← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄ )

နှစ်ပေါင်းနှစ်ရာနီးပါးရှိပြီ, သူ နောက်ဆုံးတော့ လူလွှတ်လိုက်ပြီ

“ပထမအကျော့ပြိုင်ပွဲစာရင်း ထွက်လာပြီလား...”

ယွမ်ချန်း မေးလိုက်သည်။

“ဟုတ်ကဲ့၊ ထွက်လာပါပြီ...”

လက်အောက်ခံဖြစ်သူ အလျင်အမြန် တင်ပြလိုက်သည်။

“ဒါကို အထက်ကို မတင်ရသေးဘူး မဟုတ်လား...”

“မတင်ရသေးပါဘူး...”

“ကောင်းပြီ...”

ယွမ်ချန်း ခေါင်းညိတ်လိုက်ပြီးနောက် စာရင်းကို ဖွင့်ကာ ထျန်းလင်းစီရင်စု၏ ထိုက်ရွမ်ဂိုဏ်း ရှိမည့်နေရာကို အလျင်အမြန် ရှာဖွေလိုက်သည်။

ထျန်းလင်းစီရင်စုမှ ထိုက်ရွမ်ဂိုဏ်းနှင့် ထျန်းရှန့်စီရင်စုမှ ချင်းဟွေဓားဂိုဏ်း။

“ချင်းဟွေဓားဂိုဏ်းက ဘယ်လောက်အထိ သန်မာလဲ...”

ယွမ်ချန်း မေးလိုက်သည်။

“သူတို့က လွန်ခဲ့တဲ့ နှစ်တစ်ရာကမှ အဆင့်တိုးမြှင့်ခံရတဲ့ ပထမတန်းစားဂိုဏ်းတစ်ခုပါပဲ။ ခွန်အားကတော့ သင့်တော်ရုံပါပဲ...”

လက်အောက်ခံ ပြန်လည်ဖြေကြားလိုက်သည်။

“ပထမတန်းစားဂိုဏ်းပဲလား...”

ယွမ်ချန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

ထိုလူထူးလူဆန်း ပါရမီရှင် မုန့်ချန်ချင်းအပြင် ထိုက်ရွမ်ဂိုဏ်းတွင် အခြားသော အစွမ်းထက်ပါရမီရှင်များလည်း မနည်းလှချေ။

မွေးရာပါဓားခန္ဓာ၊ ကျောက်တုံးလူသားသွေးမျိုးဆက်၊ အရှင်သခင်သွေးကြော— ဤအရာအားလုံးမှာ အလွန်တရာ ရှားပါးလှသော ပါရမီများ ဖြစ်ကြသည်။

မည်သည့် အင်အားစုအတွက်မဆို ၎င်းတို့အနက် တစ်ခုတည်း ရှိနေလျှင်ပင် ကံကောင်းသည်ဟု သတ်မှတ်နိုင်ရာ ယခုမူ ဤမျှလောက် များပြားစွာ ရှိနေခဲ့သည်။

“ဒါကို မဟာဂိုဏ်းကြီးတစ်ခု ဒါမှမဟုတ် ရှေးဟောင်းကလန်တစ်ခုနဲ့ လဲလိုက်...”

ယွမ်ချန်း စာရင်းကိုပိတ်ရင်း ပြောလိုက်သည်။

“ဗျာ...”

လက်အောက်ခံဖြစ်သူမှာ အံ့အားသင့်သွားပြီး ပြောလိုက်သည်။

"အကြီးအကဲ... ဒါက စည်းမျဉ်းတွေကို ဖောက်ဖျက်ရာ ရောက်လိမ့်မယ်။ အထက်ကို မတင်ရသေးပေမဲ့ စောင့်ကြည့်ရေးကျောင်းဆောင်က သိပြီးနေပါပြီ..."

"ခွင့်ပြုချက်မရှိဘဲ ပြိုင်ပွဲစာရင်းကို ပြောင်းလဲတာ ကြီးလေးတဲ့ ပြစ်မှုပဲ..."

"မကြောက်စမ်းနဲ့... ပြဿနာတစ်ခုခု ရှိလာရင် စောင့်ကြည့်ရေးကျောင်းဆောင်ကို ငါ့ဆီပဲ လာခိုင်းလိုက်..."

