဒေသတွင် ကျော်ကြားသည်။
အခြားစီရင်စုများရှိ ထိပ်သီးဂိုဏ်းများနှင့် ယှဉ်လျှင်ပင် အသာစီးရထားကြသည်။
ဂိုဏ်းကြီး ငါးဂိုဏ်းထဲတွင်လည်း အားကာင်းသူနှင့် အားနည်းသူဟူ၍ ရှိကြသည်။
အတိအကျပြောရလျှင် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်သည် အားအကောင်းဆုံး ဖြစ်သည်။
ဒုတိယအားအကောင်းဆုံးက မာနဓားဂိုဏ်း ဖြစ်ပြီး ထို့နောက် တိမ်ပင်လယ်အကယ်ဒမီ၊ ခရမ်းရောင်နေမင်းနန်းတော်နှင့် လေဘုရင်ခန်းမတို့ ဖြစ်ကြသည်။
ထို့ပြင် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်သည် တောင်ပိုင်းဒေသတွင် ရှေးအကျဆုံး အင်အားစုလည်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ သို့မဟုတ် ၃၀၀၀ အတွင်း တိုးတက်လာခဲ့သည့် အခြားဂိုဏ်းကြီးများနှင့် မတူဘဲ ၎င်း၏သမိုင်းကြောင်းမှာ သန့်စင်နယ်မြေ တည်ထောင်ချိန်အထိ ပြန်လည်ခြေရာခံနိုင်သည်။
ထို့ကြောင့် ကိုးရောင်ခြယ်မှန်ကျောင်းဆောင်၏နယ်မြေမှာ အလွန်တရာ ကျယ်ဝန်းလှသည်။
မျက်စိတစ်ဆုံး ကြည့်လျှင်ပင် အဆုံးကို မြင်ရန် ခက်ခဲသည်။
ဝိညာဥ်တောင်ထိပ်ပေါင်းလည်း သိန်းချီ၍ ရှိသည်။
လေထဲ၌လွင့်မျှော်နေသည့် ရှေးဟောင်းတောင်တန်းတွေတောင်ရှိပြီး နားမလည်နိုင်သည့်စွမ်းအားတွေဖြင့်ရစ်သိုင်းနေခဲ့သည်။
ကြိုးကြာငှက်များ ကောင်းကင်ယံတွင် အစီအရီပျံသန်းနေပြီး ဝိညာဥ်ငှက်များမှာ တိမ်တိုက်များကြားတွင် ပျံသန်းရင်း သီဆိုနေကြသည်။
မြင်ကွင်းမှာ တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ထို့ပြင် ၎င်းက မဟာဂိုဏ်းကြီးတစ်ခု၏ ခန့်ညားထည်ဝါမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
....
ငါးရက်ကြာပြီးနောက်…
မနက်ခင်နေရောင်ခြည်ထွက်ပေါ်လာပြီး အလင်းတန်းများ ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့သည်။
ဘုန်း!
ကိုးရောင်ခြယ်မှန်ကျောင်းဆောင် တောင်တံခါးအနက်ပိုင်းမှ ရှေးဟောင်းခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး ဝေးလံသောနေရာများအထိ ပဲ့တင်ထပ်သွားသည်။
အဝေး၌ မရေမတွက်နိုင်သည့်တိမ်သင်္ဘောများစွာသည် တောင်တန်းဆီသို့ အလျင်အမြန် ဦးတည်လာနေကြသည်။
မြင်ကွင်းမှာ ခမ်းနားထည်ဝါလှသည်။
ယနေ့
တောင်ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲ တရားဝင် စတင်ပြီဖြစ်သည်။
အရပ်မျက်နှာအသီးသီးမှ သူရဲကောင်းများ စုဝေးနေကြပြီး ပါရမီရှင်များမှာလည်း အလွန်ပေါများလှသည်။
“ဒါဆို ဒါက ကိုးရောင်ခြယ်မှန်ကျောင်းဆောင်ပေါ့...”
မုန့်ချန်ချင်း တိမ်သင်္ဘောအခန်းထဲမှ ထွက်လာပြီး လက်နှစ်ဖက်နောက်ပစ်လျက် အဝေးကိုကြည့်ရင်း ခေါင်းညိတ်လိုက်မိသည်။
ထိပ်သီးဂိုဏ်းတစ်ခုက မျှော်လင့်ထားသည့်အတိုင်းပင်။
သန့်စင်နယ်မြေပြီး ဒုတိယလိုက်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဖြစ်သည်။
ဤတောင်တံခါးနယ်မြေ၏ ခမ်းနားမှုမှာ ထူးခြားလှသည်။
“ဒီနေရာကို တစ်နေ့ပြန်လာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...”
အနီးအနားရှိ မဟာအကြီးအကဲ, ဟွာစီယန်နှင့် ခူဖုန်းချွမ်းတို့ ရောက်ရှိလာကြသည်။
သူတို့၏ အသံများတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေပြီး အမှတ်တရများစွာ နှလုံးသားထဲတွင် ပေါ်လာသကဲ့သို့ပင်။
“ဂျူနီယာညီလေး, မင်းရင်ဆိုင်ရမယ့်အရာက ငါတို့ ရင်ဆိုင်ခဲ့ရတာထက် ပိုပြီး ခက်ခဲလိမ့်မယ်...”
ခူဖုန်းချွမ်းက ပြုံးလျက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါ မင်းကို ယုံတယ်...”
“စိတ်မပူပါနဲ့, ငါ့မျက်လုံးထဲ ဘယ်သူမှမထိုက်တန်သည်ထိ အဆုံးထိလျှောက်လမ်းမှာပါ...”
မုန့်ချန်ချင်း အနည်းငယ် ပြုံးလိုက်သည်။