← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

*** ပြိုင်ဖက်ကင်းဓားသမား

အခန်း (၁၃) - ဒင်ဒီယန်

ရန်ရှင်းကျိုးသည် ကျင်းကျိုးမြို့ဝန် လင်ထွေးစိကို သတ်ရန် ရောက်ရှိလာခြင်းဖြစ်ပြီး ယခု ထိုသူကို မြင်တွေ့လိုက်ရပြီဖြစ်ရာ တိုက်ပွဲကို လျင်မြန်စွာ

အဆုံးသတ်နိုင်ရန် ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူ့ကို

သတ်ပြီးသည်နှင့် ချက်ချင်း ဆုတ်ခွာမည်ဖြစ်သည်။ တစ်ချက်တည်းနှင့် အပြတ်ရှင်းပြီး ချက်ချင်း ဆုတ်ခွာခြင်းသည် ရွှေရောင်စည်းမျဉ်းပင် မဟုတ်ပါလော။

သူသည် ခုန်တက်ကာ လျင်မြန်လှသော အရှိန်ဖြင့် သူ၏ ဓားကို ခုတ်ချလိုက်သည် ။ ခန်းမဆောင်အလယ်တွင် ထိုင်နေသောသူကို ဓားတစ်ချက်တည်းဖြင့် ခန္ဓာကိုယ်

နှစ်ပိုင်းပြတ်သွားစေရန် သူရည်ရွယ်ထားသည်။ သို့သော် ရန်ရှင်းကျိုး စတင်လှုပ်ရှားလိုက်သည်နှင့် ထိုမြို့ဝန်အရာရှိသည် တစ်စုံတစ်ခု

မှားယွင်းနေသည်ကို ရိပ်မိသွားပြီး အနောက်သို့

ဂျွမ်းထိုးလိုက်သဖြင့် ရန်ရှင်းကျိုး၏ ဓားချက်ကို သီသီလေး ရှောင်တိမ်းသွားနိုင်ခဲ့သည်။

[ဘုန်း...]

ရန်ရှင်းကျိုး၏ ဓားချက်ကြောင့် စားပွဲရှည်ကြီးမှာ နှစ်ပိုင်းကွဲသွားတော့သည်။

စားပွဲပေါ်ရှိ တရားခွင်သုံး ဝါးပြားများ၊ ဝါးပြွန်များ၊

အရာရှိတံဆိပ်တုံးများနှင့် စုတ်တံတင်စင်များမှာ လျောကျသွားကာ ရှုပ်ထွေးကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။

တိုက်ခိုက်မှု မအောင်မြင်ပြီးနောက် ရန်ရှင်းကျိုးသည် ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားမိသည်။

“ဒီမြို့ဝန် လင်ထွေးစိရဲ့ သိုင်းပညာက တော်တော်လေး စွမ်းတာပဲ”

သို့သော် သူချက်ချင်းပင် သတိပြန်ဝင်လာသည်။

“သူက တစ်ချိန်တုန်းက လျန်ဟူဒေသ လုံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပဲ။ သူ့မှာ ကျင့်ကြံမှုအဆင့်အတန်းသာ မရှိဘူးဆိုရင် ဒီလိုဂိုဏ်းချုပ်ရာထူးမှာ အကြာကြီး ဘယ်လိုထိုင်နေနိုင်မလဲ။ သူ သိုင်းပညာတတ်ရုံတင်မကဘူး၊ သူ့ရဲ့ ကျင့်ကြံမှုကလည်း နည်းမှာမဟုတ်ဘူး”

ထိုအတွေးသည် စိတ်ထဲတွင် လျှပ်ခနဲ ဖြတ်ပြေးသွားသော်လည်း ရန်ရှင်းကျိုးသည်

ရပ်တန့်မသွားပဲ မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် တပြိုင်နက် အရှိန်ပြင်းစွာ မြို့ဝန် လင်ထွေးစိကို ဆက်လက်

