"ခေတ်သစ်ကမ္ဘာရဲ့ သာမန်လူသားတစ်ယောက်ကနေ သွေးနဲ့ဓား၊ အားပြိုင်မှုတွေ သိပ်များလွန်းတဲ့ သိုင်းလောကရဲ့ အနိမ့်ဆုံးအခြေအနေဆီကို ကူးပြောင်းရောက်ရှိသွားတဲ့အခါ...။ အားနည်းတဲ့ လေနက်စခန်းကို အမှီပြုပြီး ရန်သူတွေရဲ့ ဝိုင်းရံပိတ်ဆို့မှုကြားကနေ ရန်ရှင်းကျိုးတစ်ယောက် ဘဝကို အသက်လုပြီး ၁ကနေပြန်စခဲ့ရတယ်။ လူ့လောကရဲ့ စည်းမျဉ်းက ရက်စက်လွန်းပါတယ်၊ အားကြီးသူပဲ ရှင်သန်ခွင့်ရှိမယ့် ဒီနေရာမှာ သူဟာ ထူးခြားတဲ့ ဉာဏ်ပညာနဲ့ ပြတ်သားမှုတွေအပြင်၊ ဆန်းကြယ်တဲ့ ရှေးဟောင်းကျင့်စဉ်တွေကို အမိအရဆုပ်ကိုင်ရင်း အားလုံးရဲ့အထက်ကို တစတစ တက်လာခဲ့တယ်။ ဒါပေမဲ့ ဒါက ဒီသိုင်းလောကရဲ့ ကနဦးစိန်ခေါ်မှုပဲရှိပါသေးတယ်။ ကောင်းကင်ဘုံကို ဆန့်ကျင်မယ့် နတ်ဘုရားနီးပါး ကျင့်ကြံသူတွေ၊ သွေးပျက်စရာ လျှို့ဝှက်ချက်တွေကြားထဲမှာ ဓားပညာရဲ့ အထွတ်အထိပ်ဆီ ရန်ရှင်းကျိုး ဘယ်လိုအတောင်ပံဖြန့် တက်လှမ်းသွားမလဲဆိုတာ..."

