အခန်း ၁၁
Vol. 2 Ch. 11
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၁၁) - ယခင် ဂိုဏ်းချုပ်၊ ယခု ကျင်းကျိုးမြို့ဝန်
သာမန်လူတစ်ယောက်ဆိုလျှင် လူပုံအလယ် ကြိုးတုပ်၍ ပြသထားသော ရာဇဝတ်သားတစ်ဦးနှင့် မြို့တံခါးဝ၌ စကားပြောဝံ့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘေးတွင် မှုခင်းအရာရှိများ၊ ရဲမတ်များနှင့် မြို့တံခါးစောင့် စစ်သည်များ
ရှိနေသောကြောင့် ဖြစ်သည်။ ထိုသူနှင့် ပတ်သက်မိပါက
ချက်ချင်းပင် ပူးပေါင်းကြံစည်သူဟု
သံသယဝင်ကြလိမ့်မည်။
ထိုစွပ်စွဲချက်အောက်တွင်
လူကောင်းတစ်ဦးပင် လူဆိုးဖြစ်သွားနိုင်သည်။ လာဘ်မထိုးနိုင်ပါကလည်း ထောင်ထဲသို့ တန်းတန်းမတ်မတ် ရောက်သွားရုံသာ ရှိသည်။
လင်းကျင်းရီသည် ကျန်းဟူ၏
စာပေတတ်မြောက်သော သူရဲကောင်းတစ်ဦး ပုံစံမျိုး ရှိသည်။ သူသည် သေထိုက်သူကိုသာ သတ်ပြီး ယဟယဂကဂ တစ်ခါမျှ မနှိပ်စက်ခဲ့ပေ။ ဤအချက်တစ်ခုတည်းနှင့်ပင် သူသည်
ကျန်းဟူမှ လူအများအပြားထက် သာလွန်နေပြီ ဖြစ်သည်။
သူတို့နှစ်ဦး လမ်းခွဲခဲ့သည်မှာ ငါးရက်၊ ခြောက်ရက်မျှသာ ရှိသေးသော်လည်း ယခုအခါ လင်းကျင်းရီမှာ ကျင်းကျိုးမြို့သို့ ရောက်ရှိနေကာ သူ့ကို မြို့ဝန်အား လုပ်ကြံရန် ကြိုးစားသည့် ဓားပြတစ်ဦးအဖြစ် စွပ်စွဲထားလေသည်။ သူ၏
ပခုံးရိုးနှစ်ဖက်ကို သံချိတ်များဖြင့် ထိုးဖောက်ကာ မြို့တံခါးဝတွင် မြင်သာအောင် ကြိုးတုပ်ချိတ်ဆွဲထားကြသည်။
ရန်ရှင်းကျိုးသည် ယခုတစ်ကြိမ် ကျင်းကျိုးမြို့သို့ လာခြင်းမှာ နျန်ရှန်း၏ တပည့်သုံးဦးကို သတ်ရန် သေချာစွာ ကြိုတင်စဉ်းစား စီစဉ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။
ယခုအခါ လမ်းခွဲပြီး ရက်အနည်းငယ်အကြာတွင် ယခင်က သူရဲကောင်းဆန်သော လင်းကျင်းရီက ယခုကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသဖြင့် ရန်ရှင်းကျိုးမှာ တုန်လှုပ်သွားရသည်။ သူသည် မြင်းပေါ်မှ ခုန်ဆင်းကာ လင်းကျင်းရီ၏အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။
“အစ်ကိုလင်း... ဒါတွေက ဘာဖြစ်ရတာလဲ”