တိုက်ခိုက်တော့သည်။

ရန်ရှင်းကျိုး၏ ဓားချက်ကို ရှောင်တိမ်းပြီးနောက် မြို့ဝန် လင်ထွေးစိသည် မြေပြင်ပေါ်မှ ကုန်းရုန်းထလျက် ထွက်ပြေးပြီး ကျယ်လောင်စွာ အော်တော့သည်။

“လူသတ်သမား ရှိနေတယ်…..ငါ့ကို ကယ်ကြပါဦး”

ခုနက သူ့မျက်နှာတည့်တည့်သို့ ရောက်ရှိလာသော ဓားချက်မှာ သူ့တစ်သက်တာတွင် အန္တရာယ်အရှိဆုံး အခိုက်အတန့် ဖြစ်သည်။ အကယ်၍ သူသာ အနည်းငယ် နောက်ကျခဲ့ပါက သူ့ဦးခေါင်းမှာ နှစ်ခြမ်းကွဲသွားလိမ့်မည်။

သူသည် ပြီးခဲ့သော နှစ်များတွင် ကျန်းဟူသူရဲကောင်းများ၏ လုပ်ကြံမှု မြောက်မြားစွာနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ သို့သော် ထိုကျန်းဟူသိုင်းသမားများသည် နောက်တစ်ရက်တွင် သတ်မှတ်ထားသော အချိန်တွင် လာသတ်မည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားလေ့ ရှိသည်၊ သို့မဟုတ်ပါကလည်း ကျင့်ကြံမှု မလုံလောက်သဖြင့် သူ့လက်ချက်ဖြင့်သာ အသက်ဆုံးရှုံးကြရသည်။ တကယ့် သိုင်းပညာရှင်အစစ်အမှန်များကိုမူ သူက အကျဉ်းထောင်ဖက်သို့ မျှားခေါ်သွားလေ့ရှိပြီး ထိုနေရာတွင် သမီးဖြစ်သူ၏ ရည်စားက ဝင်ရောက် တိုက်ခိုက်ပေးလေ့ရှိသည်။

သို့သော် ရန်ရှင်းကျိုးကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာကာ အတင်းအဓမ္မ ခုတ်ပိုင်းတိုက်ခိုက်သူမျိုးကို မြို့ဝန် လင်ထွေးစိ မကြုံဖူးပေ။ ဓားတစ်ချက်တည်းနှင့်တင် သူသည် အသည်းခိုက်အောင် ကြောက်လန့်သွားရပြီး သူ၏ တည်ငြိမ်မှုနှင့် သိက္ခာတရားများ အားလုံး ပျောက်ကွယ်သွားရသည်။ ကျန်ရှိနေသည်မှာ ထိတ်လန့်တုန်လှုပ်မှုနှင့် အကူအညီမဲ့မှုတို့သာ ဖြစ်ပြီး သူသည် အော်ဟစ်ငိုယိုလျက် အတင်း ထွက်ပြေးလေသည်။

သူ၏ ကျင့်ကြံမှုမှာလည်း မနိမ့်သည့်အတွက် ကြောက်စိတ်၏ လှုံ့ဆော်မှုအောက်တွင် သူ၏ စွမ်းရည်အားလုံး ရုတ်တရက် ထွက်‌ပေါ်လာပြီး အလွန်လျင်မြန်သွားသည်။ ရန်ရှင်းကျိုးသည် နောက်မှ ဓားဖြင့် အမီလိုက်ခဲ့သော်လည်း ခနနှင့် အမီမလိုက်နိုင်‌ပေ။

သူတို့နှစ်ဦး အဝေးသို့ ရောက်သွားပြီးမှ မြို့ဝန်ရုံးအတွင်းရှိ လူများသည် အုတ်‌အော်သောင်းနင်းဖြင့် အော်ဟစ်လူစုခွဲကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အံကြိတ်ကာ နောက်မှ လိုက်လာကြတော့သည်။

