← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

ပြိုင်ဖက်ကင်းဓားသမား

အခန်း (၂) - ကာမရူးကိုယ်တော်

ရန်ရှင်းကျိုး ပြန်လည်အသိဝင်လာချိန်တွင် သူသည် မြို့တစ်မြို့၏ အစွန်အဖျားတွင် ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။ ပတ်ဝန်းကျင်တွင် စပါးခင်းများ ရှိနေပြီး မြစ်တစ်စင်းလည်း ရှိသည်။ ထိုမြင်ကွင်းမှာ ပန်းချီကားတစ်ခုလို လှပလွန်းသော ကျန်းနန်မြို့၏ အလှတရားနှင့်ဆင်တူလှသည်။

ရန်ရှင်းကျိုးသည် အခန်းအတွင်း တရားထိုင်နေစဉ်က သန်းခေါင်ယံ အချိန်ဖြစ်သော်လည်း မျက်တောင်တစ်ခတ်အတွင်း နေရာဒေသသာမက အချိန်အခါပါ ကွဲပြားသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

“ငါ ဘယ်ကို ရောက်နေတာလဲ... ပြီးတော့ ငါ ဒီကို ဘယ်လို ရောက်လာတာလဲ...”

ရန်ရှင်းကျိုးသည် စိတ်ကို ပြန်လည်စုစည်းကာ လမ်းမကြီးအတိုင်း စတင်လျှောက်လှမ်းခဲ့သည်။ သူသည် ရှေ့ရှိ မြို့ကလေးအတွင်းသို့ သွားရောက်ကာ ဤနေရာမှာ မည်သည့်ကမ္ဘာ ဖြစ်ကြောင်း မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

မြို့ကလေး၏ လမ်းဆုံသို့ ရောက်ခါနီးတွင် စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

“ကယ်ကြပါဦး... ကာမရူးသူခိုးက လူသတ်နေလို့ပါ... ကယ်ကြပါဦးဗျို့...”

ရန်ရှင်းကျိုးက ခြေလှမ်းများကို ခေတ္တရပ်တန့်လိုက်သည်။ အသံလာရာသို့ ကြည့်လိုက်ရာ မနီးမဝေးရှိ ခြံဝင်းတစ်ခုအတွင်းမှ လူရိပ်တစ်ခုမှာ လေထဲသို့ ခုန်တက်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူရိပ်သည် တံတိုင်းကို ကျော်ဖြတ်ကာ လမ်းမပေါ်သို့ ဆင်းလိုက်သည်။ ထို့နောက် ခွေးဟောင်သံများကြားမှာပင် မြို့အပြင်ဘက်သို့ ဦးတည်သွား‌တော့သည်။ အနီးသို့ ရောက်လာသောအခါမှ အဝါရောင်ဝတ်စုံဝတ်ထားသူမှာ အမျိုးသမီးတစ်ဦးကို ပွေ့ချီထားကြောင်း ရန်ရှင်းကျိုး သတိထားမိလိုက်သည်။

ထိုသို့ ပေါ့ပါးသည့် ကိုယ်ဖော့ပညာမျိုးကို ရန်ရှင်းကျိုး တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူသည် လေနက်စခန်းရှိ ဂိုဏ်းချုပ်ဟောင်းထံမှ ကိုယ်ဖော့ပညာကို အဆင့်မြင့်ဆုံးအထိ သင်ယူခဲ့ဖူးသော်လည်း ထိုအအဝါရောင်ဝတ်စုံနှင့် လူနှင့် ယှဉ်လျှင်မူ ကွာခြားလွန်းလှသည်။ ထို့ပြင် အမျိုးသမီးတစ်ဦးကို ပွေ့ချီထားသည့်တိုင်အောင် သူ၏ လှုပ်ရှားမှုများမှာ လွန်စွာ လျင်မြန်ဖြတ်လတ်နေခြင်းက သူ၏ အစွမ်းမှာ မည်မျှ ရှိကြောင်း ဖော်ပြနေသည်။

ရွာသားများ၏ အော်ဟစ်သံနှင့် ထိုလူ၏ အမူအရာကို ကြည့်ခြင်းဖြင့် ၎င်းမှာ သူခိုးတစ်ဦး ဖြစ်ကြောင်း ရန်ရှင်းကျိုး သိလိုက်သည်။ သူသည် ထိုသူ ပြေးလာရာ လမ်းကြောင်းသို့ အပြင်းနှင်သွားကာ ပိတ်ဆို့လိုက်သည်။