ယွမ်ချန်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ထိုအရာကို ကြားသည့်အခါ လက်အောက်ခံဖြစ်သူ နှုတ်ခမ်းဖိလိုက်ပြီး နောက်ဆုတ်သွားရန်သာ ရွေးချယ်နိုင်တော့သည်။

ဤအကြီးအကဲ ယွမ်ချန်းသည် အကြီးအကဲတစ်ဦးမျှသာ ဖြစ်သော်လည်း ဗဟိုစီရင်စုမှ လာသူဖြစ်သဖြင့် ကျောင်းဆောင်အတွင်း ထူးခြားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။

သူ့တွင် အလွန်တရာ နက်ရှိုင်းသော နောက်ခံရှိနေပုံရသည်။

ယခင်ကလည်း စည်းကျော်သော ကိစ္စအချို့ကို လုပ်ဆောင်ခဲ့ဖူးသော်လည်း အဆုံး၌ အားလုံး ခြေသုတ်ခုံအောက်ရောက်သွားရချည်းသာဖြစ်သည်။

“ဟမ့်... ထိုက်ရွမ်ဂိုဏ်း...”

ယွမ်ချန်း အဆောက်အဦးအပြင်သို့ လှမ်းထွက်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

“မင်းတို့ကို ပထမဆုံးအကျော့မှာတင် ကျရှုံးသွားအောင် ငါ သေချာပေါက် လုပ်ပေးမယ်...”

ဤကဲ့သို့သော နည်းလမ်းဖြင့် နှောင့်ယှက်ခြင်းမှာ ထိုက်ရွမ်ဂိုဏ်းကို စိတ်အနှောင့်အယှက် ဖြစ်စေရန်သာ ဖြစ်သည်။

အစစ်အမှန် အကွက်မှာမူ တောင်ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲ ပြီးဆုံးပြီးနောက်မှ ရောက်ရှိလာမည်ဖြစ်၏။

ဒေါင်...

ရှေးဟောင်းခေါင်းလောင်းကြီး မြည်ဟည်းသွားသည်နှင့် ပါရမီရှင်တိုက်ပွဲမှာ တရားဝင် စတင်သွားခဲ့ပြီဖြစ်သည်။

ပထမဆုံး စင်မြင့်ပေါ်သို့ တက်ရောက်လာသည့် အဖွဲ့မှာ ပထမတန်းစား အင်အားစုနှစ်ခုသာ ဖြစ်သည်။

နှစ်ဖက်စလုံးက နတ်ဘုရားရရှိခြင်းနယ်ပယ်တွင် ရှိသော တပည့်သုံးဦးစီကို စေလွှတ်ခဲ့ကြသည်။

ပထမတန်းစား အင်အားစုတစ်ခုအတွက် နတ်ဘုရားရရှိခြင်းနယ်ပယ်မှာ အကန့်အသတ် ဖြစ်သည်။

ထို့ကြောင့် သေခြင်းရှင်ခြင်းနယ်ပယ် ယှဉ်ပြိုင်သူများ ပါဝင်လာလိမ့်မည် မဟုတ်ချေ။

၎င်းက မဟာဂိုဏ်းကြီးများသာ ပျိုးထောင်နိုင်သည့် အရာမျိုး ဖြစ်သည်။

များပြားသောမျက်လုံးများ တစ်ပြိုင်နက်တည်း ကြည့်ရှုနေကြသဖြင့် ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာဖိအားများလည်း ဖြစ်ပေါ်နေခဲ့သည်။

ရလဒ်အနေဖြင့် ပါရမီရှင်အများအပြားမှာ သူတို့၏ အကောင်းဆုံးအခြေအနေတွင် မရှိကြသည်မှာ ထင်ရှားလှသည်။

ပရိသတ်အမြောက်အမြားနှင့် မကြာခဏ ရင်ဆိုင်ဖူးသူများသာ ဤကဲ့သို့သော စင်မြင့်ထက်တွင် လုံးဝဥဿုံ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပေသည်။

ဘုန်း...

အမွှေးတိုင်တစ်ဝက်ခန့်ကြာပြီးနောက် တစ်ဖက်က အနိုင်ရရှိသွားခဲ့ပြီး အခြားတစ်ဖက်မှ တပည့်သုံးဦးမှာမူ မြေပြင်ပေါ်၌ သတိလစ်လဲကျနေခဲ့ကြပြီ ဖြစ်သည်။

ဤစင်မြင့်ထက်တွင် တစ်ဦးချင်းစီ ယှဉ်ပြိုင်ရန် ရွေးချယ်နိုင်သကဲ့သို့ လူခြောက်ဦးစလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန်လည်း ရွေးချယ်နိုင်သည်။

နောက်ဆုံးတွင် မည်သူက မတ်တတ်ရပ်ကျန်ခဲ့သလဲ ဆိုသည်ကသာ အဓိက ဖြစ်သည်။

ဖြောင်း, ဖြောင်း, ဖြောင်း...

လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

၎င်းက ပထမတန်းစား အင်အားစုများအကြား တိုက်ပွဲမျှသာ ဖြစ်သော်လည်း အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းနေဆဲ ဖြစ်သည်။

ရံဖန်ရံခါတွင် တစ်ဦးချင်း တိုက်ပွဲများရှိပြီး ရံဖန်ရံခါတွင်မူ တစ်ဦးတည်းက နှစ်ဦးကို ရင်ဆိုင်ရခြင်းမျိုးလည်း ရှိသည်။

အမျိုးမျိုးသော နည်းစနစ်များနှင့် သိုင်းပညာများကို ထုတ်ဖော်ပြသနေကြသဖြင့် လန်းဆန်းဖွယ် မြင်ကွင်းတစ်ခုကို ပေးစွမ်းနေခဲ့သည်။

မကြာမီမှာပင် ဒုတိယမြောက်အဖွဲ့ စင်ပေါ်သို့ တက်လာခဲ့သည်။

၎င်းကလည်း အလားတူ အခြေအနေမျိုးဖြစ်ပြီး ပထမတန်းစား အင်အားစုများအကြား ပွဲစဉ်တစ်ခုဖြစ်သည်။

မုန့်ချန်ချင်းက မျောလွင့်နေသော ရှေးဟောင်းတောင်တန်း၏ အစွန်းတွင် ရပ်နေခဲ့သည်။

သူက အာရုံစိုက်ထားပြီး အောက်ခြေရှိ တိုက်ပွဲများကို ဆက်တိုက် စောင့်ကြည့်နေခဲ့သည်။

ဤနေရာသို့ ရောက်ရှိလာသူအားလုံးမှာ ငယ်ရွယ်ပြီး သန်မာသော ပါရမီရှင်များ ဖြစ်ကြသည်။

သူတို့ထဲက မည်သူမျှ သူ့ပြိုင်ဘက် မဟုတ်ကြသော်လည်း နည်းစနစ်များနှင့် သိုင်းပညာများမှာမူ တန်ဖိုးရှိနေဆဲ ဖြစ်သည်။

လက်ရှိ နားလည်နိုင်စွမ်းဖြင့်ဆိုလျှင် အနည်းငယ်မျှ တွေးတောလိုက်ရုံဖြင့် အသိအမြင်များကို ရရှိနိုင်သည်။

၎င်းက သူ၏ သိုင်းပညာအခြေခံကို အဆက်မပြတ် တည်ဆောက်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

"တတိယ အဖွဲ့..."

"ထျန်းဟန့်စီရင်စု, ရေခဲနှင်းနတ်ဘုရားနန်းတော်... ရင်ဆိုင်ရမှာကတော့..."

"ထျန်းလင်းစီရင်စု, ထိုက်ရွမ်ဂိုဏ်း..."

ဒုတိယအဖွဲ့ ပြီးဆုံးသွားသည်နှင့်အမျှ ကြေညာသံ ချက်ချင်းထွက်ပေါ်လာခဲ့တော့သည်။

“ရေခဲနှင်းနတ်ဘုရားနန်းတော်...”

“နောက်ဆုံးတော့ မဟာဂိုဏ်းကြီးတစ်ခု ထွက်ပေါ်လာပြီပဲ...”

“ထျန်းဟန့်စီရင်စုက ငါတို့ တောင်ပိုင်းဒေသရဲ့ အဆင့် ၄ ရှိတဲ့ စီရင်စုပဲ။ အဲဒီမှာ မဟာဂိုဏ်းကြီး နှစ်ခုရှိပြီး တစ်ခုကတော့ ရေခဲနှင်းနတ်ဘုရားနန်းတော်ပဲ...”

“ကောလာဟလတွေအရ ရေခဲနှင်းနတ်ဘုရားနန်းတော်ရဲ့ အဓိကတပည့်က သေခြင်းရှင်ခြင်းနယ်ပယ်ကို ရောက်နေပြီး အတော်လေးအစွမ်းထက်တယ်ဆိုပဲ...”

“ပြိုင်ပွဲပုံစံ မပြောင်းလဲခင်တုန်းက သူတို့က ထိပ်ဆုံးအယောက်နှစ်ဆယ်အတွက် အားကောင်းတဲ့ ပြိုင်ဘက်တွေပဲ...”