မြို့ဝန် လင်ထွေးစိသည် ခဏခဏ လုပ်ကြံခံရသဖြင့် ရုံးတော်မှ ရဲမတ်များမှာလည်း အလွန် ကြောက်လန့်နေကြသည်။ ဘယ်လိုသိုင်းသမားကမဆို သူတို့ကို သဘောမကျပါက ဓားတစ်ချက်တည်းနှင့် အသက်နုတ်သွားနိုင်သည်ကို သူတို့ သိကြသည်။ ထို့ကြောင့် မြို့ဝန် လင်ထွေးစိ တိုက်ခိုက်ခံနေရစဉ်အတွင်း သူတို့အားလုံးနီးပါးသည် အခွင့်အရေးရသည်နှင့် ဆုတ်ခွာသွားတတ်ကြသည်။ မြို့ဝန် လွတ်မြောက်သွားပြီးမှသာ သူတို့သည် ဒုတ်များနှင့်

ဓားများကို ကိုင်ဆောင်လျက် အတင်းအော်ဟစ်ကာ နောက်မှ လိုက်ပါလာကြတော့သည်။

ရုံးတော် အဓိကခန်းမဆောင်၏ ဘေးတစ်ဖက်စီတွင် အခန်းတွဲများစွာ ရှိပြီး ရုံးတော်ဝန်ထမ်းများ၏ တရားဝင် အခန်းများ ဖြစ်သည်။ ထိုနေရာတွင် မှုခင်းအရာရှိများနှင့် ရဲမတ်များ အနားယူရန်နေရာများ၊ လယ်ယာသုံး ကိရိယာမျိုးစုံ သိမ်းဆည်းရာ အခန်းများနှင့် တိုင်းတာရေး

ကိရိယာခန်းများ ရှိရာ အခန်းပေါင်း တစ်ဒါဇင်မက ရှိသည်။

ရုံးတော်၏ ညာဘက်အကျဆုံးနေရာတွင် ကျင်းကျိုးမြို့၏ အကျဉ်းထောင် ရှိသည်။ မြို့ဝန် လင်ထွေးစိ ပြေးဝင်နေသည့် လမ်းကြောင်းမှာ ထိုအကျဉ်းထောင်ဆီသို့ ဖြစ်ပြီး သူသည် ပြေးလွှားရင်း အော်ဟစ်အကူအညီ‌တောင်းနေသည်။

ရန်ရှင်းကျိုးက ဓားကို ကိုင်ဆောင်ထားရင်း မြို့ဝန် လင်ထွေးစိနှင့် တစ်စတစ်စ ပိုမိုနီးကပ်လာသည်ကို မြင်လိုက်ရသည်။ ရန်ရှင်းကျိုးက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို အားယူလျက် ‌ ဓားကို တည့်တည့်ဆန့်ထုတ်ကာ မြို့ဝန် လင်ထွေးစိ၏ ကျောပြင်ကို ထိုးဖောက်ရန် အသင့်ဖြစ်နေသည်။

နေရောင်ခြည်မှာ လျှောက်လမ်းတစ်လျှောက် လင်း‌နေပြီး မျက်လုံးထောင့်မှတစ်ဆင့် မြို့ဝန် လင်ထွေးစိသည် မိမိထံသို့ ထိုးဝင်လာသော ဓားရိပ်ကို မြင်လိုက်ရသည်။ သူသည် ထိတ်လန့်သွားပြီး အော်ဟစ်လျက် ခန္ဓာကိုယ်ကို အတင်းလွှဲကာ အနီးရှိ အကျဉ်းထောင်တံခါးဆီသို့ ပြေးဝင်လိုက်တော့သည်။

[ဘုန်း...]

ယခုကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ခန္ဓာကိုယ်ကို လွှဲလိုက်ခြင်းကြောင့် သူ၏ သွေးနှင့် ချီစွမ်းအင် တို့မှာ ထိန်းမနိုင်သိမ်းမရ လှုပ်ရှားသွားကာ ရှေ့သို့ မှောက်ခုံလဲကျသွားပြီး အကျဉ်းထောင်တံခါးကို ဝင်တိုက်လျက် လိမ့်ဝင်သွားတော့သည်။ ခြေကုပ်ပြန်ရသည်နှင့် တပြိုင်နက် သူသည် အကျဉ်းထောင်အတွင်းသို့ ပြေးဝင်သွားတော့သည်။

အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ရုတ်တရက်မှောင်ကျသွားသည်ကို ခံစားလိုက်ရသည်။ အပြင်လောကနှင့် တံခါးတစ်ချပ်သာ ခြားထားသော်လည်း လုံးဝ ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုကဲ့သို့ ခံစားရစေသည်။

ရန်ရှင်းကျိုး၏ ခြေလှမ်းများမှာ ရပ်တန့်သွားသည်။ သူသည် ဝင်ပေါက်တွင် ခေတ္တမတ်တတ်ရပ်နေပြီး မျက်လုံးများက အတွင်းပိုင်းရှိ အမှောင်နှင့် အသားကျသွားပြီးနောက်မှသာ ရှေ့သို့ လျှောက်လှမ်းခဲ့သည်။

သူ၏ ရှေ့တွင် မြို့ဝန် လင်ထွေးစိသည် အကျဉ်းထောင်နံရံကို မှီလျက်လဲကျမတတ် ယိုင်ထိုးကာ ရှေ့သို့ သွားနေသည်။ ရန်ရှင်းကျိုးက အေးစက်စွာ ပြုံးလိုက်သည်။ စဉ်းစားပြီးနောက် သူသည် ဓားကို ကျောဘက်သို့ ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ၏ ဓားရှည်ကို ဖြည်းညင်းစွာ ပြန်လည် ဆွဲထုတ်လိုက်ပြီး မြို့ဝန် လင်ထွေးစိ၏နောက်သို့ လှမ်းသွားခဲ့သည်။ သူ အနားသို့ ရောက်ရှိသွားသောအခါ ဖြည်းဖြည်းချင်း ရပ်တန့်လိုက်သည်။

မြို့ဝန် လင်ထွေးစိသည် အကျဉ်းခန်းတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး တီးတိုးပြောလိုက်သည်။

“ဒင်... တစ်ယောက်ယောက်က ငါ့ကို သတ်ချင်နေတယ်”

အကျဉ်းခန်းအတွင်းမှ အနည်းငယ် အက်ကွဲကာ အသံတစ်သံ ထွက်ပေါ်လာသည်။

“ကျက်သရေရှိလှတဲ့ ကျင်းကျိုးမြို့ဝန်ကြီးက နေ့တိုင်း လုပ်ကြံခံနေရတာလား။ လင်မြို့ဝန်... မင်းရဲ့ မြို့ဝန်သက်တမ်းက သိပ်ပြီး အဆင်မပြေလှဘူး ထင်တယ်”

မြို့ဝန် လင်ထွေးစိက ဒေါသတကြီးဖြင့် စိုးရိမ်တကြား ပြောလိုက်သည်။

“စကားမများစမ်းနဲ့… ဒီတစ်ခါ လာတဲ့လူက သာမန်မဟုတ်ဘူး ငါ ခုနတင် သူ့လက်ထဲမှာ သေလုမတတ် ဖြစ်ခဲ့ရတာ”

အကျဉ်းခန်းအတွင်းရှိ လူက အံ့သြသံပြုလျက် မေးလိုက်သည်။

“အဲဒီလူ ဘယ်မှာလဲ”

မြို့ဝန် လင်ထွေးစိက ပြောလိုက်သည်။

“ငါ့ရဲ့ အနောက်တည့်တည့်မှာပဲ... သူ ဒီကို ရောက်နေပြီ”

အကျဉ်းခန်းအတွင်းရှိ လူသည် အံ့အားသင့်သွားသည်။

“ငါ ဘာလို့ သူ့ရဲ့ ခြေသံကို မကြားရတာလဲ။ အင်း... အခုတော့ ကြားရပြီ။ သူ ဘာလို့ ချက်ချင်း ရပ်သွားတာလဲ။ မဟုတ်တော့ဘူး…. သူ စွမ်းအင်တွေ စုစည်းနေပြီ... မြန်မြန် ရှောင်စမ်း”

အကျဉ်းခန်းအတွင်းရှိ လူ စကားပင် မဆုံးသေးမီမှာပင် ရန်ရှင်းကျိုးသည် ငြိမ်သက်နေရာမှ လှုပ်ရှားလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ လျှပ်တစ်ပြက် ပြေးဝင်သွားကာ ဓားဖျားက မြို့ဝန် လင်ထွေးစိ၏ ရင်ဘတ်ဆီသို့ ထိုးဝင်သွားတော့သည်။

[ဘုန်း...]