မျက်နှာကို အနက်ရောင်ပုဆိုးဖြင့် စည်းထားသော အဝါရောင်ဝတ်စုံဝတ်ထားသူမှာ ရန်ရှင်းကျိုးက လမ်းပိတ်ထားသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဖယ်စမ်း... ငါ့လမ်းကို မပိတ်နဲ့”

ထိုသို့ အော်ဟစ်ဆဲဆိုရင်းပင် သူသည် ဘယ်ဘက်လက်ဖြင့် အမျိုးသမီးကို ပွေ့ကာ ညာဘက်လက်ဖဝါးကို ရန်ရှင်းကျိုး၏ ရင်ဘတ်ဆီသို့ အားကုန် ရိုက်သွင်းလိုက်သည်။

“သေပေတော့...”

ရန်ရှင်းကျိုးသည် ရှောင်တိမ်းခြင်း မရှိဘဲ လက်ဖဝါးချင်း ဆိုင်လိုက်ကာ ရယ်မော၍ ပြောလိုက်သည်။

“ငါ့ကို သတ်ချင်တာလား... မင်း ထင်သလောက် မလွယ်ဘူးဟေ့”

[ဘုန်း...]

လက်ဖဝါးချင်း ရိုက်မိသံနှင့်အတူ လူနှစ်ဦးလုံးမှာ နောက်သို့ ဟန်ချက်ပျက်သွားကြသည်။ ထိုစဉ် တိုးထွက်လာသော လေဖိအားကြောင့် အဝါရောင်ဝတ်စုံဝတ်ထားသူ၏ မျက်နှာပေါ်မှ အနက်ရောင်အဝတ်မှာ လွင့်ထွက်သွားကာ အမွှေးတိုင် အမှတ်အသားများ ရှိနေသည့် ကတုံးပြောင်ပြောင်ကို မြင်လိုက်ရသည်။

ရန်ရှင်းကျိုးမှာ လက်မောင်းတစ်ခုလုံး ထုံကျင်သွားပြီး ရင်ဘတ်အတွင်းတွင်လည်း အနည်းငယ် တင်းကျပ်သွားသည်။ သူသည် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခွာလိုက်ရပြီးမှ ထိုကိုယ်‌တော်၏ လက်ဖဝါးအရှိန်ကို တားဆီးနိုင်ခဲ့သည်။

နှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

အဝါရောင်ဝတ်စုံဝတ် ကိုယ်တော်သည် ပွေ့ချီထားသော အမျိုးသမီးကို ဘေးသို့ ပစ်ချလိုက်ပြီး ရန်ရှင်းကျိုးကို စိုက်ကြည့်ကာ

“မင်းရဲ့ လက်ဖဝါးကျင့်စဉ်က မဆိုးဘူးပဲ...”

ရန်ရှင်းကျိုးကလည်း တည်ငြိမ်စွာဖြင့်

“မင်းရဲ့ လက်ဖဝါးကျင့်စဉ်ကလည်း မဆိုးပါဘူး။ ဒါပေမဲ့ မင်းလို ကိုယ်တော်တစ်ပါးက ဘာလို့ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး အဓမ္မ ခိုးယူနေရတာလဲ...”

အဝါရောင်ဝတ်စုံဝတ် ကိုယ်တော်က နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်သည်။

“ဒါက ငါ အနှစ်သက်ဆုံး အလုပ်ပဲ... မင်းနဲ့ ဘာဆိုင်လို့လဲ”

ရန်ရှင်းကျိုး ပြန်လည် မပြောနိုင်ခင်မှာပင် ထိုကိုယ်တော်သည် ရုတ်ချည်း နောက်သို့ ဆုတ်ခွာလိုက်သည်။ ထို့နောက် ခါးကြားမှ ဓားမြှောင် တစ်လက်ကို လျှပ်တစ်ပြက် ထုတ်ယူလိုက်သည်။ ဓားကို ဆွဲထုတ်ပြီးသည်နှင့် သူ၏ ဆုတ်ခွာနေမှုမှာ ရပ်တန့်သွားကာ ရှေ့သို့ ပြေးဝင်လာတော့သည်။ သူ၏ ဓားမြှောင်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရန်ရှင်းကျိုး၏ ဦးခေါင်းထက်သို့ ကျရောက်လာသည်။

“ကာမရူးတဲ့ ကိုယ်တော်ယုတ်...”

