အခန်း ၁၂
Vol. 2 Ch. 12
ပြိုင်ဖက်ကင်းဓားသမား
အခန်း (၁၂) - ခန်းမဆောင်အတွင်းသို့ စီးနင်းဝင်ရောက်ခြင်း
‘လျန်ချန်ကျမ်း’ဇာတ်လမ်းထဲတွင် ကျင်းကျိုးမြို့ဝန်
လင်ထွေးစိသည် ယခင်က လုံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖြစ်ခဲ့ဖူးလေသည်။ နောက်ပိုင်းတွင် လုံရှားဂိုဏ်းဝင်များက သွေးဓားဘိုးဘေးကို သွားရောက်ရန်စမိသဖြင့် သွေးဓားဘိုးဘေးက သတ်ဖြတ်ခဲ့ပြီး တစ်ချိန်က အင်အားကြီးမားခဲ့သောလုံရှားဂိုဏ်းကို အမြစ်ပြတ်အောင် ခြေမှုန်းပစ်ခဲ့သည်။
ဂိုဏ်းချုပ် လင်ထွေးစိသည်လည်း သူ၏ အမည်နှင့် အဆင့်အတန်းကို ဖုံးကွယ်ကာ မည်သူ့ရှေ့တွင်မျှ
လူလုံးမပြဘဲ ပုန်းအောင်းနေခဲ့ရသည်။
ထိုအချိန်က သူ့တွင် သမီးဖြစ်သူ လင်ရွှမ်းဟွာ ရှိနေပြီ ဖြစ်သည်။ နောက်ပိုင်း ဂန္ဓမာပန်းပွဲတော်တစ်ခုတွင် လင်ရွှမ်းဟွာသည် ဒင်ဒီယန်နှင့် ဆုံတွေ့ခဲ့ရာ သူတို့နှစ်ဦးကြားတွင် အချစ်ဇာတ်လမ်းတစ်ခု စတင်ခဲ့သည်။
လင်ထွေးစိ ကျင်းကျိုးမြို့ဝန် ဖြစ်လာပြီးနောက် ဒင်ဒီယန်ထံမှ “လျန်ချန်ကျမ်း” လျှို့ဝှက်ချက်ကို ရယူရန်အတွက် ဒင်ဒီယန်ကို အကျဉ်းထောင်ထဲသို့ ထည့်ကာ ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သော်လည်း အဆုံးတွင် လက်လျှော့ခဲ့ရသည်။
နောက်ပိုင်းတွင် လင်ရွှမ်းဟွာသည် ဒင်ဒီယန်အတွက်ကြောင့်ပင် မျက်နှာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဓားဖြင့်မွှန်းပစ်ခဲ့ကာ ဒင်ဒီယန်နှင့် ဘယ်သောအခါမှ ထပ်မတွေ့တော့ရန် သစ္စာဆိုခဲ့သည်။ သို့သော် သူမသည် နေ့စဉ်နေ့တိုင်း ပြတင်းပေါက်ဘောင်ပေါ်တွင် ဂန္ဓမာပန်းအိုးတစ်လုံးကို တင်ထားလေ့ရှိပြီး အကျဉ်းထောင်ထဲရှိ ဒင်ဒီယန်နှင့် တိတ်တဆိတ် စကားပြောဆို ဆက်သွယ်ခဲ့သည်။
နောင်တွင် တိယွန်း အကျဉ်းကျခံရပြီးနောက် ဒင်ဒီယန်နှင့် ဆုံတွေ့ခဲ့ကာ ရှင်ကျောက်ကျမ်း သိုင်းပညာကို ရရှိခဲ့သည်။ ထို့နောက် ဒင်ဒီယန် သေဆုံးသွားကာ တိယွန်းက ထွက်ပြေးသွားခဲ့ပြီး ကာမရူးကိုယ်တော် ပေါင်ရှန်းကို အဆိပ်ခတ်သတ်ဖြတ်ကာ သွေးဓားဘိုးဘေး၊ ရွှေစိမ့်တို့နှင့် ဆုံတွေ့ခဲ့ပြီး ရင်သပ်ရှုမောဖွယ် ခရီးကြမ်းကြီးကို စတင်ခဲ့သည်။