မြို့ဝန် လင်ထွေးစိသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အနောက်သို့ ဆုတ်ခွာလိုက်စဉ်မှာပင် သူ၏ ဘေးရှိ အကျဉ်းခန်းတံခါးမှာ ရုတ်တရက် ပွင့်ထွက်ကာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။ လွင့်စင်သွားသော သစ်သားစများကြားမှ အရိပ်တစ်ခုသည် ဝုန်းခနဲ ပြေးထွက်လာပြီး ခပ်တိုးတိုး ငြီးငြူကာ ရန်ရှင်းကျိုး ထိုးသွင်းလိုက်သော ဓားသွားကို လက်ဖြင့်လှမ်းဖမ်းလိုက်၏ ။

ထိုသို့ လှမ်းဖမ်းလိုက်သည့် လှုပ်ရှားမှုမှာ လျင်မြန်လှသည်။ ရန်ရှင်းကျိုးသည် ဓားကွက်ကို ပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ညာဘက်လက်တွင် ထုံကျဉ်သွားသည်ဟု ခံစားလိုက်ရပြီး ဓားရှည်သည် လက်ထဲမှ လွင့်ထွက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော အင်အားတစ်ခုသည် လက်ဖဝါးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားကာ သွေးနှင့် စွမ်းအင်များကို တုန်ခါသွားစေသဖြင့် သူသည် နောက်သို့ ခြေလှမ်းများစွာယိုင်ထိုးဆုတ်ခွာသွားရပြီး ရင်ဘတ်ထဲတွင် အနည်းငယ် ပိတ်ဆို့သွားသလို ခံစားလိုက်ရသည်။

သူ၏ ခြေကုပ်ပြန်လည် ယူပြီးမှသာ ထိုတိုက်ခိုက်လိုက်သော လူ၏ ပုံစံကို မြင်တွေ့လိုက်ရသည်။ ထိုသူသည် အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာ သူ၏ ဦးခေါင်းတစ်ခုလုံးကို ရှုပ်ထွေးစွာ ဖုံးအုပ်ထားသဖြင့် လူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိသော ခြင်္သေ့တစ်ကောင်လို့ အထင်မှားနိုင်စေသည်။

ထိုသူသည် ဖရိုဖရဲ ဖြစ်နေပြီး သူ၏ အဝတ်အစားများမှာ စုတ်ပြဲနေသော်လည်း သူသည် ထိုနေရာ၌ မတ်တတ်ရပ်နေပြီး မွေးရာပါ ခန့်ညားထည်ဝါမှုကို ပိုင်ဆိုင်ထားသည်။ ယခုအခါ သူသည် ရန်ရှင်းကျိုး၏ ဓားကို ကိုင်လျက် သေချာစွာ စစ်ဆေးကြည့်ပြီးနောက် ဘေးသို့ ပစ်ချကာ ရယ်မောလိုက်သည်။

“ဓားကတော့ ညံ့ပေမဲ့ မင်းရဲ့ အတွင်းအားက မဆိုးဘူးပဲ”

ရန်ရှင်းကျိုးသည် ကျောဘက်သို့ ညာဘက်လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လျက် သံမဏိဓားကို

ဆွဲထုတ်လိုက်ကာ ပြောလိုက်သည်။

“ခွေးတစ်ကောင်ကို သတ်ဖို့ အဖိုးတန်ဓား သုံးစရာ လိုလို့လား”

မျက်နှာချင်းဆိုင်ရှိ လူသည် အံ့သြစွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။

