← Chapters

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း ၁၈၇

Vol. 19 Ch. 187

အခန်း (၁၈၇)

“နက်နဲသောရေခဲဝိညာဥ်တုန်လှုပ်ခြင်း- အဆုံးမဲ့ကောင်းကင်ဓား...”

ကျဲယုပင်း ဓားကိုလက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

တောက်ပလှသော ဓားအလင်းတန်းတစ်ခုမှာ ရေကြီးသကဲ့သို့ ပြေးထွက်သွားခဲ့သည်။

“မဆိုးပါဘူး...”

မုန့်ချန်ချင်း အသာအယာ ခေါင်းညိတ်လိုက်သည်။

ဤဓားသိုင်းက တကယ့်ကို ကမ္ဘာလှုပ်စေမည့် ပါရမီရှင်တစ်ဦး၏ စံနှုန်းနှင့် ကိုက်ညီပေသည်။

“ဒါပေမဲ့... မလုံလောက်သေးဘူး...”

မုန့်ချန်ချင်း ညာဘက်လက်ကို မြှောက်လိုက်သည်။

ထို့နောက် လက်ချောင်းငါးချောင်းကို လက်သီးဆုပ်အဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဘုန်း...

ချက်ချင်းပင် သူ၏ လက်သီးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်းမှာ အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့တော့သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ကျဲယုပင်း၏ ဓားရည်ရွယ်ချက်ကို ချက်ချင်းပင် ဖိနှိပ်ပစ်လိုက်သည်။

၎င်းက စစ်မှန်အနှစ်သာရပိုင်း၌ လုံးဝဥဿုံ ကွာခြားသွားခြင်း ဖြစ်ပေသည်။

“ဘာ...”

ကျဲယုပင်း မျက်ခွံများကျုံ့သွားပြီး မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာများ ထွက်ပေါ်လာခဲ့သည်။

၎င်းက အမှန်တကယ် လက်သီးရည်ရွယ်ချက် ၃၀ ရာခိုင်နှုန်း ဖြစ်နေသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

သို့သော် သူမအနေဖြင့် တွေးတောရန် အချိန်မရှိတော့ချေ။

အဘယ်ကြောင့်ဆိုသော် မုန့်ချန်ချင်း လက်သီးချက်က ဆင်းသက်လာခဲ့ပြီ ဖြစ်သောကြောင့်ပင်။

“အဆုံးစွန်ကြယ်စီးကြောင်း...”

မရေတွက်နိုင်သည့် ကြယ်ရိပ်တွေ ပေါ်လာပြီး လက်သီးချက်တစ်ခုတည်းအဖြစ် စုစည်းကာ ရှေ့သို့ ထိုးချလိုက်သည်။

ဘုန်း...

၎င်းမှာ အဆုံးမရှိသည့် ဂလက်ဆီတစ်ခုကဲ့သို့ ရှေ့သို့ တစ်ဟုန်တိုး ပြေးဝင်သွားခဲ့သည်။

ကျယ်ပြောခန့်ညားထည်ဝါပြီး ၎င်းလမ်းမှာပိတ်နေသည့်အရာရာကို ချေမှုန်းသွားမည်ဖြစ်သည်။

ထိုအထဲတွင် ကျဲယုပင်း၏ ဓားအလင်းတန်းလည်း ပါဝင်သည်။

ထိတွေ့မိရုံမျှဖြင့်ပင် ကျဲယုပင်း၏ ဓားအလင်းတန်းမှာ လွမ်းမိုးခံလိုက်ရပြီး အစနမကျန် ပျောက်ကွယ်သွားတော့သည်။

ဘန်း...

ပုံရိပ်တစ်ခု နောက်သို့ လွင့်စင်သွားခဲ့သည်။

မီတာတစ်ထောင်ခန့်ရောက်မှသာ ထိုပုံရိပ် မနည်း ရပ်တန့်လိုက်နိုင်သည်။

“နင်...”