ဤဇာတ်လမ်းတွင် စာဖတ်သူအများအပြားက ဒင်ဒီယန်နှင့် လင်ရွှမ်းဟွာတို့၏ အချစ်ကို ယိမ်းယိုင်မှုမရှိသော သစ္စာရှိအချစ်၏ ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သူတို့အားလုံးက ဒင်ဒီယန်သည် တကယ့်ကို အချစ်ကြီးပြီး သစ္စာရှိသော ယောက်ျားတစ်ဦးအဖြစ် ယူဆကာ သနားကရုဏာ သက်မိကြသည်။
သို့သော် ရန်ရှင်းကျိုး၏ အမြင်တွင် ထိုအရာအားလုံးမှာ လုံးဝကို အဓိပ္ပာယ်မရှိသော အမှိုက်များသာ ဖြစ်ပေသည်။
“ဒင်ဒီယန်က လင်ရွှမ်းဟွာကို ချစ်လို့ ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ပို့တယ်ဆိုတာက မင်းကိစ္စပဲ။ ဒါပေမဲ့ လင်ရွှမ်းဟွာရဲ့ ဖခင်ဖြစ်တဲ့ မြို့ဝန် လင်ထွေးစိကတော့ မကောင်းမှုပေါင်းစုံကို ကျူးလွန်ထားတဲ့ လူတစ်ယောက် ဖြစ်တာတောင် မင်းက မျက်ကွယ်ပြုထားတာကတော့ တကယ်ကို သည်းမခံနိုင်စရာပဲ”
ထို့အပြင် ကျန်းဟူမှ သိုင်းသမားများက မြို့ဝန် လင်ထွေးစိကို လာရောက် လုပ်ကြံသည့် အခါတိုင်း ဒင်ဒီယန်နှင့် တွေ့ဆုံမိပါက သူသည် ထိုကျန်းဟူသိုင်းသမားများကို ဝင်ရောက် တိုက်ခိုက်ကာ ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းဖြင့် မြို့ဝန် လင်ထွေးစိကို အမြဲ ကာကွယ်ပေးလေ့ရှိသည်။
ဒါကိုတောင်မှ လူတွေက သူ့ကို သူရဲကောင်းဒင် လို့ ခေါ်နေကြသေးတယ် ဒီလို အာဏာရှင်
ဖောက်ပြန်သူကို ကူညီပြီး အချစ်ဦးနှောက်စားနေတဲ့ အရူးတစ်ယောက်၊ ကောင်းဆိုးအမှားအမှန်ကိုတောင်
မခွဲခြားနိုင်တဲ့လူကိုမှ သူရဲကောင်းလို့ ခေါ်မယ်ဆိုရင် သိုင်းလောကတစ်ခုလုံးက လူတွေအားလုံးကို သူရဲကောင်းလို့
ခေါ်ရလိမ့်မယ်။
ယောက်ျားကောင်း တစ်ယောက်အတွက် ဇနီးမယား မရှိမှာက စိုးရိမ်စရာကိစ္စမဟုတ်ပေ။ ရန်ရှင်းကျိုးသည် မိမိကိုယ်တိုင်သာ ဖြစ်ပါက မည်သို့လုပ်မည်ကို တွေးတောမိသည်။ အကယ်၍ သူသာ ဒင်ဒီယန်၏ သိုင်းပညာအဆင့်အတန်းမျိုး ရှိခဲ့ပါက လင်ရွှမ်းဟွာအပေါ် သံယောဇဉ်ရှိနေသော်လည်း မြို့ဝန် လင်ထွေးစိ၏ မကောင်းမှုများကို သိရှိသွားသည်နှင့် ချက်ချင်းပင် လင်ထွေးစိ၏ခေါင်းကို ဖြတ်ကာ ထွက်ခွာသွားပေလိမ့်မည်။ လင်ရွှမ်းဟွာနှင့် သူ၏ အချစ်ရေးကိုလည်း လွယ်လွယ်ကူကူပင် လက်လွှတ်လိုက်မည် ဖြစ်သည်။ လူ့ဘဝတွင် နှလုံးသားကွဲကြေရသည့်အဖြစ်မျိုး တစ်ကြိမ်မက ကြုံဖူးကြသည်သာ
မဟုတ်ပါလော။