“ခန့်ညားထည်ဝါလှတဲ့ ကျင်းကျိုးမြို့ဝန်ကြီးက မင်းရဲ့ မျက်လုံးထဲမှာ ခွေးတစ်ကောင်ထက်

မပိုဘူးပေါ့။ မင်း တကယ့်ကို ရဲရဲဝံ့ဝံ့ ပြောရဲတာပဲ”

ပြောရဲတာပဲ ဟူသော စကားလုံး သူ၏ နှုတ်မှ ထွက်လာသည်နှင့် တပြိုင်နက် သူ၏

ခန္ဓာကိုယ်သည် ရပ်နေသော နေရာမှ ရုတ်တရက်

ပျောက်ကွယ်သွားတော့သည်။ သူ ပြန်လည်

ထွက်ပေါ်လာသော အခါတွင်မူ ရန်ရှင်းကျိုး၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီး သူ၏ လက်သီးမှာ ရန်ရှင်းကျိုး၏ ရင်ဘတ်ဆီသို့ ပြေးဝင်လာသည်။

ရန်ရှင်းကျိုးသည် ထိတ်လန့်သွားသော်လည်း သူ၏ ဓားကို ဆွဲထုတ်ကာ အလျင်အမြန် ရှေ့သို့ ခုတ်ချလိုက်သည်။ အကယ်၍ ထိုသူ၏ လက်သီးက ရန်ရှင်းကျိုးကို ထိမှန်သွားပါက ထိုသူသည်လည်း ရန်ရှင်းကျိုး၏ ဓားချက်ကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

“ကောင်းတယ်”

ထိုသူသည် ကျယ်လောင်စွာ ချီးကျူးလိုက်ပြီး ရန်ရှင်းကျိုး၏ ဓားသွားကို လှမ်းဖမ်းရန် ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်လက်သီးမှာ ရန်ရှင်းကျိုးဆီသို့ ဆက်လက် ပြေးဝင်လာဆဲ ဖြစ်သည်။

ရန်ရှင်းကျိုးသည် အခြားရွေးချယ်စရာ မရှိသဖြင့် သူ၏ ဘယ်ဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ထိုသူ၏ လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။

[ဘုန်း...]

သူတို့လက်သီးချင်း ထိမိသွားသောအခါ ရန်ရှင်းကျိုးသည် ရင်ဘတ်ထဲတွင် တင်းကျပ်သွားသည်ဟု ခံစားလိုက်ရပြီး မျက်စိရှေ့တွင် မှောင်ကျသွားတော့သည်။ သူသည် နေရထိုင်ရခက်ခဲသွားသဖြင့် သွေးအန်လုမတတ် ဖြစ်သွားကာ အနောက်သို့ အမြန် ဆုတ်ခွာသွားခဲ့ရသည်။

မျက်နှာချင်းဆိုင်ရှိ လူသည်လည်း အနည်းငယ် ယိုင်သွားသည်။ သူ၏ ဘယ်ဘက်လက်သည် ရန်ရှင်းကျိုး ခုတ်ချလိုက်သော ဓားသွားကို မဖမ်းမိလိုက်ချေ။ ခေတ္တမျှ ပေါ့ဆသွားမိခြင်းကြောင့် သံမဏိဓားက သူ၏ လက်ဖဝါးအစပ်ကို ရှပ်ထိသွားသဖြင့် ဒဏ်ရာရရှိသွားသည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ”

ထိုဖရိုဖရဲ ဖြစ်နေသော လူသည် အံ့အားသင့်သွားပြီး သွေးထွက်နေသော လက်ဖဝါးအစပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရန်ရှင်းကျိုးကို

မော့ကြည့်လိုက်ကာ မျက်ဝန်းများတွင် အံ့သြရိပ်များ ထင်ဟပ်နေသည်။

“မင်းက ဘယ်ဂိုဏ်းက တပည့်လဲ။ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တာ တကယ်ကို မဆိုးဘူးပဲ”