လင်းကျင်းရီက မျက်ခွံများကို ပင့်တင်လိုက်ပြီး အသက်မဲ့နေသော မျက်လုံးများဖြင့် ရန်ရှင်းကျိုးကိုဟယယသဏဏစဧဧ၏ူငသုဟဟူ
ုဂငု ုဂငုသ ကြည့်လိုက်သည်။ သူ၏
မျက်ဝန်းတွင် တောက်ပသော အလင်းရောင်တစ်ချက်
ဖြတ်ပြေးသွားသော်လည်း ပြန်လည်မှိန်ဖျော့သွားကာ
တိုးညင်းစွာ ပြောလိုက်သည်။
“ညီအစ်ကိုရန်... မြန်မြန်ထွက်သွားစမ်းပါ… ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး၊
မင်းကိုယ်မင်း ဒုက္ခမရှာပါနဲ့”
ရန်ရှင်းကျိုးက ကျယ်လောင်စွာ ပြောလိုက်သည်။
“ငါတို့တွေ အတူတူ ခရီးသွားခဲ့ကြပြီး သူငယ်ချင်း ဖြစ်နေကြပြီပဲ။ မင်းဒီလိုအခြေအနေကို ရောက်နေတာကို ငါက ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။ သူတို့က မင်း ကျင်းကျိုးမြို့ဝန်ကို လုပ်ကြံဖို့ ကြိုးစားတယ်လို့ ပြောနေကြတယ်။ မင်း အရင်က
ပြောခဲ့တဲ့ ရန်သူက ဒီမြို့ဝန်လား။ အခု မြို့တံခါးဝမှာ လူတွေအများကြီး ရှိနေကြတယ်၊ အကုန်လုံးကို အော်ပြောလိုက်စမ်းပါ။ တကယ်လို့ မတရားမှုကြီး တစ်ခုခု ရှိနေရင် မင်းအသတ်ခံရရင်တောင်မှ အနည်းဆုံးတော့ဦသာဦဟ
တစ်ယောက်ယောက်က မင်းရဲ့ အဖြစ်မှန်ကို လူတွေကြားထဲ
ချပြပေးနိုင်လိမ့်မယ်”
ရန်ရှင်းကျိုး၏ စကားလုံးများကြောင့် လင်းကျင်းရီမှာ စိတ်ခွန်အား အနည်းငယ်ပြန်လည်ရရှိလာသည်။ သူက ခေါင်းကို မော့ကာ ပြောလိုက်သည်။
“ဟုတ်တယ် ငါ သေချင်သေပါစေ... ဒါပေမဲ့ ငါ့ရဲ့ ကြီးမားတဲ့ ရန်ငြိုးကတော့ ငါမရှိတော့တာနဲ့ ဒီကမ္ဘာမြေအောက်မှာ မြုပ်နှံသွားလို့ မဖြစ်ဘူး”
အနီးရှိ ရဲမတ်များမှာ မြို့ဝန်အတွက် ထိခိုက်စေမည့် စကားများ ပြောဆိုမည်ကို စိုးရိမ်သဖြင့် အော်ဟစ်လိုက်သည်။
“ပခုံးရိုးကို အဖောက်ခံထားရတာတောင် မငြိမ်သေးဘူးလား။ ဟေ့လူတွေ... ပါးစပ်ပိတ်လုံး
ယူပြီး သူ့ပါးစပ်ကို ဆို့စမ်း”
ရန်ရှင်းကျိုးသည် ဒေါသအလိပ်လိပ် ထွက်သွား၏။
ဝှစ်...
သူသည် ကျောမှ ဓားရှည်ကို ဆွဲထုတ်လိုက်ကာ ဓားဖျားကို မြေပြင်သို့ စောင်းလျက် အော်လိုက်သည်။
“ဒီနေ့ ငါ ညီအစ်ကိုလင်းရဲ့ စကားကို ဆုံးအောင် နားထောင်ရမယ်။ ဘယ်သူပဲ တားတား...