သမိုင်းတစ်လျှောက်တွင် အချစ်ရေး၌ စွဲလမ်းရူးသွပ်ခဲ့သည့် သူရဲကောင်း အများကြီးရှိခဲ့ပြီး အချစ်နောက်သို့ အရူးအမူး လိုက်ခဲ့သူတိုင်းသည် အဆုံးသတ်မလှခဲ့ကြပေ။ ရှေးလူကြီးများ၏ ဖြစ်ရပ်များက ယင်းအတွက် ရှင်းလင်းသော သက်သေသာဓကပင်
ဖြစ်သည်။ ရှေးခေတ်က ကျဲ့ဘုရင်၊ ကျိုးမင်းဆက်မှ ယူဘုရင်၊ကုန်းဘောင်မင်းဆက်မှ သီပေါဘုရင် နောက်ဆုံးမင်းဆက်၏ မင်းဆိုးမင်းညစ်များနှင့် အခြားသော မင်းတို့သည် သတိသံဝေဂရစရာ စံနမူနာများ ဖြစ်ကြသည်။
ရန်ရှင်းကျိုးသည် အချစ်ရေးနှင့် သံယောဇဉ်များကို သိပ်ပြီး တန်ဖိုးမထားဘဲ နေတတ်သူဖြစ်ရာ ထိုကဲ့သို့ အချစ်ရူးများ၏
အတွေးကို နားမလည်နိုင်ပေ။ သူ၏အမြင်တွင် ထိုသို့သော အချစ်ရူးများအားလုံးမှာ ဒင်ဒီယန်ကဲ့သို့သောလူမျိုး
ဖြစ်သည်။ ၎င်းမှာ မိုက်ရုံသာမကဘဲ ယုတ်မာကောက်ကျစ်ခြင်းလည်း
ဖြစ်ပေသည်။ လင်ရွှမ်းဟွာ တစ်ယောက်တည်းအတွက်နှင့် မြို့ဝန် လင်ထွေးစိ၏
အသက်ကို ကာကွယ်ပေးရင်း ကျန်းဟူမှ သိုင်းသမားသူရဲကောင်း အမြောက်အမြားကို
ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ဤအချက်တစ်ခုတည်းနှင့်တင် ထိုသူသည်
သေထိုက်သည်။
မေနျန်ရှန်း၏ တပည့်သုံးဦးမှာလည်း လူကောင်းမဟုတ်သလို ဒင်ဒီယန်သည်လည်း
လူကောင်းတစ်ယောက် မဟုတ်ပေ။ သို့သော်
ရန်ရှင်းကျိုးသည် ယခုအချိန်တွင် သူ၏
ကိုယ်ပိုင်အစွမ်းအစမှာ မည်မျှအထိ ရှိသည်ကို အသေအချာ
မသိသေးသဖြင့် ယင်းကဲ့သို့သော သိုင်းပညာရှင်တစ်ဦးကို မဆင်မခြင် သွားရောက်မတိုက်ခိုက်ဝံ့ပေ။ မဟုတ်ပါက အကယ်၍ သူရှုံးနိမ့်ပြီး အသတ်ခံရလျှင် သူတပါး၏ လှောင်ပြောင်စရာ ဖြစ်သွားပေလိမ့်မည်။
ဤကမ္ဘာရှိ သွေးဓားဘိုးဘေးနှင့် ပတ်သက်၍လည်း လောလောဆယ်တွင် သူ၏ကျင့်ကြံမှုမှာ မလုံလောက်သေးဟု ခံစားရသဖြင့် တိတ်တဆိတ် အားဖြည့်ကျင့်ကြံကာ လုံလောက်သွားမှ ဆုံတွေ့ရန် စဉ်းစားထားသည်။
သူသည် စိတ်ဓာတ်ရဲရင့်ထက်သန်သော်လည်း အလွန်စေ့စပ်သေချာပြီး မသေချာသောကိစ္စများကို လုပ်ခဲသည်။ သို့သော် လင်းကျင်းရီမှာ ကျင်းကျိုးမြို့ပြင်တွင် ကြိုးတုပ်ခံထားရပြီး ပခုံးရိုးကို သံချိတ်များဖြင့် ထိုးဖောက်ခံရကာ တစ်ကိုယ်လုံး လူရုပ်မပေါက်တော့သည်ကို