လူအုပ် စိတ်လှုပ်ရှားစွာဖြင့် ပွက်လောရိုက်သွားခဲ့သည်။

ပထမတန်းစားနှင့် ဒုတိယတန်းစား အင်အားစုများနှင့် နှိုင်းယှဉ်လျှင် မဟာဂိုဏ်းကြီးများမှာ သဘာဝအတိုင်း အရေအတွက် နည်းပါးသည်။

လူအများစုက သူတို့ကို ပြိုင်ပွဲ၏ နောက်ပိုင်းမှသာ မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။

တတိယမြောက်အဖွဲ့မှာတင် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သို့သော် သူတို့၏ ပြိုင်ဘက်က ဘယ်သူလဲ။

“ထျန်းလင်းစီရင်စု, ထိုက်ရွမ်ဂိုဏ်း?...”

“မင်းတို့ သူတို့အကြောင်း ကြားဖူးလား... မရင်းနှီးသလိုပဲ...”

“မကြားဖူးဘူး... ဒါပေမဲ့ ထျန်းလင်းစီရင်စုက အဆင့်အနောက်ဆုံးနားမှာ ရှိတဲ့ စီရင်စု မဟုတ်ဘူးလား။ အဲဒါက ပထမတန်းစား အင်အားစုတစ်ခုတောင် မရှိတဲ့ အားနည်းတဲ့ နေရာတစ်ခုပဲ...”

“သူတို့က ပထမတန်းစား အင်အားစု ဖြစ်ရမယ်။ ငါ လောလောလတ်လတ်ကပဲ သူတို့အကြောင်း သတင်းစကား အနည်းငယ် ကြားလိုက်မိတယ်...”

“ပထမတန်းစား အင်အားစုတစ်ခုပဲလား... ဒါက တကယ့်ကို သနားစရာကောင်းလိုက်တာ၊ မဟာဂိုဏ်းကြီးတစ်ခုနဲ့ သွားဆုံရတယ်လို့။ ငါသာဆိုရင်တော့ ချက်ချင်း အရှုံးပေးလိုက်မှာ...”

လူအုပ် ကိုယ်ချင်းစာနာစိတ်အပြည့်ဖြင့် ဆွေးနွေးနေကြသည်။

အဆုံးမှာတော့ ပထမတန်းစား အင်အားစုတစ်ခုနှင့် မဟာဂိုဏ်းကြီးတစ်ခုအကြား ကွာဟချက်မှာ တကယ့်ကို ထင်ရှားလှပေသည်။

နှိုင်းယှဉ်၍ပင် မရချေ။

သို့သော်လည်း အခြားတစ်ဖက်တွင်မူ ထိပ်သီးအင်အားစု အများအပြား၏ ခေါင်းဆောင်များသည် ထိုက်ရွမ်ဂိုဏ်းဟူသော အမည်ကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် မသိစိတ်အရ မတ်တတ်ရပ်လိုက်မိကြသည်။

ပထမဆုံးအကြိမ်အဖြစ် သူတို့၏တည်ငြိမ်သော မျက်နှာများပေါ်တွင် ပြောင်းလဲမှုတစ်ခုပေါ်လာခဲ့ပြီး တစ်စုံတစ်ခုကို သတိရသွားသည့်အတိုင်းပင်။

“ထိုက်ရွမ်ဂိုဏ်း...”

ကိုးရောင်ခြယ်မှန်ကျောင်းဆောင်၏ မျက်လုံးမှိတ်ထားသော ကျောင်းဆောင်သခင် ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာသဖြင့် ပတ်ဝန်းကျင်ရှိ တပည့်များနှင့် အကြီးအကဲများကို နောက်ဆုတ်သွားစေခဲ့သည်။

“အဖေ... ဘာဖြစ်လို့လဲ...”

ယွီဟုန်းရွယ် အနည်းငယ် အံ့အားသင့်သွားသည်။

သူမ သူမ၏ဖခင် ဤမျှလောက် စိတ်လှုပ်ရှားတာကို တစ်ခါမျှ မမြင်ဖူးချေ။

“နှစ်ပေါင်းနှစ်ရာနီးပါး ကြာပြီးတဲ့နောက်မှာ, သူ နောက်ဆုံးတော့ လူလွှတ်လိုက်ပြီလား...”

ကျောင်းဆောင်သခင် ဖြည်းည်းချင်း မတ်တတ်ရပ်လိုက်သည်။

သူ၏အသံမှာ တည်ငြိမ်နေသော်လည်း လူတိုင်းကမူ မုန်တိုင်းတစ်ခု လာတော့မည့်အလား သူ့နှလုံးသားထဲတွင် လှိုင်းတံပိုးများ ထန်နေသည်ကို ခံစားလိုက်ကြရသည်။

“အဖေ... ဘာအကြောင်းကို ပြောနေတာလဲ...”