တားတဲ့သူ အသေပဲ”
ထိုသို့ ပြောရင်း သူက ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရဲမတ်တစ်ဦး ကိုင်ထားသည့်
လှံဖျားမှာ ချက်ချင်းပင် ပြတ်တောက်သွားတော့သည်။
“နောက်တစ်ခွန်း ထပ်အော်ရဲရင် မင်းရဲ့ ခွေးခေါင်းကို ဓားတစ်ချက်တည်းနဲ့ ဖြတ်ပစ်မယ်။
ဒီကိစ္စထဲ ဝင်ပါရဲရင် မင်းတို့ မိသားစုတစ်ခုလုံးကို ငါ သတ်ပစ်မယ်”
ဤရဲမတ်မှာ သာမန်လူတစ်ဦးမျှသာ ဖြစ်ရာ ယခုကဲ့သို့ လူသတ်ရန် ဝန်မလေးသည့်သူကို မည်သို့ရန်စဝံ့မည်နည်။ သူသည် ကြောက်လန့်သွားပြီး ဒူးများ ခွေလျက် မြေပြင်ပေါ်သို့ ဒူးထောက်ကာ ပြောလိုက်သည်။
“အသက်ချမ်းသာပေးပါ သူရဲကောင်းကြီး အသက်ချမ်းသာပေးပါ ကျွန်တော်ကလည်း
အမိန့်တော်အတိုင်း လုပ်ရတာမို့လို့ပါ... မတတ်သာလို့
လုပ်နေရတာပါ ခင်ဗျာ”
ရန်ရှင်းကျိုးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လင်းကျင်းရီကို ပြောလိုက်သည်။
“ညီအစ်ကိုလင်း... ငါ ဒီမှာရှိနေတယ်၊ မင်း စိတ်ရှိလက်ရှိ ပြောသာပြောစမ်းပါ”
ရန်ရှင်းကျိုးက ဓားဆွဲထုတ်ကာ ပြန်လည်သိမ်းဆည်းလိုက်သည့် လှုပ်ရှားမှုမှာ
လျှပ်စီးကဲ့သို့ လျင်မြန်လှသဖြင့် လင်းကျင်းရီ၏
မျက်လုံးများပင် ရှင်းလင်းစွာ မမြင်လိုက်ရချေ။
ထို့ကြောင့် သူသည် ရင်ထဲ၌ အံ့အားသင့်တုန်လှုပ်သွားရသည်။ သူက
ရန်ရှင်းကျိုးကို နက်ရှိုင်းစွာ စိုက်ကြည့်ကာ ခေါင်းကို
ဖြည်းဖြည်းချင်း ညိတ်လိုက်ပြီး ပြောလိုက်သည်။
“ကောင်းတယ်... ကောင်းတယ်... တကယ်ကောင်းတယ် ညီအစ်ကိုရန်က တကယ့် သိုင်းပညာရှင် ဖြစ်လိမ့်မယ်လို့
ငါ မထင်ထားခဲ့မိဘူး။ ငါ... ငါ တကယ်ပဲ သိုင်းပညာရှင်တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ဖို့
အခွင့်အရေးကို လွဲချော်ခဲ့ရတာပဲ...”