မြင်လိုက်ရသောအခါ ရင်ထဲ၌ ဒေါသမီးတောက်များ တောက်လောင်လာတော့သည်။ သူသည် မြို့တံခါးဝရှိ ဝိုင်းအုံကြည့်ရှုနေသူများကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
“မင်းတို့ ကြားကြလား အခု ကျင်းကျိုးမြို့ရဲ့ မြို့ဝန်ဟာ တစ်ချိန်က မကောင်းမှုမျိုးစုံ လုပ်ခဲ့တဲ့ လုံရှားဂိုဏ်းရဲ့
ဂိုဏ်းချုပ်ကြီးဆိုတာ… ဒီလိုမျိုး ဓားပြခေါင်းဆောင်တစ်ယောက်က တရားရုံးတော်ရဲ့ ခန်းမအလယ်မှာ ထိုင်နေတာကို မင်းတို့က ကောင်းကျိုးတွေ မျှော်လင့်နေကြသေးတာလား”
သူသည် ခါးမှ ဓားကို ဆွဲထုတ်ကာ ချက်ချင်းပင် ခုတ်ချလိုက်၏။
ရှပ်...
လင်းကျင်းရီကို လက်ထိပ်ခတ်ထားသော သံကြိုးမှာ ပြတ်တောက်သွားတော့သည်။
ထို့နောက် နောက်ထပ်တစ်ချက် ထပ်မံခုတ်ချလိုက်ရာ ခြေချင်းသံကြိုးများမှာလည်း
ဓားသွားအောက်တွင် အစိတ်စိတ်အမွှာမွှာ ပြတ်ထွက်သွားလေသည်။
သူ ဓားကို ယခုကဲ့သို့ အသုံးပြုလိုက်သည်ကို မြင်သောအခါ လင်းကျင်းရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ထိုဓားမြှောင်ကို ရန်ရှင်းကျိုး ဝယ်ယူခဲ့စဉ်က လင်းကျင်းရီ ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ၎င်းမှာ ရိုးရိုးဓားတစ်လက်သာ ဖြစ်ပြီး သာမန်ပန်းဘဲဆရာတစ်ဦး ကြမ်းတမ်းစွာ ထုလုပ်ထားသော အရည်အသွေးနိမ့် ပစ္စည်းတစ်ခုသာ ဖြစ်ကြောင်း သူကောင်းစွာ သိရှိသည်။
သို့သော် ယခုအခါ ရန်ရှင်းကျိုး၏ လက်ထဲတွင်မူ ထိုဓားသည် သံကို ရွှံ့ကဲ့သို့ ဖြတ်တောက်နိုင်သော စွမ်းအားမြင့်လက်နက်ဆိုးကြီးတစ်ခုအသွင်
ပြောင်းလဲသွားကာ သံကြိုးကြီးများကို သစ်သားတုံးကဲ့သို့ ချက်ချင်း ဖြတ်တောက်နိုင်သည်။
“ညီအစ်ကိုရန်... ဘယ်လောက်တောင် ကောင်းမွန်လှပတဲ့ ဓားကွက်နဲ့ အံ့မခန်းစရာကောင်းတဲ့ အတွင်းအားလဲဗျာ”
လင်းကျင်းရီက ရန်ရှင်းကျိုးကို ကြည့်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။
“ငါ့မှာသာ မင်းလို ကျင့်ကြံမှုမျိုး ရှိခဲ့မယ်ဆိုရင် မြို့ဝန် လင်ထွေးစိကို ငါ ကိုယ်တိုင် သတ်ပစ်နိုင်ခဲ့မှာ”
ရန်ရှင်းကျိုးက ပြောလိုက်သည်။
“သူ့ကို သတ်ဖို့ အခုလည်း နောက်မကျသေးပါဘူး”
သူက မြင်းကို အနားသို့ ဆွဲယူခဲ့ပြီး လင်းကျင်းရီကို မြင်းပေါ်သို့ တွဲတင်ပေးရင်း
ပြောလိုက်သည်။