ကျဲယုပင်း စကားပြောရန် ကြိုးစားလိုက်သော်လည်း လည်ချောင်းထဲမှ သွေးတစ်လုပ် ပန်းထွက်လာခဲ့သည်။

သူမအရှိန်အဝါမှာ ချက်ချင်းပင် အားနည်းသွားခဲ့သည်။

ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး ရှေ့သို့ မှောက်ခုံလဲကျသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျကာ သတိမေ့သွားခဲ့တော့သည်။

ထိုလက်သီးချက်က သူမ၏ ခန္ဓာကိုယ်ကိုသာမက ဝိညာဥ်ကိုပါ ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

ရှီညီအစ်ကိုနှစ်ဦး အခြားသောပါရမီရှင်နှစ်ဦးကို မြေပြင်ပေါ်သို့ အဆက်မပြတ် ထုရိုက်နေသည့် အသံများသာ ကွင်းပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။

လူတိုင်း ဆွံ့အမှင်တက်သွားကြသည်။

သူတို့သည် ထိုက်ရွမ်ဂိုဏ်းတပည့်များ သန်မာကြောင်း သိကြသော်လည်း ဤမျှအထိ ကြောက်ဖို့ကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

ရေခဲနှင်းနတ်ဘုရားနန်းတော်၏ ထိပ်သီးတပည့်, နောက်ဆက်ခံမည့်ပါရမီရှင်က လက်သီးတစ်ချက်တည်းဖြင့်ပင် မီတာတစ်ထောင်အထိ လွင့်စင်သွားခဲ့ရသည်။

ထို့ပြင် ထိုနေရာတင် ချက်ချင်း သတိမေ့သွားခဲ့သည်။

ခွန်အားကွာဟချက်က ဘယ်လောက်အထိ ကြီးမားလွန်းနေသနည်း။

“ဘုရားသခင်... ဒါက တကယ် ၃၀ ရာခိုင်နှုန်း လက်သီးရည်ရွယ်ချက်ပဲ...”

တစ်စုံတစ်ဦး အော်ဟစ်လိုက်သည်။

ထိုအခါမှ လူအုပ် သတိပြန်ဝင်လာကြပြီး သူတို့၏ မျက်နှာများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သိုင်းပညာရည်ရွယ်ချက်အစစ်အမှန်ကို နားလည်သဘောပေါက်ရန်အတွက်ပင် အလွန်တရာ ခက်ခဲလှသည် မဟုတ်ပါလား။

၎င်းကို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိအောင် ပြုလုပ်ရန်ဆိုသည်မှာ ပို၍ပင် မတွေးရဲစရာ ဖြစ်သည်။

ကျဲယုပင်းကဲ့သို့ ကမ္ဘာတုန်လှုပ်စေမယ့် ပါရမီရှင်တစ်ဦးပင် ဓားရည်ရွယ်ချက် သန္ဓေသားပုံစံကိုသာ ဖန်တီးနိုင်သေးသည်။

သို့သော် ဤထိုက်ရွမ်ဂိုဏ်းတပည့်ကမူ ၃၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

၎င်းက တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလှသည်။

ရည်ရွယ်ချက်အစစ်အမှန်၏ ကွာဟချက်မှာ တစ်ရာခိုင်နှုန်းမျှ ကွာခြားရုံဖြင့်ပင် အလွန်တရာ ကြီးမားလှပေသည်။

ယခုမူ ၃၀ ရာခိုင်နှုန်းအပြည့် ကွာခြားနေခြင်း ဖြစ်သည်။

ထို့ကြောင့် ကျဲယုပင်းအနေဖြင့် လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားရခြင်းက သဘာဝကျပေသည်။

၃၀ ရာခိုင်နှုန်း လက်သီးရည်ရွယ်ချက်...

ထိပ်သီးအင်အားစုများမှ အဆင့်မြင့်အဖွဲ့ဝင်အများအပြား၏ မျက်နှာအမူအရာများလည်း လေးနက်သွားခဲ့ကြသည်။

ဤမျှငယ်ရွယ်သောအသက်အရွယ်နှင့် သိုင်းပညာရည်ရွယ်ချက်အစစ်အမှန်ကို နားလည်သဘောပေါက်ထားခြင်းက သူသည် ကမ္ဘာလှုပ်စေမည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။ ထိုအရာကို လက်ခံနိုင်သေးသည်။

သို့သော် ၃၀ ရာခိုင်နှုန်းအပြည့် ဖြစ်နေခြင်းကမူ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

သူက သိုင်းပညာကျင့်ကြံရေးကို လျစ်လျူရှုပြီး ဤရည်ရွယ်ချက်ပိုင်းကိုသာ အာရုံစိုက် ကျင့်ကြံနေခဲ့သည်လား။

မဟုတ်လျှင်... အသက်နှစ်ဆယ်ကျော်မျှဖြင့်...

ဘယ်လိုလုပ် ဤမျှလောက် မြင့်မားသော ရည်ရွယ်ချက်အဆင့်သို့ ရောက်ရှိနေနိုင်မည်နည်း။

All Chapters