ရန်ရှင်းကျိုးက ပြောလိုက်သည်။
“ညီအစ်ကိုလင်း... အခုကိစ္စတွေ ဘယ်လိုဖြစ်ခဲ့လဲဆိုတာကိုပဲ အရင်ပြောပြပါဦး”
လင်းကျင်းရီက
“ကောင်းပြီ... ငါ ပြောပြမယ်”
ယခုကဲ့သို့ မြို့တံခါးဝတွင် ဆူပူလှုပ်ရှားမှု ဖြစ်လျှင် ဒေသခံအာဏာပိုင်များ၏ အာရုံစိုက်မှု ခံရမည်ကို သူ ကောင်းစွာ သိရှိသည်။ အချိန်ဆွဲလေ ရန်ရှင်းကျိုးအတွက် အန္တရာယ် ပိုများလေ ဖြစ်သဖြင့် သူက အသံကို ကျယ်ကျယ်မြှင့်ကာ ရှင်းလင်းစွာ ပြောလိုက်သည် ။
“ငါ့နာမည်က လင်းကျင်းရီ။ ငါ့အိမ်က နန်ဟူမှာ ရှိပြီး ငါ့ရဲ့ မိဘတွေကတော့
ဒေသခံ ဆန်ကုန်သည်တွေ… ငါ ငယ်ငယ်တုန်းက ငါ့မိသားစုက တော်တော်လေး
ချမ်းသာကြွယ်ဝခဲ့တယ်။ အဲ့တာကြောင့်ပဲ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက လုံရှားဂိုဏ်းက
လူတွေက ငါ့အိမ်ကိုဓားပြတိုက်၊ ငါ့မိဘတွေကို သတ်ပြီး
ငါတို့ပိုင်ဆိုင်မှုအားလုံးကို လုယက်သွားခဲ့ကြတယ်။
အဲဒီအချိန်တုန်းက ငါက အဘွားအိမ်ကို ရောက်နေလို့
လွတ်မြောက်ခဲ့တာ။”
“အဲဒီတုန်းက လုံရှားဂိုဏ်းဟာ နန်ဟူဒေသမှာ မင်းမဲ့စရိုက်ဆန်ဆန် ဗိုလ်ကျစိုးမိုးနေတဲ့
ဂိုဏ်းကြီးတစ်ခုပဲ။ သူတို့က ငါတို့ဆိုင်ကို
သိမ်းပြီးတော့ ငါ့အဘွားမိသားစုက တိုင်တန်းဖို့
အာဏာပိုင်တွေဆီ သွားခဲ့ကြတယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့
အာဏာပိုင်တွေက သူတို့နဲ့ ပူးပေါင်းကြံစည်နေခဲ့ကြတာ။ သူတို့က ငါတို့ကို တိုင်တန်းမှုအမှား လုပ်တယ်ဆိုပြီး ပြောင်းပြန်
စွပ်စွဲပြီးတော့ ငါ့အဘိုးကို လူမဆန်စွာ ရိုက်နှက်ခဲ့တယ်။ အဲဒီအပြင် ငါတို့ ခိုလှုံနေတဲ့နေရာကိုလည်း လုံရှားဂိုဏ်းဆီ သတင်းပေးခဲ့ကြတယ်။ ငါတို့ထဲမှာ အသက်ရှင်ကျန်ရစ်သူ
ရှိသေးတယ်ဆိုတာကို သိသွားပြီးတော့ လုံရှားဂိုဏ်းက ငါတို့ကို အပြတ်ရှင်းဖို့ကြံစည်ကြတော့တယ်”
လင်းကျင်းရီ၏ အသံမှာ ပိုမိုလေးနက်ပြီး အက်ကွဲလာသည်။
“ပြီးတော့... သူတို့က ငါ့အဘိုးနဲ့ အဘွားကို
သတ်ပစ်လိုက်ကြတယ်၊ ငါ့ဦးလေးလည်း
အသတ်ခံလိုက်ရပြီးတော့ ငါ့အဒေါ်ကို ပြန်ပေးဆွဲပြီး
ရောင်းစားပစ်လိုက်ကြတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ငါ သူမကို ပြည့်တန်ဆာအိမ်ကနေ မနည်းကယ်တင်နိုင်ခဲ့တာ”
သူက ရန်ရှင်းကျိုးကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
“ညီအစ်ကိုရန်... မင်းသာ ငါ့နေရာမှာဆိုရင် ဒီလိုမျိုး ကြုံတွေ့ရတဲ့အခါ ဘာလုပ်မလဲ”