“ညီအစ်ကိုလင်း... အရင်ဦးဆုံး ပုန်းအောင်းဖို့ နေရာတစ်ခု သွားရှာလိုက်ဦး။ ငါ မြို့ဝန် လင်ထွေးစိကို သတ်ပြီးတာနဲ့ ငါတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့”
ထိုသို့ပြောပြီးနောက် ရန်ရှင်းကျိုးသည် ဓားရှည်ဖြင့် ရှေ့တွင် တစ်ချက် ဝှေ့ယမ်းလိုက်ကာ အော်လိုက်သည်။
“မသေချင်တဲ့ကောင်တွေ အကုန်လုံး ထွက်သွားကြစမ်း ရဲမတ်တွေ... မင်းတို့
အသက်ရှင်ချင်ရင် အဝေးဆုံးကို လစ်လိုက်ကြတော့။
ငါ့သူငယ်ချင်းကို တားရဲတဲ့ကောင် ရှိရင် မနက်ဖြန် မင်းတို့
မိသားစုတစ်ခုလုံးကို ငါ ရှင်းပစ်မယ်”
ဘေးမှ ဝိုင်းအုံကြည့်နေသူများအားလုံး တုန်တုန်ရီရီ ဖြစ်သွားကြသည်။ သူတို့သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ချက်ချင်းပင် လမ်းခွဲကာ ထွက်ပြေးသွားကြတော့သည်။ ရန်ရှင်းကျိုးသည် မြို့တံခါးဝတွင် မတ်တတ်ရပ်နေသည်။
လင်းကျင်းရီ အဝေးသို့ ရောက်ရှိသွားပြီးနောက် သူသည်
မြို့ဝန်ရုံး၏ တည်နေရာကို မေးမြန်းလိုက်သည်။ ထို့နောက် လူအများကြားမှပင် ပေါ့ပါးသွက်လက်စွာ
သိုင်းကွက်ကို အသုံးပြုကာ မြို့အတွင်းသို့ တိုက်ရိုက်
ဝင်ရောက်သွားတော့သည်။
ဘေးလူများ၏ အမြင်တွင်မူ ရန်ရှင်းကျိုးသည် လင်းကျင်းရီကို ကယ်တင်ပြီးသည်နှင့် ချက်ချင်းပင် ကျင်းကျိုးမြို့မှ ထွက်ပြေးကာ ပုန်းအောင်းသင့်သည်ဟု
ထင်ကြသည်။
သို့သော် ရန်ရှင်းကျိုးသည် နောက်ဆုတ်မည့်အစား ရှေ့သို့
ဆက်တိုးရန် ဆုံးဖြတ်ကာ ကျင်းကျိုးမြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သဖြင့် လူအများ အံ့သြနေကြစဉ်မှာပင် ရန်ရှင်းကျိုးသည် မြို့အတွင်းသို့ ရောက်ရှိနေပြီး အိမ်ခေါင်မိုးများနှင့် တံတိုင်းများကို ဖြတ်ကျော်လျက် ပျောက်ကွယ်သွားတော့သည်။
ကျင်းကျိုးမြို့မှာ ကြီးမားလှသည်မဟုတ်ပေ။ ရန်ရှင်းကျိုးသည် သူ၏ သိုင်းပညာကို အသုံးပြုကာ ခဏချင်းအတွင်းမှာပင် မြို့ဝန်ရုံးရှေ့သို့ ရောက်ရှိသွားသည်။ သူသည် စဉ်းစားလိုက်ပြီးနောက် အနောက်ဘက်ခြံဝင်းဆီသို့ လှည့်ပတ်သွားလိုက်သည်။ သူသည် ဘေးတံခါးမှ မဝင်ဘဲ ဘေးဘက်ရှိ အုတ်တံတိုင်းအနီးသို့ ကပ်သွားကာ သူ၏ အားအင်အားလုံးဖြင့်လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့
တွန်းထုတ်လိုက်သည်။
“ပွင့်စမ်း”
[ဘုန်း...]