ယွီဟုန်းရွယ် နားမလည်နိုင် ဖြစ်သွားသည်။

“ဒီထိုက်ရွမ်ဂိုဏ်းက အဲဒီလောက်တောင် စွမ်းအားကြီးလို့လား...”

သူမ စဉ်းစားကြည့်သော်လည်း ထိုက်ရွမ်ဂိုဏ်းနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှ ရှာမတွေ့ချေ။

၎င်းက ထိပ်သီးမဟာဂိုဏ်းကြီးတစ်ခုလည်း မဟုတ်ပေ။

“ကျောင်းဆောင်သခင်ငယ်... လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာနီးပါးက အဲဒီနေရာမှာ တစ်ချိန်က ဒုတိယတန်းစားဂိုဏ်းတစ်ခု ရှိခဲ့ဖူးတယ်...”

ဘေးနားရှိ အခြေအနေကိုသိသည့် အကြီးအကဲတစ်ဦးက အခြေအနေကို စတင်ရှင်းပြလိုက်သည်။

“ရှီယင်ချင်း...”

ကျောင်းဆောင်သခင် အစွန်းဘက်သို့ လျှောက်သွားပြီး သူ၏နက်ရှိုင်းသော မျက်ဝန်းများက အောက်ခြေရှိ စစ်တလင်းဆီသို့ တိုက်ရိုက် အာရုံစိုက်လိုက်သည်။

သူတစ်ဦးတည်းတင် မဟုတ်ဘဲ ထိပ်သီးအင်အားစု ခေါင်းဆောင်အများအပြားလည်း သူတို့၏ ထိုင်ခုံများမှ ထလာခဲ့ကြပြီး မျက်လုံးအားလုံးက ကွင်းပြင်ဆီသို့ စူးစိုက်ကြည့်နေကြသည်။

၎င်းမှာ ယခင်က သာမန်ပွဲစဉ်တစ်ခုဖြစ်သော်လည်း ရုတ်တရက် မတူညီသော အဓိပ္ပာယ်များ ပြည့်နှက်သွားသလို ဖြစ်နေသည်။

ရှေးဟောင်းတောင်တန်းပေါ်တွင် သူ၏ဂိုဏ်းအမည်ကို ကြားလိုက်ရသဖြင့် မုန့်ချန်ချင်း အနည်းငယ် မှင်တက်သွားခဲ့သည်။

သူသည် ထိုက်ရွမ်ဂိုဏ်းကို ဤမျှစောစော ခေါ်ယူလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ဤအရာက တတိယမြောက်အဖွဲ့သာ ရှိသေးသည် မဟုတ်ပါလား။

သို့သော် ထိုအရာက အရေးမကြီးပေ။

စောလေ ပိုကောင်းလေ ဖြစ်သည်။

သူသည် အထက်မှ စောင့်ကြည့်ပြီးနောက် အောက်သို့ ဆင်းရန် စိတ်အားထက်သန်နေခဲ့ပြီဖြစ်သည်။

“စီနီယာအကို...”

မုန့်ချန်ချင်း လှည့်ကြည့်လိုက်သည်။

“သွားပါ... ဒါပေမဲ့ အမြဲတမ်း သတိရှိနေပါ...”

မဟာအကြီးအကဲ နွေးထွေးသော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

စီနီယာအကိုနှင့် စီနီယာအမ အားလုံးထဲတွင် မဟာအကြီးအကဲတစ်ဦးတည်းသာ အကြီးအကဲတစ်ဦးကဲ့သို့ တကယ့်ခံစားချက်မျိုးကို ပေးစွမ်းနိုင်ခြင်းဖြစ်သည်။

“ဂျူနီယာညီလေး... သူတို့ကို အနိုင်ယူလိုက်စမ်းပါ... တောင်ပိုင်းဒေသ အတိတ်က ဂုဏ်သိက္ခာကို ပြန်အမှတ်ရသွားစေရမယ်...”

ခူဖုန်းချွမ်း သူ၏လက်သီးကို မြှောက်လိုက်သည်။

“ထိုက်ရွမ်ရဲ့ သားတော် တစ်ဆယ့်ရှစ်ယောက်က အတိတ်မှာ ကျန်ခဲ့ပြီ။ အခုက မင်းတို့ရဲ့ အချိန်ပဲ...”

ဟွာစီယန် ချဉ်းကပ်လာခဲ့ပြီး မုန့်ချန်ချင်းကော်လာကို အနည်းငယ် ပြင်ဆင်ပေးရင်း ပြောလိုက်သည်။

“အင်း...”

မုန့်ချန်ချင်း အနည်းငယ် ပြုံးလိုက်မိသည်။

All Chapters