ရန်ရှင်းကျိုးက ပြောလိုက်သည်။

“မင်းက ဘာမို့လို့လဲ။ မင်းကို ခုတ်မိတာက ဘာဆန်းလို့လဲ။ အာဏာရှင်ဆိုးကို ကူညီနေတဲ့ ခွေးသူတောင်းစား... မင်းကို ငါသတ်လိုက်ရင်တောင်မှ ငါ ရန်ရှင်းကျိုးက ထူးခြားတယ်လို့ ထင်မှာမဟုတ်ဘူး”

“အာဏာရှင်ဆိုးကို ကူညီနေတဲ့ ခွေးသူတောင်းစား ဟုတ်လား။ မင်း ငါ့ကို ပြောတာလား”

ထိုဖရိုဖရဲ ဖြစ်နေသော လူသည် အလွန်အမင်း ဒေါသထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ဝိဉာဉ်တစ်ကောင်လို ပြောင်းလဲသွားကာ ရှေ့သို့ ချက်ချင်း

တိုးဝင်ကာ ရန်ရှင်းကျိုး၏ ရင်ဘတ်ဆီသို့ လက်သီးဖြင့် ဆက်လက် ထိုးနှက်လိုက်ပြန်သည်။

ရန်ရှင်းကျိုးသည် ရုတ်တရက် အနောက်သို့ လှဲချလိုက်သော်လည်း သူ၏ လက်ထဲမှ သံမဏိဓားမှာ ထိုသူ၏ ခါးဆီသို့ ဦးတည်သွားတော့သည်။

ဤတိုက်ကွက်မှာ ဆန်းကြယ်လှသဖြင့် ဒင် လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူသည် လက်သီးကို အမြန် ပြန်ရုပ်လျက် တိုးဝင်လာသော ဓားကို လှမ်းဖမ်းရန်

ကြိုးစားလိုက်ရသည်။ ထိုအချိန်တွင် မြေပြင်ပေါ်သို့

လှဲချထားသော ရန်ရှင်းကျိုး၏ ခန္ဓာကိုယ်သည် ရုတ်တရက် ဝုန်းခနဲ ပြန်လည် ထလာပြီး လက်သီးနှစ်ဖက်ဖြင့် ပြင်းထန်စွာ

ထိုးနှက်လိုက်တော့သည်။

ယခုတစ်ကြိမ်တွင် တန်ပြန်တိုက်စစ်ကို စတင်လိုက်ပြီ ဖြစ်သည်။

ထိုဖရိုဖရဲ ဖြစ်နေသော လူသည် ရယ်မောလျက် လက်သီးနှစ်ဖက်ကို ဆုပ်ကာ ရန်ရှင်းကျိုး၏ လက်သီးများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များမှာ တစ်ပြိုင်နက်တည်း တုန်ခါသွားတော့သည်။ ထို့နောက် ရန်ရှင်းကျိုးသည် အနောက်သို့ ဆုတ်ခွာသွားခဲ့ရသည်။ သူသည် ခြေကုပ်ပြန်လည် ရယူပြီးသောအခါ ပါးစပ်မှ သွေးတစ်လုပ် ဝေါခနဲ

အန်ထုတ်လိုက်ပြီး ပြောလိုက်သည်။

“အံ့သြစရာ ကောင်းတဲ့ အတွင်းအားပဲ မင်းရဲ့ နာမည်က ဘယ်သူလဲ”

မျက်နှာချင်းဆိုင်ရှိ ဖရိုဖရဲဖြစ်နေသော လူသည် အံ့သြတုန်လှုပ်သွားပြီး ရန်ရှင်းကျိုးကို အထက်အောက် အကဲခတ်ကြည့်ရှုကာ ပြောလိုက်သည်။

“ငါ့နာမည် ဒင်ဒီယန် ပဲ…. ညီလေး... ငါ ထပ်မေးမယ်၊ မင်းရဲ့ ဆရာက ဘယ်သူလဲ။ မင်း ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ပြင်းထန်တဲ့ ကျင့်ကြံမှုအဆင့်အတန်းကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားရတာလဲ”

***

All Chapters