ရန်ရှင်းကျိုးသည် လင်းကျင်းရီ၌ အခုလို ကြီးမားသော ကံဆိုးမှုများ
ကြုံတွေ့ခဲ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုစကားကို
ကြားလိုက်ရသောအခါ သူ၏ မျက်ခုံးမျက်ကွင်းများ တုန်ခါသွားပြီး ပြောလိုက်သည် ။
“ငါသာ မင်းနေရာမှာဆိုရင် သိုင်းပညာကို သည်းခံကြိုးစား သင်ယူမယ်၊ ထင်းပုံပေါ်မှာ
အိပ်ပြီး ဓားကို ခေါင်းအုံး ငါ့ရဲ့ ကမ္ဘာမီးတောက်မကတဲ့ ရန်ငြိုးကို မချေဖျက်နိုင်သရွေ့ တစ်ရက်ကလေးတောင် မပေါ့ဆနဲ့လို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေးနေမိမှာပဲ။ ပြီးရင်တော့ ရန်သူရဲ့ ခြေရာကို တိတ်တဆိတ် စုံစမ်းပြီး အခွင့်ကောင်းရတာနဲ့ သူ့ကို အရက်စက်ဆုံး နည်းလမ်းတွေနဲ့ လက်စားချေပစ်မယ်”
လင်းကျင်းရီက…
“မှန်တယ်…ငါလည်း အဲဒီလိုပဲ စဉ်းစားခဲ့တာ။ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်ပြီးတဲ့နောက် သိုင်းပညာကို သင်ယူဖို့အတွက် ဆရာတစ်ဦးကို သွားရှာခဲ့တယ်။ ငါ့ရဲ့ ကျင့်ကြံမှုက လုံလောက်ပြီလို့ ခံစားရတဲ့အခါ ဆရာ့ကို နှုတ်ဆက်ပြီး ငါ့မိသားစုအတွက် ကလဲ့စားချေဖို့ လုံရှားဂိုဏ်းက လူတွေအားလုံးကို သတ်ပစ်ဖို့ ပြင်ဆင်ခဲ့တယ်”
ရန်ရှင်းကျိုးက မေးလိုက်သည်။
“ပြီးတော့ကော... ဘာတွေ ထပ်ဖြစ်ခဲ့သေးလဲ”
အကယ်၍ လင်းကျင်းရီသာ ကလဲ့စားချေနိုင်ခဲ့ပါက ယနေ့တွင် ယခုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ကြောင်း ရန်ရှင်းကျိုး သိသည်။
လင်းကျင်းရီက ပြောလိုက်သည် ။
“ငါ တောင်ပေါ်က ဆင်းလာတဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တုန်းက လုံရှားဂိုဏ်းက
ချွမ်းစန်းဒေသက နတ်ဆိုးကိုယ်တော်တစ်ပါးကို သွားရောက်ပြစ်မှားခဲ့မိတယ်လို့ သိရတယ်။
တစ်ညတည်းနဲ့တင် အဲဒီကိုယ်တော်က လုံရှားဂိုဏ်းဝင် အများစုကိုသတ်ပစ်ခဲ့တယ်။ လုံရှားဂိုဏ်းရဲ့
ဂိုဏ်းချုပ်ဖြစ်တဲ့ လင်ထွေးစိတောင်မှ
ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး
ဘယ်ရောက်သွားမှန်း မသိဘဲ ပျောက်ကွယ်သွားခဲ့တယ်”
ရန်ရှင်းကျိုးက ပြောလိုက်သည်။
“နှမြောစရာပဲ... တကယ့်ကို နာကျည်းစရာကောင်းလှတယ်။ မင်းရဲ့ လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ
ကလဲ့စားမချေလိုက်ရဘူးပေါ့”
လင်းကျင်းရီက
“အဲဒီအချိန်တုန်းက ငါ့နှလုံးသားတစ်ခုလုံး ရေခဲလို အေးစက်သွားခဲ့တယ်။