အုတ်တံတိုင်းတစ်ခုလုံးသည် သူ၏ လက်ဖဝါးကြောင့် ချက်ချင်းပင် အပေါက်ကြီးတစ်ခု
ဖြစ်သွားကာ အုပ်ခဲများနှင့် ဖုန်မှုန့်များ နေရာအနှံ့သို့
လွင့်စင်သွားတော့သည်။
နောက်ဖေးခြံဝင်းအတွင်း အလုပ်ရှုပ်နေကြသော အစေခံများနှင့် အိမ်ဖော်အမျိုးသမီး
အချို့သည် အသံကြောင့် လှည့်ကြည့်လိုက်ရာ ရန်ရှင်းကျိုးကို မြင်ပြီး ဆွံ့အလျက် ကြောင်အမ်းသွားကြသည်။
ရန်ရှင်းကျိုးသည် ခြံဝင်းထဲသို့ အရှိန်အဟုန်ဖြင့် လှမ်းဝင်သွားပြီး အနီးရှိ
အစေခံတစ်ဦး၏ လည်ပင်းကို လှမ်းဖမ်းကာ တိုးညင်းစွာ မေးလိုက်သည်။
“မင်းတို့ မြို့ဝန် ဘယ်မှာလဲ”
ထိုအစေခံမှာ ကြောက်လန့်တုန်လှုပ်နေပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
“သူ... သူ ခုနတင် စာကြည့်ခန်းထဲမှာ ရှိနေတာပါ၊ ဒါပေမဲ့ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ အခု အရှေ့ ခန်းမဆောင်ကြီးဆီ သွားသွားပါတယ် ခင်ဗျာ”
ရန်ရှင်းကျိုးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထိုအစေခံကို ဘေးသို့ ပစ်ချကာ ရှေ့သို့ လှမ်းဝင်သွားပြီး လမ်းတွင် တွေ့သမျှ လူများကို ဘေးဖယ်ကာ အရှေ့ဘက်ရှိ ခန်းမဆောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
သူသည် ဘေးတံခါးဝသို့ ရောက်ရှိသွားစဉ်မှာပင် အမျိုးသားတစ်ဦး၏ ပြောသံကို
ကြားလိုက်ရသည်။
“ရဲမတ်သုံးစုနဲ့ မှုခင်းအရာရှိအချို့ကို ချက်ချင်းခေါ်စမ်း၊ လေး၊ မြှား၊ ဓားနဲ့
ပုဆိန်တွေကို အဆင်သင့်ပြင်ထားပြီး မြို့တံခါးဝမှာ ပြဿနာရှာတဲ့ ဓားပြကို
ငါ့ရှေ့ကို ဖမ်းခေါ်လာခဲ့စမ်း။ ငါ သူ့ကို သေချာ စစ်မေးရမယ်...”
ရန်ရှင်းကျိုးသည် ကြောင်တစ်ကောင်ကဲ့သို့ အသံမထွက်ဘဲ အသာအယာ လျှောက်လှမ်းကာ
ခန်းမဆောင်အတွင်းသို့ တိတ်တဆိတ် ရောက်ရှိသွားသည်။ သူ မျက်လုံးကို
ဖွင့်ကြည့်လိုက်ရာ စားပွဲခုံနောက်တွင် ထိုင်နေသော မျက်နှာဖြူဖြူနှင့်
နှုတ်ခမ်းမွေးပါးပါးရှိသည့် အလယ်အလတ်အရွယ်
အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုသူသည် ယူနီဖောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ယဉ်ကျေးသိမ်မွေ့ကာ အခန့်သား
ထိုင်နေလျက် အရာရှိတစ်ဦး၏ အာဏာနှင့် ခန့်ညားမှုကို ထုတ်ဖော်ပြသနေသည်။
“ထပ်ပြီး စဉ်းစားနေစရာ မလိုတော့ဘူး၊ ဒီလူက မြို့ဝန် လင်ထွေးစိပဲ ဖြစ်ရမယ်”
ရန်ရှင်းကျိုးသည် ထိုသူကို မြင်သည်နှင့် တပြိုင်နက် လေထဲသို့ ခုန်တက်လိုက်သည်။ သူသည် လေထဲတွင် ဝဲပျံနေစဉ်မှာပင် ဓားမြှောင်ကို မြှောက်ကာ မြို့ဝန်အရာရှိ၏ ဦးခေါင်းဆီသို့ အားကုန် ခုတ်ချလိုက်တော့သည်။