ရန်ရှင်းကျိုးသည် အသည်းအသန် ရှောင်တိမ်းလိုက်ရသည်။

ထိုကိုယ်တော်၏ အရှိန်အဟုန်မှာ အံ့မခန်းလှသလို လှုပ်ရှားမှုများမှာလည်း ထူးဆန်းလှသည်။ သူ၏ ဓားသိုင်းကွက်များမှာ ထူးဆန်းပြီး တိုက်ခိုက်မှုတိုင်းမှာ ရန်ရှင်းကျိုး၏ ရင်ဘတ်နှင့် လလည်ပင်းကဲ့သို့သော နေရာများကိုသာ ပစ်မှတ်ထားနေသည်။ ရန်ရှင်းကျိုးမှာ ဓားသမား၏ တိုက်စစ်ကို အဆက်မပြတ် ရှောင်တိမ်းနေရပြီး မိမိ၏ ဓားကိုပင် ဆွဲထုတ်ရန် အချိန်မရ ဖြစ်နေသည်။

ထိုကိုယ်တော်သည် ဓားမြှောင်ဖြင့် တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်လာရာ ရန်ရှင်းကျိုးမှာ အရေးနိမ့်လာကာ နောက်သို့သာ ဆုတ်ခွာနေရသည်။ ကျောတွင်လွယ်ထားသော ဓားကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း ဓားသမား၏ တိုက်စစ်အောက်တွင် အခွင့်အရေး မရရှိခဲ့ပေ။ အကယ်၍ ရရန်ရှင်းကျိုးသာ ပေါ့ဆလိုက်ပါက ဓားဖြင့် အထိုးခံရမည့် အခြေအနေ ဖြစ်နေသည်။

ထိုအခိုက်တွင် ရန်ရှင်းကျိုးသည် ပါးစပ်ကို ဟကာ တံတွေးတစ်ချက်ကို ထိုကိုယ်တော်၏ မျက်နှာတည့်တည့်သို့ ထွေးထုတ်လိုက်သည်။ အဝါရောင်ဝတ်စုံဝတ် ကိုယ်တော်မှာ အလိုအလျောက် ရှောင်တိမ်းလိုက်မိသဖြင့် ဓားကွက်များမှာ တုံ့ဆိုင်းသွားသည်။

စင်စစ် တံတွေးတစ်ချက်သာ ဖြစ်သည်။ အကယ်၍ ကိုယ်တော်က မရှောင်တိမ်းခဲ့လျှင်လည်း ရန်ရှင်းကျိုး၏ တံတွေးမှာ သူ့ကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။ သို့သော်လည်း အညစ်အကြေးကို ရှောင်တိမ်းခြင်းမှာ လူသားတို့ သဘာဝပင် ဖြစ်သည်။

ရန်ရှင်းကျိုး ထွေးထုတ်လိုက်သည်ကို မြင်သောအခါ ကိုယ်တော်သည် စဉ်းစားမနေဘဲ ချက်ချင်း ရှောင်လိုက်မိခြင်း ဖြစ်သည်။ ၎င်းမှာ အတွေ့အကြုံ မရှိခြင်းကြောင့် မဟုတ်ဘဲ အသက်လုတိုက်ပွဲတွင် ထိုကဲ့သို့ တိုက်ကွက် သုံးလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုက်စစ်မှာ နှေးကွေးသွားခဲ့သည်။

ရန်ရှင်းကျိုးက ထိုအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော် ရှောင်တိမ်းနေစဉ်မှာပင် သူသည် အနောက်သို့ဆုတ်လိုက်ကာ ကျောပေါ်မှ ဓားကို ဆွဲထုတ်လိုက်သည်။ အေးစက်သော ဓားနှင့်အတူ ဓားဦးကို ကိုယ်တော်ထံသို့ ချိန်ရွယ်လိုက်ပြီး

“ဟေ့... ကာမရူးတဲ့ ကိုယ်တော်၊ မင်းရဲ့ နာမည်ကို ပြောစမ်း”

အဝါရောင်ဝတ်စုံဝတ် ကိုယ်တော်သည်လည်း သူ၏ ဓားကို ပြန်လည် သိမ်းဆည်းလိုက်ကာ ရန်ရှင်းကျိုးကို အံ့အားသင့်စွာ ကြည့်ရင်း ပြောလိုက်သည်။

“ငါက သွေးဓားဂိုဏ်းက ပေါင်ရှန့် ပဲ... ကောင်လေး၊ မင်းရဲ့ အစွမ်းက မဆိုးဘူးပဲ။ မင်းနာမည်က ဘယ်သူလဲ

***

All Chapters