လုံရှားဂိုဏ်းဝင်တွေလည်း အကုန်နီးပါး
သေဆုံးသွားပြီဖြစ်သလို ဂိုဏ်းချုပ်ကလည်း
ပျောက်ကွယ်သွားပြီ။ ဒီလောက် ကျယ်တဲ့ လောကကြီးထဲမှာ ငါ ဘယ်နေရာမှာ သွားရှာရမလဲ။ လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လုံးလုံး ငါဟာ
တောမရှောင် တောင်မရှောင် လျှောက်သွားခဲ့ပြီး တစ်ရက်ကလေးတောင် စိတ်အေးလက်အေး
မအိပ်နိုင်ခဲ့ဘူး။ ရန်သူ့ခြေရာကို ရှာဖွေနိုင်ဖို့အတွက်
နေရာအနှံ့မှာ လိုက်လံစုံစမ်းခဲ့တယ်”
သူက ထိုသို့ပြောရင်း ခပ်ဖွဖွ ရယ်မောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါတို့နှစ်ယောက် ရန်စီမြစ်တလျှောက် အတူတူ
ခရီးသွားခဲ့တုန်းက ငါတို့ကို ဓားပြတိုက်ဖို့
ကြိုးစားခဲ့တဲ့လူတွေက တကယ်တော့
လုံရှားဂိုဏ်းဝင်တွေပဲ။ ဟားဟား... အဲဒီ
လှေသူကြီးကလည်း သူတို့နဲ့ ပူးပေါင်းကြံစည်နေခဲ့တာ။ သူကလည်း လုံရှားဂိုဏ်းဝင် တစ်ယောက် ဖြစ်နေခဲ့တာကိုး။
အဲဒီအချိန်တုန်းက ငါ့အတွက်တော့ တကယ့်ကို ဝမ်းသာစရာ
အကောင်းဆုံးပဲ။ ဒါနဲ့ ငါလည်း အဲဒီလှေသူကြီးကို အတင်းအကျပ်
မေးမြန်းပြီး သူတို့ဂိုဏ်းချုပ် လင်ထွေးစိရဲ့ တည်နေရာကို စုံစမ်းခဲ့တယ်။
ညီအစ်ကိုရန်... အဲဒီ လင်ထွေးစိက အခု ဘယ်မှာ ပုန်းနေလဲဆိုတာ မင်းသိလား”
ရန်ရှင်းကျိုးက ပြောလိုက်သည်။
“သူက ကျင်းကျိုးမြို့ထဲမှာပဲ ပုန်းနေတာ ဖြစ်မှာပေါ့။ မဟုတ်ရင် ညီအစ်ကိုလင်းရဲ့
ပခုံးရိုးကို သူတို့က ဖောက်ပြီး ကျင်းကျိုးမြို့တံခါးအပြင်ဘက်မှာ ဒီလို
လာပြီး တုပ်နှောင်ထားပါ့မလဲ”
လင်းကျင်းရီက
“လက်ရှိအချိန်မှာ အဲဒီ လုံရှားဂိုဏ်းချုပ်ရဲ့ အဆင့်အတန်းက ဘာဖြစ်နေလဲဆိုတာ မင်း သိလား”
ရန်ရှင်းကျိုးက မေးလိုက်သည်။
“ဘာဖြစ်နေလို့လဲ”
လင်းကျင်းရီက ပြောလိုက်သည်။
“ငါကိုယ်တိုင်တောင် ယုံရခက်ပါတယ်... လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လုံးလုံး
အဲဒီလူက သူ့ကိုယ်သူ ကျင်းကျိုးမြို့ဝန်အဖြစ် အသွင်ပြောင်းထားခဲ့တာပဲ
သာမန်အရပ်သားတွေနဲ့ ကုန်သည်တွေကို အဓမ္မသတ်ဖြတ်ခဲ့တဲ့ လုံရှားဂိုဏ်းရဲ့
ဂိုဏ်းချုပ်ကြီးဖြစ်တဲ့ လင်ထွေးစိဟာ တကယ်တော့
ကျင်းကျိုးမြို့ဝန် ဖြစ်နေခဲ့တာပဲ”
ရန်ရှင်းကျိုးသည် မြို့ဝန် လင်ထွေးစိမှာ မည်သူဖြစ်ကြောင်းကို သတိရသွားပြီး အော်လိုက်သည်။
“ငါ သိပြီ... ဒီလူက ဘယ်သူလဲဆိုတာ ငါ သိပြီ တကယ်ပဲ သူ ဖြစ်နေတာကိုး”
***